အခန်း ၃၆၈
Vol. 25 Ch. 368
အပိုင်း ( 368 )
သခင်လေးရဲ့ စကားတွေကို နားထောင်ရမယ်
ဓားဆန္ဒ ပေါ်ထွက်လာကာ ချိန်းကြိုးများကို ဆက်တိုက်တိုက်ခိုက်နေတော့၏။
၎င်းက နတ်ခန္ဓာ၏ စွမ်းအားဖြစ်ပြီး တာအိုနှင့် ဖွဲ့စည်းထားသော အရာဖြစ်သည်။ သို့သော် ယခုတွင်မူ ၎င်းက ဖြတ်တောက်ခံနေရပြီဖြစ်သည်။
ဓားဆန္ဒများက အမျိုးမျိုးသော ထူးခြားဖြစ်စဥ်များအဖြစ် အသွင်ပြောင်းသွားခဲ့သည်။ နဂါးအရိပ်များ ရစ်ခွေနေခြင်း ဖီးနစ်များ ပျံသန်းကခုန်နေခြင်း မဂ်လာရှိသော သားရဲများ ဟိန်းဟောက်ခြင်းနှင့် ကောင်းကင်ထက်သို့ ကောင်းကင်ဝါးမျိုငှက်တစ်ကောင် ပျံတက်လာခဲ့ပြီး ချိန်းကြိုးလေးခုစလုံး ဆက်တိုက်ထုရိုက်ခံနေခဲ့ရသည်။
ထျန်းယု၏ အမူအရာ ပြောင်းလဲသွားပြီး သူ၏ မျက်ဝန်းများအတွင်းတွင် မယုံကြည်နိုင်ဖြစ်နေမှုတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှ နတ်စွမ်းအားများ ရုတ်တရက်ပေါက်ထွက်လာပြီး ၎င်း၏ စွမ်းအားကို အကုန်အစင် အသုံးပြုကာ အရာအားလုံးကို တားဆီးပိတ်ဆို့နေတော့၏။
သို့ရာ၌ ဓားဆန္ဒဖြတ်သန်းသွားရာ နေရာတိုင်းတွင် အရာအားလုံး တိုက်ရိုက်ပြိုကွဲသွားခဲ့သည်။
ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေဖြင့် တစ်ခဏခန့် ရပ်တန့်သွားသော်လည်း အဆုံးတွင် ၎င်းကို ထွင်းဖောက်နိုင်ခဲ့သည်။ ကြီးမားသော အောင်မြင်မှုနယ်ပယ်သို့ မရောက်ရှိသေးသည့် နတ်ခန္ဓာက လုချန်ရှန်းကို ကြာရှည်စွာ ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။
ချိန်းကြိုးများ ပြတ်တောက်သွားသည့်နောက်တွင် ဓားဆန္ဒက ထျန်းယုသို့ ရောက်ရှိသွားပြီး သူ၏ ခုခံမှုများကို တစ်ခဏခန့် ချေမှုန်းနေခဲ့ပြီးမှ သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားခဲ့သည်။
ကြောက်မက်ဖွယ်ရာ အသံများ ဆက်တိုက်ပေါ်ထွက်နေခဲ့ပြီး ဓားဆန္ဒက သူ့ကို အဆက်မပြတ် တိုက်ခိုက်နေခဲ့၏။
တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာ တောက်ပလာခဲ့ကာ ဓားဆန္ဒ၏ တိုက်ခိုက်မှုများကို တစ်ခုပြီးတစ်ခု တားဆီးပိတ်ဆို့နေတော့သည်။
ဟမ်
လုချန်ရှန်းမှာ တအံ့တဩဖြစ်သွားခဲ့သည်။ အဆိုပါ တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာက အမှန်ပင်ထူးခြားနေခဲ့သည်။ သူ၏ ဓားဆန္ဒက တုန်လှုပ်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း အပြည့်အဝ တားဆီးပိတ်ဆို့ခံလိုက်ရသည်။
