အခန်း ၄၉၄
Vol. 37 Ch. 494
အပိုင်း (၄၉၄) - ယွင်ကျိုးသို့ ပြန်ခြင်း၊
မြောက်ပိုင်းကျိုး နန်းတော်မှ ထွက်ခွာလာပြီးနောက်၊ ကူမော့နှင့် ယဲ့ချန်တို့သည် ဖေးလိုင်ကျောင်းတော်သို့ သွားရောက်ခဲ့ကြသည်။ ဟွေ့နန်ဆရာတော်ကြီး ပြောခဲ့သည့် 'သန့်ရှင်းသူ ခုနစ်ပါး နဂါးကို သတ်သည့် ပုံပြင်' ရေးထွင်းထားသော ကျောက်စာတိုင်ကိုလည်း ရှာတွေ့ခဲ့၏။
သို့ေသာ်နှစ်ပေါင်း နှစ်ထောင်ကျော်က စာလုံးများဖြစ်ပြီး မလေ့လာဖူးသဖြင့် သူတို့ မဖတ်တတ်ကြပေ။
သို့သော် ဟွေ့နန်ဆတော်ကြီး လိမ်ပြောခဲ့သည်ဟု ကူမော့ မသင်္ကာမဖြစ်မိပါ။ လိမ်ရန် အကြောင်းမရှိသည့်အပြင်၊ ဤစာလုံးများကို ကူးယူ၍ ကန်နိုင်ငံမှ ပညာရှင်များအား ပြသ မေးမြန်း၍ ရသောကြောင့် ဖြစ်သည်။
ကူမော့ ဖေးလိုင်ကျောင်းတော်သို့ လာခြင်း၏ ပင်မရည်ရွယ်ချက်မှာ ကျောက်စာတိုင်ကို အတည်ပြုရန် မဟုတ်ဘဲ၊ မိစ္ဆာကို နှိမ်နင်းရင်း အသက်စွန့်သွားသည့် ဟွေ့နန်ဆရာတော်ကြီးအတွက် မြှုပ်နှံရာ အရိုးဂူနှင့် ကျောက်စာတိုင် စိုက်ထူပေးခဲ့ရန်ဖြစ်သည်။
သို့မှသာ နောင်တွင် ပြန်လည်ရောက်ရှိလာမည့် ဘုန်းကြီးများ သိရှိနိုင်မည် ဖြစ်သည်။
ထို့နောက် ကူမော့၊ ယဲ့ချန်နှင့် ယွင်မိသားစု ညီအစ်ကိုများသည် ခရီးဆက်ခဲ့ကြသည်။
အပြန်လမ်းမှာမူ လောစရာမလိုတော့သဖြင့် အတော်ပင် နှေးကွေး၏။ ကူမော့သည် လမ်းတစ်လျှောက်တွင် မိစ္ဆာကျောက်တုံး မူလစွမ်းအင်ကို အသုံးပြုမည့် နည်းလမ်းများကို စဉ်းစားနေခဲ့သည်။
သူ၏ 'တာအိုနှလုံးသား မိစ္ဆာ မဟာသိုင်း' သည် မိစ္ဆာစွမ်းအင်ကို စုပ်ယူနိုင်ပြီး၊ မိစ္ဆာဓား၏ သန့်စင်သော မိစ္ဆာစွမ်းအားနှင့်လည်း လွန်စွာ လိုက်ဖက်ညီလှသည်။
ရရှိထားသော နဂါးအကြေးခွံနှင့် ပတ်သက်၍မူ အပြန်တွင် ထျဲ့ထိုကို ရှာ၍ ဓားတစ်လက် သွန်းလုပ်ခိုင်းရန် ဆုံးဖြတ်လိုက်သည်။ မိစ္ဆာဓားသိုင်းကို ရရှိထားပြီးဖြစ်ရာ သူ့အတွက် သင့်တော်သော ဓားတစ်လက် ဖန်တီးရန် လိုအပ်နေခြင်းဖြစ်သည်။
