← Chapters

ဒီတိုက်ပွဲ

Vol. 113 Ch. 1561

ဒီတိုက်ပွဲ

Vol. 113 Ch. 1561

တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၏ အဆင့်ကိုးဒေသ၊ တစ္ဆေကလန်။

တစ္ဆေကလန်သည် တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၌ အလွန်အမင်း ဆန်းကြယ်သည်။ သူတို့၏တပည့်များသည် အပြင်ထွက်ခဲသည်။ သည်အခိုက်၌ တစ္ဆေကလန်အတွင်း၌ အဘိုးအိုတစ်ယောက် တံခါးပိတ်ကျင့်ကြံနေသည်။

ထိုအဘိုးအိုက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏အမူအရာမှာ သုန်မှုန်လျက် သူ့အား တစ္ဆေမီးတောက်များ လွှမ်းခြုံထားသည်။

သူသည် ကျင့်ကြံနေရင်း ရုတ်တရက် မျက်လုံးဖွင့်ကာ ရှေ့တည့်တည့်သို့ ကြည့်လိုက်၏။ အခိုးအငွေ့များ ပေါ်လာကာ တိမ်ကြိုးကြာတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

“တစ္ဆေကလန်ရဲ့ မဟာလေဟာနယ်။ မင်း ငါ့ကို တစ်ကြိမ်ကူညီပေးရင် ငါ့အနေနဲ့ ယင်ယန်တပည့်ပေါင်း ငါးသန်းကို ပေးမယ်…”

တစ်ချိန်တည်းမှာ တာအိုပညာရှင်ရေ၏ ခြောက်ခုမြောက်ကျောက်စိမ်းပြားသည် အတွင်းနယ်မြေ၌ ကြောက်မက်ဖွယ်လှိုင်းတံပိုးတစ်ခု ထန်သွားစေသည်။

တိုက်ပွဲအတွက် ပြင်ဆင်နေကြသော ကြယ်အဖွဲ့အစည်းလေးခုလုံး၏ အစွမ်းထက်ကျင့်ကြံသူအားလုံးသည် ထိုကျောက်စိမ်းပြားမှ သတင်းအချက်အလက်ကို လက်ခံရရှိကြ၏။ အချို့ဆို ထိုနာမည်ကို သိထားပြီးသား၊ အချို့ကမူ အခုမှ ထိုနာမည်ကို ပထမဆုံးကြားခြင်းပင်။ သို့သော် ထိုနာမည်သည် အတွင်းနယ်မြေ၌ ချက်ခြင်း ပျံ့နှံ့သွားလေသည်။

ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ပေါ်လာလေပြီ။

ထိုကိစ္စမှာ ယင်းပုတီးစေ့အကြောင်း သိထားသောလူတိုင်းကို ရူးသွပ်သွားစေဖို့ လုံလောက်ပေ၏။ စစ်ပွဲအတွက် ပြင်ဆင်နေသော အခုလို အရေးတကြီးအချိန်၌ တာအိုပညာရှင်ရေသည် လူတိုင်း၏စိတ်နှလုံးကို လှုပ်ရှားစေခဲ့လိုက်ပေပြီ။

မည်သူက စစ်ပွဲအတွက် ဆက်၍ ပြင်ဆင်နိုင်ပါဦးမည်နည်း။ လူအများစုသည် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့အကြောင်း မသိထားကြသော်လည်း တာအိုပညာရှင်ရေ ကတိပေးခဲ့သော အခြားကိစ္စသုံးခုသည်ပင် သူတို့အား လှုပ်ရှားမိစေခဲ့လေပြီ။

တာအိုပညာရှင်ရေ၏ ကတိစကားများက ဖြောင့်မတ်မှုများနှင့် ပြည့်နေသည့်အလား။ ဝမ်လင်းသည် ပြင်ပနယ်မြေ၏ ခွေးတစ်ကောင် ဖြစ်သည်။ ထို့ကြောင့် သူ့ကို သတ်ရမည်ဟု ဆို၏။ ထိုသတင်းအချက်အလက်ထဲ၌ ဝမ်လင်း၏ပုံပန်းသွင်ပြင်ပါ ပါလေသည်။ ယင်းပုံရိပ်မှာ လွန်ခဲ့သောနှစ်ရာချီက ဝမ်လင်း၏ပုံစံအသွင် ဖြစ်သော်လည်း သူ့အား တခြားသူများ သိရှိစေဖို့ကမူ လုံလောက်ပေသည်။

