← Chapters

အခန်း ၃၆၉

Vol. 25 Ch. 369

အခန်း ၃၆၉

Vol. 25 Ch. 369

အပိုင်း ( 369 )

ကိုယ့်ကိုကိုယ် သေတွင်းကို တွန်းပို့လိုက်တာလား

လုချန်ရှန်းက လေထုအတွင်းတွင် မတ်တပ်ရပ်နေခဲ့ပြီး သူ၏ အဖြူရောင်ဝတ်စုံမှာ လေယူရာယိမ်းနေခဲ့ကာ တဖျတ်ဖျတ် အော်မြည်နေခဲ့သည်။

ရှောင်ဟေးကမူ ၎င်းတို့အားလုံးကို ခံစားမိနေခဲ့ကာ စိတ်ရှုပ်သွားခဲ့သည်။

လုချန်ရှန်းကို သရဲပူးနေတာလား။

သူပြောခဲ့တဲ့ စကားက ယုံချင်စရာကို မရှိဘူး။ ဒီကောင်က ထင်ယောင်ထင်မှားဖြစ်ပြီးတော့ လျှောက်ပြောနေတာများလား။

အဆုံးတွင် ရှောင်ဟေးက ခေါင်းတခါခါဖြင့် ပြန်ပြောလိုက်သည် “ ငါတို့ ထွက်သွားပြီးတဲ့နောက်မှာ ငါ့ကိုယ်ငါ သေချာစစ်ဆေးကြည့်မှဖြစ်မယ်။ ငါအဖျားမိနေတယ်နဲ့တူတယ် “

သို့ရာတွင် လုချန်ရှန်းမှာ သူ့ကို လုံးဝလျစ်လျူရှုထားခဲ့သည်။ သူက ရှောင်ဟေး၏ သဘောထားကို မကြိုက်ပေ။

ထိုစကားလုံးများက သူ၏ စရိုက်ကို အသရေဖျက်နေခြင်းပင် ဖြစ်သည်။ ရန်သူနှင့် ရင်ဆိုင်ရချိန်တွင် လူတစ်ဦးက ရက်စက်ကြမ်းကြုတ်သင့်ပေသည်။ အကယ်၍ တစ်ဖက်လူကို မသတ်ဘဲ ထွက်သွားခွင့်ပေးလိုက်မည်ဆိုပါက ၎င်းက ကိုယ့်ကိုကိုယ် ဒုက္ခရောက်သွားစေလိမ့်မည်။

အမြစ်တွင် ရှိနေသည့် ပေါင်းပင်များကို ဖြတ်တောက်ခြင်းက အမှန်ကန်ဆုံး နည်းလမ်းတစ်ခု ဖြစ်သည်။

သူသည် ပတ်ပတ်လည်တွင် ရှိနေသည့် အရာအားလုံးကို ငေးကြည့်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ်စစ်ဆေးနေတော့၏။ ကမ္ဘာမြေပျက်စီးသွားကာ အပျက်အစီးနယ်မြေတစ်ခုအဖြစ် အသွင်ပြောင်းသွားခဲ့သည်။

ထျန်းယု၏ အလောင်းကို ရှင်းလင်းကာ နတ်ပစ္စည်းနှစ်ခုကို ယူပြီးသည့်နောက်တွင် လုချန်ရှန်းက ကောင်းကင်ထက်ရှိ ကျန်းဟိုင်စည်းတံဆိပ်ကို မော့ကြည့်နေတော့သည်။

“ ပုံတူပွားထားတာဆိုပင်မဲ့ အဲ့တာက စွမ်းနေတုန်းပဲ။ အစကတည်းက အဲ့တာက ငါနဲ့ရေစက်ပါနေတာ။ အခုပိုင်ရှင် မရှိတော့ဘူးဆိုတော့ ငါယူလိုက်တော့မယ်။ အဲ့တာအတွက် အိမ်တစ်အိမ် ပေးလိုက်တာလို့ ပြောလို့ရတယ် “

ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် မှော်စွမ်းအားများ မြင့်တက်လာကာ ၎င်းဆီသို့ ဦးတည်သွားတော့သည်။

