← Chapters

အဆင့်အတန်းကွာခြားမှုပေလော

Vol. 183 Ch. 2617

အဆင့်အတန်းကွာခြားမှုပေလော

Vol. 183 Ch. 2617

မိုးကောင်းကင်ထက်ရှိ ဓားဝိညာဉ်စွမ်းအားသည် ပို၍အားကောင်းလာပြီး နတ်ဆိုးကပ်ဘေးအလင်းသည် အဖျက်အားအကြီးဆုံး ဓားဝိညာဉ်စွမ်းအား၏ လွှမ်းမိုးမှုကို ခံလိုက်ရသည်။ ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ ကောင်းကင်နှင့်မြေကြီးအကြားရှိ မဟာလမ်းစဉ်အရှိန်အဝါနှင့် ထိုကပ်ဘေးတိမ်တိုက်များသည် ထိုနတ်အလင်းအတွင်း၌ ပေါင်းစည်းနေကြခြင်းဖြစ်သည်။

ရွှီး...

နတ်ဓားများသည် ဓားစက်ကွင်းထက်တွင် ပျံဝဲနေကြ၏။ နတ်ဓားတစ်ချောင်းချင်းစီသည် ကမ္ဘာဖျက်နတ်အလင်းတစ်ခုစီကို ထုတ်လွှတ်နေကြသည်။ ၎င်းတို့သည် လောကအတွင်းရှိ စွမ်းအားအကြီးဆုံး ပြစ်ဒဏ်ပေးဓားများကဲ့သို့ ထင်ရပေသည်။ ရီဖူရှင်း၏ပတ်ပတ်လည်ကို ထိုဓားများမှ ထွက်ပေါ်လာသည့် နတ်အလင်းများက ကာရံထား၏။

ထိုကြောက်မက်ဖွယ်ဓားအလင်းများသည် အောက်ဘက်ရှိ နတ်ဆိုးအင်ပါယာနန်းတော်ဆီသို့ ချိန်ရွယ်ထားကာ အောက်သို့ ဆက်၍ကျဆင်းနေသည်။ နတ်ဆိုးအင်ပါယာနန်းတော်အတွင်းမှနေ၍ ကမ္ဘာမြေနတ်ဆိုးသူတော်စင်ထွက်ပေါ်လာပြီး နန်းတော်အထက်တွင် စွမ်းအားကြီးသော ဧရာမဒိုင်းကာကြီးတစ်ခု ဖန်ဆင်းကာ ကျဆင်းလာသည့် ထိုနတ်ဓားများ၏ အလင်းများကို ကာရံလိုက်သည်။

ကမ္ဘာမြေနတ်ဆိုးသူတော်စင်၏ နက်မှောင်သောမျက်လုံးများသည် သူ့အထက်ရှိ ကောင်းကင်သို့ စိုက်ကြည့်နေလေသည်။ သူသည် အပြစ်ဒဏ်အားတစ်ခုကို ခံစားခဲ့ရသည်။ ၎င်းသည် ကောင်ကင်း၏ အပြစ်ပေးမှုကဲ့သို့ပင် ဖြစ်လေသည်။

ရီဖူရှင်းသည် ထိုအားကို ပို၍ပင် ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ ထိုဓားစက်ကွင်းသည် အပြစ်ပေးအကျဉ်းထောင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ၎င်းကာရံထားသော နေရာအတွင်း၌ အလုံးစုံပျက်သုဉ်းမှုသာ ဖြစ်သွားနိုင်ပေသည်။

“ထျန်ရှင်းနတ်ဓား...”

