← Chapters

ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်၏ပလ္လင်

Vol. 113 Ch. 1559

ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်၏ပလ္လင်

Vol. 113 Ch. 1559

မြေနိမ့်သားရဲက ထိုသို့သောပုံစံမျိုးဖြင့် စိုက်ကြည့်သည့်အခါ ဝမ်လင်းသည် အနည်းငယ် မသက်မသာ ဖြစ်သလို ခံစားမိသည်။ သူသည် မြေနိမ့်သားရဲ၏ နှစ်ကြိမ်တိုင်တိုင် မှုန်ဝေစွာ အကြည့်ခံရသော သနားစရာလူအကြောင်းကိုလည်း တွေးမိသွားသည်။

ထိုသနားစဖွယ်ကောင်းသောသူမှာ ဒီမြေနိမ့်သားရဲ၏ကိုယ်တွင်း၌ ရှိနေတုန်းပင်။ သူ ဘာတွေများ လုပ်နေသည်ကိုမူ မသိရပေ။ ဝမ်လင်းသည် သူ မသိသော ထိုသူ့ကို အရေးစိုက်နေရန် အချိန်ရှိမနေပေ။ သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေကာ သူက မြေနိမ့်သားရဲထံ လက်ညွှန်လိုက်သည်။ မြေနိမ့်သားရဲသည် တစ္ဆေအလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလဲကာ သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။

၎င်းသည် ဝမ်လင်း၏ဒုတိယမြောက်ကြယ်နှင့် ပေါင်းစပ်သွားပြီး ပျောက်ကွယ်သွားတော့သည်။

လှမ်းရှုကြည့်ပါက ဝမ်လင်းသည် အလုံးစုံကောင်းကင်၌ သူ့လုပ်ရမည့် အရာလေးခုကို ပြီးမြောက်သွားခဲ့ပေပြီ။ သူသည် တချို့ကံမ္မများကို ပြီးပြည့်စုံစေခဲ့ပြီးသလို တချို့အသိဟောင်းများကိုလည်း တွေ့မြင်ခဲ့ပြီး ဖြစ်၏။

ဝမ်လင်းသည် သက်ပြင်းချ၍ အကွာအဝေးတစ်ခုသို့ လှမ်းသွားတော့သည်။

မြေနိမ့်သားရဲ၏ခန္ဓာကိုယ်တွင်းရှိ နယ်မြေမှာ အကန့်အသတ်မဲ့ပေ၏။ ၎င်းနယ်မြေသည် ဗရမ်းဗတာဖြစ်နေပြီး ကြီးနိုင်သေးနိုင်သည်။ ထိုအခိုက်၌ ယင်းနယ်မြေတွင်းမှာ ဗရမ်းဗတာ ဖြစ်နေပြီး သနားစရာကောင်းဟန်ရသော ကျင့်ကြံသူက နှစ်ပေါင်းများစွာ ဒီအတွင်းပိုင်းကို ရှာဖွေနေသည်။ “ဒီသားရဲ တကယ်ပဲ စိတ်ရှည်လှပါလား။ ဒီကောင်က နှစ်ပေါင်းရာချီ စောင့်ဆိုင်းနိုင်တယ်။ ဒါပေမဲ့ အဆုံးသပ်မှာ ငါကတော့ ဆက်မစောင့်နိုင်တော့ဘဲ ထွက်ခွာလာခဲ့တယ်။ ဒါပေမဲ့လည်း ခုနစ်ရောင်စုံနယ်မြေ ပျက်စီးသွားတဲ့နောက် ငါ ဘယ်လိုဆိုးဝါးနဲ့နေရာမှာ လာပြီး အဆုံးသပ်ခဲ့ရတာလဲ…”

