← Chapters

သတ်နိုင်မည့် အခွင်အရေး သုံးခါ

Vol. 110 Ch. 1508

သတ်နိုင်မည့် အခွင်အရေး သုံးခါ

Vol. 110 Ch. 1508

ဧရာမလက်ကြီးက မြူအတွင်းသို့ မြန်ဆန်စွာ ဆင်းသက်လာကာ တဝီဝီလေတိုးသံများကို ဖန်တီးလေ၏။ ၎င်းက လျှပ်စီးတန်းအလား ရွှေ့လျားရင်း လေတိုးသံများက ပိုကျယ်လောင်လာသည်။ သို့ပေမည့် ထိုအသံကို မြူများက စုပ်ယူသဖြင့် ဝေးဝေးသို့ မပျံ့နှံ့တော့ပေ။ ထိုလက်ကြီးက အဖြောင့်အတိုင်း အောက်ဘက် စုန့်ဆင်းလာသည် မဟုတ်ဘဲ ထောင့်ချိုးတစ်ခုအတိုင်း သွားနေခြင်းပင်။

ဝမ်လင်း၏ရင်ဘက်အောက်ပိုင်းမှာလည်း ထိုလက်ကြီး၏ ဆုပ်ကိုင်ထားခြင်း ခံရသဖြင့် ပြင်းထန်စွာ နာကျင်မှုကို ခံစားနေရသည်။ သို့ပေမည့် ထိုလက်သည် စွမ်းအားကို ပိုအသုံးမပြုဘဲ ဝမ်လင်းကို ချုပ်ကိုင်ထားရုံလောက်သာ အသုံးပြုထားပေ၏။

အဆိပ်အိုကြီးကလည်း တာအိုသခင်မြောင်ယင်၏ကိုယ်ပွားကို သိမ်းပိုက်ပြီးနောက် အတွင်းရှိ စိတ်ဝိညာဉ်ကို ဖိနှိပ်ထားနိုင်သည်။ သူသည်လည်း ထိုလက်ကြီး၏လက်ဝါးအတွင်း၌ သုန်မှုန်စွာ ထိုင်နေ၏။

ကျောက်ဖျာသုံးခုသည်လည်း ထိုလက်ကြီး၏ ဆွဲငင်ခြင်းကို ခံရသည်သာ။ ယင်းကျောက်ဖျာသုံးခုသည် ဝမ်လင်း၊ အဆိပ်အိုကြီးနှင့် မြောင်ယင်တို့ ပိုင်ဆိုင်သည်မှာ ရှင်းပေသည်။ ကျောက်ဖျာများပေါ်တွင်လည်း တူညီသော ထိခိုက်မှုများသာ ရှိနေ၏။ သို့သော် ၎င်းလက်ကြီးက ယင်းကျောက်ဖျာများကို မဖျက်စီးပစ်လိုသည်မှာ ထင်ရှားပေသည်။

အဆိပ်အိုကြီး၏မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။ ထို့နောက် သူက ညာလက်ကို ပင့်မြှောက်ကာ ချိပ်ဟန်တစ်ခုကို ဖြစ်စေ၏။ အလွန်ပြင်းသောအဆိပ်များ ပါဝင်သည့် အနက်ရောင်အခိုးအငွေ့များ စုဝေးလာသည်။ သည့်နောက် သူက အေးစက်စက်နှာခေါင်းရှုံ့ကာ လက်ဝါးပေါ်သို့ ဖိချရန် ပြင်လိုက်သည်။ ထိုစဉ် ဝမ်လင်းက ရုတ်တရက် ဆိုလာ၏။

“စီနီယာ…ကျေးဇူးပြုပြီး စောင့်ပါအုံး…”

