← Chapters

ဘယ်သူ ပိုမြန်မလဲ…

Vol. 110 Ch. 1516

ဘယ်သူ ပိုမြန်မလဲ…

Vol. 110 Ch. 1516

ဤအခိုက်အတန့်တွင် ရှေးအမိန့်သင်္ချိုင်းအတွင်း၌ ကျင့်ကြံသူမြောက်များစွာ ရှိလို့နေသည်။ သူတို့၏အမူအရာများသည် သူတို့ပတ်လည်ရှိ ပြင်းထန်လှိုင်းထန်သောမြူများကို ကြည့်ကာ ပြောင်းလဲသွားကြသည်။ သူတို့သည် ငေးမိနေကြ၏။

မည်သို့မည်ပုံမှန်းမသိသော ကြောက်လန့်မှုသည် မြန်ဆန်စွာ တိုးပွားလာသည်။

တတိယမြေပုံဧရိယာတွင် ကျင့်ကြံသူအုပ်စုတစ်စုသည် သားရဲများကြား ပိတ်မိနေကြ၏။ ထိုအခိုက်တွင် မြူများသည် မြင့်တက်လာကာ လူသားအသွင်သားရဲများသည် ကြောက်ရွှံ့မှုများ ပြည့်လာကြ၏။ သူတို့သည် နောက်သို့ ဆုတ်ရန်ပင် အချိန်မရခင် မြူများ၏ ဖမ်းမိခြင်းကို ခံရသည်။ သူတို့သည် ဧရာမလက်တစ်စုံ၏ ရိုက်နှက်ခြင်းကို ခံရသည့်အလား အားလုံး သေဆုံးကုန်၏။

ထိုကျင့်ကြံသူအုပ်စုသည်လည်း မရှောင်လိုက်နိုင်ပေ။ သူတို့အားလုံးသည် မြူက သူတို့အား ခြုံလွမ်းလာသည်ကိုသာ စောင့်ကြည့်နေရုံ တတ်နိုင်တော့၏။ မြူများ ဖိနှိပ်လာသည့်အခါ သူတို့သည် နာကျင်စွာအော်ဟစ်၍ သေဆုံးခြင်း ဆိုက်ရောက်ရသည်။

လေးခုမြောက်မြေပုံဧရိယာတွင် အဆင့်သုံးသို့ ရောက်နေသော ကျောက်ဖျာတစ်ခုသည် မြန်ဆန်စွာ ရွှေ့လျားနေ၏။ သူ၏မျက်လုံးထဲတွင် ထိတ်လန့်မှုတို့ ကြီးစိုးနေသည်။ သူက သူ့နောက်ကို ကြည့်လို့နေ၏။ သူ့နောက်တွင် လိုက်လာသော ကျောက်ဖျာသုံးခုလည်း ရှိနေ၏။ ထိုသူတို့က သူ့ကျောက်ဖျာကို ယူဆောင်ဖို့ အဆင့်ဖြစ်နေကြသည့်နှယ်။

သို့ပေမည့် ထိုအခိုက်အတန့်တွင် မြူများသည် ရုန်းထပြန်းထန်စွာ ပြောင်းလဲပြီး ထိုထွက်ပြေးနေသော ကျင့်ကြံသူကို ရိုက်ချသွား၏။ သူ၏ ကျောက်ဖျာသည်ပင် တစ်စက်လေးပင် မခုခံလိုက်နိုင်ဘဲ မြူ၏ ဝါးမြိုခြင်းကို ခံရသည်။

ထိုရုတ်တရက် ပြောင်းလဲမှုက နောက်ကလိုက်နေသော သုံးယောက်၏အမူအရာကိုလည်း ကြီးစွာ ပြောင်းလဲသွားစေသည်။ သို့ပေမည့် မြူပင်လယ်သည် သူတို့ထက် ပိုမြန်၏။ ချက်ခြင်းပင် မြူလှိုင်းက သူတို့အား ရိုက်ခတ်သွားသည်။ သူတို့သုံးယောက်နှင့်အတူ သူတို့၏ကျောက်ဖျာများပါ ပျက်စီးသွားလေသည်။