“ထိုကျင့်ကြံသူသည် စိတ်ရှုပ်ထွေးနေ၏။ သူသည် ဒီအကြောင်းကို နှစ်ပေါင်းရာချီ တွေးနေခဲ့ခြင်းပင်။ သေစမ်းကွာ။ ဒီနေရာက ဘာကြယ်နယ်မြေလဲ။ နှစ်ရာချီရှိနေတာတောင် ငါ သက်ရှိတစ်ကောင်တစ်မြှီးမှ မတွေ့ရသေးဘူး။ ငါ ဟင်းလင်းပြင်အက်ကြောင်းတစ်ခုထဲ ရောက်နေလာများလား။ ငါ ဒါကို မယုံနိုင်ဘူး။ ဒီက ထွက်နိုင်တဲ့ နည်းလမ်းတစ်ခုတော့ ရှိကို ရှိရမယ်…”

ထိုကျင့်ကြံသူက သူ့ကိုယ်သူ အားတင်းကာ ဆက်လက်၍ ရှာဖွေနေတော့သည်။

အလုံးစုံကောင်းကင်၌ ကြယ်များကြား၌ သွေးရောင်လွှမ်းသောဂြိုဟ်တစ်လုံး ရှိလေ၏။ ကြယ်များကြား၌ ယင်းဂြိုဟ်ထံမှ ကြောက်မက်ဖွယ်သွေးအလင်းကို ပေးစွမ်းကာ ဒီဧရိယာကို လင်းထင်းစေသည်။ လူတစ်ယောက်သည် ၎င်း၏အားကောင်းလှသော သွေးအော်ရာကို ခံစားမိနိုင်မည် ဖြစ်၏။

ဝမ်လင်းသည် ထိုသွေးရောင်ဂြိုဟ်ပြင်ပ၌ ပေါ်လာ၏။

ထိုသွေးဂြိုဟ်ကို စိုက်ကြည့်နေရင်း ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းပြီး သူ၏သိုလှောင်နေရာလွတ်ကို ဖွင့်လှစ်လိုက်သည်။ ရှေးဟောင်းနတ်ဆိုး ပေါ်လာပြီး ဝမ်လင်းက ၎င်း၏လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။

“ပြောစမ်း... လျှို့ဝှက်ချက်က ဘာလဲ…”

ရှေးဟောင်းနတ်ဆိုးမှာ ကြောက်ရွှံရုန်းကန်နေ၏။ သူသည် ခပ်သွက်သွက် ပြောလိုက်သည်။ “ငါ ပြောပါ့မယ်။ ဒါပေမဲ့ သင် ငါ့ကို လွှတ်ပေးရမယ်…”

ဝမ်လင်းသည် တည်ငြိမ်စွာ ပြောလိုက်၏။ “ဒီလျှို့ဝှက်ချက်က ငါ့အတွက် အသုံးဝင်ခဲ့ရင် မင်းအတွက် အခွင့်အရေးတစ်ခု ရှိနိုင်မယ်…”

ရှေးဟောင်းနတ်ဆိုးသည် ထိတ်လန့်နေသော်လည်း သူက အော်ဟစ်လိုက်ဆဲပင်။ “အခွင့်အရေးနဲ့တင် မလုံလောက်ဘူး။ မင်း ငါ့ကို မလွှတ်ပေးရင် ငါ ပြောပြမှာ မဟုတ်ဘူး။ မင်း ငါ့စိတ်ဝိညာဉ်ကို ရှာလည်း အသုံးဝင်မှာ မဟုတ်ဘူး။ ရှေးဟောင်းနတ်ဆိုးကလန်ဝင်တစ်ယောက်အနေနဲ့ ငါ့မှာ ကိုယ်ပိုင်နည်းလမ်း ပိုင်ဆိုင်ထားတယ်…”

ဝမ်လင်းသည် သူ့လက်ထဲရှိ ရှေးဟောင်းနတ်ဆိုးကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ သို့သော် သူက စကားမဆိုပေ။ သို့ပေမည့် သူ့အကြည့်ဖြင့်ပင် ထိုရှေးဟောင်းနတ်ဆိုးသည် ပိုထိတ်လန့်သွား၏။

အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက ပြောလာ၏။ “မင်း မပြောချင်ရင်လည်း ဒီကိစ္စကို ထားလိုက်တော့…” ထို့နောက် ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။ သူက ရှေးဟောင်းနတ်ဆိုးကို သူ့သိုလှောင်နေရာလွတ်အတွင်းသို့ ပြန်ထည့်သိမ်းရန် ဟန်ပြင်လိုက်သည်။

