← Chapters

မြေနိမ့်သားရဲကို အမဲလိုက်ခြင်း(၂)

Vol. 113 Ch. 1554

မြေနိမ့်သားရဲကို အမဲလိုက်ခြင်း(၂)

Vol. 113 Ch. 1554

သူ့ရှေ့ရှိကျောက်တုံးအစုအဝေးကို စိုက်ကြည့်ရင်း ဝမ်လင်းသည် သူ့လက်ကို ဝေ့ယမ်းလိုက်၏။ လေပြင်းတစ်ခု သူ့အား ဝေ့ခတ်သွားသည်။ ကျောက်တုံးများ ပျက်စီးသွားပြီး အတွင်းမှ စိတ်ဝိညာဉ်စွမ်းအင်များ ထွက်လာသည်။ ထို့နောက် ဝမ်လင်းက လက်ဆန့်ထုတ်ကာ ထိုစိတ်ဝိညာဉ်စွမ်းအင်များကို သူ့လက်ထဲ၌ ဝဲကတော့တစ်ခုအသွင် ဖြစ်စေသည်။

“စိတ်ဝိညာဉ်လမ်းညွှန်ခြင်း…” ဝမ်လင်းက သူ့ဘယ်လက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ ထိုဝဲကတော့သို့ လက်ညွှန်သည်။

ချက်ခြင်းပင် စိတ်ဝိညာဉ်စွမ်းအင်များသည် အခိုးအငွေ့အလား လေထဲသို့ မြောလွင့်၏။ ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေသည်။ သူက ထိုစိတ်ဝိညာဉ်စွမ်းအင်နောက်သို့လိုက်ကာ မြူများကြား မြန်ဆန်စွာ သွားလေ၏။

ကျောက်တုံးများမှ စိတ်ဝိညာဉ်စွမ်းအင်များသည် အသက်ဓာတ်ကင်းမဲ့ကာ အချိန်အရိပ်အယောင် ရှိနေသော်လည်း ၎င်းသည် မြေနိမ့်သားရဲထံမှ ဖြစ်ပေါ်လာခြင်းပင်။ ၎င်းထံ၌ မြေနိမ့်သားရဲ၏အော်ရာ အငွေ့အသက် ပါဝင်နေပေသည်။

ထိုအော်ရာကို လမ်းပြအဖြစ် အသုံးပြုပါက သူသည် မြေနိမ့်သားရဲကို ရှာတွေ့နိုင်မည်။

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ စိတ်ဝိညာဉ်စွမ်းအင် အခိုးအငွေ့များနောက်သို့ သူသည် လျှပ်စီးတန်းအလား လိုက်ပါလာသည်။ သူသည် မြူအတွင်းနက်ပိုင်းသို့ မြန်ဆန်စွာ ရွှေ့လျားလာနေသည်။

သူ ရှေ့ဆက်လာနေရင်း သူ့မျက်လုံးထဲတွင်လည်း ပျော်ရွှင်မှုအရိပ်အယောင်များ ပေါ်နေ၏။ သူက ရှေ့တည့်တည့်မှ မြူထံကနေ ဖိအားတစ်ခုကို ခပ်ရေးရေး ခံစားမိသည်။ ထိုဖိအားကြောင့် သည်နေရာတွင် မည်သည့်သားရဲမှ နေထိုင်ရဲမည် မဟုတ်ပေ။

ထိုဖိအားက သူ၏စိတ်ထဲ ဝင်လာနေရင်း အစွမ်းထက်အားတစ်ခုအဖြစ်သို့ ပြောင်းကာ ဝမ်လင်း၏စိတ်ကို တုန်ယင်စေသည်။

တုံ့နှေးမနေဘဲ သူက သူ့နတ်ဘုရားအာရုံကို ဖြည်းဖြည်းချင်း ပြန်ရုတ်သိမ်းကာ ဖိအားကို သတိမပြုမိစေရန် လုပ်ဆောင်သည်။ သူ့နတ်ဘုရားအာရုံသည် ပြန်ကြုံ့လာရင်း သူ့ဘေးပတ်လည် ပေတစ်ထောင်တွင်သာ ရှိတော့လေသည်။

