← Chapters

အခန်း ၂၀၃၃

Vol. 136 Ch. 2033

အခန်း ၂၀၃၃

Vol. 136 Ch. 2033

အခန်း (၂၀၃၃ )

နတ်သခင်ထိုက်ဟွာ၏ တွေးဆချက်

ခန်းမအတွင်းရှိ နတ်သခင်များ အလွန် ဒေါသထွက်နေကြသော်လည်း လက်ရှိအခြေအနေအရ လုချန်းသည် သူတို့အတွက် ပို၍အရေးပါနေသဖြင့် ဆွံ့အလျက် မည်သည့်စကားမှ ထပ်မပြောနိုင်ကြတော့ပေ။ အကယ်၍ သူတို့က လုချန်းကို စိတ်ဆိုးအောင်လုပ်မိ၍ သူ့အား ထွက်ခွာသွားစေခဲ့လျှင် ခမ်းနားသော ကောင်းကင်ခန်းမ၏ အခြေအနေက ပို၍ ခက်ခဲသွားလိမ့်မည် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် နတ်သခင်ထိုက်ဟွာက

“လုချန်း... ခင်ဗျားက အရိုင်းနယ်မြေရဲ့ လှုပ်ရှားမှုတွေကို ကျုပ်တို့ကို အသိပေးဖို့ ဆန္ဒရှိမယ်ဆိုရင် ကျုပ်က ဆုလာဘ် အနေနှင့် နတ်ကျောက်တုံး သန်းတစ်သောင်း ပေးဖို့ အဆင်သင့်ပါပဲ။”

လုချန်းက

“ရတာပေါ့... ခင်ဗျားတို့ ဘာသိချင်လို့လဲ”

ဟု ကွေ့ဝိုက်မနေပဲ တုံ့ပြန်လိုက်သည်။

နတ်သခင်ထိုက်ဟွာက

“ဒီတစ်ကြိမ်မှာ အရိုင်းနယ်မြေကနေ အင်အားစု ဘယ်လောက်များများ ရောက်လာကြလဲ။”

လုချန်းက

“လကွယ်ဂိုဏ်းက အရိုင်းနယ်မြေကို စုစည်းပြီးတဲ့နောက်မှာ အရိုင်းနယ်မြေရဲ့ အင်အားစုအားလုံးက သူ့ရဲ့ လက်အောက်ခံတွေ ဖြစ်လာခဲ့ကြတာ။ တောင်ပိုင်းနယ်ကို အခုလို ကျူးကျော်တာကလည်း လကွယ်ဂိုဏ်းချုပ်ရဲ့ အမိန့်ကြောင့်ပဲ။ ဒါဆို အရိုင်းနယ်မြေကနေ အင်အားစု ဘယ်လောက်များများ ရောက်လာမလဲလို့ ခန်းမသခင်ထိုက်ဟွာ ဘယ်လိုထင်လဲ။”

ထိုအရာကို ကြားလျှင် ရောက်ရှိနေကြသော နတ်သခင်များ မိုးကြိုးပစ်ချခံရသလို ခဏခန့် မှင်တက်သွားကြသည်။

တောင်ပိုင်းနယ်ကို ကျူးကျော်တာက လကွယ်ဂိုဏ်းချုပ်ရဲ့ အမိန့်ကြောင့် ဟုတ်စ။

ဒါက အရိုင်းနယ်မြေရဲ့ အင်အားစုအားလုံးက ကိုယ်စားလှယ်တွေ စေလွှတ်လိုက်တယ်ဆိုတဲ့ သဘော မဟုတ်ပါလား။

အကယ်၍ အရိုင်းနယ်မြေရဲ့ အင်အားစုအားလုံး၊ အထူးသဖြင့် မြောက်ပိုင်းနယ်က အင်အားစုတွေပါ ပါဝင်ပတ်သက်နေမည်ဆိုပါက တောင်ပိုင်းနယ် အနေနှင့် အောင်နိုင်ဖို့ အခွင့်အလမ်း အလွန်နည်းပါးသွားလိမ့်မည်။

တစ်ခုတည်းသော နည်းလမ်းကတော့...