ကူချူတုန်း၏ ချီလင်မိစ္ဆာဓားမှာ မဆိုးလှသော်လည်း ကူမော့အတွက်မူ သိပ်အဆင်မပြေလှပါ။ ဓားထဲရှိ ချီလင်စွမ်းအားမှာ သူနှင့် လိုက်မမီတော့သည့်အပြင်၊ ဓားဝိညာဉ်မှာလည်း အသိဉာဏ် မရင့်ကျက်သေးဘဲ ကူချူတုန်းကိုသာ သခင်အဖြစ် မှတ်ယူထားသောကြောင့် အပြည့်အဝ အံမဝင်နိုင်ပေ။
နှိုင်းယှဉ်ရလျှင် ချီလင်မိစ္ဆာဓားသည် ကူမော့၏ ထိုက်ရွှီးဓားကို မမှီပါ။ ထိုက်ရွှီးဓားတွင် ရွှမ်ထျန်းရေပေါ်ကျောက် ပါဝင်သဖြင့် ဆင့်ကဲပြောင်းလဲနိုင်စွမ်း ကြီးမားသည်။
ထို့အပြင် လင်းရှောင်၏ မူလဝိညာဉ်ကို သန့်စင်၍ ဓားဝိညာဉ်အဖြစ် ထည့်သွင်းထားသဖြင့် ရင့်ကျက်သော အသိဉာဏ်ရှိပြီး ကူမော့၏ အမိန့်အတိုင်း အခြားသူများပါ အလွယ်တကူ အသုံးပြုနိုင်သည်။
ထို့ကြောင့် ဤလောကတွင် ပုန်းအောင်းနေသည့် တက်လှမ်းခြင်းနယ်ပယ် ကျင့်ကြံသူများ ထွက်ပေါ်လာမည်ဆိုသော ယဲ့ချန်၏ ခန့်မှန်းချက်ကို စဉ်းစားမိတိုင်း ကူမော့ ရင်ထဲ၌ မျှော်လင့်ချက်များ ဖြစ်ပေါ်လာရသည်။ နဂါးအကြေးခွံဓား ပြီးစီးပါက အခြားတက်လှမ်းခြင်းနယ်ပယ် ကျင့်ကြံသူ၏ မူလဝိညာဉ်ကို ဖမ်းဆီး သန့်စင်၍ ဓားဝိညာဉ်အဖြစ် ထည့်သွင်းနိုင်မည် မဟုတ်ပါလော။
တတိယလ လကုန်ပိုင်းတွင် ကူမော့တို့သည် မြောက်ပိုင်းကျိုးမှ ကန်နိုင်ငံ နယ်စပ်သို့ ရောက်ရှိလာခဲ့ရာ၊ ယဲ့ချန်သည် မြင်းစီးလျက် ကူမော့ကို ပြောလိုက်လေသည်။
"အစ်ကိုကြီး... နောက်ပိုင်း ကျွန်တော် ကန်နိုင်ငံ ကို ခဏခဏ လာလည်ပါ့မယ်... သေချာတာပေါ့၊ အစ်ကိုကြီး က ကျွန်တော့်ကို သတိရတယ် ဆိုရင်၊ ချူနိုင်ငံ ကို လာပြီး ရှာလို့ ရပါတယ်... ကျွန်တော် အိမ်ရှင် လုပ်ပြီး၊ အစ်ကိုကြီး ကို အရမ်း ပျော်ရွှင်ရအောင် ဧည့်ခံပါ့မယ်... ချူနိုင်ငံ မှာ ကျွန်တော် က တော်တော်လေး ဩဇာ ညောင်းပါတယ်..."
ကူမော့သည် ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ပြောလေသည်။
"ဒီနှစ် ဒုတိယ နှစ်ဝက် ကျရင် ငါ ချူနိုင်ငံ ကို လာခဲ့မယ်..."
ယဲ့ချန်က အလျင်အမြန် ပြောလေသည်။
"အဲဒါဆို အရမ်း ကောင်းတာပေါ့... ဒါပေမဲ့၊ အစ်ကိုကြီး... မလာခင် ကျွန်တော့်ဆီကို စာတစ်စောင် အရင် ပို့ပေးလို့ ရမလား... ကျွန်တော် အပြင်ထွက် တိုင်း အမေ့ ဆီကနေ အရင် ခွင့်ပြုချက် တောင်းရတယ်... ဟူး...”
