← Chapters

အခန်း ၂၀၃၁

Vol. 136 Ch. 2031

အခန်း ၂၀၃၁

Vol. 136 Ch. 2031

အခန်း (၂၀၃၁)

အရိုင်းနယ်မြေစစ်တပ် နေဝင်တောင်တန်းသို့ ရောက်ရှိခြင်း

လုချန်း၏ စကားကို ကြားလျှင် သူ၏ အကြံအစည်လေးကို ယွမ်ယုတိ ချက်ချင်းပင် ရိပ်မိသွား၏။ လုချန်းသည် လျှို့ဝှက်လဝန်း နန်းတော်တစ်ခုလုံးကို သူပိုင်ပစ္စည်းအဖြစ် လုံးဝ ပြောင်းလဲပစ်ချင်နေခြင်း ဖြစ်သည်။

ထိုအရာကို သူမ တပြားသားမှ သဘောမတူနိုင်တာတော့ အသေအချာပင်။

နှစ်ဖက်စလုံး၏ ကံစွမ်းအားမှာ နက်ရှိုင်းစွာ ဆက်နွှယ်နေသော်လည်း ချင်နတ်ဘုရားနိုင်ငံသည် ချင်နတ်ဘုရားနိုင်ငံသာ ဖြစ်ပြီး လျှို့ဝှက်လဝန်း နန်းတော်မှာလည်း လျှို့ဝှက်လဝန်း နန်းတော်သာ ဖြစ်၏။

ချင်နတ်ဘုရားနိုင်ငံက လုချန်းနှင့် ဆိုင်ပြီး လျှို့ဝှက်လဝန်း နန်းတော်က သူမနှင့် ဆိုင်ပေသည်။

သူမအတွက်တော့ လျှို့ဝှက်လဝန်း နန်းတော်သည် သူမ တန်ဖိုးထားရသော သူမ၏ ကိုယ်ပိုင်ပိုင်ဆိုင်မှု ဖြစ်၏။

ဤလူသည် သူမ၏ ခန္ဓာကိုယ်ကိုလည်း ရယူခဲ့ပြီးပြီဖြစ်၏။ ထိုအရာက ကိစ္စမရှိသော်လည်း ယခုတော့ သူမ၏ ပိုင်ဆိုင်မှုကိုပါ လက်တစ်ကမ်းပိုကာ လောဘတက်ချင်နေတာလား။

သူမအနေနှင့် ၎င်းကို သည်းမခံနိုင်ပေ။

ယွမ်ယုတိက အေးစက်စွာ ပြန်လည်တုံ့ပြန်ခဲ့သည်။

“နေ့ခင်းကြောင်တောင်ကြီး စိတ်ကူးယဉ်အိမ်မက် မက်မနေနဲ့။”

လုချန်းက

“ဘာပဲဖြစ်ဖြစ် ကျုပ်တို့က ဒီလိုအခြေအနေကို ရောက်နေပြီပဲ။ ပြီးတော့ အခု လျှို့ဝှက်လဝန်း နန်းတော်နဲ့ ချင်နိုင်ငံရဲ့ ကံစွမ်းအားကလည်း အပြည့်အဝ ဆက်နွှယ်နေပြီ။ ကျုပ်ကို လက်ထပ်ထားတာနဲ့ ဘာကွာခြားလို့လဲ။”

ယွမ်ယုတိက ဂရုမစိုက်သလို ခပ်အေးအေးပင်

“ရှင် ဘာပြောပြော အသုံးမဝင်ဘူး”

လုချန်းက ဆက်လက်၍

“ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ။ အခုကစပြီး လျှို့ဝှက်လဝန်း နန်းတော်က ချင်နတ်ဘုရားနိုင်ငံရဲ့ လက်အောက်ခံ အင်အားစုတစ်ခုအနေနှင့် ချင်နတ်ဘုရားနိုင်ငံရဲ့ ဘယ်နေရာမှာမဆို လှုပ်ရှားနိုင်တယ် ဆိုရင်ကော။”