တစ်ချိန်တည်းမှာ သူ့ခန္ဓာကိုယ်က စိတ်ဝိညာဉ်စွမ်းအင်အခိုးအငွေ့များနှင့် မြူကို ချိုးဖျက်ကာ မြူအတွင်းနက်ပိုင်းသို့ တဟုန်ထိုး တိုးဝင်သွားသည်။

သူ ပိုတိုးဝင်လာလေ‌လေ ဖိအားသည် ပိုပြင်းထန်လာလေပင်။ ပိုရှင်းလာလေပင်။ မရေမတွက်နိုင်သောတောင်များက သူ့အပေါ်သို့ ဖိချလာသည့်နှယ်။ သို့သော် ယင်းဖိအားက ဝမ်လင်းကို နောက်ပြန်မဆုတ်သွားစေပေ။ ထိုအစား ပိုစိတ်လှုပ်ရှားမှုနှင့် တိုက်ပွဲဆန္ဒက သူ့မျက်လုံးထဲတွင် ပေါ်လာလေ၏။

သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ စိတ်ဝိညာဉ်စွမ်းအင်အခိုးအငွေ့များသည် သူ့သိုလှောင်နေရာလွတ်အတွင်းသို့ ပြန်ရောက်ရှိသွား၏။ သူသည် နေရာတွင် ရပ်နေရင်း နှုတ်ခမ်းသပ်လိုက်မိသည်။

“ဒီမြေနိမ့်သားရဲက ဒီလောက် မသန်မာဘူးဆိုရင် ၎င်းကို အမဲလိုက်ရတာ ပျင်းစရာတောင်း ကောင်းအုံးမယ်။ ဒီကောင် ပိုအစွမ်းထက်လေလေ ငါ အမဲလိုက်ရတာ ပို ထိုက်တန်လေပဲ။ ဒီသားရဲကသာ ငါ့ရှေးဟောင်းနတ်ဘုရားရဲ့ အသက်အနှစ်သာရသားရဲ ဖြစ်လာဖို့ အရည်အချင်း ရှိတယ်…” ဝမ်လင်းသည် ပြုံး၍ ရှေ့သို့ ဖြည်းဖြည်းချင်း ဆက်လျှောက်လာသည်။

ဝမ်လင်း နီးကပ်လာလေလေ ဖိအားက ပိုပြင်းထန်လာလေပင်။ ထိုဖိအားသည် အိပ်စက်နေသည်ဟု ထင်ရပြီး ငြိမ်သက်စွာ ပျံ့လွင့်နေ၏။

ထိုဖိအား ပျံ့လွင့်နေရင်း မြူများသည်လည်း ၎င်းနှင့်အတူ ပျံ့နှံ့သည်။

ဝမ်လင်းသည် စိတ်လှုပ်ရှားစွာ ရှေ့ဆက်တိုးလာနေ၏။

မြေနိမ့်သားရဲတစ်ကောင်ကို အမဲလိုက်ခြင်း။

သူ့နတ်ဘုရားအာရုံက သူ့ပေတစ်ထောင်ပတ်လည်တွင်သာ ရှိနေ၏။ အခုချိန်၌ ဝမ်လင်းသည် သူ့နတ်ဘုရားအာရုံ သို့မဟုတ် စိတ်ဝိညာဉ်စွမ်းအင်အခိုးငွေ့တို့ကို သူ့အား လမ်းပြပေးရန် အသုံးပြုဖို့ မလိုတော့ပေ။ သူက ထိုဖိအားနောက်သို့ လိုက်ပါရင်း မြေနိမ့်သားရဲကို ရှာနိုင်ပြီ ဖြစ်၏။

မြူများသည် အဘက်ဘက်သို့ လှိုင်းများအလား ငြိမ်သက်စွာ ပျံ့နေ၏။ ဝမ်လင်းက မြူများအတွင်းသို့ တုံ့ဆိုင်းခြင်းမရှိ ခြေလှမ်းလိုက်သည်။ ထိုဖိအားနှင့်မြူက အပြင်းထန်ဆုံးအခိုက်အတန့်သို့ ရောက်လာသည့်အခါ၌ ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားကာ ရုတ်တရက် သူသည် အရှိန်မြှင့်တင်လိုက်သည်။