အလွန့်အလွန်နည်းပါးသော သူများကသာ ဝမ်လင်းကို သိထားကြ၏။ ထိုသတင်းကို မယုံကြည်သော လူအနည်းငယ်သည် ဤအရွှေ့နှင့် ယှဉ်ပါက မထင်မရှား ဖြစ်ရလေသည်။

ဆင့်ခေါ်ခြင်းမြစ်ကြယ်အဖွဲ့အစည်း၌ စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသော ဂြိုဟ်တစ်လုံးပေါ်တွင် မိုးထိထွင်းဖောက်နေသော တောင်တစ်လုံး ရှိသည်။ ထိုတောင်ထိပ်ပေါ်တွင် ခရမ်းရောင်ဝတ်စုံဖြင့်အမျိုးသမီးတစ်ယောက် ထိုင်နေသည်။ သူမ၏ခန္ဓာကိုယ်မှာ ပုံရိပ်ယောင်လို ဖြစ်နေသဖြင့် သူမ၏ပုံပန်းသွင်ပြင်ကို မမြင်ရနိုင်ပေ။

အစတုန်းက သူမသည် မျက်လုံးမှိတ်ထား၏။ သို့သော် ဤအခိုက်တွင် သူမသည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာသည်။ သူမ၏မျက်လုံးတို့မှာ ကြယ်များအလား။ သို့ပေမည့် သူမ၏မျက်လုံးတွင်း၌ သုန်မှုန်မှုအရိပ်အယောင် ရှိနေ၏။

“ဝမ်လင်း…အုပ်စိုးသူရဲ့ ပွန်းတစ်ကောင်…”

ဆင့်ခေါ်ခြင်းမြစ်ကြယ်အဖွဲ့အစည်းအတွင်း၌ ကြယ်များကြား သွားလာနေသော အစိမ်းရောင်ဝတ်စုံဖြင့်အမျိုးသားတစ်ယောက် ရှိနေ၏။ သူသည် ပျင်းရိပျင်းတွဲဟန်ဖြင့် သမ်းဝေလိုက်သည်။ သူက သွားလာနေရင်း ခပ်တိုးတိုး ရေရွတ်လိုက်၏။

“ဆရာဦးလေး ထုတ်ပြောခဲ့တဲ့အရာဟာ ဒီဆင့်ခေါ်ခြင်းမြစ်ကြယ်အဖွဲ့အစည်းမှာ ရှိရမယ်။ ဒါပေမဲ့ ဒါက ဘယ်နေရာမှာများ အတိအကျ ရှိနေတာလဲ…”

ထိုအခိုက်အတန့်တွင် ထိုသက်လတ်ပိုင်းလူ၏အမူအရာသည် ပြောင်းလဲသွား၏။ သူ၏မျက်နှာထက်တွင်လည်း ထူးဆန်းသောဟန်ပန် ဖြစ်ပေါ်လာသည်။

“ဒီဝမ်လင်းဟာ အတိတ်တုန်းက ကျင့်ကြံသူလေး မဟုတ်လား။ စိတ်ဝင်စားစရာပဲ။ စိတ်ဝင်စားစရာပဲ…”

မဟာမိတ်ကြယ်အဖွဲ့အစည်း၌ ချိပ်ပိတ်ထားသော မိုးကောင်းကင်ဘုံနယ်မြေတွင် ချင်းလင်သည် မျက်လုံးဖွင့်လာသည်။ အနည်းငယ် စဉ်းစားပြီးနောက် သူသည် ဝမ်လင်းနှင့် ဆုံတွေ့ခဲ့ရသည့်အချိန်ကို သေသေချာချာ ပြန်တွေးမြင်ယောင်ကြည့်သည်။

အချိန်အတန်ကြာပြီးနောက် သူ၏မျက်လုံးထဲတွင် အေးစက်မှုတစ်ခု ဖြတ်ပြေးသွားပြီး သူ့လက်ကို ဆန့်ထုတ်လိုက်လေ၏။ မိုးကောင်းကင်ဘုံနယ်မြေသည် တုန်ဟည်းသွားကာ မိုးစက်များသည် ချင်းလင်ထံသို့ စုဝေးလာ၏။ မကြာခင်တွင် ယင်းတို့သည် မိုးဖြင့်ပြုလုပ်ထားသော တုန်ကင်တစ်ခုအဖြစ် သိပ်သည်းသွားသည်။

