← Chapters

မထူးခြားနားသောရှီဇီ

Vol. 112 Ch. 1541

မထူးခြားနားသောရှီဇီ

Vol. 112 Ch. 1541

အမျိုးအမည်မသိ စိတ်ခံစားမှုတစ်ခု ပေါ်လာ၏။ ရှီဇီဖန်နှင့် ပတ်သတ်၍ ဝမ်လင်း၏ မှတ်ဉာဏ်မှာ ထင်ထင်ရှားရှား ရှိမနေပေ။ သို့သော် သူသည် သူမကို မေ့သွားသည်တော့ မဟုတ်ပေ။

ဝမ်လင်းသည် ရှီဇီဖန်၏ဒဏ်ရာများကို ရှင်းလင်းစွာ မြင်နိုင်၏။ သူမ၏မူလစိတ်ဝိညာဉ်သည် အကြိမ်များစွာ ဒဏ်ရာ ရထားပြီး ကုသနိုင်ဖို့ အတော်လေး ခက်ခဲမည်။

“သူမ ဒဏ်ရာ ဘယ်လိုကြောင့် ရထားတာလဲ...” ဝမ်လင်း၏အကြည့်က ကျင့်ကြံသူအုပ်စုပေါ်သို့ ဝေ့ခတ်သွားပြီး တဖြည်းဖြည်း သူ့အကြည့်က အဘိုးအိုတစ်ယောက်ပေါ်သို့ ကျရောက်သွားသည်။ သူက ထိုအဘိုးအိုကို သိသလိုလို ခံစားမိ၏။ သူသည် ထိုအဘိုးအိုမှာ သူ မိုးကြိုးကောင်းကင်ဘုံနယ်မြေကနေ ကယ်ထုတ်ပေးခဲ့သော လူများထဲမှ တစ်ယောက်ဖြစ်သည်ကို ခပ်ရေးရေး မှတ်မိသွားသည်။

ထိုအဘိုးအိုက ဝမ်လင်း သူ့ကို ကြည့်သည့်အခါ စိတ်လှုပ်ရှားမိ၏။ ဝမ်လင်း ကယ်တင်ပေးခဲ့သော အုပ်စုက အခုချိန်ထိ သူ့ကို ကျေးဇူးတင်နေကြတုန်းပင်။ လွန်ခဲ့သောနှစ်ရာချီက ဝမ်လင်း၏ကျော်ကြားမှုက မြင့်တက်လာခဲ့ကာ ဝမ်လင်းအပေါ် သူတို့၏ လေးစားမှုမှာလည်း ပိုအားကောင်းလာခဲ့သည်။

“ကျေးဇူးရှင်...” ထိုအဘိုးအို၏အသံသည် တုန်ရီနေ၏။ သူက ဝမ်လင်းထံသို့ လက်နှစ်ဖက်ဆုပ်လိုက်သည်။

ရှေ့ဆုံးမှ သက်လတ်ပိုင်းလူသည် တုန်ယင်နေကာ သူ့မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့မှုတို့ ပြည့်နှက်နေသည်။ တစ်ချိန်တည်းမှာ သူသည် ထိုအဘိုးအိုထံသို့ တောင်းပန်ဟန်ဖြင့် ကြည့်မိသည်။ သို့ပေမည့် ထိုတောင်းပန်မှု၊အသနားခံမှုသည် အဘိုးအိုစကားပြောလိုက်သည့်ချိန်တွင် ပျက်စီးသွားတော့သည်။

“သူပဲ။ ရောင်းရင်းကျင့်ကြံသူ ရှီဇီက သူ့ကြောင့်သာ မဟုတ်ရင် သူမရဲ့ မူလစိတ်ဝိညာဉ်ဟာ အခုလောက် ဒဏ်ရာအပြင်းအထန် ရနေမှာ မဟုတ်ဘူး...”

