← Chapters

အခွင့်ကောင်းယူ၍

Vol. 109 Ch. 1500

အခွင့်ကောင်းယူ၍

Vol. 109 Ch. 1500

ဝမ်လင်းသည် အတားအဆီးက အသက်ဝင်လာသည်ကို တွေ့မြင်သည့်အခါ သူ၏ညာလက်ကို ဝေ့ယမ်းလိုက်သည်။ သွေးဓား ပေါ်လာသည်။ သွေးအလင်းရောင်သည် သူ့အား ပိတ်လှောင်ထားသော ပူဖောင်းအတွင်း လင်းလက်ကာ ရှေ့သို့ ခုတ်ပိုင်းသည်။ ထိုပူဖောင်းသည် ပျက်စီးသွား၏။ ဝမ်လင်းက လှမ်းထွက်လိုက်သည်။ သူသည် အနီရောင်မြူအတွင်း၌ ပြဿနာတစ်ခု ရှိနေသေးသည်ကို သိနှင့်ထားပြီးပင်။ မြင့်မြတ်သောလင်းတန်က သူ့ကို အရင်ဆုံး သွားခိုင်းလျှင်ပင် ဝမ်လင်းသည် အန္တရာယ်ကို ကွေ့ဝိုက်၍ ရှောင်တခင်တိုက်ခိုက်မည့် နည်းလမ်းတစ်ခု ရှိထားသည်သာ။ ဝမ်လင်းသည် ဝင်ပေါက်လမ်းအတွင်းသို့ တဟုန်ထိုး ဝင်ရောက်လိုက်၏။ ဝင်ပေါက်လမ်းအတွင်း၌ မြင့်မြတ်သောလင်းတန်က သွေးအန်လိုက်ရပြီး နောက်သို့ အမြန်ဆုတ်နေသညည်။ ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားပြီး သွေးဓားသည် ရှေ့သို့ ထိုးထွက်သွားသည်။

မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ မြင့်မြတ်သောလင်းတန်က လက်ဝေ့ယမ်းလိုက်သည်။ သို့သော် သွေးဓားသည် ထိုမျှ အစွမ်းထက်လိမ့်မည်ဟု သူ မထင်ထားမိလိုက်ပေ။ ၎င်းဓားက သူ့ညာလက်ကို ထွင်းဖောက်သွားသည်။

သူက ခပ်အုပ်အုပ်ငြီးငြူလိုက်ရ၏။ သူသည် ခဏတာ ရပ်တန့်သွားရသည်။ ဝမ်လင်းက နှေးဖင့်မနေ။ သူက ထိုလူသည် တတိယအဆင့်သို့ ခြေလှမ်းတစ်ဝက် ရောက်နေပြီကို သိထားသည် မဟုတ်လား။ သူသာ ထိုသူ့ကို သတ်လိုပါက မြန်ဆန်ပြတ်သားရမည်။ သွေးဓား ထိုးထွက်သွားပြီးနောက် သူ၏ညာမျက်လုံးတွင်းမှ မိုးကြိုးအမှတ်အသား ပေါ်လာ၏။ ၎င်းပတ်လည်တွင် အတူတကွမိုးကြိုးကိုးမျိုးသည် လှည့်ပတ်လျက် မြင့်မြတ်သောလင်းတန်ထံသို့ တိုးဝင်သွားသည်။ “မိုးကြိုးအနှစ်သာရ…” မြင့်မြတ်သောလင်းတန်သည် အတားအဆီးကြောင့် ဒဏ်ရာအပြင်းအထန် ရသွားခဲ့ပြီး ဖြစ်သလို ထို့နောက်တွင် သွေးဓားကြောင့်ပါ ဒဏ်ရာ ရထားခဲ့ပေပြီ။ ခုချိန်တွင် သူ့ကို မိုးကြိုးအမှတ်အသားကပါ ပိတ်ဆို့သည့်အခါ သူ၏မျက်လုံးထဲတွင် တုန်လှုပ်မှုတို့ ပြည့်နှက်လာသည်။

