ရန်သူ ချဉ်းကပ်လာပြီ…။
Vol. 109 Ch. 1496
ဝမ်လင်း၏မထူးခြားနား အကြည့်သည် ထိုနောက်ဆုတ်သွားသော ကျင့်ကြံသူများထံ ရောက်ရှိသွားသည်။ သူတို့ထံမှလည်း ပြင်းထန်သောစိတ်ခံစားမှုလှိုင်းများ ထွက်ပေါ်လို့နေသည်။ သူသည် သူတို့၏စိတ်ခံစားမှုများကို တောက်လောင်ပစ်စေပြီး သူတို့အား အကြီးအကျယ် ထိခိုက်သွားအောင် လုပ်နိုင်သည်။
သို့ရာတွင် ဒီရှေးအမိန့်သင်္ချိုင်းသည် အလွန်အန္တရာယ်များလှ၏။ သည်နေရာအကြောင်း သူ သေချမသိသေးသည့်အထိ သူသည် ထိုသူများကို သတ်ဦးမည် မဟုတ်ပေ။ သူ လိုချင်သည်မှာ သူ၏ခွန်အားကို ပြသရန်သာ ဖြစ်သည်။
သည်နေရာရှိ အချို့ကျင့်ကြံသူများသည် အစွမ်းထက်ကြသည် မဟုတ်လား။ သူသာ သူတို့ကို ချောင်ပိတ်မိစေပါက သူတို့သာ ပူးပေါင်းလိုက်လျှင် သူ့အတွက်လည်း အကျိုးမရှိစေပေ။
ဝမ်လင်းသည် အကျိုးအမြတ်မရှိပါက သတ်ခဲလှသူပင်။
သူ၏အကြည့်က အေးစက်၏။ သူ့ဘယ်မျက်လုံးထဲရှိ ကိုးရောင်စုံမီးသည် လှည့်လည်နေ၏။ သူ၏ဆံပင်ဖြူများသည် လွင့်ဝဲလျက် သူ့ထံမှ နတ်ဆိုးဆန်သောအော်ရာကို ပေးစွမ်းသည်။ ဝမ်လင်းနှင့် အကြည့်ချင်း ဆုံမိသော လူတိုင်းသည် ဖြူရောကုန်၏။
“ဒီမှာ ငါ သားရဲ ဆယ်ကောင်ထက် ပိုသတ်ခဲ့ရင် မင်းက ငါ့ကို သတ်ပြီး ငါ့စိတ်ဝိညာဉ်ကို သန့်စင်ပစ်မယ်လို့ ပြောခဲ့တယ်မလား…” ဝမ်လင်းက သူ့ညာလက်ကို မြှောက်ကာ ပေသီးခုံကိုင်ထားသောလူဝကြီးထံသို့ လက်ညွှန်လိုက်၏။
ထိုကျင့်ကြံသူသည် တုန်ခါနေ၏။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အသားစိုင်များသည်ပင် တုန်ခါသည်။ သူသည် ခါးသီးစွာ အတင်းပြုံးမိ၏။ သူ့စိတ်ထဲတွင်လည်း ခါးသက်နေသည်။ သူက ဝမ်လင်းသည် သိမ်မွေ့ဆန်းကြယ်မီးကျင့်ကြံသူတစ်ယောက် ဖြစ်မည်ဟု မထင်ထားမိခဲ့ပေ။ သိမ်မွေ့ဆန်းကြယ်မီး ကျင့်ကြံသူတစ်ယောက်၏ စိတ်ဝိညာဉ်ကို သန့်စင်ပစ်ဖို့။ သူကိုယ်တိုင်ပင် ထိုသို့ လုပ်နိုင်ရန် ယုံကြည်မှု ပျောက်ရှရပေ၏။
သူ ထိုလူ့ကို မသန့်စင်နိုင်ခင်မှာပင် သူ၏အသွေးအသားများက အရင်လောင်ကျွမ်းခံရတာတောင် ဖြစ်သွားနိုင်သေးသည် မဟုတ်လား။