သွေးလင်းယုန်ခန်းမကို သိမ်းသွင်းဖို့သာ ရှိတော့သည်။

အကယ်၍ သွေးလင်းယုန်ခန်းမ၏ သွေးဘိုးဘေးက ချိပ်ပိတ်မခံရသေးပဲ တောင်ပိုင်းတွင် နတ်ဧကရာဇ်တစ်ပါး ရှိနေဦးမည်ဆိုလျှင် အရိုင်းနယ်မြေ အနေနှင့် တောင်ပိုင်းနယ်ကို ကျူး‌ကျော်ရတာ လွယ်ကူလိမ့်မည် မဟုတ်ပေ။

သို့သော် လက်ရှိပြဿနာက သွေးလင်းယုန်ခန်းမနှင့် ပြန်လည်သင့်မြတ်ရန်မှာ မဖြစ်နိုင်သလောက် နီးပါး ဖြစ်နေခြင်းပင်။

ပြန်လည်သင့်မြတ်သွားလျှင်ပင် သူတို့တွေးထင်ထားသလို သွေးဘိုးဘေးက တကယ်ပင် ချိပ်ပိတ်ခံထားရဆဲ ဖြစ်နေပါက သွေးဘိုးဘေးသည် ဤကျူးကျော်မှုအပေါ် ကြီးမားသော သက်ရောက်မှု ရှိနိုင်လိမ့်မည် မဟုတ်ပေ။

ခန်းမတစ်ခုလုံး ပြန်လည်တိတ်ဆိတ်သွားပြီး လေထုထဲ၌ ဖော်မပြနိုင်လောက်အောင်ပင် လေးလံနေတော့သည်။

အချိန်မည်မျှကြာသွားသည်မသိ နတ်သခင်ထိုက်ဟွာက ထပ်မံ၍ စကားမစမီ

“အရိုင်းနယ်မြေကလူတွေက တောင်ပိုင်းနယ်မှာ မိစ္ဆာနတ်ဧကရာဇ်တစ်ပါး ရှိနေတာကို မသိကြဘူးလား။”

လုချန်းက

“သိကြပါတယ်။ ဒါပေမဲ့ လကွယ်ဂိုဏ်းချုပ်က သွေးဘိုးဘေးရဲ့ သက်တမ်းက ကုန်ဆုံးလုနီးပါး ဖြစ်နေပြီမို့လို့ စွမ်းအားအများကြီး ထုတ်သုံးနိုင်မှာမဟုတ်ဘူးလို့ ယုံကြည်နေတာ။”

နတ်သခင်ထိုက်ဟွာ ပြန်လည်၍ တိတ်ဆိတ်သွားပြန်သည်။

သူ့စိတ်ထဲ အရှေ့ပိုင်းနယ်သို့ သွားရန် အတွေးများ ထပ်မံပေါ်ပေါက်လာခဲ့တော့သည်။ သို့သော် ပြီးခဲ့သည့်အကြိမ်က လုချန်းနှင့် ဆွေးနွေးခဲ့ပြီးနောက် အရှေ့ပိုင်းနယ်သို့ သွားချင်လျှင် ခမ်းနားသော ကောင်းကင်ခန်းမကို ဖျက်သိမ်းရမည် ဖြစ်ရာ သူတို့ ထိုသို့ လုံးဝမလုပ်လိုပေ။

လက်ရှိ ကောင်းကင်နိယာမများ ပြောင်းလဲမှုနှင့်အတူ သူသည် သူ၏ ကျင့်စဉ်အဆင့်ကို ပိုမို မြင့်မားသော အဆင့်သို့ မြှင့်တင်ရန်အတွက် နတ်ဂိုဏ်း၏ ကံစွမ်းအားကို အသုံးပြုလိုသည်။ ခမ်းနားသော ကောင်းကင်ခန်းမ မရှိပဲ၊ နတ်ဂိုဏ်း၏ ကံစွမ်းအား မရှိပဲနှင့် ပထမအလွှာ ကောင်းကင်အဆင့်သို့ တက်ရောက်ရန်အတွက် နှစ်ပေါင်းမည်မျှ ကြာမြင့်မည်ကို မသိနိုင်ပေ။

ခဏခန့် ကြာပြီးနောက် နတ်သခင်ထိုက်ဟွာသည် ခန်းမအတွင်းရှိ နတ်သခင်များကို ဝေ့ဝဲကြည့်ကာ