“ အစ်ကိုကြီး ရယ်မယ် ဆိုလည်း ရယ်ပါတော့၊ ကျွန်တော် က အသက် နှစ်ဆယ် ကျော်နေပြီ ဖြစ်ပေမဲ့၊ အိမ်မှာ အမေရိုက်တာ ကို ခဏခဏ ခံရတုန်းပဲ... ဒါကြောင့်၊ ကျွန်တော် အပြင်ထွက် တိုင်း အမေ့ ကို အရင် ကြိုပြောရတယ်... မဟုတ်ရင်၊ ကျွန်တော် ခိုးထွက်သွားလို့ကတော့၊ အိမ်ပြန်ရောက်ရင် သေချာပေါက် အရိုက်ခံရမှာပဲ..."
"ဟားဟားဟား..."
ကူမော့သည် အနည်းငယ် ပြုံးရယ်လိုက်ပြီး ပြောလေသည်။
"ရတယ်၊ ပြဿနာ မရှိပါဘူး... အဲဒီအချိန်ကျရင် မင်းဆီကို စာတစ်စောင် သေချာပေါက် အရင် ပို့ပေးပါ့မယ်... မင်း အရိုက်မခံရစေဖို့ အာမခံပါတယ်..."
ယဲ့ချန်သည် နောက်စေ့ကို ပွတ်သပ်ရင်း၊ "ဟီးဟီး" ဟု ရယ်မောလိုက်လေသည်။
ကူမော့က ထပ်ပြောလေသည်။
"ဒါနဲ့၊ မင်း အခု တက်လှမ်းခြင်းနယ်ပယ် ရဲ့ တံခါးဝ ကို ရောက်နေပြီ... သာမန်လူ ဆိုရင် အဲဒီ အဆင့်ကို ကျော်ဖြတ်ဖို့ အနှစ် သုံးဆယ်၊ ငါးဆယ် လောက် အချိန်ယူရမှာ ဖြစ်ပေမဲ့၊ မင်းရဲ့ အခြေအနေ က အထူးခြားဆုံး ဆိုတော့၊ ဘယ်အချိန်မှာ ဘာကံကောင်းမှုနဲ့ ကြုံပြီး အဆင့်ချိုးဖောက် သွားမလဲ ဆိုတာ မပြောနိုင်ဘူး... "
“ဒါပေမဲ့ မင်း သေချာပေါက် ထိန်းချုပ်ထားရမယ်၊ မတက်လှမ်းပါနဲ့၊ ရုပ်ခန္ဓာကိုယ် ကိုလည်း မစွန့်လွှတ်လိုက်ပါနဲ့..."
ယဲ့ချန်က ဇဝေဇဝါဖြင့် မေးလိုက်လေသည်။
"ဘာဖြစ်လို့လဲ... အခု အတွင်းစိတ်မိစ္ဆာ ကို အစ်ကိုကြီး သတ်လိုက်ပြီ မဟုတ်ဘူးလား..."
ကူမော့က ပြောလေသည်။
"အတွင်းစိတ်မိစ္ဆာ ရဲ့ ပြဿနာ တစ်ခုတည်း မဟုတ်ဘူး... တက်လှမ်းခြင်း မှာ ပြဿနာ ရှိနိုင်တယ် လို့ ငါ ခံစားရတယ်... လုံဟူတောင် မှာ ဘိုးဘေးတွေ ရဲ့ မှာကြားချက် တစ်ခု ရှိတယ်၊ အဲဒါက မတက်လှမ်းဖို့ ပဲ...”
“ အရင်တုန်းကတော့ ငါ သိပ်နားမလည်ခဲ့ဘူး... ဒါပေမဲ့၊ ငါ အတွင်းစိတ်မိစ္ဆာ ကို သတ်လိုက်တဲ့ အချိန်ကစပြီး၊ ကောင်းကင် ပေါ်ကနေ တစ်ခုခု က ငါ့ကို စူးစမ်း နေသလို ခပ်ရေးရေး ခံစားလိုက်ရတယ်..."
