အခန်း ၃၇၃
Vol. 25 Ch. 373
အပိုင်း ( 373 )
ငါမလုပ်နိုင်ဘူး
လူတစ်စုက ထိုနေရာကို စောင့်ကြပ်နေခဲ့ကြသည်။
လုချန်ရှန်း ထွက်သွားသော်လည်း သူသည် သူ့ထက် ပိုမိုရက်စက်ကြမ်းကြုတ်သည့် လူက မည်သူလဲဆိုသည်ကို သိချင်နေခဲ့သည်။
လမ်းတစ်လျှောက်တွင် ရှောင်ဟေးက အတော်ပင် တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီး လောင်လျူကမူ အဆက်မပြတ် ပေါက်ပေါက်ဖောက်နေခဲ့သည်။ သူ၏ ခြေတစ်ဖက်ကျိုးသွားသောကြောင့် ထိုကိစ္စကို အလွယ်တကူ လွှတ်မချနိုင်ဘဲ အငြိုးအတေး ထားနေခဲ့သည်။
ကူချန်ကျွင်းကမူ စကားတစ်ခွန်းမှ မပြောခဲ့ပေ။ သူသည် လုချန်ရှန်းက ထိုနေရာသို့ ရောက်ရှိနေမည်ဆိုသည်ကို တွေးစရာမလိုဘဲ သိနေခဲ့သည်။
ဂိုဏ်းသို့ ပြန်မသွားခင် အချိန်တွင် လောင်လျူက သူ၏ ဒဏ်ရာများကို ကုသနေခဲ့ပြီး ရှောင်ဟေးက အေးအေးလူလူ အနားယူနေခဲ့သည်။ ထို့ကြောင့် လုချန်ရှန်းနှင့် ကူချန်ကျွင်းတို့နှစ်ဦးသာလျှင် ကျန်နေခဲ့သည်။
ဆရာတပည့်နှစ်ဦးက တစ်ဦးကိုတစ်ဦး ငေးကြည့်နေလျက်ရှိကာ ကူချန်ကျွင်းက စကားစပြောလာခဲ့သည် “ သူတော်စင် ထပ်မလုပ်တော့ဘူးလား “
“ ဆရာ ဘာတွေ ပြောနေတာလဲ။ ကျွန်တော်က အာဏာကို တပ်မက်နေတဲ့ လူစားမျိုးလား။ တကယ်လို့ မူဟွမ်ကို ကတိပေးခဲ့ပြီးတော့ ကျွန်တော့်ရဲ့ စည်းမျဥ်းတွေကို ချိုးဖောက်ချင်လို့သာ မဟုတ်ဘူးဆိုရင် ကျွန်တော်က သွားဖို့တောင် ပျင်းနေမှာ “
ကူချန်ကျွင်းမှာ ပြုံးရုံသာ ပြုံးနေခဲ့ပြီး ဘာမှထပ်မပြောတော့ပေ။
ထို့နောက်တွင် ကူချန်ကျွင်းက ထပ်မံ၍ မေးမြန်းနေတော့သည် “ မင်းက ဘယ်လောက်သတ်ခဲ့တာလဲ “
“ ကျင်းကျန့်နဲ့ ထျန်ယုကတော့ ကျွန်တော်သတ်တာ။ ကျန်တာတွေက ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး “
လုချန်ရှန်းက ပွင့်ပွင့်လင်းလင်း ပြန်ပြောလိုက်သည်။
သို့ရာတွင် ထျန်ယုကို သတ်ခဲ့သည်ဆိုသည့် စကားကို ကြားလိုက်ရသောအချိန်၌ ကူချန်ကျွင်း၏ မျက်ဝန်းများအတွင်းတွင် အံ့အားသင့်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။ သူသည် ၎င်းက မည်ကဲ့သို့သော တည်ရှိမှုမျိုးလဲဆိုသည်ကို ရှင်းရှင်းလင်းလင်း သိနေပုံရသည်။
လုချန်ရှန်းက မည်သို့မျှ မကွယ်ဝှက်ထားဘဲ ရရှိခဲ့သည့် နတ်ပစ္စည်းသုံးခုကို ထုတ်ယူလိုက်သည်။ သူ၏ ချပ်ဝတ်တန်ဆာကိုပင် မချန်ထားခဲ့ပေ။