နတ်ဆိုးအင်ပါယာသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရေရွတ်လိုက်သည်။ သူသည် ထျန်ရှင်းနတ်ဓားကို ထပ်မံမြင်တွေ့ရလိမ့်မည်ဟု မထင်ခဲ့ပေ။ ထိုနတ်ဓားကို ဒွန်ဟောင်တိယွမ် အသုံးပြုနေသည်ကို မြင်လိုက်ရသောအခါ သူသည် ကိစ္စအများအပြားကို ပြန်အမှတ်ရသွား၏။

အရှင်ဒွန်ဟောင်သည် လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်အတွင်း၌ မည်သူမှအံမတုနိုင်သော နံပါတ်တစ်‌ တစ်ယောက်ဖြစ်ခဲ့ပေသည်။ သူသည် နေ့ချင်းညချင်း ကျော်ကြားလာခဲ့ပြီး သူ၏ အံ့အားသင့်ဖွယ်၊ မယုံနိုင်ဖွယ်အရည်အချင်းများကြောင့် ပလ္လင်ထက်တွင် စိုးစံနိုင်ခဲ့သည်။ အရှင်ဒွန်ဟောင်၏ ကြောက်စရာအကောင်းဆုံးအချက်မှာ သူ မစွမ်းဆောင်နိုင်သောအရာ တစ်ခုမှမရှိခြင်းပင်ဖြစ်သည်။ သူသည် လောကအသီးသီးရှိ နည်းစနစ်အားလုံးကို ကျင့်ကြံခဲ့ပြီး နည်းစနစ်တစ်ခုချင်းစီကိုလည်း အမြင့်ဆုံးအဆင့်အထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့သည်။ သူသည် ပါရမီရှင်အစစ်အမှန်တစ်ဦးဖြစ်သည်။

ထျန်ရှင်းနတ်ဓားသည် အပြစ်ပေးဓားသိုင်းတစ်ခုဖြစ်သည်။ ထိုဓားသိုင်းသည် လောကအတွင်းရှိ သတ်မှတ်ထားသောနေရာတစ်ခုကို ဓားအပြစ်ပေးမှု ချမှတ်လိုက်ပြီး ထိုဓားစက်ကွင်းအတွင်းရှိ မည်သည့်ကိုမှ ချမ်းသာမပေးသည့် ဓားသိုင်းတစ်ခုဖြစ်သည်။

ထိုဓားသိုင်းသည် အရှင်ဒွန်ဟောင်၏ ကြင်ယာတော်ထံမှ ပထမဆုံးဆင်းသက်လာခြင်းဖြစ်သည်။

ရီဖူရှင်းသည် အဖျက်စွမ်းအားကို ခံစားလိုက်ရပြီး သူ၏မျက်နှာထားသည် လေးနက်သွားလေသည်။ ထိုနေရာအတွင်းရှိ နတ်အလင်းသည် ဖြစ်တည်မှုအားလုံးကို ဖျက်ဆီးသွား၏။ ဓားစက်ကွင်းအတွင်း၌ အရာအားလုံး ဖျက်ဆီးခံလိုက်ရပြီး အသွေးအသား၊ စိတ်ဝိညာဉ်နှင့် အခြားအရာအားလုံးသည် နတ္ထိအဖြစ် ပြောင်းလဲသွား၏။ ဤပျက်စီးမှုကို မမြင်နိုင်ပေ။ ထို့အပြင် ရီဖူရှင်းထံမှ ထွက်ပေါ်နေသည့် ဝိညာဉ်စွမ်းအားပင် ဖျက်ဆီးခံလိုက်ရ၏။

ပို၍အရေးကြီးသည်မှာ ထျန်းရှန်နတ်ဓားအတွင်းရှိ နတ်အလင်းသည် စစ်မှန်သော မဟာအင်ပါယာဝိညာဉ်စွမ်းအားဖြစ်ခြင်းပင်။ ဒွန်ဟောင်တိယွမ်သည် တစ်ပါးမကသော မဟာအင်ပါယာများထံမှ အမွေဆက်ခံခဲ့ရကြောင်း သိသာပေသည်။

အတွေးတစ်ချက်ဖြင့် သူ့ပတ်ပတ်လည်တွင် ကောင်းကင်ထက်ရှိ ကြယ်တာရာအားလုံး ဝန်းရံထားသည့် ကြယ်တာရာနယ်မြေတစ်ခု ရုတ်တရက်ထွက်ပေါ်လာ၏။ ရီဖူရှင်း၏ခန္ဓာကိုယ်ကို ဗဟိုပြု၍ အမှီအခိုကင်းသော ကြယ်တာရာနယ်မြေတစ်ခု ဖြစ်ပေါ်လာလေသည်။

