← Chapters

ဒီတော့ ရှင်က ရှင့်ကိုယ်ရှင် အတော်လေးသန်မာတယ်လို့ ထင်တယ်ပေါ့

Vol. 183 Ch. 2615

ဒီတော့ ရှင်က ရှင့်ကိုယ်ရှင် အတော်လေးသန်မာတယ်လို့ ထင်တယ်ပေါ့

Vol. 183 Ch. 2615

ထိုက်ချူတော်ဝင်မြေနှင့် နတ်ဘုရားမာန်ဟုန်တောင်ကုန်းတို့သည် ပျက်သုဉ်းမှုကံကြမ္မာနှင့် ကြုံတွေ့ခဲ့ရသော အဓိကအင်အားစုနှစ်စုဖြစ်သည်။ နေမင်းနတ်တောင်ကုန်းနှင့် ရှန်ကလန်တို့သည်လည်း အတိုက်ခိုက်ခံခဲ့ရပြီး မိုကလန်သခင်သည် ရီဖူရှင်း၏လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။

ထျန်းယန်မြို့တိုက်ပွဲအတွင်းတွင်လည်း ရီဖူရှင်းသည် လူပေါင်းများစွာကို သတ်ပစ်ခဲ့သည်။

မူလဘုံရှိ ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခု၏ အင်အားသည်လည်း အတော်လေးလျှော့ချခံခဲ့ရသည်။ ထို့ကြောင့် ရီဖူရှင်း၏ဖြစ်တည်မှုသည် ကောင်းကင်ဒေသရှိ အင်အားစုများစွာကို အမှန်ပင် စိုးရိမ်စေလေသည်။ ထို့အပြင် ကျင့်ကြံသူများစွာသည် သူ၏လက်ထဲတွင် သေခဲ့ရသည်။

သို့သော် ထိုအပြစ်အားလုံးကို ရီဖူရှင်းပေါ်တွင်သာ ပုံချ၍ရပါမည်လော။

ရီဖူရှင်းသည် သူအမှားလုပ်ခဲ့မိသည်ဟု တွေးပါမည်လော။

အကယ်၍ ထိုလူများသာ မသေလျှင် အဖျက်ဆီးခံလိုက်ရမည့်အရာများမှာ ကောင်းကင်အာဏာစက်ကျောင်း‌တော်၊ စီဝေ့ကြယ်ကောင်းကင်နှင့် သူကိုယ်တိုင်ပင်ဖြစ်သည်။

“ထျန်းယန်မြို့က ဝမ်ရှောင်က မဟာအင်ပါယာအဆင့်လက်နက်တွေရဲ့ အကူအညီနဲ့ စီဝေ့ကြယ်ကောင်းကင်ကို ကျူးကျော်ဖို့ ကြိုးစားခဲ့တယ်... အဲဒါကြောင့် အပြစ်မဲ့တဲ့ လူပေါင်းများစွာ သေကြေခဲ့ရတယ်။ စီဝေ့ကြယ်ကောင်းကင်က အပြစ်မဲ့လူတွေအတွက် အရှင်မင်းသမီး တစ်ခွန်းတောင်ပြောပေးခဲ့ဖူးပါသလား...”

ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်ကို ကြည့်သည်။ သူ၏လေသံသည် အနည်းငယ်အေးစက်နေ၏။ သူဆက်ပြောသည်။

“ကောင်းကင်အာဏာစက်မြို့တော်က အကြိမ်ပေါင်းများစွာ အဖျက်ဆီးခံခဲ့ရပါတယ်... ပြီးတော့ မူလဘုံက ဒေသကိုးခုမှာလည်း အဲဒီလိုကိစ္စတွေ ဖြစ်ခဲ့ပါတယ်။ အပြစ်မဲ့တဲ့သူတွေ ဘယ်နှစ်ယောက်တောင် သေသွားခဲ့ရသလဲ။ အရှင်မင်းသမီးက ကောင်းကင်ဒေသက လူတွေ ကျူးလွန်ခဲ့တဲ့ ရက်စက်တဲ့ကိစ္စတွေကိုရော ပြစ်တင်ရှုတ်ချခဲ့ဖူးပါသလား...”