အဆိပ်အိုကြီးက မျက်မှောင်ကြုတ်သွား၏။ သူက ခေါင်းမော့လာ၏။ ဝမ်လင်းက ပြောလိုက်သည်။

“စီနီယာဟာ တာအိုသခင်မြောင်ယင်ရဲ့ ကိုယ်ပွားကို ပိုင်စိုးသိမ်းပိုက်တာ ခုမှ အောင်မြင်ခါစ ဖြစ်ပြီး ဒီခန္ဓာကိုယ်နဲ့ အသားမကျသေးပါဘူး။ သင့်စိတ်ဟာ ရှုပ်နေလောက်ပါတယ်။ ဒီအံ့ဖွယ်လက်ကြီးက တန်းတန်းမတ်မတ် နစ်မြုပ်နေတာ မဟုတ်ဘူး…” ဝမ်လင်းသည် ထိုသို့ ပြောနေရင်း သူ့ခန္ဓာကိုယ်မှ တစီစီအသံများ ထွက်ပေါ်လာကာ သူသည် ပုံမှန်လူအရွယ်အစားအဖြစ်သို့ မြန်ဆန်စွာ ပြန်ကြုံ့သွားသည်။

သူ့ခန္ဓာကိုယ် ကြုံ့နေချိန်၌ သူသည် ရုတ်တရက် ပြုတ်ကျလာ၏။ ထိုအခါ သူသည် လက်ချောင်းငါးချောင်းနှင့် ပိုနီးကပ်လာသည်။ ဝမ်လင်းက လက်ဝါးပေါ်သို့ ကျရောက်သွားချိန်၌ သူ့မျက်လုံးထဲတွင် ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်သည်။ သူက သူ့ညာလက်ဖြင့် သူ့မျက်ခုံးကြားကို ပွတ်သပ်လိုက်ဟန် ပြုကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

အဆိပ်အိုကြီးသည် သာမန်ကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။ သူကလည်း ခြားနားမှုကို သတိပြုမိသည်သာ။ သည်လက်ကြီးက တန်းတန်းမတ်မတ် ဆင်းသက်နေခြင်း မဟုတ်ဘဲ ဘေးတစ်ဖက်သို့ ဦးတည်နေသည်။

“စီနီယာ ဒီထူးဆန်းတဲ့လက်ကို လှုံ့ဆော်ပေးလိုက်ရင် ဒီလက်ဟာချက်ခြင်း လက်သီးဆုပ်ပစ်လိုက်နိုင်တယ်။ အဲ့လိုဆိုရင် ငါတို့ လွတ်မြောက်ဖို့ ခက်ခဲသွားမှာ ကြောက်မိပါတယ်…” ဝမ်လင်းသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်နေ၏။

“မင်း ဘာကို ဆိုလိုတာလဲ…” အဆိပ်အိုကြီး၏မျက်နှာသည် ရှုံ့တွနေ၏။ သူ၏ ကွယ်ဝှက်နေသော မူလခန္ဓာကိုယ်မျက်နှာသည် တာအိုသခင်မြောင်ယင်၏ခန္ဓာကိုယ်ပေါ်တွင် စတင်ပေါ်လာသည်။

ထိုလက်ကြီးက လုံးဝ လက်သီးစုပ်ကာ ပိတ်ဆို့နေခြင်း မရှိဘဲ လက်ဝါးဖြန့်ထားသည့်အတိုင်းသာ။ ဝမ်လင်းက အဆိပ်အိုကြီးနှင့် ပေတစ်သောင်းလောက်ထိ ဆုတ်လိုက်ပြီး သူနှင့်မြောင်ယင်၏ကျောက်ဖျာများကို သိမ်းဆည်းလိုက်သည်။ သူ့မျက်နှာသည် ဖြူရောနေသော်လည်း သူ၏မျက်လုံးမှာ တောက်ပလို့နေ၏။