ရှေးဟောင်းနတ်ဆိုးသည် အတော်လေး လန့်သွားပြီး အသည်းအသန် အော်ဟစ်လိုက်၏။ “ငါပြောပါ့မယ်…ပြောပါ့မယ်…”

“သင် ငါ့ကို မလိမ်ဘူးလို့ ကတိတစ်ခုပေးရမယ်။ ငါ့ကို အခွင့်အရေးတစ်ခု ပေးရမယ်…”

ဝမ်လင်းသည် မျက်မှောင်ကြုတ်သွားကာ စိတ်မရှည်ဖြစ်လာ၏။ ရှေးဟောင်းနတ်ဆိုးသည် သူ့စိတ်နှလုံးသား ပြိုဆင်းကျသလို ခံစားလိုက်ရ၏။ သူသည် အချိန်ထပ်မဖြုန်းဝံ့တော့ပေ။ သူက ခပ်မြန်မြန် ပြောလိုက်၏။ “ဒီသွေးဂြိုဟ်မှာ ငါတစ်ယောက်ပဲ ဖွင့်နိုင်တဲ့ ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ရှိတယ်။ အဲ့အထဲမှာ အစွမ်းထက်မန္တာန်တစ်ခုပါဝင်တဲ့ ပလ္လင်တစ်ခု ရှိနေတယ်။ ဒီပလ္လင်ဟာ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေက ဟာပဲ။ လူတစ်ယောက်က ကံကောင်းရင် အသက်သုံးသက်မန္တာန်ကို နားလည်နိုင်လိမ့်မယ်…”

“ဒီမန္တာန်ကို အောင်မြင်သွားတာနဲ့ သင်ဟာ အသက်သုံးသက် ပိုင်ဆိုင်လိမ့်မယ်…”

“ဒီအက်ကြောင်းကို ဖွင့်လိုက်…” ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ ရှေးဟောင်းနတ်ဆိုးသည် လွတ်လပ်မှု ပြန်ရသွား၏။ သို့ပေမည့် သူသည် မခုခံဝံ့ပေ။ သူက သွေးဂြိုဟ်ထံသို့ မြန်ဆန်စွာ ပျံသန်းသွားလေသည်။

ဝမ်လင်း၏အမူအရာသည် တည်ငြိမ်နေ၏။ သူသည် ရှေးဟောင်းနတ်ဆိုးနောက်ကနေ လိုက်လာသည်။

ရှေးဟောင်းနတ်ဆိုးသည် ရှေ့မှ ဖြစ်၏။ သူ့မျက်လုံးထဲတွင် ကွယ်ဝှက်ထားသော အေးစက်မှုတစ်ခု ရှိနေသည်။ သူ သွေးဂြိုဟ်နားသို့ ရောက်လာသည့်အခါ ၎င်းထံသို့ လက်ညွှန်လိုက်သည်။

သွေးဂြိုဟ်တစ်ခုလုံးသည် တုန်ယင်၏။ ၎င်းပေါ်တွင် ဧရာမအက်ကြောင်းတစ်ခု ပေါ်လာသည်။

ထိုအက်ကြောင်းသည် သွေးဂြိုဟ်တစ်ခုလုံးကို ဖြတ်သန်းသွားသည်။ တစ်ယောက်ယောက်က သည်ဂြိုဟ်ကို ဧရာမဓားတစ်လက်ဖြင့် ပိုင်းဖြတ်လိုက်သည့်အလား။ မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်သွားရင်း ဝမ်လင်းသည် အလယ်မှ ထက်ပိုင်းခြမ်းကာ နှစ်ပိုင်းကွဲသွားသော ဂြိုဟ်အလုံးအဝန်းနှစ်ခုကို စောင့်ကြည့်နေ၏။