“ ဆရာ ကျွန်တော့်ကို ကူပြီးတော့ သန့်စင်ပေးပါဦး။ ကျွန်တော် မရှင်းနိုင်တဲ့ ပြဿနာတစ်ချို့ရှိနေတယ် “
ကူချန်ကျွင်းမှာ တအံ့တဩဖြစ်သွားခဲ့သည်။ လှံတံနှင့် ကြေးမှန်က တစ်ကိစ္စဖြစ်သော်လည်း ကျန်းဟိုင်စည်းတံဆိပ်ကို မြင်လိုက်ရသောအခါတွင် သူအံ့အားသင့်သွားသေး၏။
အဆုံးတွင် သူက ၎င်းတို့အားလုံးကို သန့်စင်ပေးလိုက်သည်။
၎င်းအားလုံးကို လုပ်ဆောင်ခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းက သူ၏ စီနီယာအစ်ကို နှစ်ဦးကို သွားမရှာခဲ့ပေ “ ဆရာ ကျွန်တော့်အတွက် နေရာတစ်ခုလောက် ရှာပေးပါလား။ ကျွန်တော် အဆင့်တက်ချင်လို့ “
အရေးကြီးသော အခိုက်အတန့်တွင် သူက အလွန်တရာ သတိကြီးနေခဲ့ပြီး ဆရာဖြစ်သူက ချောင်းကြည့်မည်ကို ကြောက်လန့်မနေခဲ့ပေ။
ကူချန်ကျွင်းက ထိုနေရာတွင် မတ်တပ်ရပ်နေစဲဖြစ်ပြီး ဒွိဟဖြစ်နေသော အမူအရာမျိုးဖြင့် သူ့ကို ငေးကြည့်နေခဲ့သည်။ သူက ၎င်းကို မျှော်လင့်ထားခဲ့ပြီးသားဖြစ်သော်လည်း အမှန်တကယ်ကြုံတွေ့လိုက်ရချိန်တွင် မယုံကြည်နိုင်ဖြစ်နေပုံရ၏။
အသက်နှစ်ဆယ်အရွယ် ဟွာရှုနယ်ပယ် ပညာရှင်ဆိုသည်မှာ မကြုံစဖူး ကိစ္စထူးဖြစ်သည်။ သို့သော် ၎င်းက အတော်ပင် ရှားပါးလွန်းနေခဲ့သည်။
“ ကောင်းတယ် “
ကူချန်ကျွင်းက သူ့ကို မတားဆီးဘဲ သဘောတူလာခဲ့သည်။
အချိန်အတော်ကြာခဲ့ပြီးသည့်နောက်တွင် အရပ်မျက်နှာလေးခုစလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ အထက်နယ်မြေမှ လူများသော်လည်းကောင်း အဆင့်နိမ့်နယ်မြေ၏ အင်အားစု အသီးသီးသော်လည်းကောင်း ကောင်းကင်ဘုံ အကယ်ဒမီကပင် အလုပ်ရှုပ်နေပုံရ၏။
သူတို့မှာ နောက်ကွယ်မှ ချုပ်ကိုင်နေသူကို ရှာဖွေနေခဲ့ပြီး အသက်ပေါင်းများစွာ ဆုံးရှုံးသွားခဲ့ရကာ လူတစ်ချို့က ထင်ရှားသော ပုဂ္ဂိုလ်များ ဖြစ်နေခဲ့သည်။
လူတော်တော်များသည် ၎င်းက လုချန်ရှန်းနှင့် သက်ဆိုင်ပြီး သူက တစ်ခုခုကို သိနေလိမ့်မည်ဟု ခံစားနေခဲ့ရသည်။ သို့သော် သူက သူတို့လိုက်ရှာနေသည့်လူ ဖြစ်နေလိမ့်မည်ဟု မည်သူမှ သံသယမဝင်ခဲ့ပေ။
သူတို့က ဘာများလုပ်နိုင်ကြမည်နည်း။ နတ်ကောင်းကင်ဂိုဏ်းကို ဖောက်ဝင်ကာ သူ့ကို ပြန်ပေးဆွဲရမည်လော။ (သို့) ရက်ရောသော လက်ဆောင်များကို ပြင်ဆင်ကာ သူ့ကို ဆွယ်ရမည်လော။
ကောင်းကင်ဘုံ အကယ်ဒမီ၏ အတွင်းပိုင်းတွင် လူတစ်အုပ် စုစည်းနေပြီး တစ်စုံတစ်ဦးက မအောင့်ထားနိုင်တော့ဘဲ စကားပြောလာခဲ့၏။