ထိုမြင်ကွင်းက စစ်ထူနန်ကို အနှောက်အယှက် ဖြစ်စေ၏။ သူ မျက်လုံးဖွင့်လာသည့်အခါ သူသည် တစ်စုံတစ်ခုကို ကြားလိုက်သည့်ပုံ ပေါ်၏။ သူ၏အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားပြီး ဒေါသနှင့် ပြည့်နှက်သွားလေသည်။

“သေစမ်း…ဘယ်ခွေးကောင်ကများ ငါ့ညီကို သူလျှိုလို့ ပြောရဲတာလဲ။ ဒီအဘိုးအိုက သူ့ကို ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ပေးထားခဲ့တာ။ သူ့ကို သူလျှိုလို့ပြောတော့ ငါလည်း အဲ့လို မဖြစ်သွားဘူးလား…။ ဘယ်ခွေးကောင်ကများ ဒီလို ပြောရဲရတာလဲ။ ငါ သူ့ကို ခွင့်မလွှတ်နိုင်ဘူး…”

စစ်ထူနန်သည် ဒေါသတကြီး ထရပ်၏။

ချင်းလင်၏အကြည့်က စစ်ထူနန်ပေါ်သို့ ကျရောက်သွားပြီး သူက လှမ်းအော်ဟောက်လိုက်သည်။ “ထိုင်စမ်း…ဆရာ ဒီကိစ္စကို ကိုင်တွယ်လိုက်မယ်။ ဒါ့အပြင် တာအိုပညာရှင်ရေဟာ ခွေးကောင် မဟုတ်ဘူး။ သူက ငါ့ဆရာရဲ့ ကျွန်တစ်ယောက်ပဲ…”

စစ်ထူနန်သည် ချင်းလင်ကို စိုက်ကြည့်၏။ သူသည် ချင်းလင်၏စကားများကြောင့် တုန်လှုပ်မသွားပေ။ သူက နှာခေါင်းရှုံ့၍ပင် ပြန်ပြောလိုက်သေးသည်။ “သင်က ငါ့ဆရာ ဖြစ်ပေမယ့် သူက ငါ့ညီကိုပဲ။ ငါ သူ့အကြောင်း အားလုံးသိတယ်။ ငါဟာ သူ့ကို ကျင့်ကြံခြင်းလမ်းကြောင်းပေါ် ရောက်အောင် ကူညီပေးခဲ့တာ။ ဒါ့အပြင် သူက သင် နိုးထလာနိုင်အောင် ကူညီပေးခဲ့တယ်။ ဒါတောင် သင်က သူ့ကို မယုံကြည်သေးဘူးလား…”

“ဆရာ မယုံတာ မဟုတ်ဘူး။ ဒါပေမဲ့ အဲ့ဒီအုပ်စိုးသူဟာ…” ချင်းလင်သည် စိတ်ရှုပ်ထွေးနေသည်။ ခဏတာငြိမ်သက်သွားပြီးနောက် သူသည် မိုးတုန်ကင်အမှတ်အသားထံ နတ်ဘုရားအာရုံသတင်းစကားတစ်ခုကို ပို့လွှတ်လိုက်သည်။

“ဝမ်လင်းဟာ ငါ့တပည့်ပဲ။ ဘယ်သူ သူ့ကို နာကျင်အောင် လုပ်ရဲလဲ…” သူ့နတ်ဘုရားအာရုံသည် မိုးကောင်းကင်ဘုံနယ်မြေမှ ထိုးထွက်ကာ မဟာမိတ်ကြယ်အဖွဲ့အစည်းအနှံ့ ပျံ့နှံ့သည်။ ၎င်းသည် အဆုံးမရှိ ဆက်လက် ပျံ့နှံ့သွားလေ၏။

တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းရှိ တောင်ကြားတစ်ခုအတွင်း၌ ဝတ်စုံနီနှင့် လူတစ်ယောက် ရှိနေသည်။ အလားတူပင် အရှင်လုဖူလည်း ထိုနေရာတွင် ရှိနေ၏။ သူသည် နတ်ဆိုးကလန်မှလူနှင့်အတူ တလေးတစား ထိုနေရာတွင် ရပ်နေလေ၏။

