← Chapters

ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်ကို ဆွဲကိုင်၍

Vol. 114 Ch. 1576

ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်ကို ဆွဲကိုင်၍

Vol. 114 Ch. 1576

ဝမ်လင်း၏စကားက ဒီကြယ်နယ်မြေတစ်ခုလုံးကို တုန်ခါသွားသည့် မာန်သွင်းသံ ဖြစ်သော်လည်း ၎င်းမှာ ပြိုလဲသွားသော ဂုဏ်ရှိန်ဝါကို ပြန်ရအောင် လုပ်ဖို့ မလုံလောက်သေးပေ။

တိမ်ပင်လယ်၏ ကျင့်ကြံသူအရေအတွက်မှာ တစ်သောင်းပင် မပြည့်တော့ပေ။ အဆက်မပြတ် သတ်ဖြတ်မှုများအောက်တွင် သူတို့သည် စတင်၍ သွေးလန့်လာကြသည်။ လူတစ်ယောက် နောက်ဆုတ်လိုက်သည်နှင့် လူတိုင်းသည် ဒီရေအလား နောက်ဆုတ်ကုန်သည်။

တိမ်ပင်လယ်မှ ကျင့်ကြံသူများသည် သူတို့ထက် အရေအတွက် အဆမတန်များသော ပြင်ပနယ်မြေမှ ကျင့်ကြံသူများကို ကြည့်၍ မျှော်လင့်ချက်မဲ့မှုများ ဖြစ်ပေါ်သည်။ သူတို့သည် ဆက်တိုက်ခိုက်ရန် သတ္တိကင်းမဲ့နေလေပြီ။

သူတို့ နောက်ဆုတ်လိုက်သည်နှင့် ပြင်ပနယ်မြေမှ ကျင့်ကြံသူများက ပိုကြမ်းကြုတ်လာ၏။ ထိုသူတို့၏ အရူးအမူး ရယ်သံများနှင့် ဟိန်းအော်သံများက တိမ်ပင်လယ်မှ ကျင့်ကြံသူများ၏ စိတ်နှလုံးအတွင်း ပျံ့လွင့်သည်။

သို့ပေမည့် သူတို့ နောက်ဆုတ်နေဆဲ ဖြစ်၏။ သေဖို့ မကြောက်သော လူအနည်းငယ်သည်ပင် လန့်နေမိပေပြီ။

“တိမ်ပင်လယ်က အစွမ်းကုန် လုပ်ဆောင်ပြီးပြီး…”

“ဒီမှာ သေမယ့်အစား ခုချိန် ရှင်သန်အောင် လုပ်သင့်တယ်။ ဒီစစ်ပွဲဟာ မပြီးသေးဘူး။ ဒီတိုက်ပွဲမှာ ရှုံးသွားပေမဲ့ ငါတို့ တခြားကြယ်အဖွဲ့အစည်းရှိ သွားနိုင်ရင် နောက်ထပ်အခွင့်အရေးတစ်ခု ရှိလာနိုင်သေးအုံးမှာ…”

ထွက်ပြေးဖို့ငှာ ဆင်ခြေများစွာ သူတို့ စိတ်ထဲတွင် ဖြစ်ပေါ်လာ၏။ သူတို့သည် ပို၍ မြန်ဆန်စွာပင် နောက်ဆုတ်၏။ အရှင်ဟုန်ရှန်ကမူ နောက်မဆုတ်ပေ။ သူသည် တတိယအဆင့်ကျင့်ကြံသူ ခြောက်ယောက်နှင့် တိုက်ခိုက်နေ၏။ သူက သူ နောက်မဆုတ်နိုင်သည်ကို သိထားသည်။ သူသည် တခြားသူများ ထိတ်လန့်တကြား နောက်ဆုတ်နေသည်ကို ဟန့်တားဖို့ အစွမ်းမဲ့ရ၏။ သို့သော်လည်း သူကား တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ပင်။ သူသာ နောက်ဆုတ်လိုက်ပါက တိုက်ပွဲမှာ အမှန်တကယ် အပြီးသပ်သွားမည် ဖြစ်သည်။

ပထမဆုံးတိုက်ပွဲတွင် ရှုံးနိမ့်မှုက အတွင်းနယ်မြေအတွက် ရိုက်ချက်ပြင်းပြင်း ဖြစ်ပေလိမ့်မည်။

တိမ်ပင်လယ်မှ ကျင့်ကြံသူများ အလန့်တကြား နောက်ဆုတ်နေစဉ် ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် သိုးအုပ်အတွင်း တရကြမ်း ဝင်ရောက်လာသည့် ဝံပုလွေများအလား ပြေးဝင်လာ၏။ နာကျင်ထိတ်လန့်စွာ အော်သံများ ပဲ့တင်ထပ်ရင်း အတွင်းနယ်မြေမှ လူများ ထပ်သေရ၏။ နောက်မဆုတ်သည့် အခြားတစ်ယောက်လည်း ရှိသေး၏။ သူသည် ဝမ်လင်းပင်။ သူက ထပ်၍ စကားမဆိုတော့၊ သူ့ခေါင်းကိုသာ ပြတ်သားသောအကြည့်နှင့်အတူ မော့၏။ သူသည် ပြင်ပနယ်မြေရှိ ကျင့်ကြံသူများထံ တိုးဝင်လာသည်။