ထိုအရာကို ကြားလျှင် ယွမ်ယုတိ သူမ၏ မျက်ခုံးအစုံကို အနည်းငယ် တွန့်ကွေးလိုက်မိသည်။

လျှို့ဝှက်လဝန်း နန်းတော်ကို ချင်နိုင်ငံ၏ လက်အောက်ခံ အင်အားစုတစ်ခု ဖြစ်လာစေမယ် ဟုတ်စ။

ထိုအရာက လုံးဝကို အဓိပ္ပာယ်မရှိပေ။

လုချန်း၏ အတိတ်ဘဝတွင် မည်သည့် နောက်ခံမျိုး ရှိခဲ့သည်ကို သူမ မသိသော်လည်း အနည်းဆုံးတော့ လက်ရှိတွင် သူသည် နတ်သခင်အဆင့်ပင် မဟုတ်သေးပေ။ သို့သော်လည်း ဤလူက နတ်သခင်အဆင့် ရှိသော အင်အားစုတစ်ခုအား ခေါင်းဆောင်ပင် နတ်သခင်အဆင့် မရှိသေးသည့် အင်အားစုတစ်ခုကို လက်အောက်ခံခိုင်းစေချင်နေတာလား။

လုချန်းက ဘာကို ဆိုလိုချင် နေသနည်း။

သူက သူမကို သူ့ထံ အညံ့ခံခိုင်းနေတာလား။

ရယ်စရာကောင်းလှပေသည်။

နတ်သခင် အဆင့်ပင် မရှိသည့် သာမန် နတ်ဘုရင်တစ်ယောက်ရဲ့ စိတ်ကူး‌တွေက ဒီလောက်အထိ အတင့်ရဲ နေတာလား။

ယွမ်ယုတိက လုချန်းကို အေးစက်စွာ စိုက်ကြည့်ရင်း

“နေ့ခင်းဘက်ကြီး ရှိသေးတယ်”

လုချန်းသည် နေ့ခင်းကြောင်တောင် အိပ်မက်မက်နေခြင်းသာ ဖြစ်သည်။ အကယ်၍ လျှို့ဝှက်လဝန်း နန်းတော်သာ ချင်နိုင်ငံ၏ လက်အောက်ခံ အင်အားစု ဖြစ်လာပါက သူမအနေနှင့် လုချန်းထံ အညံ့ခံရမည်ဟူသော အဓိပ္ပာယ် မဟုတ်ပါလား။

ဤလူသည် အတော်လေး စိတ်ကူးယဉ်တတ်လှသည်။

ယွမ်ယုတိ၏ စကားကို ကြားပြီးနောက် လုချန်းက ဂရုမစိုက်ပဲ ခပ်ဖွဖွ ပြုံးလိုက်၏။ ယွမ်ယုတိ ချက်ချင်း သဘောတူလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

လက်ရှိတွင် လျှို့ဝှက်လဝန်း နန်းတော်နှင့် ချင်နိုင်ငံတို့၏ ကံစွမ်းအား နက်ရှိုင်းစွာ ဆက်နွှယ်နေပြီဖြစ်ရာ လျှို့ဝှက်လဝန်း နန်းတော် ချင်နိုင်ငံ၏ လက်အောက်ခံ အင်အားစု ဖြစ်လာရန်က အနှေးနှင့်အမြန် ဖြစ်လာရမည့် ကိစ္စသာ ဖြစ်သဖြင့် လုချန်း မလောပေ။

…..

