အခန်း ၃၆၁
Vol. 25 Ch. 361
အပိုင်း ( 361 )
မီးစိမ်းလေး ပျောက်သွားပြီပဲ
“ အဲ့တာက …….. “
လူတစ်စုမှာ နေရာမှာတင် အေးခဲတောင့်တင်းသွားခဲ့ကြသည်။ သူတို့၏ အကြည့်များအောက်တွင် မောက်မာဝင့်ကြွား၍ ဟိတ်ဟန်ထုတ်ကာ တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေခဲ့သည့် လူငယ်လေးက အဝေးသို့ ထွက်ပြေးသွားခဲ့သည်။
ထိုမြင်ကွင်းကို ငေးကြည့်နေရင်းဖြင့် လူတိုင်းက အကြည့်များ ဖလှယ်လိုက်ကြပြီး လူတိုင်းက ထိုလူ၏ အမြန်နှုန်းကြောင့် တအံ့တဩဖြစ်သွားခဲ့ကြသည်။
“ အခု ငါတို့က ဘာသွားလုပ်ကြမှာလဲ “ တစ်စုံတစ်ဦးက မေးခွန်းထုတ်လာခဲ့၏။
သူ၏ ပြောဆိုမှုကြောင့် အနက်ဝတ်လူ နောက်တစ်ဦး ရှေ့တက်လာခဲ့ပြီး သူ၏လက်ဝါးကို ဖြည်းဖြည်းချင်း ဖြန့်ချကာ အပြာရောင် ပုတီးစေ့တစ်စေ့ကို ထုတ်ပြလာခဲ့သည်။ ၎င်းမှာ ယခင်က လန်လင်းကိုင်ဆောင်ထားခဲ့သည့် အရာဖြစ်သည်။
သူသည် စကားတစ်ခွန်းမှ မပြောဘဲ မန္တာန်တစ်ခုကို ရွတ်ဆိုနေသည့်ပမာ လက်အုပ်ချီလိုက်ပြီး လက်ဟန်များစွာ ပြုလုပ်နေတော့သည်။ ပုတီးစေ့က လုချန်ရှန်း ထွက်ပြေးသွားရာဘက်သို့ ရုတ်တရက် ပျံသန်းသွားခဲ့သည်။
လူတိုင်းက ၎င်းကို စောင့်ကြည့်နေခဲ့ပြီး မည်ကဲ့သို့ တုံ့ပြန်ရမှန်းမသိ ဖြစ်သွားကြသည်။
သို့ရာ၌ ယခုလေးတင်ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ပြန်လည်တွေးတောစဥ်းစားလိုက်ရာ သူတို့အားလုံး သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။ အဆိုပါ အမြန်နှုန်းက အလွန်တရာ မြန်ဆန်နေပြီး ဟွာရှုနယ်ပယ် ပညာရှင်ကပင် အချိန်မှီ မတုံ့ပြန်နိုင်ခဲ့ပေ။
ဟွာရှုနယ်ပယ် ပညာရှင်တို့၏ တိုက်ပွဲကို မျှော်လင့်ထားခဲ့သည့် ရှောင်ဟေးကပင် မျက်စိတစ်မှိတ်အတွင်းတွင် မီးဖိုအတွင်းသို့ ထိုးထည့်ခံလိုက်ရပြီး အဝေးသို့ ခေါ်ဆောင်ခံလိုက်ရ၏။
လုချန်ရှန်း၏ တုံ့ပြန်မှုက အလွန်မြန်ဆန်နေခဲ့သည်။ အစတွင် သူက လူတစ်ဦးတည်းသာ ရှိနေသည်ဟု ထင်နေခဲ့ခြင်းဖြစ်သည်။ ချက်ချင်းဆိုသလိုပင် ဆယ်ဦးထပ်ပိုသော ဟွာရှုနယ်ပယ် ပညာရှင်များ ပေါ်ထွက်လာခဲ့သည်။
ထိုလူများအနက် ခုနစ်ဦးရှစ်ဦးခန့်က ဟွာရှုနယ်ပယ် အဆင့်၃ ပညာရှင်များဖြစ်နေခဲ့ပြီး သူတို့အားလုံးက မှော်ပစ္စည်းများ အစွမ်းထက် တော်ဝင်လက်နက်များနှင့် တားမြစ်ပစ္စည်းများကိုပင် ကိုင်ဆောင်ထားကြသည်။ အဝေးတွင် စောင့်ဆိုင်းနေသည့် လူများစွာ ရှိနေသေးပြီး အချက်ပြလိုက်သည်နှင့်တစ်ပြိုင်နက် ထိုလူများက ထိုနေရာသို့ ချက်ချင်းရောက်ရှိလာကြမည် ဖြစ်သည်။
