← Chapters

အခန်း ၃၆၃

Vol. 25 Ch. 363

အခန်း ၃၆၃

Vol. 25 Ch. 363

အပိုင်း ( 363 )

မြူဆိုင်းနေသော

ကောင်းကင်နှင့် ကမ္ဘာမြေတစ်ခုလုံး ကြောက်ခမမ်းလိလိ တိတ်ဆိတ်ငြိမ်သက်နေလျက်ရှိ၏။

အနည်းငယ်မျှသော လူနည်းစုမှအပ မည်သူကမှ သတိမပြုမိခဲ့ပေ။

တစ်စုံတစ်ဦးက လှုပ်ခတ်မှုကို အာရုံခံမိသွားကာ ချဥ်းကပ်လာခဲ့သော်လည်း လုချန်ရှန်းမှာ အေးအေးလူလူသာ ဖြစ်နေခဲ့သည်။

သူက ထိုလူ ထွက်ပြေးသွားသည်ဟုသာ ပြောလိုက်မည်ဖြစ်ပြီး မည်သူကမှ များများစားစား သံသယ ဝင်လိမ့်မည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ ကူချန်ကျွင်း၏ တပည့်တစ်ဦးဖြစ်သည့်အလျောက် သူ့ထံတွင် တစ်ချို့သော ဝှက်ဖဲများရှိနေလိမ့်မည်ဟု လူအများက သေချာပေါက် ယုံကြည်ထားလိမ့်မည် ဖြစ်သည်။

သို့ရာ၌ လုချန်ရှန်းသည် အနက်ဝတ်လူများအနက်မှ တစ်ဦးဖြစ်လာခဲ့ပြီးသည့်နောက်တွင် တသီးတခြားဖြစ်နေသည့် လူများကို ဆက်တိုက်ရှာဖွေကာ တိုက်ခိုက်နေခဲ့သည်။ ထိုလူများ၏ ဦးခေါင်းများက တိုက်ကွက်တစ်ခုတည်းဖြင့် ပေါက်ကွဲသွားပြီး ဟွာရှုနယ်ပယ် ပညာရှင်များကမူ ချောင်းတိုက်ခံရပြီးသည့်နောက်တွင် တိုက်ခိုက်ရေးစွမ်းအား အနည်းငယ်သာ ပိုင်ဆိုင်ထားခဲ့သည်။

လုချန်ရှန်းက ခွန်အားကို အပြည့်အဝ အသုံးပြုကာ တိုက်ခိုက်သတ်ဖြတ်နေခဲ့သည်။

သူသည် ဟွာရှုနယ်ပယ် အဆင့်၂ ပညာရှင်ကိုပင် ရင်ဆိုင်ခဲ့ရပြီး မိုးကြိုးနှင့် ဓားဆန္ဒတို့ကို ပေါင်းစပ် အသုံးပြု၍ အစွမ်းအထက်ဆုံး တိုက်ကွက်ကို ထုတ်လွှတ်ကာ ပြိုင်ဘက်ကို ကြောက်ရွံ့သွားစေခဲ့၏။

ပြိုင်ဘက်၏ ခန္ဓာကိုယ်က ဓားဆန္ဒနှင့် မိုးကြိုးစွမ်းအားတို့၏ တိုက်စားမှုကို တောင့်မခံနိုင်ခဲ့ပေ။ သူသည် လုချန်ရှန်း၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

လုချန်ရှန်းသည် နှစ်နာရီအတွင်းမှာပင် လူဆယ်ဦးကျော် သတ်ဖြတ်ခဲ့ပြီးပြီ ဖြစ်သည်။ သို့သော် သူ့ကို လိုက်လံရှာဖွေနေသည့် လူပမာဏမှာ သူမျှော်မှန်းထားသည်ထပ် ပိုမိုများပြားနေခဲ့သည်။

ထိုလူများကမူ အစိမ်းရောင်အလင်းတန်း မရှိတော့သောကြောင့် လူများ ပြန့်ကျဲသွားခြင်းဖြစ်သည်ဟုသာ မှတ်ယူထားကြသည်။