မိုးကြိုးအမှတ်အသားသည် မြန်ဆန်လွန်း၏။ ၎င်းက နီးကပ်လာသည်။ မြင့်မြတ်သောလင်းတန်၏ မျက်နှာမှာ ဖြူရောသွားသည်။ သူက လက်ဝေ့ယမ်းလိုက်၏။ သူ၏ နည်းပါးသောအပူဇော်ခံမီးတောက် ထွက်ပေါ်လာပြီး သူ၏ရှေ့တွင် ဧရာမရုပ်တုကြီးတစ်ခုအသွင် ဖြစ်ပေါ်သည်။

မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်လျက် မိုးကြိုးအမှတ်အသားသည် ထိုရုပ်တုပေါ်သို့ ကျရောက်သွားသည်။ ထိုရုပ်တုသည် လုံးဝ နက်မှောင်၏။ ၎င်း၏လက်များက ဖောင်းကြွလို့နေသည်။ ပြင်းထန်သောမိုးကြိုးအားသည် အရူးအမူး မြင့်တက်လာကာ ရုပ်တုပေါ်တွင် အက်ကြောင်းများ ပေါ်လာလေပြီးနောက် ၎င်းသည် ရုတ်တရက် ပျက်စီးသွားတော့သည်။ မိုးကြိုးအမှတ်အသားသည် ဝမ်လင်း၏မျက်လုံးအတွင်း လှည်ပြန်ဝင်ရောက်လာသည်။ မြင့်မြတ်သောလင်းတန်သည် သွေးအန်လိုက်ရချေ၏။ သူသည် မြူအတွင်းမှ ထိုးထွက်ရန် ဟန်ပြင်သည်။ ထိုစဉ် မြူအတွင်းမှ တစ်ခုခု ထိုးထွက်လာသည့်နှယ် မာန်သွင်းမြည်ဟိန်းသံ ထွက်ပေါ်လာသည်။ သည်ဝင်ပေါက်လမ်းအတွင်းနက်ပိုင်းကနေ ချီလင်ကဲ့သို့အနီရောင်သားရဲတစ်ကောင်သည် တဟုန်ထိုး ဝင်လာနေ၏။

“အဆင့်လေးမီးတာအိုစိတ်ဝိညာဉ်…” မြင့်မြတ်သောလင်းတန်၏စိတ်သည် လှုပ်ခါသွားသည်။ သို့သော် သူ့အဖို့ များများစားစား စဉ်းစားနေဖို့ အချိန်ရှိ မနေပေ။ သူ့ရှေ့တွင် ဝမ်လင်း၊ သူ့နောက်တွင် အဆင့်လေးတာအိုစိတ်ဝိညာဉ် ရှိနေ၏။ သူ့အတွက် ထိုတာအိုစိတ်ဝိညာဉ်ကို သန့်စင်ဖို့လည်း အချိန်မရပေ။ ပို၍အရေးကြီးသည်မှာ အတားအဆီးသည် နိုးထမည့်အရိပ်အယောင် ပြသလာခြင်းပင်။ သူသာ အချိန်တိုအတွင်း မထွက်နိုင်ပါက အတော်လေး အန္တရာယ်များသွားနိုင်သည်။ သူသာ ဒီဝင်ပေါက်လမ်းထဲတွင် သူ့အား ပိတ်လှောင်မည့် ဝမ်လင်း၏အကြံအစည်ထဲ ကျရောက်သွားကတည်းက ထူးဆန်းသောအတားအဆီးတစ်ခုသည် သူ၏မူလစိတ်ဝိဉာဏ်ထဲ ဝင်ရောက်နေခဲ့ပြီးပင်။ ထို့နောက် မိုးကြိုးအနှစ်သာရက သူ၏ဖိနှိပ်မှုကို ပျက်စီးသွားစေသည်။ ထိုအခါ ယင်းအတားအဆီးသည် သူ၏ခန္ဓာကိုယ်အတွင်း၌ ပေါက်ကွဲထွက်လာသည်။

မြင့်မြတ်သောလင်းတန်က ထိုကဲ့သို့ သေရေးရှင်ရေးမျိုးကို မကြုံခဲ့သည်မှာ နှစ်ပေါင်းထောင်သောင်းချီ နေပေပြီ။ သူသည် ဂျူနီယာတစ်ယောက်၏ လက်ထဲတွင် ခုလိုမျိုး အခြေအနေသို့ ဆိုက်ရောက်ရမည်ဟုလည်း သူ့ကိုယ်သူ လုံးဝ မထင်ထားမိခဲ့ပေ။

