← Chapters

အပိုင်း(၁၅၅၂)

Vol. 113 Ch. 1552

အပိုင်း(၁၅၅၂)

Vol. 113 Ch. 1552

ချောင်းအဆက်မပြတ် ဆိုးသံက ခြံဝန်းအတွင်း ဆိတ်ငြိမ်မှုကို ဖျက်စီးသွားသည့် ရသည်။ ထိုချောင်းသံသည် အတော်လေး အိုမင်းနေပေပြီ။ လေတိုက်သံကပင် ထိုချောင်းဆိုးသံထက် ပိုကျယ်နေသေးသည်။

လေများ တိုက်ခတ်နေရာ မီးအိမ်သည် ပို၍ အသည်းအသန် တဖျပ်ဖျပ် ဖြစ်လာ၏။

မီးအိမ်မှာ လှုပ်ခါရမ်းနေရင်း လူတစ်ယောက်သည် ၎င်းပေါ်မှ စွန်မိသားစု ဟူသော စာလုံးကို တွေ့မြင်နိုင်ပေမည်။

ချောင်းဆိုသံ အဆက်မပြတ် ထွက်လာရင်း ခြေသံများသည် ခြံဝန်းထဲတွင် ကြားလာရ၏။ အစေခံများက အလျင်စလို လှမ်းလာကာ သာမန်ဆန်လှသောအိမ်ရှေ့သို့‌ ရောက်လာကြသည်။

အပြင်ဘက်တွင် စိုးရိမ်တကြီး ရပ်နေကြသော အဘိုးအိုသုံးယောက်လည်း ရှိနေ၏။ သူတို့၏နောက်တွင် စွန်မိသားစုဝင်များ ရှိနေသည်။

“မင်းတို့ ဘာကို အလန့်တကြား ဖြစ်နေကြတာလဲ။ ဒီအဘွားအိုက မသေသေးပါဘူး…”

ခပ်ဩဩအသံတစ်သံသည် မောပန်းဟန်ဖြင့် အိမ်အတွင်းမှ ထွက်လာသည်။

“ဘိုးဘေး…” အပြင်ဘက်မှ အဘိုးအိုတွေထဲမှ တစ်ယောက်သည် စိတ်ပူပန်လာဟန်ဖြင့် လှမ်းလျှောက်ကာ စကားပြောရန် ပြင်လိုက်သည်။

ထိုအခိုက်မှာ အကွာအဝေးတစ်ခုမှ မြင်းခွာသံကို ကြားရသည်။ မြင်းများသည် တရှိန်ထိုး လာနေကြရာ တိတ်ဆိတ်သောညတွင် သိသိသာသာ ဆူညံနေတော့၏။ သိပ်မကြာခင်မှာ စစ်မြင်းများ ခြံဝန်းအပြင်ဘက်သို့ ရောက်လာကြ၏။ ချပ်ဝတ်နှင့်သက်လတ်ပိုင်းလူတစ်ယောက်က မြင်းတစ်ကောင်ပေါ်တွင် ရှိနေ၏။ သူ့ထံမှ ခွန်အားအငွေ့အသက်ကို ပေးစွမ်းနေ၏။ သူ့ဘေးတွင်လည်း အဘိုးအိုတစ်ယောက် ရှိနေပြီး လေတိုးမှုကြောင့် ထိုအဘိုးအို၏ဆံပင်များမှာ ရှုပ်ပွနေသည်။

ယင်းအဘိုးအို၏မျက်နှာသည် ဖြူရောနေ၏။ မြင်းများက မြန်လွန်းသဖြင့် သူ လန့်မိသည့်အထိပင်။

ခြံဝန်းရှေ့တွင် မြင်းများ ရပ်သွားသည်။ သက်လတ်ပိုင်းလူက အဘိုးအို၏လက်ကို ဆွဲကာ ခြံဝန်းအတွင်းသို့ အလျင်စလို ဝင်လာသည်။ မကြာခင်မှာ သူတို့သည် အိမ်အပြင်သို့ ရောက်လာ၏။

