အစီအရင်ကို ချိုးဖျက်ခြင်း
Vol. 114 Ch. 1569
အရှင်အရှေ့ဘက်ဉာဏ်အလင်းက ပြုံး၏။ သို့သော် သူ့စိတ်ထဲကမူ ဒီအကြံကို အရေးမပါဟု ဖယ်ရှားလိုက်သည်။ သူသည်ကျင့်ကြံသူကိုးသောင်းစစ်တပ်ကို ကြည့်နေ၏။ သတ်ဖြတ်လိုစိတ်နှင့် ကြမ်းကြုတ်မှုကို သူ ခံစားမိသည်။ သူကိုယ်တိုင်လည်း ရက်စက်လိုဟန်အမူအရာကို မထုတ်ဖော်မိဘဲ မနေနိုင် ဖြစ်ရသည်။
“သနားနေဖို့ မလိုဘူး။ ဒီဝံပုလွေတွေရဲ့ သတ်ဖြတ်လိုစိတ်က မွန်းစတားဆန်နေပြီ။ ငါက သူတို့ကို ဘာလို့များ သတ်ခွင့် မပြုနိုင်ရမှာလဲ။ ဒီကျင့်ကြံသူလေး ဝမ်လင်းအတွက်ကတော့ အများဆုံးမှ သူဟာ ကောင်းကင်ဘုံဒုက္ခအဆင့်ပဲ ရှိအုံးမှာ။ သူ ပြင်ပနယ်မြေမှာ လုပ်နိုင်ခဲ့တာက ကံလေးကောင်းသွားလို့။ သူ့ကို သတ်ဖို့ဆိုတာ လွယ်လွယ်လေးပဲ…”
“ဒီပထမဆုံးတိုက်ပွဲရဲ့ ရည်ရွယ်ချက်ဟာ သတ်ဖို့နဲ့ လုဖို့ပဲ။ ဒုတိယတိုက်ပွဲကသာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ချခင်းဖို့။ နောက်ဆုံးကျမှ ဒီကျင့်ကြံသူလေး ဝမ်လင်းကို သတ်ပစ်လိုက်မယ်…”
အရှင်အရှေ့ဘက်ဉာဏ်အလင်းသည် ထိုသို့ တွေးနေရင်း သူသည် ရုတ်တရက် အကွာအဝေးတစ်ခုထံသို့ ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာ အရှင်နန်ကျောက်၊ မီးစာကလေးကလန်ဘိုးဘေးနှင့် ဆရာသခင်ယွင်လောတို့သည်လည်း အကွာအဝေးတစ်ခုထံသို့ ကြည့်လိုက်သည်။
တုန်ဟည်းသံကနေ ပြင်းထန်သောဖိအားတစ်ခု ပျံ့လွင့်လာပြီး ကျင့်ကြံသူကိုးသောင်း၏ ဒေါသတကြီးအော်သံများကို ဖိနှိပ်သွားသည်။ ထိုအသံသည် လွှမ်းမိုးနိုင်လွမ်း၏။ မကြာမိပင် ကျင့်ကြံသူကိုးသောင်း၏ အကြည့်များကို စွဲဆောင်သွားသည်။
ဧရာမ အနက်ရောင်နန်းတော်တစ်ခု ရုတ်တရက် ပေါ်လာ၏။ ၎င်းသည် ကြီးမားလွန်းသည်။ ကျင့်ကြံခြင်းဂြိုဟ်တစ်ခု အရွယ်အစားလောက် ကြီးမားသည်။ ၎င်းကို အဆုံးမဲ့မြူများက ဝန်းရံထားပြီး ဝေဝေဝါးဝါး ဖြစ်စေသည်။
လူတစ်ယောက်သည် ထိုနန်းတော်ပတ်လည်တွင် မြောလွင့်နေသော ကျင့်ကြံသူ ထောင်ချီကို မြင်နိုင်မည်။ သူတို့အားလုံး၏ မျက်ခုံးကြားတွင် တူညီသောအမှတ်အသားတစ်ခု ရှိနေသည်။ ထိုအမှတ်အသားမှာ ဓားနက်တစ်လက်ပင်။