ရှောင်ဟေးမှာ ကြောင်အမ်းအမ်းဖြစ်သွားခဲ့သည်။

ဘယ်လိုစကားကြီးတွေလဲ။ လူတစ်ယောက်က အဲ့လောက်တောင် အရှက်မဲ့နိုင်တယ်ပေါ့။ ရှားတယ် တကယ်ကို ရှားတယ်။ ဒီခရီးစဥ်ကာလအတွင်းမှာ သူနဲ့ရေစက်ပါတဲ့ ပစ္စည်းတွေက ဘယ်လောက်တောင် ရှိနေတာလဲ။

ကောင်းတဲ့ အရာတိုင်းက အတိတ်ဘဝက သူနဲ့ ဆက်စပ်နေတဲ့ပုံပဲ။

ဝှစ်

အဆုံးတွင် ကျန်းဟိုင်စည်းတံဆိပ်က အသံတစ်သံ ထုတ်လွှတ်လာခဲ့ပြီး တောင်တန်းဒေသကို လွှမ်းခြုံထားသည့် စွမ်းအားများ ပျောက်ကွယ်သွားကာ အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်း၍ လုချန်ရှန်း၏ လက်အတွင်းသို့ ဆင်းသက်လာခဲ့သည်။

၎င်းက ထိတွေ့လိုက်ရာ လေးလံသော ခံစားချက်တစ်ခုကို အံ့ဩဖွယ်ရာ ခံစားလိုက်ရလေသည်။ ၎င်းပေါ်တွင် ရှိနေသည့် ရှုပ်ထွေးသော ပုံစံကွက်များမှာ အလွန်တရာ ရှုပ်ထွေးလွန်းနေခဲ့ပြီး ပုံတူပွားသော ပစ္စည်းတစ်ခုဖြစ်သည့်တိုင်အောင် ရှားပါးရတနာတစ်ခုနှင့် ယှဥ်နေနိုင်ခဲ့သည်။

ထျန်းယု၏ ကျင့်ကြံရေးက အကန့်အသတ်ရှိနေသည်မှာ နှမြောဖွယ်ကောင်းလှသည်။ သူက ၎င်းက အစစ်အမှန် စွမ်းအားကို ထုတ်လွှတ်နိုင်မည် မဟုတ်ပေ။ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ယနေ့တွင် လုချန်ရှန်းက အနိုင်ရသွားလိမ့်မည် မဟုတ်ပေ။

“ သွားဖို့ အချိန်ကျပြီ “

လုချန်ရှန်းမှာ သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် အပြင်ဘက်တွင် ရှိနေသည့် လူအုပ်ကြီးမှာလည်း ကျန်းဟိုင်စည်းတံဆိပ် ကျဆင်းလာကာ ပတ်ဝန်းကျင်ရှိ စွမ်းအားများ ပျောက်ကွယ်သွားသည်ကို သတိပြုမိသွားသောအခါတွင် အနည်းငယ် စိတ်လှုပ်ရှားသွားကြသည်။

“ နတ်ပစ္စည်း ဆင်းသက်လာပြီ။ တွက်ချက်တာ ပြီးသွားတဲ့ပုံပဲ “

“ အဲ့လိုပဲ ဖြစ်သင့်တယ် “

သူတို့သည် စကားပြောနေရင်းဖြင့် ထိုနေရာသို့ ငေးကြည့်ကာ ထျန်းယုထွက်လာမည်ကို စောင့်ဆိုင်းနေကြသည်။

သို့ရာတွင် သူတို့က အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သော်လည်း မည်သူမှ မပေါ်ထွက်လာခဲ့ပေ။

“ ဘာဖြစ်လို့ သူမထွက်လာရသေးတာလဲ “

“ တစ်ခုခု ဖြစ်နေတာလား “

“ အကာအရံ ပျောက်သွားတယ်ဆိုတော့ အဲ့လိုပဲ ဖြစ်သင့်တယ် “

…

သူတို့က တစ်ဦးနှင့်တစ်ဦး တီးတိုးပြောဆိုနေခဲ့ကြသည်။

အစတွင် ဝမ်ထျန်စံအိမ်၏ လူက များများစားစား တွေးတောစဥ်းစားမနေခဲ့ပေ။ သို့သော် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ပြီးသည့်နောက်တွင် သူကပါ စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။

