← Chapters

အခန်း ၃၆၄

Vol. 25 Ch. 364

အခန်း ၃၆၄

Vol. 25 Ch. 364

အပိုင်း ( 364 )

သရဲ

အချိန်များ ကုန်ဆုံးသွားမှုနှင့်အတူ လေထုက စတင်၍ ပြောင်းလဲသွားကာ ယခင်က အဆက်မပြတ် ပေါ်ထွက်နေခဲ့သည့် အသံပလံများ တဖြည်းဖြည်း လျော့ပါးသွားခဲ့သည်။

လုချန်ရှန်းမှာ မြူခိုးများအတွင်း လှည့်လည်သွားလာနေလျက်ရှိသည်။ သူက အဆိုပါ ပညာရှင်များကို တိုက်ကွက်တစ်ခုဖြင့် အမြန်ဆုံး မသတ်ဖြတ်နိုင်ဘူးဆိုလျှင်တောင်မှ သူက တစ်ကြိမ်တိုက်ခိုက်၍ ထွက်ပြေးကာ အခါအခွင့်သင့်သည်နှင့် ထပ်မံ၍ တိုက်ခိုက်မည် ဖြစ်သည်။

ထိုကဲ့သို့ ဆက်တိုက်ရိုက်နှက်နေခဲ့ပြီးသည့်နောက်တွင် ဟွာရှုနယ်ပယ် အဆင့်၃ ပညာရှင်တစ်ဦးကပင် တောင့်မခံနိုင်တော့ပေ။

ဟွာရှုနယ်ပယ် အဆင့်၂ ပညာရှင်နှစ်ဦးမှာ ရိုက်သတ်ခံလိုက်ရ၏။

ပထမတစ်ကြိမ် တိုက်ခိုက်မှုက ဒဏ်ရာရသွားစေခဲ့ပြီး ဒုတိယအကြိမ် တိုက်ခိုက်မှုက အဆိုပါ ဒဏ်ရများကို ပိုမိုပြင်းထန် ဆိုးရွားသွားစေပြီး တတိယတစ်ကြိမ်တွင်မူ သူတို့က ၎င်းကို မည်သို့မျှ တောင့်မခံနိုင်ကြတော့ပေ။ ယခုလေးတင် မြင်တွေ့ခဲ့ရသည့် တိုက်ကွက်က လုချန်ရှန်း၏ စွမ်းအားအပြည့် ဖြစ်ပုံရ၏။

၎င်းက ဓားဆန္ဒကို မိုးကြိုးစွမ်းအားနှင့် ရောစပ်လိုက်ပြီး အရာအားလုံးကို စွမ်းအားအဖြစ် အသွင်ပြောင်းသွားစေခဲ့သည်။ ထိုကဲ့သို့သော စွမ်းအားမျိုးဖြင့် အတိုက်ခံရသည့် အချိန်တွင် စွမ်းအားနှစ်ခုက နိယာမအဖြစ် ပြောင်းလဲသွားကာ ထိုလူများ၏ အသက်စွမ်းအားကို ဆက်တိုက်ဖြတ်တောက်နေခဲ့၏။ ထို့ကြောင့် သူတို့က တိုက်ကွက်အများအပြား မခုခံနိုင်ခဲ့ကြပေ။

သူတို့က တစ်ခုခု မှားယွင်းနေသည်ကို သိကြသော်လည်း လက်လျှော့လိုစိတ် မရှိကြပေ။

လူများပိုပိုနည်းလာသည်ကို သတိပြုမိသွားသောအချိန်၌ သူတို့၏ စိတ်နှလုံးသားအတွင်းတွင် ဆိုးရွားသော စိတ်ခံစားချက်တစ်ခု လှိုက်တက်လာခဲ့၏။

တစ်ရက်မပြည့်ခင် အချိန်မှာတင် ဒါနှင့်ချီ၍ သေဆုံးသွားခဲ့ပြီဖြစ်ပြီး ကျန်ရှိနေသည့် လူနည်းစုမှာလည်း လုချန်ရှန်း၏ ရိုက်နှက်မှုများကို ခံထားကြရသည်။

