← Chapters

အပိုင်း(၁၅၇၅)

Vol. 114 Ch. 1575

အပိုင်း(၁၅၇၅)

Vol. 114 Ch. 1575

တိုက်ပွဲကွင်းပြင်တွင် သတ်ဖြတ်မှုများ ပြည့်နှက်နေသဖြင့် မတိတ်ဆိတ်၊မငြိမ်သက်သွားသင့်ပေ။ ခုချိန်တွင် တိုက်ပွဲမြင်ကွင်းများက နေရာအနှံ့ပင်။ ထိုမျှများပြားလှသော ကျင့်ကြံသူများ သေဆုံးမှုမျိုးကို နှစ်ပေါင်းသောင်းချီအတွင်း မြင်ရနိုင်သည့် အရာမျိုး မဟုတ်ပေ။

အလုံးစုံကောင်းကင်နှင့် မဟာမိတ်တို့ကြား တိုက်ပွဲသည်ပင် အချိန်တိုအတွင်း အခုလောက်တိုက်ပွဲအနေအထားထိ မရောက်ရှိခဲ့ပေ။

သို့ပေမည့် ခုချိန်၌ ဝမ်လင်း အော်ဟစ်လိုက်သည့်အခါ သူ့ပတ်လည်ရှိ တိုက်ပွဲကွင်းပြင်မှာ ငြိမ်သက်သွားလေ၏။

ဝမ်လင်း၏ခန္ဓာကိုယ်သန်မာမှုက တိုက်ခိုက်နေသော ကျင့်ကြံသူတစ်သောင်းကို အတိုင်းမသိ တုန်လှုပ်စေ၏။ သူတို့၏မျက်လုံးထဲတွင် ထိတ်လန့်မှုတို့ အထင်းသား။

သူတို့အားလုံး ကြောက်လန့်ကုန်ပြီ။

သူတို့သည် ဝမ်လင်း၏ခန္ဓာကိုယ်က မည်သည့်အတွက်ကြောင့် အခုလောက်အစွမ်းထက်နေသည်ကို နားမလည်နိုင်ပေ။ သူ၏ခန္ဓာကိုယ်စွမ်းအားမှာ ထိတ်လန့်ဖို့ ကောင်းလွန်း၏။ အချိန်တိုအတွင်း ဝမ်လင်းက အကြမ်းပတမ်း အဆက်မပြတ် တိုက်ခိုက်မှုများကြား ရှင်သန်နိုင်ခဲ့သည်။

အထူးသဖြင့် လက်ကျိုးသွားသော အဘိုးအိုမှာ အတော်လေးကို လန့်နေ၏။ သည်အခိုက်တွင် သူသည် ချက်ခြင်း နောက်ဆုတ်သည်။ ထိုသို့ဖြင့် ကျင့်ကြံသူတစ်သောင်းသည် အရူးအမူး နောက်ဆုတ်လေသည်။

သူတို့၏နောက်ဆုတ်မှုက တိမ်ပင်လယ်မှ ကျင့်ကြံသူများကို အားပါးတရာ ရွှင်မြူးမှု ဖြစ်စေ၏။

“တိမ်ပင်လယ်ရဲ့ ဂုဏ်ရှိန်ဝါ၊ ချိပ်ပိတ်နယ်မြေသခင်ရဲ့ ဂုဏ်ရှိန်ဝါ…”

အားပါးတရ ချီးကျူးထောပနာအသံများသည် အရူးအမူး ပဲ့တင်ထပ်သည်။ သည်အခိုက်တွင် သူတို့အားလုံးက မုန်တိုင်းတွင်းမှ လှမ်းထွက်လာသော ဆက်လက် သတ်ဖြတ်မည့် ဝမ်လင်းကို ကြည့်သည်။

ဝမ်လင်း မုန်တိုင်းတွင်းမှ လှမ်းထွက်လာချိန်၌ သူ့မျက်လုံးထဲတွင် ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်သည်။ သူက ညာလက်ကို ဝေ့ယမ်းလိုက်ရာ မုန်တိုင်းသည် ပျက်စီး၏။

