အခန်း ၃၇၄
Vol. 25 Ch. 374
အပိုင်း ( 374 )
ဘယ်သူကမှ အဲ့ကောင်လောက် မပုန်ကန်တတ်ဘူး
ရှောင်ဟေး၏ အဖြေမှာ သူမထင်မှတ်ထားသော အရာဖြစ်နေခဲ့သည်။
လောင်လျူသည် မယုံကြည်နိုင်စရာကောင်းလွန်းသည်ဟု ခံစားသွားခဲ့ရသည်။ ဒီနှစ်ကောင်လုံး သရဲပူးခံလိုက်ရတာများလား။
ပြဿနာကြီးပဲ။ ကူချန်ကျွင်းနဲ့ ဆွေးနွေးမှဖြစ်မယ်။ ဒီကောင်တွေကသာ နတ်ဆိုး ဝိညာဥ်တွေဆိုရင် သောက်ပြဿနာပဲ။
လုချန်ရှန်းသည် စကားပြောခဲ့ပြီးသည့်နောက်တွင် ပြန်လှည့်မကြည့်ဘဲ အရာအားလုံးကို လျစ်လျူရှု၍ လှည့်ထွက်သွားခဲ့သည်။
ငါလုချန်ရှန်းကို ဝိညာဥ်ကျောက်တုံး နည်းနည်းလေးနဲ့ လာဘ်ထိုးလို့ရမယ်လို့ ထင်နေတာလားဟ။ ဟာသပဲ။
ငါးဆယ်မပြောနဲ့။ သန်းတစ်ရာ ဒါမှမဟုတ် တစ်ဘီလီယံဆိုရင်တောင်မှ လုံးဝမဖြစ်နိုင်ဘူး။ ဂုဏ်သိက္ခာရှိတဲ့ လူကြီးလူကောင်းတစ်ယောက်ကွ။ အဲ့လိုကိစ္စမျိုးကို လုံးဝလုပ်မှာ မဟုတ်ဘူး။
လင်းမို့သည် ရွေးချယ်စရာ မရှိတော့သောကြောင့် လှည့်ပြန်သွားခဲ့ရသည်။ ထို့နောက်တွင် လူတိုင်း အံ့ဩတုန်လှုပ်သွားကြသည်။
အားလုံးက မယုံကြည်နိုင် ဖြစ်သွားကြသည်။ ကောင်းကင်ဘုံ အကယ်ဒမီ ထျန်းရီမြင့်မြတ်နယ်မြေနှင့် တစ်ခြားအင်အားစု အားလုံး အံ့ဩတကြီး ဖြစ်သွားခဲ့သည်။ လုချန်ရှန်းက ဝိညာဥ်ကျောက်တုံးတွေကို မယူဘဲ အဲ့လိုစကားမျိုးတွေကို ပြောလိုက်တယ်ပေါ့။
“ သူသရဲပူးခံနေရတာလား “၎င်းက လူတိုင်း၏ အတွေးထဲသို့ အရင်ဦးဆုံး ဝင်ရောက်လာခဲ့သည့် အရာဖြစ်သည်။
လုချန်ရှန်း၏ ဂုဏ်သတင်းက မည်မျှဆိုးဝါးလိုက်သနည်း။ သူ၏ လောဘကြီးသော ဂုဏ်သတင်းက ဒေသလေးခုတွင် နာမည်ကြီးနေခဲ့ပြီးဖြစ်ပြီး ဝိညာဥ်ကျောက်တုံးများ လုံလုံလောက်လောက် ပါသွားမည်ဆိုပါက သူ့ကို လှုပ်ခတ်နိုင်လိမ့်မည်ဟုသာ ထင်ထားခဲ့ကြသည်။
“ သူက အဲ့ဒီ ပမာဏာကို နည်းနေတယ်လို့ ထင်နေတာများလား “
“ သန်းငါးဆယ်က နည်းနေသေးတာလား “
“ တကယ်လို့ သူကသာ နည်းနေသေးတယ်ဆိုရင် ထင်တယ်ဆိုရင် ဘာကိစ္စ ကောင်းကင်ဘုံပေါ်ကို မတက်သွားရတာလဲ “
“ အဲ့တာဆိုရင် ဘာလုပ်ကြမှာလဲ “
တစ်စုံတစ်ဦးက ဂရုတစိုက် တွေးတောစဥ်းစားကာ မေးမြန်းနေတော့သည် “ သူက အဲ့တာကို နည်းလွန်းနေတယ်လို့ ထင်နေပြီးတော့ ခပ်ကြမ်းကြမ်းလေး ကစားချင်နေတာလို့ပဲ ငါထင်တယ်။ တကယ်လို့ ငါတို့ကသာ ပမာဏကို တိုးပေးလိုက်ရင် သူသေချာပေါက် လှုပ်ရှားလာလိမ့်မယ် “