“ အဲ့တာဆိုရင် ကျုပ်တို့က ဘာလုပ်ကြမှာလဲ “
“ ကျုပ်တို့က အဲ့လူကို မရှာနိုင်ဘူး “
“ ငါထပ်ပြောမယ်။ လုချန်ရှန်းက အဲ့လူကို သိနေလိမ့်မယ် “
၎င်းက သက်သေအထောက်အထားပေါ်တွင် အခြေခံ၍ ပြောဆိုခြင်း မဟုတ်ဘဲ သူနှင့်တိုက်ရိုက်ချိတ်ဆက်လိုက်ခြင်သာ ဖြစ်နေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူက အနက်ဝတ်လူ၏ လက်ဦးဆရာဖြစ်ပြီး သူ့ကြောင့်သာလျှင် အနက်ဝတ်လူများ၏ တိုက်ပွဲများ ဖြစ်တည်လာခဲ့ခြင်းဖြစ်သည်။
နောက်ပိုင်းတွင် ပိုမိုများပြားသော လူများ ပေါ်ထွက်လာသော်လည်း ထိုလူမှာ မည်သို့မျှ မထိခိုက်သွားဘဲ အဆင်ပြေနေသေးသည်။
ထျန်းယု၏ သေဆုံးမှုက သူနှင့်သက်ဆိုင်သည်ဟုပါ ကောလဟာလထွက်နေခဲ့ပြီး ထိုအချက်အားလုံးကို ပေါင်းစည်းလိုက်သော် အားလုံးသည် သူတစ်ခုခု သိနေနိုင်သည်ဟု ခံစားနေကြရသည်။
“ အဲ့တာဆိုရင် ကျုပ်တို့က သူ့ကို သွားမေးကြမှာလား “
“ ငါတို့က အဲ့လိုလုပ်လို့ရတယ်လို့ ငါထင်တယ်။ အဲ့လူက ဝိညာဥ်ကျောက်တုံးတွေကို တော်တော်လောဘကြီးတယ်။ တကယ်လို့ ငါတို့ကသာ ဝိညာဥ်ကျောက်တုံးတွေ ယူသွားမယ်ဆိုရင် အချက်အလက်တစ်ချို့ ရနိုင်တယ် “
“ ငါတို့က ဝိညာဥ်ကျောက်တုံးတွေ ထောက်ပံ့ပေးမယ်။ မင်းသွားလိုက် “ ဟု ကောင်းကင်ဘုံ အကယ်ဒမီ၏ တစ်စုံတစ်ဦးက ပြောလိုက်သည်။
ထျန်းရီမှာ နေရာမှာတင် မှင်သက်သွားခဲ့သည်။
ငါက အဆိုပြုလိုက်တာလေ။ ဘာကိစ္စ ငါသွားမှာလဲဟ။
သူသည် ပတ်ဝန်းကျင်ရှိ လူများကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ သို့သော် ထိုလူများက တစ်ဖက်သို့ လှည့်သွားကြသည်။
သူတို့က လုချန်ရှန်းကို ကမ္ဘာငယ်အတွင်းတွင် ဝိုင်းရံတိုက်ခိုက်ခဲ့ကြသည်။ ယခုတွင်မူ သူတို့က သူတို့အလိုရှိသော အရာကို သိရရန်အတွက် တစ်ဖက်လူဆီသို့ သွားရတော့မည်ဖြစ်သည်။
အနောက်ဒေသ၏ ဗုဒ္ဓဂိုဏ်းကပါ စကားဝင်ပြောလာခဲ့သည် “ ငါ့ရဲ့ ဗုဒ္ဓဂိုဏ်းကလည်း တစ်ချို့တစ်ဝက်ကို မျှဝေပေးဖို့ ဆန္ဒရှိပါတယ်။ ဝိညာဥ်ကျောက်တုံးတွေ ပိုများရင် ငါတို့က တစ်ခုခုကို တကယ် ရှာတွေ့နိုင်တယ် “
“ ဟုတ်တယ် “
“ အမှန်ပဲ “
“ ငါတို့ကလည်း နည်းနည်းလောက် မျှဝေပေးမယ်။ ဝိညာဥ်ကျောက်တုံး ပိုများတော့ ကိစ္စက ပိုလွယ်သွားတာပေါ့ကွာ “
