← Chapters

နတ်ဆိုးအင်ပါယာ၏ ခန္ဓာကိုယ်အစစ်

Vol. 183 Ch. 2613

နတ်ဆိုးအင်ပါယာ၏ ခန္ဓာကိုယ်အစစ်

Vol. 183 Ch. 2613

နတ်ဆိုးနတ်ဘုရားနန်းတော်အထက်တွင် နတ်ဆိုးအင်ပါယာသည် နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်ဘက်သို့ လှမ်းကြည့်သည်။

ရီဖူရှင်းနှင့် ယူချင်းတို့သည် သေအံ့ဆဲဆဲဖြစ်နေပြီး ဒွန်ဟောင်တိယွမ်သည် အပြင်ဘက်တွင် ရပ်နေလေသည်။ နတ်ဆိုးအင်ပါယာသည် ရီဖူရှင်းနှင့် ယူချင်းတို့၏ ကံကြမ္မာကို ဒွန်ဟောင်တိယွမ်၏လက်ထဲသို့ လွှဲပေးခဲ့သည်။

နတ်ဆိုးအင်ပါယာ ထိုသို့လုပ်ခဲ့ရခြင်းမှာ ဒွန်ဟောင်တိယွမ်သည် မည်ကဲ့သို့ ရွေးချယ်မည်ကို သိလို၍ဖြစ်သည်။

အကယ်၍ ရီဖူရှင်းသာ အမှန်ပင် အင်ပါယာရီချင်၏ မျိုးဆက်ဖြစ်ပါက ဒွန်ဟောင်တိယွမ်၊ ရီဖူရှင်းနှင့် ယူချင်းတို့သည် သူတို့မမွေးခင်ကတည်းကပင် ရုန်းထွက်၍မရနိုင်သည့် ဆက်နွယ်မှုများ ရှိနေခဲ့ပြီးဖြစ်ပေမည်။ သူတို့သည် အတူတကွ ကြီးပြင်းခဲ့ပြီး ကလေးဘဝကတည်းက သူငယ်ချင်းကောင်းများဖြစ်ခဲ့ကြသည်။

သို့သော် ယခုတွင် သူတို့သည် ဘဝပေးရန်သူများ ဖြစ်နေပေပြီ။

သို့ရာတွင် နတ်ဆိုးအင်ပါယာသည် သံသယများ ရှိနေသေးသည်။ ထို့ကြောင့် သူသည် ဒွန်ဟောင်တိယွမ် မည်သို့ရွေးချယ်မည်ကို ကိုယ်တိုင်မြင်လိုနေခြင်းပင်။

ထိုနေရာတွင် ဒွန်ဟောင်တိယွမ်သည် သူတို့နှစ်ဦးကို ကြည့်လိုက်ပြီး နောက်လှည့်ကာ ပြောသည်။

“ကျွန်မ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ... နတ်ဆိုးအင်ပါယာနန်းတော်နဲ့ ပတ်သတ်တဲ့ ကိစ္စတွေမှာ ကျွန်မဝင်ပါမှာ မဟုတ်ပါဘူး။ ဒီတော့ ဘာဆက်လုပ်မယ်ဆိုတာကို အရှင်အင်ပါယာကပဲ ဆုံးဖြတ်ပါ”

သူမသည် ထိုသို့ပြောလိုက်ပြီးနောက် ရီဖူရှင်းနှင့် ယူချင်းတို့၏ ဒုက္ခခံနေရမှုကို လျစ်လျူရှုကာ နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်မှ ထွက်ခွာသွားလေသည်။

သူတို့နှစ်ဦးသည် ထိုနေရာတွင် သေရန် ချန်ခဲ့ခံလိုက်ရပေသည်။ သူတို့သည် အသက်ငွေ့ငွေ့ပြန်ရှိလာပြီဖြစ်သော်လည်း သူတို့အပေါ်သို့ ကျဆင်းနေသည့် ဖိအားကို ပြန်မခုခံနိုင်သေးပေ။ သူတို့သည် အတော်လေးအားနည်းနေပုံပေါ်ပြီး သူတို့သည် ထိုအခြေအနေမှနေ၍ ရှင်သန်နိုင်မည်၊ မရှင်သန်နိုင်ကို မပြောနိုင်ပေ။ သူတို့သည် နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်ပေါ်တွင်သာ ရှိနေသေးပြီး အဖျက်စွမ်းအားသည် သူတို့ကို အဆက်မပြတ် တိုက်ခိုက်နေဆဲပင် မဟုတ်ပါလား။

