← Chapters

စက်ဆုပ်ဖွယ်ကောင်းသော

Vol. 113 Ch. 1560

စက်ဆုပ်ဖွယ်ကောင်းသော

Vol. 113 Ch. 1560

တိမ်ပင်လယ်၏ နတ်ဘုရားကလန်အတွင်း၌ အကြီးအကဲခေါင်းဆောင်၊ တာအိုပညာရှင်ရေသည် ဂြိုဟ်၏အမြင့်မားဆုံး တောင်ထိပ်ပေါ်တွင် ထိုင်နေသည်။ သူသည် နေရာတွင် ထိုင်နေလျက် ကလေးတစ်ယောက်အသွင်ပုံစံ ရှိနေ၏။ သူ၏မျက်လုံးထဲတွင် အေးစက်မှုတို့ တလက်လက် ဖြစ်နေသည်။

သူ့ဘေးပတ်လည်တွင် ဝန်းရံထားသော တောင်လေးလုံး ရှိ၏။ လူတစ်ယောက်သည် ကောင်းကင်ထက်မှ ကြည့်ပါက မိုးထိထိုးနေသော လက်ငါးချောင်းအသွင် တောင်ငါးလုံးကို မြင်နိုင်ပေမည်။

ကောင်းကင်ထက်သို့ ကြည့်၍ တာအိုပညာရှင်၏အမူအရာမှာ အတော်လေး သုန်မှုန်နေ၏။ သူသည် မလွယ်ကူမှုကို ခံစားနေရ၏။ ဝမ်လင်း၏အော်ရာကို ခံစားမိပြီးနောက် သူသည် မကောင်းသောခံစားချက်ကို ရနေခဲ့သည်။ အတိတ်တုန်းကလည်း ဝမ်လင်း၏အနှစ်သာရများကြောင့် သူသည် ကြီးကြီးမားမား တုန်လှုပ်ခဲ့ရသည်။ ခုချိန်၌ သူသည် ဝမ်လင်းပြန်ရောက်လာပြီကို သိ၍ သူ့စိတ်ထဲမှ တုန်လှုပ်မှုသည် အတော်လေးကြီးမားနေသည်။

အထူးသဖြင့် မြင့်မြတ်သောလင်းတန်နှင့် ကျိုးကျင်တို့၏အော်ရာက သူ့အား ဂနာမငြိမ် ဖြစ်စေသည်။ သူသည် အမှန်တရားကိုမူ မသိပေ။ သို့သော် ခန့်မှန်းမှုတစ်ခု ရှိနေ၏။ ထိုခန့်မှန်းမှုသည် အတော်လေး အံ့အားသင့်ဖွယ်ကောင်းသည်။ သူကိုယ်တိုင်ပင် မယုံကြည်ဝံ့၊ မယုံကြည်ရဲပေ။

“သေစမ်းကွာ။ သူက တော်တော်လေး ကံကောင်းနေတာပဲ။ သူ့သတင်းကို ငါ ပြင်ပနယ်မြေရဲ့ မြောင်ယင်ရှိ ပေးခဲ့တာပဲ။ ဒါပေမဲ့ သူက တကယ်ပဲ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့တယ်…” တာအိုပညာရှင်ရေသည် သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ လောကသည် အရောင်များ ပြောင်းလဲသွား၏။ တိမ်ထုများ ပြန့်ကျဲသွားသည်။ တိမ်ထုတစ်ခုသည် သူ့ထံ ပျံဝဲလာပြီးနောက် တိမ်ကြိုးကြာသုံးကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

တိမ်ကြိုးကြာသုံးကောင်သည် လွှမ်းမိုးနိုင်မှုအော်ရာများ ရှိကာ သူတို့၏တောင်ပံများကို ဖြန့်ကျက်၏။ သူတို့က တာအိုပညာရှင်ရေ၏ရှေ့တွင် လှည့်ပတ်ပျံသန်းသည်။

ထိုတိမ်ကြိုးကြာများကို စိုက်ကြည့်နေရင်း တာအိုပညာရှင်ရေသည် အံတင်းတင်းကြိတ်လျက် သွေးများ ထွေးထုတ်သည်။ သွေးသည် အစိတ်အပိုင်းသုံးခုအဖြစ်သို့ ကွဲထွက်သွားကာ တိမ်ကြိုးကြာတစ်ကောင်စီထဲသို့ ဝင်ရောက်သည်။ ထို့နောက်တွင် ယင်းကြိုးကြာများသည် မတူညီသောအရပ်များသို့ ပျံသန်းသွားကြသည်။

