← Chapters

အခန်း ၃၇၁

Vol. 25 Ch. 371

အခန်း ၃၇၁

Vol. 25 Ch. 371

အပိုင်း ( 371 )

ခြေကျိုး

လုချန်ရှန်းမှာ တစ်နေရာပြီးတစ်နေရာဆီသို့ လှည့်ပတ်သွားလာနေသေးသည်။

သူက မည်သည့်သက်ရှိသတ္တဝါကိုမှ မမြင်တွေ့ရတော့ပေ။ ဟွာရှုနယ်ပယ် အထက်ရှိ အရာအားလုံး ပျောက်ကွယ်သွားပြီဖြစ်ပြီး ခံစားချက်ကို ပိုမိုဆန်းပြားသွားစေခဲ့၏။

“ ဒီမြူခိုးတွေထဲမှာ တစ်ခုခု ရှိနေတာတော့ မဟုတ်ဘူးမလား “

လုချန်ရှန်းမှာ ထိုကဲ့သို့ ပြောနေသော်လည်း ယုံကြည်မှုကင်းမဲ့နေလျက်ရှိ၏။

ရှောင်ဟေးမှာလည်း အပြင်ထွက်လာကာ ဘေးတစ်ဖက်တွင် မတ်တပ်ရပ်နေခဲ့သည်။

ထိုကဲ့သို့ ရက်အတော်ကြာ ဆက်လက်ဖြစ်ပွားနေခဲ့ပြီး လုချန်ရှန်းမှာ ထိုအကြောင်းကို ပိုတွေးလေလေ တစ်ခုခု မှားယွင်းနေသည်ဟု ပိုမိုခံစားရလေလေ ဖြစ်နေခဲ့သည်။

အဆုံးတွင် သူက ရှာဖွေခြင်းကို ရပ်တန့်ကာ အဆိုပါ လျှို့ဝှက်နယ်မြေဆီသို့ တိုက်ရိုက်ဦးတည်သွားတော့သည်။

သူသည် ထိုနေရာတွင် မူလသတ္ထုချီ ရှိနေသည်ဟု ကြားထားခဲ့ဖူးသည်။ သူက ဟွာရှုနယ်ပယ်နှင့် ခြေတစ်လှမ်းမျှသာ လိုတော့ပြီး ၎င်းကို လိုအပ်လာတော့မည် ဖြစ်သည်။ ထို့ကြောင့် သူကြိုတင်ပြင်ဆင်ထားရတော့မည်။

ရှောင်ဟေးက စကားထပ်ပြောလာခဲ့၏ “ ဒီနေရာမှာ တားမြစ်ချက်တစ်ခု ရှိနေတယ်။ ဟွာရှုနယ်ပယ် ပညာရှင်တွေပဲ ဝင်နိုင်တယ်။ မင်းက ဝင်နိုင်မှာလား “

“ အခုဆိုရင် ငါက ဟွာရှုနယ်ပယ် ကျင့်ကြံသူတစ်ယောက်ထပ် ဘယ်လိုမှ အားမနည်းတော့ဘူးလို့ ခံစားနေရတယ် “

လုချန်ရှန်းက ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်သည်။

ရှောင်ဟေးက မငြင်းပယ်လိုက်ပေ။ အမှန်တိုင်းပြောရမည်ဆိုပါက ထိုအကောင်မှာ ဟွာရှုနယ်ပယ် ကျင့်ကြံသူတစ်ဦးထပ်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

သို့ရာတွင် ဤနေရာရှိ တားမြစ်ချက်က တိုက်ခိုက်ရေး စွမ်းအားကို မဟုတ်ဘဲ နယ်ပယ်ကိုသာ အခြေခံထားခြင်း ဖြစ်သည်။

သူတို့က မြူခိုးများက အရာအားလုံးကို ဖုံးကွယ်နေသည့် နေရာဆီသို့ တဖြည်းဖြည်းရောက်ရှိသွားပြီး ၎င်းက စိတ်စွမ်းအား ထောက်လှမ်းခြင်းကို တားဆီးပိတ်ဆို့ထားခဲ့သည်။ လျှို့ဝှက်ဆန်းကြယ်မှုများ စွန်းထင်းနေသည့် တွန့်ခေါက်နေသော ဟင်းလင်းပြင်တစ်ခုသာ ရှိနေခဲ့ပြီး ၎င်းက လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက် ဖြစ်ပုံရသည်။

