← Chapters

အပိုင်း(၁၄၉၉)

Vol. 109 Ch. 1499

အပိုင်း(၁၄၉၉)

Vol. 109 Ch. 1499

အနီရောင်မြူကို ကြည့်ကာ သက်လတ်ပိုင်းပညာတတ်လူက ပြုံးလိုက်၏။ သူသည် သတိအပြည့်ဖြင့် ပြန်မွေးဖွားလာသည်။ သူက မြေခွေးတစ်ကောင်ကဲ့သို့ ဉာဏ်များလှသူ ဖြစ်သည်။ ရှေးဟောင်းကြယ်အဖွဲ့အစည်းတွင် သူ့ကို လှည့်ဖြားသောမြေခွေးဟု ခေါ်ကြသည်။

သူက တတိယကောင်းကင်ဘုံဒုက္ခအဆင့်တွင်သာ ရှိသေးသော်လည်း သူ၏အကြံအစည်များ အပေါ် အမြဲ ယုံကြည်ပေသည်။ ထိုအရာက အမှန်ပင်။ သူက သူ၏လှည့်ဖြားမှု၊အကြံအစည်များအပေါ် မှီခိုကာ သေရေးရှင်ရေးများကြား လျှောက်လှမ်းခဲ့ပြီး အောင်နိုင်သူ ဖြစ်ခဲ့သည်သာ။

သည်တစ်ကြိမ်၌ သူ၏အကြံက မြင့်မြတ်သောလင်းတန်လိုချင်သော ရတနာကို အရယူရန် ဖြစ်နေ၏။ ထို့အတွက် သူသည် ပို၍ပင် ဂရုစိုက်ရမည်။

သူက အတုအယောင်တစ်ကြိမ် သေပြီးနောက်တွင်ပင် အသေအချာ ယုံကြည်မနေသေးပေ။ ထို့အတွက်ကြောင့် သူက ကျောက်စိမ်းပြားကို အသုံးပြုကာ အတားအဆီးများ လှုပ်ရှားမှုကို ရပ်တန့်စေခဲ့တာ ဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်းက မြူအတွင်းသို့ ဝင်ရောက်မည့် တံခါးတစ်ချပ်ကို ဖွင့်လှစ်တာနှင့် အတူတူပင်။ ထို့နောက် သူက သူ့ဟာသူ သေခြင်းတရားကို ထပ်မံ ရင်ဆိုင်ခဲ့ပြန်သည်။ သည်နေရာတွင် သူ့လို တခြားတစ်ယောက်သာဆိုပါက ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ အလျင်စလို လုပ်မိမည်သာ။

တစ်စုံတစ်ယောက် အမှန်တကယ် ပေါ်လာကာ မြူထဲ ဝင်ရောက်လာသည်နှင့် သူက ချက်ခြင်းပင် တန်ပြန်တိုက်ခိုက်ကာ ထိုလူ့ကို မြူအတွင်း၌ ပိတ်လှောင်စေမည် ဖြစ်သည်။

ထိုပညာတတ်သက်လတ်ပိုင်းလူက သူ၏အတုအယောင်သေခြင်းများအပေါ်တွင် အတော်လေး ယုံကြည်မှု ရှိထား၏။ သူ၏အစောပိုင်းနှစ်များက သူသည် အစစ်အမှန်သေသွားသလို ထင်ရသော မန္တာန်တစ်ခုကို တတ်မြောက်ထားခဲ့ပေသည်။

အခု သူက သေချာစေပြီးနောက် အနီရောင်မြူထဲသို့ လှမ်းဝင်ကာ သူ့လက်ကို ဝေ့ယမ်းလိုက်တော့၏။ အနီရောင်မြူသည် နောက်ရွှေ့သွားကာ ကျောက်စိမ်းပြားကိုးခု ပေါ်လာသည်။ ထိုကျောက်စိမ်းပြားများထံ သူ လက်ညွှန်လိုက်ပြီး ခြောက်ခုကို ပျက်စီးစေလိုက်၏။ ထိုအခါ အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာပြီး အနီရောင်မြူကို နောက်တဖန် ရပ်တန့်သွားစေသည်။