“ခင်ဗျားတို့ အခုလောလောဆယ် ကိုယ့်စစ်နတ်လှေတွေဆီ ကိုယ်ပြန်ကြဦး။ ကျုပ် လုချန်းနဲ့ ဆွေးနွေးစရာ ကိစ္စတွေ ရှိတယ်။”

ထိုအရာကို ကြားလျှင် နတ်သခင်များ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြ၏။ သူတို့သည် ဤနေရာတွင် ကောင်းသော အစီအစဉ်တစ်ခုကို မစဉ်းစားနိုင်ကြသဖြင့် ပြန်သွားပြီး ဆုတ်ခွာရန် လမ်းစရှိမရှိကို စဉ်းစားကြခြင်းက ပို၍ ကောင်းပေလိမ့်မည်။

နတ်သခင်အားလုံး ခန်းမထဲမှ ထွက်ခွာသွားလျှင် နတ်သခင်ထိုက်ဟွာက လုချန်းကို စိုက်ကြည့်၍

“ခင်ဗျား ပြီးခဲ့တဲ့အကြိမ်က ပြောခဲ့တာ အမှန်ပဲလား”

လုချန်းက

“ခန်းမသခင်ထိုက်ဟွာက ဘယ်ကိစ္စကို ပြောတာလဲ”

နတ်သခင်ထိုက်ဟွာက

“ခင်ဗျားက နတ်ဧကရာဇ် ရှီယွဲ့ရဲ့ စုံတွဲလို့ ပြောခဲ့တာလေ။”

“ကျုပ် အရှေ့ပိုင်းနယ်ကို စုံစမ်းဖို့ လူလွှတ်ခဲ့ပေမဲ့ နတ်ဧကရာဇ် ရှီယွဲ့မှာ စုံတွဲရှိပုံမရဘူး။”

ခမ်းနားသော ကောင်းကင်ခန်းမသည် သွေးလင်းယုန်ခန်းမကို အလုံးစုံ စစ်ပွဲစတင် ဆင်နွှဲပြီးနောက် နတ်သခင်ထိုက်ဟွာသည် နတ်ဧကရာဇ် ရှီယွဲ့၏ ကိစ္စရပ်များကို စုံစမ်းရန်အတွက် အရှေ့ပိုင်းနယ်သို့ လူယုံများ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

ခမ်းနားသော ကောင်းကင်ခန်းမက ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးခဲ့သော်လည်း နတ်ဧကရာဇ် ရှီယွဲ့တွင် စုံတွဲ ရှိနေသည့် အရိပ်အယောင်ကို မတွေ့ရှိခဲ့ရသဖြင့် လုချန်းတစ်ယောက် ကြွားဝါးနေခြင်း ဖြစ်နိုင်သည်ဟု နတ်သခင်ထိုက်ဟွာ သံသယဝင်လာခဲ့သည်။

လုချန်းက

“နတ်ဧကရာဇ်တစ်ပါးရဲ့ နာမည်သုံးပြီး မုသားစကား ပြောရဲတဲ့လူ ရှိလိမ့်မယ်လို့ ခန်းမသခင်ထိုက်ဟွာ ယုံကြည်နေတာလား” ဟု ပြန်လည်မေးခွန်းထုတ်လိုက်၏။

လုချန်း၏ မေးခွန်းကို ကြားလျှင် နတ်သခင်ထိုက်ဟွာ ခဏခန့် တိတ်ဆိတ်သွားသည်။ လုချန်း အနေနှင့် နတ်ဧကရာဇ်တစ်ပါးအပေါ် မရိုမသေ ပြုလုပ်ရဲလိမ့်မည်မဟုတ်ဟု သူလည်း တွေးတောမိတာ အမှန်ပင်။

သူတို့က လုချန်း၏ ပင်မကိုယ်ကို မရှာဖွေနိုင်သော်လည်း နတ်ဧကရာဇ်တစ်ပါး၏ နတ်အာရုံသည် ထျန်းရန် နတ်ဘုရား နယ်မြေတစ်ခုလုံးကို မိုးကောင်းကင်ပမာ လွှမ်းခြုံနိုင်ရာ နတ်ဧကရာဇ် ရှီယွဲ့အတွက်တော့ လုချန်း၏ ပင်မကိုယ်တည်ရှိရာကို ရှာဖွေရန်က အလွန်ပင် လွယ်ကူလှပေသည်။