“မူလဘုံက တစ်ချိန်တုန်းက ကောင်းကင်ဒေသထဲမှာ ပါခဲ့တယ်... ဒါပေမဲ့ ကောင်းကင်ဒေသက ‌ဒေသကိုးခု ဖျက်ဆီးခံရမှာကို ခွင့်ပြုခဲ့တယ်။ အဲဒီဒေသကိုးခုက မှော်နက်လောကနဲ့ နတ္တိအင်ပါယာဘုံတို့ရဲ့ ကျုးကျော်တာကို မတားနိုင်ဘူး။ ပြီးတော့ မူလဘုံမှာ မွေးခဲ့ပြီး၊ မူလဘုံကို တွယ်တာတဲ့ ကျုပ်အနေနဲ့ အဲဒီလုပ်ရပ်ကို နားမလည်နိုင်ဘူး။ ကောင်းကင်ဒေသက မူလဘုံကို မကာကွယ်ပေးနိုင်တဲ့အတွက် ကျုပ် လုပ်နိုင်တဲ့အရာကို ကျုပ်လုပ်ခဲ့ရတာပဲ။ တကယ်လို့သာ ကောင်းကင်ဒေသက အင်အားစုတွေက မူလဘုံကို ဖျက်ဆီးဖို့ ကြိုးစားမယ်ဆိုရင် ကျုပ် သူတို့ကို သေချာပေါက် အရင်ဖျက်ဆီးပစ်မှာ”

ရီဖူရှင်း ဆက်ပြောလိုက်၏။

“လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက မင်းသမီးက ကျုပ်အပေါ် ကြင်နာသနားခဲ့ပြီး ကျုပ်ရဲ့ အသက်ကို ကယ်ဖို့အတွက် ပစ္စည်းတစ်ခုကို ငှားပေးခဲ့တယ်။ ဒါပေမဲ့ အဲဒါက ကျုပ် မှော်နက်နန်းတော်နဲ့ နတ္တိအင်ပါယာဘုံတို့ကို ခုခံတိုက်ခိုက်ပေးခဲ့လို့ ရတဲ့ ဆုလာဘ်ပဲ။ အမှန်ပြောရရင် ကျုပ် မင်းသမီးအပေါ်မှာ ဘာအကြွေးမှ တင်မနေဘူး”

“ကျွန်မရဲ့ ခမည်းတော်က အတိတ်ကအကြောင်းတွေကို ထောက်ထားပြီး ရှင့်ကို ချမ်းသာပေးခဲ့တာက ဆရာသခင်က ရှင့်အစား ပြောပေးခဲ့လို့ပဲ။ ဒါပေမဲ့ အဲဒါက ရှင့်စိတ်ကြိုက် ပြဿနာရှာနိုင်တယ်လို့ ဆိုလိုတာ မဟုတ်ဘူး...”

ဒွန်ဟောင်တိယွမ်သည် ရီဖူရှင်းပြောခဲ့သော စကားများကို တစ်လုံးမှ ကြားလိုက်ပုံမပေါ်ပေ။ သို့သော် သူမသည် သူမစိတ်ထဲရှိသည့် အတွေးများကို ဆက်ပြောသည်။

“ရှင်က အခု စီဝေ့ကြယ်ကောင်းကင်ကို အုပ်ချုပ်နေရပြီ... ပြီးတော့ အခြားသူတွေ မကျုးကျော်နိုင်အောင်လည်း အရှင်စီဝေ့က ကာကွယ်ပေးထားတယ်။ အဲဒီတော့ ရှင် ကိုယ့်ကိစ္စကိုပဲ အာရုံစိုက်ပြီး ကိုယ့်စည်းအတွင်းမှာပဲ ကျင့်ကြံပါ...”