ကြိုးကြာ၏အော်မြည်သံများသည် ကောင်းကင်တုန်လှုပ်ဖွယ်ပင်။ လောကကို ချိုးဖျက်သွားကြ၏။ ယင်းတို့သည် သဲလွန်စမရှိ ပျောက်ကွယ်သွားကြ၏။

တိမ်ကြိုးကြာများ ပျောက်ကွယ်သွားသည့်ကို ကြည့်နေရင်း တာအိုပညာရှင်ရေက အနည်းငယ် စဉ်းစားကြည့်၏။ သူသည် မသက်မသာ ခံစားမိနေဆဲပင်။ သူ့ညာလက်ဖြင့် လေဟာနယ်ထဲသို့ ဆန့်ထုတ်ကာ နောက်ထပ်တိမ်ထုတစ်ခုသည် သူ့ထံ ပျံသန်းလာပြန်သည်။ ထိုတိမ်ထုသည် ကျောက်စိမ်းပြားခုနစ်ခုအဖြစ်သို့ ပြောင်းကာ သူ့ရှေ့တွင် လွင့်မြောသည်။

ကျောက်စိမ်းပြားကို ကိုင်ထားရင်း တာအိုပညာရှင်ရေ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ပေါ်လာ၏။

“နတ်ဘုရားကလန်ရဲ့ အကြီးအကဲချုပ်ဆိုတဲ့ ငါ့အဆင့်အတန်းအရ ငါဟာ နတ်ဘုရားကလန်အပြင်ဘက် ကောင်းကင်ဘုံကိုးခုဖျက်စီးခြင်းအစီအရင်ကို အထိုင်ချဖို့ တိုက်ပွဲအတွက် ပြင်ဆင်ဖို့ ကျင့်ကြံသူအားလုံးကို ဆင့်ခေါ်တယ်…” သူက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ထိုကျောက်စိမ်းပြားသည် ပျောက်ကွယ်သွားသည်။

သူသည် ဒုတိယမြောက်ကျောက်စိမ်းပြားကို ကိုင်လိုက်၏။ သူ့အမူအရာမှာ ပိုကြမ်းကြုတ်လာပြီး နတ်ဘုရားအာရုံသတင်းစကားတစ်ခုကို ပို့လွှတ်သည်။

“နတ်ဘုရားကလန်ရဲ့ အမိန့်အရ၊ အဆင့်ခုနစ်ကလန်အားလုံး မူလကလန်ဝင်တွေကို ဖမ်းဖို့အတွက် အမြန်သွားကြ။ ငါ့အမိန့်ပေးရင် ဒီမူလကလန်ဝင်အားလုံး အသက်ခံရမယ်။ တစ်ယောက်မှ အသက်မရှင်စေနဲ့…”

သူ၏သတ်ဖြတ်လိုစိတ် ပါဝင်သော ထိုကျောက်စိမ်းပြားသည် လောကတွင် ပျောက်ကွယ်သွားသည်။ တာအိုပညာရှင်ရေသည် ထိုမျှနှင့် မရပ်သေးပေ။ သူသည် တတိယမြောက်ကျောက်စိမ်းပြားကို ဖမ်းယူလိုက်ပြန်သည်။

“မူပင်းမေ…ဒီအဘိုးအိုဟာ နင် ဒဏ်ရာကုသဖို့အတွက် ကူညီပေးခဲ့တယ်။ နင့်ကျင့်ကြံမှုအဆင့် ပြန်ရအောင် ကူညီပေးခဲ့တယ်။ နင့်ကျင့်ကြံမှုအဆင့် တိုးတက်လာအောင်လည်း ကူညီပေးခဲ့တယ်။ ငါ့ကြင်နာမှုကို နင် ပြန်ပေးဆပ်ဖို့ လိုပြီ။ ငါ နင့်ကို ဒီဆေးလုံးကို သောက်စေချင်တယ်။ ငါ့ကို ကူညီပေးလှည့်…”

သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်သည်။ တတိယမြောက်ကျောက်စိမ်းပြားသည် ပျောက်ကွယ်သွားသည်။

“ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်ရဲ့ ကလန်ခေါင်းဆောင် ဒီအဘိုးအိုကို လာတွေ့၊ ငါ မင်းမသေအောင် အာမခံပေးမယ်။ မင်း မလာဘူးဆိုရင် ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်ဟာ အမြစ်ဖျက်ခံရမယ်…”