ထိုကျင့်ကြံသူတိုင်းသည် အလွန်တရာအေးစက်မှုအော်ရာကို ပေးစွမ်းနေသည်။ သူတို့သည် မထူးခြားနား မျက်နှာသေများဖြင့် ရှိနေပြီး အနက်ရောင်နန်းတော်ပတ်လည်တွင် မြောလွင့်နေသည်။
သတ်ဖြတ်လိုစိတ်ဝဲကတော့တစ်ခုသည် ဒီကြယ်နယ်မြေကို ခြုံလွှမ်းလာသည်။
“ဒါက ဓားကလန်ပဲ…”
“အုပ်စိုးသူကောင်စီရဲ့ ကောင်းကင်အပြစ်ပေးနန်းတော်ရဲ့ အစောင့်အကြပ်တွေဟာ ဓားကလန်က ဖြစ်တယ်…”
“ပြောကြတာက ဓားကလန်ရဲ့ ကျင့်ကြံသူတိုင်းရဲ့ စွမ်းအားဟာ ကြောက်မက်ဖွယ်တဲ့။ သူတို့က အံ့အားသင့်ဖွယ် စွမ်းအား ရှိတဲ့ စိတ်ဝိညာဉ်ထိုးဖောက်ခြင်းရိုက်ချက်ကို ကျင့်ကြံကြတယ်…”
“ဒီဓားကလန် ပေါ်လာပြီ။ ဒါဟာ အုပ်စိုးသူကောင်စီရဲ့ ကောင်းကင်အပြစ်ပေးနန်းတော်ပဲ ဖြစ်ရမယ်။ အုပ်စိုးသူကောင်စီဟာ ပထမဆုံးတိုက်ပွဲအတွက် နန်းတော်လေးခုထဲက တစ်ခုကို ဒီရွှေ့လာစေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားမိဘူး…”
ကြီးမားသော အနက်ရောင်နန်းတော်သည် ဖြည်းဖြည်းချင်း နီးကပ်လာ၏။ ၎င်းထံမှ ဖိအားသည် ဖြည်းဖြည်းချင်း ပျံ့နှံ့နေသည်။ ကျင့်ကြံသူကိုးသောင်းသည် နန်းတော်ထံသို့ ဦးညွတ်လိုက်ကြ၏။
“ငါတို့က ကောင်းကင်အပြစ်ပေးနန်းတော်ကို နှုတ်ဆက်ပါတယ်…” ကျင့်ကြံသူကိုးသောင်း၏ အသံသည် လှိုင်းတစ်ခုအလား။
နယ်မြေချိပ်ပိတ်ခြင်းအစီအရင်၏အပြင်ဘက်တွင် ဧရာမနန်းတော်တစ်ခု ဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။ ဝတ်စုံနက်ကျင့်ကြံသူထောင်ချီသည် ရှေ့သို့ အေးတိအေးစက် စိုက်ကြည့်သည်။
“အုပ်စိုးသူကောင်စီရဲ့ အမိန့်အရ ဒီအဘိုးအိုက ဒီတိုက်ပွဲကို ကြီးကြပ်ဖို့ လာတာ…”
အနက်ရောင်နန်းတော်ထံမှ ရှေးဟောင်းအသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံသည် ဖိအားတစ်ခုကို ထုတ်လွှတ်ကာ ကျင့်ကြံသူကိုးသောင်း၏အသံများကို ချက်ခြင်း ဖိနှိပ်သွားသည်။
“အခု ဒီအဘိုးအိုက နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ကို ဖွင့်လှစ်မယ်။ စစ်ပွဲ စတင်တော့မယ်…” ထိုအသံ ထွက်ပေါ်လာနေရင်း သက်ပြင်းချသံဟု ထင်ရ၏။ မကြာခင်တွင် အလင်းတန်းတစ်ခုသည် အနက်ရောင်နန်းတော်ထံမှ ဖျပ်ခနဲ ထိုးထွက်လာ၏။ ယင်းကား ဓားတစ်လက်၊ သလင်းအလင်းဖြင့် ပြုလုပ်ထားသော ဓားတစ်လက်ပင်။