သူ၏ခြေလှမ်းတိုင်းက ကျယ်လောင်စွာ မြည်ဟည်းမှုကို ဖြစ်စေ၏။ ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်းရာ ဧရာမမိုးကြိုးအမှတ်အသားတစ်ခု ထပ်မံ ပေါ်လာသည်။ ၎င်းပေါ်လာသည်နှင့် ဝမ်လင်းက သူ့ညာလက်ဖြင့် ဟင်းလင်းပြင်ကို လှစ်ဟ လိုက်သည်။

“ရှေးဟောင်းမိုးကြိုးနယ်မြေ…ဖွင့်လှစ်စေ…”

ဟင်းလင်းပြင်သည် တုန်ဟည်းလာ၏။ ဧရာမလေဟာနယ်အက်ကြောင်းတစ်ခု လှစ်ဟ ပေါ်လာသည်။ ရှေးဟောင်းအော်ရာသည် တရှိန်ထိုး ထိုးတက်လာသည်။ ထိုအက်ကြောင်းထဲမှ ရှေးဟောင်းမိုးကြိုးနဂါးမျး ထွက်ပေါ်လာကာ မိုးကြိုးအမှတ်အသားတွင်းသို့ ဝင်ရောက်၏။ အဆုံးမဲ့မိုးကြိုးများ မိုးအလား ရွာဆင်းကျလာသည်။

မိုးကြိုးတန်းတိုင်းက ပေတစ်ရာကျော် ထူထဲ၏။ ၎င်းတို့သည် ဝမ်လင်း သူ၏ မိုးကြိုးအနှစ်သာရကို ထုတ်လွှတ်လိုက်ပြီးနောက် ရန်သူပေါ်သို့ အရူးအမူး ဝုန်းဒိုင်းကြဲ တိုက်ခိုက်လာလေ၏။

မီးမုန်တိုင်းတစ်ခု ပေါ်လာကာ ဧရာမဝဲကတော့တစ်ခု ဖန်တီးသည်။ အတွင်း၌ ဟင်္သာငှက် ရှိ၏။ ၎င်းက အော်မြည်လျက် ပြင်ပနယ်မြေကျင့်ကြံသူများထံသို့ ပြေးဝင်သည်။

မိုးကြိုးတုန်ဟည်းသံများက ဒီကြယ်နယ်မြေကို လှုပ်ခါစေသည်။ လူတစ်ယောက်က ပြင်ပနယ်မြေစစ်တပ်ကို ဟန့်တားနေခြင်းတည်း။

ထိုမြင်ကွင်းသည် ကျင့်ကြံသူတိုင်း၏ စိတ်နှလုံးကို လှုပ်ခါစေဖို့ရာ လုံလောက်သည်။

ကြယ်နယ်မြေသည် နှစ်ပိုင်းကွဲသွားဟန် တူသည်။ တစ်ဘက်တွင် တိမ်ပင်လယ်မှ ကျင့်ကြံသူများက မျှော်လင့်ချက်မဲ့မှုများဖြင့် ရှိသည်။ အခြားတစ်ဘက်တွင်မူ အရေအတွက် ထောင်သောင်းချီသော ပြင်ပနယ်မြေမှ စစ်တပ်ရှိသည်။

အလယ်တွင်မူ ဝမ်လင်း ရှိနေ၏။

သူတို့ကြားရှိ ဟင်းလင်းပြင်တွင် ကြီးမားလှသော မိုးကြိုးအမှတ်အသားတစ်ခု ရှိသည်။ ဝမ်လင်းပတ်လည်တွင် ကိုးရောင်စုံမီးမုန်တိုင်းတစ်ခုလည်း ရှိနေသည်။

ဝမ်လင်း၏နောက်တွင်မူ တိမ်ပင်လယ်မှ ကျင့်ကြံသူထောင်ကျော် ရှိသည်။ သူက သူ့ရှေ့ရှိ ရန်သူ့စစ်တပ်ကိုလည်း ရင်ဆိုင်ထားသည်။ သူသည် တည်ငြိမ်စွာဖြင့် ထိုသူတို့ကို ကြည့်သည်။

မထင်မှတ်စွာဖြင့် ပြင်ပနယ်မြေမှ ကျင့်ကြံသူစစ်တပ်သည် ခြေလှမ်းတစ်ဝက်ပင် ရှေ့မတိုးဝံ့ရဲ ဖြစ်သွား၏။