ဝမ်လင်းက ရှေ့သို့ လှမ်းသည်။ သိမ်မွေ့ဆန်းကြယ်မီးနှင့် မိုးကြိုးသည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများထံ တဟုန်ထိုး ဝင်ရောက်လေပြီ။

နာကျင်ထိတ်လန့်စွာ အော်သံများ ပဲ့ထင်လာပြန်ကာ စစ်ပွဲသည် ဆက်လက် ဖြစ်သည်။

အဆက်မပြတ် သတ်ဖြတ်မှုကြောင့် ဝမ်လင်းသည် မောပန်းလာ၏။ သူ၏ဒဏ်ရာများသည် အပြင်ပိုင်းကြည့်ရုံဖြင့် အတော်လေး ဆိုးဝါးနေပြီ။ သူသည် ကျင့်ကြံသူတစ်သောင်း၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန် ရထားခဲ့သည် မဟုတ်လား။ ကြယ်ခုနစ်လုံးရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ပြန်ကောင်းမွန်နှုန်းဖြင့်ပင် ပြင်းထန်သောစစ်ပွဲကြောင့် လိုက်မမှီနိုင်သည့်ပုံရသည်။

သတ်ဖြတ်မှုကြောင့် သူ့မျက်လုံးများ ရဲရဲနီနေ၏။ သူသည် ဒီတိုက်ပွဲက ပြီးဖို အဝေးကြီး လိုသေးသည်ကို သိ၏။ သို့သော် သူ နောက်မဆုတ်နိုင်ချေ။

ဝမ်လင်း လှမ်းထွက်လာခြင်းက တိမ်ပင်လယ်မှ ကျင့်ကြံသူများကို စိတ်ဓာတ်ပိုတက်ကြွသွားစေသည်။ သူတို့သည် အပြင်းအထန် ခံနေရသော်လည်း ရူးချင်စဖွယ် တန်ပြန်တိုက်ခိုက်လေ၏။ အရှင်ဟုန်ရှန် သူတို့ကို ပေးအပ်ခဲ့သော အစီအရင်များက သူတို့၏စိတ်အတွင်း၌ ကမ္ဗည်းထွင်းထားသည့်အလား။

ထိုအခိုက်တွင် ကျန်သည့် ကျင့်ကြံသူသုံးသောင်းမှာ အစီအရင်တစ်ခုကို စတင်အထိုင်ချ၏။

သူတို့က အပြီးသပ်ခါနီး၌ ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် ထိုအစီအရင် အထိုင်ချခြင်းကို တားဆီးရန် လမ်းတစ်လျှောက် သတ်ဖြတ်လေ၏။

တိမ်ပင်လယ်၏အစီအရင်သည် မည်မျှပင် ရင်းပါစေ မချခင်းနိုင်ဘဲ ဖြစ်နေ၏။

ပြင်ပနယ်မြေမှကျင့်ကြံသူများသည် သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နေ၏။ အချို့သည် ဝမ်လင်းကြောင့် ထိတ်လန့်ကုန်သော်လည်း အများစုကမူ သတ်ဖြတ်လိုစိတ် အပြည့်ဖြင့်သာ။ သူတို့က ပြင်ပနယ်မြေထံသို့ ဦးတည်ဝင်လာနေတော့၏။

ထိုအဖြစ်အပျက်များမှာ လူတစ်ယောက်ကြောင့်သာ။ ထိုသူမှာ ဆရာသခင်ယွင်လောပင်။

ဆရာသခင်ယွင်လောက ပြင်ပနယ်မြေမှ ကျင့်ကြံသူအများစု၏ စိတ်အတွင်း၌ နက်ရှိုင်းစွာ ရှိနေ၏။ သူမ၏ကျောက်စိမ်းကဲ့သို့ လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များ ဖြစ်စေသည်။ သူမ၏မျက်လုံးထဲတွင် ရှေ့ဖြစ်အာရုံများ တလက်လက် ပေါ်၏။ သူမက လက်မြှောက်၍ ရှေ့သို့ ညွှန်လိုက်သည်။