နောက်ထပ်ဟွာရှုနယ်ပယ် အဆင့်၁ ပညာရှင်တစ်ဦးကို သတ်ဖြတ်ခဲ့ပြီးသည့်နောက်တွင် သူရပ်တန့်သွားခဲ့သည်။

“ ဘာဖြစ်တာလဲ “ ဟု ရှောင်ဟေးက မေးမြန်းလာခဲ့သည်။

သူသည် လုချန်ရှန်း၏ နည်းလမ်းများကို စောင့်ကြည့်နေရင်းဖြင့် အံ့ဩမှင်သက်သွားခဲ့ရသည်။

လုချန်ရှန်းက တုံ့ပြန်လိုက်၏ “ နှေးလွန်းနေတယ် “

“ နှေးတာလား။ မင်းက ဘယ်လောက်တောင် မြန်ချင်နေတာလဲ “

“ တကယ်လို့ ငါတို့က လူတိုင်းကို စုနိုင်မယ်ဆိုရင် အဲ့တာက အမြန်ဆုံးပဲ “

ရှောင်ဟေးသည် အံ့ဩတကြီး ဖြစ်သွားကာ ပြန်ပြောလိုက်သည် “ တကယ်လို့ သူတို့အားလုံးကို စုလိုက်မယ်ဆိုရင် မင်းက သူတို့ကို နိုင်မှာမို့လို့လား “

“ နည်းလမ်းတစ်ခု စဥ်းစားမှာပေါ့ “

လုချန်ရှန်းသည် စကားပြောနေရင်းဖြင့် မြူခိုးများ ဖုံးလွှမ်းနေသည့် နေရာတစ်ခုကို နယ်မြေတစ်ခုကို ရုတ်တရက် အမှတ်ရသွားခဲ့သည်။ သူသည် ထိုနေရာတွင် တစ်စုံတစ်ခု ရှိနေပုံရသည်ဟု ကြားသိခဲ့ရသည်။ ထို့အပြင် အနည်းငယ်မျှသော လူနည်းစုကသာလျှင် ထိုနေရာသို့ ခြေချဝံ့ကြသည်။

ထိုနေရာတွင် အန္တရာယ်တစ်ခုခု ရှိနေမည်ဆိုပါက အမြန်ဆုံး ပြေးနိုင်သည့် လူမှသာလျှင် ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မည် ဖြစ်သည်။

၎င်းကို တွေးမိသွားသောအခါတွင် လုချန်ရှန်းမှာ ထိုနယ်မြေရှိရာဘက်သို့ ချက်ချင်းဦးတည်သွားတော့သည်။ အသွားလမ်းတွင် သူသည် အနက်ဝတ်လူတစ်ဦးနှင့် ထပ်မံ၍ ဆုံတွေ့လိုက်ရပြန်သည်။

လူနှစ်ဦး တွေ့ဆုံသွားကာ လုချန်ရှန်းက စကားစပြောလိုက်သည် “ ငါသူ့ကို ရှာတွေ့ပြီ “

“ ဘယ်မှာလဲ “

“ အဲ့ဒီနယ်မြေထဲကို ထွက်ပြေးသွားတယ် “

ဟမ်

ထိုလူမှာ အံ့ဩတကြီး ဖြစ်သွားခဲ့သည်။

လုချန်ရှန်းက စကားထပ်ပြောနေတော့၏ “ သူ့နောက်ကို အရင်လိုက်လိုက်ဦးမယ် “

ထို့နောက်တွင် သူသည် ချက်ချင်းထွက်ခွာသွားပြီး သူမြင်တွေ့ရသမျှ လူတိုင်းကို အော်ခေါ်ကာ တစ်ဆင့်စကား တစ်ဆင့်ကြားဆိုသလို သတင်းက လျင်မြန်စွာ ပျံ့နှံ့သွားကာ သူသည် ကြီးမားသော လူအုပ်ကြီးတစ်အုပ်ကို အမှန်တကယ် စုစည်းနိုင်ခဲ့လေသည်။

ထိုလူတို့မှာ တွေဝေတုံ့ဆိုင်းနေခဲ့ကြသည်။

“ သူက ဒီကို တကယ်ကြီး ရောက်တာလား “ ဟု တစ်စုံတစ်ဦးက မေးခွန်းထုတ်လာခဲ့၏။

နောက်လူတစ်ဦးက စကားဝင်ပြောလာခဲ့၏ “ အဲ့နေရာကို အရင်က ရောက်ခဲ့ဖူးတယ်။ အဲ့နေရာက မတည်ငြိမ်ဘူး “