“ဘိုးဘေး…မြေး ဘိုးဘေးကို ပြုစုကုသဖို့ အတော်ဆုံးသမားတော်ကို ခေါ်လာခဲ့ပါတယ်…”

“အဓိပ္ပာယ်မရှိလိုက်တာ။ ဒီအိုမင်းတဲ့ခန္ဓာကိုယ်က နှစ်တစ်ထောင် နေခဲ့ပြီး သက်တမ်းကုန်တော့မှာ။ သေမျိုးသမားတော် တစ်ယောက်က ဘာလုပ်ပေးနိုင်မှာ မလို့လဲ…” ခပ်ဩဩအသံတစ်သံ အိမ်ထဲမှ ထပ်ပေါ်လာပြန်၏။ ထို့နောက်တွင် ချောင်းဆိုးသံများ ထပ်မံ ထွက်ပေါ်လာသည်။

လူတိုင်း စိတ်ပူပန်ဖိစီးနေကြစဉ် အိမ်တံခါး ပွင့်လာသည်။ ဆံဖြူအဘွားအိုတစ်ယောက်သည် အစေခံမိန်းကလေးနှစ်ယောက် တွဲလျက် လှမ်းလျှောက်လာသည်။

“ဒီနေ့ မင်းတို့အားလုံးကို ငါ ဒီကို ခေါ်လိုက်တာဟာ ဒီခန္ဓာအိုကြီးက နောက်ထပ် ခုနစ်ရက်တောင် အသက်မရှင်တော့မှာ သိလို့ပဲ။ ငါ စိတ်ပူလို့ပဲ။ ဒါပေမဲ့လည်း ဒီခန္ဓာအိုကလွဲလို့ စွန်မိသားစုမှာ တခြားကျင့်ကြံသူတွေ ရှိမနေဘူး။ ဒါ့ကြောင့် ကျင့်ကြံခြင်းလောကရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဖယ်ရှားပြီး ဖြစ်တယ်။ နောက်မျိုးဆက်တွေလည်း မကျင့်ကြံသင့်ကြဘူး ဆိုတာကို မင်းတို့အားလုံး မှတ်ထားပါ။ သေမျိုးကမ္ဘာမှာ ချမ်းသာကုံလုံစွာ နေရာပျော်ရတာဟာ အကောင်းဆုံးရွေးချယ်မှုပဲ…”

“မင်းတို့အားလုံး ငါ့စကားတွေကို မှတ်ထားကြ…” ထိုအဘွားအိုသည် ချောင်းဆိုးနေရင်း သူမ၏အကြည့်က သူမ၏မျိုးဆက်များပေါ်သို့ ဝေ့ခတ်ကျရောက်သွားပြီး သူမ၏မျက်လုံးသည် တလက်လက် ဖြစ်၏။

သူမ၏ခန္ဓာကိုယ်မှ ဖိအားတစ်ခု ပျံ့နှံ့လာကာ သည်နေရာရှိ လူတိုင်းအား ခြုံလွှမ်းသည်။ ထိုအဖြစ်က ချပ်ဝတ်နှင့် သက်လတ်ပိုင်းလူအပါအဝင် သူမ၏မျိုးဆက်အားလုံးကို ကြောက်လန့်တကြား ဒူးထောက်သွားစေသည်။ သူတို့က ခပ်မြန်မြန် တုန့်ပြန်လိုက်ကြသည်။

“မင်းတို့အားလုံး ငါ့စကားကို မှတ်ထားတာ ကောင်းတယ်။ သေချာ မှတ်ထားပါ။ အခုတော့ မင်းတို့အားလုံး သွားနိုင်ပြီ။ ငါ့ဘာသာ တစ်ယောက်တည်း အနားယူချင်ပြီ…”