ဝမ်လင်းသည် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဂျူနီယာဟာ ဒီလက်ကြီးရဲ့ လမ်းကြောင်းကို လေ့လာခဲ့ပြီး ဖြစ်တဲ့အတွက် ခန့်မှန်းချက်တစ်ခု ရှိနေတယ်။ ဂျူနီယာရဲ့ ခန့်မှန်းချက် မှားသွားမှ ငါတို့အတူတူ ဒါကို ချိုးဖျက်မယ့်နည်းလမ်းတစ်ခု ရှာကြမယ်ဆိုလည်း သိပ်နောက်မကျသေးပါဘူး…။ ဒါပေမဲ့ ငါသာ မှန်ခဲ့ရင် ဒီလက်ဟာ ငါတို့အတွက် ဆိုးဆိုးရွားရွား အရာတစ်ခုတော့ မဟုတ်လောက်ဘူး…”

ဝမ်လင်းသည် သူ့လက်ကို ပင့်မြှောက်ကာ ပြောလိုက်၏။ “ဒီလက်ကြီးသာ ငါတို့နှစ်ယောက်ကို တကယ်တမ်း ဖမ်းဆီးလိုတယ်ဆိုရင် ၎င်းဟာ တန်းတန်းမတ်မတ် ဆင်းသွားသင့်တယ်…”

“ဒါပေမဲ့လည်း ဒီလက်ဟာ ခုချိန်မှာ ထောင့်ချိုးအတိုင်း သွားနေတယ်။ ဆိုလိုတာ ဒါက ဒီလိုဖြစ်နိုင်တယ်….” ဝမ်လင်းသည် သူ့လက်ကို အောက်သို့ ထောင့်ချိုးတစ်ခုထိ ရောက်အောင် လှုပ်ရှားလိုက်၏။ ထို့နောက် သူ့ညာလက်ကို ဆက်ခနဲ့ ရှေ့ဆန့်တန်းလိုက်သည်။ သူ့ခန္ဓာကိုယ်မှ သွေးအလင်း ထွက်ပေါ်လာသည်။

“ဒီလိုမျိုး…”

လောဘကြီး၏မျက်လုံးသည် ကျဉ်းမြောင်းသွား၏။ သူသည် ဝမ်လင်း မြောင်ယင်၏ကျောက်ဖျာကို ယူဆောင်သည်ကို မတားဆီးပေ။ သူက သူ့ညာလက်ကို ဝေ့ယမ်းပြီး သူ့ကိုယ်ပိုင်ကျောက်ဖျာကို သိမ်းဆည်းလိုက်သည်။ သူ့မျက်လုံးထဲ၌ ဉာဏ်အလင်းတစ်ချို့ ရသွားသည့်ပုံပင်။ သူက ဝမ်လင်းကို ဖျပ်ခနဲ ကြည့်လိုက်၏။

“မင်းက ငှက်အိုကြီးထက် ပိုတော်သားပဲ…”

“ဒါက တော်တာနဲ့ မဆိုင်ပါဘူး။ ခန့်မှန်းချက်လေးတစ်ခု သာသာပါပဲ…” ဝမ်လင်းသည် ခေါင်းယမ်းလိုက်၏။

သူတို့နှစ်ယောက် စကားပြောနေကြစဉ် ထောင့်ချိုးတစ်ခု ယိမ်းစောင်းနေသော လက်ကြီးက ရုတ်တရက် တုန်ယင်ကာ ရပ်တန့်သွားသည်။ လေတိုးသံများပါ ရပ်သွား၏။ ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်သည်။

ဝမ်လင်း၏အမူအရာသည် အလေးအနက် ဖြစ်လာ၏။ သူက လုံးဝ အာရုံစိုက်ထားသည်။

အဆိပ်အိုကြီးကလည်း ဝမ်လင်း၏ ယူဆချက်ကို သဘောတူသည်မှာ သိသာ၏။ သူကလည်း သည်အခိုက်တွင် သူ့ကိုယ်သူ အာရုံစိုက်ထားသည်။