နတ်ဆိုးအင်ပါယာသည် ဒွန်ဟောင်တိယွမ်ရှိနေခဲ့သောနေရာသို့ တစ်ချက်ကြည့်သည်။ အကယ်၍ သူမသာ အလိုရှိပါက ရီဖူရှင်းနှင့် ယူချင်းတို့ကို ကယ်တင်ခြင်းသည် သူမ၏လက်ကို မြှောက်သကဲ့သို့ပင် လွယ်ကူပေသည်။ သို့သော် ဒွန်ဟောင်တိယွမ်သည် ထိုသို့ မလုပ်ခဲ့ပေ။

ဒွန်ဟောင်တိယွမ်သည်လည်း ထိုရန်သူမျိုးဆက်နှစ်ယောက်၏ ပျက်သုဉ်းမှုကို လိုလားလေသလော။

“သူတို့နှစ်ယောက်လုံးကို အပြင်ကို ထုတ်လိုက်။ သူတို့ သက်သာလာရင် ငါနဲ့တွေ့ဖို့ ခေါ်လာခဲ့”

နတ်ဆိုးနတ်ဘုရားနန်းတော်မှနေ၍ အသံတစ်သံက ပြောသည်။ နတ်ဆိုးအင်ပါယာလည်း ပျောက်ကွယ်သွားပေပြီ။

“ဟုတ်ကဲ့ပါ ဆရာ...”

သူ၏စကားကို ကြားလိုက်သောအခါ တစ်စုံတစ်ယောက်သည် အမိန့်ကို နာခံကာ ယူချင်းနှင့် ရီဖူရှင်းတို့ကို နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်မှ ထုတ်ရန် နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်သို့ သွားလိုက်လေသည်။

အကယ်၍ သူတို့နှစ်ဦးသာ (၄၉)ရက်ကြာအောင် တောင့်ခံနိုင်ခဲ့လျှင် သူတို့ကို လွှတ်ပေးမည်ဟု နတ်ဆိုးအင်ပါယာက ပြောခဲ့သည်။

ယခုတွင် (၄၉)ရက်ပြည့်သွားပြီဖြစ်သည်။

*****

ရီဖူရှင်းနှင့် ယူချင်းတို့သည် သတိမေ့မြောနေကြပြီး အချိန်ကုန်ဆုံးမှုကို မသိကြပေ။

အချိန်အတော်ကြာပြီးနောက်တွင် ရီဖူရှင်းသည် သတိမေ့မြောနေရာမှ အရင်ဆုံးနိုးထလာ၏။ သူနိုးလာချိန်တွင် သူသည် အသတ်ဓာတ်ဖြင့် ထွေးပတ်ခံထားရပြီး ထိုအသက်ဓာတ်သည် အံ့အားသင့်လောက်အောင် ဆွဲမြဲကာ သူ၏ခန္ဓာကိုယ်ကို ပြန်လည်သက်သာလာပြီး ဖျက်ဆီး၍မရနိုင်အောင် ကုသနေပေသည်။

သူသည် ဘေးသို့လှည့်၍ သူ့ဘေးရှိ ယူချင်းကို ကြည့်သည်။ ယူချင်း၏နှလုံးသားသည် အားမာန်အပြည့်ဖြင့် ခုန်နေသည်ကို သူတွေ့လိုက်ရသည်။ သူသည်လည်း သူ၏ဒဏ်ရာများမှ အပြည့်အဝပြန်ကောင်းလာတော့မည့်ပုံပင်။ မဟာနတ်ဆိုးများ၏ အသက်ဓာတ်သည် လွန်စွာဆွဲမြဲပေသည်။ သူတို့၏ကျင့်ကြံခြင်းအဆင့်တွင် သူတို့ နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်မှ ထွက်လာနိုင်လိုက်ကတည်းက သူ့တို့ထံတွင်အသက်ငွေ့ငွေ့ရှိနေသေးသ၍ သေဆုံးတော့မည်မဟုတ်ပေ။