ထိုဓားသည် ခုနစ်ပေရှည်လျား၏။ သုံးလက်မဗြက် ရှိသည်။ ၎င်း၏ဓားသွားမှာ သလင်းကဲ့သို့ ကြည်ရှင်းသည်။ အကြည့်တစ်ချက်ဖြင့်ပင် ၎င်းသည် တလျှံလျှံတောက်ပနေပြီး အပူဇော်ခံမီးတောက်များ ပါဝင်နေသည်ကို သိနိုင်သည်။ ၎င်းသည် ပတ်လည်ရှိ ဟင်းလင်းပြင်ကိုပါ ပုံပျက်သွားစေသည်။
လူတစ်ယောက်သည် ထိုပုံပျက်ယွင်းမှုအတွင်းမှ များပြားလှသော အပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များနှင့် အပူဇော်ခံမီးတောက်နယ်မြေများကို ရှင်းလင်းစွာ မြင်နိုင်ပေမည်။ သူတို့သည် နေရာတွင်ပင် ထိုင်နေကာ သူတို့၏အပူဇော်ခံမီးတောက်များကို ကမ်းလှမ်းပူဇော်မှု ပြုကြ၏။
ရှေးဟောင်းကြယ်အဖွဲ့အစည်း၌ ဟင်းလင်းပြင်အက်ကြောင်းတစ်ခုအတွင်း၌ မတည်ရှိသင့်သော လောကတစ်ခုကို ဖန်တီးလိုက်ပေပြီ။
ထိုနန်းတော်သည် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေ၏။ ထိုနေရာတွင် ကောင်းကင်ဘုံတောင် ရှိသည်။ တောင်ထွတ်မှာ တိမ်ထုများကြား ကွယ်ဝှက်နေသည်။ ယင်းတောင်ထိပ်ပေါ်တွင် အမျိုးသမီးတစ်ယောက် ထိုင်နေသည်။
ထိုအမျိုးသမီးသည် သက်လတ်ပိုင်းအရွယ် ရှိ၏။ သူမသည် အကြွင်းမဲ့မလှပေ။ သို့သော် သူမထံမှ ကျက်သရောဖြာမှု၊ကျော့ရှင်းမှုအလှကို ပေးစွမ်း၏။ သူမသည် နန်းဝတ်နန်းစား ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏မျက်ခုံးနှစ်ခုကြား၌ ဘဲဥပုံသွေးအမှတ်အသားတစ်ခု ရှိလေသည်။
ကောင်းကင်ထက်သို့ ကြည့်နေရင်း သူမ၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားသည်။ သူမက ကျောက်စိမ်းအလား သူမ၏လက်ကို ပင့်မြှောက်ကာ ကောင်းကင်ထက်သို့ ညွှန်လိုက်၏။ ထိုအခါ မင်းအဆောင်အယောင် ကျောက်စိမ်းတောင်ဝှေးတစ်ခု ပေါ်လာသည်။ ထိုတောင်ဝှေးပေါ်တွင် ပန်းပွင့်များ ရှိ၏။ ထိုပန်းပွင့်များသည် မူလတုန်းက သေနှင့်နေပြီးပင်။ သို့သော် ထိုအမျိုးသမီး လက်ညွှန်လိုက်ချိန်၌ ယင်းတို့သည် အသက်ဓာတ်ရလာကာ ဖူးပွင့်လာသည်ဟု ထင်ရသည်။
