ကောင်းကင်ထက်သို့ အေးစက်စက် ကြည့်ခြင်း
Vol. 109 Ch. 1505
အဆိပ်အိုကြီးက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ငါးညှီနံ့လေထုက သူ့အား ဝန်းရံသွား၏။ ထို့အပြင် အပူဇော်ခံမီးတောက်က သူ့ကို ဝန်းရံကာ တာအိုသခင်မြောင်ယင်ကို ခုခံဖို့အတွက် အကူအညီ ဖြစ်စေသည်။
သူတို့နှစ်ယောက်လုံးသည် အစွမ်းထက်ကျင့်ကြံသူများ ဖြစ်ကြ၏။ ထို့အတွက်ကြောင့် သူတို့သည် နိဗ္ဗာနလေဟာနယ်အစောပိုင်းကျင့်ကြံမှုအဆင့်ကိုသာ အသုံးပြုနိုင်ကြသော်လည်း သူတို့၏တိုက်ပွဲမှာ အန္တရာယ်များနေဆဲ၊ ကောင်းကင်တုန်လှုပ်ဖွယ်ကောင်းနေဆဲသာ။
အဆိပ်အိုကြီး၏အမူအရာက သုန်မှုန်နေ၏။ သူက သည်ချိပ်ပိတ်မြေကို အရင်ဆုံး တွေ့ရှိခဲ့သူ ဖြစ်သလို အတားအဆီးကို ချိုးဖျက်ဖို့အတွက်လည်း အတော်လေးအားစိုက်ထုတ်ခဲ့ရသည်။ သူ တာအိုစိတ်ဝိညာဉ်ကို ရဖို့ အောင်မြင်ခါနီး၌ တာအိုသခင်မြောင်ယင် ပေါ်လာခြင်းပင်။ မြောင်ယင်က သူ့ကို အလစ်တိုက်ခိုက်ခဲ့ပြီးနောက် သည်ကြမ်းလှသောတိုက်ပွဲက အစပြုခဲ့ခြင်းပင်။
တာအိုသခင်မြောင်ယင် ပြောလိုက်သလိုပင် သူက သည်နေရာကို တခြားသူ၏ခန္ဓာကိုယ်အား သူ့စိတ်ဝိညာဉ်အပိုင်းအစဖြင့် သိမ်းပိုက်ပြီး ရောက်လာခဲ့တာ ဖြစ်၏။ ခွန်အားနှင့်မန္တာန်အရ သူသည် မြောင်ယင်၏ကိုယ်ပွားကို မယှဉ်နိုင် ဖြစ်ရသည်။ ထို့အပြင် သည်ခန္ဓာကိုယ်က သူကိုယ်တိုင် သန့်စင်ထားတာ မဟုတ်၍ သူ၏အပူဇော်ခံမီးတောက်များကို ကောင်းစွာ မထိန်းချုပ်နိုင်ချေ။
သူက သာမန်တတိယအဆင့်ကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်ရပါက ပြဿနာ မဟုတ်သေး။ သို့သော် သူ့ရန်သူက သူကဲ့သို့အဆင့်ရှိသောလူ ဖြစ်နေသည်။ ထိုပြဿနာများက အဓိကမဟုန်သေး။ သူက အမြဲတမ်းလိုလို ဂုဏ်ဝင့်ကာ ထူးဆန်းသောစိတ်ထား ရှိ၍ မိတ်ဆွေအပေါင်းအသင်းဟူ၍ ရှားပါးလွန်းလှသည်။ သူက ရှေးအမိန့်ဂူသင်္ချိုင်းအတွင်းသို့ တစ်ကိုယ်တည်း ရောက်လာခဲ့တာ ဖြစ်၏။ သူက အေးစက်စက်သာ နှာခေါင်းရှုံ့လိုက်ပြီး မည်သည့်တုန့်ပြန်စကားကိုမှ ဆိုမနေတော့ပေ။