“ ဘာလမ်းကြောင်းမှ မရှိသလို ဘာမှလည်း မသိရဘူး “

မည်သို့ပင်ဆိုစေကာမူ ဤနေရာက မှတ်တမ်းမှတ်ရာများ မရှိသည့် ကမ္ဘာငယ်တစ်ခုဖြစ်ပြီး အတွင်းပိုင်းတွင် ဘာရှိမလဲဆိုသည်ကို မည်သူမှ မသိကြပေ။ ထို့ကြောင့် လူအများစုက မစွန့်စားလိုကြပေ။

သူတို့သည် ထိုနေရာတွင် ကင်းထောက်ကာ အခြေအနေကို စုံစမ်းပေးမည့် တစ်စုံတစ်ဦး ပေါ်ထွက်လာမည်ကို စောင့်ဆိုင်းနေကြတော့သည်။

သို့ရာတွင် လုချန်ရှန်းကမူ ၎င်းကို မည်သို့မျှ အာရုံစိုက်မနေခဲ့ပေ။ လူအများအပြား စုစည်းလာသည်ကို မြင်လိုက်ရသောအခါတွင် သူသည် လူအုပ်ကြီးကို တိုးဝေ့တွန်းထုတ်ကာ မြူခိုးများအတွင်းသို့ တိုက်ရိုက်ခုန်ဆင်း၍ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

“ အဲ့တာက ……. “

လူအုပ်ကြီးမှာ နေရာမှာတင် ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။ သူသည် ထိုမျှသတ္တိကောင်းသူတစ်ဦး ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ သူက ဘယ်အင်အားစုကလဲ။ တော်တော်လေးကို ပြတ်သားတာပဲ “

“ သူက လုံးဝကို တွေဝေတွန့်ဆုတ်မနေဘူး “

“ တကယ်တော့ သူက လုချန်ရှန်းနဲ့ သွေးကြွေးရှိနေတာ ဖြစ်လောက်တယ်။ ဒါမှမဟုတ် အပြာရောင် ဝိညာဥ်မျိုးနွယ်စုရဲ့ ကတိကို လိုချင်နေတာလားပဲ “

“ … “

၎င်းကို မြင်လိုက်ရသောအခါတွင် လူတိုင်းက တွေးတောစဥ်းစားနေရင်းဖြင့် ထိုနေရာတွင် စောင့်ဆိုင်းနေကြတော့သည်။

တစ်ချိန်တည်းမှာပင် လုချန်ရှန်းက အဖြူရောင် မြူခိုးများအတွင်းသို့ ဝင်သွားသော်လည်း သူ့အနောက်သို့ မည်သူမှ မလိုက်လာခဲ့ကြပေ။

“ အတော်ကြီးကို သတိကြီးနေကြတာပဲ “

သူသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည်။

ရှောင်ဟေးက စကားဝင်ပြောလာခဲ့၏ ” သူတို့မျက်လုံးတွေနဲ့ လူကိုယ်တိုင် မြင်ရတာမှ မဟုတ်တာ။ သံသယဝင်နေတယ်ဆိုတာက ပုံမှန်ပါပဲ။ ဒီနေရာက တစ်ခြားနေရာတွေနဲ့ မတူဘူး။ အထဲမှာ ဘာရှိနေလဲဆိုတာကို ဘယ်သူမှ မသိကြဘူး “

လုချန်ရှန်းက ခေါင်းငြိမ့်ပြလိုက်သော်လည်း ပြန်လည်ချေပပြောဆိုလိုက်၏ “ ဒါပင်မဲ့ ငါ့ကို သတ်ဖို့အတွက် ဘယ်သူတွေက စိတ်ပိုင်းဖြတ်ထားလဲဆိုတာကို ငါတကယ် သိချင်တယ် “