အဘိုးအိုက ရှေ့ဆုံးတွင် ဒူးထောက်နေသော သက်လတ်ပိုင်းလူထံသို့ လက်ညှိုးထိုးပြလိုက်သည်။

ထိုသက်လတ်ပိုင်းလူသည် သတ္တိမွေးကာ ကြောက်လန့်မှုကို အတင်းတွန်းလှန်ပြီး ခပ်မြန်မြန် ထလာ၏။ သူက နောက်သို့ စိတ်ပူတကြီး ဆုတ်လိုက်ပြီး လှမ်းအော်သည်။ “ကျိုးကုန်းယွမ်၊ မင်း ငါ့ကို ချောက်ချတာလား။ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ တမန်တော်တစ်ယောက်အနေနဲ့ ငါဟာ မင်းတို့တစ်ယောက်ချင်းစီ ဂြိုဟ်ကို ရွှေ့ခိုင်းဖို့ အခွင့်အာဏာ ရှိတယ်။ လူတိုင်းပဲ ငါ့ အမိန့်ကို နာခံဖို့ လိုအပ်တယ်။ မင်းက ငါ့ကို ခုလိုမျိုး သွေးထိုးတာလား။ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ...”

“စီနီယာ ဒီလူ ချောက်ချတာကို နားမထောင်ပါနဲ့။ ဂျူနီယာဟာ တိုက်ပွဲအတွက် ပြင်ဆင်ဖို့ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကို အစွမ်းကုန် ကူညီပေးနေတာပါ။ ရောင်းရင်းကျင့်ကြံသူ ရှီဇီကိုလည်း ငါ အတင်းအကြပ် မလုပ်ခဲ့ပါဘူး။ ဂျူနီယာက ရောင်းရင်းကျင့်ကြံသူ ရှီဇီအကြောင်း သိပါတယ်။ ဒါ့ကြောင့် ငါက ဘယ်လိုများ...”

ထိုသက်လတ်ပိုင်းလူသည် နောက်သို့ အမြန်ဆုတ်နေ၏။ ဝမ်လင်းသည် ထိုသူ့ကို အေးစက်စက် ကြည့်လိုက်သည်။ ဝမ်လင်းသည် အတွေ့အကြုံ ကြွယ်ဝနေသူဖြစ်ရာ ချက်ခြင်းပင် သူသည် အကြည့်တစ်ချက်ဖြင့်ပင် အမှန်တရားကို သိလိုက်သည်။

“အားနည်းတဲ့ အမျိုးသမီးတစ်ယောက်ကို အနိုင်ကျင့်တာ...မင်း သေသင့်တယ်..”

ရှီဇီဖန်သည် ခေါင်းပိုငုံ့ကာ နောက်သို့ ဆုတ်သည်။

နှစ်ပေါင်းရှစ်ရာအတွင်း အရာများစွာ ဖြစ်ပျက်ခဲ့၏။ အတိတ်သည် အိပ်မက်တစ်ခုအလား။

ဝမ်လင်းသည် အလန့်တကြား နောက်ဆုတ်သွားသော သက်လတ်ပိုင်းလူကို စိုက်ကြည့်နေ၏။ သူ့မျက်လုံးထဲတွင် အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။ သူက ညာလက်ကို ပင့်မြှောက်လိုက်၏။

“သင် ငါ့ကို သတ်လို့ မရဘူး။ ငါဟာ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ တမန်တော်တစ်ယောက်ပဲ။ ငါဟာ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ အမိန့်အောက်မှာ စစ်ပွဲအတွက် ကြိုပြင်ဆင်ပေးနေတဲ့သူ။ သင်သာ ခုချိန်မှာ ငါ့ကို တသ်ရင် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ ရန်သူ ဖြစ်လာပြီး အလုံးစုံကောင်းကင်ရဲ့ စစ်ပွဲအတွက် ကြိုပြင်ဆင်မှုတွေကို ခလုတ်ကသင်း ဖြစ်စေလိမ့်မယ်။ ဒါဆိုရင် သင်ဟာ အလုံးစုံကောင်းကင်ရဲ့ ရန်သူသာမက ကြယ်အဖွဲ့အစည်းလေးခုလုံးရဲ့ ရန်သူ ဖြစ်လာလိမ့်မယ်...”

