← Chapters

အိမ်အပြန်

Vol. 111 Ch. 1530

အိမ်အပြန်

Vol. 111 Ch. 1530

ထူစီ၏မှတ်ဉာဏ်အမွေအနှစ်များသည် သူနှင့်အတူ နှစ်ပေါင်းတစ်ထောင်ကျော် အတူတကွ ရှိခဲ့ပြီး ဖြစ်၏။ သို့သော် ခုချိန်တွင်မူ ၎င်းမှာ အသုံးမဝင်တော့ပေ။ ထူစီသည် ကြယ်ရှစ်လုံးအထွတ်အထိပ်အဆင့် ရှေးဟောင်းနတ်ဘုရားတစ်ပါးမျှသာ ဖြစ်သည် မဟုတ်လော။

မှတ်ဉာဏ်များမှ ဖြစ်ပေါ်လာသော အလင်းက ဝမ်လင်း၏လက်ထဲတွင် ပေါ်လာ၏။ သူက ၎င်းကို ခဏ ကြည့်လိုက်ပြီးနောက် ထာဆန်ထံသို့ ပစ်ပေးလိုက်တော့သည်။

“ငါ သင့်ကို ပေးလိုက်မယ်…”

ထာဆန်က မြေပြင်ထက်တွင် ဒူးထောက်လျက် ရှိနေ၏။ သူ့ရင်ဘက်တွင်လည်း သွေးအလိမ်းလိမ်း ဖြစ်နေသည်။ သူက မြန်ဆန်စွာ ကုစားနေသည်။ သူက ပြင်ပနယ်မြေထိ သူ့ကို လာစေခဲ့သော ထိုမှတ်ဉာဏ်အလင်းကို ဖမ်းယူလိုက်လေ၏။ ထိုမှတ်ဉာဏ်အမွေအနှစ်က သူ့ကို ရူးသွပ်စေသည့်အထိ ဖြစ်အောင် လုပ်နိုင်ခဲ့သည် မဟုတ်လား။

သူ့ခန္ဓာကိုယ်က သိသိသာသာ တုန်ယင်နေ၏။

သူက သည်နေ့အတွက် အချိန်ကြာမြင့်လွန်းစွာ စောင့်ဆိုင်းနေခဲ့ရချေ၏။ နှစ်ပေါင်းများစွာ ချိပ်ပိတ်ခံထားရသော ထူစီ၏အတွင်းနတ်ဆိုး အမျှင်တန်းအဖြစ် သူသည် ဝမ်လင်း ထိုမှတ်ဉာဏ်များ ယူဆောင်သွားသည်ကို သည်အတိုင်း ကြည့်နေခဲ့ရဖူးသည်။ သူ၏ဒေါသနှင့်အမုန်းတရားမှာ ကြောက်မက်ဖွယ်ထိ ဖြစ်ခဲ့၏။

ထိုမှတ်ဉာဏ်အမွေအနှစ်ကို ရဖို့အတွက် သူသည် ဘာမဆို လုပ်ဖို့ ဆန္ဒရှိခဲ့သည်။ ချိပ်ပိတ်မှုကို ချိုးဖျက်ပြီးနောက် သူသည် ထူစီ၏ခန္ဓာကိုယ်ကို သိမ်းပိုက်ကာ သည်ခရီးရှည်ကြီးကို စတင်ခဲ့၏။ ထိုကာလတွင် သူ့စိတ်ထဲ၌ ခါးသီးမှုတို့သာ ပြည့်နေခဲ့သည်။

သူက ဝမ်လင်းထံမှ ထူစီ၏မှတ်ဉာဏ်အမွေအနှစ်ကို ထုတ်ယူမည့် နေ့ကို အကြိမ်များစွာ စိတ်ကူးယဉ်ခဲ့ဖူးသည်။ သို့ပေမည့် သူ အမြဲအိပ်မက်ခဲ့ရသော ထိုမှတ်ဉာဏ်အမွေအနှစ်ကို ဝမ်လင်းကိုယ်တိုင်က သူ့အား ပြန်ပေးလိမ့်မည်ဟု လုံးဝ မထင်ထားမိခဲ့ပေ။

