အခန်း ၂၀၃၇
Vol. 136 Ch. 2037
အခန်း (၂၀၃၇)
လွတ်မြောက်ရန် ခက်ခဲသော အခြေအနေ
“နယ်နိမိတ်ပင်လယ်” ဟူသော စကားလုံးကို ကြားရလျှင် နတ်သခင်ထိုက်ဟွာ၏ ရင်ထဲ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာပြီး စိတ်ထဲ၌ ပို၍ပင် မသက်မသာ ဖြစ်သွားမိသည်။
ယခုအချိန်တွင် အရှေ့ပိုင်းနယ်သို့ သွားနိုင်သော လမ်းကြောင်း နှစ်ကြောင်းသာ ကျန်ရှိတော့သည်။ တစ်ကြောင်းမှာ မြောက်ဘက်သို့ ဦးတည်ကာ အလယ်ပိုင်းနယ်သို့ အရင်သွားပြီးမှ အရှေ့ပိုင်းနယ်သို့ ဆက်သွားရန် ဖြစ်သည်။
မဟုတ်ပါက အရှေ့ပိုင်းနယ်နှင့် ပိုနီးကပ်သော ထျန်းရန် နတ်ဘုရား နယ်မြေ၏ အရှေ့တောင်ဘက် ထောင့်စွန်းသို့ သွားရမည် ဖြစ်၏။ သို့သော် ယနေ့ခေတ်တွင် ထိုဒေသကို သွေးလင်းယုန်ခန်းမနှင့် ၎င်း၏ လက်အောက်ခံ အင်အားစုများက အခြေခံအားဖြင့် ထိန်းချုပ်ထားပြီး ဖြစ်သည်။
ထျန်းရန် နတ်ဘုရား နယ်မြေ၏ အရှေ့တောင်ဘက် ထောင့်စွန်းမှတစ်ဆင့် အရှေ့ပိုင်းနယ်သို့ ဝင်ရောက်ရန် ကြိုးပမ်းခြင်းမှာ ခရောင်းလမ်းက်ို ဖြတ်ကျော်ရသကဲ့သို့ အန္တရာယ် များလှပေသည်။
သို့သော်လည်း သူတို့အနေနှင့် မည်သည့်ဘက်မှ အရှေ့ပိုင်းနယ်သို့ ချဉ်းကပ်သည်ဖြစ်စေ နောက်ဆုံးတွင် နယ်နိမိတ်ပင်လယ်ကို မဖြစ်မနေ ဖြတ်ကျော်ရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
တောင်ပိုင်းနယ်၊ အလယ်ပိုင်းနယ်နှင့် အရှေ့ပိုင်းနယ်တို့၏ အလယ်ဗဟို ဆုံချက်ကြားတွင် နယ်နိမိတ်ပင်လယ်က ကြီးမားကျယ်ပြန့်စွာ တည်ရှိနေခြင်း ဖြစ်၏။ ယခု တောင်ပိုင်းနယ်ရှိ အင်အားစုအသီးသီးသည် သူတို့၏ လမ်းကြောင်းကို ဝိုင်းဝန်း ပိတ်ဆို့ရန် လက်တွဲ ပူးပေါင်းလိုက်ကြပြီ ဖြစ်သည်။
ထိုအရာက တောင်ပိုင်းနယ် အင်အားစုများသည် သူတို့ အရှေ့ပိုင်းနယ်ကို ဦးတည်ကြောင်း အစောတည်းက အကဲခတ်မိ သိထားပြီး တောင်ပိုင်းနယ်ကနေ သူတို့ ခြေတစ်လှမ်းမှ ထွက်ခွာခွင့်မရအောင် တားဆီးဖို့ ရည်ရွယ်ထားတာကို ပြသနေတာလား။
ထိုသို့သာဆိုလျှင်တော့ ခမ်းနားသော ကောင်းကင်ခန်းမ အလွန် ဒုက္ခရောက်သွားပေလိမ့်မည်။ သွေးဘိုးဘေးက ပြန်လည်ပေါ်ထွက်လာပုံရပြီး အရိုင်းနယ်မြေမှ ရှေ့တန်းတပ်ဖွဲ့များကလည်း တောင်ပိုင်းနယ်ထဲသို့ ကျိုင်းကောင်များ ကျရောက်သကဲ့သို့ မကြာမီ ဝုန်းဒိုင်းကြဲ ဝင်ရောက်တော့မည် ဖြစ်သည်။