ထိုဂြိုဟ်အလုံးအဝန်းနှစ်ခုကြားတွင် သွေးအမျှင်တန်းများ ဖုံးလွှမ်းနေသည်။ လူတစ်ယောက်သည် ထိုအလယ်၌ ပေတစ်ရာခန့်ရှည်လျားသော ဟင်းလင်းပြင်အက်ကြောင်းတစ်ခုကို ခပ်ရေးရေး မြင်နိုင်ပေမည်။

လေဟာနယ်အက်ကြောင်းသည် အစွန်းနှစ်ဖက်ကို အတားအဆီးများဖြင့် ချိပ်ပိတ်ထားသည့်အတွက်ကြောင့် ၎င်းသည် မပိတ်ဆို့ဘဲ ရှိနေ၏။

ရှေးဟောင်းနတ်ဆိုးသည် လေးစားကြောက်ရွှံ့သည့်ဟန်ဖြင့် ရပ်နေရင်း ခပ်တိုးတိုး ပြောလာသည်။ “ဒီဟာပါပဲ။ ဒီသွေးအမျှင်တန်းတွေထဲမှာ ယောင်မိသားစုရဲ့သွေးနဲ့ ငါ့နတ်ဆိုးစွမ်းအင်အနှစ်သာရတို့ ပါဝင်တယ်။ ငါသာ လမ်းမပြပေးရင် ဘယ်သူမှ ဒီထဲကို ဝင်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ဒီအက်ကြောင်းက ပျက်စီးလွယ်တယ်။ အတင်းဝင်မယ်ဆိုရင် ဒါက ပြိုလဲပျက်စီးသွားလိမ့်မယ်…”

ဝမ်လင်း၏အကြည့်သည် သွေးအမျှင်တန်းများပေါ်သို့ ဝေ့ဝိုက်ကျရောက်သွား၏။ သူက ခပ်ဖြည်းဖြည်း ပြောလိုက်သည်။ “လမ်းပြ…”

ရှေးဟောင်းနတ်ဆိုးသည် အလျင်အမြန် ခေါင်းညိတ်ပြကာ ရှေ့သို့ ဂရုတစိုက် လျှောက်လာသည်။ ထိုသွေးအမျှင်တန်းများက သူ့အား သတိပြုမိသည်ပုံပင်။ ဖြည်းဖြည်းချင်း နောက်ဆုတ်ကာ လမ်းကြောင်းတစ်ခု ဖွင့်ဟပေး၏။ ဝမ်လင်းက ထိုရှေးဟောင်းနတ်ဆိုးနောက်မှ ဖြည်းဖြည်းချင်း လိုက်ပါလာသည်။

ရှေးဟောင်းနတ်ဆိုးသည် အတော်လေး စိတ်ဖိစီးနေ၏။ သူသည် ဒီအခြေအနေကို မှီ၍ မလွတ်မြောက်နိုင်သည်ကို သိထား၏။ သွေးအမျှင်တန်းများသည် ဖြည်းဖြည်းချင်း နောက်ဆုတ်သွားရင်း ခုဆို သူသည် ဟင်းလင်းပြင်အက်ကြောင်းနှင့် ပေတစ်ရာအကွာသို့ ရောက်လာသည်။ သူ့ စိတ်ဖိစီးမှုမှာ အထွတ်အထိပ်သို့ ရောက်လာသည်။ သို့သော် သူက ထိုစိတ်ဖိစီးမှုကို တစ်စက်လေးမျှ မလှစ်ဟ မပေါ်ထွက်စေပေ။

ရှေးဟောင်းနတ်ဆိုးသည် ဟင်းလင်းပြင်အက်ကြောင်းအပြင်ဘက်တွင် ရပ်၍ ခပ်တိုးတိုး ပြောသည်။ “ဒီနေရာပါပဲ။ ပလ္လင်က အထဲမှာ ရှိတယ်…” သူ စောင့်နေ၏။ အခြားသူ ဝင်ဖို့၊ သူကိုယ်တိုင်ဝင်ဖို့၊ ဝမ်လင်း သူနှင့်အတူ ဝင်ဖို့ သို့မဟုတ် ရှေးကျွန်တစ်ယောက် ဝင်ဖို့ကို သူ စောင့်နေသည်။