"ဒါပေမဲ့၊ ငါ လိုက်လံ စုံစမ်းကြည့်တဲ့ အခါကျတော့၊ ဘာမှ ရှာမတွေ့ပြန်ဘူး... ပြီးတော့၊ သီအိုရီ အရ ဆိုရင် တက်လှမ်းခြင်းနယ်ပယ် ကို ရောက်တဲ့ အချိန်မှာ ကောင်းကင် တံခါး ပေါ်လာရမှာ... ဒါပေမဲ့ ချွင်းချက် ဖြစ်နေတဲ့ လူတချို့ ရှိတယ်၊ ဥပမာ ငါပေါ့... "
“ငါက ရုပ်ခန္ဓာကိုယ် နဲ့ တက်လှမ်းခြင်းနယ်ပယ် ကို အရင် ရောက်ခဲ့တာ... ကောင်းကင် တံခါး က ငါ့ကို လာမတွေ့ဘူး... ဒါကလည်း ပြဿနာ တစ်ခုခု ရှိနေတယ် ဆိုတာကို ပြသနေတာပဲ..."
ယဲ့ချန်က အလျင်အမြန် ပြောလေသည်။
"ကျွန်တော် နားလည်ပါပြီ၊ အစ်ကိုကြီး... ကျွန်တော် လည်း ရုပ်ခန္ဓာကိုယ် နဲ့ တက်လှမ်းနိုင်မယ့် နည်းလမ်း ကို အရင် ရှာဖွေကြည့်ပါ့မယ်..."
ကူမော့က ပြောလေသည်။
"ငါ့ရဲ့ ရုပ်ခန္ဓာကိုယ် တက်လှမ်းခြင်း နည်းလမ်း ကို၊ ငါ့ကလွဲပြီး တခြားလူ တွေ သင်ယူလို့ မရပါဘူး... ဒါပေမဲ့၊ မင်းရဲ့ ရုပ်ခန္ဓာကိုယ် ကန့်သတ်ချက် တွေကို ချိုးဖောက်ဖို့ မင်း ကြိုးစားကြည့်လို့ ရပါတယ်... “
“မင်းက ငယ်ပါသေးတယ်၊ အချိန်တွေ အများကြီး ရှိသေးတယ်... သက်တမ်း ကုန်ဆုံးသွားမှာ ကို စိုးရိမ်စရာ မလိုဘူး၊ ချိုးဖောက်ဖို့ ကြိုးစားကြည့်လို့ ရပါတယ်..."
"ရုပ်ခန္ဓာကိုယ် ရဲ့ ကန့်သတ်ချက် ကို ချိုးဖောက်ဖို့ အဓိက လမ်းကြောင်း နှစ်ခု ရှိတယ်... တစ်ခု က ရုပ်ခန္ဓာကိုယ် အပေါ် ကန့်သတ်ထားမှု တွေကို ချိုးဖောက်တာ... ဒုတိယ တစ်ခု က ခန္ဓာကိုယ် ထဲက အညစ်အကြေး တွေကို ဖယ်ရှားတာ၊ အရွတ် တွေကို ဆေးကြောပြီး ရိုးတွင်းခြင်ဆီ ကို သန့်စင်တာ နဲ့ တူတယ်... “
“အရင်တုန်းက ချန်အန်းမြို့တော် မှာ တာ့ပေ ဆရာတော်ကြီး ရွှံ့ရုပ် တွေ လုပ်ခဲ့တာက အဲဒီ လမ်းကြောင်း မျိုးပါပဲ..."
ယဲ့ချန်သည်လည်း လက်ရှိ ခေတ်တွင် အထွတ်အထိပ် သိုင်းပညာရှင် တစ်ဦး ဖြစ်ရာ၊ အရာများစွာကို အနည်းငယ် ပြောပြလိုက်ရုံဖြင့် ချက်ချင်း နားလည် သဘောပေါက် သွားပြီး၊ အရိုသေပြု ကာ ပြောလိုက်လေသည်။
"ကျွန်တော် နားလည်ပါပြီ၊ အစ်ကိုကြီး..."
ကူမော့သည် ပြောလေသည်။
"အချိန်လည်း မစောတော့ဘူး၊ မြန်မြန် သွားပါတော့..."
"သွားပြီ..."