အသက်နတ်အလင်းတန်းများသည် ယူချင်းအပေါ်သို့ ကျဆင်းလာပြီး သူ့ခန္ဓာကိုယ်အတွင်းသို့ ဖောက်ဝင်သွား၏။ တဖြည်းဖြည်းဖြင့် ယူချင်း၏နှလုံးခုန်သံသည် ပို၍ အားကောင်းလာ၏။ နောက်ဆုံးတွင် နက်မှောင်သောမျက်လုံးတစ်စုံ ရုတ်တရက်ပွင့်လာပြီး ကြောက်မက်ဖွယ် နတ်ဆိုးအလင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။

ထို့နောက်တွင် ယူချင်းသည် ဆတ်ခနဲထထိုင်လိုက်ပြီး သူ့ဘေးရှိ ရီဖူရှင်းကို ကြည့်လိုက်၏။

သူတို့ မျက်လုံးချင်းစုံသွားပြီး တဒင်္ဂမျှ တိတ်ဆိတ်သွား၏။ ထို့နောက်တွင် သူတို့ ပြုံးလိုက်ကြသည်။ ထိုအပြုံးသည် ယင်းကဲ့သို့ ကြီးကျယ်သည့်ဘေးဒုက္ခကို ကျော်ဖြတ်နိုင်ခဲ့သဖြင့် ပြုံးလိုက်သောအပြုံးပင်။

သူတို့ ရှင်သန်ခဲ့ပေပြီ။ သူတို့သည် နတ်ဆိုးသတ်ဖြင်ခြင်းရင်ပြင်ပေါ်တွင် အချုပ်ခံခဲ့ရသော်လည်း အသက်ရှင်ခဲ့လေသည်။

သူတို့သည် ထိုကပ်ဘေးများကို ခံခဲ့ရပြီးနောက်တွင်ပင် အသက်ရှင်နေဆဲဖြစ်သည်။

“ယူချင်း... ငါတို့ဘယ်မှာလဲ”

ရီဖူရှင်း မေးလိုက်သည်။ သူသည် နန်းဆိုးအင်ပါယာနန်းတော်အတွင်း၌ ရောက်နေသည်ကို တွေ့လိုက်ရ၏။ ထိုနန်း‌တော်သည် လွန်စွာကျယ်ဝန်းပြီး သူတို့သည် ယခုတွင် ထိုနန်းတော်အတွင်းရှိ ကျင့်ကြံခြင်းနန်းတော်အတွင်းသို့ ရောက်နေခြင်းဖြစ်သည်။

“ဒါက ကျင့်ကြံခြင်းနန်းတော်ပဲ... ပြီးတော့ ဒီနေရာက ငါနေတဲ့နေရာပဲ”

ယူချင်း ရှင်းပြလိုက်သည်။ ထို့နောက် သူသည် ထရပ်ကာ အပြင်ဘက်သို့ လျှောက်သွားလိုက်သည်။ သူတို့နှစ်ဦး သတိမေ့နေရာမှ နိုးထလာသောအခါ သူတို့သည် အပြည့်အဝသက်သာပျောက်ကင်းနေပြီဟု ထင်ရ၏။

ယူချင်းသည် နန်းတော်အပြင်ရှိ ခြံဝန်းထဲသို့ ရောက်သွားသောအခါ ရုတ်တရက် ရပ်တန့်လိုက်သည်။ သူသည် ခြေသံများကို ကြားလိုက်ရသဖြင့် ထိုနေရာတွင် တစ်စုံတစ်ယောက် ရှိနေကြောင်း သိလိုက်ရသည်။

ယူချင်းသည် အနှောင့်ယှက်ခံရခြင်းကို မကြိုက်ပေ။ သူ၏အပြုအမူသည် အေးစက်ခက်ထန်နေပြီး သူသည် ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းသည်ဟုပင် ဆိုနိုင်လောက်ပေသည်။

ထို့ကြောင့် သူနေထိုင်ရာ နန်းတော်ထဲတွင် သူ့အပြင် အခြားတစ်ယောက်မှ မရှိပေ။ ထိုနေရာတွင် အလုပ်အကျွေးပြုမည့် အစေခံများပင် မရှိချေ။