ကျောက်စိမ်းပြားကိုးခုတွင် ခြောက်ခုသည် သတ်ဖြတ်ရန်အတွက် အသုံးပြုတာ ဖြစ်ပြီး အတားအဆီးများကို ရပ်တန့်ခြင်းနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ထိုသက်လတ်ပိုင်းလူ၏ မျက်နှာထက်၌ ဂုဏ်ယူမှုအပြည့် ပေါ်နေ၏။ သူက ကျန်ကျောက်စိမ်းပြားသုံးခုကြောင့် ဖြစ်ပေါ်နေသာ ဝင်ပေါက်ထံသို့ လှမ်းဝင်လာ၏။

သူ့စိတ်ထဲ၌လည်း စတင် တွက်ချက်နေ၏။ ထို့နောက် သူ့လက်ဖြင့် သူ့ရှေ့ရှိ အနီရောင်မြူထံသို့ ဆွဲယူကာ ဖြည်းဖြည်းချင်း ဖွင့်လှစ်သည်။

မကြာခင်တွင် မြူလွှာအချို့က သူ့ကြောင့် ပိုင်းဖြတ်ခြင်း ခံရ၏။ သက်လတ်ပိုင်းပညာတတ်လူသည် အတော်လေး စိတ်လှုပ်ရှားနေမိ၏။ သူက သူ့လက်ကို ထပ်မြှောက်လိုက်သည်။ သူ့လက်ချောင်းက မြူကို ထိမိသွားသည့်အခိုက်တွင် သူ့ပါးစပ်ထောင့်သည် လှုပ်ရှားသွားပြီး မထင်မှတ်စွာဖြင့် အတော်လေးထူးခြားသောအပြုံးတစ်ခု ပေါ်ထွက်လာသည်။

ထိုအပြုံး ပေါ်လာသည်နှင့် သူ၏အမူအရာမှာ ပြောင်းလဲသွားတော့သည်။ သူကနောက်သို့ အလျင်အမြန်ဆုတ်လျက် သူ့လက်ဖြင့် မျက်နှာကို သပ်ချသည်။ သူ့မျက်လုံးထဲတွင်လည်း ထိတ်လန့်မှုတို့အထင်းသား ဖြစ်ပေါ်လာ၏။

သို့သော် ထူးဆန်းသောအပြုံးက သူ့မျက်နှာထက်တွင် ရှိနေဆဲသာ။ “မဖြစ်နိုင်ဘူး…မဖြစ်နိုင်ဘူး…” သက်လတ်ပိုင်းလူ၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး သူ့မျက်လုံးထဲရှိ ကြောက်ရွှံ့မှုက အကန့်အသတ်ရောက်လာသည်။ သူက သူ့လက်ကို ပင့်မြှောက်ပြီး သူ့မျက်နှာပေါ်ရှိ အပြုံးကို ကုတ်သပ်ချနေ၏။ သို့သော် သူမည်မျှ ကြိုးစားပါစေ ထိုအပြုံးသည် ရှိနေကာ ပို၍ပင် ထူးဆန်းလာသည်။

သူ့ပါးစပ်ထောင့်မှ သွေးများစီးကျလာ၏။ သို့သော် သူက သတိမပြုမိသည့်နှယ်။ သူက ဆက်လက်၍သာ မျက်နှာကို ပွတ်သပ်နေ၏။ သို့သော် အသုံးမဝင်ပေ။ “ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ…” သက်လတ်ပိုင်းလူ၏ ဗလုံးဗထွေးအော်သံ ပဲ့တင်ထပ်နေ၏။ သူသည် တဖြည်းဖြည်း ထိန်းချုပ်မှုမဲ့လာကာ ကျယ်လောင်စွာ ရယ်မောလေတော့သည်။