ယဲ့ချန်သည် မြင်းဇက်ကြိုးကို ဆွဲလှည့်လိုက်ပြီး၊ လက်ပြ နှုတ်ဆက်ကာ၊ အမြန် နှင်သွားလေရာ ဖုန်တလိပ်လိပ် ထနေလေသည်။
ထို့နောက်၊ ကူမော့နှင့် ယွင်မိသားစု ညီအစ်ကိုများသည် အခြား လမ်းကြောင်း တစ်ခုဆီသို့ လျင်မြန်စွာ ထွက်ခွာသွားကြလေသည်။
...
စတုတ္ထလ အစပိုင်း။
ကူမော့သည် ချန်အန်းမြို့တော် သို့ ပြန်လည် ရောက်ရှိလာလေသည်။
ချန်အန်းမြို့တော် သည် ယခင်အတိုင်း စည်ကား သိုက်မြိုက် နေပြီး၊ အိမ်ရှေ့မင်းသား တင်မြှောက်ခြင်းကြောင့် ဖြစ်ပေါ်လာသော လှိုင်းလုံးများသည် ပြီးဆုံးသွားပြီ ဖြစ်လေသည်။
ကူမော့သည် ချန်ယန် မင်းသမီး စံအိမ်တော် သို့ တန်းတန်းမတ်မတ် သွားရောက်ခဲ့လေသည်။
ကူချူတုန်းနှင့် လီလီတို့သည် တံခါးစောင့် ထံမှ သတင်းကြားပြီးနောက်၊ ကူမော့ကို ကြိုဆိုရန် အတူတကွ ထွက်လာကြလေသည်။
ကူမော့သည် ကူချူတုန်းနှင့် လီလီတို့ နောက်မှ လိုက်ကာ စံအိမ်တော် အတွင်းသို့ ဝင်ရောက်သွားသောအခါ၊ မျက်စိရှေ့ရှိ မြင်ကွင်းကြောင့် အလွန် အံ့အားသင့် သွားလေသည်။
ပြီးခဲ့သော နှစ်က ဖုန်လိုင်ကျွန်း မှ သူ ပြန်ရောက်လာစဉ်က၊ လီလီ၏ မင်းသမီး စံအိမ်တော် သည် စားဝတ်နေရေး အသုံးစရိတ် များကို လျှော့ချထားပြီး၊ တန်ဖိုးကြီး ပစ္စည်း အများအပြားကို ရောင်းချထားပြီး ဖြစ်လေသည်။
သို့သော်၊ မည်သို့ပင်ဖြစ်စေ အတော်လေး ကြည့်ကောင်း နေသေးလေသည်။
သို့သော် ယခုအခါ၊ ဤ မင်းသမီး စံအိမ်တော် တွင် ဗလာဖြစ်နေကာ အိမ်များသာ ကျန်ရှိတော့ပြီး၊ ဝင်ဝင်ချင်း တွေ့ရသော ဧည့်ကြို ကျောက်တုံးကြီး ပင် ပျောက်ကွယ်နေလေသည်။
အနားယူဆောင်မှ စကျင်ကျောက်စားပွဲများ၊ ရေကန်ထဲမှ ရွှေငါးများနှင့် ကျောက်ဆောင်အတုတို့ ပျောက်ကွယ်ပြီး အုတ်မြစ်သာ ကျန်တော့သည်။ အစေခံများလည်း ယခင်ကထက် အတော်ပင် နည်းပါးသွားခဲ့သည်။
"လီလီ၊ မင်း အိမ်က... ခိုးခံလိုက်ရတာလား..."
ကူမော့ကကူမော့က ပြုံးလျက် မေးလိုက်လေသည်။
လီလီသည် နှုတ်ခမ်း တွန့်သွားပြီး ပြောလေသည်။
"ငါ့အိမ် ကို ဘယ်သူက ခိုးရဲမှာလဲ... ပြီးခဲ့တဲ့ နှစ်က လိုပဲ၊ ငါ အဲဒီ ပစ္စည်း တွေကို ရောင်းပစ်လိုက်တာ... စံအိမ်တော် ထဲမှာ အလုပ်လုပ် တဲ့ အစေခံ တွေကိုလည်း လျှော့ချလို့ ရသလောက် လျှော့ချထားတယ်... ရလာတဲ့ ပိုက်ဆံ တွေကို နိုင်ငံတော် ဘဏ္ဍာတိုက် ထဲ ထည့်လိုက်တာလေ... အင်း၊ ချူတုန်း တောင်မှ ငါ့ခမည်းတော် အတွက် ငွေတုံး သုံးသောင်း လာပေးသေးတယ်..."