လုချန်ရှန်းက အတွင်းသို့ ဝင်ရန် ကြိုးပမ်းခဲ့သော်လည်း ထပ်ခါတလဲလဲ တွန်းကန်ခံလိုက်ရလေသည်။

ရှောင်ဟေးပြောထားခဲ့သည့်အတိုင်းပင် ဟွာရှုနယ်ပယ်သို့ မရောက်ဘူးဆိုပါက အတွင်းသို့ ဝင်နိုင်လိမ့်မည် မဟုတ်ပေ။

“ အဲ့လောက်တောင် ထူးဆန်းတာလား “

လုချန်ရှန်းမှာ မျက်မှောင်တကြုတ်ကြုတ်ဖြစ်သွားခဲ့သည်။ အကြိမ်ပေါင်းများစွာ ကြိုးပမ်းခဲ့ပြီး သူ၏ တာအိုကားချပ်ကိုပင် အသုံးပြုခဲ့သော်လည်း မည်သည့်အကျိုးသက်ရောက်မှုမှ မဖြစ်ပေါ်လာခဲ့ပေ။

သို့ရာ၌ ဤအချိန်အတွင်းတွင် ထူးဆန်းသော အရာတစ်ခုကို သူရှာတွေ့ခဲ့သည်။ စိတ်စွမ်းအား ထောက်လှမ်းခြင်းကို ပြုလုပ်၍ တိုက်ရိုက်မထောက်လှမ်းနိုင်သော်လည်း သူသည် မြေပြင်ပေါ်ရှိ သွေးစီးကြောင်းများကို မြင်တွေ့သွားကာ ဆက်တိုက်တွန်းထုတ်ခံနေခဲ့ရသည်။

၎င်းတို့အားလုံး ပြန့်ကျဲနေကာ အကွက်ကွက်များ ဖြစ်နေခဲ့သည်။

သူက ထိုနေရာများဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားပြီး ဤနေရာတွင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့သည်ကို ရုတ်တရက် နားလည်သွားခဲ့သည်။

ကမ္ဘာမြေ ကွဲအက်ကာ ကောင်းကင်ဘုံ တွင်းနက်တစ်ခု ပွင့်ဟနေပြီး တောင်တန်းများ ခုတ်ပိုင်းခံထားရကာ လုံးဝရှုပ်ပွနေခဲ့သည်။

“ ဘယ်လိုပစ္စည်းမျိုးက ဒီလိုအဖျက်အစီးစွမ်းအားကို ဖြစ်လာစေခဲ့တာလဲ။ ကောင်းကင်ဘုံကို ဆန့်ကျင်နေတဲ့ အခွင့်အလမ်းနောက်တစ်ခု ပေါ်လာတာများလား “

လုချန်ရှန်းက စကားပြောနေရင်းဖြင့် ဂရုတစိုက် စူးစမ်းလေ့လာကာ ဆက်တိုက်ထောက်လှမ်းနေခဲ့သည်။

သွေးစီးကြောင်းများ ခမ်းခြောက်နေသည်က အချိန်အတော်ကြာနေပြီဖြစ်သော်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်က သိပ်မကြာလှသေးပေ။ သူက တစ်ရက်နှစ်ရက်ခန့် နောက်ကျနေခဲ့ပြီးမှ ‌ရောက်ရှိလာခဲ့သည့်ပုံပင်။

၎င်းကို မြင်လိုက်ရသောအခါတွင် ရှောင်ဟေးမှာ အံ့ဩတုန်လှုပ်သွားကာ ဤနေရာတွင် ဘာဖြစ်ခဲ့လဲဆိုသည်ကို သိချင်သွားခဲ့သည်။

လုချန်ရှန်းက တွင်းပေါက်ဘေးနားတွင် မတ်တပ်ရပ်နေကာ တစ်စုံတစ်ခု ကျန်နေမည်လားဆိုသည့် မျှော်လင့်ချက်ဖြင့် အပတ်တကုတ် စူးစမ်းရှာဖွေနေခဲ့သည်။