ထိုအခိုက်အတန့်တွင် စူးရှရှအော်မြည်သံတစ်ခု အရူးအမူး ပဲ့တင်ထပ်၏။ ဧရာမလက်ကြီးသည် တဒင်္ဂရပ်တန့်ပြီးနောက် ထိုအော်မြည်သံသည် မြူပင်လယ်အတွင်းနက်ပိုင်းမှ ထွက်ပေါ်လာ၏။ ထိုအော်သံ ပဲ့တင်ထပ်နေရင်း လက်ကြီးက စတင်လှုပ်ရှားသည်။

ပြင်းထန်သောအားတစ်ခုက ထိုလက်ထံမှ ထွက်ပေါ်လာပြီးနောက် ၎င်းသည် ဝမ်လင်းနှင့်အဆိပ်အိုကြီးတို့ကို ရှေ့သို့ ပစ်လွှတ်လိုက်တော့သည်။

ထိုပစ်အား၏ ခွန်အားကို ဖော်ပြ၍ပင် မဖြစ်နိုင်‌ပေ။ မြန်လွန်း၏။ မြန်လွန်းသဖြင့် မြူဆိုင်များက ထက်ရှသောဓားသွားများအလား ဝမ်လင်းနှင့် အဆိပ်အိုကြီးတို့ပေါ်သို့ ကျရောက်သည်။ ထိုလက်ကြီးက ဝမ်လင်းနှင့်အဆိပ်အိုကြီးတို့ကို ကျောက်တုံးတစ်လုံးကို ပစ်လွှတ်လိုက်သလိုမျိုး သည်ရှေးအမိန့်သင်္ချိုင်း၏အတွင်းနက်ပိုင်းသို့ ပစ်သွင်းလိုက်ပေသည်။

ထိုလက်ကြီး၏ ပြင်းထန်သောပစ်အားက သူတို့နှစ်ယောက်ကို ရှေ့သို့ ထိုးထွက်သွားစေသည်။ သူတို့သည် တတိယအဆင့်ကျင့်ကြံသူများကိုပင် ဖိနှိပ်နိုင်သော အမြန်နှုန်းဖြင့် ရှေ့သို့ ရွှေ့လျားသွားလေတော့၏။

အလွန်တရာ မြန်၏။ ဝမ်လင်းထံ၌သာ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကို မပိုင်ဆိုင်ထားပါက သူ့ခန္ဓာကိုယ်သည် ရှေ့ရှိမြူများကြောင့် တစစီဖြစ်သွားနိုင်၏။ မြူများသည် ပုံစံအသွင်မရှိသော်လည်း မြန်နှုန်း အကန့်အသတ်သို့ ရောက်လာသည့်အခါ အသွင်မဲ့မြူများသည်ပင် လောကရှိ အမာကြောဆုံးအရာများ ဖြစ်လာတော့သည်။

သူ့ခန္ဓာကိုယ်မှပင် တစီစီအသံများ ထွက်ပေါ်လာပြီး သွေးများ ပန်းထွက်သည်။ သို့ပေမည့် သူ့ခန္ဓာကိုယ်က မြူကို ချိုးဖျက်ကာ ရှေးအမိန့်သင်္ချိုင်း၏အတွင်းနက်ပိုင်းသို့ ပစ်သွင်းခြင်း ခံရသည်။ သို့သော်ငြားလည်း ဝမ်လင်းသည် ထိုအရာအတွက် ကြိုပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ လက်ကြီးက သူ့ကို ပစ်လွှတ်လိုက်ချိန်၌ သူက လေးညှို့မှ ထိုးထွက်လာသော မြှားတစ်စင်းနှယ်။ သူ့မူလစွမ်းအင်ကို သူ့ပတ်လည်တွင် အလွှာလိုက် သိပ်သည်းထားလိုက်ပြီး အလင်းအရိပ်ဒိုင်းလည်း သူ့ပတ်လည်တွင် ပေါ်လာလေ၏။