သို့သော် ထိုအခိုက်တွင် ခြံဝန်းထဲ၌ တစ်စုံတစ်ယောက် ရှိနေပေသည်။

သို့သော် ရီဖူရှင်းနှင့် ယူချင်းတို့သည် ထိုကျူးကျော်လာသူကို မြင်လိုက်ရသောအခါ မှင်တက်သွားကြသည်။ အထူးသဖြင့် ရီဖူရှင်းသည် အတော်လေး အိုးတိုးအန်းတန်းဖြစ်သွား၏။

သူတို့ရှေ့ရှိ လူသည် ဇာမနီဝတ်ရုံကို ဝတ်ဆင်ထားပြီး ဇာမနီအမြီးသည် သူမ၏အနောက်ဘက် မြေပြင်ပေါ်တွင် ပုံကျနေသော်လည်း သန့်ရှင်းနေဆဲဖြစ်သည်။ သူမသည် အရပ်မြင့်၍ သေးသွယ်သောကိုယ်လုံးကိုယ်ပေါက်ရှိလေရာ လွန်စွာ ကြော့ရှင်း၍ နန်းဆန်နေပေသည်။

ထို့အပြင် သူမ၏မျက်နှာသည် စာတင်၍မရနိုင်လောက်အောင် လှပကြော့ရှင်းလေသည်။ သူမ၏မျက်နှာနှင့် သူမ၏ဟန်ပန်သည် လိုက်ဖက်ညီလှပြီး တစ်ခုကိုတစ်ခု ပြည့်စုံစေနေလေသည်။ ထိုမိန်းမပျိုလေးသည် သူမကို တစ်ချက်မျှကြည့်မိသူတိုင်း၏ နှလုံးသားကို ဖမ်းဆုပ်နိုင်သော မိန်းမပျိုလေးပင်။ သူမ၏မျက်နှာလေးနှင့် သူမ၏ဟန်ပန်တို့ဖြင့်ပင် မြင်လိုက်ရသူတိုင်း၏ နှလုံးသားထက်တွင် သူမ၏အလှတရားသည် ထာဝရမှတ်ကျောက်တင်သွားမည်ဖြစ်သည်။

“ဒွန်ဟောင်တိယွမ်...”

ရီဖူရှင်းသည် မင်းသမီးဒွန်ဟောင်ကို ပထမဆုံးအကြိမ်မြင်ဖူးချင်းမဟုတ်ပေ။ သို့သော် သူသည် သူမကို ထိုမျှ နီးနီးကပ်ကပ် တစ်ခါမှ မမြင်ဖူးခဲ့ပေ။

သူငယ်ရွယ်စဉ်တုန်းက ဒွန်ဟောင်တိယွမ်သည် ကောင်းကင်ထက်မှ နတ်မိမယ်တစ်ပါးဖြစ်ပြီး သူလက်လှမ်းမမှီနိုင်သော ပန်လေးတစ်ပွင့်ဖြစ်သည်။ သူမသည် နတ်မိမယ်ဖြစ်ပြီး သူသည် သူမကို မော်ဖူးရသည့် သာမန်သေမျိုးလေးတစ်ဦးသာဖြစ်ပေသည်။

သူသည် ကျင့်ကြံခြင်းတွင် အဆင့်တစ်ခုအထိ ရောက်ခဲ့သောအခါ၌ပင် ဒွန်ဟောင်တိယွမ်သည် အရှင်ဒွန်ဟောင်၏ တစ်ဦးတည်းသောသမီးဖြစ်သဖြင့် သူလက်လှမ်းမမှီနိုင်ခဲ့သေးပေ။ သူမထွက်ပေါ်လာတိုင်းတွင် သူမသည် မြင့်မားသောကောင်းကင်ထက်မှာပင် ရှိနေခဲ့သည်။ သူမပတ်ပတ်လည်တွင် နတ်အလင်းများ ဖြာထွက်နေခဲ့ပြီး သေမျိုးများသည် သူမ၏နတ်အရောင်အဝါကိုသာ ခံယူရ၏။

သို့သော် ထိုအခိုက်တွင် ဒွန်ဟောင်တိယွမ်သည် အခြားတော်ဝင်မိသားစုတစ်စုမှ အခြားမိန်းမပျိုလေးများကဲ့သို့ပင် ခြံဝန်းထဲတွင် တိတ်တဆိတ်ရပ်နေလေသည်။