မည်သို့ပင်ဖြစ်ဖြစ် တစ်စုံတစ်ယောက် ဝင်သွားသည်နှင့် မည်သူဝင်ဝင် သူသည် လွတ်မြောက်နိုင်ပြီဟု ယုံကြည်ချက် ရှိနေသည်။ အခုလို အရေးတကြီး အခိုက်၌ သူ့စိတ်ထဲရှိ ဖိစီးမှုမှာ အတော်လေး အားကောင်းနေသည်။

ဝမ်လင်းက ပေတစ်ရာအက်ကြောင်းကို ကြည့်နေ၏။ သူက သွေးရောင်ရေကန်တစ်ခုအတွင်း၌ ပလ္လင်တစ်ခု ရှိနေသည်ကို ခပ်ရေးရေး မြင်နိုင်သည်။ သူ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “မင်း တော်တော်လေး စိတ်ဖိစီးနေတဲ့ပုံပဲ…”

ရှေးဟောင်းနတ်ဆိုး၏စိတ်သည် တုန်ယင်သွားသည်။ သူသည် ဖျစ်ညှစ်၍ ပြုံးလိုက်၏။ သူ ဘာမှ မပြောနိုင်ခင်မှာပင် သူသည် ဝမ်လင်း နောက်ထပ် ပြောလာသော စကားကြောင့် စိတ်လွတ်သည့်အထိနီးပါး ထိတ်လန့်သွားသည်။

“ရှေးဟောင်းကြယ်အဖွဲ့အစည်းရဲ့ ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်က ပျောက်ဆုံးနေတဲ့ ပလ္လင်ဟာ ဒီတစ်ခုနဲ့ သိပ်မတူသလိုပဲ…” ဝမ်လင်းသည် သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ ရှေးဟောင်းနတ်ဆိုးကို ပြုံး၍ ကြည့်လိုက်သည်။

“သင်…သင်…” ရှေးဟောင်းနတ်ဆိုးသည် မယုံကြည်နိုင်ဟန် ဖြစ်ပေါ်၏။ သူ့စိတ်နှလုံးမှာ တုန်ယင်နေသည်။ သူသည် ဝမ်လင်းက ဤအကြောင်းကို သိနေလိမ့်မည်ဟု လုံးဝ မထင်ထားမိပေ။

“ငါ့စိတ်ရှည်မှုဟာ အကန့်အသတ်ရှိတယ်။ ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်လို့ ပြောခဲ့မှတော့ ငါ့ကတိကို မဖောက်ဖျက်ဘူး။ ငါမင်းကို နောက်ဆုံးအခွင့်အရေးတစ်ခု ပေးလိုက်မယ်။ ပလ္လင်အစစ်ကို ထုတ်လိုက်…” ဝမ်လင်းသည် ရှေးဟောင်းနတ်ဆိုးကို တည်ငြိမ်စွာ ကြည့်သည်။

“သူ ဘယ်လောက်များများ သိထားတာလဲ…” ရှေးဟောင်းနတ်ဆိုး၏စိတ်သည် တုန်ယင်နေ၏။ သူသည် ဝမ်လင်း၏အတွေးများကို ဖြတ်မမြင်နိုင်ပေ။ သို့ပေမည့် ဝမ်လင်း ပြောလိုက်သောစကားက သူ့အား ကြောက်လန့်တကြား ဖြစ်သွားစေ၏။

ဝမ်လင်းသည် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါ မင်းကို အသက်ရှုချိန်သုံးကြိမ်စာ အချိန်ပေးမယ်။ တစ်ကြိမ်၊ နှစ်ကြိမ်…”

“အက်ကြောင်းအတွင်းမှာပါ။ ဒါပေမဲ့ သင် မြင်ရတဲ့ တစ်ခုတော့ မဟုတ်ဘူး။ သင် ငါ့ကို မယုံကြည်ဘူးဆိုရင် သင့်အတွက် ငါ့အဲ့တာကို သွားယူပေးနိုင်တယ်။ ဒါမှမဟုတ် သင် ငါနဲ့ လိုက်ခဲ့နိုင်ပါတယ်…” ရှေးဟောင်းနတ်ဆိုးသည် မျှော်လင့်ချက်မဲ့မှုများနှင့် ပြည့်သွားတော့သည်။ သူ့မျက်နှာထက်၌ ခါးသီးမှုတို့ ပြည့်နှက်နေ၏။