သူသည် သူ၏ စိတ်စွမ်းအားကို ထုတ်လွှတ်သော်လည်း ထျန်းယု၏ အရှိန်အဝါကို ရှာမတွေ့ခဲ့ပေ။

“ ဘာတွေ ဖြစ်နေတာလဲဟ “

ထိုအခိုက်အတန့်တွင် သူ၏ အမူအရာ တင်းကြပ်သွားပြီး ထိုနေရာဆီသို့ ငေးကြည့်ကာ သူ့စိတ်ထဲတွင် ဆိုးရွားသော စိတ်ခံစားချက်တစ်ခု လှိုက်တက်လာခဲ့၏။

သူ၏ စိတ်စွမ်းအားက ဤဧရိယာတစ်ဝိုက်ကို စေ့စေ့စပ်စပ် လွှမ်းခြုံသွားပြီး ချက်ချင်းဆိုသလိုပင် သူ၏ အမူအရာ ပျက်ယွင်းသွားခဲ့သည်။ သူသည် မည်သည့်အရာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ အရှေ့သို့ တဟုန်ထိုး ပြေးထွက်သွားတော့သည်။

လူအုပ်ကြီးမှာလည်း ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ဘဲ သိလိုစိတ်အပြည့်ဖြင့် သူ့အနောက်သို့ ပြေးလိုက်သွားကြသည်။

အနားသို့ ရောက်ရှိသွားချိန်တွင် ဖုန်မှုန့်အဖြစ် အသွင်းပြောင်းနေသည့် တောင်တန်းများနှင့် မြေပြင်ပေါ်တွင် ရှိနေသည့် ကြီးမားသော ဧရာမ တွင်းပေါက်ကြီးတို့ကို မြင်တွေ့သွားခဲ့သည်။ အကယ်၍ ကျန်းဟိုင်စည်းတံဆိပ်ကသာ ၎င်းကို မဖိနှိပ်ခဲ့ဘူးဆိုပါက ၎င်းက ဆက်လက်၍ ပျံ့နှံ့သွားပေလိမ့်မည်။

၎င်းကို မြင်လိုက်ရသောအခါတွင် တစ်စုံတစ်ဦးက တအံ့တဩဖြင့် စကားထပ်ပြောလာခဲ့သည် “ ဝမ်ထျန်စံအိမ်ရဲ့ သခင်လေးကတော့ ထင်ထားတဲ့အတိုင်းပဲ။ တွက်ချက်ရုံနဲ့တင် ဒီလိုသက်ရောက်မှုတွေကို ဖြစ်စေခဲ့တယ် “

“ အမှန်ပဲ။ ဝမ်ထျန်သားတော်ကိုးပါးက ဘယ်လိုလုပ် သာမန်ဖြစ်နိုင်မှာလဲ။ တွက်ချက်တာကတောင် ကမ္ဘာမြေကို သွက်သွက်ခါသွားစေခဲ့တယ်။ တကယ်လို့ သူကသာ လှုပ်ရှားခဲ့မယ်ဆိုရင် ဘယ်လောက်တောင် ကြောက်ဖို့ကောင်းနေလိုက်မလဲ “

“ အံ့ဩစရာပဲ။ တကယ်ကို အံ့ဖွယ်ကောင်းလွန်းတယ် “

…

လူအုပ်ကြီးက တစ်ဦးပြီးတစ်ဦး မြှောက်ပင့်ပြောဆိုနေကြသည်။ သူတို့က နားမလည်ကြသော်လည်း မြှောက်ပင့်ခြင်းက အမြဲလိုလို မှန်ကန်‌သော ရွေးချယ်စရာတစ်ခု ဖြစ်ခဲ့လေသည်။

အကယ်၍ ကောင်းကင်နှင့် ကမ္ဘာမြေ၏ ကန့်သတ်ချက်ကြောင့်သာ မဟုတ်ဘူးဆိုပါက ဝမ်ထျန်စံအိမ်က မြောက်ပိုင်းဒေသတစ်ခုလုံးကို ပြားပြားဝပ်သွားအောင် ပြုလုပ်မည် ဖြစ်သည်။