လေးခုမြောက်ကျောက်စိမ်းပြားသည် လောကနှင့် ပေါင်းစပ်သွားသည်။

“ထိုက်အုလော…ကြမ်းကြုတ်တဲ့သားရဲတွေရဲ့ ဘုရင်အဖြစ် မင်းဟာ လူသားအသွင် ရှိနိုင်ခဲ့ပြီ။ မင်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်း မရေမတွက်နိုင်ခင်တည်းက ချိပ်ပိတ်ခံထားရတယ်။ ငါဟာ ချိပ်ပိတ်နယ်မြေအရှင် မင်းအပေါ်မှာ ထားခဲ့တဲ့ ချိပ်ပိတ်မှုကို လွှတ်ပေးနိုင်တယ်။ ဒါပေမဲ့ မင်းဟာ လူတစ်ယောက်ကို သတ်ပေးရမယ်…”

ငါးခုမြောက်ကျောက်စိမ်းပြားသည် ပျက်စီးကာ တာအိုပညာရှင်ရေ၏ဆန္ဒအမျှင်တန်းနှင့်အတူ လေဟာနယ်အတွင်း ပေါင်းစပ်သွားသည်။

တာအိုပညာရှင်ရေသည် အမိန့်ငါးခုကို တစ်ဆက်တည်း ပေးလိုက်ပြီးနောက် သူ၏မသက်မသာခံစားမှုသည် နည်နည်း လျော့ပါးသွားသည်။ သို့ပေမည့် သူသည် မလွယ်ကူမှုကို ခံစားမိနေဆဲပင်။ ခြောက်ခုမြောက်ကျောက်စိမ်းပြားကို ဖမ်းယူလိုက်၏။ ခဏကြာပြီးနောက် သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ပေါ်လာသည်။

“တိမ်ပင်လယ်၊ ဆင့်ခေါ်ခြင်းမြစ်၊ အလုံးစုံကောင်းကင်၊ မဟာမိတ် စတဲ့ ကြယ်အဖွဲ့အစည်းလေးခုလုံး။ ဒီအဘိုးအိုဟာ နတ်ဘုရားကလန်ရဲ့ အကြီးအကဲချုပ်၊ ချိပ်ပိတ်နယ်မြေအရှင်သခင်ရဲ့ ငယ်သားတစ်ယောက် ဖြစ်တယ်။ နှစ်သောင်းချီကြာ ငါဟာ နတ်ဘုရားကလန်ကို စောင့်ရှောက်ခဲ့ပြီး ပြင်ပနယ်မြေနဲ့ ဒုတိယအကြိမ်စစ်ပွဲမှာတုန်းက အကျိုးများစွာ ဆောင်ပေးခဲ့တယ်…”

“ဒီကနေ့ ဒီအဘိုးအိုဟာ ပြင်ပနယ်မြေ အုပ်စိုးသူရဲ့ ပွန်းတစ်ကောင် ဖြစ်တဲ့ ဝမ်လင်းဆိုတဲ့ မဟာမိတ်ကြယ်အဖွဲ့အစည်းက ကျင့်ကြံသူတစ်ယောက်နဲ့ ပတ်သတ်ပြီး သတင်းအတိအကျ ရထားတယ်။ ဒီလူဟာ တကယ်ပဲ ဟန်ဆောင်ကောင်း၊ အပုန်းကောင်းပြီး ရှေးဟောင်းကောင်းကင်ဘုံနယ်မြေက ငါ့သခင်ရဲ့ ရတနာတစ်ခုဖြစ်တဲ့ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကိုလည်း ပိုင်ဆိုင်ထားခဲ့တယ်။ သူဟာ နတ်ဆိုးကလန်ကိုလည်း ပြုစားထားခဲ့တယ်။ ဒါပေမဲ့ သူဟာ ဒီအဘိုးအိုလက်ကနေတော့ ရှောင်မပုန်းနိုင်ပါဘူး…”

“သူဟာ အတွင်းနယ်မြေကို ကမောက်ကမ ဖြစ်စေမယ့် ရည်ရွယ်ချက်နဲ့ ပြင်ပနယ်မြေကနေ ပြန်ရောက်လာခဲ့ပြီ။ သူဟာ ကျူးကျော်လာတော့မယ့် စစ်တပ်အတွက် သူလျှိုပဲ…”

