← Chapters

တစ်ယောက်တည်းမကဘူး

Vol. 112 Ch. 1547

တစ်ယောက်တည်းမကဘူး

Vol. 112 Ch. 1547

လီယွမ်ဇီသည် သူ့ရှေ့ရှိ အဖြစ်သနစ်ကို စိုက်ကြည့်နေရင်း သူ့မျက်လုံး ပြူးကျယ်ထွက်နေ၏။ သူသည် အရာအားလုံးကို မေ့သွားသည့်အလား။ သူသည် ပထမဆုံးအကြိမ်အဖြစ် သေမျိုးတစ်ယောက်က ကျင့်ကြံသူတစ်ယောက်ကို တွေ့လိုက်ရသည့်နှယ် ခံစားမိသည်။

သူက တတိယအဆင့်ကျင့်ကြံသူတစ်ယောက်သည် တစ်စုံတစ်ယောက်၏ ကျွန် ဖြစ်လာနိုင်မည်ဟု စိတ်ကူး၍ပင် မကြည့်ဖူးပေ။ ထို့အပြင် ဒီအဖြစ်က တတိယအဆင့်အပေါ် သူ၏ လေးစားမှုနှင့် စိတ်ကူးပုံရိပ်ကိုပါ ဖျက်စီးသွားသည်။

ပို၍ အရေးကြီးသည်မှာ ဒီအဖြစ်က အနှိုင်းမဲ့တည်ရှိမှုဟူသော တတိယအဆင့်ကျင့်ကြံသူများ၏ ပုံရိပ်ကိုပါ ဆုတ်ဖြဲပစ်လိုက်ခြင်းပင်။

သည်မြင်ကွင်းက သူ့ကို တတိယအဆင့်ကျင့်ကြံသူများသည်လည်း ကျင့်ကြံသူများသာ ဖြစ်ကြောင်းကို သိစေသည်။ ပြီးတော့ သူတို့သည်လည်း တစ်စုံတစ်ယောက်၏ ကျွန် ဖြစ်လာနိုင်သေး၏။

ထိုကဲ့သို့ စိတ်အခြေအနေက လီယွမ်ဇီ၏ခန္ဓာကိုယ်ကို တုန်ယင်စေကာ သွေးအန်ထွက်စေသည်။

“ဒီဝမ်လင်းက ဘယ်လိုကောင်လဲ။ သူ…သူက သူ ဒါကို ဘယ်လိုများ လုပ်ခဲ့တာလဲ။ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ကို သူ့ကျွန်ဖြစ်အောင် သူ ဘယ်လိုများ လုပ်ခဲ့တာလဲ…”

“သူ့ခွန်အားကလည်း တတိယအဆင့်ကျင့်ကြံသူတစ်ယောက်နဲ့ ယှဉ်နိုင်နေပြီ။ အခု ဒီကျွန်ကိုပါ ထည့်ပေါင်းလိုက်ရင် သူ…သူ့ခွန်အားဟာ အတွင်းနယ်မြေမှာ အထွတ်အထိပ်အဖြစ် ရပ်တည်နိုင်ပြီ…”

သွေးနတ်ဘုရားသည်လည်း လုံးဝ ကြောင်ရီမင်သက်နေ၏။ သူသည် သူ တွေ့မြင်ရသည့်အရာရာကို မယုံကြည်ရဲ ဖြစ်နေသည်။

“ယုတ္တိမရှိဘူး။ တကယ့်ကို ယုတ္တိမရှိဘူး။ လူတိုင်း မော်ကြည့်ရတဲ့ တတိယအဆင့်ကျင့်ကြံသူဟာ ဘယ်လိုလုပ်များ တစ်စုံတစ်ယောက်ရဲ့ ကျွန် ဖြစ်လာရတာလဲ။ ဒါ မဖြစ်နိုင်ဘူး…”

သို့ပေမည့် သွေးနတ်ဘုရားသည် သူ့စိတ်ထဲတွင် ပေါ်လာသည့် ထင်မြင်ချက်တစ်ခုကြောင့် ဒီအတွေးကို ဖြက်တောက်မိသွားသည်။ သူ့ဦးနှောက်ထဲတွင် လှိုင်းထန်လာ၏။