သို့ရာတွင် သူတို့၏ အသံများ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

သူတို့၏ မျက်လုံးများ အရှေ့မှာပင် ဝမ်ထျန်စံအိမ်၏ လူက တွင်းပေါက်ကြီးထံမှ ထျန်းယု၏ အလောင်းကို မချီ၍ လျှောက်လှမ်းလာခဲ့သည်။ သူ၏မျက်နှာ ဖြူဖျော့နေကာ မည်သည့်အသက်စွမ်းအင်မှ မရှိတော့ပေ။

“ ဘာတွေ ဖြစ်နေတာလဲဟ “

တစ်စုံတစ်ဦးက မအောင့်ထားနိုင်တော့ဘဲ တီးတိုးပြောဆိုနေတော့သည်။

သူတို့သည် ထျန်းယု၏ အလောင်းကို သယ်ဆောင်ထားသူက တုန်တုန်ရင်ရင် ဖြစ်နေပြီး မျက်လုံးများ ရဲရဲတောက်နေကာ သူ၏ ပတ်ပတ်လည်တွင် သတ်ဖြတ်လိုစိတ်များ တလိပ်လိပ် လှိုက်တက်နေသည်ကို မြင်တွေ့နေခဲ့ရသည်။

သူတို့သည် ထျန်းယုက သေဆုံးသွားပြီဆိုသည်ကို သဘောပေါက်သွားကြသည်။

သူဘယ်လို သေသွားတာလဲဟ။ တွက်ချက်ဖို့အတွက် ထွက်သွားတာလို့ ပြောခဲ့တာ မဟုတ်ဘူးလား။

လူတစ်စုက မျက်မှောင်ကြုတ်ကာ ဇဝေဇဝါ ဖြစ်နေစဥ်အချိန်တွင် ဖျော့တော့သော အသံတစ်သံ ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။

“ တွက်ချက်ရတာက တော်တော်ကြီးကို ခက်လွန်းလို့ သူ့ကိုယ်သူ သေတွင်းဆီ တွန်းပို့မိသွားတာလား “

“ အဲ့ဒီလုချန်ရှန်းကို တွက်ချက်တာက အဲ့လောက်တောင် ခက်တာလားဟ “

လူတိုင်း : “ … “

ထိုနေရာတစ်ခုလုံး ကြောက်ခမမ်းလိလိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

သူတို့သည် စကားပြောသူအား အရူးတစ်ယောက်ကို မြင်တွေ့လိုက်ရသကဲ့သို့ ငေးကြည့်နေကြတော့သည်။ ဘယ်သူက ကိုယ့်ကိုကိုယ် သေတွင်းဆီ တွန်းပို့မှာတုန်းဟ။

တွက်ချက်နေတဲ့ အချိန်မှာ ပြင်းထန်တဲ့ တန်ပြန်သက်ရောက်မှုကို ခံစားလိုက်ရတာများလား။ ဒါပင်မဲ့ သူက ဧကရာဇ် ဒါမှမဟုတ် အင်မော်တယ်ကို တွက်ချက်နေတာမှ မဟုတ်တာ။ တန်ပြန်သက်ရောက်မှုက အဲ့လောက်တောင် အားကောင်းလို့လားဟ။

အုမ်းးးးး

ဝမ်ထျန်စံအိမ်၏ လူက ရှေ့တစ်လှမ်းလှမ်းလာခဲ့ပြီး သူ၏ အရှိန်အဝါ ပေါက်ထွက်လာကာ ကမ္ဘာမြေကို လှုပ်ရမ်းသွားစေခဲ့၏။ စကားတစ်ခွန်းမှ မပြောသော်လည်း သူက အလွန်တရာ ဒေါသထွက်နေပြီဖြစ်ကာ အနီးအနားရှိ တောင်တန်းများ ဆက်တိုက်တုန်ခါသွားခဲ့သည်။