ထိုအခိုက်၌ ဝမ်လင်း၏အမြန်နှုန်းမှာ အထွတ်အထိပ်သို့ ရောက်လာခဲ့ပြီး ဖြစ်ရာ အရှင်လုဖူသည်ပင် သူ့ကို ယှဉ်နိုင်တော့မည် မဟုတ်ပေ။

ထိုအမြန်နှုန်းသည် အတိုင်းမသိပင်။ အသံထက် အဆများစွာ မြန်၏။ ဝမ်လင်းက အသံပေါက်ကွဲမှုများကို သူ့နောက်သို့ ပစ်လွှတ်ရင်း ရှေ့ဆက်တိုးလာသည်။

သူ့ရှေ့မှ မြူများ ပျက်စီးကာ ပြန့်ကျဲကုန်သည်။ သူ့ရှေ့မှ ဖိအားသည်လည်း တလွှာချင်း လွင့်ပါးလေ၏။

ဖျပ်ခနဲအတွင်း ဝမ်လင်းသည် သူ့ရှေ့မှ မြူများကို ချိုးဖျက်လာပြီးနောက် သူသည် ရှေ့ ပေတစ်ထောင်ခန့်တွင် သားရဲကြီးတစ်ကောင်ကို မြင်သည်။ ထိုသားရဲမှာ ဝေလငါးကြီးနှင့်တူကာ ‌ပေသန်းချီ ရှည်လျား၏။ ၎င်း၏ရှေ့တွင် ကျင့်ကြံသူများသည် ပုရွတ်ဆိတ်များနှင့် တူနေပေလိမ့်မည်။

မြေနိမ့်သားရဲ။

၎င်း၏ပါးစပ် ဘေးတစ်ဖက်စီ၌ ဖြည်းဖြည်းချင်း လှုပ်ရမ်းနေသော သားရဲအမွှေးကြီးနှစ်ခု ရှိ၏။ ၎င်း၏ပါးစပ်နှင့်မျက်လုံးတို့မှာ အိပ်ပျော်နေသည့်နှယ် ပိတ်ထားသည်။

၎င်း၏ခန္ဓာကိုယ်မှာ အပြာရောင့်ရောင် ဖြစ်၏။ ၎င်း၏ခန္ဓာကိုယ်မှ ပြင်းထန်သောဖိအားတစ်ခု ထွက်ပေါ်နေပြီး မြူများကို အဝေးသို့ တွန်းထုတ်သည်။

ဝမ်လင်းသည် တစ်စက်လေးပင် မရပ်ဘဲ ရှေ့ဆက်တိုးလာသည်။

ပေတစ်ထောင်၊ ရှစ်ရာ၊ ငါးရာ၊ သုံးရာကနေသည် ပေသုံးဆယ်သာ လိုတော့သည်။

သူ ပေသုံးဆယ်အတွင်းသို့ ရောက်လာသည့်အခါ၌ ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ အိပ်ပျော်နေသောမြေနိမ့်သားရဲ ပေါ်သို့ ကြမ်းတမ်းစွာ ရိုက်ချလိုက်လေသည်။

ရုတ်တရက် တုန်ဟည်းသံများ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။ တစ်ချိန်တည်းမှာလည်း ဝမ်လင်းကြောင့် အသံပေါက်ကွဲမှု ဖြစ်ပေါ်၏။ ကျယ်လောင်စွာပေါက်ကွဲမှုသည် ရုတ်တရက်ကြီး မြူများအနှံ့တွင် ပဲ့တင်ထပ်သည်။

တုန်ဟည်းသံများက ဤကြယ်နယ်မြေသည် ပျက်စီးတော့မည့်နှယ်။

“တော်ဝင်ရှေးဟောင်းနတ်ဘုရားတစ်ပါးအနေနဲ့ ငါဟာ ရှေးအမိန့်အမွေအနှစ် ခွန်အားကို အသုံးပြုပြီး ငါ့ရဲ့ အသက်အနှစ်သာရသားရဲ ဖြစ်လာဖို့အတွက် ၎င်းရဲ့ ပြင်ပခန္ဓာကိုယ်ကို ချိပ်ပိတ်တယ်…” တုန်ဟည်းသံများ မြည်ဟည်းနေရင်း ဝမ်လင်း၏ညာလက်က မြေနိမ့်သားရဲပေါ်သို့ ကျရောက်သွားပြီး လက်ဝါးအရွယ်ရှေးအမိန့်စာလုံးတစ်လုံး ပေါ်လာသည်။