သို့ရာတွင် ချပ်ဝတ်တန်ဆာက တိုက်ခိုက်မှုများကို ပိတ်ဆို့ခဲ့သော်လည်း ထျန်းယုက လွယ်ကူသော အချိန်များကို မပိုင်ဆိုင်ခဲ့ပေ။ ဆက်တိုက်တိုက်ခိုက်မှုများအောက်တွင် သူ၏ ချီသွေးများကို မထိန်းချုပ်နိုင်တော့ဘဲ သူ၏ ပါးစပ်ထောင့်တွင် သွေးစီးကြောင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းက သူ၏ တိုက်ခိုက်မှုများကို ရပ်တန့်လိုက်သည်။
ရှောင်ဟေးက ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည် “ ဘာဖြစ်လို့ ရပ်လိုက်တာလဲ။ မင်းကို ပိတ်ဆို့ထားတဲ့ဟာ တစ်ခုခု ရှိနေလို့များလား “
“ မဟုတ်ဘူး “
“ အဲ့တာဆိုရင် ဘာကိစ္စ ဆက်မတိုက်လိုက်ရတာလဲ “
“ အဲ့ဒီတိုက်ပွဲဝင် ချပ်ဝတ်တန်ဆာကို မတွေ့ဘူးလား “ ဟု လုချန်ရှန်းက ပြန်လည်ချေပလိုက်၏။
ရှောင်ဟေးက ပြန်ပြောလိုက်သည် “ တွေ့တယ်လေ။ အဲ့တော့ “
“ အဲ့တာ ပျက်စီးသွားရင် ဘယ်လိုလုပ်မလဲ “
ထိုစကားတစ်ခွန်းက ရှောင်ဟေးကို မှင်သက်ဆွံ့အသွားစေခဲ့သည်။ သို့သော် ၎င်းက တစ်နည်းနည်းဖြင့် ကျိုးကြောင်းသင့်နေပုံရ၏။
သူတို့နှစ်ဦး စကားပြောနေစဥ် အချိန်မှာပင် ရှောင်ဟေးက ရုတ်တရက် အော်ပြောလာခဲ့သည် “ သတိထား “
သူ၏ အသံ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ဓမ္မပုံရိပ်က မိုးကြိုးပင်လယ်ကို အပြည့်အဝ ချိုးဖျက်ကာ လုချန်ရှန်းဆီသို့ ပြေးတက်လာခဲ့သည်။
ဝရုန်းးး
ထိုမျှအရေးကြီးသော အခိုက်အတန့်မှာပင် လုချန်ရှန်းက အေးအေးလူလူ ရှိနေခဲ့သည်။ ဧရာမ လက်ဝါးတစ်ဖက် ဆင်းသက်လာခဲ့ပြီး သူသည် ၎င်းကို ပိတ်ဆို့ရန်အတွက် သူ၏ လက်နှစ်ဖက်စလုံးကို မြှောက်၍ ၎င်း၏ လက်ချောင်းများအနက်မှ တစ်ချောင်းကို ဆွဲယူနေတော့သည်။
သူ၏ ခန္ဓာကိုယ်မှ အဆုံးမဲ့ မှော်စွမ်းအားများ ပေါက်ထွက်လာမှုနှင့်အတူ ဟင်းလင်းပြင်တစ်ခုလုံး လှုပ်ရမ်းနေလျက်ရှိပြီး ဓမ္မပုံရိပ်တစ်ခုလုံးကို အတင်းအဓမ္မ မတင်ကာ ထျန်းယုထံသို့ ပစ်ပေါက်လိုက်၏။
ထျန်းယုအနားသို့ ရောက်ရှိသွားချိန်တွင် အဆိုပါ ဓမ္မပုံရိပ်က အလင်းမှုန်လေးများအဖြစ် အသွင်ပြောင်းကာ သူ၏ ခန္ဓာကိုယ်ဆီသို့ ပြန်လည်တိုးဝင်သွားကြသည်။
သို့ရာတွင် ထျန်းယု၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။ ထိုကဲ့သို့သော စွမ်းအားမျိုးက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီး သူ၏ နားလည်နိုင်စွမ်းနှင့် မျှော်မှန်းချက်များထပ်ပင် ကျော်လွန်နေခဲ့သည်။
ဝမ်ထျန်သားတော်ကိုးပါးအနက်မှ တစ်ပါးဖြစ်သည့် နတ်ခန္ဓာပိုင်ရှင်မှာ ထိုအခြေအနေအထိ အမှန်တကယ် ဖိနှိပ်ခံလိုက်ရသည်။
