အခန်း ၃၆၂
Vol. 25 Ch. 362
အပိုင်း ( 362 )
ငါတို့လူတွေ
အစိမ်းရောင် အလင်းတန်း ဖိနှိပ်ခံလိုက်ရပြီး မည်သို့မျှ တောက်ပမနေတော့ဘဲ လုချန်ရှန်းမှာလည်း သူ၏ မူလအသွင်အပြင်ကို ပြန်လည်ရရှိသွားခဲ့သည်။
ကန်းယွင်ကားချပ် မရှိဘူးဆိုလျှင်တောင်မှ သူ၏ တာအိုကားချပ်က ပြီးပြည့်စုံနေခဲ့ပြီဖြစ်သည်။
အစိမ်းရောင် အလင်းတန်းနောက်သို့ လိုက်လာကြသည့် လူများမှာ နေရာမှာပင် အံ့ဩမှင်သက်သွားကြသည်။ မီးပြတိုက် မရှိတော့သောကြောင့် သူတို့က လူရှာရန်အတွက် မည်သည့်နေရာသို့ ကြည့်ရမလဲဆိုသည်ကို မသိကြတော့ပေ။
ရှောင်ဟေးက ထပ်မံ၍ မေးမြန်းနေတော့သည် “ ငါတို့က ဘာဆက်လုပ်ကြမှာလဲ “
“ သူတို့က အရင်ဦးဆုံး လှုပ်ရှားခဲ့ပြီးပြီဆိုတော့ ငါက အနိုင်ကျင့်ခံနေလို့မရဘူး “ ဟု လုချန်ရှန်းက ဖြောင့်မတ်တည်ကြည်စွာ ပြောဆိုလိုက်၏။
ရှောင်ဟေးက တုံ့ပြန်လိုက်၏ “ မင်းက ဘာလုပ်ချင်နေတာလဲ “
“ သူတို့နဲ့ ပူးပေါင်းပြီးတော့ သူတို့ကို ရှင်းထုတ်မယ်လေ “
ဟမ်
ရှောင်ဟေးမှာ တစ်ခဏခန့် မိန်းမောသွားခဲ့သည်။ ထိုအဖြေက သူမမျှော်လင့်ထားသည့် အရာဖြစ်သည်။
လုချန်ရှန်းက မကျေမနပ်ဖြစ်နေသည့်ပုံပင်။ အနက်ရောင် ဝတ်စုံလေးတစ်ခုပါပဲ မသိရင် ငါ့ဆီမှာ မရှိတာကျလို့။
သူသည် ၎င်းကို တွေးမိသွားသောအခါတွင် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်လိုက်ပြီး လမ်းဘေးသို့ လျှောက်လှမ်းကာ အဝေးသို့ ဦးတည်သွားတော့သည်။
အနီးအနားတွင် လူတော်တော်များများ စုဝေးနေပြီဖြစ်ပြီး အစိမ်းရောင် အလင်းတန်းကို နေရာအနှံ့ ရှာဖွေနေကြသော်လည်း မည်သည့်အရာကိုမှ ရှာမတွေ့သွားခဲ့ပေ။
သူတို့ရှာဖွေနေစဥ် အချိန်မှာပင် လူတစ်ဦး ရောက်ရှိလာခဲ့ပြီး ရှာဖွေရေး အစီအစဥ်တွင် တိုက်ရိုက်ပူးပေါင်းလာခဲ့၏။
တစ်စုံတစ်ဦး ရောက်ရှိလာချိန်တွင် သူ့ကို အဖက်လုပ်ရန် မည်သူမှ စိတ်မပါကြချေ။
“ တစ်ခုခု ခံစားမိလား “ ဟု တစ်စုံတစ်ဦးက မေးမြန်းနေတော့သည်။
တစ်ခြားလူများမှာ ခေါင်းတခါခါ ဖြစ်သွားကြသည်။
“ ခုနကလေးတင် ရုတ်တရက်ကြီး ပျောက်သွားတာ။ အဲ့တာက နည်းလမ်းတစ်ခုခုနဲ့ ချိတ်ပိတ်ခံလိုက်ရမှာကို ငါကြောက်မိတယ် “
“ သူ့ရဲ့ ကျင့်ကြံရေးနဲ့ဆိုရင် သူက အဲ့တာကို အကြာကြီး ချိတ်ပိတ်နိုင်မှာမဟုတ်ဘူး။ သူက ဒီနားတစ်ဝိုက်မှာပဲ ရှိနေဦးမှာ။ ရှာကြ “
“ အိုကေ “