သူသည် ထျန်းယုကို သယ်ဆောင်ကာ ထိုကဲ့သို့ ထွက်ခွာသွားခဲ့သည်။

လူအုပ်ကြီးမှာလည်း စကားတစ်ခွန်းမှ မပြောဝံ့ကြပေ။ ဤကဲ့သို့သော အချိန်မျိုးတွင် မည်သူက ကပ်ဘေးကို ဆွဲဆောင်ချင်မည်နည်း။

ထိုလူက အပြည့်အဝ ပျောက်ကွယ်သွားကာ သူ၏ အရှိန်အဝါကို လုံးဝမခံစားမိတော့သည့် အချိန်မှသာလျှင် လေထုက သက်တောင့်သက်တာ ရှိသွားခဲ့သည်။

“ ဘာတွေ ဖြစ်ခဲ့တာလဲဟ။ တွက်ချက်တာလို့ ပြောခဲ့တယ်လေ။ သူက ဘယ်လိုလုပ် သေသွားရတာလဲ “

“ ခုနက လှုပ်ခတ်မှုကာလတုန်းက တစ်ခုခု ဖြစ်သွားတာလား “

“ နတ်ပစ္စည်း ဘယ်မှာလဲ။ ခုနကတည်းက မတွေ့ရတော့ဘူး “

…

လူအုပ်ကြီးက မေးခွန်းထုတ်ကာ မှန်းဆတွက်ချက်နေကြတော့သည်။

သို့သော် ကြီးမားသော ပြဿနာတစ်ခု ရှိနေခဲ့သည်။ သေဆုံးသွားသူက သာမန်လူမဟုတ်ဘဲ ဝမ်ထျန်စံအိမ်၏ ပါရမီရှင်တစ်ဦးဖြစ်သည့်အပြင် ဝမ်ထျန်သားတော်ကိုးပါးအနက်မှ တစ်ပါး ဖြစ်နေခဲ့သည်။

သူတို့က နေရာပေါင်းမြောက်များစွာ ရှာဖွေက သူ့ကို နှစ်ပေါင်းများစွာ ပျိုးထောင်ပေးခဲ့သော်လည်း ထိုကဲ့သို့သော ရလဒ်မျိုးကိုသာ ပြန်လည်မြင်တွေ့လိုက်ရ၏။

“အခု ငါတို့က ဘာလုပ်ကြမှာလဲ “ တစ်စုံတစ်ဦးက ပါဝင်ပတ်သက်မိမည်ကို ကြောက်ရွံ့ကာ မေးမြန်းလာခဲ့၏။

နောက်လူတစ်ဦးက ပြန်ပြောလာခဲ့သည် “ ငါ့ကို မေးနေတာလား “

“ ဟုတ်တယ် “

“ အဲ့တာဆိုရင် ငါက ဘယ်သူ့ကို သွားမေးရမှာလဲ “

ပတ်ဝန်းကျင်တစ်ခုလုံး ထပ်မံ၍ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြန်သည်။

လူအုပ်ကြီးမှာ အချိန်အတော်ကြာ မှင်သက်နေခဲ့ပြီးသည့်နောက်မှ အရင်ထွက်သွားရန် ဆုံးဖြတ်လိုက်ကြသည်။

သူတို့အားလုံးက ဝမ်ထျန်စံအိမ်မှ လူ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေခဲ့ပြီး တိကျသေချာသော အလီဘိုင်ရှိသောကြောင့် သူ၏ နာမည်များကို ရှင်းလင်းနိုင်သင့်ပေသည်။

ထိုအခိုက်အတန့်တွင် လုချန်ရှန်းမှာ မိုင်တစ်သောင်းအကွာသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သူသည် လူသူကင်းမဲ့သော နေရာတစ်ခုဆီသို့ ရောက်ရှိလာခဲ့ပြီး ချပ်ဝတ်တန်ဆာ အပိုင်းအစများကို သူ့အရှေ့တွင် ပုံချထားလိုက်သည်။ ငွေရောင် တောက်နေခဲ့ပြီး အံ့ဖွယ်ကောင်းသည့် စွမ်းအင်တစ်ခု ပေါ်ထွက်နေသော်လည်း သူက ၎င်း၏အဆင့်ကို မည်သို့မျှ မမှန်းဆနိုင်ခဲ့ပေ။