ပန်းများ ဖူးပွင့်လာသည့်အချိန်၌ ပွင့်ချပ်ကိုးခုသည် ကြွေကျဆင်းလာပြီး ဝဲကတော့တစ်ခုအသွင် ဖြစ်ပေါ်ကာ သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။
“နင်က ခုထိ မဆုံးဖြတ်ရသေးမှတော့ ငါ နင့်ကို ကူညီပေးလိုက်မယ်…” ထိုအမျိုးသမီးသည် ခပ်တိုးတိုး ဆိုရင်း သူမသည် သူမ၏ဘယ်လက်မှ ရွှေရောင်ဆံထိုးတစ်ခုကို ဖယ်ယူကာ ရှေ့သို့ ပစ်လွှတ်လိုက်သည်။
အပြာရောင်ပိုးသားကလန်၏ အပြာရောင်တောင်ထိပ်ပေါ်တွင် ကုချင်းသံလှိုင်းများ ထွက်ပေါ်နေ၏။ ထိုဂီတမှာ လှပသော်လည်း ထူးဆန်းလှသည်။ တခါတရံ ယင်းဂီတသံသည် သတ်ဖြတ်ချေမှုန်းလိုဟန်၊ တဖန် ညင်သာနူးညံ့သွားပြန်သည်။ မတူညီသော အစွန်းနှစ်ဖက်စိတ်နှစ်ခုကို အတူပေါင်းစည်းစေလျက် ရှုပ်ထွေးလွန်းသည့် စိတ်ခံစားမှုတစ်ခုကို ဖြစ်ပေါ်စေသည်။
တာအိုသခင်အိပ်မက်ပြာသည် မျက်လုံးမှိတ်လျက် ကုချင်းပေါ်တွင် သူ့လက်နှစ်ဖက်ကို လှုပ်ရှား တီးခတ်နေသည်။ သူသည် တုံ့ဆိုင်းနေသည့်ပုံပင်။ ရွေးချယ်မှုတစ်ခုကို ပြုလုပ်နေရသည့်အလား။
လီချန်မေသည် သူမအဖေ၏ မျက်နှာချင်းဆိုင်တွင် တည်ငြိမ်စွာ ထိုင်နေသည်။ သူမသည် အဖေဖြစ်သူကို တည်ငြိမ်စွာ ကြည့်နေပြီး စကားတစ်ခွန်းမှ မဆိုပေ။
ထိုအခိုက်တွင် လှိုင်းဂယက်များ အပြာရောင်တောင်ထိပ်ပေါ်တွင် ပဲ့တင်ထပ်လာပြီးနောက် ရွှေရောင်တစ်ချက် လင်းလက်သွားသည်။ ၎င်းမှာ ဆံထိုးတစ်ခု၊ အမျိုးသမီးတစ်ယောက် ဆံပင်ပေါ်တွင် ထုံးချည်သော ဆံထိုးတစ်ခုပင်။
ထိုဆံထိုးသည် လေဟာနယ်ကို ချိုးဖျက်၍ အပြာရောင်တောင်ထိပ်ထံသို့ တန်းတန်းမတ်မတ် ဦးတည်သည်။ ၎င်းသည် အိမ်အမိုးကို ထွင်းဖောက်ကာ လီချန်မေနှင့် တာအိုသခင်အိပ်မက်ပြာတို့ကြားရှိ မြေပြင်ထက်သို့ ထိုးစိုက်ကျလာသည်။
ကုချင်းသံ ရုတ်တရက် ရပ်တန့်သွား၏။ ကုချင်းကြိုးများထဲမှ တစ်ချောင်းသည်ပင် ရုတ်တရက် ပြက်တောက်သွားကာ လေထဲသို့ ပျံဝဲတက်၏။ တာအိုသခင်အိပ်မက်ပြာသည် မျက်လုံးဖွင့်လာ၏။ သူ့ရှေ့ရှိ ဆံထိုးကို ကြည့်သည်။ သူ၏မျက်လုံးထဲတွင် နာကျင်စွာရုန်းကန်မှုတို့ ဖြစ်ပေါ်၏။