“ မှန်တယ်။ ငါတို့ အားလုံး ပေါင်းလိုက်မယ်ဆိုရင် ပမာဏတစ်ခုအထိ တိုးလိုက်လို့ရတယ် မဟုတ်ဘူးလား “
ချက်ချင်းဆိုသလိုပင် သူတို့သည် ဝိညာဥ်ကျောက်တုံး ပမာဏကို တိုးမြှင့်ရန် ဆုံးဖြတ်လိုက်ကာ လင်းမို့ကို ထပ်မံ၍ စေလွှတ်လိုက်သည်။
သို့ရာတွင် ထိုတစ်ကြိမ် တုံ့ပြန်မှုမှာလည်း သူတို့မထင်မှတ်ထားသော အရာတစ်ခုသာ ဖြစ်သည်။
လုချန်ရှန်းက နတ်ကောင်းကင်ဂိုဏ်းအတွင်းသို့ မည်သူ့ကိုမှ အဝင်မခံဘဲ လူတိုင်း၏ အရှေ့တွင် အဝေးမှ စကားလှမ်းပြောနေခဲ့လေသည်။
“ မင်းတို့က ငါလုချန်ရှန်းကို ဘာမှတ်နေကြတာလဲ။ အဲ့ဒီလိုပြင်ပ ပစ္စည်းတွေနဲ့ ငါ့ကို စော်ကားဖို့ ကြိုးစားနေကြတာလား “
ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် အရပ်မျက်နှာရှစ်ခုစလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
လုချန်ရှန်းဆိုသည်မှာ မည်သူနည်း။ ထိုကဲ့သို့သော စကားများကို ပြောဆိုနေရန် လိုအပ်ပါသလော။
အကယ်၍ သူတို့ကသာ သူက မည်ကဲ့သို့သော လူစားမျိုးလဲဆိုသည်ကို မသိဘူးဆိုပါက ဝိညာဥ်ကျောက်တုံးများ ယူဆောင်လာမည်လော။
အဲ့တာကိုလည်း မလုံလောက်သေးဘူးလို့ ထင်နေတာလားဟ။
ထိုသတင်းက လူတိုင်းကို ထပ်မံ၍ အံ့ဩတုန်လှုပ်သွားစေခဲ့ပြန်သည်။
လောင်လျူမှာ ထပ်ခါတလဲလဲ အံ့အားသင့်နေခဲ့ရပြီး အံ့ဩရလွန်းသဖြင့် ဦးခေါင်းပင် ထုံကျင်သွားခဲ့လေသည်။ ရှောင်ဟေးကမူ ၎င်းတို့နှင့် နေသားကျနေခဲ့ပြီ ဖြစ်သည်။
သူသည် ထိုအကောင်က ဟွာရှုနယ်ပယ်သို့ အချိန်မရွေးရောက်တော့မည်ဆိုသည်နှင့် သူက ဝိညာဥ်ကျောက်တုံးကို မလိုအပ်တော့ဘူးဆိုသည်တို့ကို သိနေခဲ့လေသည်။ ထို့ကြောင့်ပင် သူတော်ကောင်းယောင်ဆောင်ကာ သူ၏ဂုဏ်သိက္ခာကို ပြန်လည်ဆယ်ယူရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
နှစ်ကြိမ်ဆက် အငြင်းခံခဲ့ရပြီးသည့်နောက်တွင် ကောင်းကင်ဘုံ အကယ်ဒမီမှာ မည်သို့မှ ငြိမ်မနေနိုင်တော့ပေ။
သူတို့သည် လုချန်ရှန်းက အမှန်တရားကို သိနေပြီး သူတို့ကို မပြောပြလိုခြင်း(သို့) ထိုကိစ္စက သူနှင့်သက်ဆိုင်နေခြင်းတို့ ဖြစ်နိုင်လိမ့်မည်ဟု ထင်နေခဲ့ကြသည်။
အဆိုပါ ဖြစ်နိုင်ခြေမှာပင် အတော်ပင် မြင့်မားလွန်းနေခဲ့သည်။