ထျန်းရီမြင့်မြတ်နယ်မြေ၏ လူမှာ အံ့ဩမှင်သက်သွားပြီး အံတကြိတ်ကြိတ်ဖြင့် စကားဝင်ပြောနေတော့သည် “ ဘာဖြစ်လို့ ငါ့ကို ပို့လိုက်ရတာလဲ။ ငါ့ရဲ့ ထျန်းရီမြင့်မြတ်နယ်မြေက လှုပ်ရှားခဲ့တယ် မဟုတ်ဘူးလား “
သူတို့အားလုံးက လုချန်ရှန်းကို ဝိုင်းရံရာတွင် ပါဝင်ခဲ့ပြီး သူက သူ၏ ထင်မြင်ချက်ကို အဆိုပြုလိုက်ရုံသာလျှင် ဖြစ်သည်။ သူအမှန်တကယ် မသွားဝံ့ပေ။
တစ်ခြားလူများမှာလည်း သူတို့၏ စိုးရိမ်ပူပန်မှုကို ခံစားမိနေခဲ့ကာ ပြန်ပြောလာခဲ့သည် “ လုချန်ရှန်းက ဘာမှမပြောခဲ့လို့ ကူချန်ကျွင်းက မလှုပ်ရှားခဲ့တာလေ။ သူက ဘာမှမသိလောက်ဘူး။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် သူ့ရဲ့ ဒေါသမျိုးနဲ့ ဘယ်သူကမှ ကောင်းကောင်းအိပ်ရမှာ မဟုတ်ဘူး “
“ အမှန်ပဲ “
တစ်ခြားလူများကပါ သံယောင်လိုက်၍ ပြောဆိုနေကြတော့သည်။
သူတို့က ကူချန်ကျွင်းကို ကြောက်လန့်ကြလေသည်။
ထို့အပြင် သူတို့သည် လုချန်ရှန်းက တစ်ခုခုကို သိရှိသွားသည်ဟု မထင်ထားခဲ့ကြပေ။ သို့သော် လောင်လျူက ချုံခိုတိုက်ခိုက်ခံရသော်လည်း အသက်ရှင်နေခဲ့သည်ဆိုသည်ကို လူတိုင်းက သိထားကြသည်။ ထိုလူမှာလည်း တစ်စုံတစ်ခုကို သိနေနိုင်ပေသည်။
ထျန်းရီစံအိမ်၏ လူများမှာ ထပ်ခါတလဲလဲ နောက်ဆုတ်သွားခဲ့ကြသည်။
သူတို့မှာ ယခင်က မဟာတောရိုင်း နန်းတော်၏ သူတော်စင်ကို ဆန့်ကျင်ခဲ့ပြီး ယခုတွင် ကူချန်ကျွင်းကို ထပ်မံ၍ ရန်စကြရမည်လော။
၎င်းကို မြင်လိုက်ရသောအခါတွင် သက်လတ်ပိုင်း လူတစ်ဦးက ဘေးတစ်ဖက်မှ တိုးထွက်လာခဲ့၏။
“ ငါ့ရဲ့ လင်းမိသားစုက လူတစ်ယောက်ကို လွှတ်လိုက်မယ်ဆိုရင်ရော “
ဟမ်
အကြည့်အားလုံး ထိုနေရာသို့ ရောက်ရှိသွားခဲ့သည်။
သူတို့က နေရာတော်တော်များများသို့ သွားခဲ့ကြသော်လည်း ကမ္ဘာငယ်အတွင်းသို့ မဝင်ခဲ့ကြပေ။
လင်းမိသားစု၏ လင်းမို့က ရှေးဟောင်းမီးအိမ်ကို အသုံးပြုကာ အဆိုပါ သူတော်စင်ကို စမ်းသပ်ရန် ကြိုးပမ်းခဲ့ဖူးသောကြောင့် သူတို့က သိုသိုသိပ်သိပ် နေရန် ရွေးချယ်ခဲ့ကြသည်။
“ တကယ်လား “ တစ်စုံတစ်ဦးက မနေနိုင်တော့ဘဲ ပြန်မေးလိုက်သည်။
ထိုလူက ပြန်ပြောလိုက်၏ “ လင်းမို့ကို ထပ်သွားခိုင်းလိုက်တာပေါ့ “
“ ကောင်းတယ် “
“ ကျေးဇူးတင်ပါတယ်။ တာအိုရောင်းရင်း “
အင်အားစုတိုင်း ပျော်ရွှင်သွားခဲ့ကြသည်။