ရှောင်ဟေးမှာလည်း စိတ်ဝင်တစားဖြစ်သွားခဲ့သည်။

လုချန်ရှန်းက ဘာမှထပ်ပြောမနေတော့ပေ။ ထို့နောက်စက္ကန့်ပိုင်းမှအကြာ၌ သူ၏ တာအိုကားချပ် ပေါ်ထွက်လည်ပတ်လာပြီး ဖိနှိပ်ခံထားရသည့် အစိမ်းရောင် အလင်းတန်းမှာ တိမ်သားတိမ်စိုင်များကို ချက်ချင်းဖြိုခွင်းကာ အဖြူရောင် မြူခိုးများကို ထိုးဖောက်၍ ကောင်းကင်ယံကို လင်းထိန်သွားစေခဲ့၏။

အစိမ်းရောင် အလင်းတန်းပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် လုချန်ရှန်း၏ အသံပါ ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့သည်။

“ သူဒီမှာ “

အသံပျံ့လွင့်လာပြီး အလင်းတန်း မြင့်တက်လာခဲ့ကာ ထိုလူများကို ဂဏာမငြိမ်ဖြစ်သွားစေခဲ့၏။

တစ်စုံတစ်ဦးက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ မြူခိုးများအတွင်းသို့ ပြေးဝင်သွားခဲ့သည်။

ယခင်က မရေရာ မသေချာဖြစ်နေခဲ့သော်လည်း အဆိုပါ အစိမ်းရောင် အလင်းတန်းကို မြင်လိုက်ရသောအခါတွင် သူတို့သည် ထိုလူက အထဲတွင် ရှိနေသည်ဆိုသည်ကို အတည်ပြုသွားနိုင်ခဲ့၏။

အတွင်းသို့ ပြေးဝင်သွားသည့် လူကလည်း သူအဆင်ပြေကြောင်း အော်ပြောလာခဲ့သည်။

ထိုလူများသည် လုချန်ရှန်းကို အမဲလိုက်ရာတွင် အတော်ပင် ဇွဲကောင်းနေခဲ့ကြသည်။

ယခင်က အမုန်းတရားများ စုပြုံနေပြီဖြစ်ပြီး လူဘယ်နှယောက်က သူ့အား အရှင်လတ်လတ် ဝါးစားချင်နေလဲဆိုသည်ကို မှန်းဆနိုင်မည် မဟုတ်ပေ။ အခွင့်အရေးသာ ရမည်ဆိုပါက သူတို့၏ဓားများက အလွန်အကြွံ အသုံးပြုရလွန်းသဖြင့် မီးခိုးငွေ့များ ထွက်သွားရပေလိမ့်မည်။

၎င်းတို့သာလျှင် မဟုတ်ပေ။ သူတို့က လုချန်ရှန်း၏ ပါရမီကို ကြောက်ရွံကြသည်။

ယခုလက်ရှိ သူ့ကို ကြည့်ပါလေ။ အသက်နှစ်ဆယ်အရွယ်မှာပင် မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ ရောက်ရှိနေကာ ဓားတာအိုနှင့် ကိုယ့်ကိုကိုယ် ပေါင်းစည်းနေနိုင်ခဲ့သည်။ ထိုစွမ်းရည်က အလွန်တရာ အံ့ဖွယ်ကောင်းနေခဲ့ပြီး သူက နောင်အနာဂတ်တွင် မည်ကဲ့သို့သော အမြင့်မျိုးထိ ရောက်ရှိသွားမလဲဆိုသည်ကို ခန့်မှန်းရခက်သွားစေခဲ့၏။

ကူချန်ကျွင်းတစ်ဦးတည်းကပင် လူများကို စိုးရိမ်ပူပန်စေရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ လုချန်ရှန်းကိုသာ ဆက်လက်ကြီးထွားခွင့်ပေးလိုက်မည်ဆိုပါက သူတို့သည် မည်သည့်အရာများ ဖြစ်ပျက်လာမလဲဆိုသည်ကို မမှန်းဆဝံ့တော့ပေ။

အထူးသဖြင့် နှစ်ဖက်အကြားတွင် အငြိုးအတေးများ ရှိနေသည့် အခြေအနေမျိုးတွင် ဖြစ်သည်။

အပြာရောင် ဝိညာဥ်မျိုးနွယ်စု၏ ကတိကဝတ်နှင့် ပေါင်းစပ်လိုက်သော် နောက်ဆုတ်ချင်သည့်လူ ပေါ်ထွက်လရန် အလွန်တရာ ခဲယဥ်းသွားခဲ့သည်။