လူတိုင်း ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားပြီး လူအုပ်အတွင်းတွင် ရောနှောနေသည့် လုချန်ရှန်းမှာလည်း သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။ သူသည် ထိုလူများက မည်မျှမကျေမချမ်းဖြစ်နေသောကြောင့် ထိုမျှလောက် ဇွဲကောင်းနေရလဲဆိုသည်ကို သိချင်သွားခဲ့သည်။
ထိုလူတစ်ဦးချင်းစီတိုင်းက ကွဲပြားသော အရပ်မျက်နှာများဆီသို့ သွားကာ ရှာဖွေနေခဲ့ကြသည်။
လုချန်ရှန်းမှာလည်း အရပ်မျက်နှာတစ်ဖက်ကို ပေါ့ပေါ့ပါးပါး ရွေးချယ်၍ ထိုလူများနောက်သို့ လိုက်သွားခဲ့သည်။
အဝေးသို့ လျှောက်လှမ်းလာခဲ့ပြီးသည့်နောက်တွင် ဟွာရှုနယ်ပယ် ပညာရှင်တစ်ဦးက တစ်ခုခု မှားယွင်းနေသည်ကို ခံစားမိသွားခဲ့သည်။ လုချန်ရှန်းက သူ့နောက်သို့ လိုက်သွားခဲ့သည်။ ချီကို အာရုံခံမိသော်လည်း သူက ၎င်းကို မရင်းနှီးပေ။ ထိုလူက သူနှင့်တူညီသော နေရာမှ မဟုတ်ဘူးဆိုသည်မှာ သိသာလွန်းလှသည်။ သို့တိုင်အောင် သူက ထိုလူ့နောက်သို့သာ လိုက်သွားခဲ့သည်။
“ မင်းက ဘာလို့သွားမရှာရတာလဲ။ ဘာကိစ္စ ငါ့နောက်ကို လိုက်နေရတာလဲ “ ဟု ဟွာရှုနယ်ပယ် ပညာရှင်က မေးခွန်းထုတ်လာခဲ့၏။
လုချန်ရှန်းက တုံ့ပြန်လိုက်သည် “ လူနှစ်ယောက်ဆိုရင် တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ပေးနိုင်မယ်လို့ ကျုပ်ထင်တယ် “
“ ဘာအတွက် စောင့်ရှောက်မှာတုန်း “ ဟွာရှုနယ်ပယ် ပညာရှင်က ဇဝေဇဝါဖြင့် ထပ်မံ၍ မေးမြန်းနေတော့၏။
“ တစ်ယောက်ယောက်ကို ရှာဖို့ပေါ့ဟ။ တကယ်လို့ သူနဲ့ရင်ဆိုင်ရမယ်ဆိုရင် အကူတစ်ယောက်ရှိတော့ ပိုကောင်းတာပေါ့ “
“ မွေးရာပါ ဝိညာဥ်နယ်ပယ်ကို ရောက်ခါစ ကလေးတစ်ယောက်က ဘယ်လိုအကူအညီမျိုးကို လိုအပ်စေမှာမို့လို့လဲ “
လုချန်ရှန်းက အူတိုင်ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉သို့ ရောက်ရှိနေပြီဟုသာ လူတိုင်းက သိထားခဲ့ကြသည်။ အကယ်၍ သူက အဆင့်ထိုးဖောက်မှုတစ်ခု ပြုလုပ်နိုင်မည်ဆိုလျှင်တောင်မှ မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ ရောက်ရှိရုံသာ ဖြစ်နေခဲ့မည် ဖြစ်သည်။
အံ့ဖွယ်ကောင်းသော အမြန်နှုန်းမှအပ မည်သည့်အရာကမှ စကားထဲထည့်ပြောရန် မထိုက်တန်လှပေ။
အနက်ရောင် ဝတ်စုံအောက်ရှိ လုချန်ရှန်းမှာ မျက်ခုံးတစ်ဖက် ပင့်တက်သွားကာ ပြန်ပြောလိုက်သည် “ မင်းက သူ့ကို အဲ့လောက်တောင် အထင်သေးနေတာလား။ တကယ်လို့ သူက အများကြီး ပိုစွမ်းနေမယ်ဆိုရင်ရော “