“ငါ့ကျင့်ကြံမှုအဆင့်က မမြင့်မားလှပါဘူး။ ဒါပေမဲ့ ငါဟာ ပြင်ပနယ်မြေကို ခုခံနိုင်တဲ့ စွမ်းအားတစ်ခုတော့ ပိုင်ဆိုင်ထားတုန်းပဲ။ ငါ ပြင်ပနယ်မြေနဲ့ တိုက်ခိုက်ချင်တယ်။ ငါ့ခွန်အားအပြည့်အဝကို အတွင်းနယ်မြေအတွက် တိုက်ခိုက်ပေးချင်တယ်။ သင် ငါ့ကို မသတ်ရဘူး....။ သင် ငါ့ကို သတ်ချင်ရင်တောင်မှ ငါ့ကို ပြင်ပနယ်မြေနဲ့ တိုက်ခိုက်ဖို့ အခွင့်အရေးတစ်ခု ပေးပါအုံး။ တိုက်ပွဲမှာပဲ သေခွင့်ပြုပါ...” ထိုသက်လတ်ပိုင်းလူက နောက်ဆုတ်နေရင်း သူ တွေးမိသမျှ ဆင်ခြင်အားလုံးကို အော်ဟစ်နေတော့သည်။

သူ၏ စကားလုံးများကမူ ထက်ရှနေပေ၏။

သာမန်ကျင့်ကြံသူတစ်ယောက်သာ ဆိုပါက သည်စကားလုံးများကြောင့် တမျိုးတမည်ဖြစ်ကာ သူ့ကို လွှတ်ပေးကောင်း လွှတ်ပေးနိုင်မည်။

အမှန်တော့ ထိုသက်လတ်ပိုင်းလူသည် သူ၏ ထက်လှသောနှုတ်စွမ်းရည်ကို အသုံးပြုကာ သူ့ဘဝတွင် အကျိုးအမြတ် များစွာ ရယူခဲ့သူပင်။ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော်ရာထူးကိုလည်း သူ့လျှာကြောင့် ရခဲ့ခြင်းပင်။

သို့ပေမည့် သူသည် ဝမ်လင်းနှင့် ရင်ဆိုင်နေရတာ ဖြစ်၏။ သူ၏အကြံအစည်များနှင့် လှည့်ဖြားမှု နှုတ်အတတ်သည် ဝမ်လင်းအတွက်မူ ဘာမှ မဟုတ်ပေ။ အကြည့်တစ်ချက်ဖြင့်ပင် သူ ပြောသမျှမှာ လိမ်ညာမှုတစ်ခုသာ ဖြစ်မှန်း ဝမ်လင်းက သိသည်။

ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းကာ ညင်သာစွာ ပြန်ချ၏။ နောက်ဆုတ်နေသော ထိုသက်လတ်ပိုင်းလူသည် ထိတ်လန့်တကြား အော်ဟစ်လျက် သူ့ခန္ဓာကိုယ်မှ တစီစီအသံများ ထွက်ပေါ်လာတော့သည်။ သွေးမြူများ သူ့ခန္ဓာကိုယ်အနှံ့ ထိုးသွင်းခြင်း ခံရကာ မကြာခင်တွင် သူသည် သွေးလွှမ်းသွားတော့သည်။

“ဒီနှစ်ရာချီမှာ ဒီကောင်မကို လူတွေအများကြီး အနိုင်ကျင့်ခဲ့ကြတယ်။ သင်က ငါ့တစ်ယောက်တည်းကိုပဲ ဘာကြောင့် သတ်တာလဲ။ သူတို့အားလုံးကို သတ်နိုင်တဲ့ အရည်အချင်း သင့်မှာ တကယ်ပဲ မရှိတာလား...” နောက်ဆုံးစကားကို ဆိုရင်း ထိုသက်လတ်ပိုင်းလူ၏ခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဉ်တို့သည် ပေါက်ကွဲထွက်သွားကာ ဤလောကကနေ ပျောက်ကွယ်သွားလေသည်။

နိဗ္ဗနာကြိုမြင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို ပုရွတ်ဆိတ်တစ်ကောင်ကဲ့သို့ သတ်ဖြတ်ပစ်ခြင်း။