ခမ်းနားသော ကောင်းကင်ခန်းမအတွက် အချိန်များစွာ မကျန်တော့ပေ။ တောင်ပိုင်းနယ်ရှိ အင်အားစုများ၏ တားဆီးခြင်းကို ခံရပါက ခမ်းနားသော ကောင်းကင်ခန်းမသည် ရှေ့တိုးမရ နောက်ဆုတ်မရ အနေအထားသို့ ရောက်သွားမည်ဖြစ်ပြီး တောင်ပိုင်းမှလည်း ထွက်ခွာနိုင်တော့မည် မဟုတ်ချေ။
နတ်သခင်ထိုက်ဟွာ အနည်းငယ် ဇဝေဇဝါ ဖြစ်နေမိ၏။ သူတို့ အရှေ့ပိုင်းနယ်သို့ ပြောင်းရွှေ့မည့် အကြောင်းကို လျှို့ဝှက်ထားသဖြင့် သိသူအရေအတွက်က လက်ချိုးရေတွက်နိုင်လောက်အောင် အလွန်နည်းပါးလှပေသည်။
ထိုသို့ဆိုလျှင် တောင်ပိုင်းနယ်ရှိ ထိုအင်အားစုများသည် နယ်နိမိတ်ပင်လယ်၌ သူတို့အား ဘာ့ကြောင့် ကြိုတင်ပိတ်ဆို့ စောင့်ဆိုင်းနေရသနည်း။
သူတို့ ထွက်ခွာမည့် သတင်းကို တောင်ပိုင်းနယ် အင်အားစုများထံ မည်သည့် သစ္စာဖောက်က သတင်းပေးလိုက်သနည်း။
သို့မဟုတ် တောင်ပိုင်းနယ်ရှိ အင်အားစုများက သူတို့ဘာသာ အလိုအလျောက် ရိပ်မိသွားကြခြင်းလား။
ခမ်းနားသော ကောင်းကင်ခန်းမ တောင်ပိုင်းနယ်မှ ထွက်ခွာမှာကို သူတို့ဘာသာ ရိပ်မိသွားသည် ဆိုလျှင်လည်း အနည်းငယ် အလှမ်းဝေးလွန်းလှသည်ဟု ထင်ရသည်။
ခမ်းနားသော ကောင်းကင်ခန်းမသည် တောင်ပိုင်းနယ်မှ ဧကန်မုချ ထွက်ခွာလိမ့်မည်ဟု သူတို့က မည်သို့ တပ်အပ်သိနိုင်မည်နည်း။
ခမ်းနားသော ကောင်းကင်ခန်းမအနေနှင့် အရိုင်းနယ်မြေရှိ လကွယ်ဂိုဏ်းနှင့် လက်တွဲပူးပေါင်းရန်လည်း ရွေးချယ်နိုင်သည် မဟုတ်ပါလား။
နတ်သခင်ထိုက်ဟွာသည် ခန်းမတစ်ခုလုံးကို သိမ်းငှက်ကဲ့သို့ စူးစူးစိုက်စိုက် ဝေ့ကြည့်လိုက်၏။ ဤနတ်သခင်များထဲတွင် ဖားတစ်ပိုင်း ငါးတစ်ပိုင်း သစ္စာဖောက်တစ်ဦး ရှိနေနိုင်သည်ဟု သူ ရုတ်တရက် သံသယဝင်လာမိသည်။
တစ်စုံတစ်ဦးက ခမ်းနားသော ကောင်းကင်ခန်းမ အရှေ့ပိုင်းနယ်သို့ ပြောင်းရွှေ့မည့် သတင်းကို အချိန်မတိုင်မီ ပေါက်ကြားအောင် လုပ်ဆောင်ခဲ့သောကြောင့် တောင်ပိုင်းနယ် အင်အားစုများ နယ်နိမိတ်ပင်လယ်၌ လာရောက်ပိတ်ဆို့ စောင့်ဆိုင်းနေခြင်း ဖြစ်လိမ့်မည်။