“ ဟက် သူက ဘယ်လောက်များ စွမ်းနိုင်မှာမို့လို့လဲ “
သူ၏ ရယ်မောသံမှာ မထီမဲ့မြင် ပြုနေမှုတို့ဖြင့် ပြည့်နှက်နေလျက်ရှိပြီး ယုံကြည်မှုများ စွန်းထင်းနေခဲ့၏။ သူက ထိုလူ့ကို အမှီမလိုက်နိုင်ရုံလျှင်သာဖြစ်သည်။ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူက ထိုအကောင့်ကို လက်ညှိးလေးတစ်ချောင်းတည်းဖြင့် ချေမှုန်းမည် ဖြစ်သည်။
ထိုကဲ့သို့သော မှတ်ချက်များကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ အံ့ဩလွန်းသဖြင့် ဆွံ့အသွားခဲ့သည်။
ထိုလူက စကားထပ်ပြောလာခဲ့၏ “ ကူချန်ကျွင်းမရှိဘူးဆိုရင် သူက ဘာမှမဟုတ်ဘူး။ မင်းက ဘာမှတွေးပူနေစရာ မလိုဘူး။ မင်းရဲ့ ကျင့်ကြံရေးနဲ့ဆိုရင် သူ့ကို ရှာတွေ့ရင် တိုက်ရိုက်သတ်လိုက်ရုံပဲ “
“ အို့ “
လုချန်ရှန်းက ထိုကဲ့သို့ တုံ့ပြန်လိုက်ပြီး ထိုလူမှာ ရှာဖွေခြင်းကို ဆက်လက်လုပ်ဆောင်ရန် ပြင်လိုက်သည်။
သို့ရာတွင် ထိုအချိန်၌ လုချန်ရှန်း၏ လက်အတွင်းတွင် ထူထဲသော ဝံပုလွေစွယ်တစ်ချောင်း ပေါ်လာခဲ့ပြီး သူ၏လက်မောင်းကို လွှဲရမ်းကာ သူ့အရှေ့တွင် ရှိနေသည့် ထိုလူ့ကို တိုက်ရိုက်တိုက်ခိုက်နေတော့သည်။
ဟမ်
ထိုလူမှာ တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး ချက်ချင်းနောက်လှည့်လာခဲ့ကာ ကြီးမားသော ဝံပုလွေစွယ်တစ်ချောင်းက သူ၏မျက်နှာထံသို့ ပြေးဝင်လာသည်ကို မြင်တွေ့သွားခဲ့သည်။
အုမ်းးး
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ပဲ့တင်ထပ်ပျံ့လွင့်လာခဲ့ပြီး ဟင်းလင်းပြင်က တိုက်ကွက်တစ်ခုတည်းဖြင့် ပြိုပျက် ကွဲထွက်သွားကာ တောင်ထိပ်တစ်ခုကို ဖြတ်သန်း၍ ကျဆင်းသွား၏။
မီးခိုးလုံးများ လှိုက်တက်လာခဲ့ပြီး လေထုအတွင်းတွင် ဖုန်မှုန်တို့ဖြင့် ပြည့်နှက်သွားကာ အောက်ဘက်မှ ဟိန်းဟောက်သံတစ်သံ ပေါ်ထွက်လာခဲ့သည်။
“ မင်းဘာလုပ်နေတာလဲ “
ဘမ်းးး
ထိုအသံပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် လုချန်ရှန်း၏ ဝံပုလွေစွယ် ထပ်မံ၍ ကျဆင်းသွားကာ ပြိုင်ဘက်၏ အရိုးများကို ချေမွ၍ သူ၏ ရင်ဘတ်ကိုပင် ချိုင့်ဝင်သွားစေခဲ့၏။
“ မင်းကို ဖယ်ထုတ်နေတာပေါ့ကွ “ ဟု လုချန်ရှန်းက ပြန်ပြောလိုက်သည်။
ဟွာရှုနယ်ပယ် ပညာရှင်က ဒေါသတကြီး ဟိန်းဟောက်နေခဲ့ပြီး သူ၏ မှော်စွမ်းအားများ မြင့်တက်လာတော့၏။ လူနှစ်ဦး တိုက်ခိုက်နေပြီး တောင်တန်းများ ညီးတွား၍ ကမ္ဘာမြေ လှုပ်ရမ်းနေသော်လည်း ၎င်းတို့က လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ ထိုလူမှာ လုချန်ရှန်း၏ ရိုက်သတ်ခြင်းကို ခံလိုက်ရသည်။