အမိန့်များတစ်ခုပြီးတစ်ခု ပို့လွှတ်၏။ စစ်တပ်သည် လေးပိုင်းခွဲကာ အတွင်းနယ်မြေထံသို့ လှုပ်ရှားလာ၏။ သူမ၏အမိန့်အောက်တွင် ပြင်ပနယ်မြေ စစ်တပ်က စိတ်ဝိညာဉ်တစ်ခု ရလာသည့်အလား။

ဆရာသခင်ယွင်လောက ဆက်လက်၍ ရှေ့ဖြစ်ကြည့်နေပြီး ဖြစ်နိုင်ချေ အန္တရာယ်များကို မြင်နေသည်။ ထိုအဖြစ်က တိမ်ပင်လယ်မှ ကျင့်ကြံသူများအတွက် ရန်သူကိုသတ်ဖို့ အစီအရင် မချမှတ်နိုင်မှုကို ဖြစ်စေသည်။

အစီအရင်တစ်ခု ချမှတ်တော့မည့် ကြံတိုင်း ထိုအမျိုးသမီးက လက်ညွှန်၏။ကျင့်ကြံသူများစွာက အစီအရင် ပြီးပြည့်စုံမည်ကို ဟန့်တားရန် တရကြမ်း တိုးဝင်လာကြသည်။

ဝမ်လင်းသည် အကွာအဝေးတစ်ခုရှိ ဆရာသခင်ယွင်လောထံ ကြည့်၏။ သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ပေါ်လာသည်။

တတိယအဆင့် ကျင့်ကြံသူငါးယောက်နှင့် တိုက်ခိုက်နေသော အရှင်ဟုန်ရှန်က ဝမ်လင်းနှင့်အတူ မော့ကြည့်လာ၏။ အရှင်ဟုန်ရှန်သည် ဆန်းကြယ်လေဟာနယ်အလယ်အဆင့်တွင် ရှိကာ နောက်ဆုံးအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့၏။ သူသည် တတိယအဆင့်ကျင့်ကြံသူငါးယောက်ကို အသာစီးယူ၍ ထိန်းထားနိုင်သည်။ သို့သော်လည်း သူသည် အချိန်အတိုင်းအတာ တစ်ခုတော့ တားဆီးခံရသည်သာ။

သည်တိုက်ပွဲတွင် အရှင်ဟုန်ရှန်က အရေးပါလှသောနေရာကနေ ကစားနေ၏။ ချိပ်ပိတ်နယ်မြေအရှင်သခင်၏ ကျောက်စိမ်းပြားကြောင့် ပိတ်မိနေသော ကောင်းကင်အပြစ်ပေးခြင်းနန်းတော်၏ ခေါင်းဆောင်ကလွဲ၍ တတိယအဆင့်ကျင့်ကြံသူအားလုံးကို သူက ထိန်းထားသည်။

ထိုအဖြစ်က ဝမ်လင်းကို ဟန့်တားဖို့ တတိယအဆင့်ကျင့်ကြံသူ မရှိ ဖြစ်စေ၏။ နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ကို ပြုပြင်နေခြင်းကို ဟန့်တားမည့် တတိယအဆင့်ကျင့်ကြံသူ မရှိ ဖြစ်စေသည်။

သူ မော့ကြည့်လိုက်ရင်း သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ဖျပ်ခနဲ ပေါ်သည်။ သူက သူ့လက်ကို ဝေ့ယမ်း၏။ သူ့အား တိုက်ခိုက်နေသော တတိယအဆင့်ကျင့်ကြံသူ ငါးယောင်နှင့်အတူ သူ့ပတ်လည်တွင် အနီရောင်တိမ်တိုက် တစ်ခု ပေါ်လာသည်။ ထို့နောက် သူသည် ထိုသူတို့နှင့်အတူ ဆရာသခင်ယွင်လောထံသို့ တိုးဝင်လာလေသည်။