မှတ်ဉာဏ်အမွေအနှစ်ကို ကိုင်ထားရင်း ထာဆန်က ငြိမ်သက်နေ၏။ အချိန်အတန်ကြာပြီးမှ သူက ခေါင်းမော့လာကာ ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်သည်။ “ကျေးဇူးတင်တယ်…”

ထာဆန်က ဘယ်သောအခါမှ ကျေးဇူးတင်သည် ဟူသော စကားကို သူ့ဘဝတွင် မဆိုခဲ့ဖူးပေ။ ထိုစကားလုံးများက သူ၏စိတ်၌ လုံးဝ မတည်ရှိနေသည့်အလား။ မည်သူကမျှ သူ ကျေးဇူးတင်သည်ဟု ပြောဖို့ မထိုက်တန်ပေ။ သူ့စိတ်ထဲ၌ သူက မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကျေးဇူးတင်ဖို့ မလိုဟု တွေးထင်ထားခဲ့သည်။

သူ၏မာနနှင့်မောက်မာမှုက သူ့အရိုးထဲမှ လာ၏။

“ထူစီရဲ့ မှတ်ဉာဏ်အမွေအနှစ်၊ သင် ဒါကို ပြီးပြည့်စုံစေတာနဲ့ ထူစီနိုးထလာမလား၊ သင် ပျောက်ကွယ်သွားမလားတော့ ငါလည်း မသိဘူး…” ဝမ်လင်းသည် ရှေးအမိန့်အမွေအနှစ်ကို၏ တစိတ်တပိုင်းကို ယူဆောင်ခဲ့ပြီး ဖြစ်၏။ သို့သော် ထိုသို့လုပ်နိုင်သည်မှာ သူ တစ်ယောက်သာ ရှိသည်။ သူ့အပြင် မည်သူကမျှ ၎င်းအမွေအနှစ်ကို ရနိုင်တော့မည် မဟုတ်ပေ။

တစ်နေ့ ဝမ်လင်း၏ကျင့်ကြံမှုက အဆင့်တစ်ခုသို့ ရောက်လာခဲ့ကာ သည်ပယ်ဖျက်အားကို ပိုမို တောင့်ခံနိုင်ခဲ့လျှင် သူသည် သည်နေရာသို့ ပြန်လာပြီး ဆက်၍ အမွေအနှစ် ရရန် လုပ်ဆောင်မည်လော။

နှုတ်ဆက်စကားဆိုပြီးနောက် ဝမ်လင်းက လက်ဝေ့ယမ်းလိုက်၏။ သူတို့ မျက်မြင်တွေ့ခဲ့ရသည်ကို တုန်လှုပ်နေသော လင်းတန်နှင့်ကျိုးကျင်တို့ကို ဝမ်လင်းက အင်ပါယာမီးပြင်းဖိုအတွင်းသို့ ထည့်သိမ်းလိုက်လေ၏။ သူက ရှေးဟောင်းမိစ္ဆာခန္ဓာကိုယ်ကိုလည်း သူ့သိုလှောင်နေရာလွတ်အတွင်းသို့ ထည့်သိမ်းလိုက်သည်။

သူက ရှေးသစ်ရွက်များ၊ သွေးဓားနှင့် တခြားအရာများကိုလည်း သိမ်းဆည်းလိုက်သည်။ ဝမ်လင်းသည် အမွေအနှစ်၏တစိတ်တပိုင်းကို ရခဲ့ပြီး ဖြစ်သည်။ ခုချိန်၌ သူက သည်သင်္ချိုင်း၏ ပထမအလွှာကို လူတိုင်းထက် ပိုနားလည်နေပေပြီ။ သူ့ခြေထောက်အောက်၌ လှိုင်းဂယက်များ ပေါ်လာပြီးနောက် ဝမ်လင်းသည် သည်နန်းတော်အတွင်းမှ ပျောက်ကွယ်သွားရန် ဟန်ပြင်၏။

သို့ပေမည့် ထိုအခိုက်အတန့်တွင် ဝမ်လင်း၏ခန္ဓာကိုယ်က တုန်ယင်သွားကာ သူ ရပ်လိုက်သည်။ သူက အကွာအဝေးတစ်ခုရှိ လေဟာနယ်ထံသို့ ကြည့်လိုက်သည်။