သွေးများ နေရာအနှံ့ ပြန့်ကျဲသွားခဲ့သည်။
ဤနေရာရှိ လှုပ်ခတ်မှုက မသေးငယ်လှသောကြောင့် လူတော်တော်များများက စုံစမ်းစစ်ဆေးရန်အတွက် ချဥ်းကပ်လာခဲ့ကြသည်။
လုချန်ရှန်းသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ထိုလူများဆီသို့ သွားလိုက်သည်။
“ ဘာတွေဖြစ်ခဲ့တာလဲ “ ဟု တစ်စုံတစ်ဦးက မေးမြန်းလာခဲ့၏။
လုချန်ရှန်းမှာ တအံ့တဩဖြစ်သွားခဲ့သည်။ ၎င်းက ပိုင်ပိုင်ဟီဖြစ်ပြီး သူသည် အပြာရောင် ဝိညာဥ်မျိုးနွယ်စုဝင်တစ်ဦးနှင့် ကောင်းကင်ဘုံ အကယ်ဒမီ၏ လူတစ်ဦးကို အဖော်ပြုကာ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
လုချန်ရှန်းက အဆိုပါ မေးမြန်းမှုကို အေးအေးလူလူ တုံ့ပြန်လိုက်၏ “ ငါသူ့ကို ရှာတွေ့ပြီ “
“ ဘယ်မှာလဲ “ အပြာရောင် ဝိညာဥ်မျိုးနွယ်စုဝင်က လျင်မြန်စွာ တုံ့ပြန်လာခဲ့၏။
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ မင်းတို့ကို ငါခေါ်သွားပေးမယ် “
“ သွားကြစို့ “
ထိုလူများက မည်သည့်အရာကိုမှ သံသယမဝင်ခဲ့ကြပေ။ ချက်ချင်းဆိုသလိုပင် လုချန်ရှန်းသည် အစောပိုင်း အချိန်များအတွင်းက ပြိုကျပျက်စီးသွားသည့် တောင်တန်းကို ကျော်ဖြတ်သွားကာ ကွဲပြားသော ဦးတည်ချက်တစ်ဖက်သို့ ထိုလူများကို ခေါ်ဆောင်သွားခဲ့သည်။
သူတို့က တစ်ခဏခန့် သွားလာခဲ့ပြီးပြီဖြစ်သော်လည်း မည်သူ့ကိုမှ မမြင်တွေ့ရသေးပေ။
အဆုံးတွင် တစ်စုံတစ်ဦးက မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ လူက ဘယ်မှာလဲ။ ဘာဖြစ်လို့ အခုထိ မတွေ့ရသေးတာလဲ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်း၏ လက်အတွင်းတွင် ဝံပုလွေစွယ် ထပ်မံ၍ ပေါ်ထွက်လာခဲ့သည် “ ဒီမှာ “
“ ဘယ်မှာလဲ “
ပိုင်ပိုင်ဟီက စကားဝင်ပြောလာခဲ့၏။ သို့သော် သူတို့သည် ဝံပုလွေစွယ် ပြေးဝင်လာသည်ကိုသာ မြင်တွေ့လိုက်ရပြီး ၎င်းက သူ၏ ပါးစပ်ကို တိုက်ရိုက်ထိမှန်သွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်မှာ အလျားလိုက်လွင့်ထွက်သွားပြီး ကျယ်လောင်သော အသံတစ်သံနှင့်အတူ မြေပြင်ကို ဝင်ဆောင့်မိသွားခဲ့သည်။
တစ်ခြားလူနှစ်ဦးမှာ အံ့ဩတကြီးဖြစ်သွားပြီး အချိန်မှီ မတုံ့ပြန်နိုင်ခဲ့ကြပေ။ အပြာရောင် ဝိညာဥ်မျိုးနွယ်စု၏ လူမှာ တိုက်ကွက်တစ်ခုတည်းဖြင့် ဦးခေါင်းဖျက်စီးခံလိုက်ရကာ သေဆုံးသွားခဲ့သည်။