“ဒီအမျိုးသမီးသာ မသေဘူးဆိုရင် ဒီတိုက်ပွဲက အတားအဆီး ဖြစ်နေလိမ့်မယ်…”

အရှင်ဟုန်ရှန်သည် မာန်သွင်းလိုက်ကာ သူ့ကို တိုက်ခိုက်နေသော တတိယအဆင့် ကျင့်ကြံသူငါးယောက်နှင့်အတူ ရှေ့တိုးလာ၏။ သူသည် လေဟာနယ်ကို ချိုးဖျက်၍ နယ်မြေချိပ်ပိတ်ခြင်းအစီအရင် ဘေးတွင် ပေါ်လာသည်။ သူသည် ရှေ့တက်တိုးကာ ယွင်လောထံသို့ ဦးတည်ဝင်လာသည်။

ဆရာသခင်ယွင်လော ပတ်လည်ရှိ ကျင့်ကြံသူများ၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွားပြီး သူတို့သည် ရှေ့တိုးလာသည်။ ဆရာသခင်ယွင်လောကမူ တည်ငြိမ်လျက်သာ။ သူမ၏မျက်လုံးထဲတွင် လှောင်ပြောင်ရိပ်တချို့ပင် ရှိနေ၏။

သူမသည် အမြဲတမ်းလိုလို မာန်တက်ကာ ဂုဏ်ဝင့်၏။ အတွင်းနှင့်အပြင်နယ်မြေနှစ်ခုစလုံးတွင် သူမအမြင်၌ ထိုက်တန်သူ သုံးယောက်သာ ရှိ၏။ အရှင်ဟုန်ရှန်သည်ပင် မထိုက်တန်ပေ။

သူမက အရှင်ဟုန်ရှန်နှင့် အရှင်တိမ်စွန်းတို့ ရောက်လာမည်ကို စောင့်နေခြင်းပင်။ အရှင်ဟုန်ရှန် ရောက်လာသည်နှင့် ရေခဲလွှာတစ်ခု စတင် ထိုးထွက်ကာ အတွင်းနယ်မြေကို ခြုံလွှမ်းသည်။

ရှေးဟောင်းကြယ်အဖွဲ့အစည်းရှိ အေးခဲနေသော ဂြိုဟ်ကိုးလုံးသည် တုန်ယင်၏။ ရေခဲအတွင်းရှိ ကောင်လေးက ပြုံး၍ ရှေ့သို့ လှမ်းသည်။

သူက ခန္ဓာကိုယ်ဖြင့် လှုပ်ရှားခြင်း မဟုတ်၊ ဧရာမရေခဲပိုင်းကြီးဖြင့်ပင်။

ထိုရေခဲသည် တုန်ယင်ကာ သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။ ၎င်း ပျောက်ကွယ်သွားချင်းချင်း နယ်မြေချိပ်ပိတ်ခြင်းအစီအရင် အပြင်ဘက်တွင် ပြန်ပေါ်လာကာ အဟကြားသို့ တိုးဝင်သည်။

အရှင်ဟုန်ရှိ ယွင်လောကို သတ်တော့မည့် အခါတွင် အအေးစွမ်းအင်သည် အစီအရင်အတွင်းရှိ အဟကြားမှ ထွက်ပေါ်လာသည်။ ဧရာမရေခဲသည် အစီအရင်ကို ချိုးဖျက်ကာ အဟကို ပိုကြီးမားသွားစေလျက် အတွင်းနယ်မြေသို့ ဝင်လာသည်။

၎င်းက အတွင်းနယ်မြေသို့ ဝင်လာသည့်အခါ၌ ရေခဲထုကြီးသည် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ်သို့ ပျက်စီး၏။ ထိုအပိုင်းအစများသည် အနှိုင်းမဲ့ရေခဲမုန်တိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲ၍ တိမ်ပင်လယ်မှ ကျင့်ကြံသူသုံးသောင်းထံသို့ တရှိန်ထိုး ပြေးဝင်လာသည်။