နန်းတော်၏ မြောက်ဘက်ပိုင်းတွင် သူက လေဟာနယ်တစ်ခုအတွင်း၌ လှိုင်းဂယက်တစ်ခုကို မြင်သည်။ ထိုလှိုင်းဂယက်မှာ ပိုပိုကြီးမားလာကာ ဆက်လက် ပျံ့နှံ့သည်။ ပုံရိပ်ယောင်ပိုက်ကွန်ထံမှ ဖိအားတစ်ခု ထွက်ပေါ်လာကာ ကြီးမားသောအရိပ်ကြီးတစ်ခု ပေါ်လာလေတော့သည်။

ပုံရိပ်ယောင်ပိုက်ကွန်အပြင်ဘက်မှ အရာသည် နန်းတော်အတွင်းသို့ မမြင်နိုင်ပေ။ သို့သော် ဝမ်လင်းကမူ ပုံရိပ်ယောင်ပိုက်ကွန်နောက်မှ ဧရာမအရိပ်ကြီးတစ်ခုကို ရှင်းလင်းစွာ မြင်နေရ၏။

ထိုအရိပ်သည် ဘဲဥပုံရှိကာ အလွန်ကြီးမားသည်။ မရေမတွက်နိုင်သော လက်တံများက ဝေ့ယမ်းလျက် ၎င်းထံမှ ရှေးဟောင်းနတ်ဘုရားအော်ရာများစွာ ထွက်ပေါ်နေသည်။ ၎င်းက သည်ပုံရိပ်ယောင်ပိုက်ကွန်ကို တိုက်ခိုက်လေသည်။

၎င်းပုံရိပ်မှာ လမြွေနဂါးပင်။

ထိုလမြွေနဂါး၏ ဦးခေါင်းထက်တွင် ကျင့်ကြံသူနှစ်ယောက် ထိုင်နေသည်။ သူတို့မှ ဂျီရှင်းထျန်နှင့် ဝူဒိုချန်တို့ပင်။ သူတို့က အတော်လေး သတိထားနေ၏။

သူတို့နှစ်ယောက်သည် လမြွေနဂါးက သူတို့အား သည်သင်္ချိုင်းသို့ ခေါ်ဆောင်လာသည့်အတွက် ကျောက်ဖျာများ မလိုအပ်ပေ။ သူတို့တက လမြွေနဂါး၏ခွန်အားကို အသုံးချကာ သည်နန်းတော်နေရာထိ ရောက်လာခဲ့သည်။

သို့ပေမည့် နန်းတော်ပတ်လည်ရှိ အတားအဆီးမှာ အလွန်အားကောင်း၏။ လမြွေနဂါးသည်ပင် ၎င်းအတားအဆီးကို ချိုးဖျက်နိုင်ဖို့ အချိန်အတော်ယူရမည်။

သူတို့နှစ်ယောက်သည် စိတ်ပူပန်နေသော်လည်း စောင့်နေရုံသာ တတ်နိုင်သည်။

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။ သူက နှာခေါင်းရှုံ့လိုက်သည်။ ရှေ့သို့ ခြေလှမ်းလိုက်ရာ သူသည် ပုံရိပ်ယောင်ပိုက်ကွန်နားသို့ ရောက်သွားပြီး နန်းတော်၏မြောက်ဘက်ပိုင်းတွင် ပေါ်လာသည်။ ထို့နောက် သူ့ညာလက်ကို ဆန့်ထုတ်၍ ပိုက်ကွန်ကို ဆုတ်ဖြဲလိုက်သည်။

ကျယ်လောင်စွာ မြည်ဟည်း၍ ပိုက်ကွန်ပေါ်တွင် အက်ကြောင်းကြီးတစ်ခု ပေါ်လာသည်။ ဂျီရှင်းတန်နှင့် ဝူဒိုချန်တို့သည် မင်သက်သွားကြသည်။ သူတို့သည် သေချာ မမြင်ရနိုင်ခင်မှာပင် လေပြင်းတစ်ခုက ထိုအက်ကြောင်းအတွင်းမှ ထွက်ပေါ်လာသည်။