“ မင်းဘယ်သူလဲ “
သူက တစ်ဖက်လူ၏ ဇစ်မြစ်(သို့) ရန်ငြိုးကို မသိပေ။
လုချန်ရှန်းက မည်သို့မျှ မတုံ့ပြန်လိုက်ပေ။ သူသည် ရှေ့သို့ခြေတစ်လှမ်းတိုးသွားခဲ့သည်။ မှော်စွမ်းအားများ ဘက်ပေါင်းစုံမှ ပေါက်ထွက်လာကာ ထိုနေရာသို့ ဖိဆင်းသွားခဲ့သည်။
မိုးကြိုးစွမ်းအားနှင့် ဓားဆန္ဒတို့ တစ်ပြိုင်နက် ရောစပ်သွားပြီး စကားလုံးတို့ဖြင့် ဖော်ပြ၍မရသည့် စွမ်းအားတစ်ခု ပေါက်ထွက်လာခဲ့သည်။
“ မင်းက လုချန်ရှန်းလား “
သူသည် သူက အဆင့်နိမ့်နယ်မြေသို့ ရောက်နေပြီး မည်သူနှင့်မှ ရန်ငြိုးမရှိဘူးဆိုသည်ကို အမှတ်ရသွားခဲ့သည်။ သူ၏ တစ်ခုတည်းသော ပစ်မှတ်မှာ လုချန်ရှန်းသာလျှင် ဖြစ်သည်။
သူသည် သူ့ကို တိုက်ခိုက်လာမည့် တစ်ဦးတည်းသော လူက လုချန်ရှန်းသာ ဖြစ်နေလိမ့်မည်ဟု ခံစားနေခဲ့ရသည်။
သို့ရာတွင် လုချန်ရှန်းက သူ့ကို လျစ်လျူရှုနေသေးပြီး သူ၏လက်ကို မြှောက်ကာ တိုက်ခိုက်နေခဲ့ပြန်သည်။ သူသည် မည်သည့်နည်းစနစ်ကိုမှ အသုံးမပြုဘဲ ကြမ်းတမ်းသော ခန္ဓာကိုယ်အင်အားကိုသာ အသုံးပြု၍ တိုက်ခိုက်နေခဲ့သည်။
ထျန်းယုမှာ ဒေါသတကြီး ဖြစ်သွားခဲ့သည်။ ပြိုင်ဘက်က သူ့ကို ဖိနှိပ်၍ ရိုက်နှက်နေသော်လည်း လျစ်လျူရှုထားသေးသည်။
လုချန်ရှန်းက အနားသို့ ထပ်ရောက်လာသည့် အချိန်တွင် သူ့ကို အဆုံးမဲ့ ဓားဆန္ဒများ ထပ်မံ၍ ဖုံးလွှမ်းလာခဲ့ပြီး သူ့ကို ဖိချနေသည့် ကြမ်းကြုတ်သော ငှက်များနှင့် သားရဲများအဖြစ် အသွင်ပြောင်းသွားကာ ပတ်ဝန်းကျင်ကို ကန့်သတ်ချုပ်နှောင်လိုက်၏။
တစ်ဖက်လူက သူ့ကို တိုက်ခိုက်ရန် ရောက်ရှိလာခြင်း မဟုတ်ဘဲ သူ၏လက်မောင်းကိုသာ ဆွဲကိုင်လာခဲ့၏။
လုချန်ရှန်းက ထျန်းယု၏ လက်မောင်းကို ဖမ်းဆွဲကာ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်၏။ မှော်စွမ်းအားများ မြင့်တက်လာမှုနှင့်အတူ သူသည် ချပ်ဝတ်တန်ဆာ၏ လက်မောင်းပိုင်းကို အတင်းအကြပ် ဆွဲဖြုတ်လိုက်သည်။
သူနှင့် ပေါင်းစည်းထားသော အရာကို ဆွဲဖြုတ်လိုက်ခြင်းဖြစ်သောကြောင့် သွေးများ ပန်းထွက်လာခဲ့သည်။
“ မင်းလုပ်ရဲလား “
ထျန်းယုက အော်ဟစ်ဟိန်းဟောက်လာခဲ့၏။
လုချန်ရှန်းကမူ ဘာမှပြန်မပြောလိုက်ဘဲ နောက်လက်တစ်ဖက်ကို ဆွဲဖမ်းကာ ဖြတ်ယူနေတော့သည်။ သွေးများ ဖြာထွက်လာပြီး လက်ကောက်ဝတ်အကာ ပြုတ်ထွက်သွားခဲ့သည်။
သူ၏ခြေထောက်များတွင် ရှိနေသည့် ဒူးကာများလည်း ပြုတ်ထွက်သွားခဲ့သည်။