ဝမ်လင်းသည် ထိုလူဝကျင့်ကြံသူကို စိုက်ကြည့်နေ၏။ သူ၏အကြည့်က ပိုပိုအေးစက်လာသည်။ သူ့မျက်လုံးထဲတွင်လည်း သတ်ဖြတ်လိုစိတ် အရိပ်အယောင် ဖြစ်ပေါ်လာသည်။
လူဝကြီးသည် ချွေးပြန်နေပြီ။ သူ့နှလုံးခုန်သံမှာ မြန်နေပြီ။ သူသည် သူ့ခန္ဓာကိုယ်တွင်း၌ မီးတစ်ခု လောင်ကျွမ်းနေရသလို ခပ်ရေးရေး ခံစားမိလာ၏။ သူ့အာစေးမိနေပေပြီ။ သူက သူ့ညာလက်ကို အမြန် ဝေ့ယမ်းလိုက်ပြီး အကြေးခွံတစ်ခုကို ထုတ်ယူလိုက်၏။ သူက ၎င်းကို ဝမ်လင်းထံ မြန်မြန်ဆန်ဆန် ကမ်းပေးလိုက်ရင်း ခပ်သွက်သွက် ဆိုသည်။ “ဒီကောင်လေးက အဲ့လို ပြောခဲ့မိပါတယ်။ ရောင်းရင်းကျင့်ကြံသူက ငါ့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်မိပါတယ်။ ဒါဟာ ငါ ကျောက်ဖျာပေါ်ကနေ ရခဲ့တဲ့ အရာပါ။ တောင်းပန်မှု တစ်ခုအနေနဲ့ ဒီဟာကို ရောင်းရင်း လက်ခံဖို့ ငါ မျှော်လင့်မိပါတယ်…”
ဝမ်လင်းက သူ့လက်ကို ဆန့်ထုတ်လိုက်၏။ ထိုကြေးခွံသည် သူ့လက်ထဲ ကျရောက်သွားသည်။ သူက ၎င်းကို အနည်းငယ် ကြည့်ရှုပြီးနောက် သိမ်းဆည်းလိုက်သည်။ ထို့နောက် သူ့အကြည့်သည် နောက်တစ်ယောက်ထံ ကျရောက်သွားသည်။
“ငါ သားရဲတစ်ကောင် ပိုသတ်တာနဲ့ ငါ ဒီမှာ သေရမယ်လို့ မင်း ပြောခဲ့တယ်မလား။ ဒီအခွင့်အရေး မင်းကို ငါ ပေးလိုက်မယ်…” ဝမ်လင်း၏စကားများသည် အေးစက်၏။
လူဝကျင့်ကြံသူက ဝမ်လင်း သူ့ကို ပစ်မှတ်မထားတော့သည်ကို တွေ့မှ စိတ်အေးသွားတော့သည်။ သို့ပေမည့် အနက်ရောင်ဝတ်စုံနှင့် ကျင့်ကြံသူကမူ တုန်ယင်နေ၏။ သို့သော် သူ့မျက်လုံးကမူ ကန်းနေသည့်အလား မှိတ်ထားသည်။ ခုချန်တွင် သူသည် နေရာတွင်ပင် ထိုင်နေလျက် သူ၏အမူအရာသည် တုန်ယင်နေသည်။
ခဏအကြာတွင် ထိုကျင့်ကြံသူသည် ဝမ်လင်းထံ လက်နှစ်ဖက် ဆုပ်၏။ ထို့နောက် သူ့ညာလက်ကို ဝေ့ယမ်းလိုက်သည်။ ဓားနက်တစ်လက်သည် ဝမ်လင်းထံ ပျံသန်းသွား၏။ ထိုဓားမှာ မိစ္ဆာစွမ်းအင်နှင့် ဖုံးလွှမ်းလို့နေ၏။