အချိန်တိုအတွင်း သူတို့က အကြိမ်ရာချီ တိုက်ခိုက်ခဲ့ကြပြီး ဖြစ်၏။ နှစ်ယောက်လုံး၏နောက်၌ ပေလေးသောင်းခန့်ကျောက်ဖျာတစ်ခုက လွင့်မြောလျက် ပြင်းထန်သောဖိအားကို ပေးစွမ်းနေသည်။ သူတို့မန္တာန်များ ထိပ်တိုက်တွေ့မှုက အောက်ဘက်တွင် တိုက်ခိုက်နေသော ကျင့်ကြံသူများ၏ စိတ်ကို တုန်လှုပ်စေသည့် ဟိန်းမြည်သံများကို ဖန်တီးနေသည်။
ထိုအခိုက်အတန့်၌ ဒီချိပ်ပိတ်မြေ၏ အပြင်ဘက်တွင် ခရမ်းရင့်ရောင်ကျောက်ဖျာတစ်ခုက မြူအတွင်းသို့ ရွှေ့လျားလာနေသည်။ ဝမ်လင်းက ထိုကျောက်ဖျာပေါ်တွင် မားမားရပ်နေ၏။ သူ့အား ခြင်သားရဲတစ်သိန်းနီးပါးက ဝန်းရံထားသည်။ သူ၏အကြည့်က အေးစက်လျက် ရှိ၏။ သူသည် သူ့စိတ်ထဲရှိ မြေပုံအတိုင်း ရှေ့သို့ ဆက်လာနေသည်။
ဝမ်လင်းသည် မြူများကို တွန်းထိုးကာ ချိပ်ပိတ်မြေနှင့် နီးလာသည်။ နာရီအနည်းငယ်ကြာပြီးနောက် ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာသည်။ သူက ရှေ့တည့်တည့်သို့ ကြည့်လိုက်သည်။ သူ့ရှေ့ရှိ မြူသည် တွန့်ခေါက်လာဟန်ရကာ ထိုနေရာတွင် တခြားလောကတစ်ခုခု ရှိနေသည့်အလား။
“ဒီမှာ ချိပ်ပိတ်မြေတစ်ခု တကယ် ရှိနေတာပဲ။ ကြည့်ရတာ မြေပုံလမ်းကြောင်းက မမှားဘူးပဲ။ ဒီနေရာရဲ့ မြောက်ဘက်ကို သွားရင် ငါဟာ ပြင်ပနယ်မြေကနေ ထွက်ခွာနိုင်ပြီး ဒီသင်္ချိုင်းရဲ့အတွင်းအနက်ပိုင်းကို ရောက်မယ်…” ဝမ်လင်းသည် ရုတ်တရက် ချိပ်ပိတ်မြော၏ အပြင်ဘက်တွင် ရပ်လိုက်သည်။ သူက ရှေ့တည့်တည့်သို့ စိုက်ကြည့်ကာ စတင်စဉ်းစားလေ၏။
“ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်က မိန်းကလေး…အထဲမှာ တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ရှိနေမလားတော့ ငါလည်း မသိဘူး။ ငါ သတိထားရမယ်…” ဝမ်လင်းသည် သူ့ညာလက်ကို ညွှန်လိုက်ရာ ခြင်သားရဲတစ်ကောင်သည် ထိုးထွက်သွား၏။ ထိုခြင်သားရဲ ပျံသန်းသွားနေရင်း ဝမ်လင်းက ၎င်းအတွင်း၌ သူ၏နတ်ဘုရားအာရုံအမျှင်တန်းတစ်ခုကို ထည့်လိုက်သည်။ ယင်းခြင်သားရဲက မြူအတွင်းသို့ တိုးဝင်သွားလေ၏။
လျှပ်တပြတ်အတွင်းမှာ ထိုခြင်သားရဲသည် နီးကပ်ကာ တွန့်ခေါက်ပုံပျက်နေသောမြူနှင့် ထိမိချိန်တွင် ပျောက်ကွယ်သွားတော့သည်။
ထိုချိပ်ပိတ်မြေ၏ ကောင်းကင်ထက်၌ တာအိုသခင်မြောင်ယင်နှင့် အဆိပ်အိုကြီးတို့သည် တိုက်ခိုက်နေကြ၏။ သူတို့ပတ်လည်တွင် မုန်တိုင်းထန်နေကာ အတွင်းရှိ ကြမ်းလှသောတိုက်ပွဲကို မမြင်ရနိုင်အောင် ဖြစ်စေသည်။