အချိန်အတန်ကြာပြီးနောက် သူသည် သက်ပြင်းချကာ သူ့လက်ကို ဝေ့ယမ်းလိုက်သည်။ ကုချင်းမှ ပြုတ်ထွက်လာသော ကြိုးကို အပြာရောင်အလင်းတစ်ခုက ဝန်းရံသည်။ တာအိုသခင်အိပ်မက်ပြာသည် သူ့လျှာကို ကိုက်လိုက်ပြီးနောက် သွေးအချို့ ထွေးထုတ်၏။ ထိုသွေးက ကြိုးနှင့် ပေါင်းစည်းသွားပြီး အကွာအဝေးတစ်ခုထံသို့ ပျံသန်းသွားလေသည်။
နယ်မြေချိပ်ပိတ်ခြင်းအစီအရင်၏ အပြင်ဘက်တွင် အနက်ရောင်နန်းတော်၏ဘေးရှိ လောကသည် တုန်ဟည်း၏။ ပွင့်ချပ်ကိုးခုသည် သလင်းဓားဘေးတွင် ပေါ်လာပြီး ကြောက်မက်ဖွယ်မုန်တိုင်းတစ်ခု ဖြစ်တည်သည်။
တစ်ချိန်တည်းမှာ အပြာရောင်အလင်းသည် အပြင်းအထန် လင်းလက်လာပြီး ကျိုးပျက်သွားသော ကြိုးတစ်ချောင်းပေါ်လ၏။ ထိုကြိုးတွင် တာအိုသခင်အိပ်မက်ပြာ၏ သွေး၊ သူ၏ကျင့်ကြံမှု ပါဝင်သလို သူ့စိတ်နှင့်လည်း ချိတ်ဆက်ထားသေးသည်။ ထို့ကြောင့် ၎င်းထံ၌ အစွမ်းထက်လှသော အပူဇော်ခံမီးတောက်များ ပါဝင်ချေသည်။
ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ အနောက်ဘက်အစွန်ဆုံးအပိုင်း၊ ထိုနေရာရှိ လောကသည် အနည်းငယ် ဖြူဆွတ်သည်။ ဒီနေရာသို့ လာရောက်သော မည်သည့်ကျင့်ကြံသူမဆို သူတို့၏စိတ်ထဲ၌ အေးစိမ့်မှုကို ခံစားနိုင်မည် ဖြစ်သည်။ သူတို့သည် သူတို့၏ကျင့်ကြံမှုကို အသက်သွင်းလိုက်လျှင်ပင် အေးခဲသွားပေလိမ့်မည်။
အကွာအဝေးတစ်ခု၌ ကျင့်ကြံခြင်းဂြိုဟ်ကိုးလုံးလည်း ရှိနေ၏။ အဝေးမှ ကြည့်ပါက ထိုဂြိုဟ်များသည် ရေခဲအပိုင်းအစကြီး ကိုးခု သို့မဟုတ် ပို၍ တည်တည်ကျကျဆိုရသော် ရေခဲအပိုင်းကြီးတစ်ခုနှင့် ဆင်တူနေသည်။
ထိုဧရာမရေခဲပိုင်းနှင့် အေးခဲနေသော ကျင့်ကြံခြင်းဂြိုဟ်ကိုးလုံး။
ထိုကျယ်ပြောလှသော ရေခဲပြင်ထဲ၌ အသက်ခုနစ်နစ်၊ ရှစ်နှစ်ခန့် ကလေးငယ်တစ်ယောက်ကို ချိပ်ပိတ်ထားသည်။ ထိုအခိုက်အတန့်တွင် ထိုကောင်လေး၏ ခန္ဓာကိုယ်မှာ သေဆုံးခြင်းစွမ်းအင်နှင့် ပြည့်နေပြီး သူက မျက်လုံးဖွင့်လာသည်။ သူ့မျက်လုံးတို့မှာ အလွန်တရာ ထူးဆန်းလှ၏။ သူ့မျက်လုံးတစ်လုံးချင်းစီတွင် သူငယ်အိမ်သုံးခုစီ ရှိနေသည်။
မျက်လုံးသူငယ်အိမ်သုံးခုနှင့် ကျင့်ကြံသူ။
သူ မျက်လုံးဖွင့်လာသည့်အခါ ဂြိုဟ်ကိုးလုံးပတ်လည်ရှိ ရေခဲများသည် တုန်ဟည်းကုန်သည်။ ထို့နောက် ဧရာမမျက်လုံးအရိပ်တစ်ခုက ထိုရေခဲအတွင်း၌ ပေါ်လာ၏။