“ ဆယ်ယောက်ထပ်ပိုတဲ့ ဟွာရှုနယ်ပယ် ကျင့်ကြံသူတွေက ငါ့လို မွေးရာပါ ဝိညာဥ်နယ်ပယ် ပညာရှင်လေးတစ်ယောက်ကို အုပ်စုဖွဲ့တိုက်ချင်နေတယ်ပေါ့။ တရားမျှတမှု မရှိလိုက်တာကွာ “
လုချန်ရှန်းသည် ထိုလူများက သူ့ကို အုပ်စုဖွဲ့ဝိုင်းတိုက်သည်အထိ အရှက်မဲ့နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ထို့အပြင် ပိုမိုများပြားသော လူများက အဝေးတစ်နေရာတွင် စောင့်ဆိုင်းနေခဲ့ကြသည်။
ထိုကဲ့သို့သော လူအုပ်ကြီးက လူငယ်တစ်ဦးကို ပစ်မှတ်ထားနေခဲ့ခြင်းဖြစ်သည်။ ထိုလူများထံတွင် အရှက်လုံးဝမရှိပေ။
အန္တရာယ် အရှိဆုံးအရာမှာ ထိုလူအားလုံးက သူတို့၏ မျက်နှာများကို ဖုံးကွယ်ထားပြီး သူ၏ ပြေးလမ်းကြောင်းများကို ဖြတ်တောက်ရန် ကြံရွယ်ထားခြင်းဖြစ်သည်။
သူတို့က ကူချန်ကျွင်းကို ကြောက်လန့်ကြသော်လည်း လက်သီးပုန်းထိုးနေခဲ့လေသည်။ လုချန်ရှန်းက အတွေးနက်နေသည့် အချိန်မှာပင် အဝေးတစ်နေရာမှာ သူ့ဆီသို့ ဦးတည်လာနေသည့် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။ ရောင်ခြည်များ ဖြာထွက်လာခဲ့ပြီး သူက အဆိုပါ ပုတီးစေ့ကို မှတ်မိသွားခဲ့သည်။
အပြာရောင် ပုတီးစေ့က သူ့ဆီသို့ ပျံသန်းလာနေသည်ကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းက အေးစက်စွာ နှာခေါင်းရှုံ့နေတော့၏။
“ ပုတီးလေးတစ်လုံးနဲ့ ငါ့ကို ထိန်းချုပ်နိုင်မယ်လို့ ထင်နေတာလား “
သူ၏ အသံ ဟိန်းထွက်သွားပြီး ခြေတစ်ဖက်ကို ဆောင့်ချကာ လက်သီးစည်းတံဆိပ်တစ်ခု ဖွဲ့စည်း၍ အရှေ့သို့ ထိုးချလိုက်သည်။ သူသည် ပုတီးစေ့က သယ်ဆောင်ထားသည့် စွမ်းအားကို ခံစားနေနိုင်ခဲ့နေသည်။ သို့သော် သူက ၎င်းကို မည်သို့မျှ ကြောက်လန့်မနေခဲ့ပေ။
သို့ရာ၌ စွမ်းအားနှစ်ခု ထိတွေ့သွားသည့်အခိုက်အတန့်တွင် ၎င်းက ချက်ချင်းပြိုကွဲပျက်စီးသွားကြောင့် သူတအံ့တဩဖြစ်သွားခဲ့ရသည်။ ပုတီးစေ့ ပျက်စီးသွားကာ အလင်းမိုးများ ရွာသွန်းလာခဲ့၏။
လုချန်ရှန်းက မျက်မှောင်ကြုတ်သွားပြီး သူ၏ မှော်စွမ်းအားများ မြင့်တက်လာကာ ၎င်းကို တားဆီးရန် ကြံရွယ်လိုက်သည်။ သို့သော် သူသည် ထူးဆန်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။