ထိုလေပြင်းအတွင်းရှိ စွမ်းအားသည် သူတို့ ခုခံနိုင်သော အရာ မဟုတ်ပေ။ သူတို့က နာကျင်စွာ အော်ဟစ်လိုက်ရပြီး သွေးအန်သည်။ သူတို့သည် ဝမ်လင်းကိုပင် မမြင်လိုက်ရပေ။ သူတို့သည် သွေးအန်နေရင်း ဝမ်လင်း၏သိုလှောင်နေရာလွတ်အတွင်းသို့ သိမ်းဆည်းခြင်း ခံလိုက်ရသည်။

လမြွေနဂါး၏ကြီးမားသော ခန္ဓာကိုယ်ကြီးသည်ပင် ထိုလေပြင်း၏ ဆွဲငင်ခြင်း ခံရ၏။ ၎င်း၏ မှိန်ဖျော့နေသော မျက်လုံးသည် ပြန်ကြည်လင်လာခဲ့သည်။ လမြွေနဂါးပေါ်ရှိ သိသာသော ချိပ်ပိတ်မှုမှာ တဖျပ်ဖျပ် လင်းလက်လာ၏။

ဝမ်လင်းသည် အက်ကြောင်းအတွင်းမှ လှမ်းထွက်လာပြီးနောက် ချက်ခြင်း သူ့လက်နှစ်ဖက်ကို ဝေ့ယမ်းလိုက်သည်။ လမြွေနဂါးသည် တုန်ယင်သွား၏။ ဧရာမဟင်းလင်းပြင်အက်ကြောင်းတစ်ခုသည် ၎င်းနောက်တွင် ပေါ်လာကာ ၎င်းသည်လည်း ဝမ်လင်း၏သိုလှောင်နေရာလွတ်အတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရသည်။

“လောချန်…သင်ရော ဒီလမြွေနဂါးထဲမှာ ရှိနေသေးလား…” လောချန်သည် အရင်တုန်းက ဝမ်လင်းကို ကူညီပေးခဲ့ဖူး၏။ ဝမ်လင်းက လမြွေနဂါးကို သိမ်းဆည်းပြီးနောက် ထိုအတိတ်က အကြောင်းကို ပြန်တွေးမိသည်။ သည့်နောက်တွင် သူသည် ပျောက်ကွယ်သွားတော့သည်။

နန်းတော်တစ်ခုလုံးသည် ပျက်စီးကာ မပြည့်မစုံ ဖြစ်သွားပေပြီ။ သည်အခိုက်တွင် မင်သက်နေသော ထာဆန်တစ်ယောက်သာ နန်းတော်အတွင်း၌ ရှိနေ၏။ သူသည် အမွေအနှစ်မှတ်ဉာဏ်ကို ရလိုက်သည့်အတွက်ကြောင့်လည်း ပျော်ရွှင်မှုကို မခံစားရပေ။ ထိုအစား သူက တွေဝေမှုနှင့်စိတ်ရှုပ်ထွေးမှုတို့ကိုသာ ခံစားမိနေသည်။

သူ့တစ်ဘဝလုံး အိပ်မက်မက်ခဲ့ရသော အမွေအနှစ်သည် အခု သူ့ရှေ့တွင် ရှိနေခဲ့ပေပြီ။ သို့သော် သူသည် ၎င်းအမွေအနှစ်မှာ သူ့အတွက် မှန်လား၊မှားလားကိုမူ မသိဘဲ ဖြစ်နေ၏။ “ထူစီ…ငါ မွေးဖွားလာခဲ့တဲ့အချိန်ကစလို ငါဟာ သင့်ရဲ့ အတွင်းနတ်ဆိုးအမျှင်တန်းတစ်ခုဆိုတာ သိခဲ့တယ်။ ဒါပေမဲ့ ဒီမှတ်ဉာဏ်ဟာ အစစ်အမှန်လား၊ အတုအယောင်လား။ သင်ဟာ တကယ်ပဲ မင်စီးဆင်းခြင်းနည်းစနစ်ကို ကျရှုံးခဲ့ပြီး သေဆုံးသွားခဲ့ပြီလား…။ ဒါမှမဟုတ် ငါက ဒီနည်းစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုလား။ ငါဟာ ထာဆန်လား…ဒါမှမဟုတ် ထူစီလား…” ထာဆန်၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုတို့ ပြည့်နေ၏။ သူသည် နေရာတွင်ပင် ဒူးထောက်လျက်သားဖြင့် အချိန်ကုန်လွန်မှုကိုပါ မေ့နေသည့်ဟန် ပေါ်သည်။