အလားတူ မြင်ကွင်းမျိုးသည် ဤရှေးအမိန့်သင်္ချိုင်းနေရာအနှံ့တွင် ဖြစ်ပွားနေသည်။ သေဆုံးခြင်းများစွာ ဆိုက်ရောက်နေ၏။ ကံကောင်း၍ ရှင်သန်ခဲ့သူအချို့ကတော့ အံ့ဩတကြီး ဖြစ်ကျန်ခဲ့သည်။

မြူပင်လယ်အတွင်း၌ သေဆုံးသွားသော ကျင့်ကြံသူ များပြားလွန်းသည့်အတွက်ကြောင့် သူတို့၏စာလုံးများသည် မြူအတွင်း၌ တလက်လက် ရှိနေတော့သည်။ အသက်ရှင်ကျန်ရစ်သော ကျင့်ကြံသူများက ယင်းစာလုံးများကို အရူးအမူး လုယူကြတော့သည်။

ထိုသူတို့ကြားထဲ၌ မည်သူကမျှ အဆိပ်အိုကြီးကို မယှဉ်နိုင်ပေ။ သူ၏စာလုံးများသည် အရေအတွက်တစ်ခုသို့ ရောက်လာသည့်အခါ နောက်ထပ်အဆင့်ငါးကျောက်ဖျာတစ်ခု မွေးဖွားလာတော့သည်။

အဆင့်ငါးကျောက်ဖျာ ဖြစ်လာပြီးနောက် သူက တခြားကျောက်ဖျာများကို အာရုံခံမိသည်။ သူ၏အမူအရာသည် ပြောင်းလဲသွားလေ၏။

အဆင့်ရှစ်မြေပုံ၏အစွန်းအဖျား၌ မိစ္ဆာသခင်ကောင်းကင်ကိုးခုသည် သူ့စိတ်ထဲ၌ ပဟေဠိဖြစ်မှုကို ဖိနှိပ်ထား၏။ သူ၏အမူအရာသည် ရုတ်တရက် ပြောင်းလဲကာ မယုံကြည်နိုင်ဟန် ဖြစ်လာသည်။ ပထမဆုံးအကြိမ်အဖြစ် သူ၏ကျောက်ဖျာသည်ပင် ရပ်တန့်သွားသည်။

“မဖြစ်နိုင်ဘူး…” မိစ္ဆာသခင်ကောင်းကင်ကိုးခု၏ မျက်လုံးထဲတွင် အလန့်တကြား ဖြစ်ကုန်၏။ သူသည် လွန်ခဲ့သော နာရီအတော်အတန်က အဆင့်ခုနစ်သို့ ရောက်ရှိလာခဲ့သော ကျောက်ဖျာက အခု အဆင့်ရှစ်သို့ မြှင့်တက်သွားခဲ့တာကို ရှင်းလင်းစွာ ခံစားမိသည်။

ပထမဆုံးအဆင့်ရှစ်ကျောက်ဖျာ။

ထိုပြောင်းလဲမှုက မိစ္ဆာသခင် မျှော်လင့်ထားသည်ထက် ကျော်လွန်နေ၏။ သူက ၎င်းကို ကျောက်ဖျာမှ တစ်ဆင့် ရှင်းလင်းစွာ ခံစားမိခြင်းကြောင့်သာ မဟုတ်ပါက ယုံနိုင်လိမ့်မည် မဟုတ်ပေ။

“တစ်ရက်တောင် မပြည့်သေးတဲ့အချိန်မှာ ဒီလူဟာ အဆင့်ငါးကနေ အဆင့်ရှစ်ထိ ရောက်လာခဲ့တယ်။ ဒါ…ဒါက…”