“သူသာ ဆန္ဒမရှိရင် ဝမ်လင်းက သူ့ကို အတင်းအကြပ် ကျွန် ဖြစ်စေခဲ့တာလား။ ဒါလည်း မဖြစ်နိုင်ဘူး။ ဝမ်လင်းရဲ့ ခွန်အားဟာ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်နဲ့ ယှဉ်နိုင်ပေမယ့် သူက ဘယ်လိုလုပ်ပြီး တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ကို အတင်းအကြပ် လုပ်လို့ရမှာလဲ။ အလုံးစုံကောင်းကင်မှာဆို ဒီအဘိုးအိုဟာ အရှင်လုဖူတစ်ယောက်ကိုပဲ မြင်ခဲ့ဖူးတာလေ…”

မြင့်မြတ်သောလင်းတန် ထွက်ပေါ်လာမှုက သူတို့သုံးယောက်လုံးကို မင်သက်ကြောင်ရီစေ၏။ အလားတူပင် လေကောင်းကင်ဘုံနယ်မြေ၏ တွန်းထုတ်ခြင်း ခံရသော ကျင့်ကြံသူသောင်းချီသည်လည်း အလန့်တကြားအော်ဟစ်မိကုန်သည်။

မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ အဖွဲ့ဝင်ဖြစ်လာခြင်း၊ သည်နေရာတွင် ရှိနေခြင်းကို ထောက်ရှုပါက ထိုကျင့်ကြံသူအားလုံးသည် အားနည်းလိမ့်မည် မဟုတ်ပေ။ သူတို့သည်လည်း မြင့်မြတ်သောလင်းတန်ထံမှ ထွက်ပေါ်နေသော ဖိအားကို ကောင်းစွာ ခံစားမိပေသည်။

ထိုဖိအားအောက်တွင် သူတို့သည် မတ်တပ်ပင် မရပ်နိုင်အောင် ဖြစ်ရသည်။ သူတို့၏စိတ်ထဲတွင် ကြောက်လန့်မှုနှင့် ထိတ်လန့်မှုတို့သာ လျှံတက်လာသည်။

“ဒါ…ဒါက…”

“ဒါက တတိယအဆင့်လား။ ဘိုးဘေးရဲ့ အမူအရာကို ပြောင်းလဲသွားစေပြီး သူ့ကို ရပ်တန့်စေခဲ့တာ။ ဒါက တကယ်ပဲ ဒီ ထွက်ပေါ်လာတဲ့သူဟာ တတိယအဆင့်လား…”

“ဘိုးဘေးရဲ့ အော်ရာနဲ့လည်း အတူတူပဲ။ ဒီတော့ ဒီလူဟာ တတိယအဆင့်ကျင့်ကြံသူဆိုတာ အမှန်ပဲ ဖြစ်မှာ…”

“တတိယအဆင့်ကျင့်ကြံသူ။ တတိယအဆင့်ကျင့်ကြံသူ သုံးယောက်ဟာ တစ်ချိန်တည်းမှာ ဒီအလုံးစုံကောင်းကင်မှာ ပေါ်လာခဲ့ပြီ။ ဘယ်လိုတောင်လဲ။ ဘယ်လိုများလဲ။ နှစ်ပေါင်းသောင်းချီအတွင်းမှာ တတိယအဆင့်ဆိုလို့ ဘိုးဘေးတစ်ယောက်ပဲ ရှိခဲ့တာလေ။ ဒါပေမဲ့ ခုတော့…”

“ဒီဝမ်လင်းရဲ့ ကျင့်ကြံမှုဟာ သူ ထွက်သွားတဲ့အချိန်တုန်းက မမြင့်လှသေးဘူး။ ဒါပေမဲ့ ခုတော့ နှစ်ပေါင်းရှစ်ရာ ကြာပြီးတဲ့နောက်မှာ သူ့ကျင့်ကြံမှုအဆင့်ဟာ အခုလောက်ကြောက်မက်ဖွယ်အဆင့်ကို ရောက်နေခဲ့ပြီ။ သူ့မှာ တတိယအဆင့်ကျင့်ကြံသူ ကျွန်တစ်ယောက်လည်း ပိုင်ဆိုင်ထားသေးတယ်…။ မယုံနိုင်စရာပဲ။ အံ့မခန်းပဲ…”