ထင်ရှားသည်မှာ တောင်ပိုင်းနယ် အင်အားစုများသည် ၎င်းတို့၏ သစ္စာစောင့်သိမှုကို သက်သေပြခြင်းဖြင့် သွေးဘိုးဘေး၏ မျက်နှာသာပေးမှုကို ရယူရန် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်တွင် နတ်သခင်တစ်ပါး မတ်တပ်ရပ်ကာ
“ခန်းမသခင်... ကျုပ်တို့ အခု ဘာဆက်လုပ်သင့်လဲ”
ဟု ခြေမကိုင်မိ လက်မကိုင်မိဟန်ဖြင့် မေးမြန်းလိုက်သည်။
“အဲ့ဒီ အင်အားစုတွေက အရှေ့ပိုင်းနယ်ကို သွားမယ့် လမ်းကြောင်းကို ပိတ်ဆို့ထားပါတယ်။ ကျုပ်တို့ရဲ့ အစွမ်းကုန် ကြိုးစားပြီး သူတို့ရဲ့ ကာကွယ်ရေးကို ဖောက်ထွက်ဖို့ လုပ်ရင်လည်း အချိန်အလွန် ကုန်သွားပါလိမ့်မယ်။”
“မကြာခင် သွေးဘိုးဘေးသာ ကိုယ်တိုင် လှုပ်ရှားလာရင် ကျုပ်တို့ တောင်ပိုင်းနယ်ကနေထွက်ခွာနိုင်တော့မှာ မဟုတ်ဘူးလို့ စိုးရိမ်မိပါတယ်။”
နတ်သခင်ထိုက်ဟွာသည် တိတ်ဆိတ်နေပြီး သူ၏ အကြည့်က ခန်းမအတွင်းရှိ လုချန်းထံသို့ ရောက်ရှိသွား၏။ လုချန်းသည် ခမ်းနားသော ကောင်းကင်ခန်းမအပေါ် ရန်ငြိုးရန်စများ ရှိနေသောကြောင့် ခမ်းနားသော ကောင်းကင်ခန်းမ အရှေ့ပိုင်းနယ်သို့ ပြောင်းရွှေ့မည့် သတင်းကို လုချန်းက ပေါက်ကြားအောင် လုပ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု သူ သံသယဝင်မိသည်။
ယခုအချိန်တွင် လုချန်းက သူတို့အား သစ္စာဖောက်လျှင်လည်း အံ့သြစရာ မရှိပေ။
သို့သော်လည်း ခမ်းနားသော ကောင်းကင်ခန်းမကို လက်ခံရန် နတ်ဧကရာဇ် ရှီယွဲ့က သဘောတူသည်ဟု လုချန်း ပြောခဲ့ဖူးသည်။ လုချန်းသည် ယခုလို အခြေအနေမျိုးတွင် ခမ်းနားသော ကောင်းကင်ခန်းမကို တကယ် သစ္စာဖောက်ပါ့မလား။
ထို့နောက် နတ်သခင်ထိုက်ဟွာက
“ခင်ဗျားတို့အားလုံး အပြင်ကို အရင်ထွက်သွားကြဦး။ ကျုပ် လုချန်းနဲ့ ဆွေးနွေးစရာ အချို့ ရှိတယ်။”
ထိုအရာကို ကြားလျှင် နတ်သခင်များလည်း နတ်သခင်ထိုက်ဟွာအား နားမလည်နိုင်စွာဖြင့် ကြည့်လိုက်ကြ၏။
ယခုလို သေရေးရှင်ရေး အရေးကြီးသည့် အချိန်မျိုးတွင် လုချန်းနှင့် မည်သည့်အရာကို ဆွေးနွေးရန် ရှိသနည်း။
ဤအကျပ်အတည်းကို ဖြေရှင်းရာတွင် လုချန်းက မည်သို့ ကူညီပေးနိုင်မည်နည်း။