သူသည် မူလတုန်းကတော့ အဆင့်ရှစ်ကျောက်ဖျာသို့ သူ အရင်ဆုံး အဆင့်မြှင့်တင်နိုင်မည်ဟု ယုံကြည်ချက် ရှိထားပေ၏။ သို့ပေမည့် ထိုရုတ်တရက် ပြောင်းလဲမှုက သူ၏စိတ်ကို တုန်ဟည်းသွားစေသည်။

“သူ ဘယ်သူလဲ…” သူ၏မျက်လုံးထဲ၌ ထိတ်လန့်မှုနှင့် သတ်ဖြတ်လိုမှုတို့ ပြည့်နှက်လာသည်။ သူသည် အနည်းငယ် စဉ်းစားပြီးနောက် ရှေ့ဆက်မသွားတော့ပေ။ သူ၏ကျောက်ဖျာကို ထိန်းချုပ်၍ နောက်သို့ အလျင်အမြန် ပြန်ဆုတ်တော့သည်။

“ဒီလူက ဘယ်သူလဲ ငါ သိမှ ရမယ်။ အဆင့်ရှစ်…အဆင့်ရှစ်…သူ့ကို သတ်ပြီးရင် ငါ့အတွက် အခွင့်အလမ်းအများကြီး တိုးလာမှာ…”

“ငါသာ သူ့ရဲ့ အဆင့်ရှစ်ကို ဒီလောက်မြန်မြန် ရောက်နိုင်တဲ့ လျှို့ဝှက်ချက်ကိုပါ သိခဲ့ရင်တော့ ရှေးအမိန့်ယဲ့မိုရဲ့ မြေနန်းတော်ဟာ ဒီအဘိုးအိုမိုပိုင်ရဲ့ အပိုင်ပဲ…”

ရှစ်ခုမြောက်မြေပုံဧရိယာရှိ မြူပင်လယ်အထက်တွင် ဝတ်စုံဖြူအမျိုးသမီးသည်လည်း အတော်လေး သုန်မှုန်နေ၏။ သူမ၏ကျောက်ဖျာမှာလည်း ရပ်တန့်နေသည်။ ခဏအကြာတွင် သူမက အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။ သူမသည် ရုတ်တရက် အဆင့်ရှစ်ကျောက်ဖျာရှိရာ အနောက်ဘက်သို့ ပြန်လှည့်တော့သည်။

သူမသည် ထိုလူထူးဆန်းက မည်သို့များ ကျောက်ဖျာအဆင့်ကို ခုလောက်မြန်မြန် မြှင့်တင်ခဲ့သည်ကို နားမလည်တာ သိပေ၏။ ထိုလူက အဆင့်ကိုးသို့ပင် နာရီအနည်းငယ်အတွင်း ရောက်ကောင်းရောက်သွားနိုင်သေးသည်။

သူမသည်လည်း မိစ္ဆာသခင်ကောင်းကင်ကိုးခုနှင့် အတူတူပင်။ သူတို့သည် ထိုသို့အရာမျိုး ဖြစ်လာရန် ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

ကိုးခုမြောက်မြေပုံအတွင်း၌ ထာဆန်ဘေးရှိ ကျောက်ဖျာပေါ်မှ အမျိုးသမီးက မတ်တပ်ရပ်နေ၏။ သူမ၏မျက်နှာပေါ်တွင် ဆွဲငြှို့မှု ရှိမနေတော့၊ သတ်ဖြတ်လိုစိတ်က အစားထိုး ဝင်ရောက်နေသည်။

“ဒီလူ့ကို ဖယ်ရှားပစ်ရမယ်။ ငါသာ ကျောက်ဖျာအဆင့် ဒီလောက်မြန်မြန် တိုးမြှင့်နိုင်တဲ့နည်းကို မရခဲ့ရင် တခြားတစ်ယောက်ယောက်မှာ အဲ့နည်းရှိနေတာကို ခွင့်မပြုနိုင်ဘူး…” စဉ်းစားနေရင်း သူမ၏မျက်နှာထက်တွင် သတ်ဖြတ်လိုစိတ် တဖျပ်ဖျပ် ပေါ်သည်။ သူမသည် ထာဆန်ကို လစ်လျူရှုကာ သူမ၏ကျောက်ဖျာနှင့်အတူ နောက်ဘက်သို့ ပြန်ဦးတည်တော့သည်။