အစတွင် သူတို့က လောင်လျူဘက်သို့ မြှားဦးလှည့်သွားခဲ့ကြသည်။ သို့သော် လောင်လျူက သူတို့ကို လျစ်လျူရှုထားကာ ကမ္ဘာငယ်အတွင်းတွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်များနှင့်ပတသက်၍ စကားတစ်ခွန်းမှ မဟခဲ့ပေ။ သူတို့က မည်မျှပင် ကြိုးစားနေခဲ့ပါစေ။ အချည်းနှီးသာ ဖြစ်သွားခဲ့ရသည်။
လာပြောင်နေတာလားဟ။
ငါသာ ပြောလိုက်မယ်ဆိုရင် ငါခြေကျိုးပြီး မသေရုံတမယ် ပြေးခဲ့ရတယ်ဆိုတဲ့ ကိစ္စကို လူတိုင်းက သိသွားမှာ မဟုတ်ဘူးလား။ အဲ့တာဆိုရင် ငါမျက်နှာပျက်သွားရမှာပေါ့။
နည်းလမ်းပေါင်းစုံ သုံးခဲ့သော်လည်း မည်သည့်ရလဒ်မှ မပေါ်ထွက်လာခဲ့သောကြောင့် ဝမ်ထျန်စံအိမ်၏လူများ ရှေ့ထွက်လာကြသည်။
“ ကောင်းပြီလေ။ ရက်နည်းနည်းလောက် ထပ်စောင့်ကြတာပေါ့ “
ဟမ်
ထိုစကားကို ကြားလိုက်ရသောအခါတွင် တစ်ခြားလူများ လှည့်ကြည့်လာခဲ့ကြသည်။
ဝမ်ထျန်စံအိမ်၏ လူက စကားထပ်ပြောလိုက်သည် “ ဒီကိစ္စက ဖြေရှင်းချက်တစ်ခုကို သေချာပေါက် လိုအပ်တယ်။ တကယ်လို့ သူတို့က မပြောဘူးဆိုရင် ငါတို့က ပြောလာအောင် လုပ်ရမယ် “
“ ဒါပင်မဲ့ ကူချန်ကျွင်းက ……. “
“ ကူချန်ကျွင်းက သန်မာတယ်ဆိုတော့ရော ဘာဖြစ်လဲ။ သူက ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်မှာမို့လို့လား။ တကယ်လို့ သူက နတ်ဘုရားနယ်ပယ် ပညာရှင်တစ်ယောက်ကို တိုက်ခိုက်နိုင်တယ်ဆိုရင်တောင်မှ ဘယ်လောက်များများ ကိုင်တွယ်နိုင်မှာမို့လို့လဲ “
သူ၏ စကားလုံးများက အတော်ပင် ပြတ်သားနေကာ သတ်ဖြတ်လိုသည့် အရှိန်အဝါများကို သယ်ဆောင်ထားခဲ့သည်။ ထို့အပြင် ကိစ္စတစ်ချို့ကိုပါ ဖော်ထုတ်ခဲ့လေသည်။
ဝမ်ထျန်စံအိမ်က လှုပ်ရှားတော့မည်ဖြစ်ပြီး နတ်ဘုရားနယ်ပယ် ပညာရှင်များကို အောက်လောကသို့ ခေါ်ဆောင်တော့မည် ဖြစ်သည်။
တစ်ခြားလူများအတွက် ခက်ခဲနိုင်သော်လည်း ဝမ်ထျန်စံအိမ်အတွက်သာဆိုပါက ကွဲပြားသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားပေလိမ့်မည်။ ၎င်းက ရှေးယခင်အချိန်များကတည်းက တည်ရှိခဲ့သည့် အင်အားစုတစ်ခုဖြစ်ပြီး မှန်းဆ၍ မရသော အခြေခံအုတ်မြစ်မျိုးကို ပိုင်ဆိုင်ထားခဲ့သည်။