ဟွာရှုနယ်ပယ် အဆင့်၂ ပညာရှင်နှစ်ဦး ပျောက်ဆုံးသွားသည်ကို ကြားသိလိုက်ရသောအခါတွင် လူတိုင်း အထိတ်တလန့် ဖြစ်သွားကြသည်။ သူတို့က လုချန်ရှန်းကို မရှာဖွေနိုင်သကဲ့သို့ သူတို့ကို တိုက်ခိုက်နေသူက မည်သူလဲဆိုသည်ကို အတည်မပြုနိုင်ကြပေ။ သို့ပေမည့် လူများဆက်တိုက် ပျောက်ဆုံးနေခဲ့သည်။

မြူခိုးများ အလွန်တရာ ထူထဲသိပ်သည်းနေပြီး အမြန်နှုန်းက အလွန်တရာ မြန်ဆန်လွန်းနေခဲ့ကာ ၎င်းက ဘာလဲဆိုသည်ကို မည်သူမှ မမြင်နိုင်ခဲ့ပေ။

လေထုက တဖြည်းဖြည်း ခြောက်ခြားဖွယ်ကောင်းလာခဲ့ပြီး ရှင်းရှင်းလင်းလင်း မမြင်တွေ့ရခြင်းက လူတိုင်း၏ စိတ်နှလုံးသားများကို အကြောက်တရားတို့ဖြင့် ပြည့်နှက်သွားစေခဲ့၏။

အဆုံးတွင် သူတို့က ဖြည်းဖြည်းချင်း လူစုလိုက်ကြပြီး မျက်ဝန်းများအတွင်းရှိ အကြောက်တရားများကို ငေးကြည့်နေကြတော့သည်။

“ ဘာတွေဖြစ်နေတာလဲဟ “

“ ငါ့ကို တိုက်ခိုက်ခဲ့တာက ဘာလဲဆိုတာကို ငါမသိဘူး။ အဲ့တာကြီးက အားကောင်းလွန်းတယ် “

“ ဟုတ်တယ်။ ငါလည်း ချောင်းတိုက်ခံခဲ့ရတယ်။ တစ်ချက်အရိုက်ခံလိုက်ရတယ် “

“ တစ်ချက်တည်းလား။ ငါက နှစ်ချက်အရိုက်ခံရတာကွ “

“ ငါက သုံးချက်အရိုက်ခံထားရတာ “

တစ်ဦးပြီးတစ်ဦး စကားနိုင်လုနေကြတော့၏။ လူအုပ်၏ အပြင်ဘက်တွင် တစ်စုံတစ်ဦးက မြေပြင်ပေါ်သို့ ယိုင်နဲ့နဲ့ဖြင့် ထိုင်ချလိုက်ပြီး မျက်နှာဖြူဖျော့ကာ အဆက်မပြတ် သွေးအန်နေတော့လေသည်။ သူ၏ အသွင်အပြင်ကို အကဲခတ်ကြည့်ရခြင်းအားဖြင့် သူ၏ အရိုးပေါင်းများစွာ ကျိုးပဲ့ပျက်စီးနေသည့်ပုံပင်။

“ ငါက ကိုးချက် အရိုက်ခံထားရတယ် “

ဟူးးးးးးး

လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြသည်။ သူတို့က ထိုအရာ၏ စွမ်းအားကို ကိုယ်တိုင်မြည်းစမ်းထားရပြီး ကောင်းစွာသိရှိထားကြသည်။ ထို့ကြောင့် ၎င်းကို ကိုးချက်တိတိ တောင့်ခံနိုင်ခြင်းက အမှန်ပင် အံ့ဖွယ်ကောင်းလှကာ ယခုလက်ရှိ ဤနေရာတွင် ရှိနေသည့် မည်သူကမှ ထိုကဲ့သို့ မပြုလုပ်နိုင်ခဲ့ပေ။

ထိုစဥ် တစ်စုံတစ်ဦးက လေးလေးနက်နက် ပြောဆိုလာခဲ့၏ “ ဘာတွေ ဖြစ်နေတာလဲဟ။ တိုက်ခိုက်နေတာက ဘာကြီးလဲဆိုတာကို ဘယ်သူမှ မသိကြဘူးလား “