ဝတ်စုံနီလူက အရှင်လုဖူ၏စကားကို ဂရုတစိုက် နားထောင်နေ၏။ သူသည် တည်ငြိမ်နေသော်လည်း သူ၏မျက်လုံးထဲတွင်မူ အေးစက်မှု ဖြတ်ပြေးသွားလေသည်။

“ဘယ်လောင်ကောင်းလိုက်တဲ့ ခုနစ်ရောင်စုံနယ်မြေလဲ။ ဘယ်လောက်တော်လိုက်တဲ့ အုပ်စိုးသူလဲ…”

သို့ပေမည့် ထိုအခိုက်အတန့်တွင် တောင်ကြားအတွင်းမှ လူတိုင်းသည် အတွင်းနယ်မြေ တခွင်ပျံ့နှံ့သော နတ်ဘုရားကလန်မှ သတင်းစကားကို ကြားလိုက်ရလေသည်။

“မဖြစ်နိုင်ဘူး…”

“ဝမ်လင်းဟာ အုပ်စိုးသူရဲ့ပွန်းတစ်ကောင် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး…”

“အတိတ်တုန်းက ချိပ်ပိတ်နယ်မြေအရှင်သခင်ကိုယ်တိုင် ဝမ်လင်းဟာ ပြင်ပနယ်မြေကျူးကျော်လာခဲ့ရင် ဦးဆောင်သူ ဖြစ်ရမယ်လို့ ပြောထားခဲ့တယ်…”

အရှင်လုဖူနှင့် နတ်ဆိုးကလန်ခေါင်းဆောင်တို့၏အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားလေသည်။

ဝတ်စုံနီနှင့်လူ၏မျက်လုံးထဲရှိ အေးစက်မှုသည် ပိုအားကောင်းလာသည်။ သူက ပြုံးလိုက်၏။

“ငါ အရှင်ဟုန်ရှန်က စစ်ပွဲမတိုင်ခင် သူ့ကျင့်ကြံမှုအဆင့်ကို အချည်းနှီးမဖြစ်သွားစေချင်ဘူး။ ဒါပေမဲ့ သူက သေချင်နေရင်တော့…” အနီရောင်ဝတ်စုံနှင့်လူသည် အကွာအဝေးတစ်ခုထံသို့ လှမ်းကြည့်သည်။ သူ့မျက်လုံးထဲရှိ အေးစက်မှုသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး အသိအမှတ်ပြုမှုအစားထိုး ဝင်လာသည်။

“ဒီကောင်လေးက သူ့ဟာသူ ထွက်ပေါ်လာမှတော့ ချိပ်ပိတ်နယ်မြေအရှင်သခင်ရဲ့ ဆုံးဖြတ်ချက် ဘယ်လောက်ကောင်းမွန်မလဲ စောင့်ကြည့်ကြတာပေါ့…။ တကယ်တော့ ဒါဟာ သူတို့ရဲ့ အတွင်းရေးကိစ္စတွေပဲ…”

တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၏ အဆင့်ခုနစ်ဒေသတွင် နတ်ဘုရားကလန်ခွဲများသည် နှစ်ပေါင်းရာချီ ငြိမ်းချမ်းစွာ နေထိုင်နေသော မူလကလန်ရှိရာသို့ ဦးတည်လာနေကြ၏။ မူလကလန်သည် တစ်စက်လေးပင် မခုခံနိုင်ပေ။ မကြာခင်မှာ ကလန်ဝင်များအားလုံး ဖမ်းစီးခံလိုက်ရသည်။ သူတို့သည် အဆင့်ကိုးနတ်ဘုရားကလန်ထံသို့ အလျင်အမြန် သတင်းပို့ကြသည်။

နတ်ဘုရားကလန်သည် အမိန့်တစ်ခုသာ ပေးဖို့လို၏။ ထိုတပည့်များသည် မူလကလန်၏လူတိုင်းကို သတ်ပစ်ပေလိမ့်မည်။

လုယန်ဖေသည် လူအုပ်ကြား၌ ရှိနေ၏။ သို့သော် သူမက ငြိမ်သက်စွာဖြင့် အလွန်တည်ငြိမ်နေသည်။ သူမသည် ဟိုးလွန်ခဲ့သောအချိန်ကတည်းက ဒီလိုနေ့မျိုး ရောက်လာမည်ကို တွက်ချက်မိထားသည့်ပုံပင်။ သို့ပေမည့် သူမသည် လုံးဝ ပူဆွေးမှု ရှိမနေပေ။ သူမသာမက မူလကလန်မှ လူတိုင်းသည်လည်း ထို့နည်းလည်းကောင်းသာ။