သူက ပစ်လွှတ်ခံရသည်နှင့် ထိုလက်ကြီး၏ လက်ဝါးထက်မှ အတင်းခုန်ထွက်လိုက်ပေသည်။ သူက ထိုပစ်အားကို ငှားယမ်းကာ သူ့ကိုယ်ပိုင်အားကိုပါ အသုံးပြု၍ အဆိပ်အိုကြီးထက် ပိုမြန်ဆန်စွာ ရွှေ့လျားသွားခဲ့သည်။ သူက အဆိပ်အိုကြီးကို ကျော်လွန်ကာ မြူအတွင်း ပျောက်ကွယ်သွားလေသည်။

ဝမ်လင်းက လိပ်နက်၏ ခွန်အားဥပဒေသကိုသာ သင်ယူခဲ့ရခြင်း မရှိပါက သူသည် ထိုသို့ လုပ်ဝံ့လိမ့်မည် မဟုတ်ပေ။ သူသာ တန်ပြန်ကန်အားကို မထိန်းချုပ်နိုင်ခဲ့ပကါ ချက်ခြင်းပင် သူ့ခန္ဓာကိုယ်သည် ပျက်စီးသွားနိုင်ပေ၏။

အဆိပ်အိုကြီးက ဒဏ်ရာရထားသော်လည်း ဝမ်လင်းက သတိထားသည်သာ။ ထို့အပြင် ဝမ်လင်းသည် သည်လူ့ကို ဖြတ်မမြင်နိုင်သေးပေ။ ထို့ကြောင့် သူက သည်အခွင့်အရေးကို အသုံးချကာ ထွက်သွားခြင်း ဖြစ်၏။ အကောင်းဆုံး ရွေးချယ်မှုပင်။

အမှန်တော့ အဆိပ်အိုကြီးသည် ဉာဏ်များလှကာ ဧရာမလက်ကို တိုက်ခိုက်ရန် မကြံစည်ခဲ့ပါက ဝမ်လင်းသည် သူ့ခန့်မှန်းမှုကို ထုတ်ပြောလိမ့်မည် မဟုတ်ပေ။ ဝမ်လင်းက အဆိပ်အိုကြီးကိုယ်တိုင်လည်း သူ ခန့်မှန်းသည့်အချက်ကို မြင်ပြီးသားဖြစ်ကာ ထိုသူသည် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ရန် ဟန်ပြင်ခဲ့တာဟု ထင်ထားသည်။

ဝမ်လင်းသည် အသေးစိတ်ကိုမူ လေ့လာနေရန် အချိန်ရသည့်အတွက် သူက ရိုးစင်းစွာပင် ထွက်သွားခဲ့ခြင်းပင်။

အဆိပ်အိုကြီးသည်လည်း အလွန်မြန်ဆန်သည်သာ။ သူက လက်၏ပစ်လွှတ်ခြင်း ခံရပြီးနောက် ဥက္ကာပျံတစ်စင်းအလား ပျံသန်းသွားသည်။ သူက ဝမ်လင်းသည် သူ့ထက် မြန်ဆန်စွာ ပျံသန်းသွားသည်ကို မြင်သည့်အခါ သူ့မျက်လုံးသည် လက်ခနဲ ဖြစ်သွားသည်။

“ဒီဝမ်လင်းဟာ အတော်လေး သတိရှိသလို ဉာဏ်များလွန်းတယ်။ အစောပိုင်းတုန်းက ငါ သူ့ကို သုံးကြိမ်တိုင်တိုင် သတ်ပစ်ချင်ခဲ့တယ်။ ဒါပေမဲ့ သူက အခြေအနေ မတင်းမာအောင် ပါးပါးနပ်နပ် ရှောင်တိမ်းခဲ့တယ်။ ဒါ့အပြင် ငါတို့ ပစ်လွှတ်ခံရတဲ့အခါမှာ ငါက သူ့ကို အဆိပ်နဲ့ တိုက်ခိုက်မလို့ ရည်ရွယ်ထားခဲ့တာ။ ဒါပေမဲ့ သူဟာ ငါ့ကို ဖြတ်မြင်နိုင်ခဲ့ပြီး ဒီပစ်အားကို ငှားယမ်းပြီး လွတ်မြောက်သွားခဲ့တယ်…”