ခြင်သားရဲသည် ထောင့်တွင်ပေါ်လာကာ ငြိမ်သက်နေ၏။ ထိုခြင်သားရဲပေါ်ရှိ ဝမ်လင်း၏နတ်ဘုရားအာရုံက ချက်ခြင်းပင် အရာအားလုံးကို တွေ့မြင်သည်။ သို့ရာတွင် ထိုအခိုက်၌ အလင်းတန်းတစ်ခုသည် ထိုမုန်တိုင်းထံမှ ထိုးထွက်လာကာ ခြင်သားရဲထံသို့ ဦးတည်သည်။ ခြင်သားရဲသည် ချက်ခြင်းပင် ပေါက်ကွဲသွား၏။ ဝမ်လင်း၏နတ်ဘုရားအာရုံအမျှင်တန်းသည်ပင် ဖျက်စီးခံလိုက်ရသည်။
“ဘယ်သူမှ ဝင်လာခွင့်မပြုဘူး။ ထွက်သွားစမ်း…” တာအိုသခင်မြောင်ယင်၏အသံသည် ပဲ့တင်ထပ်လာ၏။
ချိပ်ပိတ်မြေ၏အပြင်ဘက်တွင် ဝမ်လင်း၏မျက်နှာသည် အနည်းငယ် ဖြူရောသွား၏။ သို့သော် မြန်ဆန်စွာ ပြန်ကောင်းသွားသည်။ သူ့မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖျပ်ခနဲ ပေါ်သည်။
“တာအိုသခင်မြောင်ယင်…သူနဲ့တိုက်နေတဲ့သူဟာ အဆိပ်တွေနဲ့ ပြည့်နေသလို တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ပဲ။ သူတို့တိုက်ပွဲက မြန်လွန်းတဲ့အတွက် ဒီလူဟာ ဘယ်သူဘယ်ဝါမှန်း ငါ မမြင်လိုက်ရဘူး…” ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်သွား၏။ သူက သူ့အောက်ရှိ ကုန်းမြေတွင် ကျင့်ကြံသူတစ်ရာနီးပါး တိုက်ခိုက်နေသည်ကိုလည်း မြင်၏။ ထိုအထဲတွင် ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်မှ မိန်းကလေးလည်း ပါဝင်လေသည်။
“တာအိုသခင်မြောင်ယင်ရဲ့ ကျင့်ကြံမှုဟာ နည်းနည်းတော့ ထူးဆန်းနေတယ်။ သူဟာ အရှင်စစ်မိုရဲ့ အဆင့်လောက်ပဲ ရှိနေသလိုမျိုး ဖြစ်နေတယ်။ သူနဲ့ တိုက်ခိုက်နေတဲ့သူဟာလည်း အဲ့လိုမျိုးပဲ…” ဝမ်လင်းက စတင် စဉ်းစားတော့၏။ သူက အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးကို တွေ့မြင်ခဲ့သည့်အချိန်က ထိုအမျိုးသမီးသည် ရှေးအမိန့်သင်္ချိုင်း၏ပြင်ပတွင် ရှိခဲ့စဉ်က ကျင့်ကြံမှုအဆင့်ထက် များစွာ လျော့ကျနေသည်ကိုလည်း တွေ့ရှိခဲ့သေးသည် မဟုတ်လား။ ဝမ်လင်း စဉ်းစားနေသည်။
ခုချိန်၌ သူက အရှင်မြောင်ယင်ကို ထိုကဲ့သို့ပုံစံမျိုး ထပ်တွေ့မြင်ရပြန်သည်။ သူက နောက်ထပ် ထပ်မံတွက်ချက်ကြည့်နေ၏။ “ငါ စွန့်စားသင့်လား…” ဝမ်လင်းသည် မျက်မှောင်ကြုတ်နေ၏။