လှံအားလုံးက ဝမ်လင်းထံသို့သာ ညွှန်နေတော့၏။

ဝမ်လင်းသည် ပေရှစ်သောင်းကျောက်ဖျာပေါ်တွင် ထိုင်နေ၏။ သူ၏ကျောက်ဖျာက ပြင်းထန်သောရွှေရောင်အလင်းကို ပေးစွမ်းနေသည်။ ပတ်ဝန်းကျင်ရှိ မြူများသည် ရွှေ့လျားနေကာ သူ့နောက် နောက်သို့ ဆုတ်ရသည်။

ဝမ်လင်း၏ခေါင်းထဲ၌ ရှစ်ခုမြောက်မြေပုံ ပေါ်လာသည်။ ရှေးအမိန့်သင်္ချိုင်း၏ နေရာများစွာသည် သူ့အတွက် လှစ်ဟပေါ်လာသည်။

ထိုအခိုက်တွင် ရှေးဟောင်းသံသည် လေးကြိမ်မြောက် ပဲ့တင်ထပ်လာသည်။

“ကောင်းကင်နန်းတော်ထဲမှ ငါ့အမွေအနှစ် ပါဝင်တယ်။ ငါ့ကလန်ဝင်ဟာ အကန့်အသတ်ကို ရောက်တာနဲ့ သူတို့ဟာ ရှေးအမိန့်လမ်းကြောင်းကို ပြန်ရောက်ရှိနိုင်မယ်။ အဲ့ကျရင် ဒီလောကကနေ ထွက်ခွာပြီး ဒီအရှင်ရဲ့ မွေးရပ်မြေလောကကို ပြန်ပြီး ဒီအရှင်ရဲ့ ကလန်ကို ရှာပါ…”

ထိုအသံ ပျောက်ကွယ်သွားချိန်၌ အဆင့်ခုနစ်ကျောက်ဖျာများသည် သူ့ထံ မြန်ဆန်စွာ နီးကပ်လာသည်ကို ရှင်းလင်းစွာ ခံစားမိသည်။ သူက အဆင့်ငါးမြေပုံအတွင်း၌ အဆင့်ငါးကျောက်ဖျာတစ်ခု မွေးဖွားလာသည်ကိုလည်း ခံစားမိပေသည်။ ဝမ်လင်းသည် ချက်ခြင်းပင် ထိုကျောက်ဖျာပေါ်မှ လူသည် အဆိပ်အိုကြီး ဖြစ်မည်ဟု ခန့်မှန်းမိသည်။

သည်အခိုက်အတန့်တွင် အဆိပ်အိုကြီးမှာလည်း သူ့ထံ တရကြမ်း လာနေ၏။

“ငါ့ကျောက်ဖျာဟာ တစ်ရက်တောင် မပြည့်တဲ့အချိန်အတွင်းမှာ အဆင့်သုံးခု မြှင့်တင်နိုင်ခဲ့တယ်။ ဒါ့ကြောင့် သူတို့ဟာ လန့်ကုန်ကြတာပဲ။ အခု သူတို့က အဖြေကို လာရှာပြီး ငါ့ကို သတ်ဖို့ လာနေပြီ…” ဝမ်လင်း၏အမူအရာသည် ပုံမှန်အတိုင်းပင်။ သူက နှာခေါင်းရှုံ့လိုက်၏။

သူသည် အဆင့်ရှစ်ကျောက်ဖျာကို ပိုင်ဆိုင်လာသည့်အခါ တဖက်လူများ၏ တည်နေရာများကို ရှင်းလင်းစွာ သိနိုင်စွမ်း ရှိလာသည်။ သို့ရာတွင် တဖက်လူများကမူ သူ၏တည်နေရာကို အကြမ်းဖျဉ်းသာ သိနိုင်ပေလိမ့်မည်။