ထိုအဘွားအို၏မျက်လုံးများသည် မတောက်ပတော့ပေ။ သူမသည် အိုမင်းနေသော်ငြားလည်း ငယ်ရွယ်စဉ်ကမူ လှပခဲ့မည် ဖြစ်ပြီး တခြားသူများကိုလည်း ဆူတတ်မာန်တတ်သူ တစ်ယောက်ဖြစ်မည်ကို ပြောနိုင်ပေသည်။

ဒူးထောက်နေသော မျိုးဆက်များက သူမကို ဆန့်ကျင်ဘက် မလုပ်ရဲကြပေ။ သူတို့အားလုံး ထွက်သွားကြ၏။ အစေခံများပါ လူစုခွဲသွားကြသည်။ ညသည် တဖြည်းဖြည်း ပြန်တိတ်ဆိတ်လာ၏။

ထိုအဘွားအိုက သက်ပြင်းချကာ ဘေးတစ်ဖက်ရှိ ကျောက်ကုလားထိုင်ပေါ်တွင် ခပ်ဖြည်းဖြည်း ထိုင်လိုက်၏။ သူမသည် လရောင် ဖြိုးတိုးဖျောက်တောက်ကို ကြည့်လိုက်ရင်း အတိတ်ကို အောက်မေ့မိသွားသည်။

“ငါ အိုလာခဲ့ပြီပဲ။ ငါ သေရတော့မှာ ဆိုပေမယ့် ငါ့ရဲ့ ဆူတတ်တဲ့ အလေ့အကျင့်ကို မပြောင်းလဲနိုင်သေးဘူး။ ဒီလိုဆိုပေမယ့် ငါဟာ ဘဝမှာ လူအများကြီးကိုတော့ မဆူခဲ့ဖူးပါဘူးလေ…” အဘွားအို၏စိတ်ထဲတွင် ပုံရိပ်တစ်ခု ပေါ်လာလေ၏။

ထိုပုံရိပ်မှှာ ကျင့်ကြံဖို့ အတော်လေးပျင်းသည်ဟု သူမ မူလက တွေးထင်ထားခဲ့သော ကျင့်ကြံသူလေးတစ်ယောက်အကြောင်းပင်။ ထိုစဉ်က သူမသည် ဒေါသထွက်ခဲ့ကာ သူ့ပျင်းရိမှုအား မကြာမကြာ ဆူပူခဲ့လေသည်။

အတိတ်ကို ပြန်တွေးမိရင်း ထိုအဘွားအိုက ပြုံးမိ၏။ သူမသည် သူမ၏မှတ်ဉာဏ်များအတွင်း ပျော်ရွှင်မှုကို ရှာတွေ့သဖြင့် ပျော်နေ၏။

ရုတ်တရက် အဖြူရောင်ပုံရိပ်တစ်ခုသည် မီးအိမ်အောက်မှ ခြံဝန်းထဲတွင် ပေါ်လာသည်။

ဝမ်လင်းက သူ့ရှေ့ရှိ ခြံဝန်းကို ကြည့်၏။ သူ့ နတ်ဘုရားအာရုံကို ဒီရန်ယွင်ဂြိုဟ်အနှံ့ ဖြန့်ကျက်ကြည့်နေရင်း သူက သူ သိဖူးသော လူတစ်ယောက်ကို တွေ့မြင်ခဲ့သည်။ ထိုသူမှာ အတိတ်တုန်းက ယောက်ျားတစ်ယောက်လို ဝတ်ဆင်တတ်သော စိတ်ဝင်စားဖို့ ကောင်းသော ကျင့်ကြံသူလေးပင်။

အတိတ်တုန်းက ထိုကျင့်ကြံသူလေးက သူ့အား မကြာမကြာ ဆူခဲ့ဖူးသည်။

ထိုစဉ်က ဝမ်လင်းသည် သူမ၏ စေတနာကို မြင်တွေ့ခဲ့၏။ ဤကား ဒီရက်စက်လှသောကျင့်ကြံခြင်းလောကတွင် ရှားပါးထူးခြားသော ခံစားမှုမျိုးပင်။ ထိုအဖြစ်က ဝမ်လင်းကို နွေးထွေးမှုအာရုံ ပေးခဲ့ဖူးသည်။