ထိုကျင့်ကြံသူသည် တိုးညင်းစွာ ပြောလိုက်သည်။ “ငါ့အနေနဲ့ အရင်က အဆင်အခြင်မဲ့သွားခဲ့ပါတယ်။ ရောင်းရင်းအနေနဲ့ စိတ်မရှိဖို့ ငါ မျှော်လင့်မိပါတယ်…”
ဝမ်လင်းသည် ထိုဓားကို ယူကာ ထိုဝတ်စုံနက်ကို ကြည့်လိုက်၏။ ဝမ်လင်းသည် ထိုသူမှာ စိတ်ဝင်စားဖို့ ကောင်းသည်ကို တွေ့လိုက်သည်။ သူ့ထံမှ ထွက်ပေါ်လာသော စိတ်ခံစားမှုလှိုင်းများသည် အားကောင်းမနေပေ။ သူ့မျက်ခုံးနှစ်ခုကြား၌ ဆန်းကြယ်သောစွမ်းအားတစ်ခုက ချိပ်ပိတ်ထားသည့်အလား။ ဝမ်လင်းသည် သူသာ မျက်လုံးဖွင့်လိုက်ပါက ထိုချိပ်ပိတ်မှုသည် ပွင့်ဟသွားလိမ့်မည်ဟု ခံစားမိသည်။
“မင်းကောပဲ။ မင်းက ငါ့ကို ဒီကနေ အော်ပြီး ထွက်ပြေးချင်ခဲ့တယ်မလား…” ဝမ်လင်းသည် သူ၏ခွန်အားကို ပြသရမည်ဆိုမှတော့ သူသည် မောက်မောက်မာမာ ပြုမူရပေမည်။ သူတို့ထဲမှ အချို့က မျက်စိကန်းနေလျှင်တော့ ထိုသူတို့ကို သတ်ပစ်ဖို့အတွက် ဝန်လေးနေမည် မဟုတ်ပေ။
သူ့နောက်တွင် ငါးတစ်ကောင် ရှိနေသော ခရမ်းရောင်လူက ချွေးပြန်နေ၏။ သူက ခါးသီးစွာ ပြုံးကာ လက်နှစ်ဖက်ကို ဆုပ်သည်။ သူက စကားမဆိုဘဲ သူ ကျောက်ဖျာထံမှ ရခဲ့သော ဘူးသီးခြောက်ပုံစံရတနာတစ်ခုကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။
“မပြောခဲ့သင့်တဲ့ စကားတစ်ခွန်းက ငါ့ကို ဒီနေရာမှာ အရင်ဆုံးရခဲ့တဲ့ ရတနာတစ်ခုကို ဆုံးရှုံးစေခဲ့ပြီ။ အား..” ခရမ်းရောင်ကျင့်ကြံသူသည် သူ့စိတ်ထဲ၌ နောင်တ ရနေမိသည်။
“သင်ကော… ဘယ်လောက်တောင် ယုံကြည်မှု ရှိခဲ့တဲ့ လေသံလဲ။ ငါသာ မလိုက်နာရင် သင်က ငါ့ကို သတ်မယ်ပေါ့…” ဝမ်လင်း၏အကြည့်သည် အစိမ်းရောင်ဝတ်စုံနှင့် အဘွားအိုထံသို့ ကျရောက်သွားသည်။ သည်နေရာရှိ လူများကြားတွင် ထိုအဘွားအိုသည် အထူးဆန်းဆုံးပင်။ ခုချိန်ထိ ဝမ်လင်းသည် သူမနှင့် ပတ်သတ်၍ များများစားစား သိရှိနိုင်စွမ်း မရှိသေးပေ။
အရေးကြီးဆုံးမှာ ဝမ်လင်းသည် ထိုအဘွားအိုထံမှ မည်သည့်စိတ်ခံစားမှုကိုမှ မမြင်ခြင်းပင်။ သူမ၏စိတ်ခံစားမှုများကို သူမ၏စိတ်နှလုံးအတွင်းနက်ပိုင်းထဲ မြှုပ်နှံ့ထားသည့်အလား။
အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုသည် ဝမ်လင်းကို စိုက်ကြည့်၏။ သူမ၏မျက်လုံးထဲတွင် နတ်ဆိုးဆန်သောအကြည့်တစ်ခု ရှိနေသည်။ မည်သူကမျှ သူမ ဘာတွေးနေသည်ကို မသိနိုင်ပေ။ အနည်းငယ်ကြာသည့်နောက် ဝမ်လင်းက ရှေ့သို့ တိုးဝင်လာ၏။ သူသည် မြန်လွန်းသည်။ သူက ထိုအဘွားအို၏ရှေ့တွင် ပေါ်လာသည်။ ထိုအဘွားအို၏အမူအရာသည် စိတ်လေးလံဟန် ပေါ်ကာ သူမက နောက်သသို့ အမြန်ဆုတ်၏။ သူမ၏လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေရာ မူလစွမ်းအင် ထွက်ပေါ်လာပြီး ဒီဧရိယာကို တွန့်ခေါက်ပုံပျက်စေသည်။
ဝမ်လင်းသည် ဖျပ်ခနဲ ချဉ်းကပ်ကာ ထိုပုံပျက်သွားသော ဧရိယာအတွင်းသို့ ဝင်ရောက်လာသည်။ သူ့ညာလက်ကို တည်ငြိမ်စွာ ပင့်မြှောက်ကာ ဝေ့ယမ်းလိုက်သည်။ တုန်ဟည်းသံတစ်ခု ဒီဧရိယာတခွင် ပျံ့နှံ့သွားသည်။
အချိန်တိုအတွင်း ဝမ်လင်း၏တိုက်ခိုက်မှုနှင့် အဘွားအို၏တိုက်ခိုက်မှုတို့သည် အကြိမ်များစွာ ထိပ်တိုက်တွေ့ရာကနေ တုန်ဟည်းသံများ ပဲ့တင်ထပ်ကုန်သည်။ တုန်ဟည်းသံများ ပိုပြင်းထန်လာ၏။ သူ့ပတ်လည်ရှိ မူလစွမ်းအင်သည် မုန်တိုင်းအသွင်ဆောင်ကာ သည်ဧရိယာကို ပျံ့နှံ့ရိုက်ခတ်သည်။
ကျန်သည့်လူများပါ နောက်ဆုတ်လိုက်ရ၏။ အဘွားအိုသည် သွေးအန်လိုက်ရသည်။ သူမ၏မျက်နှာသည် ဖြူရောလာလျက် သူမက အလျင်အမြန် နောက်ဆုတ်သည်။ ဝမ်လင်း၏ ပုံရိပ်က မုန်တိုင်းထဲမှ ထိုးထွက်လာသည်။ သူ့လက်ချောင်းဖြင့် ဓားတစ်လက်အသွင် ဖြစ်စေကာ ရှေ့သို့ ညွှန်သည်။
အချိန်လက်ချောင်း။ လေကောင်းကင်ဘုံနယ်မြေမှ ထီးတည်းတံခါးချပ်သည် ဝမ်လင်း၏စိတ်တွင်း၌ ပြန်ပေါ်လာသည်။ ထိုလက်ချောင်းသည် လောကကို မွှေနှောက်ကာ ရှေးဟောင်းအော်ရာတစ်ခု ပြည့်နှက်လာ၏။ ဝမ်လင်း၏လက်ချောင်းအတွင်းသို့ ထိုအော်ရာ ဝင်ရောက်ကာ အဘွားအိုထံသို့ တိုးဝင်သွားသည်။