လုဇီဟောင် သို့တည်းမဟုတ် ဝမ်လင်း မရှိပါက မူလကလန်သည် ယနေ့လိုမျိုး ဖြစ်လာလိမ့်မည် မဟုတ်ပါ။

ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်၌ ကလန်ခေါင်းဆောင်သည် သူ့အိုမင်းသည်ခန္ဓာကိုယ်ကို တရွတ်ဆွဲကာ ကလန်ကို စိတ်ရှုပ်ထွေးသည့်အမူအရာဖြင့် ကြည့်သည်။ ထို့နောက် သူသည် တဖြည်းဖြည်းတည်ငြိမ်လာပြီး နတ်ဘုရားကလန်ရှိရာသို့ ပျံသန်းသွားလေ၏။

နတ်ဘုရားကလန်၌ မူပင်းမေသည် အစီအရင်အတွင်း၌ မျက်လုံးဖွင့်လာ၏။ သူမသည် သူမ၏ကျောက်စိမ်းကဲ့သို့လက်ကို ဝေ့ယမ်းလိုက်၏။ သူမ၏လက်ထဲတွင် ဆေးလုံးတစ်လုံး ပေါ်လာသည်။ တာအိုပညာရှင်ရေက သူမ၏ကျင့်ကြံမှုအဆင့် ပြန်ရရှိရန် ပြီးခဲ့သောနှစ်ရာချီက ကူညီပေးခဲ့၏။ ထိုအတွက် ပေးရမည့်တန်ကြေးမှာ အခုဆေးလုံးကို သောက်ရမည် ဖြစ်သည်။

မူပင်းမေက သူမ၏ကတိကို အမြဲတည်၏။ သူမသည် ဆေးလုံးကို အချိန်အကြာကြီး စိုက်ကြည့်နေလေသည်။

တာအိုပညာရှင်ရေ၏အမိန့်အောက်တွင် နတ်ဘုရားကလန်မှ တပည့်များသည် ကလန်ထံသို့ အလျင်အမြန် စုဝေးလာကြ၏။ အချိန်တိုအတွင်း ပြန်ရောက်ရန် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များမှာ သူတို့အတွက် ဖွင့်လှစ်ထားကြပြီး ဖြစ်၏။ တပည့်ပေါင်းတစ်သောင်းကျော်သည် စုဝေးမိပေပြီ။

ထိုတပည့်များသည် မူလတုန်းက ပြင်ပနယ်မြေ၌ စစ်ပွဲအတွက် ကြိုပြင်ဆင်ရန် ကောင်းကင်ဘုံကိုးခုဖျက်စီးခြင်းအစီအရင်ကို စတင် ဖွဲ့စည်းနေကြခြင်း ဖြစ်၏။

တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၌ ဝမ်လင်းသည် ရှေ့သို့ လာနေ၏။ သူ၏မျက်လုံးထဲတွင်မူ ကြောက်မက်ဖွယ်အေးစက်မှု ပြည့်နှက်နေသည်။ သူသည် တာအိုပညာရှင် မည်သည့်အရာများ လုပ်နေသည်ကို သိမနေပေ။ သို့သော် သူသည် ခြောက်ခုမြောက်ကျောက်စိမ်းပြားအတွင်းရှိ နတ်ဘုရားအာရုံသတင်းစကားကိုမူ ရှင်းလင်းစွာ ကြားမိပေ၏။

သွားနေရင်း ဝမ်လင်းက စဉ်းစားနေ၏။ သူ၏သတ်ဖြတ်လိုစိတ်မှာ ပိုပိုအားကောင်းလာနေသည်။

သူ ရှေ့သို့ ဆက်သွားနေရင်း သူ၏သတ်ဖြတ်လိုစိတ်မှာ အထည်ဒြပ်ဖြစ်လုနီးနီး ရှိလာကာ နှင်းခဲတစ်ခုအလား ပြောင်းသည်။ အစပိုင်း၌ ယင်းနှင်းခဲသည် ပေတစ်သောင်းမျှ ကျယ်ပြော၏။ သူ့ပတ်လည်ရှိ မြူများသည်ပင် အက်ကွဲကာ ခဲကုန်သည်။