အလန့်တကြား အံ့ဩဘနန်းအော်သံများသည် ဒီကြယ်နယ်မြေတွင် ပျံ့နှံ့လေ၏။

သည်တုန်လှုပ်ဖွယ်မြင်ကွင်းကို မည်သူကမျှ မယုံကြည်ရဲ ဖြစ်နေ၏။ အခုလိုမြင်ကွင်းကို သူတို့သည် အိပ်မက်ပင် မမက်ဖူးခဲ့ကြချေ။

အရှင်လုဖူ၏အမူအရာသည် ဖြူရောနေ၏။ သူသည် သုန်မှုန်နေသည်။ သူ့မျက်လုံးထဲတွင်လည်း ရူးသွပ်မှုအရိပ်အယောင် ရှိလာ၏။ သူက သူ၏အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ မာန်သွင်းလိုက်လေ၏။

သူ၏ မာန်သွင်းအော်သံသည် ပဲ့တင်ထပ်ကာ ကျင့်ကြံသူသောင်းချီ၏ ကြောက်လန့်မှုအား ဖိနှိပ်သည်။ ခုချိန်တွင် သူ့အသံတစ်သံသာ ကျန်ခဲ့လေ၏။

“ဒီအဘိုးအိုက မင်းကို လျှော့တွက်ခဲ့မိပြီ။ မင်းက တကယ်ပဲ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ကို မင်းရဲ့ ကျွန်အဖြစ် လုပ်ဆောင်နိုင်ခဲ့တာပဲ။ ဒီလူရဲ့ ကျင့်ကြံမှုအဆင့်ဟာ ငါနဲ့ တူတူပဲ။ သူဟာ ငါ့ထက်လည်း အပူဇော်ခံမီးတောက် ပိုများများ ပိုင်ဆိုင်ထားတယ်။ ဒီတော့ ငါဟာ သူ့ ပြိုင်ဘက် မဟုတ်ဘူး…”

အရှင်လုဖူ၏အသံသည် ဤနေရာရှိ အလုံးစုံကောင်းကင်၏ ကျင့်ကြံသူများနားထဲသို့ ဝင်ရောက်သွားသည်။

“ဒါပေမဲ့ ဒီအဘိုးအိုဟာ ပြိုင်ဘက် မဟုတ်ရင်တောင် မင်းကို တိုက်ခိုက်နိုင်တုန်းပဲ။ ဒီအဘိုးအိုဟာ တကယ့်ကို ပါရမီထူးချွန်တယ်။ အပူဇော်ခံမီးတောက် ကင်းမဲ့မှုကြောင့်သာ မဟုတ်ရင် ငါ့ကျင့်ကြံမှုအဆင့်ဟာ နိဗ္ဗာနလေဟာနယ်အလယ် ဒါမှမဟုတ် နောက်ဆုံးအဆင့်ကို ရောက်နေတာ ကြာလှပြီ…”

“ငါဟာ အပူဇော်ခံမီးတောက်ကြောင့် ကျင့်ကြံမှုမှာ လိုအပ်ချက် ရှိပေမယ့် နှစ်ပေါင်းသောင်းနဲ့ချီ ဖြတ်သန်းလာတဲ့သူ တစ်ယောက်အနေနဲ့ ငါ သန့်စင်ထားတဲ့ ရတနာတွေ အများကြီး ရှိတယ်။ ဒီဂြိုဟ်အစီအရင်ရဲ့ စွမ်းအားနဲ့ဆိုရင် ငါဟာ မင်းကို တိုက်ခိုက်နိုင်တုန်းပဲ…” ဂြိုဟ်အစီအရင်သည် အရင်ကထက် ပိုအားကောင်းလှသော အော်ရာတစ်ခုကို ထုတ်လွှတ်လာကာ ကြယ်များကြား ပျံ့လွင့်သည်။

ကျယ်လောင်စွာ တုန်ဟည်းသံများ အရူးအမူး ပဲ့တင်ထပ်သည်။ လင်းတန်ထွက်ပေါ်လာမှုကြောင့် တုန်လှုပ်နေသော ကျင့်ကြံသူများသည် ထပ်မံ၍ သံပြိုင်ဟစ်လိုက်ကြသည်။

“အလုံးစုံကောင်းကင်ရဲ့ ဘိုးဘေး။ ဘိုးဘေး…”

“အလုံးစုံကောင်းကင်ရဲ့ ဘိုးဘေး…ဘိုးဘေး…”