သူ ခန့်မှန်းတာ မှားသွားခဲ့လျှင်လည်း သူသည် ဒီချိပ်ပိတ်မြေထဲ လုံးဝ ဝင်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။ ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ သခင်ငါးပါးထဲက တစ်ယောက် အလွန်အစွမ်းထက်သည် မဟုတ်လား။ ဝမ်လင်းထံ၌ သူတို့ကို ဆန့်ကျင်နိုင်ဖို့ အခွင့်အရေး လုံးဝ မရှိပေ။
ခဏအကြာတွင် သူ့မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွား၏။ သူက ခြင်သားရဲများနှင်အတူ ရှေ့ဆက်တိုးဝင်လာတော့၏။ “ဒီသင်္ချိုင်းထဲမှာ သူ့ကျင့်ကြံမှုအဆင့်ဟာ ဖိနှိပ်ခံထားရမှာ သေချာတယ်။ မဟုတ်ရင် သူက ငါ့ကို အဝေးမောင်းထုတ်ဖို့ ငါ့နတ်ဘုရားအာရုံကို ဘာကြောင့် ဖျက်စီးဖို့ လိုပါ့မလဲ။ သူ့မှာ စိတ်ပူပန်စရာ တစ်ခုခုရှိမနေခဲ့ရင် သူဟာ တခြားသူတွေကို လန့်နေစရာ ဘယ်လိုပါ့မလဲ။ အခု သူဟာ တခြားတစ်ယောက်နဲ့ တိုက်ခိုက်နေတယ်။ ဒါဟာ အခွင့်အရေးပဲ။ ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်က မိန်းကလေးဟာ သူ့ရဲ့ ငယ်သားပဲ။ ငါ သူမကို ဖမ်းရမယ်…”
ဝမ်လင်းသည် အရှိန်မြှင့်ကာ ထိုတွန့်ခေါက်ပုံပျက်နေသောမြူအတွင်းသို့ တိုးဝင်လာတော့၏။ သူက သူ့ပတ်လည်တွင် မရေမတွက်နိုင်သောခြင်သားရဲများကို ဝန်းရံစေလျက်ဖြင့် ပျောက်ကွယ်သွားတော့သည်။
ထိုချိပ်ပိတ်မြေအတွင်း၌ ကျယ်လောင်စွာတုန်ဟည်းသံများ ပဲ့တင်ထပ်နေ၏။ ထို့နောက် ပြင်းထန်သောတုန်ဟည်းသံတစ်ခု ပေါ်လာကာ ထိုတွန့်ခေါက်ပုံပျက်နေသောမြူအတွင်းကနေ ခြင်သားရဲများစွာ ပေါ်လာလေ၏။ ထိုအဖြစ်က အောက်ဘက်ရှိ ကျင့်ကြံသူများ၏အာရုံကို ချက်ခြင်း ဖမ်းစားသွားသည်။
ခြင်သားရဲအမြောက်အများသည် ဖျပ်ခနဲအတွင်းပေါ်လာကာ ကောင်းကင်ကို ဖုံးလွှမ်းသွား၏။ ခြင်သားရဲများသည် ကောင်းကင်ထက်၌ ပြည့်နှက်လာနေရင်း တွန့်ခေါက်ပုံပျက်မှုသည် ပိုဆိုးလာသည်။ ထို့နောက် ပေသုံးသောင်းကျောက်ဖျာတစ်ခုသည် ရုတ်တရက် ပေါ်လာလေတော့သည်။ ဝမ်လင်းသည် ထိုကျောက်ဖျာပေါ်တွင် ရပ်နေ၏။ သူ၏အဖြူရောင်ဆံပင်များက တလွင့်လွင့် ဖြစ်နေ၏။ သူ၏ ရုတ်တရက်ပေါ်လာမှုက အောက်ဘက်ရှိ ကျင့်ကြံသူများကို