သူတို့ စိတ်ထဲ သံသယပင်လယ်ဝေကာ ဇဝေဇဝါ ဖြစ်နေကြသော်လည်း ခမ်းနားသော ကောင်းကင်ခန်းမမှ နတ်သခင်များသည် ခန်းမအတွင်းမှ ထွက်ခွာသွားကြ၏။ သို့သော် နတ်သခင်ထိုက်ဟွာနှင့် လုချန်းတို့ ဘာအကြောင်းအရာများကို ဆွေးနွေးကြမည်လဲ ဆိုသည်ကိုတော့ သူတို့ စူးစမ်းလိုနေကြသည်။
မကြာမီတွင် နတ်သခင်များသည် အစည်းအဝေးခန်းမအတွင်းမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြပြီး လုချန်းနှင့် နတ်သခင်ထိုက်ဟွာ နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့သည်။
နတ်သခင်ထိုက်ဟွာက တည်ကြည်ပြတ်သားသော လေသံဖြင့်
“ခမ်းနားသော ကောင်းကင်ခန်းမ အရှေ့ပိုင်းနယ်ကို ပြောင်းရွှေ့မည့် သတင်းကို ဖြန့်လိုက်တာ ခင်ဗျားလား။”
ထိုမေးခွန်းကို ကြားသောအခါ လုချန်း အသာအယာ ရယ်မောလိုက်ပြီးနောက်
“ထိုက်ဟွာခန်းမသခင်က မြောက်ဘက် နယ်နိမိတ်ပင်လယ်မှာ ပေါ်လာတဲ့ အင်အားစုတွေဟာ ကျုပ်နဲ့ ဆက်စပ်နေတယ်လို့ သံသယဝင်နေတာတော့ မဟုတ်ပါဘူးနော်။”
နတ်သခင်ထိုက်ဟွာက
“ခင်ဗျားက ခမ်းနားသော ကောင်းကင်ခန်းမကို ကလဲ့စားချေချင်တဲ့ စိတ်နဲ့ အဲဒီအင်အားစုတွေဆီ သတင်းပေါက်ကြားအောင် လုပ်ပြီး ခမ်းနားသော ကောင်းကင်ခန်းမ ထွက်ခွာမည့် လမ်းကြောင်းကို ပိတ်ဆို့ဖို့ ခိုင်းလိုက်တာ မဟုတ်ဘူးလား”
ဟု ပြန်လည်မေးခွန်းထုတ်သည်။
လုချန်းက
“ထိုက်ဟွာခန်းမသခင် သိသင့်တာက တကယ်လို့ ကျုပ်သာ ခမ်းနားသော ကောင်းကင်ခန်းမကို ကလဲ့စားချေချင်တယ်ဆိုရင် ကိစ္စရပ်တွေကို ဒီလောက်အထိ ရှုပ်ထွေးအောင် လုပ်နေဖို့ မလိုပါဘူး။”
ထိုအရာကို ကြားလျှင် နတ်သခင်ထိုက်ဟွာသည် တွေဝေကာ စဉ်းစားခန်း ဝင်သွား၏။ လုချန်း၏ စကားများက အကျိုးအကြောင်း ဆီလျော်လှသည်။
အကယ်၍ လုချန်းသာ တကယ် ကလဲ့စားချေလိုပါက နတ်ဧကရာဇ် ရှီယွဲ့အား သူတို့အတွက် ကြားခံတောင်းပန်ပေးခဲ့မည် မဟုတ်ချေ။ အကယ်၍ နတ်ဧကရာဇ် ရှီယွဲ့က သဘောမတူခဲ့ပါက သူတို့အနေနှင့် အရှေ့ပိုင်းနယ်သို့ သွားနိုင်မည့် လမ်းစ လုံးဝရှိမည် မဟုတ်ပဲ လမ်းပျောက်နေလိမ့်မည်။
လုချန်းက ဆက်လက်၍