ပတ်ဝန်းကျင်တစ်ခုလုံး လုံးဝ ငြိမ်သက် တိတ်ဆိတ်သွားသည်။ အစောပိုင်းက အဘိုးအိုသည်ပင် တုန်လှုပ်မိ၏။ သူတို့၏နှလုံးသည်ပင် အရူးအမူး ခုန်ပေါက်နေသည်။ သူတို့သည် ဝမ်လင်း သန်မာမည်ကို သိထားကြသော်လည်း နိဗ္ဗာနကြိုမြင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သည် သူ့လက်တစ်ဝေ့ယမ်းမှုကြောင့် သေဆုံးသွားသည်ကို တွေ့မြင်ရသည့်အခါတွင်မူ ကြီးစွာ တုန်လှုပ်မိစေသည်။

ဝမ်လင်း၏အေးစက်စက်အကြည့်က ထိုကျင့်ကြံသူများပေါ်သို့ ဝေ့ခတ်ကျရောက်သွား၏။ ထို့နောက်တွင် ခြေတစ်လှမ်းဖြင့် သူသည် ကျင့်ကြံသူအုပ်စုထံ တိုးဝင်လာသည်။ ခဏအကြာတွင် ရှီဇီဖန်နှင့်အတူ သူသည် ပျောက်ကွယ်သွားတော့၏။

အကွာအဝေးတစ်ခုကနေ နူးညံ့သောအလင်းတစ်ခု ပျံသန်းလာပြီး ဆေးလုံးတစ်လုံအဖြစ် ပြောင်းကာ အစောပိုင်းက အဘိုးအို၏ရှေ့တွင် လွင့်မြောနေ၏။

“ဒီဆေးလုံးကို သောက်လိုက်၊ ပြီးရင် တံခါးပိတ်ကျင့်ကြံဖို့ သွားပါ။ ဒီဆေးလုံးအတွင်းက သားရဲစိတ်ဝိညာဉ်ကို နားလည်အောင် လုပ်၊ မင်းရဲ့ ကျင့်ကြံမှုအဆင့် တိုးတက်လာနိုင်လိမ့်မယ်...”

ထိုဆေးလုံးထံမှ မူလစွမ်းအင်တုန်ခါလှိုင်းကို ပေးစွမ်းနေ၏။ ဆေးလုံး၏အနံ့ဖြင့်ပင် သူ့စိတ်ကို သက်သာမှု ပေးနေ၏။

အလုံးစုံကောင်းကင် ကြယ်အဖွဲ့အစည်းတွင် တဝတပျက်စွန့်ပစ်ဂြိုဟ်တစ်ခုပေါ်၌ ကောင်းကင်ထက်မှ နှင်းများ ကျဆင်းနေလျက် မြေပြင်ထက်တွင် နှင်းမြူလွှာက ဖုံးလွှမ်းထားသည်။ ထိုဂြိုဟ်၏ မြောက်ဘက်ပိုင်းတွင် နှင်းများ ဖုံးလွှမ်းနေသော တောင်တစ်လုံး ရှိသည်။

ရှီဇီဖန်က ထိုတောင်ထိပ်ပေါ်တွင် မားမားရပ်နေ၏။ သူမ၏မျက်နှာသည် ဖြူရောနေသည်။ သူမသည် ငြိမ်သက်စွာ စဉ်းစားနေရင်း မျက်ရည်မကျအောင် အားတင်းထား၏။

သူမ၏ရှေ့တွင် ဝမ်လင်းက စိတ်ရှုပ်ထွေးသောဟန်ပန်ဖြင့် ရှိနေသည်။ သူက သက်ပြင်းချကာ ညာလက်ကို ဝေ့ယမ်းလိုက်၏။ ညင်သာသောအားတစ်ခုက သူမ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး မူလစိတ်ဝိညာဉ်ထံထိ ဦးတည်သည်။ ချက်ခြင်းပင် သူမ၏ဒဏ်ရာများ ပြန်ကောင်းမွန်လာသည်။

ရှီဇီဖန်၏ခန္ဓာကိုယ်မှာ တုန်ယင်နေ၏။ သူမသည် ပို၍ပင် ခေါင်းငုံ့လိုက်မိ၏။

သူမ၏မူလစိတ်ဝိညာဉ်ကို ကုသပေးပြီးနောက် သူမ၏ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်များသည် မလွင့်ပါးသွားသေးဘဲ သူမ၏မျက်နှာထက်သို့ တိုးဝင်သည်။ အက်သံများ ထွက်ပေါ်၏။ ရှီဇီဖန်မျက်နှာပေါ်ရှိ အမာရွတ်များမှာ တစ်လက်မချင်း အက်ကွဲပြီးနောက် လေ၏ ဆောင်ယူသွားခြင်းကို ခံရသည်။

