← Chapters

အခန်း ၃၆၇

Vol. 25 Ch. 367

အခန်း ၃၆၇

Vol. 25 Ch. 367

အပိုင်း ( 367 )

နတ်ခန္ဓာ၏ စွမ်းအား

ထျန်းယုမှာ အံ့ဩတကြီး ဖြစ်နေလျက်ရှိပြီး အရာအားလုံးမှာ သူမျှော်မှန်းထားသည်ထပ် အဆပေါင်းများစွာ ကျော်လွန်နေခဲ့သည်။

နတ်ပစ္စည်း၏ ပိတ်ဆို့မှုကို ဖောက်ထွက်ကာ ဤနေရာသို့ ရောက်လာနိုင်သည့် လူငယ်လေးက စကားတစ်ခွန်းမှ မပြောဘဲ ချက်ချင်းတိုက်ခိုက်လာခဲ့သည်။

၎င်းက အဆင်ပြေသော်လည်း တစ်ဖက်လူမှာ သူ၏ မွေးရာပါ ဝိညာဥ်နယ်ပယ် ကျင့်ကြံရေးကို အားကိုးကာ သူနှင့်ဤအခြေအနေမျိုးအထိ တိုက်ခိုက်နေနိုင်ခဲ့ပြီး သူ၏ မိုးကြိုးနိယာမက ကြီးမားသော အောင်မြင်မှုအဆင့်သို့ပင် ရောက်ရှိနေခဲ့သည်။

သူ၏ ရုပ်ခန္ဓာမှာလည်း ပြိုင်ဘက်ကင်းနေခဲ့ပြီး တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် သူနှင့် သူမသာကိုယ်မသာ အခြေအနေမျိုးအထိ တိုက်ခိုက်နေနိုင်ခဲ့သည်။ အကယ်၍ သူ့ထံတွင် အဆိုပါ တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာ မရှိဘူးဆိုပါက သူ၏ ရုပ်ခန္ဓာက တစ်ဖက်လူကြောင့် ပြိုကွဲပျက်စီးသွားသည်မှာ အတော်ပင် ကြာနေလောက်ပြီဖြစ်သည်။

တစ်ဖက်တွင် ရှိနေသည့် လုချန်ရှန်းကမူ တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာကို ငေးကြည့်ကာ မျက်လုံးများ တလက်လက် တောက်ပသွားခဲ့သည်။

ယခုလေးတင် တိုက်မိခဲ့ပြီးသည့်နောက်တွင် သူသည် အဆိုပါ ချပ်ဝတ်တန်ဆာက အတော်ပင် အားကောင်းခိုင်ခံ့သည်ဆိုသည်ကို သိရှိလိုက်ရသည်။ ၎င်းက သူ့အတွက် ပြုလုပ်ထားပြီး သူနှင့်နက်နက်ရှိုင်းရှိုင်း ရေစက်ပါနေသည့်အလား ဖြစ်နေခဲ့သည်။

အုမ်းးးးးးး

အသေသတ် တိုက်ကွက်တစ်ခု ထပ်မံ၍ ကျဆင်းသွားချိန်တွင် ဟိန်းဟောက်သံတစ်သံ ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့ပြီး တောင်တန်းတစ်ခုလုံး ပြာအတိပြီးသွားခဲ့သည်။

ထျန်းယုမှာ မျက်လုံးအပြူးသား ဖြစ်သွားခဲ့သည်။ သူသည် ဤနေရာတွင် ထိုမျှအားကောင်းသော ပြိုင်ဘက်တစ်ဦးနှင့် ရင်ဆိုင်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အဆင့်ကျော်၍ တိုက်ခိုက်နေသည်ဆိုသည့် အချက်ကပင် တစ်ဖက်လူ၏ ကြောက်မက်ဖွယ်ကောင်းမှုကို သက်သေပြနေခဲ့သည်။