သို့ရာတွင် သွေးစီးကြောင်း အများအပြား ရှိနေသော်လည်း မည်သည့်အလောင်းကိုမှ မမြင်ခဲ့ရပေ။ သူစကားပြောတော့မည့် အချိန်၌ တွင်းပေါက်အောက်ခြေရှိ မြူထုထံတွင် ထူးဆန်းသော အနေအထားဖြင့် အပေါ်သို့ တက်နေသည့် အနက်ရောင် အမှုန်အမွှားတစ်ခုကို မြင်တွေ့လိုက်ရသည်။

၎င်းမှာ ငရဲမှ နတ်ဆိုးတစ်ကောင်က ကမ္ဘာမြေပေါ်သို့ တွားသွားတက်လာသည့်အလား ဖြစ်နေခဲ့သည်။

ထို့အပြင် လုချန်ရှန်းမှာ မကျေမချမ်းဖြစ်နေသည့် အားကောင်းသော စိတ်ခံစားချက်တစ်ခုကို ခံစားလိုက်ရလေသည်။

“ ဘာတုန်းဟ “ လုချန်ရှန်းက အော်ဟစ်ကာ စကားလှမ်းပြောနေတော့သည် “ ရှောင်ဟေး ဂရုစိုက် “

ထိုနေရာက ရှောင်ဟေးနှင့် အနီးဆုံးဖြစ်ပြီး သူ့ခြေထောက်အောက်တွင် ရှိနေခဲ့သည်။

လုချန်ရှန်းက ချက်ချင်းလှုပ်ရှားကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

ပြန်ဆုတ်ရန် ကြံရွယ်နေသည့် ရှောင်ဟေးမှာ ရုတ်တရက် အေးခဲတောင့်တင်းသွားက အလောတကြီး ပြန်ပြောလိုက်သည် “ နေဦး။ မတိုက်နဲ့ဦး။ အဲ့တာက လောင်လျူနဲ့တူသလိုပဲ “

“ လောင်လျူလား “

လုချန်ရှန်းမှာ နတ်လှံတံကို ကိုင်ဆောင်ထားကာ တစ်ခဏခန့် မှင်သက်သွားခဲ့သည်။

သူသည် လမ်းလျှောက်ကာ အကြိမ်အနည်းငယ်မျှ ငေးကြည့်နေခဲ့သည်။ သူသည် လောင်လျူ၏ ပုံပန်းသွင်ပြင်ကို ဝေဝေဝါးဝါး ပုံဖော်နိုင်ခဲ့သည်။ သူက သွေးတို့ဖြင့် ဖုံးလွှမ်းနေလျက်ရှိပြီး အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသောကြောင့် မည်သူမည်ဝါလဲဆိုသည်ကို မသိရပေ။ သူ၏ အဝတ်အစားများကပင် ပုံပျက်ပန်းပျက်ဖြစ်နေကာ နေရာတော်တော်များများ စုတ်ပြတ်သပ်နေခဲ့လေသည်။

ရှောင်ဟေးက လောင်လျူ့ကို မှတ်မိနေသည်မှာ အနည်းငယ် အထင်ကြီးဖွယ်ကောင်းလှသည်။ အကယ်၍ သူသာဖြစ်နေပြီး ထိုမျှရုပ်ဆိုးသော အရာတစ်ခုကို မြင်တွေ့လိုက်ရပါက လှံဖြင့် တိုက်ရိုက်ထိုးသတ်လိုက်မည်ဖြစ်သည်။

ချောက်ကမ်းပါး၏ အစွန်းတွင် လောင်လျူက အပေါ်တက်ရန် ရုန်းကန်နေခဲ့ရသည်။ အစောပိုင်း အချိန်များအတွင်းက ပေါ်ထွက်လာသည့် အသံကို ကြားလိုက်ရသောအခါတွင် သူသည် ချက်ချင်းမျက်ရည်ဝဲသွားကာ ရှိုက်ကြီးတငင် ငိုကြွေးနေတော့သည်။