တုန်လှုပ်သွားစေသည်။ ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်မှ မိန်းကလေးသည် အပေါ်သို့ မော့ကြည့်လိုက်၏။ သူမက ဝမ်လင်းကို တွေ့မြင်သည့်အခါ သူမ၏မျက်နှာ ဖြူရောသွားသည်။ သို့ရာတွင် ထိုဖြူရောမှုက ချက်ခြင်းပင် သတ်ဖြတ်လိုစိတ်အဖြစ်သို့ ပြောင်းလဲသွားသည်။
“အဆင့်သုံးကျောက်ဖျာ။ နောက်ထပ် တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ရောက်လာတာများလား…”
“ဒီလူရဲ့ မျက်နှာကို မရင်းနှီးဘူး။ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ကများ တခြားခန္ဓာကိုယ်တစ်ခုနဲ့ ရောက်လာခဲ့တာလား…။ ဒီကြမ်းကြုတ်တဲ့သားရဲတွေကိုလည်း အရင်က လုံးဝ မမြင်ဖူးခဲ့ဘူး။ ဒီသားရဲတွေက သင်္ချိုင်းထဲက နောက်ထပ်သားရဲအမျိုးအစားများလား…” ကျင့်ကြံသူတစ်ရာနီးပါးသည် ဝမ်လင်းနှင့် ခြင်သားရဲများကို ကြည့်နေကြ၏။
ဝမ်လင်းသည် တစ်စက်လေးမှ တုံ့နှေးမနေပေ။ သူ ပေါ်လာသည်နှင့် ခြင်သားရဲများက ဟိန်းသံပေးလျက် အောက်ဘက်ရှိ ကျင့်ကြံသူများထံ တိုးဝင်လာတော့သည်။
ဝမ်လင်းသည် သူ့ရှေ့ရှိ မုန်တိုင်းကို ကြည့်ပင်မကြည့်ဘဲ သူ၏ ကျောက်ဖျာပေါ်မှ ခြေလှမ်းကာ ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်မှ မိန်းကလေးထံသို့ တဟုန်ထိုး ဦးတည်ဝင်လာလေ၏။
“သခင်…ငါ့ကို ကယ်ပါ…” ထိုမိန်းကလေးက နောက်သို့ အမြန်ဆုတ်ရင်း အလန့်တကြား အော်ဟစ်၏။ သူမပတ်လည်ရှိ ကျင့်ကြံသူဆယ့်နှစ်ယောက်လောက်မှာလည်း တာအိုသခင်မြောင်ယင်၏ အစေခံများ ဖြစ်ကြသည်။ သူတို့က အလျင်အမြန်ပင် သူမကို ကာကွယ်ပေးဖို့အတွက် မန္တာန်များကို စတင်အသုံးပြုကြ၏။
ထိုမိန်းကလေးက နောက်ဆုတ်နေရင်း ချိပ်ဟန်တစ်ခုကို အမြန်ဖြစ်ပေါ်စေသည်။ သူမ၏ကလန်အမှတ်အသားက တောက်ပလာကာ သူမက ဝမ်လင်းထံ လက်ညွှန်ကာ ပြောလိုက်သည်။ “ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်ရဲ့ မျိုးဆက်တစ်ယောက်အနေနဲ့ ငါဟာ ငါ့စိတ်ဝိညာဉ်ကို စတေးတယ်…”
သို့ရာတွင် ဝမ်လင်းက မြန်လွန်းရာ ချက်ခြင်း နီးကပ်လာ၏။ သက်လတ်ပိုင်းလူတစ်ယောက်၏ မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်သွားသည်။ သူက ဝမ်လင်းသည် တတိယအဆင့်ကျင့်ကြံသူတစ်ယောက် မဟုတ်မှန်း သတိပြုမိသွား၏။ ထို့အတွက် သူက ဝမ်လင်းကို ပိတ်ဆိုလေတော့သည်။