သူမတွင် စုံတွဲရှိသည်ဟု တစ်စုံတစ်ဦးက ကောလာဟလ ဖြန့်နေကြောင်း နတ်ဧကရာဇ် ရှီယွဲ့ သိသွားပါက အမျက်ဒေါသ ကမ္ဘာပျက်မတတ် ထွက်လာမည်မှာ ဧကန်မုချဖြစ်ပြီး လုချန်း၏ ကံကြမ္မာမှာလည်း မတွေးဝံ့စရာ ဖြစ်သွားလိမ့်မည်။

နတ်သခင်ထိုက်ဟွာ၏ မျက်နှာထက်၌ သံသယ အရိပ်အယောင်များ ကျန်ရှိနေဆဲဖြစ်သည်ကို တွေ့မြင်လျှင် လုချန်းက ဆက်လက်၍

“ခန်းမသခင်ထိုက်ဟွာက အရှေ့ပိုင်းနယ်ကို သွားဖို့ စဉ်းစားနေတာလား”

ဟု မေးမြန်းလိုက်သည်။

နတ်သခင်ထိုက်ဟွာက

“ခင်ဗျားက ဦးဆောင်ပြီး ကူညီပေးနိုင်မယ် ပြီးတော့ အခြေအနေက တကယ် အကျပ်အတည်းဖြစ်လာရင် ကျုပ်တို့ ခမ်းနားသော ကောင်းကင်ခန်းမကို အရှေ့ပိုင်းနယ်ဆီ ရွှေ့ပြောင်းသွားမှာပါ”

“ဒါပေမဲ့ ကျုပ်မှာ တောင်းဆိုချက် တစ်ရပ် ရှိတယ်။ ခမ်းနားသော ကောင်းကင်ခန်းမကို မဖျက်သိမ်းရဘူး။”

ခမ်းနားသော ကောင်းကင်ခန်းမသည် ကံစွမ်းအားကို စုဆောင်းရန်နှင့် ကျင့်စဉ်အဆင့်ကို မြှင့်တင်ရန်အတွက် အသက်သွေးကြောပမာ အရေးပါလှသဖြင့် သူသည် ဤအခြေအနေမှလွဲ၍ အခြားမည်သည့် အခြေအနေကိုမဆို စဉ်းစားပေးနိုင်သည်။

ထိုစကားကို ကြားလျှင် လုချန်းက

“နတ်ဧကရာဇ် ရှီယွဲ့က သူရဲ့ နယ်မြေထဲမှာ မဟာအင်အားကြီးအုပ်စုတစ်ခု တည်ရှိနေတာကို ခွင့်ပြုလိမ့်မယ်လို့ ခန်းမသခင်ထိုက်ဟွာ ထင်နေတာလား။”

“ကျုပ်က ဒီအချက်ကို မပြောပဲ ထားခဲ့ရင်တောင် နတ်ဧကရာဇ် ရှီယွဲ့က ခမ်းနားသော ကောင်းကင်ခန်းမလို အဆင့်အတန်းမျိုး ရှိတဲ့ အင်အားစုကို အရှေ့ပိုင်းနယ်မှာ ရှိနေခွင့် ဘယ်တော့မှ ပေးမှာ မဟုတ်ဘူး။”

နတ်သခင်ထိုက်ဟွာက

“ခင်ဗျား လုပ်ပေးနိုင်မယ်ဆိုရင် နတ်ဧကရာဇ် ရှီယွဲ့နဲ့ စကားပြောပေးဖို့ ကျုပ် တောင်းဆိုချင်ပါတယ်။ ခမ်းနားသော ကောင်းကင်ခန်းမကို နတ်ဂိုဏ်းအနည်းငယ်အဖြစ် ခွဲခြမ်းလိုက်လို့ ရပါတယ်။ နတ်ဧကရာဇ် ရှီယွဲ့ အနေနှင့် ကရုဏာသက်ပြီး ခမ်းနားသော ကောင်းကင်ခန်းမရဲ့ အစဉ်အလာကို ဆက်လက်တည်ရှိခွင့် ပေးဖို့ ကျုပ် တောင်းဆိုပါတယ်။”