လင်းမိသားစုက အတော်ပင် သင့်တော်လွန်းနေခဲ့သည်။ သူတို့က ဝိုင်းတိုက်သည့် ကိစ္စတွင် မပါဝင်သကဲ့သို့ လုချန်ရှန်း ကူချန်ကျွင်းတို့နှင့်ပါ မည်သည့်ရန်ကြွေးမှ မရှိပေ။ ထိုကြောင့် ၎င်းက အလုပ်ဖြစ်နိုင်ပေလိမ့်မည်။
ချက်ချင်းဆုသလိုပင် သူတို့က လင်းမို့ကို စေလွှတ်လိုက်ပြီး နတ်ကောင်းကင်ဂိုဏ်း၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့ကြသည်။
လူတစ်ချို့မှာ နတ်ကောင်းကင်ဂိုဏ်း၏ အပြင်ဘက်တွင် ရလဒ်ကို စောင့်မျှော်နေခဲ့ကြသည်။
ဤတစ်ကြိမ်တွင် လင်းမို့က မချိုပြုံးပြုံးနေခဲ့ကာ မျက်ဝန်းများ မှိန်ဖျော့နေခဲ့၏။ နောက်ဆုံးတစ်ကြိမ် သူတော်စင်ကို စမ်းသပ်ခဲ့စဥ် အချိန်က အတော်ပင် အန္တရာယ်များခဲ့ပြီး ဤတစ်ကြိမ်မှာလည်း ထိုအခြေအနေမျိုးနှင့် တူညီနေခဲ့သည်။ ကောလဟာလများကို ကြားထားခဲ့ဖူးသောကြောင့် သူသည် ထိုလူနှစ်ဦးက မည်ကဲ့သို့သော လူစားမျိုးလဲဆိုသည်ကို သိနေခဲ့သော်လည်း အနည်းငယ်မျှ သတိလွတ်သွားရုံဖြင့် ကြီးမားသော ကပ်ဘေးတစ်ခုကို ဆွဲဆောင်မိသွားပေလိမ့်မည်။
နတ်ကောင်းကင်ဂိုဏ်းကမူ အထက်နယ်မြေ၏ လူတစ်ဦး လာရောက်လည်ပတ်သည်ကို သိရှိသွားပြီး သူတို့ကို လျစ်လျူမရှုထားဘဲ အထဲဝင်ရန် ဖိတ်ခေါ်ကာ ထို့နောက်တွင် လုချန်ရှန်းနှင့် ကူချန်ကျွင်းတို့ကို ဖိတ်ခေါ်ရန် တစ်စုံတစ်ဦးကို အလျင်အမြန် စေလွှတ်လိုက်သည်။
ကူချန်ကျွင်းက ဘာမှပြန်မပြောလိုက်ပေ။
လုချန်ရှန်းကမူ ရှောင်ဟေး လောင်လျူတို့နှင့်အတူ ရောက်ရှိလာခဲ့သည်။
လင်းမို့က အတော်ပင် ရည်မွန်နေခဲ့ပြီး ဝိညာဥ်ကျောက်တုံးများကို ထုတ်ယူကာ သူ၏ ရည်ရွယ်ချက်ကို ရှင်းပြလိုက်သည်။
သူ့အပေါ်သို့ စိတ်စွမ်းအင်များစွာ ကျဆင်းလာခဲ့ပြီး ထိုကိစ္စ၏ နောက်ဆက်တွဲ ရလဒ်အကြောင်းကို ဆက်တိုက်မေးမြန်းလာခဲ့ကြသည်။
အလည်ရောက်လာသူကို မြင်တွေ့လိုက်ရပြီး သူက ဝိညာဥ်ကျောက်တုံးများ လာပို့ခြင်းဖြစ်ကြောင်းသိလိုက်ရချိန်တွင် လောင်လျူမှာ အပျော်လွန်သွားခဲ့သည်။ အထူးသဖြင့် ဝိညာဥ်ကျောက်တုံး သန်း၅၀ဆိုသည့် ပမာဏကို ကြားလိုက်ရသောအခါတွင်ဖြစ်ပြီး ဒဏ်ရာလေးတစ်ခုအတွက် ထိုကဲ့သို့ ပြုလုပ်ပေးခြင်းမှာ သူ့ကို အံ့ဩမှင်သက်သွားစေခဲ့၏။
သူသည် ရယ်ရယ်မောမောဖြင့် ဝိညာဥ်ကျောက်တုံးများကို သိမ်းဆည်းရန် ထသွားတော့သည်။
နတ်ကောင်းကင်ဂိုဏ်း၏ လူများမှာ တအံ့တဩ ဖြစ်သွားခဲ့ကြသည်။ မည်ကဲ့သို့သော ကိစ္စမျိုးက ဝိညာဥ်ကျောက်တုံး သန်း၅၀ တန်ပါသနည်း။