သို့ရာတွင် သူသည် တတိယအဆင့်သို့ ခြေတစ်ဝက်လှမ်းထားသည့်သူ ဖြစ်၏။ အန္တရာယ်ရှိနေပြီ ဖြစ်၍ သူသည် တာအိုစိတ်ဝိညာဉ်ကို လက်လွှတ်ကတာ ဝမ်လင်းထံသို့သာ တဟုန်ထိုး တိုးဝင်လာတော့သည်။ သူ့မျက်လုံးထဲတွင်လည်း ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်သည်။ သူသည် ဝမ်လင်းကို အရိုးထဲကနေကို မုန်းနေမိပေပြီ။ “မင်းက ဒီအဘိုးအိုကို ပိတ်လှောင်ထားနိုင်မယ်လို့ ထင်နေတာလား။ ငါ ထွက်လာတာနဲ့ မင်းရဲ့ စိတ်ဝိညာဉ်ကို သန့်စင်ပစ်မယ်…” မာန်သွင်းအော်ဟစ်ကာ မြင့်မြတ်သောလင်းတန်သည် အံ့မခန်းအရှိန်နှုန်းဖြင့် မြူအတွင်းမှ ထိုးထွက်ရန် ဟန်ပြင်သည်။ သို့‌သော် ဝမ်လင်းက သူ့ကို မည်သို့ လွတ်မြောက်ခွင့် ပေးပါ့မည်နည်း။ မိုးကြိုးအမှတ်အသားကို အသုံးပြုပြီးနောက် သူ၏ဘယ်မျက်လုံးထဲရှိ ကိုးရောင်စုံမီးသည် စတင် ဟိန်းမြည်သည်။ ကိုးရောင်စုံမီးက မီးမုန်တိုင်းတစ်ခုအသွင် ပြောင်းကာ မြင့်မြတ်သောလင်းတန်ထံသို့ ထိုးထွက်သွားသည်။

“မီးအနှစ်သာရ…။ မင်းက ဘယ်သူလဲ…” မြင့်မြတ်သောလင်းတန်က သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေပြီး မူလစွမ်းအင်များစွာကို အန်ထုတ်သည်။ ၎င်းတို့က တောင်နှင့်ပင်လယ်ပန်းချီကားအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုပန်းချီကားသည် အဆုံးမဲ့ပင်လယ်ကို ပိုင်ဆိုင်ထား၏။ မီးသည် ထိုတောင်နှင့် ထိပ်တိုက်တွေ့ခါနီးတွင် မြင့်မြတ်သောလင်းတန်က အော်ဟစ်လိုက်လေ၏။ “ဆူနာမီ…”

သူ၏အသံ ပဲ့တင်ထပ်သွားသည့်အခါ ပန်းချီကားအတွင်းရှိ ပင်လယ်သည် အရူးအမူး ထိုးထွက်လာသည်။ ကြောက်မက်ဖွယ်လှိုင်းတစ်ခုက ကိုးရောင်စုံမီးမုန်တိုင်းထံသို့ တရကြမ်း တိုးဝင်သည်။

မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ အဖြူရောင်အခိုးအငွေ့မြောက်များစွာသည် လေထဲသို့ ထိုးတက်သည်။ ဝမ်လင်း၏ကိုးရောင်စုံမီးမုန်တိုင်း ပျက်စီးသွားကာ ကိုးရောင်စုံမီးသည် နောက်ပြန်ကန်လာသည်။ ပင်လယ်သည်လည်း အငွေ့ပြန်သွားကာ တောင်တစ်လုံးသာ ကျန်ခဲ့တော့၏။ ဝမ်လင်းသည် သွေးအန်လိုက်ရကာ နောက်သို့ ခြေလှမ်းအတော်အတန် ဆုတ်လိုက်ရသည်။ သို့သော် သူ၏အမူအရာသည် ကြမ်းကြုတ်သည်။ ရူးသွပ်ဟန် အရိပ်အမြွက်ပါ ရှိနေ၏။

သူက ထိုလူ့ကို ထွက်ခွာခွင့် မပေးနိုင်ပေ။ သူသည် တတိယအဆင့်သို့ ခြေလှမ်းတစ်ဝက် နင်းထားသော ထိုအစွမ်းထက် ကျင့်ကြံသူကို သတ်ရပေမည်။ “တောင်စိတ်ဝိညာဉ်…”