ကုန်းမြေဆယ်ခုကို မဆိုထားနှင့် တိုက်ကြီးကိုးခုမှာပင် သူတို့၏ အင်အားစုများ ဖြန့်ကျက်ထားပြီး ပိုမိုအဆင့်မြင့်သည့် နေရာများမှာပင် သူတို့၏ ခြေတံလက်များ ရှိနေခဲ့သည်။ ၎င်းက အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ဖြစ်ပေသည်။
သူတို့ကို အံ့အားသင့်သွားစေသည့် တစ်ခုတည်းသော အရာမှာ ဝမ်ထျန်စံအိမ်ကပင် ကူချန်ကျွင်း၏ ဇစ်မြစ်ကို မသိခြင်းဖြစ်သည်။ ၎င်းက လျှို့ဝှက်ဆန်းကြယ်နေကာ မည်သည့်သဲလွန်စမှ မရှိဘဲ ဤကမ္ဘာပေါ်တွင် ရုတ်တရက် ပေါ်ထွက်လာသည့်ပမာ ဖြစ်နေခဲ့သည်။
နည်းလမ်းပေါင်းစုံ အသုံးပြုကာ တွက်ချက်ခဲ့ပြီးသည့်နောက်မှာပင် သူတို့က ကြီးမားကျယ်ပြန့်သော မြူခိုးများကိုသာ မြင်တွေ့ခဲ့ရလေသည်။
တစ်ချိန်တည်းမှာပင် နတ်ကောင်းကင်ဂိုဏ်းအတွင်းရှိ လုချန်ရှန်းမှာ တောင်တစ်တောင်ပေါ်တွင် တင်ပျဥ်ခွေထိုင်နေလျက်ရှိ၏။ သူ၏ ပတ်ပတ်လည်တွင် မည်သည့်စွမ်းအင်မှ ရှိမနေဘဲ သူက ထိုနေရာတွင် တိတ်တဆိတ် ထိုင်နေရုံသာ ဖြစ်နေခဲ့သည်။
သူက သူ၏ ကိုယ်ပိုင်အခြေအနေများကို ချိန်ညှိစစ်ဆေးကာ အဆင့်ထိုးဖောက်ရန် ပြင်ဆင်နေခဲ့သည်။
သူသည် အလေးအနက်ထား ကိုင်တွယ်ရန်လိုအပ်သည့် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ဘုံ ကပ်ဘေးတစ်ခု မလွဲမသွေဖြစ်ပေါ်လာလိမ့်မည်ဟု ခံစားနေခဲ့ရသည်။
ကူချန်ကျွင်းမှာလည်း သူ့အတွက် သင့်တော်မည့် နေရာတစ်ခုကို ရှာဖွေပေးခဲ့သည်။
အားလပ်ချိန်တွင် သူ၏ စီနီယာအစ်ကို နှစ်ဦးကို ရှာဖွေကာ လက်ဖက်ရည်သောက်၍ စကားပြောနေခဲ့ပြီး သူ၏ ကျင့်ကြံရေးဆိုင်ရာ အတွေးအမြင်များကို ထိန်ချန်ထားခြင်း မရှိဘဲ မျှဝေပေးနေခဲ့သည်။ ရှောင်ဟေးကမူ ဘေးတစ်ဖက်တွင် ထိုင်ကာ တိတ်တဆိတ် နားထောင်နေခဲ့လေသည်။
သူသည် မအံ့ဩဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။ လုချန်ရှန်းက အူတိုင်ဖွဲ့စည်းခြင်း ကျင့်ကြံရေးအကြောင်း ရှင်းပြနေခြင်းဖြစ်သော်လည်း ၎င်းတို့က သူ့အတွက် အသုံးဝင်နေသေးပြီး သတိမပြုမိသော နေရာများတွင် ရှိနေသည့် သူ၏ ချို့ယွင်းချက်များကိုပါ ရှာဖွေတွေ့ရှိသွားခဲ့သည်။
သူသည် မွေးရာပါ ဝိညာဥ်နယ်ပယ်ဆိုင်ရာ အတွေးအမြင်များကိုပါ အမှတ်အသားများအဖြစ် ပြောင်းလဲ၍ နောင်အနာဂတ်တွင် အသုံးပြုရန်အလို့ငှာ သူတို့၏ စိတ်နှလုံးသားအတွင်းတွင် ချန်ပေးထားခဲ့သည်။