ဒွန်ဟောင်တိယွမ်၏မျက်လုံးများသည် ကြယ်တာရာစက်ကွင်းကို ကြည့်လိုက်ပြီး နတ်အလင်းများ ထွက်ပေါ်လာ၏။ ထျန်ရှင်းနတ်ဓားများ ရုတ်တရက်ကျဆင်းလားပြီး ကြယ်တာရာစက်ကွင်းဆီသို့ ပျံဝင်သွားကြသည်။

ဝုန်း...ဝုန်း...ဝုန်း...

ကြောက်မက်ဖွယ် ထိခတ်သံများကို ကြားလိုက်ရသည်။ ထျန်ရှင်းနတ်ဓားများ သတ်ဖြတ်ရန် ပျံဝင်လာသောအခါ ကြယ်တာရာများနှင့် ထိခတ်သွားပြီး ကြယ်တာရာများပေါ်တွင် အက်ကြောင်းများပေါ်လာကာ ကွဲအက်ပျက်စီးသွားလေသည်။ နတ်ဓားများသည် ကြယ်တာရာများအကြားတွင် ဆက်၍ ပျံသန်းနေပြီး ကြောက်မက်ဖွယ် မဟာလမ်းစဉ်ကြယ်တာရာများပင် ပျက်စီးသွားကြလေသည်။ ထိုပျက်စီးမှုမြင်ကွင်းသည် လောကကြီး၏အဆုံးသတ်နှင့်ပင် ဆင်တူပေသည်။

သို့သော် နတ်ဓားအားလုံး ကြယ်တာရာစက်ကွင်းအတွင်းပိုင်းသို့ ရောက်ရှိလာသောအခါ ၎င်းတို့၏စွမ်းအားသည် သိသိသာသာ အားနည်းလာ၏။ ရီဖူရှင်း၏ပတ်ပတ်လည်မှ နတ်ဓားများသည် တုံ့ဆိုင်းခြင်းမရှိဘဲ တိုက်ခိုက်လိုက်ပြီး ပျံဝင်လာသော ထျန်ရှင်းနတ်ဓားများကို ကာရံလိုက်သည်။

ဒွန်ဟောင်တိယွမ်သည် ကောင်းကင်ထက်ရှိ ထျန်ရှင်းနတ်ဓားသင်္ကေတများ၏အောက်တွင် ရပ်နေပြီး သူန၏ခန္ဓာကိုယ်သည် နတ်အရောင်အဝါများ တောက်ပနေလေသည်။ နတ်ဓားများသည် အဖျက်ခြုံလွှာကြီးတစ်ခုကဲ့သို့ အဆက်မပြတ် အဆုံးမဲ့ကျဆင်းနေသည်။

နတ်ဆိုးအင်ပါယာနန်းတော်အထက်ရှိ ကောင်းကင်သည် တုန်လှုပ်ဖွယ်ပေါက်ကွဲမှုများနှင့် ပြည့်နှက်နေပြီး နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို ရင်တုန်စိတ်လှုပ်ရှားစွာ ကြည့်နေကြလေသည်။

ဒွန်ဟောင်တိယွမ်သည် သူမ၏လက်ကို ဆန့်တန်းလိုက်ပြီး အောက်ဘက်သို့ ဖိနှိပ်ချသည့်ဟန် ပြုလုပ်လိုက်သည်။ ရုတ်တရက် အဆုံးမဲ့ကြီးမားသော ထျန်ရှင်းနတ်ဓားကြီး အောက်သို့ ကျဆင်းသွား၏။

၎င်းသည် ရုတ်ခြည်း ကျဆင်းလာပြီး ခုခံမှုအားလုံးကို ဖြတ်ကျော်သွားကာ မဟာလမ်းစဉ်အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ထိုအဝန်းအဝိုင်းအတွင်းရှိ နတ်ဓားအားလုံးသည် ၎င်းနှင့်အတူ ပေါင်းစည်းသွားပြီး ဓားစက်ကွင်းတစ်ခွင်လုံးတွင် အတုမဲ့အဖျက်စွမ်းအားနှင့် ပြည့်နှက်နေပေသည်။

ဝုန်း...