တစ်ချိန်တည်းမှာ ရေခဲအတွင်းရှိ ကောင်လေးက ရက်စက်လိုဟန်အကြည့်ကို ထုတ်ဖော်ကာ အရှင်ဟန်ရှန်နားသို့ ချဉ်းကပ်လာ၏။

“သွေးအင်္ကျီကောင်လေး၊ အတိတ်တုန်းက မင်းနဲ့ငါနှစ်ယောက်လုံးဟာ ကလေးတွေ ဖြစ်တယ်။ ငါတို့ အကြိမ်များစွာ တိုက်ခိုက်ပြီးပြီး၊ ဒါပေမဲ့ မကျေနပ်သေးဘူး။ ဒီနေ့ ငါတို့ ထပ်တိုက်ခိုက်ကြတာပေါ့။ မင်းရဲ့ မူလခန္ဓာကိုယ်အသွင် ပြန်ပြောင်းလိုက်၊ ဒီမင်းရဲ့ကိုယ်ပွားလောက်နဲ့ ဒီအဘိုးအိုကို တိုက်ခိုက်ဖို့ မလုံလောက်ဘူး…”

အေးစက်စက်အသွင်ဖြင့် ကောင်လေးက မထူးခြားနားစွာ ဆိုသည်။ သူ့အသံ ပျံ့လွင့်လာရင်း သူသည် အရှင်ဟုန်ရှန်နားသို့ ရောက်လာပေပြီ။

အရှင်ဟုန်ရှန်၏အမူအရာသည် အလွန်လေးနက်သွားသည်။ သို့သော် သူကား စကားမဆိုပေ။ သူသည် နောက်သို့ ခြေတစ်လှမ်း ဆုတ်၏။ တိမ်ပင်လယ်ထံ တိုးဝင်လာသော ရေခဲမုန်တိုင်း၏ရှေ့တွင် ပေါ်လာသည်။ သူ၏အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ ထိုမုန်တိုင်းသည် တစစီ ဖြစ်သွားသည်။

သို့ပေမည့် ထိုမုန်တိုင်း တစစီ ဖြစ်သွားချိန်၌ အရှင်ဟုန်ရှန်၏အမူအရာသည် ကြီးစွာ ပြောင်းလဲသည်။

ထိုမုန်တိုင်းအတွင်း၌ အနီရောင်အရိပ်တစ်ခု ပေါ်လာ၏။ ထိုအနီရောင်အရိပ်သည် ဖျပ်ခနဲပင် အရှင်ဟန်ရှိနား ပေတစ်ရာပင် မလိုသောအကွာတွင် ပေါ်လာသည်။ ၎င်းက အရှင်ဟန်ရှန်ထံ အံမခန်းအမြန်နှုန်းဖြင့် ဝင်တိုးတိုက်သည်။

ထိပ်တိုက်တွေ့ပြီးနောက် အနီရောင်အရိပ်က မြန်ဆန်စွာ ပြန်ဆုတ်သွားပြီး အနီရောင်ဝတ်စုံဖြင့် အမျိုးသမီးတစ်ယောက်အသွင် ပေါ်လာသည်။ ထိုအမျိုးသမီးသည် တစ္ဆေသုံးကောင်ကို ဆင့်ခေါ်ခဲ့သော အမျိုးသမီးပင်။ သူမသည် ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်များထဲမှ တစ်ယောက်လည်း ဟုတ်၏။

အရှင်ဟုန်ရှန်၏မျက်နှာသည် ဖြူရောသွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။ သူ၏ရင်ဘက်ပေါ်တွင် သွေးအမှတ်အသားတစ်ခု ပေါ်လာသည်။ ထိုသွေးအမှတ်အသားသည် တစ္ဆေဦးခေါင်းနှင့် ဆင်တူကာ မြန်ဆန်စွာ ပျံ့နှံ့သည်။