ဝမ်လင်း၏အမူအရာက တည်ငြိမ်လျက်သာ။ သူက သက်လတ်ပိုင်းလူထံသို့ နီးကပ်လာရင်း ထိုသူ့ထံ လက်ညွှန်လိုက်သည်။ ထိုလူ၏ သတ်ဖြတ်လိုစိတ်က ချက်ခြင်းပင် သိမ်မွေ့ဆန်းကြယ်မီးအဖြစ်သို့ ပြောင်းကာ အရူးအမူး လောင်ကျွမ်းလေတော့သည်။
ထိုသက်လတ်ပိုင်းလူက ထိတ်လန့်တကြား အော်ဟစ်နေရင်း နောက်ဆုတ်သွားရသည်။ သို့သော် သိမ်မွေ့ဆန်းကြယ်မီးက ပိုအားကောင်းလာ၏။ သူက မီးလုံးတစ်လုံးအဖြစ်သို့ လောင်ကျွမ်းခံလိုက်ရနီးပါးပင်။
ဝမ်လင်းသည် တုံ့နှေးမနေဘဲ ရှေ့ဆက်တိုးလာသည်။ သူက မြန်လွန်း၏။ မူလတုန်းက သူ့အား ပိတ်ဆို့လိုသော နောက်ထပ်ကျင့်ကြံသူ ခုနစ်ယောက်၊ ရှစ်ယောက်ခန့်သည် သိမ်မွေ့ဆန်းကြယ်မီးကြောင့် တုန်လှုပ်သွားရသည်။ သူတို့သည် ချက်ခြင်း ရပ်တန့်လိုက်ကြ၏။ သူတို့၏မျက်လုံးထဲတွင်လည်း ကြောက်ရွှံ့မှု ပြည့်နှက်လာသည်။
ဝမ်လင်း၏အမူအရာက တည်ငြိမ်လျက်ပင်။ သူက လက်ဝေ့ယမ်းလိုက်ရာ သိမ်မွေ့ဆန်းကြယ်မီး တဖန်ပေါ်လာသည်။ ကျင့်ကြံသူခုနစ်ယောက်၊ ရှစ်ယောက်ခန့်သည် စတင်လောင်ကျွမ်းကုန်၏။ ထို့နောက် သူတို့သည် နောက်သို့ အလျင်အမြန် ဆုတ်ကာ ဝမ်လင်းကို မဟန့်တားဝံ့ကြတော့ပေ။ “ကလန်ရဲ့ မဟာချိပ်ပိတ်ခြင်းမန္တာန်ကို ဆင့်ခေါ်ပါတယ်…” ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်မှ မိန်းကလေးသည် ဖြူရောနေပေပြီ။ သူမက နောက်သို့ အရူးအမူး ဆုတ်၏။ သူမ၏အသံသည် ကြောက်လန့်မှုတို့ ပြည့်နှက်နေသည်။
ဝမ်လင်းသည် ရှေ့သို့ ဆက်တိုးလာနေရင်း ထိုမိန်းကလေးနှင့် ပေတစ်ထောင်ပင် မလိုတော့ပေ။ သူတို့နှစ်ယောက်ကြားရှိ ကျင့်ကြံသူခုနစ်ယောက်၊ရှစ်ယောက်မှာလည်း အလန့်တကြားအော်ဟစ်ကာ နောက်ဆုတ်သွားသော်လည်း ကျင့်ကြံသူဆယ်ယောက်ကျော် ရှိနေသေး၏။
သူတို့အားလုံးက ဝမ်လင်း ချဉ်းကပ်လာသည်ကို စောင့်ကြည့်နေ၏။ သူ နီးကပ်လာသည့်အခါ သူတို့အားလုံးသည် နောက်ဆုတ်ပေးကာ ဝမ်လင်းကို မဟန့်တားဝံ့ကြပေ။ ဝမ်လင်းသည် ထိုမိန်းကလေးနှင့် ပေသုံးဆယ်လောက်သာ လိုတော့သည်။ “ဂျူနီယာ…မင်း လုပ်ရဲတယ်လား…”