သူသည် ယခင်ပိုင်ရှင်ဟောင်း၏ အမှတ်အသားများကို ဖယ်ရှားရန် တစ်ရက်တိတိ အချိန်ယူခဲ့ရပြီး ထို့နောက်တွင် ၎င်းကို ဝတ်ဆင်လိုက်သည်။

ချပ်ဝတ်တန်ဆာက ယူဆောင်ပေးလာသည့် စွမ်အားကို ခံစားမိသွားသောအခါတွင် သူအပျော်လွန်သွားခဲ့သည်။ လက်သီးထိုးချက်တစ်ခု ပစ်လွှတ်လိုက်ရာ ကောင်းကင်နှင့် ကမ္ဘာမြေ လှုပ်ရမ်းသွားကာ ဟင်းလင်းပြင် တုန်ခါသွားခဲ့သည်။ သူသည် သူက ကောင်းကင်ကို ဖြိုချနိုင်ကာ လက်မြှောက်လိုက်ရုံဖြင့် ကမ္ဘာမြေကို ကွဲအက်သွားစေနိုင်သည်ဟု ခံစားနေခဲ့ရသည်။

ရှောင်ဟေးမှာလည်း အားကျစိတ်တို့ဖြင့် စိုက်ကြည့်နေကာ မျက်ဝန်းများ တောက်ပသွားခဲ့သည်။

လုချန်ရှန်းက တစ်ခဏခန့် စမ်းသပ်ကြည့်နေခဲ့ပြီး တစ်ခုခု မှားယွင်းနေသည်ဟု ခံစားသွားရကာ ရှောင်ဟေးကို လှည့်ကြည့်လိုက်သည်။

“ ဘာဖြစ်လို့လဲ “ ဟု ရှောင်ဟေးက မေးမြန်းလိုက်၏။

လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ရှောင်ဟေး ဒီချပ်ဝတ်တန်ဆာရဲ့ စွမ်းအားကို ခံစားကြည့်ချင်လား “

“ အင်း “

ရှောင်ဟေးက တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ခေါင်းငြိမ့်ပြလိုက်သည်။

လုချန်ရှန်းက ပြန်ပြောလိုက်၏ “ အဲ့တာဆိုရင် အဲ့မှာပဲ ရပ်နေ။ မလှုပ်နဲ့ “

ရှောင်ဟေး “ … “

ဘာကိုဆိုလိုတာတုန်းဟ။

လုချန်ရှန်းက စကားဆက်ပြောလာခဲ့၏ “ မင်းက အဲ့မှာရပ်နေပြီးတော့ ငါထိုးတာကို ခံပေးလေ။ အဲ့တာဆိုရင် အဲ့တာကို ခံစားကြည့်လို့ရပြီ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှောင်ဟေးမှာ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ဘဲ ပေဒါဇင်ပေါင်းများစွာအထိ နောက်ဆုတ်သွားကာ အံကြိတ်၍ ထိုအကောင့်ကို စိုက်ကြည့်နေတော့သည်။

“ လုချန်ရှန်း၊ ခွေးသူတောင်းစား။ မင်းက လူရောဟုတ်ရဲ့လား။ မင်းက ငါ့ကို ထိုးမယ်ဆိုရင် ငါအသက်ရှင်နေပါ့ဦးမလား။ ချပ်ဝတ်တန်ဆာက စွမ်းလားဆိုတာကို ကြည့်ချင်နေတာလား။ ငါ့အသက်စွမ်းအားက မာလားဆိုတာကို ကြည့်ချင်နေတာလား “

ရှောင်ဟေးက မည်သို့မျှ မချုပ်တည်းထားဘဲ ချက်ချင်းကျိန်ဆဲနေတော့လေသည်။

သို့ရာတွင် လုချန်ရှန်းကမူ မျက်မှောင်ကြုတ်၍ ရိုးရိုးသားသား ပြန်ပြောလိုက်သည်။

“ တစ်ချက်လေးပါပဲ။ တကယ်ပါ “

--

……………………………………………………………………………………………………………………………………..

All Chapters