“ လောင်လျူ မင်းလား “ ရှောင်ဟေးက သတိတကြီး မေးမြန်းလိုက်ကာ အတည်ပြုချင်နေခဲ့သည်။

ငိုသံရှိုက်သံများသာ ပေါ်ထွက်လာခဲ့သည်။

“ ငါပါ။ ငါပါကွာ။ အီး ဟင့် အီး “

ထိုလေသံမှာ သူက မည်မျှခံစားခဲ့ရလဲဆိုသည်ကို သက်သေပြုနေခဲ့ပြီး နှစ်ရာနှင့်ချီ၍ ရှင်သန်နေခဲ့သည့် အဘိုးအိုတစ်ဦးက ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့လေသည်။

လုချန်ရှန်းက အနားသို့ တိုးသွားကာ မအောင့်ထားနိုင်တော့ဘဲ မေးမြန်းနေတော့သည် “ လောင်လျူ မင်းက ဘာကိစ္စ ငိုနေရတာတုန်း။ မင်း အဲ့တာ ……… အဲ့တာတော့ မင်း …. “

ရှောင်ဟေးက အံ့အားသင့်သွားသော အမူအရာဖြင့် လုချန်ရှန်းကို ငေးကြည့်နေတော့သည်။

“ ဟူးး “ လုချန်ရှန်းက အသာအယာ သက်ပြင်းချကာ အေးဆေးတည်ငြိမ်သော လေသံမျိုးဖြင့် စကားဆက်ပြောနေတော့သည် “ လောင်လျူ အရမ်းကြီးလည်း ဝမ်းနည်းမနေပါနဲ့ကွာ။ ယောက်ကျာ်းကောင်းတစ်ယောက်က အဲ့လိုကိစ္စသေးသေးလေးတွေကို ဂရုမစိုက်ဘူးကွ။ ဖြစ်ခဲ့တာတွေကို မေ့လိုက်တော့။ ဘယ်သူကမှ အဲ့လိုဖြစ်လာတာကို မလိုချင်ဘူးလေ။ စိတ်မပူပါနဲ့ ငါတို့က ဘယ်သူ့ကိုမှ ပြန်မပြောပါဘူး “

“ မင်းက ဘာပေါက်ကရတွေ လျှောက်ပြောနေတာလဲ “

လောင်လျူမှာ ဝမ်းနည်းတကြီး ငိုကြွေးနေခဲ့သည်။ နှစ်သိမ့်မှုကို ကြားလိုက်ရသောအခါတွင် သူအနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။ သို့သော် ကြာကြာနားထောင်လေလေ တစ်ခုခုမှားယွင်းနေသည်ဟု သူပိုမိုခံစားရလေလေ ဖြစ်နေခဲ့သည်။

လုချန်ရှန်းက ဇဝေဇဝါဖြင့် မေးမြန်းနေတော့သည် “ မင်း အဲ့တာ …….. “

“ ငါက ချုံခိုတိုက်ခိုက်ခံခဲ့ရတာ။ မင်းထင်နေတာ မဟုတ်ဘူး “

“ ချုံခိုတိုက်ခိုက်ခံရတာလား “

“ ဘယ်သူကလဲ “

နှစ်ဦးစလုံးက တစ်ပြိုင်နက် မေးမြန်းလိုက်ကာ ၎င်းက အလွန်တရာ ထူးဆန်းသည်ဟု ခံစားသွားခဲ့ရသည်။ အကယ်၍ သူက တစ်ခြားလူများကို ချုံခိုမတိုက်ခြင်းက ကိစ္စတစ်ခုဖြစ်သော်လည်း ထိုလူမှာ တစ်ခြားလူတစ်ဦး၏ ချုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရလေသည်။

သို့ရာတွင် လောင်လျူက ခေါင်းတခါခါဖြင့် ပြန်ပြောလိုက်သည် “ ငါမသိဘူး “

“ ထူးဆန်းတယ် “

လုချန်ရှန်းက အတော်ပင် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

လောင်လျူက စကားထပ်ပြောလာခဲ့၏ “ လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက မြူခိုးတွေ ထူလာပြီးတော့ ထူးဆန်းတဲ့ အရာတွေ ပေါ်လာတယ်။ မြူခိုးတွေထဲမှာ လမ်းလျှောက်နေရင်းနဲ့ အဲ့ဒီဟာတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်။ လူနည်းစုလောက်ပဲ ရှင်သန်နိုင်ခဲ့တယ်။ လူဘယ်နှယောက်က ဓားစာခံတွေဖြစ်သွားပြီးတော့ ကျဆုံးသွားလဲဆိုတာကို ဘယ်သူမှ မသိကြဘူး “