ထိုအသံများသည် အလျင်အမြန် ချိတ်ဆက်သွားကြသည်။ ကျင့်ကြံသူသောင်းချီ၏ သံပြိုင်ဟစ်သံသည် တုန်လှုပ်ဖွယ်ရာ လှိုင်းတစ်ခုအလား။ ယင်းအသံတို့သည် မုန်တိုင်းနှင့် ပေါင်းစပ်ကာ ဖော်ပြရန်ခက်သော အရှိန်အဟုန်တစ်ခုကို ဖြစ်စေသည်။ ထိုကျင့်ကြံသူများ၏ ဦးခေါင်းများထက်မှ ခပ်ရေးရေး အပူဇော်ခံမီးတောက်များသည်လည်း အရှင်လုဖူထံသို့ ဦးတည်ကြလေ၏။

အရှင်လုဖူသည် ကောင်းကင်ထက်တွင် ရယ်မောကာ ဂြိုဟ်အစီအရင်ထံသို့ အလေးအနက် လက်ညွှန်သည်။ သည့်နောက်တွင် ပေတစ်သောင်းရှည့်လျားသော လှံတစ်လက် ရုတ်တရက် အစီအရင်၏ဝဲကတော့အတွင်းမှ ပေါ်လာသည်။

ထိုလှံပြီးနောက် အနက်ရောင်ဓားသွားတစ်ခုပေါ်လာ၏။ ဓားသွားနောက်တွင်မူ တာအိုပုတီးစေ့ကိုးစေ့သည် စက်ဝန်းတစ်ခုအသွင်ဖြင့် ပေါ်ထွက်လာသည်။

လျှပ်တပြတ်အတွင်း ရတနာဆယ့်ရှစ်ခုသည် တစ်ခုပြီးတစ်ခု မုန်တိုင်းထံမှ ထွက်ပေါ်လာကြ၏။ ရတနာတစ်ခုစီသည် တုန်လှုပ်ဖွယ်စွမ်းအားကို ထုတ်လွှတ်နေ၏။

မုန်တိုင်းအတွင်း၌ အတိုင်းမသိစွမ်းအားတစ်ခု စုဝေးလာပြီး ဝမ်လင်းနှင့် မြင့်မြတ်သောလင်းတန်ထံသို့ ဖိနှိပ်လာသည်။

အလုံးစုံကောင်းကင်မှ ကျင့်ကြံသူသောင်းချီ၏ အော်သံများကလည်း ဝမ်လင်း၏နားထဲသို့ ဝင်ရောက်လာ၏။ “အလုံးစုံကောင်းကင်ရဲ့ဘိုဘေး…ဘိုးဘေး…”

အရှင်လုဖူ၏အရှိန်အဝါသည် အကန့်အသတ်သို့ ရောက်လာ၏။ ရုတ်တရက် သူက ခြေမြှောက်ကာ ဝမ်လင်းထံ ဦးတည်လာတော့သည်။

တစ်ချိန်တည်းမှာ မရေမတွက်နိုင်သော ကောင်းကင်ဘုံသားအရိပ်များသည်လည်း ဦးတည်ဝင်လာကြသည်။ ကောင်းကင်ဘုံကိုယ်တိုင် သက်ဆင်းလာသည့်နှယ်။

ဓားကျိုးလည်း ရှိသေး၏။ ၎င်းက ချက်ခြင်းလိုလို ဝမ်လင်းနှင့် ပေတစ်ရာအတွင်းသို့ ရောက်လာ၏။ လွှမ်းမိုးနိုင်သော ဓားစွမ်းအင်က ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားသို့ ပစ်မှတ်ထားသည်။

အရှင်လုဖူသည် လင်းတန်ထွက်ပေါ်လာမှုကြောင့် တုန်လှုပ်သွားရပြီးနောက်တွင် မူ သူ၏သတ္တိ ပြန်ရရှိလာ၏။ သူက သူ့စိတ်ကိုယ်သူ ပြင်ဆင်ကာ ဝမ်လင်းကို တိုက်ခိုက်တော့မည်။ ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာချေ၏။

ဝမ်လင်းက အလျင်အမြန် ချဉ်းကပ်လာသော အရှင်လုဖူကို တည်ငြိမ်စွာ ကြည့်သည်။ သူသည် မျက်မှောင်ကြုတ်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ရှေးကျွန်ကျိုးကျင်…”