ထိုဓားကြီးသည် ရီဖူရှင်းပေါ်သို့ တည့်တည့်မတ်မတ်ကျဆင်းသွားသော်လည်း တောက်ပသော ကြယ်တာရာအလင်းမျက်နှာပြင်၏ ကာရံမှုကို ခံလိုက်ရသည်။ ထို့နောက်တွင် ရုတ်ခြည်းပင် ကြယ်တာရာအလင်းမျက်နှာပြင်သည် တဖြည်းဖြည်း ကွဲအက်လာပြီး နတ်ဓားကြီးသည် အတွင်းသို့ ဆက်၍ကျဆင်းနေလေသည်။ သို့သော် အတွင်းမှနေ၍ ကြယ်တာရာနတ်ဓားတစ်လက်ထွက်ပေါ်လာပြီး ကောင်းကင်မှ ကြယ်တာရာအလင်းများ အတူတကွစုစည်းသွား၏။ ကြောက်မက်ဖွယ်တုန်ဟည်းသံတစ်သံကိုကြားလိုက်ရပြီး ကြယ်တာရာနတ်ဓားသည် မိုးကောင်းကင်ထက်မှ ထွက်ပေါ်လာကာ ထျန်ရှင်းနတ်ဓားထံသို့ ကျဆင်းလာလေသည်။

ရီဖူရှင်း နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ တောင်ကုန်းဆရာသခင်ကို သတ်ဖြတ်ခဲ့စဉ်က သူ၏နတ်ဓားကို ထုတ်လွှတ်လိုက်သည်နှင့် မည်သည့်အရာကမှ သူ၏နတ်ဓားကို မတားဆီးနိုင်ခဲ့ပေ။ သို့သော် နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ တောင်ကုန်းဆရာသခင်သည် ဒွန်ဟောင်တိယွမ်မဟုတ်ပေ။ ဒွန်ဟောင်တိယွမ်၏ တိုက်ခိုက်စွမ်းရည်သည် တောင်ကုန်းဆရာသခင်ထက် များစွာ သာလွန်ပြီး အဆင့်ပိုမြင့်ပေသည်။

မည်သည့်အဆင့်တွင်ဖြစ်စေ မတူသော ကျင့်ကြံသူများကြားတွင် ကွာဟမှုရှိသည်ဆိုသော စကားမှာ အမှန်ပင်ဖြစ်လေသည်။

ရီဖူရှင်းသည် ခေါင်းမော့၍ ဒွန်ဟောင်တိယွမ်ကို ကြည့်သည်။ သူမ၏ခန္ဓာကိုယ်သည် မဟာလမ်းစဉ်နတ်ခန္ဓာအဖြစ် ပြောင်းလဲနေပြီဖြစ်ပြီး နတ်အလင်းတောက်ပနေပေသည်။ သူ၏နည်းစနစ်အားလုံးသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး သူ၏တစ်ကိုယ်လုံးသည် နတ်ဓားတစ်လက်ကဲ့သို့ တောက်ပလာပြီး လွန်စွာထက်ရှလာလေသည်။

ရွှီး...

အလင်းတန်းတစ်ခုသည် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး အရာအားလုံးကို ထိုးဖောက်သွား၏။ ကျဆင်းလာနေသည့် မည်သည့်ထျန်ရှင်းနတ်ဓားကမှ အလွန်တောက်ပနေသော ထိုအလင်းတန်းကို မကာရံနိုင်ခဲ့ချေ။

ဒွန်ဟောင်တိယွမ်သည် အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ နတ်ဇာမနီ၏ ဝိညာဉ်ပုံရိပ်ထွက်ပေါ်လာပြီး ကောင်းကင်ကို ကာရံသွား၏။ အသံရှည်ဆွဲ၍ အော်မြည်လိုက်သံတစ်သံနှင့်အတူ သူမ၏ခန္ဓာကိုယ်သည် ရဲရဲနီသော နတ်ဇာမနီတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ စကားလုံးဖြင့် မဖော်ပြနိုင်လောက်အောင်ပင် လွှမ်းမိုးမှုအရှိန်အဝါ ကြီးမားသွားပေသည်။ သူမသည် ပျံဝင်လာသော ဓားအလင်းတန်းများကို လက်နှစ်ဖက်ဖြင့် ရိုက်ချလိုက်သည်။

ဝုန်း...

ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာကာ ဒွန်ဟောင်တိယွမ်၏ခန္ဓာကိုယ်သည် အလင်းတန်းများ၏ တိုက်ခိုက်မှုအဟုန်ကြောင့် နောက်သို့လွင့်ထွက်သွား၏။ သို့သော် အလင်းတန်းများသည် သူမ၏လက်ကို မ‌ဖောက်ထွင်းနိုင်ခဲ့ပေ။

ခက်ထန်ရှည်လျားသော နောက်ထပ်အသံတစ်သံ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်သည် မီးတောက်လောကတစ်ခုကဲ့သို့ထင်ရသည့် ဇာမနီစက်ကွင်းအဖြစ် ပြောင်းလဲသွား၏။ ထိုကြောက်မက်ဖွယ် ဇာမနီနတ်မီးတောက်များသည် နတ်ဓားအလင်းတန်းများကို ရုတ်ခြည်း လွှမ်းခြုံသွားကာ လောင်ကျွမ်းပြာချပစ်ရန် ကြိုးပမ်းလိုက်သည်။

ပုံရိပ်နှစ်ခုသည် ခွာသွားပြီး အလင်းတန်းသည်လည်း နောက်သို့ပြန်ဆုတ်သွား၏။ နတ်မီးတောက်တစ်ခုသည် သူ၏ခန္ဓာကိုယ်ကို လောင်ကျွမ်းနေပုံပေါ်၏။ သူ့ခန္ဓာကိုယ်အတွင်းမှနေ၍ ယင်စွမ်းအားများ တိုးထွက်လာ၏။ သို့သော် နတ်မီးတောက်သည် မငြိမ်းသွားသေးပေ။ ယင်စွမ်းအားပို၍ အားကောင်းလာသောအခါမှသာ ၎င်းမီးတောက်သည် ငြိမ်းသွားလေသည်။

ရီဖူရှင်းသည်လည်း ဇာမနီ၏ ဝူထုံနတ်မီးတောက်ကို ရရှိထားပေသည်။ သို့သော် ထိုမီးတောက်သည် ဒွန်ဟောင်တိယွမ်၏ ဇာမနီနတ်မီးတောက်လောက် စွမ်းအားမကြီးပေ။

ဒွန်ဟောင်တိယွမ်ကို ဇာမနီနတ်မီးတောက်က လွှမ်းခြုံထားပြီး သူမသည် ယခင်ကထက် ပို၍မာန်ဝင့်နေသည်ဟု ထင်ရ၏။ သူမ အမွေဆက်ခံရရှိထားသောအရာမှာ ဘိုးဘေးဇာမနီဒီမွန်ဧကရာဇ်၏ စွမ်းအားဖြစ်ပြီး သူမသည် ဇာမနီ၏ နတ်သွေးထဲတွင် သူမ၏ခန္ဓာကိုယ်ကို သန့်စင်ခဲ့ကာ ဇာမနီအနန္တမီးတောက်ကိုလည်း ဆက်ခံရရှိခဲ့ပေသည်။ ဒီမွန်ဧကရာဇ်၏ ထိုနတ်မီးတောက်သည် သမိုင်းမတင်မီခေတ်ကပင် တောက်လောင်နေခဲ့သော မီးတောက်ဖြစ်သည်။ ၎င်းသည် နိဗ္ဗာန်စွမ်းအားကိုပင် ပိုင်ဆိုင်ထားပြီး ရီဖူရှင်း၏ နေမင်းနတ်မီးတောက်ထက် အားမနည်းပေ။