ထိုစဥ် ရှောင်ဟေးမှာ လုချန်ရှန်းကို ငေးကြည့်မိသွားခဲ့သည်။

လုချန်ရှန်းမှာလည်း အံ့ဩမှင်သက်သွားခဲ့သည်။

လောင်လျူက စကားဆက်ပြောလာခဲ့၏ “ အခြေအနေတွေ ပိုဆိုးသွားပြီးတော့ သက်ရှိအားလုံး အထိတ်တလန့်ဖြစ်သွားပြီး တစ်ယောက်ပြီးတစ်ယောက် ပြန်ဆုတ်သွားကြတယ်။ ဒါပင်မဲ့ နေရာက ပိုပိုသေးလာပြီးတော့ ထွက်ပေါက်ကို မရှိတော့ဘူး။ အဲ့တာကြောင့် လူတိုင်းက လျှို့ဝှက်နယ်မြေထဲကို ဝင်သွားကြတယ် “

“ မင်းက လျှို့ဝှက်နယ်မြေထဲမှာ ချုံခိုအတိုက်ခံခဲ့ရတာလား “ ဟု လုချန်ရှန်းက သူ၏ သံသယများကို ဖယ်ရှားလိုစိတ်ဖြင့် မေးမြန်းလိုက်၏။

လောင်လျူက ခေါင်းတခါခါဖြင့် ပြန်ပြောလာခဲ့သည် “ ခုက လျှို့ဝှက်နယ်မြေရဲ့ အပြင်ဘက်မှာလေ။ အထဲမှာ အခွင့်အလမ်း အမျိုးမျိုးနဲ့ မူလသတ္ထုချီတွေ တကယ်ရှိတယ် “

ထိုစဥ် သူ၏နောက်ကျောတွင် မူလစွမ်းအင်တို့ဖြင့် ပြည့်နှက်နေသည့် ရွှေရောင်နတ်အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

“ မင်းက မူလသတ္ထုချီကို ဖွဲ့စည်းနိုင်ခဲ့ပြီပေါ့ “

လူနှစ်ဦးစလုံး တအံ့တဩဖြစ်သွားခဲ့သည်။

လောင်လျူက ခေါင်းငြိမ့်ပြလိုက်သည်။ သူသည်လည်း ထိုနေရာတွင် ကြီးမားသော အခွင့်အလမ်းတစ်ခုကို ရရှိခဲ့သည်။

“ လူတော်တော်များများ ဝင်လာပြီးတော့ အများစုက အနည်းနဲ့အများဆိုသလို သတ္ထုစွမ်းအင်ကို ဖွဲ့စည်းနိုင်ခဲ့ကြသည်။ ဒါပင်မဲ့ အဲ့လျှို့ဝှက်နယ်မြေက ထွက်လာတဲ့ အချိန်မှာ ကြားဖြတ်တိုက်ခိုက်လာတဲ့ သက်ရှိသတ္တဝါတွေ ပေါ်လာတယ်။ တစ်ယောက်ယောက် ထွက်သွားတဲ့ အချိန်တိုင်းမှာ ကြားဖြတ်တိုက်ခိုက်ပြီးတော့ အသတ်ခံလိုက်ရတယ် “

“ မင်ချန်းယုနဲ့ ငါထွက်လာတဲ့အချိန်မှာ အနက်ဝတ်လူတစ်စုက ငါတို့ကို ဝိုင်းရံလာပြီးတော့ တိုက်ပွဲကြီးတစ်ခု ဖြစ်ခဲ့ကြတယ်။ မင်ချန်းယု ပျောက်သွားပြီးတော့ ငါက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်။ ငါ့ခြေထောက်ကျိုးသွားပြီးတော့ ချောက်နက်ထဲကို ကျသွားခဲ့တာ “

လောင်လျူမှာ ယခင်ကဖြစ်ရပ်များကို ပြန်ပြောင်းပြောပြနေခဲ့သည်။

ရှောင်ဟေးက စကားဝင်ပြောနေတော့၏ “ သူတို့က သတ္ထုစွမ်းအင်ကို လုယက်ဖို့ ကြံနေကြတာလား “