“ဒီကနေ့…ဒီအဘိုးအိုဟာ ငါ့သခင်အတွက် ငါတို့ရဲ့ ချိပ်ပိတ်နယ်မြေ(ဝါ)အတွင်းနယ်မြေအတွင် ကိစ္စတစ်ခုကို ရှင်းရမယ်။ အတွင်းနယ်မြေရဲ့ ကျင့်ကြံသူအားလုံးပဲ ဒီလူ့ကို သတ်ပစ်ရမယ်…”

“သူ့ကို သတ်နိုင်တဲ့သူဟာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို ပိုင်ဆိုင်နိုင်မယ်…”

“သူ့ကို သတ်နိုင်တဲ့သူဟာ ငါတို့အတွင်းနယ်မြေရဲ့ ကပ်ဘေးတစ်ခုကို ဖြေရှင်းပေးတာပဲ ဖြစ်တယ်…”

“သူ့ကိုသတ်နိုင်တဲ့သူဟာ ငါ့နတ်ဘုရားကလန်ရဲ့ ကလန်ခေါင်းဆောင် ဖြစ်လာစေရမယ်…”

“သူ့ကို သတ်နိုင်တဲ့သူရှိမှာ ဒီအဘိုးအိုဟာ နှစ်ပေါင်းတစ်ထောင် ကျွန်ခံမယ်…”

တာအိုပညာရှင်ရေ၏အမူအရာမှာ ဉာဏ်နီဉာဏ်နက်များ ပြည့်နေ၏။ သူက လက်ဝေ့ယမ်းလိုက်သည်။ သူ၏ရူးသွပ်ဖွယ် သတင်းစကားများ ပါဝင်သော ကျောက်စိမ်းပြားသည် ပျံသန်းထွက်သွားကာ ကြယ်များကြား၌ ပျောက်ကွယ်သွားလေသည်။

“မင်းက ငါ့ကို သတ်ချင်တာလား ခွေးကောင်လေး…။ မင်း ငါ့ကို ဘယ်လိုများ သတ်မလဲ ငါ မြင်ချင်မိသေးတယ်…” တာအိုပညာရှင်ရေသည် ခုနစ်ခုမြောက်ကျောက်စိမ်းပြားကို ကောက်ယူကာ သူ၏နတ်ဘုရားအာရုံကို ပို့လွှတ်လိုက်သည်။

“ရှေးဟောင်းကောင်းကင်ဘုံသား။ ငါ့သခင်ရဲ့ အကြွင်းအကျန်စိတ်ဝိညာဉ်က ပြင်ပနယ်မြေဟာ မကြာခင် ကျူးကျော်လာတော့မယ်လို့ ခန့်မှန်းထားခဲ့တယ်။ ဒါပေမဲ့ ချိပ်ပိတ်နယ်မြေမှာ လုံလောက်တဲ့စွမ်းအား ရှိမနေဘူး။ ငါတို့ ဒါကို ခုခံနိုင်ဖို့ ခက်ခဲမှာ ငါ ကြောက်မိတယ်။ အန္တရာယ်ကို ရင်ဆိုင်တဲ့အခါ ရှေးဟောင်းကောင်းကင်ဘုံသား ဆင်းသက်လာပေးဖို့ ငါ မျှော်လင့်မိပါတယ်…” တာအိုပညာရှင်ရေသည် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သွေးအပြည့်ထွေးထုတ်လိုက်သည်။ သူက ညာလက်ကို ဝေ့ယမ်းလိုက်ရာ ထိုသွေးများသည် သွေးကြိုးကြာတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုကျောက်စိမ်းပြားသည် သွေးအလင်းကို ပေးစွမ်းလျက် ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ သွေးအလင်းလင်းလက်ကာ ကောင်းကင်တခွင် ထွေးခြုံသွားလေ၏။

မြေပြင်ထုသည်ပင် ၎င်းသွေးအလင်းဖြင့် ခြုံလွှမ်းခြင်း ခံရသည်။

သွေးရောင်လွှမ်းသော ကောင်းကင်ထက်၌ ဧရာမဝဲကတော့ကြီးတစ်ခု ပေါ်လာ၏။ ၎င်းက တခြားလောကတစ်ခုထံသို့ ဦးတည်သည့်နှယ် မှတ်ထင်ရ၏။