ထို့ကြောင့်လည်း သူက ထိုယောက်ျားလို ဝတ်ဆင်တတ်သော ထိုကျင့်ကြံသူကို မှတ်မိနေတာ ဖြစ်သည်။

နှစ်ပေါင်းတစ်ထောင် ကြာပြီးနောက် သူ မှတ်မိနေဆဲ ဖြစ်သော သူမှာ ထိုမိန်းကလေး ဖြစ်နေလိမ့်မည်ဟု ဝမ်လင်းသည် မထင်ထားမိခဲ့ပေ။

သူသည် ခြံဝန်းထဲသို့ လျှောက်လာရင်း သူ့မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာ၏။ မီးအိမ်နှစ်ခုက လှုပ်ရမ်းနေပြီး သူ၏ခြေသံများက ပဲ့တင်ထပ်နေသည်။ သူသည် သာမန်ဆန်သောအိမ်အပြင်သို့ ရောက်လာ၏။

သူက အတိတ်တုန်းက သူ သိခဲ့ဖူးသော ပုံရိပ်တစ်ခု၊ အမျိုးသမီးကျင့်ကြံသူ စွန်လင်းကို မြင်သည်။

ဝမ်လင်းရောက်ရှိလာမှုမှာ သေမျိုးတစ်ယောက်ကဲ့သို့ပင်။ သူ့ခြေသံများ မြည်နေ၏။ သူက ဘာကိုမှ မဖုံးကွယ်ထားပေ။

ထိုအဘွားအိုမှာ မျက်မှောင်ကြုတ်သွားသည်။ လှည့်မကြည့်ဘဲ သူမက စအော်ငေါက်လိုက်၏။ “ဒီခန္ဓာအိုက နည်းနည်းလောက် အနားယူချင်တယ်လို့ ငါ မပြောခဲ့ဘူးလား…”

ဝမ်လင်းသည် ပြုံး၍ ညင်သာစွာ ပြောလိုက်သည်။ “ငါတို့ မတွေ့ရတာ နှစ်တစ်ထောင်လောက် ရှိရောပေါ့။ ငါ ခုမှ ရောက်လာတာကို နင်က ငါ့ကို ထွက်သွားစေချင်နေပြီလား…”

ထိုအဘွားအိုသည် ဝမ်လင်း၏စကားကို ကြားလိုက်ရသည့်အခါ မင်သက်မိသွားသည်။ သူမ လှည့်ကြည့်လာရာ သိပ်မဝေးသောနေရာမှ ဝမ်လင်းကို မြင်သည်။ သူမ၏ခန္ဓာကိုယ်မှာ တုန်ယင်သွားသည်။

“ရှုမူ…” ထိုအဘွားအိုက ဝမ်လင်းကို ကြည့်၏။ အချိန်အတန်ကြာပြီးနောက် သူမက ပြုံးလာသည်။

“နင် ဘယ်ချိန်တုန်းက ပြန်ရောက်လာတာလဲ…” ထိုအဘွားအိုသည် အရှင်မီးတောက်နှင့် တခြားသူများကဲ့သို့ သူ့စိတ်ကိုယ်သူ မဆုံးရှုံးသွားပေ။ သူမ၏သက်တမ်းမှာ အရှင်မီးတောက်တို့နှင့် ယှဉ်ပါက အလှမ်းဝေးလွန်းပြီး သူမ၏ကျင့်ကြံမှုအဆင့်မှာ နိမ့်ကျလှသော်လည်း နေထိုင်ရှင်သန်ရမည့် ခုနစ်ရက်မပြည့်ခင်မှာ သူမသည် များစွာ တွေ့မြင်ခဲ့ဖူးပြီး ဖြစ်သည်။ ခုချိန်၌ သူမအဖို့ မိတ်ဆွေဟောင်း၊အသိဟောင်းတစ်ယောက်ကို ပြန်တွေ့ရ၍ ပျော်ရွှင်မှုသာ ရှိနေသည်။