ခမ်းနားသော ကောင်းကင်ခန်းမကဲ့သို့သော အင်အားစုမျိုးသည် အခြားမည်သည့် နယ်မြေသို့မဆို ဝင်ရောက်သွားပါက တားဆီးခြင်း ခံရလိမ့်မည်ကို နတ်သခင်ထိုက်ဟွာ သဘောပေါက်ထားသည်။ ထို့ကြောင့် ခမ်းနားသော ကောင်းကင်ခန်းမကို နတ်ဂိုဏ်းအနည်းငယ်အဖြစ် ခွဲထုတ်ကာ ၎င်း၏ အင်အားကို သိသိသာသာ လျှော့ချပစ်ခြင်းဖြင့် နတ်ဧကရာဇ် ရှီယွဲ့ကို စိတ်အေးသွားစေရန် အလျှော့ပေးလိုက်ခြင်းက ပို၍ ကောင်းပေလိမ့်မည်။

ခမ်းနားသော ကောင်းကင်ခန်းမကို ဆက်လက်ထိန်းသိမ်းထားနိုင်ပါက လုံလောက်ပေသည်။

လုချန်း ခဏခန့် နက်နက်နဲနဲ စဉ်းစားလိုက်၏။ နတ်သခင်ထိုက်ဟွာကို ခမ်းနားသော ကောင်းကင်ခန်းမ ဖျက်သိမ်းရန် တောင်းဆိုခြင်းမှာ တကယ်ပင် ခက်ခဲလိမ့်မည် ဖြစ်သော်လည်း ခမ်းနားသော ကောင်းကင်ခန်းမသာ အရှေ့ပိုင်းနယ်သို့ ရောက်ရှိသွားခဲ့လျှင် ၎င်းအပေါ် သူ ကလဲ့စားချေမည့် စိတ်ကူးများ စွန့်လွှတ်ရလိမ့်မည်။

အမှန်တရားကို ဖွင့်ဟရလျှင် လက်ရှိအချိန်၌ ခမ်းနားသော ကောင်းကင်ခန်းမကို ပြန်လည်ကလဲ့စားချေရန်က သူ့အတွက် စိန်ခေါ်မှုတစ်ခု မဟုတ်တော့ပေ။

ထို့နောက် လုချန်းက နတ်သခင်ထိုက်ဟွာကို

“ကျုပ် နတ်ဧကရာဇ် ရှီယွဲ့နဲ့ စကားပြောပေးလို့ ရပါတယ်။ ဒါပေမဲ့ ကျုပ် ပြီးခဲ့တဲ့အကြိမ်က တင်ပြခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နတ်သခင်ထိုက်ဟွာ သေချာစဉ်းစားပြီးပြီလား။”

နတ်သခင်ထိုက်ဟွာသည် မည်သည့်စကားမှ မပြောပဲ မှတ်ဉာဏ်ပုလဲတစ်လုံးကို စုစည်းလိုက်ပြီး လုချန်း၏ ရှေ့သို့ ပို့ဆောင်ပေးလိုက်၏။

“ဒါက ခင်ဗျား ပထမဆုံး စတင်ထင်ရှားလာတုန်းက ခမ်းနားသော ကောင်းကင်ခန်းမက ခင်ဗျားကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ဆွေးနွေးခဲ့တဲ့ မြင်ကွင်းပဲ။”

ထိုအရာကို ကြားလျှင် လုချန်းသည် နတ်စွမ်းအားကို ချက်ချင်းပင် လှုံ့ဆော်လိုက်ပြီး မှတ်ဉာဏ်ပုလဲအတွင်းရှိ မှတ်ဉာဏ်များကို ကြည့်ရှုလိုက်သည်။

နတ်သခင်ထိုက်ဟွာ၏ မှတ်ဉာဏ်များထဲတွင် နတ်သခင်သုံးပါးက သူ၏ လျင်မြန်သော တိုးတက်ကြီးထွားလာမှုက အနှေးနှင့်အမြန် ခမ်းနားသော ကောင်းကင်ခန်းမကို ခြိမ်းခြောက်လာလိမ့်မည်ကို စိုးရိမ်သဖြင့် သူ့ကို အမြစ်ပြတ်ချေမှုန်းရန် သဘောတူထောက်ခံခဲ့ကြသည်။