အလင်းမှုန်များက သူ၏ မှော်စွမ်းအားများကို ကျော်ဖြတ်ကာ သူ၏ ခန္ဓာကိုယ်တွင် ကပ်ညိလာခဲ့သည်။
သူ၏ အမူအရာ အေးခဲတောင့်တင်းသွားခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ ခန္ဓာကိုယ်မှ စိမ်းပြာရောင် အလင်းတန်းတစ်ခု ပေါက်ထွက်ကာ ကောင်းကင်ပြင်ကိုပင် လင်းထိန်သွားစေခဲ့၏။
သူသည် သူ၏ ခန္ဓာကိုယ်မှ ပေါ်ထွက်လာသည့် စိမ်းပြာရောင် အလင်းတန်းကို စောင့်ကြည့်နေခဲ့ပြီး ၎င်းက အစိမ်းရောင်အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။
ကောင်းကင်ပြင်တွင် အလင်းတန်း ကခုန်မှုနှင့်အတူ လုချန်ရှန်း၏ အမူအရာ ပိုမိုဆိုးရွားသွားခဲ့သည်။ သူက ၎င်းကို ဖြတ်တောက်ချင်နေသော်လည်း သူမည်သို့မျှ မလုပ်နိုင်ဘူးဆိုသည်ကိုသာ သိရှိသွားခဲ့သည်။
၎င်းက တဖြည်းဖြည်း အားနည်းကာ ပျောက်ကွယ်သွားလိမ့်မည် ဖြစ်သည်။ သို့သော် ထိုဖြစ်စဥ်က အချိန်တိုအတွင်း ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ပေ။
ယခုတွင် သူမည်သည့်နေရာသို့ ရောက်ရှိသွားပါစေ သူက လမ်းလျှောက်နေသည့် မီးအိမ်တစ်ခုအလား ဖြစ်နေခဲ့ပြီး သူ၏ တည်နေရာကို လူတိုင်းအတွက် ပြသနေခဲ့၏။
လုချန်ရှန်းက စောင့်ကြည့်နေခဲ့ပြီး သူချုံခိုအတိုက်ခံရမည့် နေ့ရက်အတွက် မည်သို့မျှ မပြင်ဆင်ထားခဲ့ပေ။ ထိုနည်းလမ်းက အလွန်တရာ ထူးဆန်းနေခဲ့ပြီး တစ်ကြိမ်တစ်ခါမှ မကြားဖူးဘဲ ရုတ်တရက်ဖြစ်ပေါ်လာခဲ့သည့် အရာဖြစ်သည်။
ပေါ်တင် ပျံသန်းလာသည့် အဆိုပါ ပုတီးစေ့က သတ်ဖြတ်ခြင်း တိုက်ကွက်တစ်ခုကို မထုတ်လွှတ်ဘဲ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုတစ်ခု ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
သူက ဆယ်နှစ်ကျော်တိတိ မျက်စိလျင်ကာ ဦးအောင်ချနိုင်ခဲ့သော်လည်း ယခုတွင်မူ ပထမဦးဆုံးအကြိမ်အဖြစ် အဆော်ခံလိုက်ရလေသည်။
အရေးအကြီးဆုံး အရာမှာ သူက မည်သည့်အရာကိုမှ မထောက်လှမ်းမိခဲ့ခြင်းပင်ဖြစ်သည်။ သူ၏ စိတ်စွမ်းအားက ၎င်းကို ဖုံးလွှမ်းသွားပြီး ၎င်းက သတ်ဖြတ်ခြင်းတိုက်ကွက်တစ်ခုဖြစ်ပုံရသော်လည်း ……
“ မင်းတော့သွားပြီ “ ဟု ရှောင်ဟေးက တအံ့တဩဖြင့် လွှတ်ခနဲ ပြောမိသွားခဲ့သည်။ ယခုလေးတင် ဂုဏ်ဆာနေခဲ့သည့် ထိုအကောင်မှာ ပြဿနာတွင်းသို့ ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။