“မရယ်နဲ့…မရယ်စမ်းနဲ့…” ရယ်မောနေရင်း နောက်သို့ သူ အမြန်ဆုတ်၏။ သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီးသည့်နောက်မှာ သူ့ခန္ဓာကိုယ်သည် တုန်ခါလျက် သွေးများစွာ အန်ထုတ်လိုက်ရသည်။ သည့်နောက်တွင် သူ့မျက်လုံးသည် ဖြူရောကာ မြေပြင်ထက်သို့ ပြုတ်ကျသွားတော့၏။

ထိုထူးဆန်းသောအပြုံးက သူ့မျက်နှာထက်၌ ရှိနေလျက် သူသည် ကောင်းကင်ထက်သို့ မော့ကြည့်နေ၏။ သူ၏မူလစိတ်ဝိညာဉ်သည်လည်း အလားတူပင်။ သူ သေသွားခဲ့လေပြီ။ သေခြင်းရှင်ခြင်းအတားအဆီး။ မြေပြင်ထက်တွင် အလင်းလင်းလက်လာကာ ဝမ်လင်း လှမ်းထွက်လာ၏။ တခြားလူများသည် အစောပိုင်းက သက်လတ်ပိုင်းလူ မြူပတ်လည်၌ လှုပ်ရှား၍ ပစ်လွှတ်သော အတားအဆီးများကို နားလည်နိုင်မည် မဟုတ်ပေ။ အတားအဆီးပညာရပ်တွင် ကျွမ်းကျင်သူများသည်ပင် သဲလွန်စတစ်ခုခု တွေ့နိုင်ရန် ခက်ခဲပေမည်။ သို့သော် မဟာအတားအဆီးလေးခုတွင် သုံးခုကို သိထားသော ဆရာတစ်ဆူ တစ်ယောက်ဖြစ်သော ဝမ်လင်းကမူ ထိုပြဿနာကို မြင်နိုင်ပေ၏။

အစောပိုင်းတုန်းက ထိုလူ အစပိုင်း၌ စေလွှတ်ခဲ့သော အတားအဆီးများက သည်အနီရောင်မြူအတားအဆီးကို အမှန်တကယ် ချိုးဖျက်ဖို့အတွက် ဖြစ်ခဲ့၏။ သို့သော် မရေမတွက်နိုင်သော အတားအဆီးများကို စုပေါင်းပြီးသည့်အခါတွင် ဆန့်ကျင်ဘက် ဖြစ်လာပေမည်။ အနီရောင်မြူကို မချိုးဖျက်ရုံတင် မဟုတ်တော့ဘဲ အသက်ဝင်လာဖို့ပါ လှုံ့ဆော်ပေးတော့၏။ ထို့နောက်တွင် သူက မြင့်မြတ်သောလင်းတန်၏ အပူဇော်ခံမီးတောက်ကို ငှားယမ်းကာ အနီရောင်မြူကို မူလထက် အဆများစွာ ပိုပြင်းထန်သည့်အထိ ပေါက်ကွဲစေ၍ သည်နေရာရှိ လူများကို သတ်ပစ်ရန် သို့မဟုတ် နှင်ထုတ်ရန်အတွက် ပြုလုပ်ခဲ့ခြင်းပင်။

သံသယဝင်မည်ကို ရှောင်သည့်အနေဖြင့် သူက စွန့်စားကာ မြူများအတွင်း၌ပင် အမည်မသိနည်းလမ်းအချို့ သုံး၍ ကွယ်ဝှက်နေခဲ့သေးသည်။ သူက ထိတ်လန့်စွာ ပြုံးခဲ့သေးသည့်အတွက် လူတိုင်းက သူ သေသွားပြီဟုသာ တွေးကြပေလိမ့်မည်။