“ကံမကောင်းစွာနဲ့ ငါ့မှာ ရှေးဟောင်းနတ်ဆိုးရတနာတွေ မရှိတော့ဘူး။ တစ်ခုပဲ ကျန်တော့တယ်။ ဒါဟာ အဆင့်ကိုးကို အဆင့်မြှင့်ဖို့ မလုံလောက်ဘူး…” ကျောက်ဖျာက အဆင့်ရှစ်သို့ ရောက်လာပြီးနောက် ၎င်းသည် အဆုံးမဲ့တွင်းနက်တစ်ခုလို ဖြစ်လာခဲ့သည်။ ဝမ်လင်းက အဆင့်ကိုး ရောက်နိုင်မည့် လိုအပ်ချက်သည် အလွန်တရားကြီးမားမည်မှန်း ခပ်ရေးရေး ခန့်မှန်းမိပေသည်။

ရှေးအမိန့်သင်္ချိုင်း၏ ဥပဒေသများအရ ဝမ်လင်းသည် သူ့နောက်လိုက်လာသော လူတိုင်းကို သတ်ပြီး သူတို့၏စာလုံးများကို လုယူဖို့ပင်။ ထိုမှသာ သူသည် သူ၏ကျောက်ဖျာကို အဆင့်ကိုးသို့ အဆင့်မြှင့်တင်နိုင်ပေမည်။

သို့ရာတွင် ဝမ်လင်းက ထိုကဲ့သို့ လုပ်မည် မဟုတ်ပေ။ သူက နှာခေါင်းရှုံ့လျက် သူ့အောက်ရှိ ကျောက်ဖျာကို ထိန်းချုပ်ထားသည်။

အဆင့်ရှစ်ကျောက်ဖျာ၏ အမြန်နှုန်းသည် တတိယအဆင့်ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်၍ ရသည်။ ၎င်းသည် အဆင့်ခုနစ်ကျောက်ဖျာ ယှဉ်နိုင်သော တစ်စုံတစ်ရာ မဟုတ်နေပေ။ ဝမ်လင်းက ထိုသူတို့၏ တည်နေရာကို တိကျစွာပါ သိနေသည့်အချက်ကို ထည့်ပေါင်းလိုက်ပါက သူသည် အချိန်တိုအတွင်း ထိုလူများ သူ့နောက်သို့ လိုက်မမှီဟု ယုံကြည်မှု ရှိသည်။

“ခုချိန်မှာ ငါဟာ ရှေးဟောင်းနတ်ဆိုးနဲ့ ပတ်သတ်တဲ့အရာအားလုံးကို ရှာရမယ်။ ငါ့ကိုယ်ပိုင်နည်းလမ်းကို အသုံးပြုပြီး အဆင့်ကိုးကို မြှင့်တင်ဖို့ အသုံးပြုရမယ်။ ငါပဲ ပိုမြန်မလား၊ သူတို့ပဲ ပိုမြန်မလား ငါ မြင်ချင်မိတယ်..."

ဝမ်လင်းအောက်ရှိ ကျောက်ဖျာသည် မြန်ဆန်စွာ ရွှေ့လျားနေ၏။ တုန်ဟည်းသံများ ပဲ့တင်ထပ်နေသည်။ ရွှေရောင်အလင်းသည် မြူအတွင်းမှ ထိုးထွက်လာ၏။ မြူများ ကင်းစင်သည့်အခါ ဝမ်လင်းသည် ပိုမြန်လာသည်။

သူက သူသည် ရှေ့ကနေဦးနေသည်ကို သိထားသည်။ သူသည် အဆင့်ရှစ်ကျောက်ဖျာကို ပထမဆုံး ပိုင်ဆိုင်သူ ဖြစ်ပြီး ရှစ်ခုမြောက်မြေပုံကို ပထမဆုံးရရှိသူလည်း ဟုတ်သည်။