ရီဖူရှင်း မျက်မှောင်ကြုတ်လိုက်သည်။ ဒွန်ဟောင်တိယွမ်သည် သူ့ကို ဩဝါဒပေးနေခြင်းလော။

“ကျုပ် ခင်ဗျားကို ‘ မင်းသမီး ’လို့ သုံးနှုန်းနေတာ ကျုပ်တို့ရဲ့ သမိုင်းကြောင့်ပဲ။ မူလဘုံက ကောင်းကင်ဒေသရဲ့ အုပ်ချုပ်မှုအောက်မှာ မဟုတ်တော့ဘူး... ပြီးတော့ ကျုပ်က ခင်ဗျားရဲ့ လက်‌အောက်ငယ်သားလည်း မဟုတ်ဘူး။ ကျုပ်လုပ်ခဲ့တဲ့ဟာတွေကို ခင်ဗျား မှတ်ချက်ပေးစရာမလိုဘူး”

ရီဖူရှင်းသည် အရေးမစိုက်ဟန်ဖြင့် ပြန်ပြောသည်။ သူသည် သူမကို ဂယ်ပေါက်တစ်ခုပေးထားသည်ဟု သူထင်သော်လည်း ဒွန်ဟောင်တိယွမ်သည် အရိပ်အမြွက်ပြသည်ကို မြင်ပုံပင် မပေါ်ပေ။

သူမ၏ စိတ်နေစိတ်ထားသည် မောက်မာ၍ မာနကြီးပြီး သူ့ကို သူမက အမိန့်ပေးနိုင်သကဲ့သို့ အထက်စီးက ဆက်ဆံနေပေသည်။

ဒွန်ဟောင်တိယွမ်သည် ရီဖူရှင်း၏ ပမာမခန့်စကားကို ကြားသောအခါ ရီဖူရှင်းကို စိုက်ကြည့်သည်။ မယုံနိုင်လောက်အောင်လှပသော သူမ၏မျက်ဝန်းများမှနေ၍ အသက်ရှူမှားလောက်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်းကို ဦးညွှတ်သွားစေနိုင်လေသည်။ သူမသည် ကောင်းကင်ဒေသရှိ တစ်ဦးတည်းသော မင်းသမီးဖြစ်သည်။ သူမထံမှ စွမ်းအားကြီးအရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ ရီဖူရှင်းသည် ထိုအရှိန်အဝါကို သူလူငယ်ဘဝက တစ်ခါမြင်ခဲ့ဖူးပေသည်။ သူမကို ကောင်းကင်ဒေသ၏ နတ်စစ်သူကြီးအားလုံးက ဝန်းရံထားသည်ဖြစ်စေ သူမသည်သာ အာရုံစိုက်ခံရသူဖြစ်မည်ကို မငြင်းနိုင်ပေ။

ရီဖူရှင်းသည် ယခုမှ သူမနှင့် ပထမဆုံးအကြိမ် နီးနီးကပ်ကပ်နေဖူးခြင်းဖြစ်ပြီး ပိုပိုပြီး ထင်ရှားလာသည့် ထိုအမှန်တရားကို တွေ့ကြုံခံစားနေရ၏။ ထိုအရှိန်အဝါသည် ခံ့ညားထည်ဝါသော စွမ်းအားဖြစ်ပြီး လူအားလုံးကို သူမ၏ခြေရင်းတွင် ပြားပြားဝပ်သွားစေနိုင်လေသည်။ သူမသည် ချစ်ကြောက်ရိုသေခံရမည့်သူ ဖြစ်သည်။

သို့သော် ရီဖူရှင်းသည် လောကကြီးအကြောင်းကို မသိသေးသော သူငယ်နပ်စားလေးမဟုတ်ပေ။ သူသည် မဟာအင်ပါယာများစွာနှင့် တွေ့ဆုံခဲ့ဖူးပေသည်။ ထို့အပြင် ယခုတွင် သူသည် စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင်ဖြစ်နေပြီး စီဝေ့ကြယ်ကောင်းကင်၏ အုပ်ချုပ်သူလည်းဖြစ်သည်။ သူသည် ထိပ်သီးကျင့်ကြံသူများစွာကိုလည်း ကိုယ်တိုင်သတ်ခဲ့ဖူးပေသည်။ ထို့ကြောင့် သူသည် အဘယ်သို့ ဒွန်ဟောင်တိယွမ်ကြောင့် အလွယ်တကူချောက်ချားသွားမည်နည်း။