ရှောင်ဟေးသည် ၎င်းက သူ့အတွက် ပိုမိုအသုံးဝင်သည်ဟု ခံစားသွားခဲ့ရသည်။ ဤတစ်ကြိမ်တွင်မူ သူက မွေးရာပါ ဝိညာဥ်အဆင့်၈သို့ ရောက်ရှိတော့မည်ဖြစ်ပြီး သူ၏နယ်ပယ် လျော့ရဲလာကာ အဆင့်တက်နိုင်တော့မည်ဟု ခံစားသွားခဲ့ရသည်။
ထို့နောက်တွင် လုချန်ရှန်းက ဓားတာအို ကျင့်ကြံရေးအကြောင်းကို စတင်၍ ပြောပြနေတော့သည်။ ဤတစ်ကြိမ်တွင်မူ လောင်လျူက စိတ်အားထက်သန်စွာဖြင့် နားထောင်နေခဲ့သည်။
နားထောင်ခဲ့ပြီးသည့်နောက်တွင် သူဂဏာမငြိမ်ဖြစ်သွားခဲ့သည်။
သူ၏ အချုပ်အနှောင်များကို ချိုးဖျက်နိုင်ခဲ့သည့် အချိန်ကတည်းက သူက ဟွာရှုနယ်ပယ်သို့ အဆင့်တက်နိုင်ခဲ့ရုံတင် မဟုတ်ဘဲ သူ၏ ဓားတာအို ကျင့်ကြံရေးကပါ ဓားဆန္ဒဖြစ်တည်ခြင်း အလယ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
သို့ရာ၌ လုချန်ရှန်း၏ ရှင်းပြချက်ကို နားထောင်ခဲ့ရပြီးသည့်နောက်တွင် သူ၏ စိတ်နှလုံးသားမှာ အတော်ပင် တုန်လှုပ်သွားရသေးသည်။ သူသည် သူတို့နှစ်ဦးကြားရှိ အဆင့်ကွာခြားချက်က နယ်ပယ်တစ်ခု နှစ်ခုသာလျှင် မဟုတ်ဘူးဟု ခံစားသွားခဲ့ရသည်။
“ ဒီကောင်က ဘယ်လို မကောင်းဆိုးဝါးမျိုးလဲဟ “
လောင်လျူသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေကာ တစ်စုံတစ်ခုကို တွေးမိသွားပြီး အကြည့်များ ထူးဆန်းသွားခဲ့သည်။
သူသည် နောက်သုံးရက်တိတိ လုချန်ရှန်းကို ဓားတာအို ဆွေးနွေးရန်အတွက် အပူကပ်ခဲ့ပြီး အရှက်တရားကို လုံးဝစွန့်ပယ်ကာ ဓားစွမ်းအင်၏ ပထမအဆင့်မှ ဓားဆန္ဒဖြစ်တည်ခြင်းအဆင့်အထိ ရှင်းပြပေးရန် အတင်းအကြပ် တောင်းဆိုနေခဲ့သည်။
လူတစ်စုက သူ၏ ဇွဲလုံ့လကို စောင့်ကြည့်ရင်းဖြင့် တအံ့တဩဖြစ်သွားခဲ့ကြသည်။
လုချန်ရှန်း ပြန်ပြောလိုက်သည် “ လောင်လျူ မင်းရဲ့ အချုပ်အနှောင်တွေကို ချိုးဖျက်ပြီးပြီလေ။ အဲ့တာကို ဖြည်းဖြည်းချင်း နားလည်ဆင်ခြင်ပေါ့ဟ။ အဲ့လောက်တောင် စိုးရိမ်တကြီး ဖြစ်နေဖို့ လိုအပ်လို့လားဟ။ ငါ့လမ်းစဥ်က အကိုးအကားလုပ်ဖို့အတွက်ပဲ သင့်တော်တယ်။ မင်းလိုက်လျှောက်လို့မရဘူး “
“ ဟုတ်တယ်။ တော်တော်ကြီးကို စိုးရိမ်နေတယ် “
“ ဘာလို့ စိုးရိမ်နေတာတုန်း “