“နတ်ဧကရာဇ် ရှီယွဲ့က ကျုပ်ရဲ့ ကျင့်ကြံဖော် ပါ။ ပြီးတော့ သူက အရှေ့ပိုင်းနယ်ရဲ့ ကံစွမ်းအားကို ထိန်းချုပ်ထားတဲ့သူပါ။ ခမ်းနားသော ကောင်းကင်ခန်းမသာ အရှေ့ပိုင်းနယ်နဲ့ ပူးပေါင်းမယ်ဆိုရင် အရှေ့ပိုင်းနယ်ရဲ့ ကံစွမ်းအားကို သိသိသာသာ တိုးတက်လာစေမှာ ဖြစ်ပါတယ်။”
“ဒါကြောင့် ဒီရှုထောင့်ကနေ ကြည့်ရင် ခမ်းနားသော ကောင်းကင်ခန်းမ အရှေ့ပိုင်းနယ်နဲ့ အဆင်ပြေချောမွေ့စွာ ပူးပေါင်းသွားနိုင်တာကိုပဲ ကျုပ် ပိုပြီး မြင်တွေ့ချင်ပါတယ်။”
နတ်သခင်ထိုက်ဟွာသည် စကားတစ်ခွန်းမှ မဟပဲ ဆက်လက်၍ တိတ်ဆိတ်နေမိသည်။ လုချန်း ပြောကြားခဲ့သည့် အရာများက ငြင်းစရာ မရှိအောင် တကယ်ပင် အကျိုးအကြောင်းဆီလျော်လှသည်။
သို့သော် လုချန်း လုပ်တာ မဟုတ်ပါက သူတို့ အရှေ့ပိုင်းနယ်သို့ ပြောင်းရွှေ့မည့် ရည်ရွယ်ချက်ကို မည်သည့် သစ္စာဖောက်က သတင်းပေါက်ကြားအောင် လုပ်ဆောင်ခဲ့သနည်း။
သူတို့ စစ်ပွဲရှေ့တန်းမှ ခမ်းနားသော ကောင်းကင်ခန်းမသို့ ပြန်ရောက်ပြီးနောက် ရွှေ့ပြောင်းရန် ပြင်ဆင်မှုများ ပြုလုပ်နေသော်လည်း ထိုသတင်းပေါက်ကြားမှု မရှိစေရန်အတွက် အထူးသတိထားခဲ့ကြသည်။
ထို့နောက် လုချန်းက
“ခမ်းနားသော ကောင်းကင်ခန်းမရဲ့ အတွင်းပိုင်းမှာ စိတ်ဝမ်းကွဲနေတာတွေ ရှိပုံရတယ်”
ဟု မှတ်ချက်ပြုလိုက်သည်။
ထင်ရှားသည်မှာ ခမ်းနားသော ကောင်းကင်ခန်းမအတွင်းမှ တစ်စုံတစ်ဦးက သတင်းအချက်အလက်ကို ပေါက်ကြားအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ထိုသူသည် ခမ်းနားသော ကောင်းကင်ခန်းမအား အရင်ကတည်းက သစ္စာဖောက်နှင့်ပြီးသားသူ ဖြစ်နိုင်သည်။
နတ်သခင်ထိုက်ဟွာသည် သူ၏ စိတ်တည်ငြိမ်မှုကို ပြန်လည်ရယူလိုက်ပြီး လုချန်းအား
“ကျုပ်က ဒီအတိုင်း မေးကြည့်တာပါ။ စိတ်ထဲ မထားပါနဲ့”
လုချန်းကမူ ဂရုမစိုက်ဟန်ဖြင့် ဆက်လက်၍
“တောင်ပိုင်းနယ်က အင်အားစုအသီးသီးက ခမ်းနားသော ကောင်းကင်ခန်းမရဲ့ လမ်းကြောင်းကို ပိတ်ဆို့ဖို့ လူတွေ စေလွှတ်ထားကြပါတယ်။ ခမ်းနားသော ကောင်းကင်ခန်းမက အင်အားကြီးတယ်ဆိုရင်တောင်မှ ဒီလောက်များတဲ့ အင်အားစုတွေကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ပြီး ဖောက်ထွက်ဖို့ဆိုတာ ကောင်းကင်ကြယ်လှမ်းဆွတ်ရသလောက် ခက်ခဲပါလိမ့်မယ်။ ထိုက်ဟွာခန်းမသခင်အနေနှင့် နောက်ထပ် ဘာအစီအစဉ် ရှိလဲဆိုတာ ကျုပ် သိချင်မိပါတယ်”