“ပြင်ပချိပ်ပိတ်မှု ပြီးပြည့်စုံသွားပြီ။ အခု အတွင်းဘက်ကို ချိပ်ပိတ်ရမယ်။ ဒါပေမဲ့ ငါဟာ အဲ့နယ်မြေထဲ မဝင်ရောက်နိုင်ဘူး။ ဒါ့ကြောင့် အခက်ခဲဆုံးဟာ စိတ်ဝိညာဉ်ချိပ်ပိတ်ဖို့ပဲ။ ဒီချိပ်ပိတ်မှုသုံးခုသာ ပြည့်စုံသွားခဲ့ရင် ဒီသားရဲဟာ ငါ့ရှေးဟောင်းနတ်ဘုရားအသက်အနှစ်သာရ သားရဲ ဖြစ်လာနိုင်ပြီ…”

မြေနိမ့်သားရဲ၏ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ဟည်းသွား၏။ ၎င်း၏ခန္ဓာကိုယ်မှ ဒေါသတကြီးအော်ဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။ ထိုဟိန်းသံသည် တတိယအဆင့်ကျင့်ကြံသူများ၏ မန္တာန်နှင့် ဆင်တူသည်။ ၎င်းသည် ချက်ခြင်းပင် ပေါက်ကွဲသံကို ဖိနှိပ်သွားသည်။ ယင်းသားရဲ၏ အော်ဟိန်းသံနှင့် ပေါက်ကွဲသံတို့ ထိပ်တိုက်တွေ့သည့်အခါ ဖော်ပြရန်ခက်ခဲလှသော တုန်ခါလှိုင်းတစ်ခု ဖြစ်ပေါ်သည်။

ထိုအားသည် လျင်မြန်စွာ ပျံ့နှံ့သည်။ ကြယ်နယ်မြေအတွင်းရှိ မြူများသည် အရူးအမူး တဝီဝီ စတင်လည်ပတ်သည်။ လူတစ်ယောက်သည် အပြင်ဘက်မှ ကြည့်ပါက မြူများသည် မြန်ဆန်သောနှုန်းဖြင့် ချဲ့ကား ပေါက်ကွဲထွက်လာသည်ကို တွေ့နိုင်ပေမည်။ ၎င်းသည် ဤကြယ်နယ်မြေ မပြိုလဲမပျက်စီးခင် ဘေးကပ်ဘေးတစ်ခုအလား။

အလုံးစုံကောင်းကင်မှ ကျင့်ကြံသူအားလုံးသည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း တုန်ခါသွားသည်ကို ခံစားမိလိုက်ကြ၏။

ဝမ်လင်းသည် မြေနိမ့်သားရဲနှင့် အနီးဆုံးတွင် ရှိနေ၏။ ထိုဖိသိပ်အားလှိုင်းက သူ့ထံသို့ ရိုက်ခတ်လာသည့်အခါ သူသည် နောက်သို့ ပေထောင်ချီ လွင့်ထွက်သွားရသည်။ သူ့ခြေလှမ်းတိုင်းသည် ဟင်းလင်းပြင်ကို တုန်ခါစေကာ သူ့ခြေထောက်အောက်ရှိ လေဟာနယ်မှာ ပြိုလဲပျက်စီးပြီး ပုံရိပ်ယောင်ပိုက်ကွန်တစ်ခု ပေါ်လာလေ၏။ ၎င်းမှာ နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ပင်။

မြေနိမ့်သားရဲ၏ ခန္ဓာကိုယ်မှာ တုန်ခါနေ၏။ ၎င်းက မျက်လုံးဖွင့်လာပြီး ဝမ်လင်းကို စူးရဲစွာ ကြည့်သည်။ ၎င်း၏ပါးစောင်အမွှေးနှစ်ခုက လှုပ်ရှားသွားပြီး ၎င်း၏ပါးစပ်မှ ဟိန်းသံများ ထွက်ပေါ်လာသည်။ ၎င်း၏ကြီးမားသော ခန္ဓာကိုယ်ကြီးက နောက်မဆုတ်သွားပေ။ ထိုအစား ၎င်းက ဟိန်းသံပေးလျက် ကြမ်းကြုတ်သောအကြည့်ကို ထုတ်ဖော်ကာ ဝမ်လင်းထံသို့ ဝင်ဆောင့်ချလာသည်။

ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။ သူသည် ပါးစပ်ထောင့်မှ သွေးကို သုတ်ကာ အားပါးတရ ရယ်မောလိုက်၏။ သူသည်လည်း နောက်ဆုတ်ဘဲ ရှေ့တည့်တည့်သို့ တိုးဝင်သည်။

“သူတို့တွေ အပြောအရတော့ ဒီသားရဲရဲ့ စိတ်နေစိတ်ထားဟာ ရှက်ကြောက်တတ်တယ်တဲ့။ ဒီသားရဲက ရန်သူကို တွေ့တာနဲ့ ထွက်ပြေးတယ်တဲ့။ ငါ အတိတ်တုန်းက ဒီသားရဲကို တွေ့ခဲ့တဲ့အချိန်တုန်းကတော့ ဒါဟာ အမှန်ပဲ။ ဒါပေမဲ့ အခုတော့ ဒီသားရဲက တချို့အကြောင်းရင်းတွေကြောင့် ထွက်မပြေးသွားဘူးပဲ။ ဒါလည်း ကောင်းတာပဲ…”

ဝမ်လင်း၏ခန္ဓာကိုယ်မှ တစီစီအသံများ ထွက်ပေါ်လာ၏။ သူ့မျက်ခုံးနှစ်ခုကြားမှ ရှေးဟောင်းနတ်ဘုရားကြယ်ခုနစ်လုံးသည် မြန်ဆန်စွာ လည်ပတ်ကာ သူ၏ခန္ဓာကိုယ်သည် ပေတစ်သောင်းထိ မြင့်မားလာချေသည်။

ဝမ်လင်းသည် သူ့လက်နှစ်ဖက်ကို ဖြန့်ကားလျက် သူ့ထံ ဝင်ဆောင့်လာသော မြေနိမ့်သားရဲကို ထွေးပိုက်လိုက်သည်။ ဝမ်လင်းက ချက်ခြင်းပင် သူ့ခန္ဓာကိုယ်သို့ ပြင်းထန်သောအားတစ်ခု ရိုက်ချလာသည်ကို ခံစားမိသည်။ သူ သွေးအန်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူသည် နောက်သို့ တရွတ်ဆွဲသွားသည်။

သို့ပေမည့် ဝမ်လင်း၏တိုက်ပွဲဆန္ဒမှာ ပိုအားကောင်းလာသည်။ သူ၏ အော်သံ ပဲ့တင်ထပ်သည်။

“ပို စိတ်ဝင်စားဖို့ ကောင်းလာပြီ။ ငါနဲ့ ခွန်အားချင်း ယှဉ်ချင်တာလား…” ဝမ်လင်းက သူ့ကိုယ်သူ ရပ်တန့်စေလိုက်၏။ ထိုအခိုက်တွင် မြေနိမ့်သားရဲထံမှ နောက်ထပ်စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားမှ ကြယ်ခုနစ်လုံးသည် မြန်ဆန်စွာ လည်ပတ်ပြီး သူ၏ခန္ဓာကိုယ်တွင် ရှေးဟောင်းနတ်ဘုရားစွမ်းအားများ ပြည့်နှက်လာသည်။ နောက်သို့ တရွတ်ဆွဲသွားခြင်းက သူ့အား မဟန့်တားနိုင်သည့်အပြင် သူက မြေနိမ့်သားရဲကို ဖမ်းပွေ့ရန် ရှေ့သို့ပင် တစ်လှမ်းတိုးလိုက်သည်။