“ငါ ခုလေးမှ ပြန်ရောက်လာတာ။ ငါ ဒီကို ဖြတ်လာတော့ အသိဟောင်းတစ်ယောက်ယောက်များ ရှိလေဦးမလား မြင်ချင်ခဲ့မိတယ်…” ဝမ်လင်းသည် ထိုအဘွားအို၏မျက်နှာချင်းဆိုင်တွင် ထိုင်ချလိုက်သည်။ သူက သူမကို သူငယ်ချင်းကောင်းတစ်ယောက်လိုမျိုး ကြည့်၏။

ဝမ်လင်း၏အမြင်တွင် သူမ၏နာမည်မှာ အရေးမကြီးပေ။ တကယ်တော့ သူတို့နှစ်ယောက်ကြား ပတ်သတ်ခဲ့မှုက ယောက်ျား၊မိန်းမ ပတ်သတ်မှုမျိုး မဟုတ်ခဲ့၊ မိတ်ဆွေဟောင်း ပတ်သတ်မှုမျိုးပင်။ သူမသည် ယောက်ျားဖြစ်စေ၊မိန်းမဖြစ်စေ ပြဿနာ မရှိပေ။

သည်ညတွင် ဝမ်လင်း အတော်လေး ပျော်နေ၏။ သူနှင့်စွန်လင်းတို့၏ စကားများသည် ခြံဝန်းထဲတွင် ပဲ့တင်ထပ်နေသည်။ သူမ၏အသံက ခပ်ဩဩဖြစ်နေသော်လည်း သူ့အဖို့ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်က ခေါင်းလောင်းသံအလား ရယ်သံလိုမျိုး ဖြစ်နေလေ၏။

ဆောင်းဦး၏ အေးစိမ့်မှုသည်ပင် ကွယ်ပျောက်သွားကာ နွေဦးရာသီအလား နွေးနွေးထွေးထွေး ဖြစ်လာသည်။

လရောင်သည် တဖြည်းဖြည်း မှိန်ဖျော့လာပြီး မိုးကုပ်စက်ဝန်းတွင် ဖြူလွှလွှအရောင် ပေါ်လာ၏။

အဖြူရောင်အလင်းတို့ ကောင်းကင်ထက်တွင် ပြည့်နှက်လာစဉ် ဝမ်လင်းက ညင်သာစွာ ပြောလိုက်သည်။ “နင် တကယ်ပဲ ဆုံးဖြတ်ပြီးသွားပြီလား…”

“ဘဝရှိရင် သေရမှာဟာ သဘာဝပဲ။ ငါ အတော်လေး ပင်ပန်းနေခဲ့ပြီ။ ငါ ရှင်သန်နိုင်ဦးမယ်ဆိုရင်တောင် ဘာမှ အဓိပ္ပာယ်မရှိတော့ဘူး။ ထွက်သွားတာက ပိုကောင်းပါတယ်လေ…” စွန်လင်းက ဝမ်လင်းကို ကြည့်၍ ပြုံးသည်။

“နင် စိတ်ပြောင်းသွားခဲ့ရင် ဒီဆေးလုံးကို သောက်လိုက်ပါ…” ဝမ်လင်းသည် တည်တည်ငြိမ်ငြိမ်ဖြင့် ဆေးလုံးတစ်လုံးကို ထုတ်ကာ အောက်ချလိုက်၏။ သူက သက်ပြင်းချကာ ထိုအမျိုးသမီးကို ထပ်မံ ကြည့်လိုက်သည်။ ထို့နောက် သူသည် လှည့်ပြန်မကြည့်တော့ဘဲ ခြံဝန်းထဲမှ လှမ်းလျှောက်သွားလေသည်။