ဟု မေးလိုက်သည်။
လုချန်း စိတ်ထဲ သွေးဘိုးဘေး ပေါ်ထွက်လာတော့မည်ဟူသော အလိုလိုသိစိတ်တစ်ခု ဖြစ်ပေါ်နေသည်။ သွေးဘိုးဘေး ပေါ်လာသည်နှင့် အခြားသူများကို သတိပေးရန်အတွက် စံပြအနေနှင့် ကြက်သတ်ပြ၍ မျောက်ခြောက်သည့် ပထမဆုံး လှုပ်ရှားမှုမှာ ခမ်းနားသော ကောင်းကင်ခန်းမအပေါ်တွင် ဖြစ်လိမ့်မည် ဖြစ်သည်။
အကယ်၍ ခမ်းနားသော ကောင်းကင်ခန်းမက တုံ့ပြန်မှု နှေးကွေးနေပါက ဆိုးရွားလှသော အကျိုးဆက်များကို ရင်ဆိုင်ရမည် ဖြစ်သည်။ မဟုတ်ပါက အင်အားစုများ စုစည်းကာ သွေးဘိုးဘေးအား ချိပ်ပိတ်ရန် ကြိုးပမ်းရလိမ့်မည်။
သို့သော်လည်း သူတို့အနေနှင့် သွေးဘိုးဘေးကို ရေကုန်ရေခမ်း တိုက်ခိုက်ပြီး သွေးဘိုးဘေးကို အောင်မြင်စွာ ချိပ်ပိတ်နိုင်ခဲ့လျှင်တောင်မှ ထိုအချိန်တွင် အရိုင်းနယ်မြေမှ အင်အားစုများသည် တောင်ပိုင်းနယ်သို့ ရောက်ရှိနေပြီး ဖြစ်နိုင်သောကြောင့် ခမ်းနားသော ကောင်းကင်ခန်းမ တောင်ပိုင်းမှ ထွက်ခွာရန် လုံးဝ မဖြစ်နိုင်တော့ပေ။
လုချန်း၏ စကားကို ကြားပြီးနောက် နတ်သခင်ထိုက်ဟွာလည်း အရှေ့ပိုင်းနယ်သို့ ရောက်ရှိရန်အတွက် ထိုပိတ်ဆို့ထားသော အင်အားစုများကို မည်သို့ ကျော်ဖြတ်ရမည်နည်း ဟု စဉ်းစားရင်း အချိန်အတော်ကြာ မှင်တက်ကာ တိတ်ဆိတ်သွားခဲ့သည်။
အကယ်၍ အရှေ့ပိုင်းနယ်သို့ သွားမည့်သူမှာ နတ်သခင် အနည်းငယ်သာ ဆိုပါက အတော်လေး လွယ်ကူပေလိမ့်မည်။ တောင်ပိုင်းနယ်၏ မြောက်မြားစွာသော အင်အားစုများ ရှိနေလင့်ကစား ခမ်းနားသော ကောင်းကင်ခန်းမ၏ နတ်သခင်များသည် သူတို့၏ ကိုယ်ပိုင်စွမ်းရည်ဖြင့် အလွယ်တကူ ထွက်ခွာသွားနိုင်စွမ်း ရှိကြသည်။
သို့သော်လည်း သူတို့၏ ရည်မှန်းချက်မှာ ခမ်းနားသော ကောင်းကင်ခန်းမမှ လူတိုင်းကို တစ်ယောက်မကျန် အရှေ့ပိုင်းနယ်သို့ ခေါ်ဆောင်သွားရန် ဖြစ်သောကြောင့် စိန်ခေါ်မှု အလွန်ကြီးမားလှသည်။ ထိုနေရာရှိ အင်အားစုများသည် နတ်သခင် တစ်ဦးချင်းစီကို မတားဆီးနိုင်သော်လည်း ခမ်းနားသော ကောင်းကင်ခန်းမ၏ နတ်လှေအုပ်စုကိုတော့ အလွယ်တကူ နှောင့်ယှက်ဖျက်ဆီးနိုင်ပေသည်။