“တာအိုပညာရှင်ရေကို သတ်ပြီးတဲ့နောက် ငါဟာ နည်းနည်းတော့ အေးချမ်းသွားပါပြီ…”

ဝမ်လင်းသည် တည်ငြိမ်စွာဖြင့် ရှေ့ဆက်လာနေ၏။ သို့ပေမည့် ထိုတည်ငြိမ်မှုအတွင်း၌ ကောင်းကင်တုန်လှုပ်ဖွယ်မုန်တိုင်းတစ်ခု ကွယ်ဝှက်နေချေသည်။

သူသည် တာအိုပညာရှင်ရေကို သတ်ရပေမည်။

ထိုသူ့ကို ကျွန်အဖြစ် သန့်စင်ပစ်ရန်ပင် သူ့ထံ၌ ဆန္ဒရှိမနေပေ။ အချို့လူများသည် ကျွန်ဖြစ်လာရန်ပင် မထိုက်တန်လှ။ သေမှ ဖြစ်ပေမည်။

ဖြစ်ပျက်ခဲ့သမျှအားလုံး၊ လီချန်မေ သူ့အတွက် ပေးဆပ်ခဲ့သမျှသည် ထိုတာအိုပညာရှင်ရေကြောင့် ဖြစ်သည် မဟုတ်လား။

ဝမ်လင်းသည် ရှေ့သို့ ဆက်သွားနေရင်း သူ့ထံမှ ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ် ထွက်ပေါ်နေလေသည်။ နှင်းခဲသွားသော သူ့ပတ်လည်ရှိ ပေတစ်သောင်းဧရိယာသည် ပေတစ်သိန်းထိ ဖြစ်လာ၏။ သူ့နား ရောက်လာသော မြူများအားလုံး အေးခဲသွားရပေသည်။

အဝေးမှကြည့်ပါက ဝမ်လင်း ဖြတ်ကျော်သွားသော နေရာတိုင်းမှာ ရေခဲကမ္ဘာတစ်ခု ဖြစ်လာသည်ကို တွေ့ရမည်။ သူ့ထံ၌ ရေအနှစ်သာရ မပိုင်ဆိုင်ထားပေ။ ထို့ကြောင့် သူသည် အစစ်အမှန်ရေခဲကို မပေါ်ထွက်စေနိုင်ပေ။ သို့ပေမည့် သူထံ၌ သတ်ဖြတ်သူတစ်ယောက်၏နှလုံးသား ရှိ၏။ သူ လက်စားချေရန် လိုသည်။ သူ့ဘဝတွင် အခြားသူများ သူ့အား ရန်မစပါက သူသည် ထိုသူများကို သွားရောက်မစော်ကားဟူသော စည်းမျဉ်းတစ်ခု အမြဲရှိ၏။ သို့သော် သူတို့က သူ့အား လာရန်စစော်ကားလျှင်မင် သူသည် ထိုသူတို့ကို သတ်ပေမည်။

အရှင်လုဖူ၏ရှေ့၌ သူ သိပ်သည်းပြခဲ့သော သွေးစက်ကိုးစက်ထဲ၌ ဝမ်လင်းဘဝ၏ ထိုစည်းမျဉ်းလည်း ပါဝင်ခဲ့ပေသည်။

သူသည် မြင့်မြတ်သောလူတစ်ယောက်လည်း မဟုတ်သလို အရှက်မဲ့သောလူဆိုးတစ်ယောက်လည်း မဟုတ်ပေ။ သူသည် ဖြောင့်မတ်မှန်ကန်သူ မဟုတ်သလို ယုတ်မာသူတစ်ယောက်လည်း မဟုတ်ပေ။ သူသည် ဝမ်လင်းသာ ဖြစ်၏။

သူ၏စည်းမျဉ်းကို လာရောက် ဆန့်ကျင်ဝံ့သူ ရှိပါက သူသည် သတ်ပေမည်။ သတ်ဖြတ်ပေမည်။

တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတွင် ရွှေ့လျားနေရင်း နှင်းခဲရေခဲသည် ဆက်လက် ချဲ့ကားလာရင်း ပေတစ်သိန်းထိ ကျယ်ပြောလာခဲ့ပေပြီ။

ရေခဲများ နေရာတိုင်းတွင် ရှိနေ၏။ ဒီကြယ်အဖွဲ့အစည်းကို အေးခဲစေ၏။ ဝမ်လင်းသည် တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၏ အဆင့်ကိုးနတ်ဘုရားကလန် ရှိသောနေရာသို့ ဦးတည်နေသည်။