ထိုအမာရွတ်များ ကွာကျကုန်သည့်အခါ ရှီဇီဖန်၏လှပသောမျက်နှာလေး ပေါ်လာ၏။ အချိန်အမှတ်သညာကလွဲ၍ အရင်ကနှင့်အခု ရှီဇီဖန်သည် အတူတူနီးပါး ပြန်ဖြစ်သွား၏။

အတိတ်တုန်းက လှပသောအမျိုးသမီးဖြစ်သူ ရှီဇီဖန်မှာ အပျိုစင်တစ်ယောက် ဖြစ်နေတုန်းပင်။ သို့သော် အချိန်ကာလက သူမကို သက်လတ်ပိုင်းအရွယ်နှင့် ပိုတူလာစေသည်။

ရှီဇီဖန်သည် လက်မြှောက်ကာ သူမ၏ချောမွတ်သောမျက်နှာကို ထိကိုင်ကြည့်သည်။ မျက်ရည်များ ထပ်ကျလာပြန်သည်။ လွန်ခဲ့သောနှစ်ပေါင်းရှစ်ရာက သူမသည် သူမ၏မျက်နှာကို ကိုယ်တိုင် ဖျက်စီးပစ်ခဲ့၏။ သူမက လွန်ခဲ့သောနှစ်ပေါင်းရှစ်ရာကလူဟာ သူမ၏မျက်နှာကို ပြန်ကောင်းမွန်အောင် လုပ်ပေးလိမ့်မည်ဟု လုံးဝ မထင်ထားမိခဲ့ပေ။

ဝမ်လင်းက ကျဆင်းနေသော နှင်းပွင့်များကို ကြည့်နေ၏။ သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါဟာ ငါ့ဘဝမှာ တပည့်နှစ်ယောက် လက်ခံခဲ့ဖူးတယ်။ တစ်ယောက်ကတော့ ရွှယ်ချင်းတဲ့၊ နောက်တစ်ယောက်ကတော့ ဆယ့်သုံးဆိုတဲ့သူပဲ။ နင်ရော ငါ့ တတိယမြောက် တပည့် ဖြစ်လာဖို့ ဆန္ဒ ရှိလား...”

ရှီဇီဖန်၏ခန္ဓာကိုယ်မှာ တုန်ယင်သွား၏။ သူမသည် စဉ်းစားနေရင်း မျက်ရည်များ ဖြိုင်ဖြိုင် ကျဆင်းလာပြန်သည်။

ဝမ်လင်းသည် ထပ်၍ မပြောတော့ပေ။ သူမ၏ အဖြေကိုသာ စောင့်နေ၏။ သူသည် အကြင်နာမဲ့သည့်လူတစ်ယောက် မဟုတ်ပေ။ သို့သော် သူက အရာအားလုံးကိုမူ လက်မခံနိုင်ပေ။ သူက တခြားတစ်ယောက်ယောက်ကို သဘောမကျမိဖို့ သူ့ကိုယ်သူ ဟန့်တားထားပေ၏။ သို့သော် သူ မဟန့်တားနိုင်သော အရာများလည်း ရှိသည် မဟုတ်လား။ သူသည် လွန်ခဲ့သောနှစ်ပေါင်းရှစ်ရာက ရှီဇီဖန် သူ့ကို သဘောမကျအောင် မဟန့်တားနိုင်၊ နှစ်ပေါင်းရှစ်ရာလုံး သူ့အပေါ် တွယ်ငြိနေမှုကို မဟန့်တားနိုင်ပေ။

လီချန်မေတုန်းကလိုမျိုးလည်း သူသည် ဒီအားနည်းသောရှီဇီဖန်ကို မထူးခြားနားစကားများ မပြောနိုင်ပေ။