ရီဖူရှင်းသည် ကောင်းကင်ဒေသတစ်ခွင်လုံးရှိ အမြင့်မြတ်ဆုံးမင်သမီးဖြစ်သည့် ဒွန်ဟောင်တိယွမ်နှင့် ယခုမှ ပထမဆုံးအကြိမ် နီးနီးကပ်ကပ်နေဖူးခြင်းဖြစ်သည်။ သူမသည် ကောင်းကင်မာနသမီးတော်ဖြစ်ရန် ကံတရားပါလာသူဖြစ်သည်။

“အရှင်နတ်ဆိုးအင်ပါယာက ငါ့ကို ဒီမှာ နေခိုင်းထားတယ်...”

ဒွန်ဟောင်တိယွမ်သည် အိုးတိုးအန်းတန်းဖြစ်နေမှုများကို သတိမပြုမိသကဲ့သို့ ပေါ့ပေါ့ပါးပါး ပြောသည်။

“မင်းသမီးက ဘာလို့ နတ်ဆိုးဘုံကို ရောက်နေရတာလဲ”

ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်က ဖမ်းဆီးခံခဲ့ရသည်ကို မသိဘဲ မေးလိုက်သည်။

သူ့အမြင်တွင် ဒွန်ဟောင်တိယွမ်၏ အဆင့်အတန်းကို မေးခွန်းထုတ်ရန် မရှိသဖြင့် သူမ ဖမ်းဆီးခံရခြင်းဖြစ်မည်ဟု ထည့်ပင်မတွေးမိပေ။

“ငါက နတ်ဆိုးဘုံကို လာကြည့်ချင်လို့ ရောက်လာတာ...”

ဒွန်ဟောင်တိယွမ်က ပြန်ပြောသည်။ သူမသည် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟူသော အချက်ကို ပြောပြမည်မဟုတ်ပေ။

သူမသည် သူ့ကိုအမှန်ပြောနေခြင်းမဟုတ်ကြောင်း ရီဖူရှင်းသိလေသည်။ သို့သော် သူဆက်မမေး‌တော့ပေ။ ထိုအချိန်တွင် ကမ္ဘာမြေနတ်ဆိုးသူတော်စင်သည် အပြင်ဘက်ရှိ ကောင်းကင်ထက်တွင် ‌ထွက်ပေါ်လာပြီး ရီဖူရှင်းနှင့် ယူချင်းတို့ကိုကြည့်ကာ ပြောသည်။

“ငါနဲ့လိုက်ခဲ့...”

“ကောင်းပါပြီ...”

ယူချင်းသည် ခေါင်းညိတ်လိုက်ပြီး ရှေ့သို့ထွက်၍ သူနှင့်တွေ့လိုက်သည်။ သူသည် နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်‌ပေါ်တွင် သေလုမြောပါးဖြစ်ခဲ့သော်လည်း နတ်ဆိုးအင်ပါယာအပေါ် မည်သည့်အငြိုးအတေးမှ မရှိသည့်ပုံပင်။

သူတို့နှစ်ဦးသည် ကမ္ဘာမြေနတ်ဆိုးသူတော်စင်နှင့်အတူ ထွက်ခွာသွားပြီး ဒွန်ဟောင်တိယွမ်ကို တစ်ယောက်တည်း ချန်ထားခဲ့လေသည်။

ခေတ္တမျှကြာပြီးနောက် ရီဖူရှင်းနှင့် ယူချင်းတို့သည် နတ်ဆိုးနတ်ဘုရားနန်းတော်အရှေ့တွင် ထွက်ပေါ်လာ၏။

“ဝင်ခဲ့...”