တခြားသူများသည် အဆင့်ရှစ်မြေပုံဧရိယာသို့ ရောက်ဖို့ လမ်းကြောင်းရှာရန် အချိန်ကုန်ဆုံးရပေမည်။ သို့ပေမည့် ဝမ်လင်းအတွက်မူ ထိုသို့ လုပ်ရန် မလိုပေ။ အဆင့်ရှစ်မြေပုံအတွင်းရှိ ချိပ်ပိတ်မြေများ၊လမ်းကြောင်းအားလုံးသည် သူ၏စိတ်ထဲတွင် ရှိနေပေပြီ။

“အခု ငါ မြန်မြန် လုပ်ရမယ်…” ဝမ်လင်းသည် နှေးဖင့်မနေ၊ အချိန်ဖြုန်းမနေပေ။ သူက ကျောက်ဖျာပေါ်တွင် ထိုင်ချကာ တခြားသူများ၏ တည်နေရာကို အာရုံစိုက်လိုက်သည်။

သူ ရှေသို့ ဆက်သွားနေရင်း တုန်ဟည်းသံ မြည်ဟိန်း၏။ သူသည် မြန်ဆန်စွာပင် သူ့ထံ လာနေသော လေးယောက်ကို ဖြတ်သန်း၍ ခုနစ်ခုမြောက်မြေပုံဧရိယာအတွင်း ဝင်ရောက်လာသည်။

မိစ္ဆာသခင်ကောင်းကင်ကိုးခုသည်လည်း ခုနစ်ခုမြောက်မြေပုံတွင်း၌ ရှိနေ၏။ သူ၏မျက်နှာမှာ သုန်မှုန်နေသည်။ တဖက်လူက သူ့လိုက်လံမှုကို ကြိုသိနေပုံ ရကာ သူ့အား ရှောင်ဖယ်နိုင်နေသည် မဟုတ်လား။

“အဆင့်ရှစ်ကျောက်ဖျာက တခြားကျောက်ဖျာတွေကို ပိုရှင်းရှင်းလင်းလင်း အာရုံခံနိုင်တာပဲ ဖြစ်ရမယ်…” မိစ္ဆာသခင်ကောင်းကင်ကိုးခု၏ မျက်လုံးသည် တလက်လက် ဖြစ်လာ၏။ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ ထို့နောက် သူ့လက်ဖြင့် သူ၏ကျောက်ဖျာပေါ်သို့ ရိုက်ချလိုက်ရာ ၎င်းကို ပိုမြန်ဆန်စေသည်။

ဝတ်စုံဖြူအမျိုးသမီးနှင့် လှပညှို့ငင်နိုင်သော အမျိုးသမီးတို့ကလည်း ရှေးအမိန့်သင်္ချိုင်းတလျှောက် မြန်မြန်ဆန်ဆန် ရွှေ့လျားနေ၏။ သူတို့သည်လည်း ဝမ်လင်းနောက်သို့ ဆက်တိုက် လိုက်လံနေသည်။

အဆိပ်အိုကြီးလည်း ရှိသေး၏။ သူသည် အဆင့်ငါးကျောက်ဖျာပေါ်တွင်သာ ရှိနေသော်လည်း တတိယအဆင့်ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူ၏ ကျောက်ဖျာကို အရှိန်မြှင့်ဖို့ နည်းလမ်းများ ရှိနေသည်သာ။ သူလည်း ဝမ်လင်းနောက်သို့ လိုက်လံနေသည်။

ခုနစ်ခုမြောက်မြေပုံဧရိယာအတွင်း၌ ဝမ်လင်းသည် ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူက သူ့ထံ အော်ရာနှစ်ခု နီးကပ်လာသည်ကို ရှင်းလင်းစွာ ခံစားမိသည်။ တစ်ခုသည် သူ၏ညာဘက်၊ တစ်ခုက သူ့ဘယ်ဘက်ခြမ်းကနေ သူ့ထံ တန်းတန်းမတ်မတ် တိုးဝင်လာ၏။