ထိုနတ်သခင်သုံးပါးမှလွဲ၍ ကျန်ရှိသောလူများက ခမ်းနားသော ကောင်းကင်ခန်းမ၏ စွမ်းအားကို မြှင့်တင်ရန်အတွက် သူ့ကို ခမ်းနားသော ကောင်းကင်ခန်းမသို့ ဝင်ရောက်ရန် စည်းရုံးသိမ်းသွင်းဖို့ အကြံပြုခဲ့ကြ၏။ အဆုံးသတ်တွင် ကြယ်မြစ် နတ်သခင်က ဝူယာနတ်သခင်ကို တောင်ပိုင်းနယ်ရှိ အင်အားစုအမျိုးမျိုးအား ဦးဆောင်စေပြီး သူ့ကို ဝိုင်းရံတိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

နတ်သခင်ထိုက်ဟွာ၏ မှတ်ဉာဏ်များကို ကြည့်ရှုပြီးနောက် လုချန်းက

“ခန်းမသခင်ထိုက်ဟွာက အရှေ့ပိုင်းနယ်ကို ဘယ်အချိန်မှာ ပြောင်းရွှေ့ဖို့ စဉ်းစားထားလဲ”

ဟု မေးမြန်းလိုက်သည်။

နတ်သခင်ထိုက်ဟွာက ချက်ချင်း ပြန်မဖြေပဲ ခဏခန့် စဉ်းစားပြီးနောက်မှ

“ဖြစ်နိုင်ရင် ခင်ဗျား နတ်ဧကရာဇ် ရှီယွဲ့ကို ချက်ချင်း အသိပေးပေးမလား။ ကျုပ်က အရိုင်းနယ်မြေရဲ့ စစ်တပ်တွေ မရောက်လာခင် အရှေ့ပိုင်းနယ်ဆီကို ပြောင်းရွှေ့ဖို့ စဉ်းစားထားလို့ပါ။”

နတ်သခင်ထိုက်ဟွာ စိတ်ထဲတွင် တွေးတောကြံဆနေ၏။ သွေးဘိုးဘေးကို ချိပ်ပိတ်ရန်အတွက် အသည်းအသန် တိုက်ခိုက်ခြင်းမှာ အရိုင်းနယ်မြေအတွက် အခွင့်ကောင်း ဖန်တီးပေးသလို ဖြစ်သွားလိမ့်မည်။

သွေးဘိုးဘေးကို ချန်ထားခဲ့လျှင်မူ အရိုင်းနယ်မြေ၏ အင်အားစုများနှင့် သွေးလင်းယုန်ခန်းမတို့သည် ကျွဲနှစ်ကောင်သတ်သလို အချင်းချင်း အပြန်အလှန် ပျက်စီးစေခြင်းသို့ ဦးတည်သွားစေနိုင်ပေသည်။

ခမ်းနားသော ကောင်းကင်ခန်းမ အနေနှင့် အရှေ့ပိုင်းနယ်သို့ အရင် ပြောင်းရွှေ့ထားခြင်းဖြင့် ၎င်း၏ စွမ်းအားကို ထိန်းသိမ်းထားသင့်သည်။ အကယ်၍ သွေးလင်းယုန်ခန်းမနှင့် အရိုင်းနယ်မြေ အင်အားစုများ အချင်းချင်း ဖျက်စီးပြီးပါက ခမ်းနားသော ကောင်းကင်ခန်းမ အနေနှင့် အနာဂတ်တွင် တောင်ပိုင်းသို့ ပြန်လာရန် အခွင့်အရေး ရရှိနိုင်ပေလိမ့်မည်။

ထိုသို့ဖြစ်နိုင်ခြေက အလွန်နည်းပါးကြောင်း နတ်သခင်ထိုက်ဟွာ သိသော်လည်း လက်ရှိအခြေအနေအရ ခမ်းနားသော ကောင်းကင်ခန်းမ ရှင်သန်နိုင်ရေးကို သေချာစေရန်အတွက် တောင်ပိုင်းနယ်မှ ထွက်ခွာခြင်းက အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်တော့သည်။

wunzinnosp

…………..

All Chapters