သူ ဦးတည်လာနေရင်း သူ၏သတ်ဖြတ်လိုစိတ်မှာ ထူးဆန်းသောပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်သည်။ ထိုပြောင်းလဲမှုသည် မည်သို့မည်ပုံ ဖြစ်သည်။ မည်ကဲ့သို့ ပြောင်းလဲသွားသည်ကို အဘယ်သူမှ မသိပေ။ ထိုပြောင်းလဲမှုက သူ၏သတ်ဖြတ်လိုစိတ်အတွင်း၌ အနှစ်သာရအမျှင်တန်းတစ်ခုကို ဖြစ်ပေါ်လာစေခဲ့၏။

သတ်ဖြတ်ခြင်းအနှစ်သာရ။ ဤလောကရှိ အရာအားလုံးမှာ အနှစ်သာရ ဖြစ်လာနိုင်သည်။ သို့သော် သတ်ဖြတ်ခြင်းအနှစ်သာရကမူ ဖြစ်ပေါ်ဖို့ အလွန်တရာ ခက်ခဲလွန်းသည်။ ၎င်းသည် များစွာ သတ်ဖြတ်ခြင်း မဟုတ်ပေ။ တခြားသူများ ခုထိ နားမလည်နိုင်သေးသော အံ့ချီးဖွယ်ပြောင်းလဲမှုတစ်ခု လိုအပ်ခြင်းပင်။

ဝမ်လင်းသည် ရှေ့သို့ တိုးလာရင်း မြန်သထက် မြန်လာသည်။ အက်သံများ ပဲ့တင်ထပ်လာပြီး သူသည် အရာအားလုံးကို အေးခဲစေကာ တိမ်ပင်လယ်၏အတွင်းနက်ပိုင်းသို့ ဝင်လာသည်။ အဆင့်ကိုးဒေသ။

ခြေတစ်လှမ်းဖြင့်ပင် အဆင့်ကိုးဒေသရှိ မြူအားလုံးသည် တုန်ဟည်းလျက် ရေခဲအဖြစ်သို့ ပြောင်းသည်။ ဝမ်လင်းသည် နတ်ဘုရားကလန်အပြင်ဘက်တွင် ပေါ်လာသည်။

“တာအိုပညာရှင်ရေ…” သူ့အသံသည် ကောင်းကင်တုန်လှုပ်ဖွယ် အေးစက်လှ၏။ သူ့အသံသည် တိမ်ပင်လယ်အနှံ့သို့ မိုးကြိုးသံအလား ပျံ့လွင့်သည်။

“မင်းဟာ ပြင်ပနယ်မြေနဲ့ သဘောတူညီမှု လုပ်ခဲ့ပြီး မင်းရဲ့ သခင်ကို ပုန်ကန်ခဲ့တယ်။ အတိတ်တုန်းက ချိပ်ပိတ်နယ်မြေအရှင်သခင်ဟာ မင်းကို မသတ်ခဲ့ဘူး။ ဒါပေမဲ့ ငါ ဒီကိုလာခဲ့တာဟာ ချိပ်ပိတ်နယ်မြေအရှင်သခင်ရဲ့ အမိန့်အရ သူ့ကို သစ္စာဖောက်သွားတဲ့ မင်းလိုကျွန်တစ်ယောက်ကို လာသတ်တာပဲ…”

ဝမ်လင်း၏အသံသည် ကောင်းကင်ဘုံခွန်အားအလား။ လောကကို လှုပ်ခါစေသည်။

သည်တိုက်ပွဲကို စောင့်ကြည့်နေသူ များစွာ ရှိပေ၏။

သည်တိုက်ပွဲကို မရေမတွက်နိုင်သော အစွမ်းထက်ကျင့်ကြံသူများသည် နတ်ဘုရားအာရုံများဖြင့် စောင့်ကြည့်နေကြသည်။ တတိယအဆင့်ကျင့်ကြံသူများ၏ စိတ်ဆန္ဒများသည်ပင် ရောက်ရှိနေခဲ့လေပြီ။

သည်တိုက်ပွဲက ဝမ်လင်းကို အတွင်းနယ်မြေ၌ ကျော်ကြားအောင် လုပ်ပေးတော့မည်။

***

All Chapters