ကူမော့သည် ကူချူတုန်းကို အံ့ဩစွာဖြင့် ကြည့်လိုက်လေသည်။ သူမ မည်မျှ ကပ်စေးနဲကြောင်းကို သူ အသေအချာ သိလေသည်။
ပုံမှန် အချိန်များတွင် သူငယ်ချင်းများ အိမ်သို့ လက်ဆောင် သွားပေးလျှင်ပင်၊ အရင်းပြန်ရအောင် ထမင်း ပိုစားတတ်သူ ဖြစ်ပြီး၊ ယခုလို သောင်းဂဏန်းရှိသော ငွေတုံးများကို ရက်ရက်ရောရော ပေးလိုက်လိမ့်မည်ဟု ယုံကြည်နိုင်စရာ မရှိချေ။
ကူချူတုန်းသည် ကူမော့၏ အံ့အားသင့်နေသော မျက်နှာထားကို နားလည်သွားပြီး ပြောလေသည်။
"အစ်ကို၊ ဧကရာဇ် က ကိုယ်တိုင် စစ်ချီ တော့မှာလေ... ကျွန်မ ဘာမှ မကူညီနိုင်တော့၊ ချန်ယန် နဲ့ အတူတူ ငွေကြေး လေး နည်းနည်းပါးပါး ထောက်ပံ့ပေးတာပေါ့..."
ကန်ဧကရာဇ် ကိုယ်တိုင် စစ်ချီမည့်ကိစ္စကို ကူမော့ အစောတည်းက သိထားသည်။ ယခုနှစ်ဆန်းပိုင်းတွင် ယဲ့ကျင့်လန်ကို တရားရေးဌာနမှ နန်းတွင်းအစောင့်တပ်သို့ ပြောင်းရွှေ့ခဲ့ခြင်းမှာလည်း စစ်ချီစဉ် ဧကရာဇ်၏ အစောင့်စစ်သူကြီးအဖြစ် ရှေ့တန်းသို့ လိုက်ပါရန် ပြင်ဆင်ခြင်းဖြစ်သည်။
"ဘယ်တော့လဲ..."
ကူမော့က မေးလိုက်လေသည်။
"နောက်ထပ် နှစ်ရက် သုံးရက် နေရင် ထွက်တော့မယ်..."
ကူချူတုန်းက ပြောလေသည်။
"အစ်ကိုယဲ့ လည်း လိုက်သွားရမယ်..."
ကူမော့သည် ခေါင်းညိတ်ကာ စကားမပြောတော့ဘဲ ထုပ်ပိုးထားသော နဂါးအကြေးခွံကို ခြံဝင်းငယ်ထဲ သယ်သွားသည်။
ယခုအခါ နဂါးအကြေးခွံသည် မူလအတိုင်း အလျား နှစ်ပေ၊ အနံ တစ်ပေခန့်သာ ရှိတော့သော်လည်း အလေးချိန်မှာ ပေါင်တစ်ထောင်ခန့် လေးသည်။
ကူမော့၏ ကျင့်ကြံမှု မြင့်မား၍သာ တော်တော့သည်။ သာမန်လူဆိုပါက မြောက်ပိုင်းကျိုး ဝူထုံးမြို့တော်မှ သယ်လာရန် လူအင်အား၊ ငွေကြေး များစွာ ကုန်ကျမည်ဖြစ်သည်။
နဂါးအကြေးခွံကို မြေပေါ် ချလိုက်သည်နှင့် ကြမ်းပြင်မှာ ချက်ချင်း ကျွံကျသွားလေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ၊ ကူချူတုန်းက ဇဝေဇဝါဖြင့် မေးလိုက်လေသည်။
"အစ်ကို၊ ဒါ ဘာကြီးလဲ..."