စွန်လင်းသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသော ဝမ်လင်း၏ပုံရိပ်ကို စောင့်ကြည့်နေမိ၏။ ထိုသို့ကြည့်နေရင်း သူမသည် အတိတ်တုန်းက ကျင့်ကြံသူလေး တစ်ယောက်ဟု သူမ ထင်ခဲ့သူအား ဆူပူခဲ့သည်ကို ပြန်အောက်မေ့ကာ အတိတ်၌ စီးမြောသွားသည်။

“ကျင့်ကြံသူတွေအတွက် အရေးကြီးဆုံးက ဘာလဲ ဆိုတာ နင်သိလား။ ငါ နင့်ကို ပြောလိုက်မယ်။ အရေးကြီးဆုံးဟာ ဇွဲလုံလပဲ…”

“နင့်မှာ ပါရမီ မရှိရင်တောင် နင့်မှာသာ ဇွဲရှိရင် တဖြည်းဖြည်း တိုးတက်လာနေမှာ ဖြစ်တယ်။ ငါဟာ နှစ်ပေါင်းများစွာ ဒီလှိုဏ်ဂူတွေကို စောင့်ကြပ်နေခဲ့တာ ဖြစ်တယ်။ ဒီကို လာတဲ့ တချို့သူတွေဟာ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်ကိုတောင် ရောက်နေကြတယ်။ ဘယ်သူကမှ နင့်လိုမျိုး နံနက်စောစော မကျင့်ကြံဘဲ လမ်းသလားပြီး လျှောက်မသွားနေဘူး…”

ထိုအဘွားအို၏မျက်နှာပေါ်မှ အပြုံးသည် ပို၍ တောက်ပလာသည်။

နံနက်ခင်းအလင်းသည် မြေကမ္ဘာပေါ်သို့ ပက်ဖြန်း၍ ည၏အေးစက်မှုကို သယ်ဆောင်ယူသွားလေပြီ။ ဆောင်းဦးလေသည် အအေးဓာတ် လျော့လာကာ နွေးထွေးမှုအရိပ်အယောင် ပါဝင်လာသည်။

လေအဝေ့တွင် အဝါ၊အနီ သစ်ရွက်ခြောက်များ ပျံဝဲနေ၏။ ထိုမြင်ကွင်းကို ကြည့်ရသည်မှာ အတော်လေး လှသည်။

ဝမ်လင်းသည် ဒီဂြိုဟ်၏ အမြင့်ဆုံးတောင်ပေါ်သို့ ဖြည်းဖြည်းချင်း လှမ်းလျှောက်၍ တတ်သွားသည်။ သူသည် မည်သည့်ကျင့်ကြံမှုကိုမှ အသုံးမပြုပေ။ သေမျိုးတစ်ယောက်လို တောင်ပေါ် တက်လာခြင်း ဖြစ်သည်။

အတိတ်တုန်းက သူ ဝမ်ပိုင်ကို ခေါ်၍ သည်တောင်ကို သိမ်းပိုက်စဉ်ကလိုမျိုးပင်။

ဝမ်လင်းသည် စီးဆင်းနေသော မြစ်တစ်စင်းဘေးတွင် ရပ်နေ၏။ သူ့အကြည့်က အကွာအဝေးတစ်ခုသို့ ရောက်နေသည်။

ပင်လယ်ထဲတွင် အထီးကျန်လှေငယ်တစ်စင်း ရှိနေ၏။ ဝမ်လင်းသည် ထိုလှေပေါ်တွင် ရပ်နေလျက် ပင်လယ်လှိုင်းများကို ရင်ဆိုင်ရင်း လောကကို ကြည့်နေသည်။