လောင်လျူက ပြန်ပြောလိုက်၏ “ ငါ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားကို တတ်နိုင်သမျှအမြန်ဆုံး မြှင့်တင်ချင်လို့။ ငါ့ကျင့်ကြံရေးကို တိုးတက်အောင် လုပ်နေတဲ့ အချိန်မှာ တကယ်လို့ ငါ့ရဲ့ ဓားတာအိုကသာ အဆင့်တက်သွားမယ်ဆိုရင် ငါ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက သေချာပေါက် မြင့်တက်သွားလိမ့်မယ် “
“ ဘာအတွက်တုန်း “
“ အထက်လောကကို တက်ဖို့အတွက်ပေါ့ “
“ ပြီးတော့ရော “
“ မင်းနဲ့ ပခုံးချင်းယှဥ်ပြီး မျိုးဆက်တစ်ခုရဲ့ သူရဲကောင်းနှစ်ယောက် လုပ်မယ် “
ဟမ်
လုချန်ရှန်း၏ မျက်ခုံးတစ်ဖက် ပင့်တက်သွားကာ အံ့ဩမှင်သက်သွားခဲ့သည်။
“ အဲ့လိုကြီးလားဟ “ ဟု လုချန်ရှန်းက ထပ်မံ၍ မေးမြန်းနေတော့၏။
လောင်လျူက ပြန်ပြောလိုက်သည် “ သေချာတာပေါ့။ အဲ့တာက စွဲလမ်းမှုတစ်ခုလေ။ အဲ့အချိန်တုန်းက ငါ့ရဲ့ အိမ်မက်က ငါ့အစ်ကိုကြီးကို ဖိနှိပ်နိုင်ဖို့ပဲ။ အခု သူမရှိတော့ဘူးဆိုတော့ ငါ့ရဲ့အိမ်မက်ကလည်း မင်းက ပခုံးချင်းယှဥ်ရပ်ဖို့ ဖြစ်သွားပြီ “
“ အို့ “ လုချန်ရှန်းမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။ ထိုလူ ဘာတွေးနေလဲဆိုသည်ကို သူသိသော်လည်း သူ၏ အိမ်မက်က ထိုမျှလောက်အထိ မြင့်မားနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထိုအိမ်မက်ကို အကောင်အထည် ဖော်ရန်အတွက် အတော်ပင် ဇွဲကောင်းရပေလိမ့်မည်။
သို့သော် ကမ္ဘာငယ်အတွင်းတွင် ထိုအကောင်မှာ ထိုကဲ့သို့ မပြောခဲ့ပေ။ သူ၏ အစစ်အမှန် အိမ်မက်က သူနှင့် ပခုံးချင်းယှဥ်ရပ်ရန် မဟုတ်ဘဲ သူ့ကို ဖိနှိပ်ရပ်အတွက်သာ ဖြစ်နေဖို့များသည်။
ယခုတွင် အရိုက်ခံထားရသောကြောင့် အနည်းငယ်မျှ ကြောက်လန့်နေကာ လေသံပြောင်းသွားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ အခွင့်အရေးတစ်ခုသာ ရရှိသွားမည်ဆိုပါက အခြေအနေမှာ လုံးဝကွဲပြားသွားပေလိမ့်မည်။
လုချန်ရှန်းမှာ ထိုအကောင့်ကို ကြည့်ကာ စုတ်တသပ်သပ် ဖြစ်သွားခဲ့သည် “ လောင်လျူ မင်းက တကယ်ကြီးကို ပုန်ကန်တတ်တာပဲ။ ပြိုင်ဘက်ကင်းတယ် “
ထို့နောက်တွင် လုချန်ရှန်းမှာ စကားတစ်ခွန်းမှ မပြောဘဲ ကူချန်ကျွင်းကို ရှာဖွေရန်နှင့် သူ၏ အဆင့်ထိုးဖောက်မှုအတွက် ပြင်ဆင်ရန် လှည့်ထွက်သွားခဲ့သည်။
--
……………………………………………………………………………………………………………………………………………