နတ်ဆိုးနတ်ဘုရားနန်းတော်ထဲတွင် ခပ်ရှရှ အသံအိုတစ်သံထွက်ပေါ်လာပြီး သူတို့ကို ခေါ်လိုက်လေသည်။ တံခါးပွင့်လာပြီး ယူချင်းနှင့် ရီဖူရှင်းတို့သည် အတွင်းသို့ တန်းတန်းမတ်မတ် လျှောက်ဝင်သွားလိုက်သည်။

နတ်ဆိုးနတ်ဘုရားနန်းတော်ထဲတွင် သူတို့နှစ်ဦးစလုံးသည် အားကောင်းသော တည်ငြိမ်လေးနက်မှုအငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။ သူတို့ဦးတည်သွားနေသောနေရာသည် အနည်းငယ်မှုန်ဝါးဝါးဖြစ်နေပေသည်။ သူတို့သည် ရှေ့သို့ဆက်လျှောက်သွားနေပြီး နောက်ဆုံးတွင် နတ်ဘုရားပလ္လင်အနီးသို့ ရောက်ရှိသွား၏။

“အရှင်အင်ပါယာ...”

“နှုတ်ခွန်းဆက်ပါတယ် အရှင်အင်ပါယာ...”

ယူချင်းနှင့် ရီဖူရှင်းတို့သည် ဦးညွှတ်အရိုအသေပြုကာ နှုတ်ခွန်းဆက်လိုက်သည်။

“မင်းက ငါ့ကို မမုန်းဘူးလား...”

နတ်ဆိုးအင်ပါယာက မေးလိုက်သည်။ သူ၏အသံသည် အနည်းငယ် မှုန်မှိုင်းကာ အားနည်းနေပြီး မည်သည့်အရှိန်အဝါမှ မပါပေ။

ထို့ကြောင့် ယူချင်းနှင့် ရီဖူရှင်းတို့၏ မျက်နှာပေါ်တွင် အံ့အားသင့်သည့် အမူအယာများ ထွက်ပေါ်လာ၏။ သူတို့သည် နတ်ဘုရားပလ္လင်ကို မော့ကြည့်လိုက်ကြရာ သူတို့မျှော်လင့်ထားသော အရှိန်အဝါအပြည့်ဖြင့် နတ်ဆိုးအင်ပါယာကို မတွေ့လိုက်ရဘဲ သာမန်အဘိုးအိုတစ်ဦးကိုသာ တွေ့လိုက်ရ၏။

ရီဖူရှင်းသည် သူတို့အရှေ့ရှိ အဘိုးအိုကို တွေ့လိုက်ရသောအခါ အလွန်အံ့အားသင့်သွားကြသည်။ ထိုနတ်ဆိုးအင်ပါယာသည် သူသိသော နတ်ဆိုးအင်ပါယာမှ ဟုတ်ပါလေစွ။

ယူချင်း ခေါင်းခါလိုက်သည်။ အစောမှ မေးခွန်းသည် ရီဖူရှင်းကို မေးချင်းဖြစ်ကြောင်း သိသာပေသည်။

“အရှင်အင်ပါယာ တစ်ခုခုများ ဖြစ်နေတာပါလား...”

ယူချင်းသည် အနည်းငယ် စိုးရိမ်စွာ မေးလိုက်သည်။ သူသည် ယခင်က နတ်ဆိုးအင်ပါယာကို ထိုကဲ့သို့အခြေအနေဖြင့် တစ်ခါမှ မမြင်ခဲ့ဖူးပေ။

“ဘာမှမဖြစ်ပါဘူး... မင်းက ဒီတစ်လျှောက်လုံး အမှန်တရားကို မမြင်ခဲ့ဖူးလို့ပါ။ ဒီနေ့ မင်း အမှန်တရားကို ကြည့်ရအောင် ငါခေါ်သွားမယ်”

နတ်ဆိုးအင်ပါယာ၏အသံထွက်ပေါ်လာသောအခါ ယူချင်းနှင့် ရီဖူရှင်းတို့သည် သူတို့ရှေ့ရှိ လောကသည် ပြောင်းလဲလာသည် ခံစားလိုက်ရ၏။

မတွေးနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသည့် အဖျက်စွမ်းအားတစ်ခုသည် သူတို့နှစ်ဦးကို လွှမ်းခြုံသွား၏။ ရီဖူရှင်းသည် အပြင်းအထန် ရင်ခုန်နေလေသည်။ သူတို့သည် ကြောက်မက်ဖွယ် သွေးနီရောင်ကပ်ဘေးတိမ်တိုက်ပေါ်တွင် ရပ်လျက်သားဖြစ်နေပြီး သူတို့အထက်တွင် ကမ္ဘာဖျက်ကပ်ဘေးအစစ်အမှန် ရှိနေလေသည်။ အဆုံးမဲ့ အဖျက်စွမ်းအားများ စီးဆင်းနေပြီး ကောင်းကင်တစ်ခွင်လုံးကို လွှမ်းခြုံထားကာ အဝေးအထိ ပြန့်ကားနေသည်။

“ဒါက နတ်ဆိုးချောက်ကမ်းပါးပဲ...”