ဝမ်လင်းက ထိုမိန်းကလေးနှင့် ပေသုံးဆယ်အတွင်း ရောက်လာသည့်အခါ တာအိုသခင်မြောင်ယင်၏ ဟိန်းသံသည် မုန်တိုင်းအတွင်းမှ ထွက်ပေါ်လာ၏။ ထိုအသံက မုန်တိုင်းအတွင်း၌ တုန်ဟည်းသံများကို ပဲ့တင်ထပ်စေသည်။ အလင်းတန်းတစ်ခုသည် သည်လောကကို ထွင်းဖောက်လာ၏။ ထိုအလင်းတန်းက ဝမ်လင်းထံ တိုးဝင်လာသည်။ ၎င်းထံ၌ အပူဇော်ခံမီးတောက်စိတ်ဝိညာဉ်တစ်သိန်း၏ စွမ်းအားများ ပါဝင်သည်။ ထိုအလင်းတန်း နီးကပ်လာနေရင်း ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်မှ မိန်းကလေး၏အသံ ထွက်ပေါ်လာသည်။
“ဒီလူရဲ့ အနှစ်သာရကို ချိပ်ပိတ်…”
ဝမ်လင်းသည် ကြည့်ပင်မကြည့်ပေ။ သူ့ညာမျက်လုံးထဲ၌ မိုးကြိုးသည် လင်းလက်ကာ မိုးကြိုးအမှတ်အသားသည် သူ့နောက်တွင် ပေါ်လာ၏။ ထိုအမှတ်အသားကို အတူတကွမိုးကြိုးကိုးမျိုးက လှည့်ပတ်လျက် ရှိ၏။ ကိုးရောင်စုံမီးသည် သူ၏ဘယ်မျက်လုံးထဲတွင် လောင်ကျွမ်းလျက် မထင်မှတ်စွာပင် မိုးကြိုးအမှတ်အသားနှင့် သမူဟ ဖြစ်သည်။ မိုးကြိုးနှင့်မီးအနှစ်သာရတို့သည် ပြီးပြည့်စုံသော လောင်ကျွမ်းမိုးကြိုးအမှတ်အသားတစ်ခုအဖြစ်သို့ ပေါင်းစပ်သွားသည်။
ပေတစ်သိန်းအပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များအလင်းတန်းက လောင်ကျွမ်းမိုးကြိုးအမှတ်အသားနှင့် ထိပ်တိုက်တွေ့သည်။ ကျယ်လောင်စွာပေါက်ကွဲသွားကာ ဝမ်လင်းသည် ညီးညူလိုက်ရ၏။ သူက ထိုစွမ်းအားကို ငှားယမ်းကာ ရှေ့တိုးသည်။ သူ့လက်ချောင်းက ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်မှ မိန်းကလေး၏မျက်ခုံးနှစ်ခုကြားသို့ ကျရောက်သွားသည်။
ထိုမိန်းကလေး၏ အမြင်သည် ဝေဝါးသွားကာ ဝမ်လင်း၏လက်ချောင်းက အစားထိုးသွား၏။ ဝမ်လင်း၏လက်ချောင်း သူမ၏မျက်ခုံးနှစ်ခုကြားသို့ ကျရောက်သွားသည့်အခါ သူမသည် ချက်ခြင်းသွေးအန်လိုက်ရသည်။ မရေမတွက်နိုင်သော အတားအဆီးများသည် သူမ၏ခန္ဓာကိုယ်ကို ချိပ်ပိတ်သွား၏။ ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ပြီး သူမကို သူ၏သိုလှောင်နေရာလွတ်အတွင်းသို့ သိမ်းဆည်းလိုက်သည်။
ထိုဖြစ်စဉ်တစ်ခုလုံးသည် ချောမွေ့လေ၏။ ဝမ်လင်းက နောက်လှည့်၍ ကောင်းကင်ထက်သို့ အေးစက်စက်ကြည့်လိုက်သည်။
***