သူက သည်နေရာရှိ လူအများစုကို သတ်နိုင်ခဲ့ပြီး ကျန်သည့်သူများကိုလည်း မောင်းထုတ်နိုင်ခဲ့ပေ၏။ ထို့အပြင် သူက အနီရောင်မြူများကို သုံး၍ ဟင်းလင်းပြင်အက်ကြောင်းများကိုပါ ချိပ်ပိတ်ပစ်ဖို့ လုပ်ခဲ့သည့်အတွက်ကြောင့် တခြားသူများသည် ထိုအက်ကြောင်းများကို ဖြတ်၍ ဝင်မလာနိုင် ဖြစ်စေသည်။ သူ့အကြံအစည်များကို ချမှတ်ပြီးနောက် သည်နေရာတွင် သူ တစ်ယောက်သာ ကျန်ခဲ့မည် ဖြစ်၏။

ဝမ်လင်းက ထူးဆန်းသောအပြုံးနှင့် ထိုသူ၏အလောင်းကို ကြည့်ကာ သူ့ညာလက်ကို ဝေ့ယမ်းလိုက်သည်။ ထိုအခါ ယင်းအလောင်းသည် အမှုန့်ဖြစ်၍ ပျောက်ကွယ်သွားလေ၏။

ဝမ်လင်းအဖို့ သူသည် ထိုသက်လတ်ပိုင်းပညာတတ်လူကို ဖြတ်မြင်ခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် သူက သည်နေရာသို့ တည်နေရာရွှေ့ပြောင်းဖို့အတွက် အစီအရင်တစ်ခုကို ချန်ထားခဲ့တာ ဖြစ်လေသည်။

အတားအဆီးများအပေါ် သူ၏ဆရာကျမှုကြောင့် ဝမ်လင်းသည် သူ၏အတားအဆီးများကို သက်လတ်ပိုင်းလူ ရှာတွေ့သွားမည်ကို မစိုးရိမ်ပေ။ ကောင်းကင်ထက်ရှိ အက်ကြောင်းအတွင်း ဖြတ်ကျော်ပြီးနောက် ဝမ်လင်းသည် ထိုအတားအဆီးအစီအရင်ကို သုံးကာ သည်နေရာသို့ တည်နေရာရွှေ့ပြောင်းလာခဲ့ခြင်းပင်။ သူက ထိုသက်လတ်ပိုင်းလူကို မသတ်ခဲ့ပေ။ သို့သော် ထိုလူသည် ရှေးဟောင်းစိတ်ဝိညာဉ်အတားအဆီးနှင့် အချိန်အတားအဆီးအပြင် သည်အနီရောင်မြူအတွင်း၌ သေခြင်းရှင်ခြင်းအတားအဆီးပါ ရှိနေသည်ကိုတော့ သတိမပြုမိခဲ့ပေ။ ထိုသက်လတ်ပိုင်းပညာတတ်လူ၏ အတုအယောင် သေဆုံးခဲ့တာကိုလည်း ဝမ်လင်းက သိမြင်သည်သာ။

ဝမ်လင်းက အနီရောင်မြူဘေးနားသို့ ရောက်လာ၏။ ထိုရိုးရှင်းသောအတားအဆီးက အသက်များစွာကို ယူဆောင်ခဲ့ပြီး ဖြစ်သည်။

အနီရောင်မြူကို ရပ်တန့်ထားသော ကျောက်စိမ်းပြားသုံးခုကို ကြည့်ကာ ဝမ်လင်းသည် ဖြည်းဖြည်းချင်း အတွင်းသို့ လျှောက်လှမ်းလိုက်၏။ သူက သကလတ်ပိုင်းလူ ရှိခဲ့သောနေရာတွင် ရပ်လိုက်၏။ သူ၏မျက်လုံးထဲတွင် ကောက်ချက်ချအလင်းများ တလက်လက် ဖြစ်ပေါ်သည်။

“ဒါဟာ တကယ့်ကိုပဲ သေခြင်းရှင်ခြင်းအတားအဆီးကိုး..” ခဏအကြာတွင် ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ ရှေ့သို့ ညွှန်လိုက်သည်။ တစီစီအသံများ ထွက်ပေါ်လာသည်။ သူ့ရှေ့ရှိမြူထုသည် ထပ်မံ၍ လှုပ်ရှားလာပြီး ဝဲကတော့တစ်ခုအသွင် ဖြစ်ပေါ်သည်။