“ အဲ့တာကြီးက မြန်မြန်လာပြီး မြန်မြန်ပြန်ထွက်သွားတာ။ ချီကိုတောင် အာရုံခံလို့ မရဘူး “

“ အမှန်ပဲ “

“ ဟုတ်တယ် “

“ အဲ့တာက မိစ္ဆာများလား “

“ အဲ့ဒီအမြန်နှုန်းက လုချန်ရှန်းနဲ့တောင် ယှဥ်နိုင်တယ် ”

လုချန်ရှန်းအကြောင်းပါ ပါဝင်လာသည့် အချိန်တွင် လူတစ်ချို့က သံသယတကြီး ဖြစ်နေသော်လည်း အဆုံးတွင် ခေါင်းတယမ်းယမ်း ဖြစ်သွားခဲ့ကြသည်။ သူ၏ ကျင့်ကြံရေးက မွေးရာပါ ဝိညာဥ်နယ်ပယ်တွင်သာ ရှိနေပြီးသူက ဟွာရှုနယ်ပယ် ပညာရှင်များကို အန္တရာယ်ဖြစ်စေလိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားခဲ့ပေ။

သူက အသက်နှစ်ဆယ်အရွယ် လူငယ်လေးတစ်ဦးသာ ဖြစ်သောကြောင့် ထိုကဲ့သို့သော စွမ်းရည်မျိုးကို မည်ကဲ့သို့ ပိုင်ဆိုင်ထားလိမ့်မည်နည်း။

၎င်းတို့သာလျှင် မဟုတ်ပေ။ သူတို့သည် ဟွာရှုနယ်ပယ် အဆင့်၂နှင့် အဆင့်၃ ပညာရှင်တို့သာ ကျန်နေပြီး ဟွာရှုနယ်ပယ် အဆင့်၁နှင့် မွေးရာပါ ဝိညာဥ်နယ်ပယ် ပညာရှင်များက အနည်းငယ်မျှသာ ကျန်နေသည်ဆိုသည်ကို သတိပြုမိသွားကြသည်။

လူအုပ်ကြီးတစ်အုပ် ရောက်ရှိလာခဲ့သော်လည်း ယခုတွင်မူ တစ်ဦးချင်းစီ ပျောက်ဆုံးသွားကာ အနည်းငယ်မျှသာ ကျန်နေတော့သည်။

“ ဒီနေရာမှာ တစ်စုံတစ်ခု တကယ်ကြီး ရှိနေတာများလား “

“ အဲ့လိုပဲဖြစ်ဖို့များတယ်။ ငါတို့က လူတစ်ရာကျော် ဝင်လာခဲ့တာလေ။ နေ့တစ်ဝက်အတွင်းမှာတင် ငါတို့က ကြီးမားတဲ့ ဆုံးရှုံးမှုတွေကို ခံစားနေရပြီ။ အဲ့တာက လူတစ်ယောက် လုပ်နိုင်တဲ့ဟာမို့လို့လား။ အချိန်တိုအတွင်းမှာ ခဏခဏ တိုက်နိုင်တယ်ဆိုတော့ တစ်ခုထပ် ပိုနေမှာ သေချာတယ် “

သူတို့က ထင်ကြေးပေးမှန်းဆနေခဲ့ပြီး ပိုပြောလေလေ ပိုမိုကြောက်မက်ဖွယ်ကောင်းလေလေ ဖြစ်လာခဲ့သည်။

“ လုချန်ရှန်းကို အရင်က ငါတွေ့ဖူးတယ်။ အဲ့လူဆီမှာ လှည့်ကွက်တွေ အပြည့်ပဲ။ သူက အစိမ်းရောင် ဝတ်စုံကို ဝတ်ပြီးတော့ မကောင်းမှုမျိုးစုံ ကျူးလွန်ခဲ့တယ် “

နောက်တစ်လူတစ်ဦးက စကားဝင်ပြောနေတော့၏ “ တကယ်လို့ သူ့အတွက် အကျိုးရှိစေမဲ့ အခြေအနေတစ်ချို့ (ဒါမှမဟုတ်) ဒီနေရာမှာ တစ်စုံတစ်ခု ရှိမနေဘူးဆိုရင် သူက ဘာကိစ္စ ဒီကိုထွက်ပြေးလာမှာလဲ “