အင်ပါယာမီးပြင်းဖိုထံမှ ချောက်ချားဖွယ်ဝံပုလွေဟိန်းသံ ထွက်ပေါ်လာကာ ကြယ်များကြား ပျံ့နှံ့သည်။ ဒီကြယ်နယ်မြေမှာ တုန်ဟည်း၏။ ကျိုးကျင်၏ပုံရိပ်သည် အင်ပါယာမီးပြင်းဖိုထံမှ လှမ်းလျှောက်ထွက်လာသည်။

သူ လှမ်းထွက်လာသည်နှင့် တတိယအဆင့်ကျင့်ကြံသူတစ်ယောက်၏ အော်ရာ ပေါ်လာချေသည်။

ထိုအော်ရာသည် လွှမ်းမိုးရန်လိုမှု၊ သွေးဆာမှုနှင့် ပြည့်၏။ ကျိုးကျင်၏ ခန္ဓာကိုယ်အပေါ်ပိုင်း အဝတ်ဗလာဖြစ်မှုကိုပါ ထည့်ပေါင်းလိုက်ပါက ၎င်းထံမှ ကြမ်းကြုတ်သောအော်ရာကို ပေးနေ၏။ ကျိုးကျင်၏နောက်တွင်မူ ကြီးမားလှသော သွေးနီရောင်ဝံပုလွေတစ်ကောင် ပေါ်လာ၏။ ၎င်းက အရှင်လုဖူကို စိုက်ကြည့်နေသည်။

အရှင်လုဖူ အစောပိုင်းက ခံစားမိခဲ့ရသော တုန်လှုပ်မှုမှာ အကန့်အသတ် ရောက်နေခဲ့ပြီ ဖြစ်၏။ သို့သော် ခုချိန်နှင့် ယှဉ်ပါက သူ အစောပိုင်းက ခံစားလိုက်ရသော တုန်လှုပ်ချောက်ချားမှုသည် မည်သို့ ဟုတ်ပါ့အုံးမည်နည်း။

သူ့ခန္ဓာကိုယ်တွင် အတိုင်းမသိထိတ်လန့်မှု ကြီးစိုးလာ၏။ သူသည် ဆက်လက်၍ ချဉ်းကပ်ဝံ့ခြင်း မရှိတော့ပေ။ သူက ပေတစ်ထောင်ကျော်ထိ ပြန်ဆုတ်လိုက်သည်။ သူ့မျက်လုံးထံမှ တုန်လှုပ်မှု လှစ်ဟပေါ်နေသည်။

ဓားကျိုးသည် ရုတ်တရက် တုန်ဟည်းလျက် ဝမ်လင်းနား ကပ်လာသည်။ ၎င်းကို အစွမ်းထက်အားတစ်ခုက ညှစ်ချေလိုက်သည့်နှယ် ယင်းဓားသည် ကျယ်လောင်စွာ တုန်ဟည်း၏။ ၎င်းသည် ဆက်လက်၍ ရှေ့ဆက်မတိုးသာတော့ပေ။ ၎င်းထံမှ အက်သံများပါ ထုတ်လွှတ်လာ၏။ ယင်းဓားပေါ်တွင် အက်ကွဲရာတစ်ခု ပေါ်သွားပြီးနောက် ၎င်းသည် နောက်သို့ အတင်းပြန်ဆုတ်သွားရသည်။

ဓားကျိုးသည်လည်း နောက်ဆုတ်ရသည်။

၎င်းဓားမှာ ထာဆန်၏ခန္ဓာကိုယ်ကို ထွင်းဖောက်ခဲ့ဖူး၏။ သို့သော် ၎င်းသည် တတိယအဆင့်ကျင့်ကြံသူသုံးယောက်ကို ရင်ဆိုင်ဖို့တော့ အရည်အသွေး မပြည့်မှီပေ။ ၎င်းသည် ထက်ရှ၏။ သို့သော် ဓားကျိုး ဖြစ်နေဆဲသာ။ ထို့အတွက် ၎င်းသည် နောက်ဆုတ်ရလေ၏။