သူသည် ဒွန်ဟောင်တိယွမ်၏ မျက်လုံးများကို ပြန်စိုက်ကြည့်သည်။ သူ၏နက်ရှိုင်းသောမျက်ဝန်းများသည် ကြယ်တာရာများအလား တောက်ပနေ၏။ သူနှင့် ဒွန်ဟောင်တိယွမ်တို့သည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။ သူ့ထံမှထွက်ပေါ်နေသည့် မမြင်နိုင်သော ဖိအားတစ်ခု ရှိနေလေသည်။ သူ၏အရှိန်အဝါသည် သူမထက် မနိမ့်ကျပေ။

ထိုမျက်လုံးနှစ်စုံသည် အချင်းချင်း အားပြိုင်နေကြသည်။ ရုတ်တရက် ရီဖူရှင်းသည် ဇာမနီနတ်ငှက်၏ အသံရှည်ဆွဲ၍ မြည်ကြွေးလိုက်သံကို ကြားလိုက်ရပြီး ၎င်းသည် သူ၏မျက်လုံးများအတွင်းသို့ တိုက်ရိုက်ပျံဝင်လာသကဲ့သို့ ခံစားလိုက်ရ၏။ ဇာမနီနတ်ငှက်သည် ဝိညာဉ်စွမ်းအားနှင့် စိတ်ဝိညာဉ်ကို ပြာချပစ်နိုင်သည့် လွန်စွာတောက်ပသော နတ်မီးတောက်ထဲတွင် ရှင်သန်နိုင်ပေသည်။

တစ်ချိန်တည်းမှာပင် ဒွန်ဟောင်တိယွမ်၏ ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသည့် ဇာမနီဝတ်ရုံသည် မီးတောက်လောင်လာကာ ရွှေရောင်ငှက်မွေးများအဖြစ် ပြောင်းလဲသွားသည်ဟု ထင်ရ၏။ ကြောက်မက်ဖွယ်ကောင်းသည့် မီးတောက်လှိုင်းများ ထွက်ပေါ်လာပြီး အရာအားလုံးသည် ဖုန်မှုန့်များ၊ မီးခိုးများအဖြစ်သို့ ပြောင်းလဲသွားတော့မလို ထင်ရပေသည်။

ထိုအခိုက်တွင် ရီဖူရှင်းသည် အားကောင်းသော အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။ သူ့အတွေးထဲတွင် ဗုဒ္ဓရုပ်တုတစ်ခု ထွက်ပေါ်လာပြီး သူ၏ဝိညာဉ်စွမ်းအားကို ပျက်စီးသွားမည့်အန္တရာယ်မှ ကာကွယ်လိုက်သည်။

ရှဲ...

အတုမဲ့ မီးတောက်လှိုင်းတစ်ခုထွက်ပေါ်လာ၏။ ၎င်းသည် နတ်မီးတောက်ထဲတွင် ရှိနေသော ဇာမနီပင်။ ၎င်းသည်  သာမန်ဇာမနီတစ်ကောင်ဟုတ်ပုံမရပေ။ ၎င်း၏အတောင်ပံများပေါ်ရှိ ငှက်မွေးတစ်ချောင်းတိုင်းသည် နတ်ငှက်‌မွေးများဖြစ်ပြီး ရွှေရောင်နတ်မီးတောက်များ တောက်လောင်နေသည်။ ၎င်း၏မျက်လုံးများသည် ပို၍ပင်ကြောက်မက်ဖွယ်ကောင်းပြီး ၎င်းသည် ဇာမနီအားလုံးထဲတွင် မြင့်မြတ်၍ အတုမဲ့သော ဘုရင်တစ်ပါးဟု ထင်ရပေသည်။

သံရှည်ဆွဲအော်မြည်သံနှင့်အတူ ဇာမနီငှက်၏ ကြောက်မက်ဖွယ်ခြေသည်းများသည် ဗုဒ္ဓရုပ်တုကို ကုတ်ဆွဲဖျက်ဆီးလိုက်သည်။ ဗုဒ္ဓရုပ်တုသည် နတ်မီးတောက်၏ရုတ်တရက်တိုက်ခိုက်မှုနှင့် ၎င်း၏ကြောက်မက်ဖွယ်အားအောက်တွင် ကွဲအက်ပျက်စီးသွား၏။ ရီဖူရှင်း၏စိတ်သည် ပြင်းထန်သော ရိုက်ခတ်မှုတစ်ခုကို ရုတ်ခြည်း ခံစားလိုက်ရသည်။

ဝုန်း...