ထိုလူက မွေးရာပါ ဝိညာဥ် အဆင့်၉ ကျင့်ကြံရေးကို ပိုင်ဆိုင်ထားသော်လည်း သူ၏ တိုက်ကွက်တစ်ခုကိုပင် မတောင့်ခံနိုင်ခဲ့ပေ။
ဟွာရှုနယ်ပယ် အဆင့်၁ ကျင့်ကြံရေးကို ပိုင်ဆိုင်ထားသည့် ကောင်းကင်ဘုံ အကယ်ဒမီ၏ လူကမူ သူ၏ တိုက်ကွက်ကို အောင်မြင်စွာ ခုခံနိုင်ခဲ့၏။
သို့ရာတွင် ဝံပုလွေစွယ်က ထိုလူ၏ ပခုံးကို ထိမှန်သွားပြီး သူ၏ပခုံးတစ်ခုလုံးကို ပွင့်ထွက်သွားစေကာ သွေးများ ဖြာထွက်၍ အသားကို ပုံပျက်သွားစေကာ လုံးဝပျက်စီးသွားစေခဲ့၏။
ထိုလူသည် တုန်တုန်ရင်ရင်ဖြင့် ပြင်းထန်သော နာကျင်မှုကို တောင့်ခံကာ ဒေါသတလိပ်လိပ် ဖြစ်သွားခဲ့သည်။
“ မင်းကို ငါသတ်မယ် “
“ နောက်တစ်ခေါက်ဆို သေချာပြီ “
လုချန်ရှန်းက ထိုကဲ့သို့ တုံ့ပြန်လိုက်ပြီး ဝံပုလွေစွယ်မှာ ထပ်မံ၍ ပြေးထွက်သွားခဲ့ပြန်သည်။ တောင်တစ်လုံး ဖိနှိပ်လာသည့်ပမာ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားတစ်ခု ကျဆင်းလာခဲ့ပြီး ထိုလူမှာ အဆိုပါ တိုက်ကွက်ကို မည်သို့မျှ မခုခံနိုင်တော့ပေ။
သူ၏ မှော်စွမ်းအားများ ပြိုကွဲသွားကာ ဝံပုလွေစွယ်က သူ၏ ခါးကို ထက်ဝက်ခြမ်းသွားကာ ခန္ဓာကိုယ်တစ်ခုလုံး နှစ်ပိုင်းပြတ်လုနီးပါး ပြင်းပြင်းထန်ထန် ဖြတ်တောက်ခံလိုက်ရသည်။ သို့သော် အပြည့်အဝ မပြတ်ထွက်သွားခဲ့ပေ။
တစ်ခဏခန့် တိတ်ဆိတ်နေခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းက ထပ်မံ၍ လှုပ်ရှားကာ ပြိုင်ဘက်ကို သုတ်သင်လိုက်သည်။
စွမ်းအား အပြည့်ရှိသည့် ယခင်ကသူကပင် သူ၏ ပြိုင်ဘက်မဟုတ်သောကြောင့် ချုံခိုအတိုက်ခံရကာ ဒဏ်ရာအပြင်းအထန် ဒဏ်ရာရရှိသွားပြီး တိုက်ခိုက်ရေး စွမ်းအားတစ်ဝက်တိတိ လျော့ကျသွားသည့် ယခုလက်ရှိသူဆိုပါက ပြောနေရန်ပင် မလိုတော့ချေ။
ထိုလူ့ကို ဖယ်ရှားပြီးသည့်နောက်တွင် လုချန်ရှန်းက ပိုင်ပိုင်ဟီအရှေ့သို့ ရောက်ရှိသွားခဲ့သည်။
သူသည် ပိုင်ပိုင်ဟီက အသက်ရှင်နေသေးသည်ကို ယခုလေးတင် အာရုံခံမိကာ တအံ့တဩဖြစ်သွားခဲ့သည်။
“ မင်းက တကယ်ကို အကြမ်းခံတာပဲ။ အခုထိ မသေသေးဘူး “
ပိုင်ပိုင်ဟီကမူ မျက်နှာတစ်ဝက် ပျက်စီးကာ တုန်တုန်ရင်ရင် ဖြစ်နေခဲ့ပြီး သူ၏ဦးခေါင်းတစ်ခုလုံး ပေါက်ထွက်တော့မည့်အလား ဖြစ်နေခဲ့ကာ သွေးများ အဆက်မပြတ် စီးထွက်နေခဲ့သည်။