“ ဒီနေရာမှာ တစ်ခုခု ရှိနေတာကို သူသိနေလို့ လူတွေကို ဒီခေါ်လာတာ ဖြစ်ဖို့များတယ်။ သူက ကျားကို သုံးပြီးတော့ ဝံပုလွေတွေကို အပြတ်ရှင်းချင်နေတာ “

ဤအချိန်တွင် သူတို့က လုချန်ရှန်း၏ ရည်ရွယ်ချက်ကို မှန်းဆမိနေခဲ့ပြီဖြစ်ပြီး တစ်ခုတည်းသော နောင်တရစရာဟူ၍ လုချန်ရှန်းကို အထင်သေးခဲ့ခြင်းသာလျှင် ရှိနေခဲ့သည်။

သို့ရာတွင် သူ့ကို လျှော့တွက်ထားခြင်းမှာ ထိုလူများ၏ အမှားမဟုတ်ပေ။ လူမြင်ကွင်းတွင် သူပြသခဲ့သည့် စွမ်းဆောင်ရည်များက အကန့်အသတ်ရှိသောကြောင့် သူဖြစ်နေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။

“ သွားကြမယ် “

အဆုံးတွင် ဤနေရာမှ ဆုတ်ခွာရန် တစ်စုံတစ်ဦးက ဆုံးဖြတ်လိုက်သည်။

ထိုစဥ် တစ်စုံတစ်ဦးက စကားဝင်ပြောလာခဲ့သည် “ ဒဏ်ရာအပြင်းအထန် ရထားတဲ့လူတွေကို ဂရုစိုက်ဖို့ မမေ့နဲ့ “

“ သေချာတာပေါ့ ………. လူက ဘယ်မှာလဲဟ “

အော်သံတစ်သံ ပေါ်ထွက်လာခဲ့သည်။ ယခုလေးတင် ဒဏ်ရာရထားသည့် လူတစ်ဦးကို တစ်စုံတစ်ဦးက ခေါ်ထုတ်သွားရန် ပြင်နေခဲ့ပြီး သူနောက်လှည့်ကြည့်လိုက်သည့် အချိန်တွင် ထိုလူမရှိတော့ဘူးဆိုသည်ကိုသာ မြင်တွေ့လိုက်ရ၏။

အနီးအနားတွင် အသံတစ်သံပင် မပေါ်ထွက်လာခဲ့ချေ။

သူထိုင်နေခဲ့သည့် နေရာတွင် ဖင်ထိုင်ချထားသည့် အကွက်တစ်ကွက်သာလျှင် ကျန်နေခဲ့၏။

လူအုပ်တစ်အုပ်လုံး ထိတ်လန့်တကြား ဖြစ်သွားခဲ့သည်။

ယခုလေးတင် သူတို့နှင့်အတူ ထိုင်နေခဲ့သည့် သက်ရှိတစ်ဦးက အငွေ့ပျံသွားသည့်ပမာ အစအနပင် ရှာမရဘဲ လုံးဝပျောက်ကွယ်သွားခဲ့သည်။ လူတိုင်း ဂဏာမငြိမ်ဖြစ်သွားကာ မြူခိုးများအပြင်ဘက်သို့ ချက်ချင်းပြေးထွက်သွားတော့သည်။

သူတို့က ယုံကြည်မှုရှိရှိဖြင့် ကိစ္စများကို ယခုလေးတင် ဝေဖန်ပိုင်းခြားနေခဲ့သော်လည်း ထို့နောက် စက္ကန့်ပိုင်းမျှ အကြာတွင် လူတိုင်း အသည်းအသန် ပြေးထွက်သွားကြသည်။

လုချန်ရှန်းမှာလည်း သူတို့၏ အကြံအစည်များကို ကြားသိခဲ့ရပြီး ထိုလူများနောက်သို့ ပြေးလိုက်သွားခဲ့သည်။