မြင့်မြတ်သောလင်းတန်က မြူအတွင်းမှ ထွက်လာနိုင်ရန် ပေသုံးဆယ်ပင် မလိုတော့ပေ။ သူက သူ၏နောက်ရှိ မီးတာအိုစိတ်ဝိညာဉ်ကို လစ်လျူရှုထားသည်။ သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ တောင်သည် ဝမ်လင်းထံသို့ တိုးဝင်သွားသည်။ “နောက်ဆုတ်စမ်း…”

မြင့်မြတ်သောလင်းတန်၏ အသံသည် လောကကို တုန်လှုပ်စေနိုင်သည်။

ဝမ်လင်း၏ဘယ်မျက်လုံးတွင် မီးတောင်ကျွမ်းလျက် ၊ ညာမျက်လုံးတွင် မိုးကြိုးသည် တဖျပ်ဖျပ် လင်းလက်သည်။ ယင်းတို့သည် ထိုးထွက်ကာ သူ၏မျက်ခုံးနှစ်ခုကြားတွင် လောင်ကျွမ်းမိုးကြိုးအမှတ်အသားတစ်ခု ဖြစ်ပေါ်သည်။ ၎င်းက တောင်ထံသို့ တရှိန်ထိုး ဦးတည်ဝင်ရောက်သွားသည်။

“ကောင်းကင်ဘုံမိုးကြိုးရဲ့ စွမ်းအား။ မိုးကြိုးအားလုံး ငါ့အတွက် စုစည်းစမ်း…။ ကောင်းကင်ဘုံမီးရဲ့ စွမ်းအား။ မီးအားလုံး ငါ့အတွက် စုစည်းကြစမ်း…။ မီးနဲ့မိုးကြိုးအနှစ်သာရတွေ။ ပေါင်းစပ်ပြီး ငါ့အတွက် မန္တာန်အားလုံးကို ချိုးဖျက်လိုက်ကြ…”

မိုကြိုးနှင့်မီးသည် တောင်ထံသို့ တဟုန်ထိုး ထိုးထွက်သွားသည့်အခါ ကျယ်လောင်စွာမြည်ဟိန်းသံ ပဲ့တင်ထပ်သည်။ ထို့နောက် လောကကို ဆုတ်ဖြဲနိုင်လောက်သော အဆုံးအဆမဲ့အားတစ်ခု ပြန့်ကြဲသည်။

တောင်သည် ရုတ်တရက် ပျက်စီးသွား၏။ မြင့်မြတ်သောလင်းတန်၏ မျက်လုံးထဲတွင် မယုံကြည်နိုင်ဟန် ဖြစ်ပေါ်သည်။ သူသည် ထိုဖိသိပ်အား၏ ပိတ်ဆို့ခြင်းကို ခံရ၏။ ဝမ်လင်းသည် နောက်ဆုတ်မသွားဘဲ သူ့ကိုယ်သူ နေရာတွင်သာ မြဲမြံစွာ ရှိစေ၏။ ထို့နောက် သူ၏ညာလက်ကို ပင့်မြှောက်ကာ မြင့်မြတ်သောလင်းတန်ထံသို့ ညွှန်လိုက်သည်။

“သိမ်မွေ့ဆန်းကြယ်မီး…လောင်ကျွမ်းစေ…”

သိမ်မွေ့ဆန်းကြယ်မီးသည် တုန်လှုပ်နေသော မြင့်မြတ်သောလင်းတန်၏ခန္ဓာကိုယ်ထဲတွင် ရုတ်တရက် ပေါ်လာသည်။ မီးသည် မြန်လွန်း၏။ ထို့အတွက် သူ ကြိုမပြင်ဆင်နိုင်ခင်မှာပင် စလောင်ကျွမ်းလေပြီ။

မြင့်မြတ်သောလင်းတန်က နာကျင်စွာ အော်ဟစ်လိုက်ရ၏။ သူ၏ခန္ဓာကိုယ်ထဲတွင် မီးများ ပြည့်နှက်သည်။ သူ သွေးအန်လိုက်ရသည်။ သို့သော် ထိုသွေးတို့က ချက်ခြင်း အငွေ့ပျံ့သည်။ ပြင်းထန်သောနာကျင်မှု သူ့ထံ လှိုက်တက်လာသည်။ သူ့မူလစိတ်ဝိညာဉ်ထဲရှိ အတားအဆီးသည် ပေါက်ကွဲထွက်လာကာ သူ့ဒဏ်ရာများကို ပိုဆိုးဝါးသွားစေသည်။ “သိမ်မွေ့ဆန်းကြယ်မီးကျင့်ကြံသူ…။ သေစမ်း မင်းက သိမ်မွေ့ဆန်းကြယ်မီး ကျင့်ကြံသူပဲ…”