“ မင်းက နတ်ဆိုးကျင့်ကြံသူတွေထဲက တစ်ယောက်လား “

ထျန်းယုက စကားထပ်ပြောလာခဲ့ကာ မေးခွန်းထုတ်နေတော့သည်။

လုချန်ရှန်းက မည်သို့မျှ မတုံ့ပြန်လိုက်ပေ။ သူ၏ လက်များတွင် မိုးကြိုးများ အဆက်မပြတ် ကခုန်နေပြီး သူသည် အရှေ့သို့ ဆက်တိုက်တိုက်ခိုက်နေခဲ့သည်။

သူ၏ ရုပ်ခန္ဓာက ချပ်ဝတ်တန်ဆာနှင့် တိုက်မိနေပြီး ကြောက်မက်ဖွယ်ရာ အသံများကို ဆက်တိုက်ထုတ်လွှတ်နေခဲ့သည်။ ထိုကဲ့သို့ ပိုဖြစ်လေလေ ထိုပစ္စည်းက သူနှင့်ရေစက်ပါသည်ဟု သူပိုခံစားရလေလေ ဖြစ်နေခဲ့သည်။

တစ်ဖက်လူက မတုံ့ပြန်ဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင် ထျန်းယု၏ အမူအရာ မည်းမှောင်သွားခဲ့သည်။ သူသည် လက်ဟန်များစွာ ပြုလုပ်ကာ သူ့အရှေ့ရှိ လူကို သတ်ဖြတ်ရန် အံ့ဖွယ်ကောင်းသည့် မန္တာန်များကို ဆက်တိုက်ထုတ်လွှတ်နေတော့၏။

သို့ရာတွင် အဆိုပါ မန္တာန်များက မည်မျှပင် ကြောက်မက်ဖွယ်ကောင်း၍ အစွမ်းထက်နေခဲ့ပါစေ တစ်ဖက်လူ၏ အနားသို့ မည်သို့မျှ မကပ်နိုင်ခဲ့ပေ။

မိုးကြိုးနိယာမ စွမ်းအားများ ပေါက်ထွက်လာခဲ့ပြီး မိုးကြိုးနိယာမက အလွန်တရာ ကြီးစိုးနေကာ နိယာမအားလုံးကို တစ်ချက်တည်းဖြင့် ဖြိုခွင်းနိုင်သည့် သဘာဝကို ပြသနေခဲ့သည်။

ထျန်းယု၏ မန္တာန်များ ထပ်မံ၍ ဖြိုခွင်းခံလိုက်ရချိန်တွင် လုချန်ရှန်းမှာလည်း တစ်ဖက်လူ၏ အားနည်းချက်ကို ရှာတွေ့သွားခဲ့သည်။ သူ၏ ရုပ်ခန္ဓာက သန်မာအားကောင်းမနေဘဲ အကာအကွယ်အတွက် တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာကိုသာ အပြည့်အဝ မှီခိုနေခဲ့ရသည်။

သို့ရာတွင် တိုက်ခိုက်မှုများ အဆက်မပြတ် ကျဆင်းနေမှုနှင့်အတူ သူ၏ ချီသွေးများ ဆက်တိုက်ရုန်းကြွနေခဲ့ပြီး အချိန်အတော်ကြာ မငြိမ်မသက် ဖြစ်နေခဲ့သည်။

တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာက သန်မာအားကောင်းသော်လည်း သူက လုံလုံလောက်လောက် အားကောင်းမနေခဲ့ပေ။ သို့သော် သူပြသခဲ့သည့် နည်းစနစ်များနှင့် မှော်စွမ်းအားများက အမှန်ပင် အံ့ဖွယ်ကောင်းနေခဲ့ပြီး တစ်ခြားလူများကို ချိုးဖက်ရ ခက်ခဲသွားစေခဲ့၏။ ရှောင်ဟေး၏ အကဲဖြတ်မှုအရ ၎င်းက နတ်ခန္ဓာ၏စွမ်းအားဖြစ်ဖို့များသည်။ သို့ရာတွင် သူ၏ နတ်ခန္ဓာက ကြီးမားသော အောင်မြင်မှုနယ်ပယ်သို့ မရောက်ရှိသေးပေ။