အဆိပ်အိုကြီးသည် သုန်မှုန်စွာဖြင့် မြူများအတွင်း ပျောက်ကွယ်သွားတော့သည်။

ဝမ်လင်းသည် အလွန်မြန်ဆန်စွာ ရွှေ့လျားနေ၏။ မြူများကလည်း သူ၏မျက်နှာထံ တရကြမ်း တိုးဝင်နေသည်။ သူ့ပတ်လည်ရှိ အလင်းအရိပ်ဒိုင်းသည် ပျက်စီးနေသလို ဆက်တိုက် ပြန်ဖွဲ့စည်းသည်။ သူ နေရာချထားသော သူ့ပတ်လည်ရှိ အတားအဆီးအလွှာများသည်လည်း တစ်ခုပြီးတစ်ခု ပျောက်ကွယ်နေ၏။ သူ့အား တွန်းနေသောအားသည် နာရီဝက်ကျော်ခန့် ကြာမြင့်ပြီးနောက်မှ စတင် ပျောက်ကွယ်လာလေတော့၏။

သူ့အမြန်နှုန်း လျော့ကျသွားပြီးနောက် မြူများသည် သူ့ကို ဒဏ်ရာထပ်မံ မဖြစ်စေနိုင်တော့ပေ။ ဝမ်လင်းက ပါးစပ်ထောင့်မှ သွေးကို သုတ်လိုက်၏။ သူက နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။

အနည်းငယ်စဉ်းစားပြီးနောက် ဝမ်လင်းက ပြန်လှည့်ကာ သူ၏ကျောက်ဖျာကို ထုတ်ယူလိုက်သည်။ ကျောက်ဖျာပေါ်တွင် ထိုင်ချလိုက်ပြီးနောက် သူက မြောင်ယင်၏ကျောက်ဖျာကို ထပ်မံ ထုတ်ယူလိုက်သည်။ ထို့နောက် သူ့ညာလက်ဖြင့် ရိုက်ချလိုက်ရာ မြောင်ယင်၏ကျောက်ဖျာသည် တုန်ခါသွားသည်။ စာလုံးများ ပျံသန်းထွက်လာ၏။ သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ထိုစာလုံးများသည် သူ၏ကျောက်ဖျာပေါ်သို့ ကျရောက်သွားလေသည်။

ထိုစာလုံးများ သူ၏ကျောက်ဖျာအတွင်းသို့ ဝင်ရောက်သွားချိန်၌ ဝမ်လင်း၏ကျောက်ဖျာသည် အပြင်းအထန် လင်းလက်သွားသည်။ ၎င်းက ပေသုံးသောင်းကနေ ပေလေးသောင်းအထိ စတင် ကြီးထွားသည်။ ၎င်း၏အရောင်သည်လည်း လုံးဝနက်မှောင်သွားလေ၏။

အဆင့်လေးကျောက်ဖျာ။

ဝမ်လင်းသည် မရပ်တန့်သေးပေ။ သူ့ညာလက်ကို ဆန့်ထုတ်လိုက်ကာ နောက်ထပ်ရာချီစာလုံးများကို ပေါ်လာစေသည်။ ထိုစာလုံးများသည် အစောပိုင်းက ချိပ်ပိတ်မြေတွင် သေဆုံးခဲ့သော ကျင့်ကြံသူများ ပိုင်ဆိုင်သည့်စာလုံးများပင်။ ဝမ်လင်းက မည်သူမျှ သတိမပြုမိခင် ၎င်းစာလုံးများကို ယူဆောင်ခဲ့ခြင်း ဖြစ်သည်။