“နင်က အရင်ကလိုပဲ စက်ဆုပ်ဖွယ်ကောင်းနေတုန်းပဲ။ တစ်စက်မှ ပြောင်းလဲမသွားဘူး…”

အရှင်ဟုန်ရှန်က အေးစက်စက်ကောင်လေးနှင့် အနီရောင်ဝတ်စုံအမျိုးသမီးတို့ကို စူးရဲစွာ ကြည့်သည်။

ထိုအမျိုးသမီး၏ ထွက်ပေါ်နှောင်ယှက်မှုကြောင့် ရေခဲမုန်တိုင်းသည် လုံးဝ လွင့်ပျောက်မသွားတော့ပေ။ ကျန်သည့် မုန်တိုင်းမှာ တိမ်ပင်လယ်မှ ကျင့်ကြံသူများကို ခြုံလွှမ်း၏။ တစီစီအက်ကွဲသံများ ပဲ့တင်ထပ်သည်။

တိမ်ပင်လယ်မှ ကျင့်ကြံသူများသည် နှင်းခဲများဖြင့် ဖုံးလွှမ်းကာ ရေခဲရုပ်များဖြစ်ကုန်ကာ ပျက်စီး၏။ ဖျပ်ခနဲအတွင်း ကျင့်ကြံသူတစ်သောင်းနီးပါး သေဆုံးသွားသည်။

ကျင့်ကြံသူတစ်သောင်းနီးပါး သေဆုံးမှုက တိမ်ပင်လယ်မှ ကျင့်ကြံသူများအပေါ် ကြောက်ရွှံ့မှု လှိုက်တက်လာစေ၏။ ကြောက်မက်ဖွယ်ကောင်းလှသော ရိုးရှင်းသည့် သေခြင်းတရားကို ရင်ဆိုင်ရသည့်အခါ သူတို့၏ဂုဏ်သိက္ခာရှိန်ဝါသည် တုန်ယင်လျက် ပြိုလဲရသည်။

ထိုစဉ် အနီရောင်ဝတ်စုံနှင့်အမျိုးသမီးက ပြောလာ၏။

“ဒီကောင်မလေး ယွင်လောက အရာအားလုံးကို တွက်ချက်ထားပြီးပြီး။ ဒီတိုက်ပွဲရဲ့ ရည်ရွယ်ချက်ဟာ သင်နဲ့ အရှင်တိမ်စွန်းတို့ကို သတ်ဖို့ပဲ။ အေးစက်စက်ကောင်လေးက တိမ်ပင်လယ်ရဲ့ ပုရွတ်ဆိတ်တွေကို သတ်မယ့် မုန်တိုင်းကို မင်းအနေနဲ့ ဟန့်တားမယ်ဆိုတာ ကြိုခန့်မှန်းမိပြီးသား။ ယွင်လောက ဒါကို မင်း သတိမပြုမိဘူးဆိုတာ ကြိုတင် တွေ့ရှိပြီး ဖြစ်တယ်။ ဒါ့ကြောင့် ငါဟာ ဒီမုန်တိုင်းအတွင်းမှာ ပုန်းနေပြီး ရိုက်ချက်ကြီးကြီး လုပ်နိုင်ခဲ့တာပေါ့…”

ထိုစကားသည် တိမ်ပင်လယ်မှ ကျင့်ကြံသူများကို မျှော်လင့်ချက်မဲ့ သွားစေသည်။ အရာအားလုံးသည် ရန်သူ၏ အစီအစဉ်အတွင်း ရှိနေ၏။ သူတို့၏ ဂုဏ်ကျက်သရေမှာ ဘာအတွက်လဲ။

အရှင်ဟုန်ရှန်သည်ပင် သူတို့၏အကြံအစည်တွင် ကျရှုံးခဲ့ရ၏။ သူတို့သည် သူတို့၏ဂုဏ်ကျက်သရေကို ဘာအတွက် ထိန်းသိမ်းရမည်နည်း။