လုချန်ရှန်းမှာလည်း သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။ ၎င်းက အလွန်တရာ အစွမ်းထက်လွန်းလှသော ပြိုင်ဘက်တစ်ဦးဖြစ်ပြီး အထက်နယ်မြေ၏ ထိုလူများက အတော်ပင် မောက်မာကြသော်လည်း သူတို့ထံတွင် ထိုကဲ့သို့ မောက်မာနိုင်သည့် စွမ်းရည်မျိုး ရှိနေခဲ့သည်။

ထို့အပြင် ထိုလူက အဆင့်၈နေရာတွင်သာ ရှိနေသည့် လူတစ်ဦးဖြစ်ပြီး သူ့အထက်ရှိ လူခုနစ်ဦးက သေချာပေါက် ပိုမိုကြောက်မက်ဖွယ်ကောင်းနေပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် နတ်ပစ္စည်းက အပြင်ဘက်မှ လူများကို ပိတ်ဆို့ထားပြီး ထိုလူများက မည်သည့်အရာကိုမှ မမြင်ရသော်လည်း သူတို့က ကမ္ဘာမြေ တုန်ခါမှုနှင့် အဆက်မပြတ် တိုက်ခိုက်နေသည့် ကြောက်မက်ဖွယ်ရာ စွမ်းအင်များကို အာရုံခံနေနိုင်သေး၏။

တစ်စုံတစ်ဦးက မအောင့်ထားနိုင်တော့ဘဲ တအံ့တဩပြောဆိုနေတော့သည် “ ထျန်းယုသခင်လေးက တကယ်ကို ထူးခြားတာပဲ။ သူ့ရဲ့ တွက်ချက်မှုတွေက ဒီလိုလှုပ်ခတ်မှုတွေကိုတောင် ဖြစ်လာစေခဲ့တယ် “

“ ဟုတ်တယ်။ နတ်ပစ္စည်းကတောင် အဲ့တာကို မဖိနှိပ်နိုင်ဘူး။ အဲ့တာက ဘယ်လိုပညာရပ်မျိုးလဲ “

“ တွက်ချက်မှုတွေကတင် တော်တော်လေးကို စွမ်းနေပြီ။ တကယ်လို့ သူကသာ အဲ့တာတွေကို တိုက်ခိုက်ရေးမှာ သုံးလိုက်မယ်ဆိုရင် ………… “

“ သခင်လေးကတော့ သခင်လေးပါပဲ။ ငါတို့က တကယ်ကို မယှဥ်နိုင်ဘူး “

…

လူတစ်အုပ်က တအံ့တဩဖြင့် ချီးကျူးပြောဆိုနေခဲ့ကြသည်။

ဝမ်ထျန်စံအိမ်၏ လူတစ်ဦးတည်းသာလျှင် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားနေခဲ့ရသည်။ သို့သော် သခင်လေးဖြစ်သူက မနှောင့်ယှက်ရန် ပြောထားပြီး ကျန်းဟိုင်စည်းတံဆိပ်ပင် ရှိနေသောကြောင့် မည်သည့်အရာမှ လွဲချော်သွားလိမ့်မည် မဟုတ်ပေ။

ထိုစဥ် တိုက်ခိုက်နေသည့် ထျန်းယုမှာ အံ့ဩတုန်လှုပ်နေလျက်ရှိ၏။

လုချန်ရှန်းက ရူးသွပ်သွားပုံရပြီး မရပ်မနား တိုက်ခိုက်နေခဲ့ကာ သူ၏ စွမ်းအင်များက မိုးကြိုးနိယာမတို့ဖြင့် ရောစပ်နေခဲ့သည်။ တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာ၏ ပိတ်ဆို့မှုရှိနေသော်လည်း သူက ရိုက်ခတ်မှုကို ခံစားနေခဲ့ရသည်။