ယင်းစာလုံးများကို ထုတ်ယူပြီးနောက် သူက ၎င်းတို့ကို အဆင့်လေးကျောက်ဖျာနှင့် ပေါင်းစည်းစေသည်။ တုန်ဟည်းသံများ ထွက်ပေါ်လာကာ ကျောက်ဖျာသည် ထပ်မံ ကြီးမားလာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် ပေငါးသောင်းအထိ ရှိလာ၏။

မြောင်ယင်၏ကျောက်ဖျာသည် နဂိုကတည်းက အဆင့်လေးကျောက်ဖျာနှင့် နီးကပ်နေပြီ ဖြစ်၏။ ဝမ်လင်းက ကျင့်ကြံသူတစ်ရာနီးပါး၏ ကျောက်ဖျာများ၏ စာလုံးများကိုပါ ထည့်ပေါင်းလိုက်သည့်အခါ ခုချိန်တွင် သူ၏ကျောက်ဖျာသည် အဆင့်ငါး ဖြစ်လာခဲ့ပေပြီ။

ထိုကျောက်ဖျာပေါ်တွင် ထိုင်နေလျက် ရှိစဉ် ယင်းကျောက်ဖျာမှ နတ်ဘုရားအာရုံလို အရာတစ်ခုက သူ့စိတ်အတွင်းသို့ တိုးဝင်လာသည်ကို ခံစားမိပေသည်။ သူက ထိုအဖြစ်ကို အတွေ့အကြုံ ရှိထားပြီး ဖြစ်၏။ ထို့ကြောင့် အံ့အားမသင့်သွားပေ။ သေချာလေ့လာပြီးနောက် သူ့စိတ်အတွင်းရှိ မြေပုံတွင် နောက်ထပ်ဧရိယာနှစ်ခု ပွင့်ဟလာပေပြီ။

မြေပုံငါးခုသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားပြီး သည်ရှေးသင်္ချိုင်း၏ တစ်ဝက်နီးပါးကို ဖော်ကျူးပြသထားသည်။

ဝမ်လင်းသည် သူ ရှိနေသောနေရာကို ရှာတွေ့ပြီးနောက် သူ၏မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။

“ငါ ဒီနေရာကို တကယ် ရောက်နေခဲ့ပြီပဲ…”

လက်ကြီး၏ နာရီဝက်ခန့်မျှ ပစ်လွှတ်ခံရပြီးနောက် ဝမ်လင်းသည် မြေပုံသုံးခုဧရိယာကို ကျောက်လွန်လာခဲ့ပေပြီ။ သူက လေးခုမြောက်မြေပုံကိုပါ ကျော်လွန်လာပြီး ငါးခုမြောက်မြေပုံဧရိယာ၏ အစွန်းအဖျားသို့ ရောက်ရှိလာခဲ့လေပြီ။ သည်နေရာမှာ ရှေးအမိန့်သင်္ချိုင်း၏ အတွင်းဘက်အပိုင်း ဖြစ်၏။

ဝမ်လင်းနှင့် သိပ်မဝေးသောနေရာတွင် တောအုပ်တစ်ခုကို အမှတ်အသား ပြထားသော ငါးခုမြောက်မြေပုံအရဆို သစ်ရွက်ပုံအသွင် ရှိလို့နေ၏။ ဝမ်လင်းသည် ထိုတောအုပ်နှင့် ရင်းနှီးပေ၏။ ၎င်းနေရာသည် လောဘကြီး ရှေးဟောင်းသစ်ရွက်ကို ရရှိခဲ့သော နေရာပင် ဖြစ်လေသည်။

ထိုနေရာသည် ငွေရောင်အမျိုးသမီးကို ထိတ်လန့်တကြားအော်ဟစ်မိစေသော ရုပ်တုကို လောဘကြီး တွေ့မြင်ခဲ့သောနေရာဆိုလည်း ဟုတ်ပေသည်။

ခုနစ်ရောင်စုံရုပ်တု။

***

All Chapters