အဘွားအို၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွားသည်။ သူမသည် ဝမ်လင်း၏ခွန်အားကို ပိုတွက်ထားမိသော်လည်း ဝမ်လင်းသည် ပဥ္စမကောင်းကောင်ဘုံဒုက္ခအဆင့်တစ်ယောက်ထက် အားမနည်းသည်ကိုမူ မမျှော်လင့်ထားမိခဲ့ပေ။ ထို့အပြင် သူ၏မန္တာန်များကလည်း ချောက်ခြားဖွယ်အစွမ်းထက်နေ၏။
အန္တရာယ်ကို ရင်ဆိုက်ရသည်နှင့် သူမသည် သူမ၏မန္တာန်များကို ကွယ်ဝှက်မထားနိုင်တော့ပေ။ သူမသည် နောက်ဆုတ်သည်ကို ရပ်ကာ ရှေ့သို့လက်ညွှန်၏။ ထို့နောက် သူမ၏ပါးစပ်ကိုဟကာ ပန်းရောင်မြူများကို ပါးစပ်အပြည့် ထွေးထုတ်သည်။
ထိုမြူများ ပျံ့နှံ့လာသည်နှင့် မွှေးရနံ့တစ်ခု ထွက်ပေါ်လာသည်။ ဝမ်လင်း၏အမြင်သည် ဝေဝါးသွား၏။ သူ့ရှေ့တွင် ပုံရိပ်ယောင်များ ပေါ်လာသည်။ အဘွားအို၏ပုံရိပ်မှာလည်း ဝေဝါးလာကာ သူမ၏နောက်တွင် အရိပ်များ တန်းဆီ ပေါ်လာသည်။ ထိုအရိပ်များသည် ဝမ်လင်းနှင့် ရင်းနှီးသောသူများ ဖြစ်နေသည်။
ဝမ်လင်းသာ ထိုသို့ ဖြစ်သည် မဟုတ်ပေ။ လူတိုင်း၏မျက်လုံးထဲတွင်လည်း ရှုပ်ထွေးမှု ဖြစ်ပေါ်လာ၏။ အဘွားအိုသည် သူတို့၏အရင်းနှီးဆုံးသူများ ဖြစ်လာကာ ဝမ်လင်းက သူ့မိတ်ဆွေများကို အမှန်တကယ် သတ်ပစ်တော့မည့် အခြေအနေမျိုး ဖြစ်လာ၏။ သူတို့၏စိတ်ထဲတွင်လည်း ဒေါသ ထွက်လာတော့သည်။
“ဒါဟာ မဟာကလန်သုံးခုထဲက အရိပ်ချိပ်ပိတ်ခြင်းကလန်က တစ်စုံတစ်ယောက် ဖြစ်နေတာပဲ…” ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်မှ မိန်းကလေး၏ မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။ သူမ၏မျက်လုံးထဲတွင်လည်း အံ့အားသင့်ဟန် အရိပ်အမြွက် ဖြစ်ပေါ်သည်။
အဖြစ်အပျက်သည် မြန်လွန်း၏။ ပတ်ဝန်းကျင်ရှိလူများ သက်ရောက်ခြင်း ခံရသည်ကို တွေ့မြင်ရချိန်တွင် ဝမ်လင်း၏ လက်ချောင်းက ထိုပန်းရောင်မြူများနှင့် ထိပ်တိုက်တွေ့သည်။
သည်ဧရိယာတွင် တုန်ဟည်းသံများ ဖြစ်ပေါ်ကုန်၏။ ပန်းရောင်မြူသည် လွင့်ထွက်သွားသည်။ ဝမ်လင်း၏လက်ချောင်းတိုက်ချက်ကို မခံနိုင်သည့်ပုံပင်။ ၎င်းသည် အချိန်စွမ်းအားအောက်တွင် ပျောက်ကွယ်သွားသည်။ ဝမ်လင်း၏လက်ချောင်းသည် ထိုအဘွားအို၏မျက်ခုံးနှစ်ခုကြားသို့ ကျရောက်လေသည်။