အစပိုင်းတွင် သူ့နည်းစနစ်များ၏ အားသာချက်က အဝေးမှ တိုက်ခိုက်နိုင်ခြင်းဖြစ်သည်။ သို့သော် ထိုလူက အနီးကပ်တိုက်ရန် အတင်းအကြပ် ကြိုးပမ်းနေခဲ့လေသည်။

သူက အနည်းငယ်မျှ နောက်ဆုတ်သွားသည်နှင့်တစ်ပြိုင်နက် တစ်ဖက်လူက အမှီလိုက်လာခဲ့ပြီး သူ့အား မည်သည့်အခွင့်အလမ်းမှ မပေးခဲ့ချေ။

သို့သော် ကြာကြာတိုက်လေလေ ထျန်းယုက ပိုမိုအံ့အားသင့်ရလေလေ ဖြစ်နေခဲ့သည်။ သူကိုယ်တိုင်က မွေးရာပါ ဝိညာဥ်နယ်ပယ်ဖြင့် ဟွာရှုနယ်ပယ် ပညာရှင်ကို တိုက်ခိုက်နိုင်ခဲ့သည်။ သို့သော် တစ်ဖက်လူကမူ မွေးရာပါ ဝိညာဥ်ကျင့်ကြံရေးဖြင့် ဟွာရှုနယ်ပယ် ပညာရှင်သူ့ကို ဤအခြေအနေအထိ တိုက်ခိုက်နိုင်ခဲ့သည်။

သူ၏ နတ်ခန္ဓာကပင် ၎င်းကို မတောင့်ခံနိုင်လုနီးပါး ဖြစ်နေခဲ့သည်။

“ မင်းက ဘယ်သူလဲ “

ထျန်းယုက မည်သို့မျှ တည်ငြိမ်မနေနိုင်တော့ဘဲ မေးခွန်းထုတ်လာခဲ့ပြန်သည်။

လုချန်ရှန်းက မည်သို့မျှ မတုံ့ပြန်လိုက်ပေ။ တစ်ဖက်လူက တစ်ခဏမျှ သတိလွတ်သွားချိန်တွင် သူက ၎င်းကို အခွင့်အရေးယူကာ တစ်ဖက်လူ၏ မျက်နှာကို ရိုက်ချ၍ ဆက်တိုက်နောက်ဆုတ်သွားစေလိုက်၏။ ထျန်းယု၏ ချောမောသန့်စင်သော မျက်နှာမှာ ဝက်ခေါင်းအလား ရောင်ကိုင်းနေခဲ့ပြီ ဖြစ်သည်။

“ မင်းသေသင့်တယ်။ ဒီကိစ္စအတွက် မင်းပြန်ပေးဆပ်ရမယ် “

ချက်ချင်းဆိုသလိုပင် ထျန်းယုက အော်ဟစ်ဟိန်းဟောက်လာခဲ့သည်။ သူသည် မွေးဖွားလာသည့် အချိန်ကတည်းက ထိုကဲ့သို့သော အရှက်ခွဲမှုမျိုးကို တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ရဖူးပေ။

သူ၏ ခန္ဓာကိုယ်မှာ နတ်အလင်းတန်းများ ချက်ချင်းပေါက်ထွက်လာခဲ့ပြီး ရောင်ခြည်များ သူ့ကို ဖုံးလွှမ်းသွားကာ သူ၏ မျက်ခုံးများ အကြားတွင် ရှုပ်ထွေးသော ရုန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး နတ်စွမ်းအား ပေါ်ထွက်လာခဲ့သည်။