သည်လောက၌ ယောက်ျားနှင့်မိန်းမကြား ဆက်ဆံရေးပုံစံအများအပြား ရှိသည် မဟုတ်လား။

အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးလာနေ၏။ နှင်းများက သူတို့ရှေ့မှာ ပိုကျဆင်းလို့လာသည်။ ရှီဇီဖန်သည် ညင်သာသောအပြုံးတစ်ခုကို ပြုံး၍ ပထမဆုံးအကြိမ်အဖြစ် ခေါင်းမော့လာ၏။ သူမက ဝမ်လင်းကို ကြည့်သည်။

ထို့နောက် သူမသည် မြေပြင်ထက်သို့ ဒူးထောက်လိုက်၏။

ထိုဒူးထောက်မှုသည် လွန်ခဲ့သောနှစ်ပေါင်းရှစ်ရာက ခံစားမှုကို ဖြတ်တောက်လိုက်ခြင်းလည်း မည်၏။ ဒူးထောက်လိုက်ခြင်းမှာ ကံမ္မစက်ဝန်းတစ်ခုကို ပြီးပြည့်စုံသွားစေခြင်းပင်။

ဒူးထောက်နေရင်းမှာ ရှီဇီဖန်သည် စိတ်သက်သာမှုကို ခံစားမိရသည်။

သူမသည် နှင်းများပေါ် ဒူးထောက်လျက် ခပ်တိုးတိုး ပြောသည်။ “တပည့်က ဆရာ့ကို နှုတ်ဆက်ပါတယ်...”

နောက်ဆုံးမျက်ရည်နှစ်စက် သူမ၏လှပချောမွတ်သော ပါးပြင်ထက်ကနေ နှင်းများပေါ် ကျဆင်းသွားသည်။ ထိုမျက်ရည်စက်နှစ်စက်က နှင်းပွင့်များကို အပေါက်နှစ်ပေါက် ဖြစ်သွားစေ၏။ သို့သော် ထိုအပေါက်နှစ်ပေါက်သည် နှင်းပွင့်များဖြင့် မြန်ဆန်စွာ ပြန်ပြည့်ဖုံးသွားသည်။ ဝမ်လင်းက ညင်သာစွာ ပြောလိုက်၏။ “ငါနဲ့ လိုက်ခဲ့...”

ရှီဇီဖန်က ထရပ်၍ ခပ်တိုးတိုး ပြောလိုက်၏။ “တပည့်ရဲ့ မွေးရပ်မြေဟာ ဒီအလုံးစုံကောင်းကင်မှာပါ...”

ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားသည်။ အချိန်အတန်ကြာပြီးနောက် သူက ညာလက်ကို ဝေ့ယမ်းလိုက်သည်။ အားကောင်းသောမူလစွမ်းအင်က ရှီဇီဖန်၏ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လာ၏။ သူမ၏မူလစိတ်ဝိညာဉ်ကို ကူညီပေးနေရင်း သူက နားလည်မှုဉာဏ်အလင်းများကို ခုလက်ရှိ သူမ လက်ခံကိုင်တွယ်နိုင်သလောက် သူမထံ ပေးအပ်နေခြင်းပင်။

ရှီဇီဖန်သည် ချက်ခြင်းပင် အထည်ဒြပ်ယန်အဆင့်မှ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်သို့ ရောက်ရှိသွားတော့၏။

သို့ရာတွင် ထိုမျှနှင့် မပြီးသေးပေ။ ထိုဉာဏ်အလင်းက ရှီဇီဖန်ကို နိဗ္ဗာနသန့်စင်ခြင်းအဆင့်ထိ ရောက်သွားစေသည်။ ထို့နောက် မူလစွမ်းအင်သည် ချိပ်ပိတ်မှုသုံးခုအဖြစ်သို့ ပြောင်းကာ သူမ၏ကျင့်ကြံမှုကို ဖိနှိပ်သည်။ ထိုအဖြစ်က သူမအနေဖြင့် ဖြည်းဖြည်းချင်း ဉာဏ်အလင်းရအောင် လုပ်ကာ သူမ၏ကျင့်ကြံမှုကို ကျေညက်စေနိုင်မည် ဖြစ်သည်။

ဝမ်လင်း၏ကျင့်ကြံမှုအဆင့်ဖြင့်ပင် ကျင့်ကြံခြင်းကို လွှဲပြောင်းပေးအပ်ခြင်းမှာ ခက်ခဲသည်သာ။

***

All Chapters