အဘွားအို၏ခန္ဓာကိုယ်သည် တုန်ခါကာ လွင့်ထွက်၍ သွေးအန်လိုက်ရသည်။ သူမ ကွယ်ဝှက်ထားသော စိတ်ခံစားမှုများကိုလည်း ဆက်၍ မဖုံးကွယ်ထားနိုင်တော့ပေ။ သိမ်မွေ့ဆန်းကြယ်မီးသည် သူမ၏ခန္ဓာကိုယ်တွင်း၌ တောက်လောင်လေ၏။ သူမ၏မျက်ခုံးနှစ်ခုကြားရှိ အမှတ်အသားသည် ဖျက်စီးခံလိုက်ရသည်။
မီးအတွင်း၌ နာကျင်စွာအော်သံတစ်ခု ပဲ့တင်ထပ်သည်။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ စိတ်ရှုပ်ထွေးမှုသည်လည်း ပျောက်ကွယ်သွားကြပြီး သူတို့၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှုအစားထိုး ဝင်ရောက်လာသည်။
“အရိပ်ချိပ်ပိတ်ခြင်းမန္တာန်…”
“ဒီအဘွားအိုဟာ မဟာကလန်သုံးခုထဲက တစ်ခုဖြစ်တဲ့ အရိပ်ချိပ်ပိတ်ခြင်းကလန်က တစ်ယောက်ပဲ…”
ဝမ်လင်းသည် လေထဲတွင် ရှိနေ၏။ သူ တိုက်ခိုက်ခဲ့ခြင်းမှာ သူသည် ထိုအဘွားအို၏မန္တာန်များကို မြင်ချင်၍ ဖြစ်၏။ အခု သူသည် အဖြေကို သိရပြီ ဖြစ်၍ သူမကို မသတ်တော့ပေ။
ဝမ်လင်း၏အတွေးတစ်ချက်ဖြင့် ထိုအဘွားအို ပတ်လည်ရှိ သိမ်မွေ့ဆန်းကြယ်မီးသည် အလျင်အမြန် ပြန်ပျောက်ကွယ်သွားတော့သည်။ ထုမီးသည် သူမ၏ခန္ဓာကိုယ်အတွင်းမှ ပြန်ဆုတ်ကာ မီးမျိုးစေ့တစ်ခု ဖြစ်ပေါ်သည်။ သူမ၏ခန္ဓာကိုယ်ထဲ၌ အတားအဆီးတစ်ခု နေရာချထားခဲ့သည့် သဘောမျိုးပင်။
သိမ်မွေ့ဆန်းကြယ်မီး ငြှိမ်းသေသွားကာ အဘွားအို၏မျက်နှာသည် ဖြူရောနေ၏။ သူမသည် ဝမ်လင်းကို ထိတ်လန့်စွာ ကြည့်သည်။ ခဏတာ ငြိမ်သက်သွားပြီးနော်က သူမသည် သူမရရှိခဲ့သော ရတနာကို ထုတ်ကာ ဝမ်လင်းထံ ကမ်းပေးလိုက်သည်။
ကျန်သည့် ကျင့်ကြံသူများကလည်း မလေးမစား ပြောဆိုခဲ့မှုများအတွက် သူတို့ရရှိခဲ့သော ရတနာများကို ထုတ်လိုက်ကြသည်။ ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်မှ မိန်းကလေးသည်ပင် သူမရခဲ့သော ရတနာကို ထုတ်ယူလိုက်၏။ ဆံပင်ရှည်၊အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ယောက်သာ ဝမ်လင်းကို လေးနက်စွာ ကြည့်၍ ပြုံးလိုက်၏။ ဖျပ်ခနဲ သူအောက်ရှိ ကျောက်ဖျာသည် ကောင်းကင်ထက်သို့ ပျံတက်သွားတော့သည်။