အချိန်တစ်နှစ် လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

အရိုင်းနယ်မြေမှ အင်အားစုများ စုရုံးပြီးနောက် သူတို့သည် တောင်ပိုင်းနယ်သို့ ဦးတည် ထွက်ခွာခဲ့ကြသည်။ နေဝင်တောင်တန်းရှိ ချိပ်ပိတ်မှုကို ပိုခိုင်မာအောင် လုပ်ဆောင်ထားပြီး ဖြစ်ကာ ထိုအန္တရာယ်မြေများကိုလည်း ချိပ်ပိတ်ထားပြီး ဖြစ်သောကြောင့် နေဝင်တောင်တန်းကို ဖြတ်သန်းခြင်းက အန္တရာယ် ကြီးကြီးမားမား မရှိပေ။

နေဝင်တောင်တန်း၏ တစ်နေရာတွင် ဖြစ်၏။

အဘိုးအိုတစ်ဦးသည် တိမ်လွှာတိမ်တိုက်တို့အကြား ကောင်းကင်ယံထက်တွင် ဓားကိုစီး၍ ဖြည်းညင်းစွာ ပျံသန်းနေ၏။

ထိုစဉ် ရုတ်တရက် ထိုအဘိုးအို ရပ်တန့်သွားသည်။

နေဝင်တောင်တန်းသည် နတ်အာရုံကို ကန့်သတ်ထားသဖြင့် နတ်အာရုံဖြင့် အာရုံခံရှာဖွေနိုင်သည့် နယ်ပယ်က မကျယ်ပြန့်လှပေ။ ထို့ကြောင့်ပင် နတ်သခင်များ လှည့်ကင်းလှည့်ရန် လိုအပ်ခြင်း ဖြစ်သည်။

နတ်အာရုံကို အဝေးသို့ မဖြန့်ကျက်နိုင်သော်လည်း အားကောင်းသော အရှိန်အဝါများကိုတော့ အဝေးမှပင် ခံစားသိနိုင်ပေသည်။

နတ်သခင် ရွှမ်ရှောင်သည် သူထံသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသော အားကောင်းသည့် အရှိန်အဝါ အနည်းငယ်ကို ယခုလေးတင် ခံစားမိလိုက်ခြင်း ဖြစ်၏။

ထိုအခိုက်အတန့်တွင် နတ်သခင် ရွှမ်ရှောင်၏ မျက်ခုံးများ တွန့်ကွေးနေခဲ့သည်။ အန္တရာယ်မြေတစ်ခု၏ ချိပ်ပိတ်မှု ပျက်စီးသွားပြီး အစွမ်းထက် သတ္တဝါဆန်းတစ်ယောက် ထွက်ပြေးလွတ်မြောက်လာခဲ့သလားဟု တွေးတောကာ စိုးရိမ်သွား သောကြောင့်ဖြစ်သည်။

သူသည် နှစ်ပေါင်းများစွာ လှည့်ကင်းလှည့်ခဲ့သော်လည်း ဤမျှလောက် များပြားလှသော အားကောင်းသည့် အရှိန်အဝါများကို ပထမဆုံးအကြိမ် ခံစားမိရခြင်းဖြစ်၏။

နတ်သခင် ရွှမ်ရှောင်သည် ကောင်းကင်ယံထက်သို့ အလျင်အမြန် ပျံတက်လိုက်ပြီး မှန်ချပ်တစ်ခုနှင့် တူသော နတ်ရတနာတစ်ခုကို ထုတ်ယူလိုက်သည်။ သူက ၎င်းကို အသက်သွင်းလိုက်ရာ နတ်အာရုံဖြင့် မစူးစမ်းနိုင်သော နေရာများကို မြင်တွေ့နိုင်စေခဲ့သည်။

တစ်ခဏအတွင်းမှာပင် ထိုမှန်ချပ်ထဲတွင် စစ်နတ်လှေ အမြောက်အမြား ပေါ်လာခဲ့သည်။

ထိုစစ်နတ်လှေများကို တွေ့မြင်လိုက်ရလျှင် နတ်သခင် ရွှမ်ရှောင် ထိတ်လန့်တုန်လှုပ်သွားပြန်သည်။

သူက ချိပ်ပိတ်မှုကို ဖျက်ဆီးသွားသည့် သတ္တဝါဆန်းများ ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း အရိုင်းနယ်မြေမှ အင်အားစုများ ဖြစ်နေခဲ့သည်။

အရိုင်းနယ်မြေသည် အဘယ်ကြောင့် ဤမျှလောက် များပြားလှသော အင်အားကို စုရုံးကာ နေဝင်တောင်တန်းထဲသို့ ဝင်ရောက်လာကြသနည်း။

သူတို့ကလည်း ဤနေရာကို ကင်းလှည့်ရန် လာကြခြင်းလား။

တစ်ခုခုတော့ မှားယွင်းနေပေပြီ...