သည်သင်္ချိုင်းအတွင်း၌ ရှေးဟောင်းကြယ်အဖွဲ့အစည်းသို့ ဦးတည်သော ဟင်းလင်းပြင်အက်ကြောင်းသည် ပိတ်ဆို့သွားခဲ့ကာ မြူများသည်လည်း ပို၍ပင် သိပ်သည်းလာတော့၏။ ခုချိန်၌ သည်ရှေးဟောင်းသင်္ချိုင်းထဲတွင် အသက်ရှင်ကျန်ရစ်သူ ကျင့်ကြံသူအချို့ ရှိနေသေးသည်။

အစောပိုင်း ဟိန်းသံကြောင့် ကသောင်းကနင်းဖြစ်သွားမှုတွင် ရှင်သန်နိုင်ခဲ့သူများသည် အလွန်ဉာဏ်များကာ အစွမ်းထက်ကြသူများပင်။ ထိုလူများသည် အန္တရာယ်များကို ရှောင်ရှားနိုင်သည့် နည်းလမ်းအမျိုးမျိုးကို အသုံးပြုနိုင်စွမ်း ရှိကြသည်။

သည်လူများသည် ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ ကလန်အမျိုးမျိုးမှ ပင်မထောက်တိုင်များဟု ဆိုနိုင်၏။

သည်အခိုက်အတန့်တွင် ကိုးခုမြောက်မြေပုံ၌ အဆုံးမဲ့တုန်ခါလှိုင်းများအတွင်း ဝမ်လင်းသည် လှမ်းထွက်လာသ်။ သူက စွဲညှို့နိုင်သောအမျိုးသမီးကို ရှောင်ကာ တခြားနေရာတစ်ခုတွင် ပေါ်လာ၏။

ဝမ်လင်းသည် ဒီသင်္ချိုင်းအတွင်းရှိ မည်သည့်ကျင့်ကြံသူကိုမျှ စိတ်မဝင်စားပေ။ တာအိုသခင်မြောင်ယင်၊ မိစ္ဆာသခင်ကောင်းကင်ကိုးခု၊ အဆိပ်အိုကြီးတို့အားလုံးသည် ကောင်းကင်တုန်လှုပ်ဖွယ်ရာ ကျင့်ကြံသူများ ဖြစ်ကြ၏။ သူတို့သည် ဟိန်းသံကြောင့် ဒဏ်ရာ ရခဲ့သော်လည်း နှစ်သောင်းနှင့်ချီ ရှင်သန်နေထိုင်ခဲ့သူများ ဖြစ်သည့်အတွက် သူတို့ထံ၌ ကိုယ်ပိုင်နည်းလမ်းများစွာ ရှိကြသည်။

ဝမ်လင်းက သူ အုပ်စိုးသူနှင့် တခဏ တိုက်ပွဲဖြစ်ခဲ့စဉ်က ထိုသူတို့ကို သတ်ရန် ရူးသွပ်သည့်စိတ်ကူးလည်း မရှိခဲ့ပေ။

သည်ရှေးအမိန့်သင်္ချိုင်းကို ဝမ်လင်းက ချိပ်ပိတ်ပစ်ခဲ့ပြီး ဖြစ်၏။ ထိုသူများသည် သည်နေရာတွင် ပိတ်မိကာ အချိန်အတန်ကြာသည့်အထိ ထွက်ခွာနိုင်တော့မည် မဟုတ်ပေ။ ထိုမျှဆို လုံလောက်ပေပြီ။

ထွက်ပေါ်လာပြီးနောက် ဝမ်လင်းက သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်လိုက်၏။ ကိုးခုမြောက်မြေပုံဧရိယာသည် တုန်ခါလာကာ လှိုင်းများ တစ်လွှာချင်း ပဲ့တင်ထပ်လေ၏။ သည့်နောက် ဧရာမဟင်းလင်းပြင်အက်ကြောင်းကြီးတစ်ခု ပေါ်လာသည်။