ရှောင်ဟေးမှာ အံ့ဩတုန်လှုပ်သွားခဲ့သည်။ သူသည် ထိုအကောက်က ထိုမျှလောက်အထိ ရက်စက်ကြမ်းကြုတ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
အထက်နယ်မြေ၏ ပါရမီရှင်တစ်ဦး ဝမ်ထျန်သားတော်ကိုးပါးအနက်မှ တစ်ပါးဖြစ်သူက ထိုကဲ့သို့ ဖိနှိပ်ခံလိုက်ကာ အဝတ်အစားများ ဆွဲဖြုတ်ခံလိုက်ရလေသည်။ သူက ယောကျာ်းတစ်ဦးဖြစ်နေရာ ထိုမြင်ကွင်းက အမှန်တကယ် ကြည့်ရဆိုးနေခဲ့သည်။
“ ချီးပဲ။ ထွက်သွားစမ်းး
ထျန်းယုက ဒေါသတကြီး ဟိန်းဟောက်လာခဲ့၏။ ယခုတွင် သူက လုချန်ရှန်း၏ ရည်ရွယ်ချက်ကို နားလည်နေပြီဖြစ်ပြီး တစ်ဖက်လူထံတွင် ပိုမိုအစွမ်းထက်သော နည်းစနစ်များ ရှိနေသော်လည်း ထိုလူက ၎င်းတို့ကို အသုံးမပြုရန် ရွေးချယ်လိုက်လေသည်။ သူသည် အရှက်ရကာ ဒေါကြီးမောကြီး ဖြစ်သွားခဲ့သည်။
ဇွီ
သူ၏ အတွေးများ လှုပ်ခတ်နေမှုနှင့်အတူ ကောင်းကင်ထက်ရှိ ကျန်းဟိုင်စည်းတံဆိပ်က တိုးညှင်းစွာ မြည်တွန်လာခဲ့၏။ နတ်ပစ္စည်း၏ အရှိန်အဝါ နိုးထလာပုံရပြီး ၎င်း၏ လှုပ်ရှားမှုများက ပတ်ဝန်းကျင်ကို လှုပ်ရမ်းသွားစေခဲ့၏။
အတွင်းပိုင်းတွင် ရုတ်ရုတ်သဲသဲ ဖြစ်နေစဥ်အချိန်မှာပင် အပြင်ဘက်ရှိ လူအုပ်ကြီးမှာလည်း ကျန်းဟိုင်စည်းတံဆိပ်၏ လှုပ်ခါမှုကို သတိပြုမိသွားခဲ့သည်။
“ ကောင်းကင်ဘုံ။ အဲ့ဒီလူငယ်လေးက တကယ်ကို ထူးခြားတာပဲ “
“ အဲ့ဒီလုချန်ရှန်းကလည်း မရိုးရှင်းဘူး။ တစ်ခုခုကို တွက်ချက်ရုံနဲ့ ဒီလိုလှုပ်ခတ်မှုကြီးကို ဖြစ်စေခဲ့တယ်။ ဒီလိုကိစ္စမျိုးကို အရင်က တစ်ခါမှ မတွေ့ခဲ့ဖူးဘူး “
“ တစ်ခါမှ မတွေ့ခဲ့ဖူးတာလား။ တစ်ခါမှကို မကြားခဲ့ဖူးတာ ငါးကောင်ရေ “
တစ်စုံတစ်ဦးက စိတ်မသက်သာဖြင့် စကားဝင်ပြောလာခဲ့သည် “ ငါတို့က သွားကြည့်လိုက်သင့်လား။ တကယ်လို့ တစ်ခုခု ဖြစ်နေတယ်ဆိုရင် ……… “
“ မင်းသေချင်နေတာလား။ အဲ့သခင်လေး ပြောခဲ့တဲ့ စကားကို မင်းမကြားဘူးလား။ ဘာပဲဖြစ်လာဖြစ်လာ သူ့ကို မနှောင့်ယှက်ပါနဲ့ဆိုနေ “
“ သူက ဒီအခြေအနေကို မျှော်လင့်ထားပြီးသား။ အဲ့တာကြောင့် ငါတို့ကို သတိကြိုပေးခဲ့တာ “
“ ငါတို့က သခင်လေးရဲ့ စကားကို နားထောင်ရမယ် “
“ ဟုတ်တယ်။ ဟုတ်တယ် “
“ အကျိုးအကြောင်း ဆီလျော်တယ် “
တစ်ဦးပြီးတစ်ဦး ခေါင်းငြိမ့်၍ သဘောတူကြောင်းပြသလာကြသည်။
တစ်ချိန်တည်းမှာပင် ကျန်းဟိုင်စည်းတံဆိပ်က လှုပ်ရှားထကြွလာခဲ့ပြီး ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခုအဖြစ် အသွင်ပြောင်းသွားကာ အထက်မှ အောက်သို့ တိုက်ရိုက်ဆင်းသက်လာခဲ့ပြီး လုချန်ရှန်းထံသို့ ဦးတည်သွားခဲ့သည်။