သူသည် ကိုးကြိမ် အရိုက်ခံထားရသူကို တိုက်ရိုက်မသတ်ဖြတ်လိုက်ဘဲ မီးဖိုအတွင်းသို့ ထိုးထည့်ကာ ရိုက်သတ်ရန်အတွက် အဝေးသို့ ခေါ်ဆောင်သွားခဲ့သည်။

ထိုလူက ထွက်ပြေးလွတ်မြောက်သွားခဲ့သည့်အတွက် အတော်ပင်ကြမ်းသည်ဟု လုချန်ရှန်းက ထင်မှတ်သွားခဲ့သည်။ သို့သော် ထိုလူမှာ သိုသိုသိပ်သိပ် မနေဘဲ ကြွားဝါပြောဆိုနေခဲ့သည်။ ထို့ကြောင့် ယခုတွင် သေဆုံးသွားခဲ့ရသည်။

ယခုတွင် လူတစ်စုက မြူခိုးများအတွင်းမှ ပြေးထွက်သွားပြီး ထိုအကြောင်းကို ပိုတွေးလေလေ ပိုမိုကြောက်ရွံ့သွားလေလေ ဖြစ်သွားခဲ့သည်။ ပထမဦးဆုံးအနေဖြင့် သူတို့က အမျိုးအမည်မသိရသော အရာတစ်ခု၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ထို့နောက်တွင် လူများ ဆက်တိုက်ပျောက်ဆုံးသွားခဲ့သည်။ ၎င်းက ဘာလဲဆိုသည်ကို မည်သူမှ မမြင်ခဲ့ကြပေ။

ထို့နောက်တွင် သူတို့ဘေးနားတွင် ရှိနေကာ စကားပြောနေခဲ့သည့် လူတစ်ဦးက စက္ကန့်ပိုင်းအတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။

သူတို့က ဟွာရှုနယ်ပယ် ပညာရှင်များ ဖြစ်သော်လည်း သူတို့၏ နှလုံးသားများက အကြောက်တရားတို့ဖြင့် တဒုတ်ဒုတ် ခုန်နေလျက်ရှိ၏။

အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည့် လူများကမူ မည်သည့်အရာများ ဖြစ်ပျက်ခဲ့လဲဆိုသည်ကို မသိကြသောကြောင့် ဇဝေဇဝါ ဖြစ်သွားကြသည်။

လုချန်ရှန်းကမူ လူအုပ်အတွင်းတွင် ရဲရဲဝံ့ဝံ့ မတ်တပ်ရပ်နေပြီး သူတို့၏ ထင်ကြေးပေးမှန်းဆချက်များကို နားစွင့်နေလျက်ရှိ၏။

သူ၏ ချီက မွေးရာပါ ဝိညာဥ်အဆင့်၉တွင်သာ ရှိသည်ကို တစ်စုံတစ်ဦးက အာရုံခံမိသွားသောအခါတွင် ထိုလူများမှာ အံ့ဩတကြီးဖြစ်သွားခဲ့ကြသည်။

“ မင်းက မွေးရာပါ ဝိညာဥ်နယ်ပယ်မှာပဲ ရှိနေသေးတာလေ။ ဒဏ်ရာမရခဲ့ဘူးပေါ့ “

သူ့ဘေးနားတွင် ရှိနေသည့် လူတော်တော်များများမှာ တအံ့တဩဖြစ်သွားခဲ့ကြသည်။

လုချန်ရှန်းမှာလည်း အနည်းငယ် ကူရာကယ်ရာမဲ့သွားတော့သည်။ သူတို့၏ မေးမြန်းမှုပုံစံက သူ့ကို မှင်သက်ဆွံ့အသွားစေခဲ့သည်။ ထိုလူများမှာ မည်သူက တိုက်ခိုက်ခဲ့လဲဆိုသည်ကိုပင် မမေးမြန်းခဲ့ကြပေ။

လူတိုင်း လေးလေးနက်နက် ဖြစ်သွားကြသည်။ သူတို့သည် လုချန်ရှန်းက ထူထဲ‌သော မြူခိုးများအတွင်းတွင် ရှိနေကြောင်းကို သိနေသော်လည်း အတွင်းသို့ မည်သို့မျှ မဝင်ရဲကြတော့ပေ။