ထိုအက်ကြောင်းတွင်းမှ တုန်ဟည်းသံများ မြည်ဟိန်းနေလျက် ရွှေရောင်အဆောက်အဦကြီးတစ်ခု၏ထောင့်သည် ထွက်ပေါ်လာခဲ့သည်။

“မြေနန်းတော်…” ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်သွား၏။ သူက ယဲ့မို၏မှတ်ဉာဏ်တစိတ်တပိုင်းကို အမွေဆက်ခံခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် သူသည် ဒီမြေနန်းတော်ကို ပိုင်ဆိုင်နိုင်မည့် နည်းလမ်းကိုလည်း သိထားသည်။

ထိုရွှေရောင်အဆောက်အဦကြီးက ပြတင်းပေါက်သုံးခု၊ တံခါးချပ်တစ်ခုဖြင့် တင်းတင်းကြပ်ကြပ် ချိတ်ပိတ်ထား၏။ သို့ပေမည့် ဝမ်လင်းသည် အတွင်းရှိ အရိပ်သုံးခုကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

ထိုအဆောက်အဦမှ ပြင်းထန်သောဖိအားတစ်ခု ထွက်ပေါ်နေပြီး သည်ဧရိယာကို ခြုံလွှမ်းနေ၏။

ထိုအဆောက်အဦ ပေါ်လာသည်နှင့် သင်္ချိုင်းအတွင်းရှိ ကျင့်ကြံသူအားလုံးက သတိပြုမိသွား၏။ အထူးသဖြင့် မြောင်ယင်၊ ကောင်းကင်ကိုးခုနှင့် အဆိပ်အိုကြီးတို့ ဖြစ်ကြသည်။

ဝမ်လင်းသည် တုံ့နှေးမနေပေ။ မြေနန်းတော်ကို ဆင့်ခေါ်ပြီးသည်နှင့် သူက ၎င်းကို သူ၏သိုလှောင်နေရာလွတ်အတွင်းသို့ ရွှေ့လိုက်၏။ ထို့နောက် သူက လှည့်၍ ခြေတစ်လှမ်းလှမ်းကာ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။

သူ ပြန်ပေါ်လာချိန်၌ သူသည် ရှေးဟောင်းသစ်ရွက်များ ရခဲ့သော ငါးခုမြောက်မြေပုံဧရိယာတွင် ရောက်နေပေပြီ။ ထိုနေရာသည် ဝမ်လင်း ချန်ထားခဲ့သည့် ပုံစံအတိုင်း မူမပျက်ရှိနေ၏။ ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ ရှေးဟောင်းသစ်ရွက်တစ်ရွက် ပေါ်လာသည်။ သူက သည်ချိပ်ပိတ်မြေကို ၎င်းသစ်ရွက်အား အသုံးပြု၍ ဖွင့်လှစ်ပြီးနောက် ထိုသစ်ရွက်ကို ပြန်သိမ်းဆည်းလိုက်သည်။

အရာအားလုံးသည် အရင်အတိုင်းပဲ ရှိနေ၏။ သည်နေရာရှိ ‌မြေပြင်ထက်တွင် ဝဲကတော့တစ်ခု လွင့်မြောကာ ဖြည်းဖြည်းချင်း လှည့်ပတ်နေဆဲပင်။

ဝမ်လင်းက ထိုဝဲကတော့ဘေးနားသို့ ရောက်လာ၏။ သူက ငြိမ်သက်စွာ စဉ်းစားနေသည်။ သည်သင်္ချိုင်းနှင့်သူ၏ ချိတ်ဆက်မှုကြောင့် သူက အသက်ရှင်သန်ခဲ့သော ကျင့်ကြံသူအားလုံးက သူ မြေနန်းတော်ကို ယူဆောင်လိုက်ချိန်က သူ့ထံ တရကြမ်း ဦးတည်လာနေပြီကို သိသည်။

ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေ၏။ သူက သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူက ၎င်းကို ကောင်းကင်ထက်သို့ ဝေ့ယမ်းလိုက်ရာ ချိပ်တံဆိပ်သည် သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။ ထိုချိပ်တံဆိပ် ပျောက်ကွယ်သွားသည်နှင့် သည်သင်္ချိုင်း၏ပထမအလွှာရှိ မြေပုံကိုးခုအောက်မှ မြူများသည် ဟိန်းမြည်ကာ စူးရှရှအသံများ ပဲ့တင်ထပ်၏။ ၎င်းမြူအောက်တွင် မရေမတွက်နိုင်သော စိတ်ဝိညာဉ်များ ပုန်းကွယ်နေသည့်နှယ်။

“ငါ မထွက်သွားခင် သင်တို့ကို လက်ဆောင်တစ်ခု ပေးခဲ့မယ်…” ဝမ်လင်းက ချိပ်ဟန်ကို သုံးကာ ဒုတိယအလွှာကိုလည်း ဖွင့်လှစ်၏။

ဝမ်လင်းက ဝဲကတော့အတွင်းသို့ ခြေချလိုက်ရင်း နှာခေါင်းရှုံ့လိုက်သည်။သူ ပျောက်ကွယ်ခါနီး၌ သူ့ညာလက်ကို ဆန့်ထုတ်လိုက်ရာ ချိပ်ပိတ်မြေတစ်ခုလုံးသည် သည်ဝဲကတော့နှင့်အတူ ပျောက်ကွယ်သွားတော့သည်။

ထိုချိပ်ပိတ်မြေ ပျောက်ကွယ်သွားသည့်အခါတွင် မြောင်ယင်နှင့် တခြားသူများ ရောက်လာကြသည်။ သို့ရာတွင် သူတို့သည် နောက်ကျသွားခဲ့ပေပြီ။ သူတို့ရှေ့၌ ဘာတစ်ခုမှ ရှိမနေတော့ပေ။

ဝမ်လင်း ထွက်ခွာသွားသည့် တစ်ချိန်တည်းမှာပင် ထာဆန်က သူ့စိတ်ကိုယ်သူ ပြင်ဆင်လိုက်၏။ သူက မှတ်ဉာဏ်အမွေအနှစ်ကို ကိုင်ထားကာ ၎င်းကို သူ၏မျက်ခုံးနှစ်ခုကြားသို့ ဖိချလိုက်တော့သည်။

အတွင်းနယ်မြေ၊ မိုးကြိုးကောင်းကင်ဘုံနယ်မြေ၊ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း။

သည်အခိုက်တွင် လောဘကြီး အရင်က ပျောက်ကွယ်သွားခဲ့သော နေရာတွင် ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ငြိမ်သက်စွာ ပေါ်လာ၏။ သည့်နောက် အဖြူရောင်ပုံရိပ်တစ်ခုသည် လှမ်းထွက်လာသည်။

ထိုပုံရိပ်ထွက်ပေါ်လာသည်နှင့် တုန်လှုပ်ဖွယ်အော်ရာတစ်ခုက သူ့ထံမှ ထိုးထွက်ကာ ဖိအားတစ်ခုအဖြစ်ပြောင်း၍ သည်အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း တခွင်သို့ ပျံ့နှံ့သည်။ ထိုဖိအားသည် သက်ရှိအားလုံးကို တုန်ယင်သွားစေဖို့ လုံလောက်ပေ၏။

ထိုဖိအားကို ဦးဆုံးခံစားမိသည်မှာ အရှင်လုဖူပင်။ သူက ကျင့်ကြံနေရာကနေ နိုးထလာ၏။

“ဒါဟာ တကယ့်ကိုပဲ ပြင်ပနယ်မြေ မဟုတ်ဘဲ အတွင်းနယ်မြေရဲ့ အလုံးစုံကောင်းကင် ကြယ်အဖွဲ့အစည်း ဖြစ်နေတာပဲ။ အိပ်ပြန်ဖို့ အချိန်ကျပြီ…” ထိုအဖြူရောင်ပုံရိပ်က ခဏတာ စဉ်းစားနေပြီးနောက် သူက အပြုံးတစ်ခုကို ထုတ်ဖော်လိုက်လေ၏။

***

All Chapters