ရီဖူရှင်းသည် ရင်ထဲတွင် သက်ပြင်းချလိုက်သည်။ အရှင်ဒွန်ဟောင်သည် သူ၏တစ်ဦးတည်းသောသမီးတော်ကို သူ၏အကောင်းဆုံးအရင်းအမြစ်များအားလုံးကို ပေးခဲ့ခြင်းမှာ သဘောဝကျပေသည်။

သူမ၏အစသည် လောကအတွင်းရှိ လူအများစု၏ မျှော်လင့်ရုံသာတတ်နိုင်သည့် ပန်းတိုင်ဖြစ်ပေသည်။

“တစ်ချိန်တုန်းက ရှင်ဆက်ခံရရှိထားတဲ့ ယင်စွမ်းအားက ကျွန်မရဲ့ ဘိုးဘေးဇာမနီနတ်မီးတောက်ကို ငြိမ်းသက်တဲ့နေရာမှာ အသုံးဝင်တဲ့ပုံပဲ”

ဒွန်ဟောင်တိယွမ်သည် ဝင့်ဝါသောမျက်လုံးများဖြင့် ပြောသည်။ ရီဖူရှင်းသည် ယင်စွမ်းအားကို ရရှိထားကြောင်း သူမသိသော်လည်း သူမသည် ထိုစွမ်းအားကို ရီဖူရှင်းနှင့် ယှဉ်ပြိုင်လုယူရန် မနှစ်မြို့ခဲ့ခြင်းပေ။

“အရှင်မင်းသမီးရဲ့ ကျေးဇူးကြောင့်ပါ”

ရီဖူရှင်း အေးစက်စွာ ပြန်ပြောသည်။ ထိုစဉ်က အခွင့်အရေးများနှင့်ပတ်သတ်၍ ပြောရမည်ဆိုလျှင် ဒွန်ဟောင်တိယွမ်ကြောင့်သာမဟုတ်လျှင် သူသည် စစ်ပွဲထဲတွင် ပါဝင်ခဲ့မည်မဟုတ်ဘဲ ယင်စွမ်းအားကိုရယူရန် ကမ္ဘာမြေအလယ်ဗဟိုသို့လည်း သွားခဲ့မည်မဟုတ်ပေ။

“ရှင် ကျွန်မကို ကျေးဇူးတင်စရာမလိုပါဘူး။ ရှင်အသက်ရင်းပြီးမှ ရရှိခဲ့တဲ့ အခွင့်အရေးဆိုတာ ကျွန်မက မွေးကတည်းက ရရှိထားတဲ့ အရာပဲ”

ဒွန်ဟောင်တိယွမ်က တည်ငြိမ်စွာ ပြန်တုံ့ပြန်လိုက်သည်။ သို့သော် သူမ၏လေသံသည် အေးစက်မောက်မာကာ အထက်စီးဆန်နေပေသေးသည်။

ရီဖူရှင်းသည် ရင်ထဲတွင် စစ်ခနဲဖြစ်သွားပြီး မျက်လုံးများ ရေခဲတမျှ အေးစက်သွားလေသည်။ သူမပြောသည်မှာ မှန်ပေသည်။ သူသည် ကျင့်ကြံခြင်းတွင် ထိုအခွင့်အရေးများရရန် အကြိမ်ကြိမ် သူ့အသက်ကိုရင်းခဲ့ပြီး အခက်အခဲများနှင့် အန္တရာယ်များကို ကျော်ဖြတ်ခဲ့ရ၏။ သို့သော် ဒွန်ဟောင်တိယွမ်သည် ထိုအရာများကို မွေးကတည်းက ရရှိထားပေသည်။

ထို့အပြင် သူသည်လည်း ထိုအရာများကို မွေးကတည်းက ရရှိနိုင်မည့် ကံကြမ္မာရှိခဲ့၏။

သို့သော် သူထံမှ ထိုအရာအားလုံးကို လုယူသွားခြင်းခံခဲ့ရ၏။

All Chapters