လုချန်ရှန်း၏ အမူအရာ မဲ့ရွဲ့သွားခဲ့သည်။ သူသည် သူက ချုံခိုတိုက်ခံရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ရှောင်ဟေးကပင် သူ့ကို လှောင်ပြောင်နေခဲ့ပြီဖြစ်သည်။
သူသည် ကမ္ဘာကြီး၏ ကျဆုံးမှုနှင့် ငှက်တို့၏ စိတ်နှလုံးသား အေးစက်မှုကြောင့် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။
“ အဲ့တာက အပြာရောင် ဝိညာဥ်မျိုးနွယ်စုရဲ့ နည်းစနစ်ဆိုတာ ဟုတ်ရဲ့လားဟ “
လုချန်ရှန်းထံတွင် သံသယများ ရှိနေခဲ့သည်။
သို့သော် ၎င်းကို သူအဖြေမရှာရသေးခင် အချိန်မှာပင် ထိုလူများက လိုက်မှီလာပြီဆိုသည်ကို သူမြင်တွေ့လိုက်ရသည်။ သူသည် ဒေါကြီးမောကြီး ဖြစ်သွားကာ ကောင်းကင်ထက်သို့ တက်၍တိုက်ခိုက်ချင်နေခဲ့၏။ သို့သော် ထိုလူများက ဘက်ပေါင်းစုံမှ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြသည်။
မွေးရာပါ ဝိညာဥ်နယ်ပယ် ဟွာရှုနယ်ပယ်အထိ အနက်ဝတ်လူ တစ်ဦးပြီးတစ်ဦး ပေါ်ထွက်လာခဲ့သည်။
အဆုံးတွင် လုချန်ရှန်း ထွက်ပြေးသွားခဲ့သည်။
သူ၏ ပြိုင်ဘက်ကင်း အမြန်နှုန်းနှင့်သာဆိုပါက သူ့ကို မည်သူကမှ အမှီလိုက်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် ယခုတွင်မူ သူက လမ်းပြမီးတိုင်သဖွယ်ဖြစ်ပြီး လူတိုင်းက သူ့နောက်သို့ လိုက်လာကြ၏။
သူအဝေးသို့ ပြေးထွက်သွားသည်ကို စောင့်ကြည့်နေရင်းဖြင့် ယခင်က သူရှိခဲ့သည့် နေရာတွင် ပုံရိပ်များစွာ ပေါ်လာခဲ့ပြီး ထိုလူများ၏ မျက်ဝန်းများအတွင်းတွင် အေးစက်မှုများ ဖြစ်တည်လာခဲ့သည်။
“ လုချန်ရှန်း ငါမင်းကို သေစေချင်တယ် “
၎င်းက လန်ချန်းဖြစ်ပြီး သူ၏ လေသံမှာ ရေခဲတုံးအလား အေးစက်နေခဲ့သည်။
လွန်ခဲ့သော မိနစ်ပိုင်းအတွင်းကပင် သူတို့က လန်လင်းကို ကယ်တင်နိုင်ခဲ့သည်။ သို့သော် လန်လင်းက အိမ်မောကျသွားပုံရပြီး သူတို့က မည်မျှကြိုးစားအားထုတ်ခဲ့ပါစေ သူမကို မလှုပ်နှိုးနိုင်ခဲ့ပေ။ သူမ၏ ရှေးဦးဝိညာဥ်/နတ်ဝိညာဥ်က ချိတ်ပိတ်ခံလိုက်ရသည့်အလား ဖြစ်နေခဲ့ကာ အနည်းငယ်မျှပင် မီးမတောက်နိုင်ခဲ့ချေ။
သူသည် သူကပါ အကစားခံလိုက်ရသည်ဟု ခံစားနေခဲ့ရသည်။ အထူးသဖြင့် နောက်ဆုံးပါးရိုက်ချက်ဖြစ်ပြီး ၎င်းက သူ၏ စိတ်နှလုံးသားကို ဖြတ်ရိုက်ခြင်းပင် ဖြစ်သည်။
သူက ထိုကိစ္စကို သေချာပေါက် အလွတ်ပေးမည် မဟုတ်ပေ။