ဝမ်လင်းသည် ရှေးဟောင်းနတ်ဆိုးကို တည်ငြိမ်စွာ ကြည့်၍ အေးစက်စက် ပြောလိုက်သည်။

ရှေးဟောင်းနတ်ဆိုး၏စိတ်သည် တုန်ယင်သွား၏။ သူသည် အက်ကြောင်းထံ ဖြည်းဖြည်းချင်း လှမ်းလျှောက်သွားသည်။ သူ အတွင်းသို့ ဝင်မည့်အချိန်တွင် သူက ဝမ်လင်း၏မျက်လုံးတွင်းမှ လှောင်ပြောင်မှုအရိပ်အယောင်ကို မြင်လိုက်ပုံ ရသည်။

“သူ ဘာကြောင့် ဒီလောက် ယုံကြည်မှု ရှိနေတာလဲ။ သူ ငါ့ကို အထဲ ဝင်ခွင့် ပြုရဲတယ်။ ဖြစ်နိုင်တာက ငါ့အပေါ်မှာ သူ့ရဲ့ အတားအဆီးတစ်ခုခု ရှိနေတာများလား။ ငါ အက်ကြောင်းအတွင်း ဝင်လိုက်တာနဲ့ ငါ ထွက်မပြေးနိုင်ခင် ဒီအတားအဆီးက အသက်ဝင်လာပြီး ငါ့ကို သတ်ပစ်မှာလား…” ရှေးဟောင်းနတ်ဆိုးသည် အက်ကြောင်းနှင့် ခြေတစ်လှမ်းသာ လိုတော့သည်။ သို့သော် သူသည် အဆမတန်ဝေးနေသည့်နှယ် ခံစားမိ၏။ သူ့ညာခြေမှာ လေထဲတွင် လှမ်းထားပြီးသားပင်။ သို့သော် သူ တွေဝေတုံ့ဆိုင်းနေသည်။

ရှေးဟောင်းနတ်ဆိုးသည် သူ့ရှေ့ရှိ အက်ကြောင်းကို ကြည့်နေရင်း သူ့တုံ့ဆိုင်းမှုသည် ပျောက်ကွယ်သွား၏။ သူ ညာခြေထောက်ချရန် ဟန်ပြင်လိုက်ပြီး စိတ်ထဲကနေ သက်ပြင်းချမိသည်။ ရှေးဟောင်းနတ်ဆိုး၏စိတ်သည် ပြိုလဲသွားသည်။ သူသည် လောင်းကြေးမထပ်ဝံ့တော့ပေ။

သူ အနိုင်ရခဲ့လျှင်ပင် သေမလား၊ရှင်မလား မသိရသည် မဟုတ်လား။

သူသာ ရှုံးနိမ့်သွားပါက သံသယမရှိ သေရပေလိမ့်မည်။

သူ ထိုသို့လောင်ကြေးမထပ်ခဲ့လျှင်မူ မျှော်လင့်ချက်ရောင်ခြည် ရှိနိုင်သေး၏။

ခါးသီးစွာ ခံစားနေရင်း ရှေးဟောင်းနတ်ဆိုးသည် သူ့ညာခြေထောက်ကို ပြန်ရုတ်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သည်။ သူသည် အက်ကြောင်းထံသို့ လက်ဆန့်တန်းလိုက်ရာ အတွင်းမှ ပလ္လင်သည် ပျက်စီးသည်။ ထို့နောက် အက်ကြောင်းအတွင်းမှ သွေးရောင်အဆောက်အဦတစ်ခု ပျံသန်းထွက်လာ၏။ တစ်ချိန်တည်းမှာ အက်ကြောင်းသည် ပိတ်ဆို့သွားပြီး မြန်ဆန်စွာ ပျောက်ကွယ်သည်။

“ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်မှာ ပလ္လင်သုံးခု ရှိတယ်။ တစ်ခုစီကို ဒီသွေးအဆောက်အဦထဲမှာ တွေ့နိုင်တယ်။ ဒီနေရာမှာတော့ ဒီတစ်ခုပဲ ရှိနေပြီး ကျန်တဲ့နှစ်ခုကတော့ ပျောက်ဆုံးနေတယ်။ သင် ကတိတည်ပြီး ငါ့ကို အခွင့်အရေးတစ်ခု ပေးဖို့ မျှော်လင့်မိပါတယ်…” ရှေးဟောင်းနတ်ဆိုးသည် မချိပြုံးပြုံး၍ မျက်လုံးမှိတ်လိုက်လေ၏။ သူသည် ဒီချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်အကြောင်းကို ဝမ်လင်း မည်သို့မည်ပုံ သိနေသည်ကို နားမလည်ပေ။ သို့ပေမည့် နောက်ဆုံးတွင် သူသည် ဝမ်လင်းနှင့် လောင်းကြေးမထပ်ရဲတော့ပေ။

ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။ သူ့သိုလှောင်နေရာလွတ်အတွင်း၌ ရှေးဟောင်းနတ်ဆိုးကို ပြန်ချိပ်ပိတ်လိုက်သည်။ ထို့နောက် သူသည် သွေးအဆောက်အဦကို ကြည့်လိုက်သည်။ ခဏတာ ငြိမ်သက်သွားပြီးနောက် ဝမ်လင်းက ၎င်းအဆောက်အဦကို သိမ်းဆည်းကာ ခြေတစ်လှမ်းဖြင့် ကြယ်များကြား၌‌ ပျောက်ကွယ်သွားတော့သည်။ ဝမ်လင်း၏စိတ်သည် နတ်ဆိုးတစ်ပါးနှင့်တူ၏။ ရှေးဟောင်းနတ်ဆိုးသည် လှည့်ဖြားနိုင်စွမ်း ရှိသော်လည်း ဝမ်လင်းကိုတော့ မယှဉ်နိုင်ပေ။ ဝမ်လင်း၏လုပ်ရပ်များနှင့် စကားများက စိတ်ဓာတ်တိုက်ပွဲ၏ အစိတ်အပိုင်းများပင်။ ရှေးဟောင်းနတ်ဆိုးက ရှုံးနိမ့်ခဲရလေပြီ။

အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ အစွန်းအဖျား၊ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းနှင့် ထိစပ်နေသော နေရာ၌ ဝမ်လင်း ပေါ်လာသည်။ သူက ကြယ်အဖွဲ့အစည်းနှစ်ခုကြား ပျောက်ကွယ်သွားပြီ ဖြစ်သော အရံအတားလေဟာနယ်ကို ကြည့်နေ၏။

ပြင်ပနယ်မြေ၊ ရှေးဟောင်းကြယ်အဖွဲ့အစည်း။

အုပ်စိုးသူကောင်စီသည် ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ လူတိုင်း၊ကလန်တိုင်းထံသို့ အမိန့်တစ်ခု ထုတ်ပြန်လိုက်ပေပြီ။

“ဒါဟာ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ ဆန္ဒ ဖြစ်တယ်။ နှစ်ပေါင်းသောင်းနဲ့ချီခဲ့ပြီ။ ချိပ်ပိတ်နယ်မြေရဲ့ စွမ်းအားဟာ ချိနဲ့အားနည်းလာခဲ့ပြီ။ ချိပ်ပိတ်နယ်မြေနဲ့ တတိယအကြိမ်မြောက် စစ်ပွဲ စတင်တော့မယ်။ ရှေးဟောင်းကြယ်အဖွဲ့အစည်းရဲ့ ကလန်များဟာ အတွင်းနယ်မြေကို သွေးနဲ့ စွန်းထင်းစေဖို့ အုပ်စိုးသူကောင်စီရဲ့ အမိန့်ကို နာခံကြရမယ်…”

***

All Chapters