ဟင်းလင်းပြင်သည် သူ့ဟာသူ တုန်ခါလာကာ မြူများသည် မြည်ဟည်းသည်။ ဝမ်လင်း၏ရယ်သံ ပျံ့နှံ့လာသည်။ သူ့မျက်လုံးတို့မှာ ချင်းချင်းနီရဲလျက် တိုက်ပွဲဆန္ဒဖြင့် ပြည့်လျှံနေသည်။ မြေနိမ့်သားရဲကို နောက်သို့ ခြေတစ်လှမ်း တွန်းထုတ်ပြီးနောက် သူသည် ဒုတိယမြောက်ခြေလှမ်းကို လှမ်းသည်။

ဝမ်လင်းထံမှ ထွက်ပေါ်လာသော ရှေးဟောင်းနတ်ဘုရားစွမ်းအားကို မခံနိုင်သည့်အလား ၎င်းသားရဲထံမှ ဟိန်းသံတစ်သံ ထွက်ပေါ်လာ၏။ ၎င်းသည် နောက်သို့ အတင်း တွန်းထုတ်ခံနေရသည်။

ဝမ်လင်းသည် မာန်သွင်းလျက် တစ်လှမ်းပြီးတစ်လှမ်း မြန်သထက်မြန်မြန် ရှေ့ဆက်တိုးသည်။

ပေတစ်ထောင်းထိ ရောက်လာ၏။

မြေနိမ့်သားရဲသည် မည်မျှ ရုန်းကန်ပါစေ ၎င်းသည် ဝမ်လင်း၏လက်နှစ်ဖက်မှ လွတ်မြောက်နိုင်ခြင်းမရှိ ဖြစ်နေ၏။ ပေတစ်သောင်းကျော်လာပြီးနောက် ဝမ်လင်း၏လက်နှစ်ဖက်မှာ ဖောင်းကားလာသည်။ သူက မြေနိမ့်သွားရဲကို ပင့်မြှောက်လိုက်ပြီး အောက်သို့ ပြန်ရိုက်ချလိုက်လေသည်။

တုန်ဟည်းသံများ မြည်ဟည်း။ ဒီကြယ်နယ်မြေအတွင်းရှိ မြူများ နောက်သို့ လွင့်စင်ကာ အလယ်တွင် အပွင့်အဟတစ်ခုကို ဖန်တီးသည်။ မြေနိမ့်သားရဲသည် ဝမ်လင်း၏ အထက်ပင့် အောက်ပစ်ချခြင်းကို ခံနေရလေ၏။

ကျယ်လောင်သောအသံတစ်သံ ပဲ့တင်ထပ်ကာ မြေနိမ့်သားရဲထံမှ ကြောက်လန့်ထိတ်ပြာသောအသံ ထွက်ပေါ်လာသည်။ ၎င်း၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှု ပြည့်နှက်ကာ ၎င်းသည် ဝေလငါးတစ်ကောင်အလား လှုပ်ရှားတော့သည်။ ၎င်းသည် ဆက်လက် မတိုက်ခိုက်ရဲတော့ပေ။ ဝမ်လင်း၏ ပစ်ချခြင်း ခံလိုက်ရပြီးနောက် ၎င်းသည် အောက်ဘက်သို့ စုန်ဆင်းကာ ထွက်ပြေးတော့သည်။

“ဒီနတ်ဘုရားရဲ့ အသက်သားရဲ ဖြစ်လာပြီး ဒီနတ်ဘုရားနဲ့အတူ လောကကို ချနင်းကျမယ်…” ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။အစောပိုင်းတုန်းက သူ ပစ်လွှတ်ခဲ့သော လက်ဝါးချက်၌ သူ့အသက်ဓာတ်အားအော်ရာ ပါဝင်ပေ၏။ ၎င်းသည် မြေနိမ့်သားရဲ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့ပြီး ဖြစ်သည်။

မြေနိမ့်သားရဲ ထွက်ပြေးသည်ကို မြင်သည့်အခါ ဝမ်လင်းသည် ရှေ့သို့ လှမ်းသည်။ သို့ပေမည့် သူသည် မြေနိမ့်သားရဲနှင့် နီးကပ်လာသည့်အခါတွင် ၎င်းသည် ရုတ်တရက် လှည့်လာသည်။ ၎င်း၏မျက်လုံးထဲရှိ ကြောက်လန့်မှုမှာ ပျောက်ကွယ်သွားပြီး ဉာဏ်ပညာအရိပ်အယောင် အစားထိုးသွားလေ၏။

***

All Chapters