ထို့အတွက် အပြာရောင် ဝိညာဥ်မျိုးနွယ်စု၏ လူများ ထျန်းရီမြင့်မြတ်နယ်မြေနှင့် တစ်ခြားလူများပါ ရောက်ရှိလာခဲ့၏။ ၎င်းတို့သာလျှင် မဟုတ်ဘဲ အင်အားစု တော်တော်များများကပါ ထိုကိစ္စကို ကြားသိသွားပြီး ရန်ကြွေးဟောင်းနှင့် အသစ်များကို ပေါင်းရှင်းချင်နေကြ၏။
သူတို့က ကူချန်ကျွင်းကို ကြောက်လန့်ကြသည်။ ထို့ကြောင့်ပင် အနက်ဝတ်လူများ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ သူတို့ကသာ ဘူးခံငြင်းနေသရွေ့ တစ်ဖက်လူက မည်သည့်သက်သေအထောက်အထားကိုမှ ရရှိလိမ့်မည် မဟုတ်ပေ။
အပြာရောင် ဝိညာဥ်မျိုးနွယ်စု တစ်ခုတည်းသာလျှင် မဟုတ်ဘဲ အင်အားစုတိုင်းလိုလိုက လုချန်ရှန်းနှင့် ရန်ကြွေးများ ရှိနေခဲ့ကြသည်။ ဤနေရာတွင် သက်ရှိသတ္တဝါ အများအပြား စုစည်းနေပြီဖြစ်ပြီး လုချန်ရှန်းက ဓာတ်တိုင်အလားဖြစ်နေခဲ့သောကြောင့် ကမ္ဘာငယ်က မည်မျှပင် ကြီးမားကျယ်ပြန့်နေပါစေ သူမည်သို့မျှ လွတ်မြောက်လိမ့်မည် မဟုတ်ပေ။
အရာအားလုံးက သူတို့မျှော်မှန်းထားသည့်အတိုင်းသာ ဖြစ်နေခဲ့သည်။
လုချန်ရှန်းက ထွက်ပြေးနေခဲ့သော်လည်း မည်သို့မျှ မလွတ်မြောက်နိုင်ခဲ့ပေ။ သူက မိုင်ထောင်ဂဏန်း အနည်းငယ်အထိ သုတ်ခြေတင်ပြေးကာ ရပ်တန့်သွားခဲ့သည်။ သို့သော် ပိုမိုများပြားသည့် လူများ ရောက်ရှိလာကြောင့် အသက်ရှူချိန်ပင် မရခဲ့ပေ။
သူသည် တစ်ကြိမ်ချင်းစီတိုင်းတွင် ရောက်ရှိလာသူများ၏ အရှိန်အဝါများက တစ်ခုနှင့်တစ်ခု မတူညီဘူးဆိုသည်ကို ခံစားနေခဲ့ရသည်။
ထိုစဥ် အနောက်ဘက်မှ အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
“ တစ်ချိန်တုန်းက တော်တော်လေးကို မောက်မာနေခဲ့တဲ့ မင်းလိုလူမျိုးက ဒီလိုအဆုံးသတ်သွားရလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “
လှောင်ပြောင်မှုကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ မျက်မှောင်တကြုတ်ကြုတ်ဖြစ်သွားပြီး ဘက်ပေါင်းစုံတွင် အဆက်မပြတ် စုစည်းလာနေသည့် သက်ရှိသတ္တဝါများကို ငေးကြည့်နေတော့၏။ ၎င်းက သူ၏ မျှော်မှန်းချက်များထပ် ထပ်မံ၍ ကျော်လွန်သွားခဲ့ပြန်သည်။
ရောက်ရှိလာသည့် သက်ရှိသတ္တဝါများက အလွန်တရာ များပြားနေသောကြောင့် သူသည် နောက်ဆုတ်သွားရန်သာ ရွေးချယ်နိုင်ခဲ့သည်။
သူသည် လမ်းတစ်လျှောက် ပြေးလွှားသွားလာနေခဲ့ပြီး ဟွာရှုနယ်ပယ် အဆင့်၃ ပညာရှင်များကပင် သူ၏ အမြန်နှုန်းကို အမှီမလိုက်နိုင်ခဲ့ပေ။
အဆုံးတွင် ရှောင်ဟေးက မအောင့်ထားနိုင်တော့ဘဲ စကားပြောလာခဲ့သည် “ အခု ငါတို့က ဘာလုပ်ကြမှာလဲ။ တကယ်လို့ အဲ့တာက အလုပ်မဖြစ်ဘူးဆိုရင် ပြန်ဆုတ်ရုံပဲပေါ့ “