ဂုဏ်ရှိန်ဝါ ပျက်စီးလာသည့်အခိုက်တွင် ဆရာသခင်ယွင်လော၏ မျက်လုံးထဲရှိ လှောင်ပြောင်မှုသည် ပိုအားကောင်းလာသည်။ သူမသည် လက်မြှောက်ကာ ပြတ်သားသောတိုက်ပွဲကို ဆင်နွှဲရန် အမိန့်ပေးသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဂုဏ်ရှိန်ဝါ ဆုံးရှုံးသွားသော တိမ်ပင်လယ်မှကျင့်ကြံသူများထံ တရှိန်ထိုး ပြေးဝင်လာကြသည်။

ဒဏ်ရာရ ထိခိုက်သူများမှာ အထပ်ထပ် ဖြစ်ကုန်၏။

ပြုံးနေရင်း ဝတ်စုံနီဖြင့်အမျိုးသမီးက အရှင်ဟုန်ရှန်ထံ အာရုံမစိုက်တော့။ သူမက နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ကို ပြုပြင်နေသော အရှင်တိမ်စွန်းထံ တန်းတန်းမတ်မတ် ဦးတည်လာသည်။

သူမသည် အလွန်မြန်၏။ ချက်ခြင်း နီးကပ်လာသည်။ အရှင်တိမ်စွန်းသည် သက်ပြင်းချကာ အစီအရင်ကို ပြုပြင်ခြင်းအား လက်လျှော့လိုက်ရ၏။ သူက လှည့်၍ လင်းတန်၊ကျိုးကျင်တို့နှင့်အတူ ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်ကို တိုက်ခိုက်ရန် ပြင်ဆင်သည်။

အေးစက်စက်ကောင်လေးက အရှင်ဟုန်ရှန်ကို ပြန်ကောင်းမွန်မည့် အခွင့်အရေးတစ်စက်လေးပင် မပေးပေ။ သူသည် ထာဝရအေးခဲမည့် ရေခဲကြီးအလား အရှင်ဟုန်ရှန်ထံ တိုးဝင်လာသည်။ သူက အရှင်ဟုန်ရှန်ကို တိုက်ခိုက်ရန် ကျန်သည့် တတိယအဆင့်ကျင့်ကြံသူငါးယောက်နှင့် ပူးပေါင်းလိုက်သည်။

ထိုရုတ်တရက် ပြောင်းလဲမှုက ဒီကြယ်အဖွဲ့အစည်းတစ်ခုလုံးကို ပြောင်းပြန် ဖြစ်သွားစေသည်။ တိမ်ပင်လယ်သည် တခြားအင်အားစုများ ထပ်မံ မရောက်လာပါက ဒီတိုက်ပွဲတွင် ရှုံးပေတော့မည်။

ပြင်ပနယ်မြေ၏ ကလန်ပေါင်းဆယ်ခုကျော်မှ တတိယမြောက်စစ်တပ် ကျင့်ကြံသူခြောက်သောင်းကျော်လည်း ရှိသေးသည်။ သူတို့သည် နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ထံသို့ ဦးတည်လာကြ၏။

ဝမ်လင်းသည် ထိုအရာများအားလုံးကို စောင့်ကြည့်နေသည်။ သူသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ တိမ်ပင်လယ်မှ ကျင့်ကြံသူများ နောက်ဆုတ်လာရာ သူသည် ရှေ့ဆုံးတွင် ရောက်သည့်အနေထား ဖြစ်လာသည်။ တိမ်ပင်လယ်မှ ကျင့်ကြံသူများ မျှော်လင့်ချက်မဲ့စွာ ခံစားနေရစဉ် သူက ကောင်းကင်တုန်လှုပ်ဖွယ် မာန်သွင်းအော်ဟစ်လိုက်သည်။

“ငါတို့လို ကျင့်ကြံသူတွေဟာ တိုက်ခိုက်ရမှာ တွန့်မနေဘူး။ အလွန်ဆုံးမှ သေရုံပဲ….”

***

All Chapters