အကယ်၍ သူတို့သာ တကယ် လှည့်ကင်းလှည့်ရန် လာခြင်းဖြစ်ပါက ဤမျှလောက် များပြားသော စစ်နတ်လှေများကို စေလွှတ်လိမ့်မည် မဟုတ်ပေ။ နေဝင်တောင်တန်းရှိ အန္တရာယ်မြေများကို ချိပ်ပိတ်ထားပြီး ဖြစ်သောကြောင့် အချိန်အတော်ကြာသည်အထိ မည်သည့် ထူးခြားမှုမှ ရှိမနေခဲ့ရာ ဤကဲ့သို့သော စစ်နတ်လှေအုပ်စုကြီးကို စေလွှတ်ရန် မလိုပေ။

သူတို့သည် နေဝင်တောင်တန်းအတွက် လာ ရောက်ခြင်းမဟုတ်တာ လက်ဝါးပေါ်က ဆီးဖြူသီးလို ထင်ရှားလှသည်။ ဤစစ်နတ်လှေများသည် တောင်ပိုင်းနယ်သို့ ဦးတည်နေခြင်း ဖြစ်နိုင်၏။

ထိုဖြစ်နိုင်ခြေကို တွေးမိပြီးနောက် နတ်သခင် ရွှမ်ရှောင်သည် တုံ့ဆိုင်းမနေပဲ နတ်မှန်ချပ်ကို သိမ်းဆည်းကာ သက်တံဖြူနတ်မြို့သို့ အလျင်အမြန် ပြန်လာခဲ့သည်။

မုန်တိုင်းမလာခင် လေငြိမ်သလို ကြီးမားသော အရာတစ်ခု ဖြစ်ပျက်တော့မည်ဟု သူ၏ အသိစိတ်က ပြောနေခဲ့သည်။

နတ်သခင် ရွှမ်ရှောင်သည် သက်တံဖြူနတ်မြို့သို့ ပြန်ရောက်လျှင် နေဝင်တောင်တန်းကို လှည့်ကင်းလှည့်ရန် တာဝန်ရှိသော အခြား နတ်သခင်များကို ချက်ချင်းပင် ဆင့်ခေါ်လိုက်သည်။ မကြာမီမှာပင် သက်တံဖြူနတ်မြို့၏ ကောင်းကင်ယံထက်တွင် နတ်သခင် ဆယ်ပါး စုရုံးရောက်ရှိလာကြသည်။

နတ်သခင်တစ်ပါးက

“နတ်သခင် ရွှမ်ရှောင်... ခင်ဗျား ကျုပ်တို့ကို ဘာလို့ ဆင့်ခေါ်တာလဲ။ အန္တရာယ်မြေတွေရဲ့ ချိပ်ပိတ်မှု လျော့ရဲသွားလို့လား”

ဟု စတင်မေးမြန်းလိုက်သည်။

ယေဘုယျအားဖြင့် သူတို့သည် အခြား နတ်သခင်များကို ရုတ်တရက် ဆင့်ခေါ်လေ့မရှိပေ။ အန္တရာယ်မြေများတွင် ထူးခြားမှုများ ရှိလာမှသာ ဆင့်ခေါ်မှု ဖြစ်ပေါ်လေ့ရှိပြီး ထိုအခါမှသာ နတ်သခင်များ စုရုံးကာ လုချန်း၏ ကိုယ်ပွားနှင့်အတူ ချိပ်ပိတ်မှုကို ပိုခိုင်မာအောင် လုပ်ဆောင်ကြခြင်း ဖြစ်သည်။