"နဂါးအကြေးခွံ..."
ကူမော့က ပြောလေသည်။
"ဒီတစ်ခေါက် မြောက်ပိုင်းကျိုး ကို သွားတုန်းက ရလာတဲ့ ပစ္စည်းကောင်း ပဲ... ဓားတစ်လက် ဖန်တီးဖို့ ငါ ပြန်သယ်လာတာ..."
ကူချူတုန်း အဝတ်ကို ဆွဲဖယ်လိုက်သောအခါ နဂါးအကြေးခွံ၏ ပုံရိပ်စစ် ပေါ်ထွက်လာသည်။
မြစိမ်းရောင် ကျောက်စိမ်းပြားကဲ့သို့ ရှိပြီး အနားသတ်များမှာ လှိုင်းတွန့် ပုံသဏ္ဌာန်ဖြင့် မှောင်မိုက်သော အပြာရောင်အလင်းများ တောက်ပနေသည်။ မျက်နှာပြင်ပေါ်ရှိ အရေးအကြောင်းများမှာ ရှုပ်ထွေးကာ အတွင်း၌ ဓာတ်ငွေ့များ စီးဆင်းနေသကဲ့သို့ ရှိသည်။ ထိတွေ့ကြည့်ပါက အရိုးထဲထိ စိမ့်ဝင်သော အအေးဒဏ်နှင့်အတူ ဧရာမနဂါးကြီး၏ ကြီးမားလှသော အရှိန်အဝါကို ခံစားရလေသည်။
"အစ်ကို၊ လောကမှာ တကယ်ပဲ နဂါး ရှိတာလား..."
"ငါ ချီလင် ကိုတောင် သတ်ဖူးတာပဲ၊ နဂါး ရှိတာလည်း မထူးဆန်းပါဘူး..."
ကူမော့က ပြုံးလျက် ပြောလေသည်။
"အဲဒါလည်း ဟုတ်တာပဲ..."
ကူချူတုန်းသည် သွားဖြီးကာ ပြုံးလိုက်ပြီး ပြောလေသည်။
"တကယ် အံ့ဩစရာ ကောင်းတာပဲ... နဂါးအကြေးခွံ တဲ့... အရမ်း အံ့ဩစရာ ကောင်းတာပဲ..."
သူမသည် နဂါးအကြေးခွံကို ညင်သာစွာ ပွတ်သပ်ရင်း ပြောလိုက်လေသည်။
"ဒါဆိုရင်၊ တားမြစ်ချက် ဆယ့်သုံးခု ထဲက ပြောင်းပြန် အကြေးခွံ ဓား ကလည်း တကယ် ရှိနိုင်တာပေါ့..."
"တားမြစ်ချက် ဆယ့်သုံးခု စလုံး က တကယ် ရှိနိုင်တယ် လို့ ငါ ထင်တယ်..."
ကူမော့က ပြောလေသည်။
"အဲဒီလိုလား..."
ကူချူတုန်းသည် ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး မေးလိုက်လေသည်။
"ဒါဆို၊ အစ်ကို က ထျဲ့ထို ကို ရှာပြီး နဂါးအကြေးခွံ ဓား ဖန်တီးခိုင်း မလို့လား..."
ကူမော့သည် ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ပြောလေသည်။
"နောက်ထပ် နှစ်ရက် နေရင် ယွင်ကျိုး ကို ပြန်ပြီး ထျဲ့ထို ကို သွားရှာဖို့ ပြင်ဆင်ထားတယ်..."
ထျဲ့ထို၏ လက်နက် ဖန်တီးနိုင်စွမ်းကို သူ အလွန် ယုံကြည်လေသည်။ ထိုက်ရွှီးဓား သည် သက်သေ ပင်ဖြစ်လေသည်။
ကူချူတုန်းက ဝမ်းသာအားရဖြင့် ပြောလေသည်။
"အစ်ကို၊ ဒါဆို၊ ငါတို့ ဘယ်တော့ ပြန်ကြမလဲ... ဒီတစ်ခေါက် ပြန်ရင် အကြာကြီး နေမှာလား... ကျွန်မရဲ့ သစ်သီးခြံ က မပြီးသေးဘူး..."