သို့ရာတွင် လုချန်ရှန်းကမူ လက်နောက်ပစ်ထားသော ဟန်အမူအရာဖြင့် ဂုဏ်ယူဝင့်ကြွားစွာ မတ်တပ်ရပ်နေတော့သည်။
သူ၏ အကြည့်က လင်းမို့အပေါ်တွင်သာ ရှိနေခဲ့ပြီး ဝိညာဥ်ကျောက်တုံးများဆီသို့ ယောင်လို့ပင် မရောက်ရှိသွားခဲ့ပေ။
လောင်လျူက ဝိညာဥ်ကျောက်တုံးများကို ယူလိုက်တော့မည့် အချိန်တွင် သူ၏ အသံ ဟိန်းထွက်သွားခဲ့သည်။
“ အဲ့တာက ဘာကိုဆိုလိုတာလဲ “
လင်းမို့သည် အံ့ဩမှင်သက်သွားကာ အလျင်အမြန် တုံ့ပြန်လိုက်သည် “ တာအိုရောင်းရင်း ငါတို့က မင်းနဲ့ အရောင်းအဝယ်လုပ်ချင်ရုံပါပဲ။ ငါတို့က ကမ္ဘာငယ်ထဲမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို သိရဖို့အတွက် ဝိညာဥ်ကျောက်တုံး သန်း၅၀ သုံးဖို့ ဆန္ဒရှိပါတယ် “
“ အရောင်းအဝယ်လား “
“ ဟုတ်ပါတယ် “
“ ငါလုချန်ရှန်းကို ဘယ်လိုလူမျိုးများ မှတ်နေလဲ။ ငါက ဝိညာဥ်ကျောက်တုံး နည်းနည်းလေးအတွက် ဦးညွတ်ရမှာလား “
“ ဘာဖြစ်တယ် “
ထိုအခိုက်အတန့်တွင် လောင်လျူက အံ့ဩတုန်လှုပ်သွားပြီး သူ၏ လှုပ်ရှားမှုများ ရပ်တန့်သွားကာ မယုံကြည်နိုင်ဖြစ်နေသော အမူအရာမျိုးဖြင့် လုချန်ရှန်းကို ငေးကြည့်နေတော့သည်။
“ ငါဘာမှ မသိဘူး။ ပြန်ယူသွားလိုက် “
လုချန်ရှန်းက လေသံမာမာဖြင့် လူတိုင်းကို ခြိမ်းခြောက်နေသကဲ့သို့ စကားထပ်ပြောလိုက်သည်။
အရာအားလုံးက သူထင်ထားခဲ့သည့်အတိုင်း မဖြစ်လာခဲ့သောကြောင့် လောင်လျူမှာ အံ့ဩတကြီး ဖြစ်သွားခဲ့သည်။
လင်းမို့ကမူ မတ်တပ်ရပ်လျက်သားဖြင့် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။
ဒီလူက ဝိညာဥ်ကျောက်တုံးတွေကို တွေ့လိုက်ရတာနဲ့ ငမ်းငမ်းတပ် လိုချင်နေတာ မဟုတ်ဘူးလား။ ငါတို့က အပိုသန်းနှစ်ဆယ်တောင် ထည့်ပေးထားတယ်လေ။ ဘာဖြစ်သွားတာလဲ။ နည်းတယ်လို့များ ထင်နေတာလားဟ။
လောင်လျူက သတိပြန်ဝင်သွားကာ ရှောင်ဟေးကို ကြည့်၍ စကားလှမ်းပြောလိုက်သည် “ အဲ့ကောင်က လုချန်ရှန်းကော ဟုတ်သေးရဲ့လား။ ဖျားနေတာလား(ဒါမှမဟုတ်) သရဲပူးနေတာလား “
ရှောင်ဟေးက မျက်တောင်ပင် မခတ်ဘဲ အေးအေးလူလူ ပြန်ပြောလိုက်သည် “ သူက အမြဲလိုလို အဲ့လိုပဲဖြစ်နေတာ မဟုတ်ဘူးလား “
“ ဘာဖြစ်တယ် “
အဆိုပါ တုံ့ပြန်မှုကို ကြားလိုက်ရသောအခါတွင် လောင်လျူမှာ ထပ်မံ၍ အံ့အားသင့်သွားခဲ့ရပြန်သည်။
--
…………………………………………………………………………………………………………………………………………..