“ပိုင်အာ…ဒီတောင်တွေဟာ ဂုဏ်သိက္ခာနဲ့တူတယ်။ မြစ်ဟာ အတွေးနဲ့ တူတယ်။ ပင်လယ်ဟာ နှလုံးသားလိုမျိုးပဲ။ သားက တောင်ကို ချနင်းလွှမ်းမိုးနိုင်ရင် သားမှာ ဂုဏ်သိက္ခာ ပိုင်ဆိုင်လာလိမ့်မယ်။ ကောင်းကင်နဲ့မြေကြီးကို ဦးညွတ်လက်ခံစရာ မလိုဘူး။ ကံကြမ္မာကို အညံ့ခံစရာ မလိုဘူး။ သား ဘယ်နေရာပဲ ရောက်နေပါစေ သားရဲ့ ခေါင်းထဲမှာ ဂုဏ်မာနကို မြင့်မြင့်မားမား ထားရှိရမယ်…”

“ငါ့အနေနဲ့ သားကို မြစ်တွေကို လွှမ်းမိုးသိမ်းပိုက်ပြီး ယုံကြည်မှုကို သဘောပေါက်စေခဲ့တယ်။ ဒီယုံကြည်မှု မရှိရင် မြစ်ဟာ မစီးဆင်နိုင်သလို ယုံကြည်မှုမရှိတဲ့သူဟာလည်း လူသေတစ်ကောင် လမ်းလျှောက်နေသလိုမျိုးပဲ ဖြစ်မှာ…”

“အဖေဟာ မင်းကို ပင်လယ်ကို လွှမ်းမိုးရွက်လွှင့်ခိုင်းခဲ့ပြီး ပင်လယ်လို ကျယ်ပြောတဲ့ နှလုံးသားတစ်ခုကို ပိုင်ဆိုင်စေခဲ့တယ်။ မင်းရဲ့ နှလုံးသားဟာ တခြားသူတွေ ခန့်မှန်းရေတွက် မရနိုင်တဲ့ ပင်လယ်လိုမျိုး ဖြစ်ရမယ်…”

ဝမ်လင်းသည် တောင်၊မြစ်နှင့်ပင်လယ်တို့ကို ဖြတ်လျှောက်လာသည်။ သူသည် လွင်ပြင်များ၊ တောအုပ်များ၊ အတိတ်တုန်းက ဝမ်ပိုင်နှင့် သူ တွေ့မြင်ခဲ့ရသော အရာအားလုံးကို ဖြတ်သန်း၍ လျှောက်လာသည်။ သူသည် ကြယ်ခုနစ်လုံးရှေးဟောင်းနတ်ဘုရား ဖြစ်လာပြီး၊ အတွင်းနယ်မြေမှာကော အပြင်နယ်မြေမှာကော ကျော်ကြားကာ လူတိုင်းအား တုန်လှုပ်စေနိုင်ခဲ့သူ ဖြစ်လာခဲ့လျှင်ပင် သူသည် အဖေတစ်ယောက် ဖြစ်နေဆဲပင်။ သူ့သား ဝမ်ပိုင်ကို လွမ်းသော သေမျိုးတစ်ယောက်လို ဖြစ်နေဆဲပင်။ သူ့မွေးရပ်မြေအကြောင်း တွေးမိတိုင်း သူ၏အတွေးများထဲ၌ အတိတ်ကိုအောက်မေ့မှုတို့ ပြည့်လာသည်။ သူသည် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့အတွင်းမှ ထွက်ပေါ်လာသော ဝမ်ပိုင်၏စိတ်ဝိညာဉ်ကို ခံစားမိသည်။ ဆံပင်ဖြူများနှင့် အထီးကျန်ပုံရိပ်တစ်ခု။

ဝမ်လင်းသည် သူ့ကို မမေ့ပစ်နိုင်သော မှတ်ဉာဏ်များ ပေးခဲ့သော ဤနေရာကနေ ထွက်ခွာလာတော့သည်။ သူသည် အကွာအဝေးတစ်ခုသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားလေ၏။ အောက်မေ့တမ်းတ သက်ပြင်းသံတစ်သံသာ တွယ်ငြိကျန်ခဲ့သည်။

***

All Chapters