မကြာခင် အချိန်မှာပင် တစ်ဦးပြီးတစ်ဦး အတွင်းသို့ ပြေးဝင်သွားကြသည်။

ထို့နောက်တွင် အစိမ်းရောင် အလင်းတန်း ပျောက်ကွယ်သွားခဲ့သည်။

သို့သော် ထိုကိစ္စက မည်သို့မျှ အရေးပါမနေတော့ပေ။ သူဤနေရာတွင် ရှိနေသည်ကို သိရခြင်းကပင် လုံလောက်နေခဲ့ပြီ ဖြစ်သည်။

လူတစ်ချို့သည် အပြင်ဘက်တွင် ကင်းလှည့်နေကြပြီး အကယ်၍ လုချန်ရှန်းက အတွင်းမှ ထွက်ပြေးလွတ်မြောက်လာခဲ့ပါက တစ်ခြားလူများကို အသိပေးရန် အသင့်ပြင်ထားကြ၏။

လုချန်ရှန်းအတွက် အင်အားစုပေါင်းစုံ ပူးပေါင်းလုပ်ဆောင်နေခဲ့ကြသည်။

သူတို့အားလုံး စတင်၍ ရှာဖွေနေကြတော့သည်။ အဖြူရောင် မြူခိုးများက စိတ်စွမ်းအင်ထောက်လှမ်းခြင်းကို တားဆီးပိတ်ဆို့နိုင်သော်လည်း သူတို့ထံတွင် လူအများအပြား ရှိနေသည့်အပြင် ဤနေရာက မကျယ်ဝန်းသောကြောင့် ထာဝရပုန်းကွယ်နေနိုင်လိမ့်မည် မဟုတ်ပေ။

လူအမြောက်အများ ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းမှာ ချက်ချင်းစိတ်သက်သာရာရသွားခဲ့သည်။ သူ၏ ကြိုးစားအားထုတ်မှုများက အချည်းနှီး မဖြစ်ခဲ့သောကြောင့် စတင်၍ လှုပ်ရှားနေတော့၏။

တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သည့် ရှောင်ဟေးတစ်ဦးတည်းကသာလျှင် စိတ်ခံစားချက်တို့ဖြင့် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။

အပြာရောင် ဝိညာဥ်မျိုးနွယ်စုကို အခွင့်အလမ်းတစ်ခုအဖြစ် အသုံးပြုကာ လုချန်ရှန်းကို ဝိုင်းရံရန် အင်အားစု အသီးသီးက လှုံ့ဆော်ခဲ့ကြပြီး သက်ရှိအများအပြား စုဝေးလာမှုနှင့်အတူ အပြာရောင် ပုတီးစေ့က အံ့ဩဖွယ်ရာ ဘုန်းတန်ခိုးကို ပြသခဲ့၏။

သို့သော် လုချန်ရှန်း ပါဝင်ပတ်သက်နေသောကြောင့် အရာရာတိုင်းက ပုံမှန်အတိုင်း မဖြစ်ခဲ့ပေ။

အဆိုပါ ပုတီးစေ့ကို တန်ပြန်နိုင်သည့် အရာတစ်ခုကို လုချန်ရှန်းမှတစ်ပါး မည်သူက ဆွဲထုတ်နိုင်မည်နည်း။ သူ၏ လုပ်ရပ်များက မှန်းဆရခက်ခဲလွန်းနေခဲ့သည်။

ထိုလူများမှာ သူတို့၏ ခြေထောက်များ ရိုက်ချိုးခံလိုက်ရမည်ဆိုလျှင်တောင်မှ လုချန်ရှန်းက သူ့ကိုယ်သူ ရှာဖွေရန်အတွက် သူတို့နှင့် ပူးပေါင်းလာလိမ့်မည်ဟု မျှော်လင့်ထားကြမည် မဟုတ်ပေ။