ထိုမျက်လုံးသည် ကောင်လေး၏မျက်လုံးနှင့် တူတူပင်။ ၎င်းထံ၌လည်း မျက်လုံးသူငယ်အိမ်သုံးခု ရှိနေသည်။ ထိုအခိုက်၌ မျက်လုံးသူငယ်အိမ်သုံးခုသည် ကြယ်များကြားသို့ ပျံသန်းသွားလေသည်။
ရှေးဟောင်းကြယ်အဖွဲ့အစည်း၌ ကောင်းကင်ဘုံစွမ်းအင်များ ပြည့်နှက်နေသော နောက်ထပ်ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ရှိသည်။ ထိုနေရာတွင် ကုန်းမြေတစ်ခု လွင့်မြောနေသည်။ ထိုကုန်းမြေသည် ရှေးဟောင်းအော်ရာကို ပေးစွမ်း၏။ ၎င်း မည်သည့်နေရာကနေ ရောက်လာမှန်း မည်သူမျှ မသိကြပေ။
ထိုကုန်းမြေပေါ်တွင် အမျိုးသမီးတစ်ယောက် ထိုင်နေ၏။ သူမသည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ဆံပင်များသည်ပင် အနီရောင် ရှိသည်။ သူမက အလွန်တောက်ပသည့်ပုံ ပေါ်လွင်သည်။
သူမသည် ထိုင်နေသော်လည်း သူမ၏ဝတ်ရုံကမူ ပုံကျမသွားဘဲ ချပ်ချပ်ယပ်ယပ် ရှိနေ၏။ နောက်မှ ကြည့်ပါက သူမသည် အံ့အားသင့်ဖွယ်ခါးကို ပိုင်ဆိုင်ထားသည်ကို တွေ့ရပေမည်။ သူမ၏ တင်၊ ခန္ဓာကိုယ်အပေါ်ပိုင်း ကောက်ကြောင်းနှင့်ပါ ပေါင်းစပ်လိုက်ပါက ကျင့်ကြံသူတိုင်း၏ စိတ်နှလုံးကို ခုန်ပေါက်သွားစေဖို့ရာ လုံလောက်နေသည်။
သူမ၏မျက်နှာမှာလည်း အလွန်လှ၏။ ဖြူဆွတ်နေသည်။ သူမ၏မျက်တောင်များမှာ တုန်ခါလျက် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာသည်။ သူမ၏မျက်ဝန်းထဲတွင် ဝမ်းနည်းရိပ်က မွေးရာပါအလား။ သူမသည် ကျောက်စိမ်းကဲ့သို့ လက်ကို ဖြည်းဖြည်းချင်း ပင့်မြှောက်ကာ ကိုက်လိုက်သည်။ ထိုပုံရိပ်သည် တွေ့မြင်ရသူတိုင်းကို ရူးသွပ်သွားစေလောက်သည်။
သက်ပြင်းချသံ ခပ်သဲ့သဲ့ ထွက်ပေါ်လာ၏။ ထို့နောက် သူမက လက်ချောင်းကို ကိုက်လိုက်သည်။ သူမက လက်ဝေ့ယမ်းလိုက်ရာ သွေးစက်သုံးစက် ပျံသန်းထွက်ကာ ကြီးမားလှသော အရုပ်စိုးအကျည်းတန်သည့် တစ္ဆေသုံးကောင်အဖြစ်သို့ ပြောင်းလဲသည်။ ထိုတစ္ဆေများသည် ကြောက်မက်ဖွယ်ကောင်း၏။ ယင်းတို့က ဟိန်းသံများ ထုတ်ဖော်လိုက်ရင်း ကောင်းကင်တခွင် ပျံ့နှံ့သည်။ ယင်းတစ္ဆေများသည် လေထဲသို့ ပျံသန်းတက်သွားကြ၏။