ထို့နောက်စက္ကန့်ပိုင်းမျှအကြာတွင် ၎င်းက သူ၏ ခန္ဓာကိုယ်မှ ပေါက်ထွက်လာခဲ့သည်။

ဝှစ်

အလင်းတန်းများ လိမ်ယှက်လာခဲ့ပြီး ကောင်းကင်ထက်တွင် ဧရာမ လက်တစ်ဖက် ပေါ်ထွက်လာကာ ရွှေရောင်အလင်းတန်းတစ်ခု စီးဆင်းလာခဲ့၏။ ထိုစွမ်းအားက စကားလုံးတို့ဖြင့် ဖော်ပြ၍ မရပေ။ ၎င်းက နတ်ဘုရားနယ်ပယ်သို့ မရောက်ရှိသေးသော်လည်း နတ်စွမ်းအားကို ပိုင်ဆိုင်နေခဲ့ပြီ ဖြစ်သည်။

ဧရာမလက် ဆင်းသက်လာမှုနှင့်အတူ လုချန်ရှန်းက အပေါ်သို့ မော့ကြည့်ကာ စိုက်ကြည့်နေခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှ မိုးကြိုးလျှပ်စီးများစွာ ပွင့်လန်းလာခဲ့ပြီး မိုးကြိုးပင်လယ်ပြင်အဖြစ် အသွင်ပြောင်းသွားခဲ့သည်။

ဧရာမလက် ကျဆင်းလာကာ စွမ်းအားနှစ်ခု တိုက်မိသွားပြီး ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများကို ဖြာထွက်လာစေခဲ့၏။ တောင်တန်းများက နတ်လက်နှင့် မိုးကြိုးပင်လယ်ပြင်တို့၏ ပြင်းထန်သော တိုက်ပွဲကြားတွင် ဆက်တိုက် ပြိုကျပျက်စီးသွားပြီး နက်ရှိုင်းသော တွင်းပေါက်ကြီးတစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။

ဧရာမလက် ဆက်တိုက်ကျဆင်းနေခဲ့ပြီး လုချန်ရှန်းကို ချေမွဖျက်စီးရန် ကြိုးပမ်းနေခဲ့သည်။ သို့သော် မိုးကြိုးများ အဆက်မပြတ် ပစ်ခတ်နေခဲ့ပြီး အလင်းတန်းများကို ဆက်တိုက်ပြိုကွဲသွားစေကာ လက်ချောင်းများကို ပျက်စီး၍ ပျောက်ကွယ်သွားခဲ့သည်။

ရှောင်ဟေးက တအံ့တဩဖြင့် စောင့်ကြည့်နေခဲ့သည်။ ထိုတိုက်ပွဲက အမှန်ပင် အံ့အားသင့်ဖွယ်ကောင်းနေခဲ့သည်။

၎င်းက ပြီးဆုံးသွားပြီဟု သူထင်နေသည့် အချိန်မှာပင် ထျန်းယု၏ ခန္ဓာကိုယ်မှ အလင်းတန်းတစ်ခု ထပ်မံ၍ ပွင့်လန်းလာခဲ့ပြီး မီတာဒါဇင်နှင့်ချီ၍ မြင့်မားသော ဓမ္မပုံရိပ်တစ်ခု ပေါ်လာခဲ့ကာ ၎င်း၏လက်ကို မြှောက်၍ လက်သီးဆုပ်လိုက်ပြီး အောက်သို့ ထုခြေလာခဲ့သည်။

သူ၏ လှုပ်ရှားမှုတိုင်းက ကောင်းကင်နှင့်မြေပြင်ကို လှုပ်ခတ်သွားစေခဲ့သည်။ အဆုံးမဲ့ လေပြင်းများနှင့် တိမ်သားတိမ်စိုင်များ ဖုံးလွှမ်းလာခဲ့ပြီး အားလုံးက လုချန်ရှန်းကို ဖိနှိပ်လာခဲ့သည်။

“ အဲ့တာက နတ်ခန္ဓာလား “ ရှောင်ဟေးက တစ်ကိုယ်တည်း ရေရွတ်ပြောဆိုကာ အံ့ဩတကြီး ဖြစ်နေလျက်ရှိသည်။