ယူချင်းသည် အလွန်အမင်းတုန်လှုပ်သွားပြီး ခေါင်းမော့၍ သူ့ရှေ့ရှိ ပုံရိပ်ကို ကြည့်သည်။ သူသည် ထိုကဲ့သို့ ကြောက်မက်ဖွယ်မြင်ကွင်းမျိုးသည် နတ်ဆိုးအင်ပါယာနန်းတော်အထက်တွင် ရှိနေလိမ့်မည်ဟု တွေးပင်မတွေးမိခဲ့ဖူးပေ။

သို့သော် သူတို့ကိုပို၍ အံ့အားသင့်တုန်လှုပ်သွားစေသည့်အရာမှာ ထိုကြောက်မက်ဖွယ်ကောင်းကင်ထက်ရှိ အကန့်အသတ်မဲ့သော ဧရာမပုံရိပ်ကြီးတစ်ခုဖြစ်သည်။ ထိုပုံရိပ်သည် ကောင်းကင်ကဲ့သို့ အားထားရသည့် အစစ်အမှန်နတ်မင်းတစ်ပါးဖြစ်လေသည်။

တစ်နည်းဆိုရလျှင် ကောင်းကင်သည် သူ့ခန္ဓာကိုယ်၏ ပြောင်းလဲခြင်းကို ခံနေရခြင်းပင်။ ၎င်းသည် ကောင်းကင်ထက်ရှိ အဖျက်စွမ်းအားကို ထိန်းချုပ်ထားပေသည်။

“နတ်ဆိုးအင်ပါယာ...”

ရီဖူရှင်းသည် ကောင်းကင်နှင့်တစ်သားထဲဖြစ်နေသည့် ပုံရိပ်ကြီးကို ကြည့်သည်။ သူ့ရှေ့ရှိ မြင်ကွင်းသည် အရှင်စီဝေ့ကိုယ်တိုင် ကောင်းကင်ရှိ ကြယ်တာရာများနှင့် ပေါင်းစည်းသွားပြီး မရေမတွက်နိုင်သော ကြယ်တာရာများစုဝေး၍ အရှင်စီဝေ့၏မျက်နှာ ဖြစ်ပေါ်လာသည့်မြင်ကွင်းနှင့် ဆင်တူပေသည်။ သို့သော် သူ့ရှေ့တွင် မြင်နေရသောမြင်ကွင်းသည် ထိုထက်ပို၍ အံ့အားသင့်ဖွယ်ကောင်းပေသည်။

ကောင်းကင်နှင့် ပေါင်းစည်းထားသည့် နတ်ဆိုးအင်ပါယာသည် သူ၏ကိုယ်ပိုင်အသွေးအသားဖြင့် နတ်ဆိုးချောက်ကမ်းပါးကို ဖိနှိပ်တွန်းလှန်နေခြင်းပင်။

အဖျက်ကပ်ဘေးသည် အဆုံးမဲ့ပြီး ထိုပုံရိပ်ကို အဆက်မပြတ် ရိုက်ခတ်နေသည်။ သူသည် ကမ္ဘာဖျက်ကပ်ဘေးများကို အချိန်ပြည့် ခံစားနေရသကဲ့သို့ပင်။

ထိုအခါမှသာ ရီဖူရှင်းသည် နတ်ဆိုးဘုံမှ လူများ သူ့ကိုပြောခဲ့သည့်အကြောင်းအရာများကို နားလည်သွား၏။ နတ်ဆိုးအင်ပါယာသည် နတ်ဆိုးချောက်ကမ်းပါးကို သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် ဖိနှိပ်၍ ကောင်းကင်ကိုးခုကို ထောက်ကန်ပေးထားခြင်းဖြစ်သည်။

ထို့ကြောင့် သူသည် အလွန်အားနည်းနေရခြင်းပေလော။

All Chapters