မြင့်မြတ်သောလင်းတန်က သူ၏နာကျင်မှုကို တောင့်ခံကာ မာန်သွင်းလျက် ရှေ့သို့ အတင်းအကြပ်လှမ်းရန် ပြင်သည်။ သူ ရှေ့သို့ လှမ်းလာရင်း သူ့လက်ဖြင့် သူ၏ရှေ့ရှိ ဟင်းလင်းပြင်ကို ဆုတ်ဖြဲပစ်ကာ မာန်သွင်းအော်ဟစ်လိုက်သည်။ “ကြီးမြတ်သောမိစ္ဆာလင်းတန်နယ်မြေ ဖွင့်လှစ်စေ၊ ငါဟာ ငါ့လင်းတန်ကလန်ရဲ့ မိစ္ဆာနတ်ဘုရားကို ဆင့်ခေါ်ဖို့အတွက် ငါ့ရဲ့ အပူဇော်ခံမီးတောက်တွေကို အသုံးပြုတယ်…”

ချက်ခြင်းပင် ဧရာမအက်ကြောင်းကြီးတစ်ခု သူ၏ရှေ့တွင် ပွင့်ဟလာပြီး မိစ္ဆာစွမ်းအင်များ အတောမသပ် ထိုးထွက်လာသည်။ ထိုအဟ ပေါ်လာသည်နှင့် ဝမ်လင်းက ရှေးဟောင်းသစ်ရွက်ကို ထုတ်ယူ၍ ၎င်းကို ပိတ်ဆို့ရန် ဟန်ပြင်လိုက်သည်။

သို့ရာတွင် ထိုအခိုက်အတန့်၌ မြင့်မြတ်သောလင်းတန်၏ လက်ထဲတွင်လည်း နောက်ထပ်ရှေးဟောင်းသစ်ရွက်တစ်ရွက် ပေါ်လာ၏။ သစ်ရွက်နှစ်ရွက်သည် ထိပ်တိုက်တွေ့ကာ ဘေးသို့ ချောထွက်သွားသည်။ ရှေးဟောင်းသစ်ရွက်က မချိန်ပိတ်နိုင်သည်နှင့် ဧရာမအနက်ရောင်ရုပ်တုတစ်ခုသည် အက်ကြောင်းအတွင်းမှ ထွက်ပေါ်လာတော့သည်။ ထိုရုပ်တုသည် အရင်က မြင့်မြတ်သောလင်းတန် ဆင့်ခေါ်ခဲ့သော ရုပ်တုနှင့်အတူတူပင်။ ပို၍ အစစ်အမှန်ဆန်သည်သာ ရှိ၏။ ၎င်း၏လက်နှစ်ဖက်က ဖောင်းကြွလို့နေသည်။ ၎င်း ပေါ်လာသည်နှင့် ၎င်း၏လက်နှစ်ဖက်သည် တုန်ယင်လာသည်။

ဖောင်းကြယ်နေသော လက်နှစ်ဖက်က ရုတ်တရက် ပြေလျော့ကာ ပြင်းထန်သောအဖျက်အစီးအားတစ်ခုသည် ဝမ်လင်းထံသို့ တရကြမ်း တိုးဝင်လာ၏။ အဖျက်အစီးအားက ဝမ်လင်းကို အန္တရာယ် ဖြစ်စေမည့် ခံစားမှုကို ပေးသည်။ သူ၏ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်သည်ပင် ဖျက်စီးခံရလုနီး ခံစားလိုက်ရသည်။ အန္တရာယ်ကို ရင်ဆိုင်ကာ ဝမ်လင်းသည် နှေးဖင့်မနေ၊ သူ့ညာလက်ကို ပင့်မြှောက်သည်။ ရှေးဟောင်းနတ်ဘုရား သတ္တုလက်အိတ်က သူ့လက်တွင် ပေါ်လာ၏။ “ရှေးဟောင်းကောင်းချီးပေးခြင်း…”