ထိုအနီရောင်မြူအတွင်း၌ ခပ်ဖျော့ဖျော့အနက်ရောင်မျဉ်းလိုင်းတစ်ခု ပေါ်လာ၏။ ထိုလိုင်းသည် အနီရောင်မြူကို ယှက်လိမ်လျက် ငြိမ်သက်စွာ ရှိနေသည်။ သေခြင်းရှင်ခြင်းအတားအဆီးကို ချိုးဖျက်ရမည့် သော့ချက်သည် သေခြင်းအတွင်းမှ ရှင်သန်ဖို့လမ်းကို ရှာဖွေခြင်းပင်။ လူတစ်ယောက်သည် ထိုအရာကို တွေ့ရှိကာ ရှင်သန်ခြင်းကို ထုတ်ယူနိုင်ပါက ယင်းအတားအဆီးသည် ပျက်စီးသွားမည်။ သို့သော် သေခြင်းရှင်ခြင်းအတားအဆီးပညာရပ်ကို သိမထားသော လူများအတွက်မူ ထိုသို့ရှာတွေ့နိုင်ရန်မှာ မဖြစ်နိုင်လောက်ပေ။

ခဏတာ စူးစမ်းနေပြီးနောက် ဝမ်လင်းက သူ့လက်ဖြင့် ချိပ်ဟန်များကို အလျင်အမြန် ဖြစ်ပေါ်စေသည်။ သူ့လက်တွင် အတားအဆီးတစ်ခု ပေါ်လာလေ၏။ သူက အသက်ဝဝရှုသွင်းလိုက်ပြီး ထိုအတားအဆီးကို အနီရောင်မြူဝဲကတော့ထံသို့ ဂရုတစိုက် တွန်းထုတ်လိုက်သည်။ တစီစီအသံများ ထွက်ပေါ်လာ မြူသည် ဝမ်လင်း၏အတားအဆီးကို စုပ်ယူသွားသည့်ဟန်ပင်။ အနက်ရောင်လိုင်းက ပိုရှင်းလင်းလာ၏။ ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာသည်။ တုံ့နှေးမနေဘဲ သူ့ညာလက်ကို ဆန့်ထုတ်လိုက်၏။ သူက အနက်ရောင်လိုင်းကို လှမ်းဆုပ်ကိုင်ကာ ဆွဲယူလိုက်သည်။

ထိုအနက်ရောင်လိုင်းသည် ဝမ်လင်း၏ လုံးဝ ဆွဲထုတ်ခြင်းကို ခံလိုက်ရသည်။ ထို့နောက် ၎င်းက ပျောက်ကွယ်သွား၏။ ထိုစဉ်တွင် အနီရောင်မြူသည် ပြိုပျက်စီး၏။ မြူများစွာ လွင့်ပါးကာ ကျောက်ဖျာထံသို့ ဦးတည်သည့် လျှောက်လမ်းတစ်ခု ပွင့်ဟလာတော့သည်။ ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ သူက လျှောက်လမ်းအတွင်းသို့ တရှိန်ထိုး ဝင်ရောက်ရန် ဟန်ပြင်လိုက်သည်။

“ရပ်စမ်း…” ဝမ်လင်းက အတွင်းသို့ ဝင်ရောက်တော့မည့်အခါတွင် အေးစက်စက်အသံတစ်ခု သည်လောကတွင် ပေါ်လာလေ၏။