နတ်သခင် ရွှမ်ရှောင်က ကွေ့ဝိုက်မနေပဲ

“နေဝင်တောင်တန်းကို လှည့်ကင်းလှည့်နေတုန်းမှာ နတ်သခင် အမြောက်အမြားနဲ့ အရိုင်းနယ်မြေရဲ့ စစ်နတ်လှေတွေ နေဝင်တောင်တန်းထဲကို ဝင်ရောက်လာတာကို ကျုပ် တွေ့ရှိခဲ့တယ်။ သူတို့ တောင်ပိုင်းနယ်ဆီကို ဦးတည်နေကြမှာကို စိုးရိမ်ရတယ်။”

ဤစကားကြောင့် ရောက်ရှိနေသော နတ်သခင်များ ထိတ်လန့်သွားကြသည်။ ဤနှစ်များအတွင်း နေဝင်တောင်တန်းကို လှည့်ကင်းလှည့်ရန် တာဝန်ရှိသူ အများစုမှာ တောင်ပိုင်းနယ်မှ ဖြစ်ကြ၏။

ထိုအထဲတွင် နတ်သခင် ရွှမ်ရှောင် ကိုယ်တိုင်လည်း ပါဝင်ပြီး သူသည် ရွှမ်ရှောင်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်၏။ ထို့ကြောင့် ထိုအရိုင်းနယ်မြေ၏ စစ်နတ်လှေများကို တွေ့မြင်ပြီး သူ အလွန် စိုးရိမ်ပူပန်သွားရခြင်းဖြစ်သည်။ ထိုအချက်ကြောင့် သူဆက်လက်၍ ကင်းမလှည့်တော့ပဲ တောင်ပိုင်းနယ်သို့ ချက်ချင်း ပြန်လာခဲ့ခြင်းဖြစ်သည်။

ထိုအခိုက်အတန့်တွင် အရှေ့ပိုင်းနယ်မှ နတ်သခင်တစ်ပါးက

“သူတို့ တောင်ပိုင်းနယ်ကို ဦးတည်နေတယ်လို့ ခင်ဗျား ဘယ်လိုသိလဲ”

“သူတို့က တောင်ပိုင်းနယ်ကို ကူညီပြီး သွေးဘိုးဘေးကို ရင်ဆိုင်ဖို့ လာတာလည်း ဖြစ်နိုင်တာပဲ။ ဘာပဲဖြစ်ဖြစ် သွေးဘိုးဘေးက မိစ္ဆာနတ်တစ်ပါးပဲ။ ဖြောင့်မတ်တဲ့နတ်တွေက သူ့ကို သည်းခံနိုင်မှာ မဟုတ်ဘူး။”

နတ်သခင် ရွှမ်ရှောင်က

“ခင်ဗျားက အရှေ့ပိုင်းနယ်ကလူဆိုတော့ ဒီကိစ္စကို စိုးရိမ်မှာ မဟုတ်ဘူး။ သူတို့က မိစ္ဆာနတ်ဧကရာဇ်တစ်ပါးကို ဖယ်ရှားပစ်ဖို့ ကူညီပေးရုံသက်သက် အတွက်နဲ့ တောင်ပိုင်းနယ်အထိ အဝေးကြီး လာမယ် ထင်လို့လား။ အဲဒါကို ဘယ်သူက ယုံမှာလဲ။”

“အရိုင်းနယ်မြေက လူတွေက ဘယ်တုန်းကတည်းက ဒီလောက် စိတ်ကောင်းနှလုံးကောင်း ရှိသွားကြတာလဲ။”

“အကယ်၍ သူတို့သာ တကယ် ဖြောင့်မတ်ကြမယ်ဆိုရင် နေဝင်တောင်တန်းက အန္တရာယ်မြေတွေရဲ့ ချိပ်ပိတ်မှုကို ပိုခိုင်မာအောင် လုပ်ဆောင်တုန်းက အရိုင်းနယ်မြေ အင်အားစုတွေထဲက နတ်သခင်တစ်ပါးမှ ပေါ်မလာတာမျိုး ဖြစ်စရာ မရှိဘူး။”