လုချန်ရှန်းကမူ အေးအေးလူလူ ငေးကြည့်နေခဲ့သည်။ ပင်လယ်ပြင်က ကခုန်နေစဲဖြစ်ပြီး အရာအားလုံးကို ခုခံရန် ၎င်း၏ စွမ်းအားကို စုစည်းနေခဲ့သည်။

ဓမ္မပုံရိပ်မှာ သတ်ဖြတ်ရန် ဆင်းသက်လာခဲ့ပြီး ကြီးမားသော လက်သီးတစ်လုံး တိုးဝင်လာခဲ့သည်။ ၎င်းဖြတ်သန်းသွားရာ နေရာတိုင်းတွင် လေပြင်းများ တိုက်ခတ်ကာ စွမ်းအင်အားလုံး ပြိုကွဲသွားခဲ့သည်။

အဆိုပါ လက်သီးချက်က မိုးကြိုးပင်လယ်ပြင်ကို ထိမှန်သွားပြီး မိုးကြိုးပင်လယ်ထံမှ ကြောက်မက်ဖွယ်ရာ မိုးကြိုးများ ပေါက်ထွက်လာခဲ့သည်။ သို့သော် ၎င်းတို့က လက်သီးချက်ကို မည်သို့မျှ မပိတ်ဆို့နိုင်ခဲ့ဘဲ ဖြည်းဖြည်းချင်း ဖျက်စီးခံနေရကာ လျှပ်စီးတန်းများအဖြစ် အသွင်ပြောင်း၍ ပျောက်ကွယ်သွားခဲ့သည်။

ကြီးမားသော ဓမ္မပုံရိပ်မှာလည်း မိုးကြိုးပင်လယ်အတွင်း နစ်မြုပ်သွားခဲ့သည်။ မိုးကြိုးများ ဆက်တိုက်ပျောက်ကွယ်သွားကာ ၎င်း၏ စွမ်းအားများ ကြီးကြီးမားမား လျော့နည်းသွားခဲ့သည်။

ရှောင်ဟေးသည် လုချန်ရှန်း၏ မိုးကြိုးနိယာမ ပြိုကွဲသွားသည်ကို ပထမဦးဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ရသည်။ ၎င်းမှာ တစ်ဖက်လူက မည်မျှအားကောင်းလဲဆိုသည်ကို သက်သေပြရန် လုံလောက်သည်ထပ်ပင် ပိုနေခဲ့သည်။ သူက အထက်နယ်မြေ၏ ကြောက်မက်ဖွယ်ရာ တည်ရှိမှုတစ်ခုဖြစ်ပြီး အဆင့်တူတွင် ပြိုင်ဘက်တွေ့ရန်မှာ အလွန်တရာ ရှားပါးလွန်းခဲ့သည်။

ဤအခိုက်အတန့်တွင် မိုးကြိုးပင်လယ်မှာ ဓမ္မပုံရိပ်၏ ဖျက်စီးခြင်းကို ခံနေရပြီး ဓမ္မပုံရိပ်ကိုယ်တိုင်ကပင် အက်ကြောင်းများ ပြလာကာ ကွာကျတော့မည့်အလား ဖြစ်နေခဲ့သည်။

လုချန်ရှန်း မတုံ့ပြန်နိုင်ခင် အချိန်မှာပင် ထျန်းယုက အော်ဟစ်ဟိန်းဟောက်လာခဲ့သည်။ သူ့မျက်ခုံးများအကြားရှိ ရုန်းမှာ ပိုမိုတောက်ပလာခဲ့ပြီး နတ်အလင်းတန်းများ လိမ်ယှက်သွားကာ ချိန်းကြိုးလေးခုအဖြစ် ဖွဲ့တည်ကာ ဟင်းလင်းပြင်ကို ကျော်ဖြတ်၍ လုချန်ရှန်း၏ အရှေ့တွင် ပေါ်လာခဲ့သည်။

မိုးကြိုးပင်လယ်က ၎င်းတို့ကို မတားဆီးနိုင်ခဲ့ပေ။ ၎င်းက သူ၏ ခြေလက်များကို တုပ်နှောင်သွားခဲ့သည်။