လျှပ်တပြတ်အတွင်း ထိုဧရာမရှေးဟောင်းနတ်ဘုရားသည် ဝမ်လင်း၏ရှေ့တွင် ပေါ်လာ၏။ ဒဏ်ရာအနာရွတ်များ ပြည့်နေသော ထိုခန္ဓာကိုယ်ကြီးက တိုက်ခိုက်မှုကို သူ့နောက်ကျောနှင့် ပိတ်ဆို့သည်။ သူ့လက်နှစ်ကမူ ဝမ်လင်းကို ဆုပ်ကိုင်ပေးထား၏။

အဖျက်အစီးအားသည် ထိုရှေးဟောင်းနတ်ဘုရားအရိပ်ကို ထိမှန်သွားသည်။ ရှေးဟောင်းနတ်ဘုရားသည် ၎င်းအဖျက်အစီးအားကို မလှုပ်မယှက် ပိတ်ဆို့၏။ ၎င်း၏ဧရာမခန္ဓာကိုယ်ကြီးသည် ရုတ်တရက် လှည့်ကာ ညာလက်သီး ဆုပ်သည်။ ထိုလက်သီးချက်က ဥက္ကာပျံတစ်စင်းအလား။ ဝမ်လင်းသည် ထိုရှေးဟောင်းနတ်ဘုရားအရိပ်ကို ဒုတိယအကြိမ်မြောက် မြင်ရသည် ဖြစ်သော်လည်း နွေးထွေးမှုကို ခံစားမိနေဆဲသာ။ ထိုလက်သီးချက်က ဧရာမရုပ်တုကြီးထံ တိုက်ရိုက် ကျရောက်သွားပြီး အပိုင်းပိုင်းအစစ ဖြစ်သွားစေသည်။ ထိုရုပ်တု၏ အစိတ်အပိုင်းများက နောက်လွင့်ထွက်ကာ ကြွင်းကျန်သောလက်သီးစွမ်းအားနှင့်အတူ မြူအတွင်းမှ လှမ်းထွက်ရန် ပြင်နေသော မြင့်မြတ်သောလင်းတန်ပေါ်သို့ ကျရောက်သွားလေ၏။

မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်ကုန်၏။ မြင့်မြတ်သောလင်းတန်သည် အကြိမ်များစွာ သွေးအန်လိုက်ရပြီး မြူအတွင်းသို့ ပြန်ကန်ဝင်ရောက်သွား၏။ ရှေးဟောင်းနတ်ဘုရားအရိပ်လည်း ပျောက်ကွယ်သွားလေသည်။ ဝမ်လင်းက မြင့်မြတ်သောလင်းတန်သည် ဒဏ်ရာကျိန်းသေပေါက် ရထားသည်ကို သိထား၏။ ထို့ကြောင့် သူသည် တွေဝေမနေပေ။ သူ့ဘယ်လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သူ့လက်ကို ဆန့်ထုတ်သည်။ မြူကို အေးခဲနေစေသော အသက်မဲ့နေစေသော ကျောက်စိမ်းပြားသုံးခုထံမှ တစ္ဆေအလင်းတစ်ခု ထွက်ပေါ်လာကာ ဝမ်လင်းက ဆွဲငင်ယူလိုက်သည်။

ထို‌ကျောက်စိမ်းပြားများ ပျံသန်းထွက်လာသည်နှင့် အနီရောင်မြူသည် ပြန်အသက်ဝင်လာ၏။ အနီရောင်မြူက အရူးအမူး ရွှေ့လျားကာ ဝင်ပေါက်လမ်းသည် သူ့ဟာသူ ပိတ်ဆို့တော့မည့်ဟန် ရသည်။

“မဟုတ်ဘူး…” မြင့်မြတ်သောလင်းတန်က သူ့နောက်တွင် အဆင့်လေးတာအိုစိတ်ဝိညာဉ်နီးကပ်လာနေစဉ်မှာပင် နောက်တစ်ကြမ် ထိုးထွက်လိုက်၏။ ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားကာ သူသည် မြူ၏တစ်ဝက်တစ်ပျက် ဝါးမြိုခြင်း ခံထားရသော မြင့်မြတ်သောလင်းတန်ထံသို့ လက်ညွှန်လိုက်သည်။

“ရပ်တန့်ခြင်း…”

***

All Chapters