“ ဖိနှိပ် “
ထျန်းယုက ဟိန်းဟောက်လာခဲ့ပြီး ရန်သူကို သတ်ဖြတ်ရန်အတွက် နတ်ပ္စည်း၏ စွမ်းအားကို အသုံးပြုရန် ကြံရွယ်လိုက်သည်။ သူ၏ နတ်ခန္ဓာက ကြီးမားသော အောင်မြင်မှုနယ်ပယ်သို့ မရောက်ရှိသေးသောကြောင့် သူက မယှဥ်နိုင်ဘူးဆိုသည်ကို သိနေခဲ့သည်။ သူက ၎င်းကို ဝန်မခံချင်ရုံသာလျှင် ဖြစ်ပေသည်။
ထိုစဥ် လုချန်ရှန်းမှာ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။ သို့သော် သူသည် မည်သို့မျှ တွေဝေတုံ့ဆိုင်းမနေခဲ့ပေ။ သူ့လက်ထဲတွင် ရွှေရောင်လှံတစ်လက် ပေါ်လာခဲ့ပြီး ရွှေရောင်အလင်းတန်းတစ်ခု ပေါက်ထွက်လာခဲ့ကာ ကျန်းဟိုင်စည်းတံဆိပ်၏ တိုက်ခိုက်မှုကို တားဆီးပိတ်ဆို့လိုက်၏။
ကမ္ဘာမြေတစ်ခုလုံး ထပ်မံ၍ တုန်ခါသွားပြီး ပတ်ပတ်လည်ရှိ တောင်တန်းများ ပြိုကျပျက်စီးသွားခဲ့သည်။
ရှောင်ဟေးပြောထားခဲ့သည့်အတိုင်းပင် ကျန်းဟိုင်စည်းတံဆိပ်က အမှန်ပင် ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
လှံတံမှာ ဖိနှိပ်ခံနေရကာ ဆက်တိုက်နစ်မြုပ်သွားခဲ့သည်။
လုချန်ရှန်းက သူ၏ လက်ကို လှုပ်ရှားလိုက်ရာ ကြေးမှန်တစ်ချပ် ပေါ်ထွက်လာခဲ့၏။
သို့ရာ၌ နတ်ပစ္စည်းနှစ်ခုကို မြင်တွေ့ခဲ့ရပြီးသည့်နောက်တွင် ထျန်းယုမှာ အမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
“ မင်းက ကျင်းကျန့်ကို သတ်လိုက်တယ် “
သူသည် ကျင်းကျန့်သေဆုံးသွားကာ ထိုပစ္စည်းနှစ်ခု ပျောက်ဆုံးသွားသည်ဆိုသည်ကို သိနေခဲ့သည်။ သူသည် မျက်လုံးအပြူးသားဖြင့် တအံ့တဩ ဖြစ်သွားခဲ့သည်။
ကျင်းကျန့်က သူ့လောက်မသန်မာသော်လည်း သူသည် အံ့ဩတကြီး ဖြစ်သွားရသေးသည်။
အဆုံးတွင် နတ်ပစ္စည်းမှာ ရပ်တန့်သွားသည့်အလား တုန်ခါသွားခဲ့သည်။
“ သူတို့တွေက ဘာကိစ္စ ဒီကိုမရောက်လာရသေးတာလဲ “
ထိုကဲ့သို့သော လှုပ်ခတ်မှုမျိုးကို နတ်ပစ္စည်းကပင် မဖိနှိပ်နိုင်တော့ပေ။ ထိုလူများက ၎င်းကို သတိပြုမိသွားကာ အကူအညီလာပေးသင့်သည်မှာ အတော်ပင် ကြာနေခဲ့ပြီ ဖြစ်သည်။ သို့သော် မည်သည့်လူရိပ်သူရိပ်ကိုမှ မမြင်တွေ့ခဲ့ရပေ။
ထျန်းယုမှာ မှီခိုအားထားရသည့် အရာများကို လုံးဝဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ သူ၏ တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာ ကွာကျသွားကာ ဓားဆန္ဒမှာ အရှေ့သို့ ပေါက်ထွက်လာခဲ့သည်။ ၎င်းကို တားဆီးပိတ်ဆို့မည့် ချပ်ဝတ်တန်ဆာ မရှိတော့သောကြောင့် ဓားဆန္ဒက သူ၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ထိုးဖောက်သွားပြီး သူကိုယ်တိုင်မှာလည်း ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ရပေသည်။