အလင်းတန်း တောက်ပလာချိန်တွင် ချိန်းကြိုးများက ဆက်တိုက်တင်းကြပ်လာခဲ့ပြီး သူ့ကို ချုပ်နှောင်ကာ ညှစ်သတ်ရန် ကြိုးပမ်းနေတော့သည်။ သူ၏ ပတ်ပတ်လည်တွင် ရှိနေသည့် တာအိုနှင့် နိယာမများ ရပ်တန့်သွားပုံရကာ ဓမ္မပုံရိပ်က မိုးကြိုးပင်လယ်ပြင်ကို အပြည့်အဝ ပြိုကွဲသွားစေပြီး လုချန်ရှန်းကို သတ်ဖြတ်ရန် အသင့်ဖြစ်နေခဲ့သည်။

“ သေ “

ထျန်းယုက ဒေါသတကြီး ဟိန်းဟောက်လာခဲ့သည်။ အဆုံးမဲ့ နတ်စွမ်းအားများ ပေါက်ထွက်လာခဲ့ပြီး သူ့အရှေ့တွင် ရှိနေသည့် လူငယ်လေးအပေါ်သို့ ကျဆင်းသွားခဲ့သည်။

လုချန်ရှန်းက အတော်ပင် အံ့ဩတုန်လှုပ်သွားခဲ့သည်။ သူက နတ်ခန္ဓာ၏ စွမ်းအားကို သိနေပြီး ၎င်းက ကြီးမားသော အောင်မြင်မှုနယ်ပယ်သို့ မရောက်ရှိသေးသော်လည်း အတော်ပင် ကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူကသာ နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိသွားမည်ဆိုပါက သူက ပြိုင်ဘက်ကင်း နတ်ဘုရားတစ်ပါး ဖြစ်သွားပေလိမ့်မည်။

၎င်းကို တွေးမိသွားသောအခါတွင် သူက စိတ်ခံစားချက်တို့ဖြင့် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။ သူ၏ စိတ်ကူးစိတ်သန်းများထပ် ကျော်လွန်နေသည့် ပါရမီရှင်များ အမှန်တကယ် များပြားနေခဲ့သည်။

၎င်းကို တွေးမိသွားသောအခါတွင် သူသည် ထျန်းယု၏ မျက်နှာပေါ်တွင် ရှိနေသည့် အေးစက်စက် အလင်းတန်းကို ငေးကြည့်နေတော့သည်။ တစ်ဖက်လူ၏ မျက်ခုံးများအကြားတွင် အလင်းတန်းတစ်ခု ရှိနေပြီး သူ၏ မျက်ဝန်းများအတွင်းတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းနေလျက်ရှိ၏။ ထို့နောက်၌ လုချန်ရှန်း၏ မျက်ခုံးများ အကြားမှ အလင်းတန်းများ ပေါ်ထွက်လာပြီး ချိန်းကြိုးများအပေါ်သို့ ကျဆင်းသွားခဲ့သည်။

ချိန်းကြိုးများက တချွင်ချွင် အော်မြည်နေကာ ထိခတ်မှုအသံများ ထုတ်လွှတ်နေခဲ့ပြီး ဟင်းလင်းပြင်ကိုပင် တွန့်ခေါက်သွားစေခဲ့၏။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ချိန်ကြိုးများ ပျက်စီးသွားကာ အဆက်မပြတ် နောက်ပြန်ကန်ထွက်နေခဲ့သည်။ အဆုံးမဲ့ ဓားဆန္ဒများ ကောင်းကင်ထက်သို့ ထောင်တက်သွားပြီး ပြန်ကန်ထွက်လာသည့် ချိန်းကြိုးများကို ဖြတ်တောက်ကာ ထျန်းယုဆီသို့ တိုက်ရိုက်ဦးတည်သွားတော့သည်။

--

………………………………………………………………………………………………………………………………………..

All Chapters