နတ်သခင် အနည်းငယ်သာ အရှေ့ပိုင်းနယ်သို့ ပြောင်းရွှေ့ခြင်းက မည်သည့် အဓိပ္ပာယ်မှ ရှိလိမ့်မည် မဟုတ်ပေ။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် နတ်သခင်ထိုက်ဟွာသည် အမှောင်ထဲတွင် မီးမောင်းထိုးပြလိုက်သကဲ့သို့ တစ်စုံတစ်ခုကို သဘောပေါက်သွားကာ သူ၏ မျက်လုံးများ ကျယ်ပြန့်သွားပြီး လုချန်းအား စူးစူးစိုက်စိုက် ကြည့်လိုက်မိသည်။
“လုချန်း... ခင်ဗျားက နတ်ဧကရာဇ် ရှီယွဲ့ရဲ့ လက်တွဲဖော် ဖြစ်နေတော့ ခင်ဗျားပြောတဲ့ စကားကို သူ နားထောင်လောက်တယ် မဟုတ်လား။”
နတ်သခင်ထိုက်ဟွာ၏ လေသံ ရုတ်တရက် ယဉ်ကျေးပျော့ပြောင်းသွားသည်ကို ကြားလျှင် လုချန်းက အသာအယာ ပြုံးလိုက်ရင်း
“ထိုက်ဟွာခန်းမသခင်... ကျုပ်ကို ဘာလုပ်ပေးစေချင်လဲဆိုတာ တိုက်ရိုက်သာ ပြောပါ။”
နတ်သခင်ထိုက်ဟွာက ပွင့်ပွင့်လင်းလင်းပင်
“ကျုပ်တို့ရဲ့ ဒီအခြေအနေဆိုးကို ကူညီပေးဖို့ နတ်ဧကရာဇ် ရှီယွဲ့ကို ကြားဝင်စွက်ဖက်ပေးဖို့ ခင်ဗျား တောင်းဆိုပေးနိုင်မလား သိချင်မိတယ်။”
နတ်ဧကရာဇ် တစ်ပါးအတွက် တောင်ပိုင်းနယ်သို့ လာရောက်ရန် မျက်စိတစ်မှိတ်သာ ကြာ၏။ အကယ်၍ နတ်ဧကရာဇ် ရှီယွဲ့ ကိုယ်တိုင် ရောက်ရှိလာပါက တောင်ပိုင်းနယ်ရှိ ထိုအင်အားစုများသည် ကြောက်ဒူးတုန်ကာ မည်သည့်ပြဿနာမှ ရှာရဲကြမည် မဟုတ်ချေ။
ထို့အခါ ခမ်းနားသော ကောင်းကင်ခန်းမလည်း အရှေ့ပိုင်းနယ်သို့ ချောချောမွေ့မွေ့ ဆက်လက်ထွက်ခွာနိုင်မည် ဖြစ်သည်။
သို့သော်လည်း လက်ရှိတွင် အဓိက စိုးရိမ်စရာ အချက်မှာ သွေးဘိုးဘေးသည် နတ်ဧကရာဇ်တစ်ပါး၏ စွမ်းအားကို ပိုင်ဆိုင်ထားသောကြောင့် နတ်ဧကရာဇ် ရှီယွဲ့အနေနှင့် ၎င်းအား စိတ်ဆိုးဒေါသထွက်စေရန် လုပ်ဆောင်လိုပါ့မလား ဆိုသည့် အချက်ပင် ဖြစ်သည်။
အကယ်၍ နတ်ဧကရာဇ် ရှီယွဲ့ တောင်ပိုင်းနယ်သို့ ရောက်ရှိလာပါက တောင်ပိုင်းနယ်အား သူ၏ ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားပြီးသား ဖြစ်သည့် သွေးဘိုးဘေးကို မလွဲမသွေ အမျက်ဒေါသ ထွက်စေလိမ့်မည် ဖြစ်သည်။
wunzinnosp
………….