ထိုဓား၌ စိတ်ဝိညာဉ်တစ်ခုလည်း ရှိနေ၏။ အနှီစိတ်ဝိညာဉ်သည် အလန့်တကြား နာကျင်စွာ အော်ဟစ်သည်။ ထိုစိတ်ဝိညာဉ်မှာ ဒဏ်ရာအပြင်းအထန် ရသွားပြီး အရှင်လုဖူထံ ပြန်ဆုတ်သွားသည်။ ယင်းဓားသည် တုန်ယင်နေလေ၏။

အရှင်လုဖူနောက်မှ လေကောင်းကင်ဘုံနယ်မြေအရိပ်လည်း ရှိသေး၏။ ကျိုးကျင်နှင့်လင်းတန်တို့ ပေါ်လာချိန်၌ တိုးဝင်လာသော ကောင်းကင်ဘုံသားအရိပ်များလည်း ရှိသေး၏။ လင်းတန်နှင့်ကျိုးကျင်တို့သည် တစ်ချိန်တည်း ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ အပူဇော်ခံမီးတောက်စွမ်းအားသည် ပဲ့တင်ထပ်လေ၏။

မမြင်ရသော ထိပ်တိုက်တွေ့မှု သောင်းချီ ချက်ခြင်း ပေါ်လာသည်။ ကောင်းကင်ဘုံသားအရိပ်များသည် လေပြင်းတစ်ခု၏ ရှင်းလင်းခြင်း ခံလိုက်ရပေသည်။

ကျိုးကျင်နှင့်လင်းတန်တို၏ တုန်လှုပ်ဖွယ်ဖိအားအောက်တွင် လေကောင်းကင်ဘုံနယ်မြေပုံရိပ်ယောင်သည်ပင် ပြိုလဲသွားရသည်။

ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…။

လေကောင်းကင်ဘုံနယ်မြေသည် ဆုတ်ဖြဲခံရကာ လွင့်ပါး ပျောက်ကွယ်သွားသည်။ အရင်ထက် ပိုမို ထိတ်လန့်နေသော အရှင်လုဖူုသာ ကျန်ခဲ့လေ၏။

“တတိယအဆင့်ကျင့်ကြံသူကျွန်တစ်ယောက်တည်း မဟုတ်ဘူး။ ဒါ နှစ်ယောက်ပဲ။ တတိယအဆင့် ကျင့်ကြံသူ ကျွန်နှစ်ယောက်။ ဒါ…ဒါ…ဒါက…” အရှင်လုဖူသည် အရှင်မီးတောက်နှင့် တခြားသူများကဲ့သို့ ဖြစ်လာ၏။ သူသည် လုံးဝ ကြောင်ရီမင်သက်မိသည်။ သူ့မျက်လုံးထဲတွင်လည်း မယုံကြည်နိုင်မှုတို့ ပြည့်နေသည်။ သူ့ခန္ဓာကိုယ်မှာ တုန်ယင်နေလျက် တိုက်ခိုက်ဖို့ အတွေးပင် မရှိတော့ပေ။ သူသည် တိုက်ခိုက်နိုင်စွမ်း မရှိတော့ခြင်းပင်။ မတိုက်ခိုက်ဝံ့တော့ခြင်းပင်။

ကျိုးကျင်၏နောက်တွင် ပေါ်လာသော သွေးဝံပုလွေက အရှင်လုဖူကို သတင်းစကားတစ်ခုအား တွေးမိသွားစေသည်။

သူသည် ဝမ်လင်း၏တည်ငြိမ်မှုနောက်တွင် ထိုမျှ တုန်လှုပ်ဖွယ်နောက်ခံအကြောင်းရင်း ရှိနေလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားမိခဲ့ပေ။

တတိယအဆင့်ကျင့်ကြံသူ သုံးယောက်ကို ရင်ဆိုင်ရာ၌ သူ့ထံတွင် ဆက်လက်တိုက်ခိုက်ဖို့ ခွန်အား မရှိတော့ပေ။ သူ့ထံ၌ ဂြိုဟ်အစီအရင် ရှိနေသော်လည်း ၎င်းမှာ ခုထိ မပြီးပြည့်စုံသေးပေ။ သူက မည်သို့များ တတိယအဆင့်ကျင့်ကြံသူသုံးယောက်နှင့် ဆန့်ကျင်တိုက်ခိုက်နိုင်ပါ့မည်နည်း။

***

All Chapters