ထိုအချိန်၌ သူ၏ မျက်ဝန်းများအတွင်းတွင် ဒေါသများ မယုံကြည်နိုင်ဖြစ်နေမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သူသည် ဝံပုလွေစွယ်၏ တိုက်ခိုက်ခြင်းကို ယခုလေးတင် ခံခဲ့ရပြီး အဆိုပါတိုက်ကွက်မှာ နတ်ဘုရား မြှုပ်နှံခြင်းတောင်တန်းတွင် အကြိမ်ကြိမ် အခါခါ တိုက်ခိုက်ခံခဲ့ရသည့် အချိန်ကကဲ့သို့ ထူးခြား ရင်းနှီးသော စိတ်ခံစားချက်ကို သူ့အား ခံစားသွားရစေခဲ့သည်။
“ မင်းပဲ ………. “
သူက တုံးအနေမည်ဆိုလျှင်တောင်မှ သူသည် ထိုလူနှစ်ဦးက လူတစ်ယောက်တည်းဆိုသည်ကို သဘောပေါက်သွားခဲ့သည်။ သို့သော် ၎င်းက လုချန်ရှန်းဖြစ်နေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
သို့သော် လုချန်ရှန်းကမူ လေကုန်ခံမနေဘဲ ဝံပုလွေစွယ်ကို ထပ်မံ၍ လွှဲရမ်းကာ ပိုင်ပိုင်ဟီကို တိုက်ရိုက်သတ်ဖြတ်ရန် ကြံရွယ်လိုက်သည်။
သို့ရာတွင် ပိုင်မိသားစု၏ မျိုးဆက်တစ်ဦးဖြစ်သည့်အလျောက် ပိုင်ပိုင်ဟီထံတွင် သေခြင်းအစားထိုးအဆောင်တစ်ခု ရှိနေခဲ့၏။ အလင်းတန်းတစ်ခုက သူ့ကို လွှမ်းခြုံသွားကာ သူ့အား ဤနေရာမှ ခေါ်ထုတ်ရန် လုပ်ဆောင်နေတော့သည်။
သို့ရာတွင် ဟင်းလင်းပြင်ကို မဆုတ်ဖြဲရသေးခင် အချိန်မှာပင် လုချန်ရှန်းက ထပ်မံ၍ တိုက်ခိုက်နေတော့သည်။ သူသည် အလင်းတန်းကို ဖြိုဖျက်ကာ တစ်ဖက်လူကို ထပ်မံ၍ တိုက်ခိုက်လိုက်ပြီး သူ၏ အသက်စွမ်းအားကို ငြိမ်းသက်လိုက်သည်။
ယခင်က ရှောင်ထျန်ချန်းနှင့် ရင်ဆိုင်ခဲ့ရစဥ် အချိန်တွင် အကွာအဝေးကြောင့် သူဘာမှမလုပ်နိုင်ခဲ့ပေ။ သို့သော် ဤတစ်ကြိမ်တွင်မူ အရာအားလုံး ကွဲပြားခဲ့ပြီ ဖြစ်သည်။ ပိုင်ပိုင်ဟီမှာ ရှောင်ထျန်ချန်းကဲ့သို့ ကံမကောင်းခဲ့ပေ။
အဆုံးတွင် လုချန်ရှန်းက တိုက်ပွဲ၏ အကျိုးအမြတ်များကို သိမ်းဆည်းကာ ဤနေရာမှ ထွက်သွားခဲ့သည်။ ထို့နောက်တွင် နောက်ထပ်ပစ်မှတ်များကို ထပ်မံ၍ ရှာဖွေနေတော့သည်။
ရှောင်ဟေးမှာ ၎င်းတို့အားလုံးကို စောင့်ကြည့်နေခဲ့ပြီး ဦးနှောက်တစ်ခုလုံး ထုံကျင်သွားခဲ့သည်။ သူသည် ထိုအကောင် လုချန်ရှန်းက လူများကို ဆွဲဆောင်၍ လူပြတ်သည့် နေရာတွင် တိုက်ခိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သို့ရာတွင် လုချန်ရှန်းကို သတ်ဖြတ်ရန် စီစဥ်လိုက်သည့် အချိန်ကတည်းက ထိုလူများ၏ အဆုံးသတ်က ဆိုးရွားဆုတ်ပြတ်ရန် ကံပါသွားခဲ့ပြီ ဖြစ်သည်။
--
………………………………………………………………………………………………………………………………………