ထို့အပြင် သူက အဖြူရောင် မြူခိုးများ အတွင်းသို့ ပြေးဝင်သွားကာ သူ၏ ဖိနှိပ်မှုကို ဖြေလျှော့၍ အလင်းတန်းကို ပြန်လည်ပေါ်ထွက်ခွင့်ပြုကာ လူတိုင်းကို အတွင်းသို့ ရောက်ရှိလာအောင် ဆွဲဆောင်လိမ့်မည်ဟု မည်သူက မှန်းဆနိုင်မည်နည်း။

လူအုပ်ကြီးမှာ အသည်းအသန် ရှာဖွေနေခဲ့ပြီး အချိန်မရွေး လှုပ်ရှားရန် အသင့်ဖြစ်နေခဲ့ကြသည်။

လုချန်ရှန်းက တစ်စုံတစ်ဦးကို မြင်တွေ့ရသည့် အချိန်တိုင်းတွင် သူတို့ကို အငိုက်ဖမ်း၍ ချုံခိုတိုက်ကာ တတ်နိုင်သမျှ အမြန်ဆုံး သုတ်သင်ရန် နည်းစနစ်ပေါင်းစုံ ထုတ်လွှတ်မည်ဖြစ်သည်။

မွေးရာပါ ဝိညာဥ်နယ်ပယ် ပညာရှင်များက သူ၏ တိုက်ကွက်တစ်ခုကိုပင် မခုခံနိုင်ခဲ့ကြပေ။ ဟွာရှုနယ်ပယ် အဆင့်၁ ပညာရှင်တို့မှာလည်း အကယ်၍ ချုံခိုအတိုက်ခံရမည်ဆိုပါက ကြာရှည်စွာ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

သူသည် အချိန်အတိုင်းအတာတစ်ခုအထိ သတ်ဖြတ်ရင်းဖြင့် ရူးသွပ်သွားပုံရ၏။ မြူခိုးများအတွင်းတွင် လူတစ်ဦးပြီးတစ်ဦး ကျဆုံးသွားပြီး ထို့နောက်တွင် သူက တစ်နေရာမှ တစ်နေရာသို့ အမြန်ဆုံးသော အရှိန်အဟုန်ဖြင့် သွားလာနေခဲ့သည်။

အစတွင် သူက ဟွာရှုနယ်ပယ် အဆင့်၂နှင့် အဆင့်၃ ပညာရှင်များကို ရှောင်ရှားရန် ကြံရွယ်ထားခဲ့သည်။ သို့သော် မွေးရာပါ ဝိညာဥ်နယ်ပယ် ပညာရှင်များနှင့် ဟွာရှုနယ်ပယ် အဆင့်၁ ပညာရှင်များက အထိတ်တလန့်ဖြစ်သွားသောကြောင့် သူက အဆိုပါ တည်ရှိမှုများကို စတင်၍ ပစ်မှတ်ထားနေရတော့သည်။

သူက တစ္ဆေတစ်ကောင်အလား အနောက်ဘက်တွင် ပေါ်ထွက်လာခဲ့ပြီး တိုက်ကွက်တစ်ခု ထုတ်လွှတ်ကာ ထို့နောက်တွင် ပြန်လည်ထွက်ပြေးသွားခဲ့သည်။

ထိုလူများက သတိပြန်ကပ်သွားချိန်တွင် သူတို့မှာ တစ္ဆေတစ်ကောင်ကို မြင်တွေ့လိုက်ရသည့်ပမာ မည်သည့်အရာကိုမှ ရှင်းရှင်းလင်းလင်း မမြင်ခဲ့ကြပေ။

ဟွာရှုနယ်ပယ် အဆင့်၃ ပညာရှင်များက ရိုက်နှက်ခံရသည့် ကံကြမ္မာမှ မလွတ်မြောက်ခဲ့ကြပေ။ ထိုလူများမှာ သူတို့က အရိုက်ခံလိုက်ရသည်ကိုသာ သိလိုက်ရပြီး မည်သူက ထိုလူလဲ ဆိုသည်နှင့် ထိုအရာက လူလားခွေးလားဆိုသည်ကိုပင် မခွဲခြားနိုင်ခဲ့ကြပေ။

ထိုနယ်မြေတစ်ခုလုံး၏ လေထုမှာ ခြောက်ခြားဖွယ်ကောင်းနေတော့လေသည်။

--

…………………………………………………………………………………………………………………………………………

All Chapters