“ အဲ့အခြေအနေအထိ မရောက်သေးပါဘူး “
လုချန်ရှန်းက ခေါင်းခါပြလိုက်ပြီး အဝေးသို့ ငေးကြည့်နေတော့သည်။
ရှောင်ဟေးက ပြန်ပြောလိုက်၏ “ ဘာကိုဆိုလိုတာလဲ “
“ အဲ့နည်းစနစ်က ဘယ်ကလာလဲဆိုတာနဲ့ ငါ့ပြိုင်ဘက်က ဘယ်သူလဲဆိုတာကို ငါသိချင်တယ် “
“ ဆိုတော့ မင်းက ရည်ရွယ်ချက်ရှိရှိ လျှောက်ပြေးနေတာပေါ့ “ ရှောင်ဟေးမှာ တအံ့တဩ ဖြစ်သွားခဲ့သည်။
လုချန်ရှန်းက တုံ့ပြန်လိုက်၏ “ အနည်းနဲ့ အများပေါ့ “
“ သဲလွန်စရှိလား “
“ သူတို့ရဲ့ အရှိန်အဝါကို အာရုံခံလို့ရတယ်။ သူတို့က ဘယ်ကလာလဲဆိုတာကို ငါသိတယ်။ မရင်းနှီးတဲ့ အရှိန်အဝါမျိုး မရှိဘူး “
လူတော်တော်များများ ရောက်ရှိနေသော်လည်း သူသည် လူတစ်ဦးချင်းစီတိုင်းက မည်သည့်နေရာမှ ရောက်ရှိလာလဲဆိုသည်ကို ခွဲခြားနေနိုင်ခဲ့သည်။
တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီးသည့်နောက်တွင် ရှောင်ဟေး၏ အသံ ထပ်မံ၍ ပေါ်ထွက်လာခဲ့ပြန်သည်။
“ လူတွေ ထပ်ရောက်လာပြီ “ ရှောင်ဟေးက စကားထပ်ပြောလာခဲ့ပြီး မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာခဲ့၏ “ငါတို့က ဘာလုပ်ကြမှာလဲ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းက သူ၏ စိတ်စွမ်းအားကို ထုတ်လွှတ်ကာ ချဥ်းကပ်လာသူများကို အာရုံခံနေတော့၏။ ယခုလက်ရှိအချိန်တွင် သူ့ကိုရှာဖွေခြင်းမှာ အလွန်တရာ ရိုးရှင်းနေပြီဖြစ်ပြီး မည်သို့ပင် ကြိုးစားအားထုတ်ရန် မလိုအပ်ဘဲ ကောင်းကင်ထက်သို့ မော့ကြည့်ကာ အစိမ်းရောင် အလင်းတန်းတည်ရှိရာ နေရာကိုသာ ရှာဖွေရမည်ဖြစ်သည်။
“ ဟူးးးး “
အဆုံးတွင် လုချန်ရှန်းမှာ သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။
တစ်ပြိုင်နက်ဆိုသလိုပင် သူသည် သူ၏ ခန္ဓာကိုယ်မှ အဆက်မပြတ် ပေါ်ထွက်နေသည့် အစိမ်းရောင် အလင်းတန်းကို ငေးကြည့်နေတော့သည်။ ၎င်းက လူများကို အထိတ်တလန့်ဖြစ်သွားစေခဲ့၏။ ထို့နောက်၌ သူ၏ နောက်ကျောဘက်တွင် မူလတာအို ကားချပ် ပေါ်ထွက်လာခဲ့ပြီး အစတွင် တုန်ခါနေခဲ့သည့် အစိမ်းရောင် အလင်းတန်းက ချက်ချင်းဖိနှိပ်ခံလိုက်ရ၏။
သူ၏ ခန္ဓာကိုယ်တွင် မည်သည့်အလင်းတန်းမှ ရှိမနေတော့ပေ။
ထိုစဥ် သူအကြည့်မှာ အဝေးသို့ ရောက်ရှိသွားခဲ့သည်။
–
…………………………………………………………………………………………………………………………………