“ ဟုတ်တယ် “

လောင်လျူက ခေါင်းငြိမ့်ပြလိုက်ကာ တုန်လှုပ်ဖွယ်ကောင်းသည့် သတင်းအပိုင်းအစတစ်ခုကို ချပြလိုက်၏။

အစတွင် အနက်ဝတ်လူများ ပေါ်ထွက်လာခဲ့ပြီး သူတို့က တူညီသော အဖွဲ့မှ လူများဟုသာ ထင်နေခဲ့ကြသည်။ သို့ရာတွင် ကြားဖြတ်တိုက်ခိုက် သတ်ဖြတ်နေသည့် အချိန်အတွင်းတွင် ၎င်းတို့အနက်မှ လူတစ်ချို့က သူတို့၏အဖွဲ့မှ အဖွဲ့သားများကို ရုတ်တရက် ချုံခိုတိုက်ခိုက်ကာ သတ်ဖြတ်ခဲ့ကြလေသည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ ထပ်မံ၍ စိတ်ရှုပ်သွားခဲ့ပြန်သည်။

ဘာကိုဆိုလိုတာလဲ။

အနက်ဝတ်လူတွေက သူလျှိုလုပ်တမ်း ကစားနေကြပြီလား။

သူတို့က အားလုံးကို သတ်ဖို့အတွက် ရောက်နေတာ မဟုတ်ဘူးလား။ ဘာအကွက်ဆန်းတွေ သုံးနေကြတာလဲဟ။

သို့ရာတွင် ရှောင်ဟေးကမူ တစ်စုံတစ်ခုကို နားလည်သွားပုံရ၏။ အစပိုင်းတွင် မြူခိုးများ အတွင်းတွင် သတ်ဖြတ်ခြင်းကပ်ဘေး မရှိခဲ့ပေ။ လူတစ်ချို့က သတ်ဖြတ်ခြင်း ကပ်ဘေးကို ဖန်တီးကာ အထိတ်တလန့် ဖြစ်စေခဲ့ပြီး ထိုလူများကို လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်သွားစေကာ သတ္ထုစွမ်းအင်များကို ရရှိသွားစေပြီး ၎င်းတို့ကို ပြန်လည်လုယက်ခဲ့ကြလေသည်။

လုချန်ရှန်းမှာလည်း ၎င်းကို တွေးမိထားခဲ့သည်။ အစတွင် သူက ထိုလူများကို မြူခိုးများအတွင်းသို့ ဦးဆောင်သွားကာ လှုပ်ရှားရလွယ်ကူအောင် ပြုလုပ်ပေးခဲ့သည်။ နောက်ပိုင်းတွင် တစ်စုံတစ်ဦးက သူ၏လမ်းစဥ်ကို ဆက်လက်လျှောက်လှမ်းနေပုံရပြီး အရာအားလုံးကို အဆပေါင်းများစွာ ချဲ့ထွင်ကာ သူတို့၏ ရည်မှန်းချက်များကို အောင်မြင်အောင် ပြုလုပ်ခဲ့ကြလေသည်။

ရှောင်ဟေးမှာလည်း အံ့ဩတကြီး ဖြစ်သွားခဲ့သည်။ ထိုကဲ့သို့သော ပူးပေါင်းကြံစည်မှုက အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလှပေသည်။

သို့သော် အသတ်ခံလိုက်ရသူများက အမျိုးမျိုးသော မြင့်မြတ်နယ်မြေများ ကောင်းကင်ဘုံ အကယ်ဒမီနှင့် အထက်နယ်မြေ၏ သက်ရှိများ ဖြစ်နေခဲ့သည်။ မည်သူက ထိုကဲ့သို့သော လုပ်ရပ်မျိုးကို လုပ်ဝံ့လိမ့်မည်နည်း။

ထိုအခိုက်အတန့်တွင် လူသုံးဦးစလုံး အတွေးနက်သွားကြသည်။

ရှောင်ဟေးကမူ အမှန်တကယ် ကျိုးပဲ့ပျက်စီးနေသည့် လောင်လျူ၏ ခြေထောက်ကို ငေးကြည့်နေခဲ့သည်။

--

………………………………………………………………………………………………………………………………………

All Chapters