သူ၏ အရိုးများ ကျိုးပဲ့ကာ သူလုံးဝရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။
အစွမ်းထက် စွမ်းအင်တစ်ခုခုက သူ့ကို လွှမ်းခြုံလာသည့်ပမာ သူ၏ မျက်ခုံးများအကြားတွင် ရုန်းများ တလက်လက် တောက်ပလာခဲ့သည်။ သို့သော် လုချန်ရှန်း၏ နောက်ကျောတွင် တာအိုကားချပ်တစ်ခု ပေါ်ထွက်လာကာ အရာအားလုံးကို ဖိနှိပ်လာခဲ့သည်။
ထိုနည်းလမ်းက သူထွက်ပြေးနိုင်မည့် အခွင့်အလမ်းကို ကျဥ်းမြောင်းသွားစေပြီး လုချန်ရှန်းက သူ၏ ရှေးဦးဝိညာဥ်ကို အမြစ်သုတ်သင်လိုက်၏။
လုချန်ရှန်းမှာလည်း တစ်ဖက်လူ၏ နည်းလမ်းများက ထိုမျှလောက် အံ့ဖွယ်ကောင်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူက ထိုလူ့ကို ဆွဲထုတ်သွားမည့် စွမ်းအားကို ပိတ်ဆို့နိုင်ခဲ့သော်လည်း တုန်ခါမှုက သူ၏ သွေးများကို ပြင်းပြင်းထန်ထန် ဆူပွက်သွားစေခဲ့၏။
ဘမ်းးးး
အဆုံးတွင် ထျန်းယု၏ ခန္ဓာကိုယ် ပြိုလဲသွားကာ မြေပြင်နှင့် ဆောင့်မိသွားခဲ့သည်။
လုချန်ရှန်းက ထိုနေရာတွင် မတ်တပ်ရပ်ကာ အေးအေးလူလူ စောင့်ကြည့်နေခဲ့၏။
ရှောင်ဟေးမှာ အံ့ဩတုန်လှုပ်သွားခဲ့သည်။
“ မင်းက သူ့ကို ဘယ်လိုတောင် သတ်နိုင်ရတာလဲ “
သူ၏ လေသံအတွင်းတွင် အံ့အားသင့်ခြင်းနှင့် မယုံကြည်နိုင်ဖြစ်နေမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
လုချန်ရှန်းက ဇဝေဇဝါဖြင့် ပြန်မေးလိုက်၏ “ ဘာကိစ္စ သူ့ကို အသက်ချမ်းသာပေးရမှာလဲ။ နှစ်သစ်အတွက်လား “
“ အဲ့တာက ….. “ ရှောင်ဟေးမှာ တစ်ခဏခန့် မှင်သက်သွားပြီးမှ စကားထပ်ပြောနေတော့သည် “ ဝမ်ထျန်သားတော်ကိုးပါး သူတို့ရဲ့ အဆင့်အတန်းနှင့် အနေအထားက တော်တော်လေးကို မြင့်တယ်လေ။ တကယ်လို့ မင်းက သူတို့ကို ရောင်းလိုက်မယ်ဆိုရင် သောက်ရမ်းထောသွားမှာလေ။ မင်းက ဝိညာဥ်ကျောက်တုံး ဘယ်လောက်ရမလဲဆိုတာကို မသိဘူးလား။ တန်းသတ်လိုက်တယ်ပေါ့ “
“ ဟမ် “ လုချန်ရှန်းမှာ မျက်မှောင်တကြုတ်ကြုတ်ဖြင့် မကျေမချမ်း ဖြစ်သွားခဲ့သည် “ အဲ့တာက ဘာစကားကြီးလဲ။ မင်းက ငါ့ကို ဘယ်လိုလူမျိုးလို့ ထင်နေတာလဲ။ လုချန်ရှန်းဆိုတဲ့ ငါက ဝိညာဥ်ကျောက်တုံး နည်းနည်းလေးအတွက်နဲ့ အဲ့လိုကိစ္စမျိုးတွေကို လုပ်မဲ့လူလား “
ရှောင်ဟေးမှာ လုံးဝကြောင်အသွားခဲ့သည်။
--
………………………………………………………………………………………………………………………………………….