ရီဖူရှင်းသည် နောက်သို့ လျှောထွက်သွားပြီး တစ်နေရာရှိ ကျောက်စားပွဲတစ်ခုနှင့် တိုက်မိသွားလေသည်။ သူနှင့် ဒွန်ဟောင်တိယွမ်တို့၏ မျက်လုံးများအကြားတွင် လွန်စွာတောက်ပသော ရွှေရောင်အလင်းသည် ပျောက်ကွယ်မသွားသေးပေ။

“ရှင်က ရှင့်ကိုယ်ရှင် စွမ်းအားကြီးတယ်လို့ ထင်နေတာလား...”

ဒွန်ဟောင်တိယွမ်၏ မျက်လုံးများသည်လည်း တောက်ပသော နတ်မီးတောက်များကို ထုတ်လွှတ်နေသည်။ သူမ၏တစ်ကိုယ်လုံးကို နတ်အရှိန်အဝါစွမ်းအားက လွှမ်းခြုံထားပေသည်။ ထိုအခိုက်တွင် သူမသည် တလက်လက်တောက်ပေနေပြီး အတုမဲ့ နတ်အရှိန်အဝါရှိသည့် မာနဧကရီတစ်ပါးဟုပင် ထင်ရာကာ ယခင်ကထက်ပို၍ မာနကြီးကာ ဝင့်ဝါနေပေသည်။

ရီဖူရှင်း၏မျက်လုံးများသည် အနည်းငယ်စူးရှသွားပြီး သူမကို ကြည့်နေလေသည်။ ထိုအခါမှ သူသည် တစ်စုံတစ်ခုကို သိရှိသွားပုံပေါ်၏။

သူ့ရှေ့ရှိ မိန်းမပျိုလေးသည် လှပသောမျက်နှာလေးသာရှိသည့် အားနည်းသူတစ်ယောက်မဟုတ်ပေ။ အကယ်၍ သူမကို သူမ၏လှပသည့်မျက်နှာလေးကြောင့် လျှော့တွက်မိပါက ယခု သူကဲ့သို့ပင် တန်ကြေးကြီးကြီးပြန်ပေးရပေလိမ့်မည်။

အရှင်ဒွန်ဟောင်၏ သမီးတော်သည် အရှင်ဒွန်ဟောင်ထံမှ အမွေဆက်ခံရရှိခဲ့သော ကောင်းကင်ဒေသ၏ တစ်ဦးတည်းသော မင်းသမီးဖြစ်သည်။ ဒွန်ဟောင်တိယွမ်၏ စွမ်းအားပမာဏကို တွေးကြည့်လျှက်ပင်မရပေ။

အရှင်ဒွန်ဟောင်သည် ရှိသမျှ အရင်းအမြစ်အားလုံးကို အသုံးပြု၍ သူမကို လေ့ကျင့်ပေးခဲ့ခြင်း ဖြစ်ရပေမည်။

ဝမ်ရှောင်ကဲ့သို့သောသူများသည် ချပ်ဝတ်လက်နက်ပြုလုပ်ခြင်းကဲ့သို့သော သူတို့၏ ပြိုင်ဘက်ကင်းပါရမီများကြောင့် ဒွန်ဟောင်တိယွမ်နှင့် လက်ဆက်နိုင်ရန် တောင်းဆိုခွင့်ရှိပေသည်။ သို့သော် ထိုအရာသည် အရူးအိပ်မက်တစ်ခုနှင့် မခြားပေ။ သူတို့သည် ဒွန်ဟောင်တိယွမ်ဟူသော ဂုဏ်ပုဒ်ကိုသာ အာရုံစိုက်ပုံရပြီး သူမသည် အမှန်တကယ် မည်မျှစွမ်းအားကြီးသည်ကို ထည့်တွေးမိပုံမရပေ။

ထိုသို့ဖြစ်ရခြင်းမှာ ဒွန်ဟောင်တိယွမ်သည် အမျိုးသမီးတစ်ဦး ဖြစ်နေခြင်း သို့မဟုတ် သူမသည် အပြင်လောကတွင် သူမ၏စွမ်းအားအပြည့်အဝကို တစ်ခါမှ ထုတ်မပြဖူးခြင်းတို့ကြောင့် ဖြစ်နိုင်ပေသည်။

“ဒုတိယကပ်ဘေးအဆင့်...”

ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်၏ အင်အားကြောင့် အနည်းငယ် အံ့အားသင့်သွား၏။ သူမသည် အလွန်သန်မာပေသည်။ သို့ဆိုလျှင် နတ်ဆိုးဘုံမှ မည်သူက သူမကို ဖမ်းခဲ့ခြင်းနည်း။

ယူချင်းသည် ဒွန်ဟောင်တိယွမ်ဆီသို့ ခြေတစ်လှမ်း,လှမ်းလိုက်သည်။ ထို့နောက်တွင် သူ့ထံမှနေ၍ အားကောင်းသည့် နတ်ဆိုးအရှိန်အဝါတစ်ခု ထွက်ပေါ်လာလေသည်။

“ယူချင်း...”

ရီဖူရှင်းသည် သူ့ကို လှမ်းခေါ်လိုက်သည်။ ယူချင်းသည် ချက်ချင်းရပ်လိုက်ပြီး သူ့နောက်ရှိ ရီဖူရှင်းကို ကြည့်သည်။

ထိုအခိုက်တွင် ရီဖူရှင်း၏ခန္ဓာကိုယ်အပေါ်တွင် နတ်အလင်းတစ်ခု ရှိနေပြီး သူ့ကိုယ်တွင်းမှနေ၍ မဟာလမ်းစဉ်၏ ပြင်းထန်သောမြည်ဟည်းသံတစ်သံ ထွက်ပေါ်လာလေသည်။ ခေတ္တမျှ သူ့ကိုယ်တွင်းမှနေ၍ တောက်ပသောနတ်အလင်းတစ်ခု ထွက်လာ၏။

ထိုစဉ်တွင် ရီဖူရှင်းကို စွမ်းအားကြီးတိုက်ပွဲအငွေ့အသက်က ဝန်းရံထားလေသည်။

သူသည် ယခင်က မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးသူများကို သတ်ခဲ့သည်။ သူ နတ်ဆိုးအင်ပါယာနန်းတော်အတွင်းသို့ အတင်းဝင်ရောက်ခဲ့စဉ်ကလည်း ထိုအဆင့်ရှိသည့် ကျင့်ကြံသူများစွာကို အနိုင်ယူခဲ့လေသည်။ ကမ္ဘာမြေနတ်ဆိုးသူတော်စင် ထွက်ပေါ်လာတော့မှသာ သူသည် ဖိအားအငွေ့အသက်ကို အမှန်တကယ်ခံစားခဲ့ရခြင်းဖြစ်သည်။

ယခုတွင် သူသည် ဒွန်ဟောင်တိယွမ်ထံမှနေ၍ အားကောင်းသော ဖိအားအငွေ့အသက်ကို ခံစားနေရပေသည်။

ကောင်းကင်ဒေသမှ ဤမင်းသမီးသည် မည်သို့သော ပါရမီမျိုးကို ပိုင်ဆိုင်သနည်း။

သူမသည် မည်မျှ သန်မာသနည်း။ ရီဖူရှင်း အလွန်စိတ်ဝင်စားနေသည်။

ထို့အပြင် ထိုသို့စိတ်ဝင်စားနေသူမှာ သူတစ်ဦးတည်းသာ မဟုတ်ချေ။ ထိုအခိုက်တွင် နတ်ဆိုးအင်ပါယာသည် နတ်ဆိုးနတ်ဘုရားနန်းတော်ထက်တွင် ရပ်၍ ဤဘက်သို့ ကြည့်နေပေသည်။ နတ်ဆိုးအင်ပါယာသည် ထိုနှစ်ဦးကြားမှ အားပြိုင်မှုကို အတော်လေးစိတ်ဝင်စားနေလေသည်။

All Chapters