“ငါးစာပဲ မြင်ပြီး ငါးမျှားချိတ်ကိုကျတော့ မမြင်ဘူးလို့ ဒါ့ကြောင့် ဆိုကြတာပဲ…” ထိုအသံ ထွက်ပေါ်လာနေရင်း ရေးတေးတေးပုံရိပ်တစ်ခုသည် ကောင်းကင်ထက်တွင် ပေါ်လာသည်။ ထိုပုံရိပ်သည် ပိုထင်ရှားလာ၏။ ၎င်းမှာ မြင့်မြတ်သောလင်းတန် ဖြစ်နေသည်။ သူ ပေါ်လာသည့်နောက် ပေနှစ်သောင်းကျောက်ဖျာတစ်ခုလည်း ပေါ်လာလေသည်။

ထိုအခိုက်အတန့်တွင် သူ့မျက်နှာထက်၌ မည်သည့်ခံစားမှုမှ ရှိလို့မနေ။ သူ၏အမူအရာသည်လည်း နုံအသည့်ဟန် မပေါက်တော့ပေ။ သူ့မျက်လုံးထဲတွင်လည်း လှောင်ပြောင်လိုမှု အရိပ်အမြွက် ရှိနေသည်။

ဝမ်လင်းသည် ရပ်တန့်ကာ ဖြည်းဖြည်းချင်း လှည့်လိုက်၏။ သူက မြင့်မြတ်သောလင်းတန်ကို ကြည့်နေရင်း သူ၏အမူအရာမှာ အတော်လေး ရုပ်စိုးနေသည်။ ဝမ်လင်းသည် ခါးသီးစွာ ပြုံးလိုက်ပြီး သူ့မျက်လုံးထဲတွင် ထိတ်လန့်မှုတို့ ပေါ်လာသည်။

“ဂျူနီယာဟာ မြင့်မြတ်သောလင်းတန်ကို နှုတ်ဆက်ပါတယ်…” ဝမ်လင်းက သူ့လက်နှစ်ဖက်ကို ဆုပ်၍ နောက်သို့ ခြေတစ်လှမ်းဆုတ်ဖို့ ဟန်ပြင်သည်။

မြင့်မြတ်သောလင်းတန်က ညစ်ပြုံးပြုံး၍ ပြောလိုက်၏။ “မင်း ခြေချလိုက်တာနဲ့ ဒီအဘိုးအိုက မင်းကို သတ်မယ်…”

“မြင့်မြတ်သောလင်းတန်ရဲ့ အစီအစဉ်ဟာ ပြစ်ချက်ကင်းပြီး ကွယ်ဝှက်လှပါပေတယ်။ ဂျူနီယာက သင့်ကို လေးစားမိပါတယ်…” ဝမ်လင်းသည် လှုပ်ရှားမည်ကို ရပ်တန့်လိုက်၏။ သူက သူ့မျက်လုံးထဲရှိ ထိတ်လန့်မှုကို ဖိနှိပ်ထားလိုက်ရသည့်နှယ်။

“ဒီအဘိုးအိုဟာ ရှောင်ကျင့်(သက်လတ်ပိုင်းပညာတတ်လူ)ရဲ့ ရည်ရွယ်ချက်ကို သိထားပြီး ဖြစ်တယ်။ ဂျူနီယာတစ်ယောက်က ဒီအဘိုးအိုကို အရူးလုပ်လို့ရမယ်လို့ ထင်နေတာပဲ။ ဘယ်လောက် အဆင်အခြင်မဲ့လိုက်လဲ။ ဒီအဘိုးအိုဟာ အတားအဆီးပညာရပ်မှာ မကျွမ်းကျင်ပေမဲ့ မင်းတို့နှစ်ယောက်က ဒါကို ချေဖျက်ပေးပြီး ငါ့အတွက် ဖွင့်လှစ်ပေးခဲ့ပြီးမှတော့ ဒီအဘိုးအိုအနေနဲ့ ဘာမှ အားစိုက်ထုတ်စရာ မလိုတော့ဘူးပေါ့…” မြင့်မြတ်သောလင်းတန်က နှာခေါင်းရှုံ့လိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။ “ထွက်လာပြီး ဘေးမှာ စောင့်နေ…”