“ အခု ကျုပ်တို့က ဘာလုပ်ကြမှာလဲ “

တစ်စုံတစ်ဦးက မေးခွန်းထုတ်လာခဲ့၏။

မည်သူကမှ လက်မလျှော့လိုကြသေးပေ။

အမြစ်ကို မဖယ်ရှားဘူးဆိုပါက ရွက်သစ်များ ဝေလာမည်ဆိုသည့် သဘောတရားကို လူတိုင်းက သိနေခဲ့ကြသည်။ အထူးသဖြင့် လုချန်ရှန်း၏ စွမ်းရည်များနှင့် ပါရမီများက အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းနေသာ အခြေအနေမျိုးတွင် ဖြစ်သည်။

မည်သို့ပင်စေကာမူ ယုံကြည်စိတ်ချရသော အရင်းအမြစ်များအရ လုချန်ရှန်းက မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ ရောက်ရှိကာ အသက်နှစ်ဆယ်အရွယ်မျှသာ ရှိသေးသည်။ ထိုကဲ့သို့သော အမြန်နှုန်းက ကြောက်ခမမ်းလိလိ မြန်ဆန်လွန်းလှသည်။ သူက နှစ်အနည်းငယ်အတွင်းမှာပင် ပိုမိုတိုးတက်အားကောင်းလာပေလိမ့်မည်။

အပြင်သို့ ပြန်ရောက်သွားမည်ဆိုပါက ကူချန်ကျွင်း၏ အဟန့်အတားဖြင့် သူ့ကို မည်သူက ထိဝံ့တော့မည်နည်း။

ယခုလက်ရှိ အချိန်မှာ အကောင်းဆုံးသော အခွင့်အရေးဖြစ်ပေသည်။

ချက်ချင်းဆိုသလိုပင် တစ်စုံတစ်ဦးက စကားဝင်ပြောလာခဲ့၏ “ ငါတို့က ဝမ်ထျန်စံအိမ်က လူတွေကို ရှာရလိမ့်မယ် “

“ နည်းလမ်းတွေအရဆိုရင် ဝမ်ထျန်စံအိမ်ကို ဘယ်သူက ယှဥ်နိုင်မှာလဲ။ တကယ်တော့ သူတို့က ဒီပြဿနာကို ဖြေရှင်းပေးနိုင်လောက်တယ် “

“ ဟုတ်တယ် “

လူတိုင်းက ဆုံးဖြတ်ချက်ချလိုက်ကြသည်။

သို့သော် ထိုအခိုက်အတန့်တွင် တစ်စုံတစ်ဦးက ပြဿနာတစ်ခုကို သိရှိသွားခဲ့သည်။

အစတွင် ထူထဲသိပ်သည်းနေခဲ့သည့် မြူခိုးများက တဖြည်းဖြည်း ပြန့်ကျဲလာကာ ဘက်ပေါင်းစုံသို့ ပျံ့လွင့်၍ ဤနေရာတစ်ခုလုံးကို တဖြည်းဖြည်း ဖုံးလွှမ်းလာခဲ့လေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားခဲ့သည်။ ယခုလေးတင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များက သူတို့၏ အတွေးများအတွင်းတွင် လတ်လတ်ဆတ်ဆတ် ရှိနေသေးပြီး သူတို့အားလုံးမှာ တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ထွက်ပြေးသွားကြသည်။

လုချန်ရှန်းတစ်ဦးတည်းကသာလျှင် ငေးငေးငိုင်ငိုင်ဖြင့် ကျန်နေခဲ့လေသည်။ သူသည် သူ့ခန္ဓာကိုယ်တွင် ဖိနှိပ်ထားသည့် အစိမ်းရောင် အလင်းတန်းကို အာရုံခံကြည့်ကာ ရေရွတ်ပြောဆိုနေခဲ့သည်။

“ ဝမ်ထျန်စံအိမ် ….. သူတို့ကရော လှုပ်ရှားလာကြမှာလား “

--

………………………………………………………………………………………………………………………………………….

All Chapters