“ဒီချိပ်ပိတ်ကုန်းမြေထဲမှ ရတနာတစ်ခု ရှိတယ်။ နင် စိတ်ဝင်စားနေမှတော့ ငါ ထွက်သွားတော့မယ်။ ငါတို့ ဒီရှေးအမိန့်သင်္ချိုင်းထဲမှာ ထပ်တွေ့ရလိမ့်မယ်လို့ ယုံကြည်တယ်…” ထိုအမျိုးသမီး၏အသံသည် ဝမ်လင်း၏နားထဲသို့ ညင်သာစွာ ရောက်ရှိလာသည်။ သူမ၏ပုံရိပ်သည်လည်း ဟင်းလင်းပြင်အက်ကြောင်းများထဲမှ တစ်ခုအတွင်းသို့ ပျောက်ကွယ်သွားတော့သည်။ ဝမ်လင်းသည် မျက်မှောင်ကြုတ်သွားသည်။ သို့သော် သူက စကားမဆိုပေ။
တိုက်ပွဲသည် ဒီနေရာတွင်ပင် ပြီးသွားသည့်ပုံ ပေါ်သည်။ လူတိုင်း၏အကြည့်က ရှေးဟောင်းနတ်ဘုရား၊ ရှေးဟောင်းမိစ္ဆာ၊ ရှေးဟောင်းနတ်ဆိုးတို့၏ အထက်တွင် ရှိနေသော အရာထံသို့ မော့မကြည့်မိဘဲ မနေနိုင် ဖြစ်ရသည်။
ရှေးဟောင်းနတ်ဘုရား၏ ကျောထက်ရှိ ပေတစ်သောင်းကျောက်ဖျာမှာ အနီရောင်မြူများနှင့် ဖုံးအုပ်နေ၏။ ကြည့်ရသည်မှာ ၎င်းက အလွန်အစွမ်းထက်သော တစ်စုံတစ်ရာကို ချိပ်ပိတ်ထားသည်နှယ်။
ဝမ်လင်းကလည်း မြေပြင်ထက်ရှိ ထိုရှေးဟောင်းနတ်ဘုရားကို ကြည့်လိုက်သည်။ သို့ရာတွင် ထိုအခိုက်အတန့်၌ သူ၏အမူအရာသည် ပြောင်းလဲသွားသည်။ သူသည် ဟိုးအဝေးသို့ လှမ်းကြည့်လိုက်သည်။
လောကသည် ရုတ်တရက် တုန်ဟည်းလာ၏။ သည်နေရာရှိ ကျင့်ကြံသူများကလည်း ထိုပြောင်းလဲမှုကို မြင်သည်။ အဝေးရှိ မိုးကုပ်စက်ဝန်းသည် တွန့်ခေါက်ပုံပျက်လာကာ ဧရာမကျောက်ဖျာကိုးခုသည် တရှိန်ထိုး တိုးဝင်လာ၏။
“ဒီမှာ လူတွေ ရှိနေတာပဲ။ ကောင်းတယ်။ မင်းတို့ ကျောက်ဖျာကနေ ရခဲ့တဲ့ ရတနာတွေကို ချန်ထားခဲ့ပြီး ဘေးတစ်ဖက်မှာ စောင့်နေကြ…” ထိုအသံသည် သုန်မှုန်၏။ ပြင်းထန်သောဖိအားတစ်ခုသည် ရုတ်တရက် ဆင်းသက်လာချေသည်။
သည်ဧရိယာပတ်လည်ရှိ ဟင်းလင်းပြင်အက်ကြောင်းများသည် ဆုတ်ပြဲကုန်ကြဟန် ပေါ်သည်။ ဧရာမကျောက်ဖျာကိုးခုသည် မည်သည့်အသံမှ မထွက်ပေါ်စေဘဲ ထိုအက်ကြောင်းများကို ဆုတ်ဖြဲဖြတ်သန်းကာ ဤနေရာတွင် ပေါ်လာလေသည်။
***