သဘာဝကနေ မွေးဖွားလာသည့် တာအိုစိတ်ဝိညာဉ်တစ်ခုကို စိတ်ဝိညာဉ် ရှာဖွေခြင်း မခံထားရသော ပြီးပြည့်စုံသည့်စိတ်ဝိညာဉ်တစ်ခု ကမ်းလှမ်းဖို့ လိုအပ်သည်။ မြင့်မြတ်သောလင်းတန်က သူသာ အာရုံစိုက်ထားပါက ဝမ်လင်းသည် သူ့လက်ထဲမှ မလွတ်မြောက်နိုင်ဟု ထင်ထား၏။ သူသည် ဝမ်လင်းကို အသက်ရှင်ခွင့်ပြုကာ တာအိုစိတ်ဝိညာဉ်အတွက် ကမ်းလှမ်းဖို့ရာမှာ အသုံးပြုပေမည်။

ဝမ်လင်း၏မျက်နှာသည် သေလောက်အောင် ဖြူရောနေ၏။ သူက ချီတုံချတုံ ဖြစ်နေသည့်ပုံ။ သို့သော် ခဏအကြာတွင် သူသည် သက်ပြင်းချကာ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာတော့၏။ သူ လျှောက်လှမ်းလာသည့်အခါ မြင့်မြတ်သောလင်းတန်က သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ ပြင်းထန်သောအားတစ်ခုသည် ဝမ်လင်းပတ်လည်တွင် ပူသီဖောင်းတစ်ခုအသွင် ဖြစ်ပေါ်ပြီး သူ့အား အတွင်း၌ ပိတ်ထားလိုက်သည်။

သူသည် ဝမ်လင်းကို ကြည့်ပင်မကြည့်ပေ။ သူ့ကိုယ်ပိုင်းနည်းလမ်းအပေါ် အလွန်ယုံကြည်မှု ရှိထား၏။ သူက မြူအတွင်းသို့ ခြေလှမ်းကာ ဝင်လမ်းထံသို့ ကြည့်လိုက်သည်။ သူက ဝင်ရောက်မည့်ဟန်ပြင်ပြီးမှ ရုတ်တရက် ဝမ်လင်းထံသို့ ကြည့်လိုက်သည်။

ဝမ်လင်း၏အမူအရာသည် ခါးသီးနေဆဲ ဖြစ်သည်။ မြင့်မြတ်သောလင်းတန်၏ အကြည့်သည် ရုတ်တရက် ဖြစ်သော်လည်း သူက ဘာကိုမှ မမြင်လိုက်ပေ။

“ဒီအဘိုးအို စိတ်ပြောင်းသွားပြီ။ မင်း အရင် သွားလိုက်…”

ဝမ်လင်းသည် မင်သက်သွား၏။ သူ့မျက်လုံးထဲတွင် ပျော်ရွှင်မှု ဖြစ်ပေါ်မလာခင် သူက အလျင်အမြန် ပြန်ဖိနှိပ်လိုက်သည်။ သို့သော် ထိုအဘိုးအိုကတော့ ထိုအချက်ကို မြင်လိုက်သာသာ။ ထိုအခါ မြင့်မြတ်သောလင်းတန်သည် ရယ်မောကာ တွေဝေခြင်းမရှိ လှမ်းလျှောက်သွားတော့သည်။ သူသည် ဝမ်လင်းကို ထပ်မံ အရေးစိုက်မနေတော့ပေ။ သူက လျှပ်စီးတန်းအလား ရွှေ့လျားကာ ဝင်ပေါက်လမ်း၏ ဗဟိုချက်သို့ ရောက်လာသည်။ သို့ရာတွင် ထိုအခိုက်အတန့်တွင် အထိတ်တလန့်အော်သံတစ်သံ ပဲ့တင်ထပ်လာ၏။ “တစ်ခုခု ရှိနေတုန်းပဲ…”

ဝမ်လင်းသည် ရုတ်တရက် မော့ကြည့်လိုက်၏။ သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ဖျပ်ခနဲ ဖြစ်ပေါ်သွားသည်။

***

All Chapters