သူ့မျက်လုံးသည် လင်းလက်နေ၏။ သူ့အောက်ရှိ ကျောက်ဖျာက ရုတ်တရက် ရပ်တန့်သွားသည်။ သူက ရှေ့ဆက်မသွား၊ ထိုအစား သူက ပေရာချီထောင်ချီအထက်သို့ မြန်ဆန်စွာ ဆန်တက်သည်။ အော်ရာနှစ်ခုကလည်း ဦးတည်ရာပြောင်း၍ သူ့ထံသို့ ဆန်တက်လာသည်။

သူတို့ နီးကပ်မလာခင် ဝမ်လင်းက သူ့ပတ်လည်ရှိ မြူ အက်ကွဲမှုကို ခံစားမိပြီး ကျယ်လောင်သောမြည်ဟိန်းသံကို ကြားရသည်။

ဝမ်လင်းသည် နှာခေါင်းရှုံ့ကာ သူ့ကျောက်ဖျာကို ရုတ်တရက် ရပ်ကာ အထက်သို့ ဆက်မတက်တော့ပေ။ ထိုအစား သူက ထောင့်ချိုင်းတစ်ခုအတိုင်း အောက်သို့ ပြန်စုန်ဆင်းသည်။ ဝမ်လင်းသည် မတ်တပ်ရပ်ကာ သူ့နောက်သို့ ကြည့်သည်။ သူ့လက်ကို ဝေ့ယမ်းလိုက်ရာ အမှတ်အသားများစွာ ပေါ်လာတော့၏။ သူ့မျက်လုံးမှာ အေးစက်မှု ဖြတ်ပြေးသွားသည်။

မြူသည် တုန်ဟည်းလျက် ဝမ်လင်းနောက်တွင် မီးပင်လယ်တစ်ခု ပေါ်လာသည်။ ကြီးမားသောထီးတစ်လက်က သူ့နောက်ရှိ မီးပင်လယ်တွင် ပေါ်လာသည်။

“လောင်ကျွမ်းနယ်မြေထီး…” ဝမ်လင်းသည် မာန်သွင်းလိုက်၏။ ဧရာမထီးသည် မြူအတွင်း၌ ပေါ်လာသည်။

“ထီး…ဒီလောကကို ဖျက်စီးဖို့ ပွင့်ဟလာစေ…” ဝမ်လင်းသည် သွေးအန်လိုက်ရ၏။ သူ့သွေးသည် စတင်လောင်ကျွမ်းကာ ထိုထီးထံသို့ ပျံသန်းသွားသည်။ ထီးသည် ပွင့်ဟလာမည့် အရိပ်အယောင် ပြကာ နှစ်ဆယ်ရာခိုင်နှုန်း ပွင့်ဟလာသည်။

ထိုထီး ပွင့်ဟလာသည့်အခါ လောကဖျက်စီးမည့် မီးသည် ထိုးထွက်လာကာ အောက်သို့ စုန်ဆင်းတိုးဝင်သည်။

ထိုအခိုက်တွင် ကျောက်ဖျာတစ်ခုသည် ဘယ်ဘက်ကနေ ပေါ်လာ၏။ မိစ္ဆာသခင်ကောင်းကင်ကိုးခု၏ ပုံရိပ်ကို ၎င်းကျောက်ဖျာပေါ်တွင် မြင်ရနိုင်၏။ ညာဘက်တွင်လည်း နောက်ထပ်ကျောက်ဖျာတစ်ခု ပေါ်လာသည်။ ထိုကျောက်ဖျာပေါ်တွင်မူ ဝတ်စုံဖြူအမျိုးသမီး ရှိနေ၏။ သို့သော် သူမက ဝမ်လင်းကို တွေ့မြင်သည့်အခါ မင်သက်သွားမိလေသည်။

***

All Chapters