ခဏအကြာတွင် ထိုတစ္ဆေသုံးကောင်သည် အနီရောင်ဝတ်စုံနှင့် အမျိုးသမီးကို ဦးညွတ်ပြီးနောက် ပျောက်ကွယ်သွားလေ၏။
နယ်မြေချိပ်ပိတ်ခြင်းအစီအရင်၏ အပြင်ဘက်တွင် သလင်းဓား၊ ကြိုး၊ ပန်းပွင့်ကိုးခု၏ဘေးတွင် တစ္ဆေအလင်းတောက်ပလာသည်။ အရိပ်မျက်လုံးတစ်လုံးသည်လည်း ရုတ်တရက် ထိုနေရာတွင် ပေါ်လာသည်။ ထိုမျက်လုံးတွင် မျက်လုံးသူငယ်အိမ်သုံးခုရှိကာ ချောက်ချားဖွယ်ရာ မြင်ကွင်းပင်။
ထိုသူငယ်အိမ်သုံးခုနှင့် မျက်လုံးပေါ်လာသည်နှင့် အော်သံတစ်သံ ပဲ့တင်ထပ်သည်။ ဧရာမတစ္ဆေကြီးသုံးကောင်က ဟင်းလင်းပြင်ကို ဆုတ်ဖြဲ၍ ပေါ်လာလေ၏။
ပြင်ပနယ်မြေ၏ အစွမ်းထက်ကျင့်ကြံသူများကြောင့် ဖြစ်ပေါ်လာသော ရတနာအမျိုးမျိုးမှာ စုဝေးကုန်ပြီ။ ပြင်ပနယ်မြေ(ဝါ)ရှေးဟောင်းကြယ်အဖွဲ့အစည်း၌ အုပ်စိုးသူ ပိုင်ဆိုင်သော မြောလွင့်နေသော ကုန်းမြေထက်တွင် ဝတ်စုံနက်လူတစ်ယောက်သည် အထက်သို့ မော့ကြည့်လိုက်သည်။ သူက သူ့ခြောက်သွေ့သော လက်ကို ပင့်မြှောက်ကာ ရှေ့သို့ ကြမ်းတမ်းစွာ ဆန့်ထုတ်သည်။
“ရေတွင်းထဲကလ မျှားခြင်း…” ထိုဝတ်စုံနက်နှင့်လူက ခပ်ဩဩအသံဖြင့် ပြောလိုက်၏။ သူ၏ အားနည်းသောအသံသည် နန်းတော်အတွင်း၌ ပဲ့တင်ထပ်သည်။
ကျင့်ကြံသူကိုးသောင်း၏ရှေ့မှ နယ်မြေချိပ်ပိတ်ခြင်းအစီအရင်သည် စတင် တုန်ဟည်းလာသည်။ အစွမ်းထက်အားတစ်ခုက ထိုအစီအရင်၏ စိတ်ဝိညာဉ်ကို ထုတ်နှုတ်ချင်သည့်အလား ထင်မှတ်ရလေပြီ။
အစီအရင်သည် တုန်ခါလာရင်း အလင်းတန်းများ လင်းလက်ကာ အစီအရင်စိတ်ဝိညာဉ်မျိုးစုံ ထွက်ပေါ်လာ၏။ ထိုသွေးရတနာများသည် တုန်လှုပ်ဖွယ်အော်ရာကို ပေးစွမ်းသည်။
နယ်မြေချိပ်ပိတ်ခြင်းအစီအရင် တုန်ယင်တုန်ခါမှုက တဖက်ရှိ ဝမ်လင်း၏အာရုံကို စွဲဆောင်သွားသည်။ သူ့မျက်လုံးသူငယ်အိမ်ပါ ကြုံ့သွားရင်း သူသည် လှမ်းကြည့်သည်။
ဤလောက၌ ခုလိုမျိုး တိုက်ဆိုင်မှုမျိုး ရှိသည်သာ။ နယ်မြေချိပ်ပိတ်ခြင်းအစီအရင်သာ ကြား၌ ရှိမနေပေါက ထိုကျင့်ကြံသူကိုးသောင်းသည် အစီအရင်၏တဖက်ရှိ အဖြူရောင်ဆံပင်နှင့် ဝမ်လင်းက သူတို့အား ကြည့်နေသည်ကို ရှင်းလင်းစွာ မြင်မိပေလိမ့်မည်။
***