နေဝင်တောင်တန်းရှိ အန္တရာယ်မြေများ၏ ချိပ်ပိတ်မှုကို ပိုခိုင်မာအောင် လုပ်ဆောင်စဉ်က အင်အားစု အမြောက်အမြားသည် အရိုင်းနယ်မြေသို့ သွားရောက်ကာ အန္တရာယ်မြေများအကြောင်း အကြောင်းကြားခဲ့ကြသော်လည်း အဆုံးတွင်တော့ နတ်သခင်တစ်ပါးမှ ရောက်ရှိမလာခဲ့ပေ။

ယခုအခါ အရိုင်းနယ်မြေ အင်အားစုများက ရုတ်တရက် သဘောအလွန် ကောင်းသွားပြီး တောင်ပိုင်းနယ်အား သွေးဘိုးဘေးကို ရင်ဆိုင်ဖို့ လာရောက်ကူညီကြမယ်တဲ့လား။

အဲဒါက ဖြစ်နိုင်ပါ့မလား။

သူတို့ အခွင့်ကောင်းလာယူကြတာသာ ဖြစ်ရမည်။

ထိုအရှေ့ပိုင်းနယ်မှ နတ်သခင်က ခပ်အေးအေးပင်

“ဘာပဲဖြစ်ဖြစ် ဒါက ခင်ဗျားတို့ တောင်ပိုင်းနယ်ရဲ့ ကိစ္စပဲ။ ကျုပ်နဲ့ မဆိုင်ဘူး။ ဒီလောက်ပဲဆိုရင် ကျုပ် သွားတော့မယ်။”

ထိုသို့ပြောပြီးနောက် အရှေ့ပိုင်းနယ်မှ နတ်သခင်လည်း ထွက်ခွာသွားခဲ့သည်။

အရှေ့ပိုင်းနယ်မှ နတ်သခင် ထွက်ခွာသွားသည်ကို တွေ့မြင်လိုက်ရသဖြင့် နတ်သခင် ရွှမ်ရှောင်၏ မျက်နှာလည်း ဆားငန်ရေသောက်မိသလို ပျက်ယွင်းသွားခဲ့သည်။ သို့သော်လည်း သူ ထိုသူ့ကို အပြစ်မတင်နိုင်ပေ။

အဘယ်ကြောင့်ဆိုသော် ဤကိစ္စသည် တောင်ပိုင်းနယ်နှင့်သာ သက်ဆိုင်ပြီး အရှေ့ပိုင်းနယ် အင်အားစုများနှင့် မသက်ဆိုင်သည်မှာ အမှန်တရား ဖြစ်သောကြောင့်ပင်။

သူတို့ စုရုံးကြခြင်းမှာ နေဝင်တောင်တန်းအတွင်းရှိ သတ္တဝါဆန်းများကို ကာကွယ်ရန်အတွက်သာ ဖြစ်၏။

သတ္တဝါဆန်းများနှင့် မပတ်သက်သော အခြားကိစ္စရပ်များတွင်တော့ အခြားနယ်ပယ်များမှ လူများက ဂရုစိုက်ကြမည် မဟုတ်ပေ။

မကြာမီ အခြား နတ်သခင်တစ်ပါးကလည်း

“နတ်သခင် ချင်းရှု ပြောတာ မှန်တယ်။ ဒါက ခင်ဗျားတို့ တောင်ပိုင်းနယ်ရဲ့ ကိစ္စပဲ။ ကျုပ် ဝင်မပါတော့ဘူး။”

ထိုသို့ပြောပြီးနောက် ထိုနတ်သခင်သည်လည်း ထွက်ခွာသွားခဲ့ပြီးနောက် နောက်ထပ် သုံးပါးလည်း လိုက်ပါသွားခဲ့ရာ ကောင်းကင်ယံတွင် တောင်ပိုင်းနယ်မှ နတ်သခင် ငါးပါးသာ ကျန်ရှိတော့သည်။

wunzinnosp

…………

All Chapters