တာအိုပညာရှင်ရေသည် ဒူးထောက်ချကာ သူ့လက်ကို ကောင်းကင်ထက်သို့ ပင့်မြှောက်လိုက်၏။ သူ၏သိုလှောင်နေရာလွတ် ပေါ်လာသည်။ ဖျပ်ခနဲအတွင်း သူ့လက်ထဲတွင် လိပ်ခွံတစ်ခု ပေါ်လာသည်။ ထိုလိပ်ခွံတွင် ရှေးကျသောအော်ရာတစ်ခု ပါဝင်ကာ သိပ်သည်းလှသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တို့ဖြင့် ပြည့်နှက်နေ၏။

ဒီလိပ်ခွံဟာ ငါ့ရဲ့ပုံရိပ်အမှတ်အသားပဲ။ ငါဟာ ချိပ်ပိတ်နယ်မြေအရှင်သခင်ရဲ့ အစေခံတစ်ယောက် ဖြစ်တယ်။ “ရှေးဟောင်းကောင်းကင်ဘုံသား၊ ကျေးဇူးပြုပြီး ဆင်းသက်လာပြီး ရတနာတစ်ခု ချီးမြှောက်ပေးပါ…”

တာအိုပညာရှင်ရေသည် လိပ်ခွံကို ပင့်မြှောက်ထားရင်း ဒူးထောက်နေ၏။

သွေးရောင်လွှမ်းသော ကောင်းကင်ထက်မှ ဟိန်းမြည်သံများ ထွက်ပေါ်လာသည်။ ဝဲကတော့ထံမှ အကြည့်တစ်စုံ ထွက်ပေါ်လာ၏။ ၎င်းက တာအိုသခင် မြှောက်ကိုင်ထားသော လိပ်ခွံထံသို့ ဖြည်းဖြည်းချင်း စိုက်ကြည့်လာသည်။

“နိမ့်ကျတဲ့နယ်မြေရဲ့ ကျင့်ကြံသူ၊ ဒီလိပ်ခွံဟာ တကယ်ပဲ ချိပ်ပိတ်နယ်မြေအရှင်သခင်ရဲ့ ရတနာဆိုတာ ဟုတ်တယ်။ ငါ မင်းကို ရတနာတစ်ခု ပေးလိုက်မယ်။ ဒီရတနာကို ယူပြီး ချိပ်ပိတ်နယ်မြေအစီအရင်နဲ့ ပေါင်းစပ်ပါ။ ဒါဆိုရင် တမန်တော်များ နိုးထလာလိမ့်မယ်။ ဒါဆိုရင် ဘာပြဿနာမှ ရှိတော့မှာ မဟုတ်ဘူး…”

သွေးရောင်လွှမ်းသော ကောင်းကင်ထက်မှ ထည်ဝါသောစကားလုံးများ ထွက်ပေါ်လာနေရင်း ရွှေရောင်ရတနာတစ်ခု ပေါ်လာလေသည်။

၎င်းမှာ ခေါင်းလောင်းတစ်ခု၊ ရွှေရောင်ခေါင်းလောင်းတစ်ခုပင်။

၎င်းသည် ဆင်းသက်လာရင်း ခေါင်းလောင်းသံ တညံညံ ကောင်းကင်ထက်၌ ပဲ့တင်ထပ်လေ၏။

“မှတ်ထားပါ။ ဒါဟာ ချိပ်ပိတ်နယ်မြေအစီအရင်ကို နှစ်ပေါင်းတစ်ရာ အချိန်ဆွဲပေးလိမ့်မယ်။ ဒီနှစ်တစ်ရာအတွင်း ရှေးဟောင်းကောင်းကင်ဘုံနယ်မြေဟာ လုံးဝ ချိပ်ပိတ်ခံထားရမှာ ဖြစ်ပြီး မင်းကိုလည်း ဘာအကူအညီမှ ပေးနိုင်မှာ မဟုတ်ဘူး…”

ထိုခေါင်းလောင်းသည် တာအိုပညာရှင်ရေ၏ ရှေ့သို့ ဖြည်းဖြည်းချင်း ကျရောက်လာသည်။ တာအိုပညာရှင်ရေသည် သူ့လက်ကို ဝေ့ယမ်း၏။ သူ့ရှေ့တွင် ရွှေရောင်ခေါင်းလောင်းတစ်လုံး ရောက်လာသည်။ သူသည် ထိုခေါင်းလောင်းကို ဖမ်းဆုပ်ကာ ကျေနပ်ပီတီဖြစ်နေသည့်ပုံ ပေါ်သည်။

သူ့စိတ်ထဲတွင် တုန်ဟည်းသံများ ပဲ့တင်ထပ်ရင်း သူနှင့်ခေါင်းလောင်းကြား ချိတ်ဆက်မှု ပေါ်လာသည်။

ကောင်းကင်ထက်မှ သွေးရောင်အလင်းသည် တဖြည်းဖြည်း လွင့်ပျောက်သွား၏။ ကောင်းကင်သည် ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။ သူက ညစ်ပြုံးပြုံးကာ ထရပ်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဟိုလူအိုကြီး ချန်ထားခဲ့တဲ့ ဒီအရာက တကယ်ပဲ အသုံးဝင်နိုင်တယ်။ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ ရတနာနဲ့ဆိုရင် ဝမ်လင်းက ငါ့ကို ဘယ်လိုများ သတ်နိုင်မလဲ ငါ မြင်ချင်မိသေးတယ်…”

“ငါ ဝမ်လင်းကို သတ်ပြီးရင် ဒီခေါင်းလောင်းတဲ့ တခြားအကျိုးအမြတ်များစွာကို လဲလှယ်နိုင်တယ်။ အုပ်စိုးသူဟာ ငါ့ကို အတိုင်းမသိများပြားတဲ့ အပူဇော်ခံမီးတောက်တွေ ပေးလိမ့်မယ်…” ခေါင်းလောင်းကို ချိပ်ပိတ်နယ်မြေအစီအရင်နှင့် ပေါင်းစပ်ထားကာ နှစ်ပေါင်းတစ်ရာ အချိန်ဆွဲခြင်းကို တာအိုပညာရှင်ရေသည် လုံးဝ လုပ်လိမ့်မည် မဟုတ်ပေ။

လျှပ်စီးကောင်းကင်ဘုံနယ်မြေအောက်ရှိ ဆင့်ခေါ်ခြင်းမြစ်ကြယ်အဖွဲ့အစည်းတွင် ဝဲကတော့ကြီးတစ်ခု ရှိလေ၏။ ထိုဝဲကတော့သည် အချိန်အကြာကြီး တည်ရှိခဲ့ကာ ဒီကြယ်အဖွဲ့အစည်း၏ တားမြစ်နေရာတစ်ခုပင်။ အနားရောက်လာသော မည်သည့်ကျင့်ကြံသူမဆို ဝဲကတော့၏စုပ်ယူခြင်း ခံရကာ ပိတ်လှောင်ခံရပေလိမ့်မည်။

ထိုဝဲကတော့အတွင်းဘက်၌ ကျင့်ကြံခြင်းဂြိုဟ်တစ်လုံး ရှိနေ၏။ ထိုဂြိုဟ်မှာ ကြီးမားလှခြင်းမရှိ၊ လုံးဝ နက်မှောင်သည်။

ထိုဂြိုဟ်ပေါ်တွင် ရွှံ့အိုင်မြောက်များစွာ ရှိကာ ယင်းတို့သည် အဆိပ်ငွေ့များဖြင့် ပြည့်နေသည်။ ဂြိုဟ်တစ်ခုလုံးသည် ရွှံညွှန်အိုင်ဖြစ်နေကာ ဂြိုဟ်၏အတွင်းနက်ပိုင်း၌ ဝတ်စုံနက်အဘိုးအိုတစ်ယောက် ထိုင်နေသည်။

ထိုအဘိုးအို၏မျက်နှာထက်တွင် အဆိပ်အဖုအပိတ်များ ရှိနေ၏။ ရွှံ့အိုင်မှ အနက်ရောင်အခိုးငွေ့များ မြင့်တက်နေကာ ယင်းတို့ကို အနှီအဘိုးအိုက ရှိုက်သွင်းနေသည်။

ထိုအခိုက်တွင် ယင်းအဘိုးအိုသည် ရုတ်တရက် မျက်လုံးဖွင့်လာသည်။ ထိုစဉ် သူ့ရှေ့၌ အခိုးအငွေ့ပေါ်လာပြီး တိမ်ကြိုးကြာတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

“ရောင်းရင်းကျင့်ကြံသူ ကျိုးသဲ။ သင် ငါ့ကို တစ်ကြိမ်ကူညီပေးရင် ငါ့အနေနဲ့ သင့်ကို အဆင့်ခြောက်တာအိုစိတ်ဝိညာဉ်တစ်ခု လက်ဆောင်းပြန်ပေးမယ်…”

တိမ်ကြိုးကြားထံမှ တာအိုပညာရှင်ရေ၏အသံ ထွက်ပေါ်လာသည်။

ဝတ်စုံနက်အဘိုးအို၏မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။ သူက လက်မြှောက်ကာ တိမ်ကြိုးကြာကို ဖမ်းယူလိုက်ပြီးနောက် စတင် စဉ်းစားလေသည်။

“တာအိုပညာရှင်ရေက အမြဲလိုလို ကပ်စီးနည်းတယ်။ ဒီအဘိုးအိုရဲ့ အကူအညီအတွက် သူက အဆင့်ခြောက်တာအိုစိတ်ဝိညာဉ်တစ်ခုကိုတောင် ပေးနေတာဆိုတော့တ သူ ဘယ်လိုရန်သူမျိုးနဲ့များ ရင်ဆိုင်နေရလဲ ငါ သိချင်မိတယ်။ တစ်ကြိမ်ပဲ ကူညီပေးရမှာ…ကောင်းပြီလေ…”

ဆင့်ခေါ်ခြင်းမြစ်ကြယ်အဖွဲ့အစည်း၌ တဝက်တပျက်စွန့်ပစ်ဂြိုဟ်တစ်ခုပေါ်တွင် သေမျိုးမြို့တော်တစ်ခုပေါ်၌ အပေါင်ဆိုင်တစ်ခု ရှိသည်။ ထိုဆိုင်ပိုင်ရှင်မှာ သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်သည်။ သူသည် သဘောကောင်းဟန်ပေါက်သော်လည်း စီးပွားရေးကိုမူ တစ်ပဲနိကအစ တိုကပ်တတ်သူပင်။

ယနေ့၌ သူသည် ဆိုင်ထဲ၌ ထိုင်နေ၏။ သူ့လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခုကို ကိုင်ထားသည်။ ၎င်းကို သေချာကြည့်နေရင်း သူသည် ယင်းပစ္စည်းကို လာရောင်းသူအား သေချာ ကြည့်သည်။

ထိုသက်လတ်ပိုင်းလူက မျက်လုံးကစားလိုက်ပြီး တွန့်ဆုတ်ဆုတ်‌ ပြောလိုက်သည်။ “ဒါက ကျောက်စိမ်းကောင်းတစ်ခု မဟုတ်ဘူး…”

“ဆိုင်ရှင်…ဒါက…”

ထိုသက်လတ်ပိုင်းလူက မျက်မှောင်ကြုတ်သွားသည်။ သူက စကားပြောဟန် ပြင်လိုက်စဉ် သူ့အမူအရာသည် ပြောင်းလဲသွားကာ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

“ငွေအပိုင်းဆယ့်နှစ်ခု…” သက်လတ်ပိုင်းလူ၏မျက်လုံးသည် တလက်လက် ဖြစ်သွားသည်။ သူက အံ့အားသင့်နေသော ဖောက်သည်ထံ ငွေစဆယ့်နှစ်ဆ ထုတ်ကာ ပေးလိုက်သည်။ ထိုသူ ထွက်သွားပြီးနောက် သူသည် လေထဲသို့ လက်ညွှန်လိုက်လေ၏။

သူ့ရှေ့တွင် တိမ်ကြိုးကြာတစ်ခု ပေါ်လာသည်။

“ရောင်းရင်းကျင့်ကြံသူ အရှင်တိမ်စွန်း…သင်ငါ့ကို တစ်ကြိမ် ကူညီပေးရင် ငါ သင့်ကို ချိပ်ပိတ်နယ်မြေအရှင်သခင်ရဲ့ ရပ်တန့်ခြင်းမန္တာန်ကို ပေးမယ်…”

တာအိုပညာရှင်ရေ၏အသံသည် ထိုသက်လတ်ပိုင်းလူ၏စိတ်အတွင်းသို့ ဝင်ရောက်လာသည်။

သူက မေးစေ့ကို ပွတ်ကာ စတင် စဉ်းစားတော့၏။ သူ့မျက်လုံးမှာ တလက်လက် ဖြစ်နေသည်။

“ရပ်တန့်ခြင်းမန္တာန်…စိတ်ဝင်စားစရာပဲ။ စိတ်ဝင်စားစရာပဲ…”

All Chapters