ခဏတာ ငြိမ်သက်သွားပြီးနောက် ပြင်ပနယ်မြေစစ်တပ်မှ ဟစ်ကြွေးသံများ လှိုက်တက်လာကာ ရှေ့သို့ တရကြမ်း ပြေးဝင်လာကြသည်။

ဝမ်လင်းသည် စကားမဆိုပေ။ သူက ညာလက်ကို ပင့်မြှောက်ရာ သွေးဓား ပေါ်လာ၏။ သူသည် သွေးဓားကို ဖမ်းဆုပ်လျက် ရှေ့သို့ လှမ်း၏။ မိုးကြိုးတုန်ဟည်းသံ မြည်ဟိန်းလျက် မီးမုန်တိုင်းက သူ့အား လှည့်ပတ်ထားသည်။

ပြင်ပနယ်မြေမှ ကျင့်ကြံသူများ နီးကပ်လာသည်နှင့် ကျင့်ကြံသူတစ်ထောင်ကျော်မှာ သိမ်မွေ့ဆန်းကြယ်မီးကြောင့် စတင်လောင်ကျွမ်း ကုန်၏။ သူတို့သည် နာကျင်ထိတ်လန့်စွာ နောက်ပြန်ဆုတ်သည်။ နောက်ထပ်ကျင့်ကြံသူ တစ်ထောင်ကျော်ကလည်း မိုးကြိုး၏ ထိမှန်ခြင်းကို ခံရသည်။ သူတို့၏ခန္ဓာကိုယ်များ ပျက်စီးလေသည်။

သို့ပေမည့် ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် အရေအတွက် များလွန်းသည်။ သူတို့ကြား၌ အစွမ်းထက်ကျင့်ကြံသူ မြောက်များစွာလည်း ရှိနေ၏။ ဝမ်လင်းက ခုထိ တတိယအဆင့်ကို မရောက်သေးပေ။ သို့သော် သူ ရောက်ခဲ့လျှင်ပင် သူသည် ကျင့်ကြံသူတစ်သိန်းကျော်ကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

ပြင်ပနယ်မြေမှ ကျင့်ကြံသူများစွာ၏ မန္တာန်မုန်တိုင်းများက ဝမ်လင်းထံ တရကြမ်း ဝင်ရောက်လာနေ၏။ ဤသည်က သေသည့်အထိ တိုက်မည် တိုက်ပွဲတစ်ခု ဖြစ်၍ သူသည် နောက်မဆုတ်ပေ။ သူက မာန်သွင်းကာ ရှေ့သို့ တဟုန်ထိုး ဝင်ရောက်၏။ သူသည် သွေးအန်လိုက်ရပြီး သူ၏ဝတ်ရုံဖြူမှာ သွေးဖြင့် စွန်းထင်းနီးနေပြီ။

သူ၏မျက်လုံးများက ချင်းချင်းနီရဲလျက် ရှိကာ မျက်နှာထက်တွင်လည်း မောပန်းမှုများ ပြည့်နှက်နေကာ သူ့မူလစွမ်းအင်သည်လည်း ခြောက်ခမ်းနေပြီပင်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက ပိုပိုဆိုးလာ၏။ တစ်ကိုယ်လုံး ဒဏ်ရာနှင့် ပြည့်နှက်နေသည်။

သို့ရာတွင် သူ့လက်ချက်ဖြင့် ပြင်ပနယ်မြေမှ ကျင့်ကြံသူ ဘယ်လောက်များများ သေဆုံးကုန်ပြီလဲကိုမူ တွက်ချက်၍ပင် မဖြစ်နိုင်တော့ချေ။ ဝမ်လင်းက တွက်ချက်ဖို့လည်း မကြိုးစားပါ။

ထိုအခိုက်၌ သူသည် ထွက်ခွာသွားဖို့ အကြောင်းပြချက်တစ်ခုတစ်လေပင် ရှာမတွေ့နိုင် ဖြစ်ရ၏။ ချိပ်ပိတ်နယ်မြေအရှင်သခင်၏ တောင်းဆိုမှု၊ အတွင်းနယ်မြေတွင် သူ သိသော လူတိုင်း၊ သူ့မွေးရပ်ဌာနေ၊ ထိုအရာများအားလုံးက သူ့ကို နောက်မဆုတ်အောင် လုပ်နေ၏။ အဆက်မပြတ်သတ်ဖြတ်မှုများအတွင်း၌ နောက်ဆုတ်နေသော တိမ်ပင်လယ်မှ ကျင့်ကြံသူများထံမှ လူတစ်ယောက်သည် ရပ်တန့်သည်။

သူကား လူငယ်တစ်ယောက်၊ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်တွင်သာ ရှိသေးသော လူငယ်တစ်ယောက်။ သူသည် ဒီအကြမ်းပတမ်း တိုက်ပွဲအတွင်း ကံကောင်းထောက်မ၍ မသေခဲ့ခြင်း ဖြစ်သည်။ သူက လှည့်၍ အကွာအဝေးတစ်ခုရှိ ဝမ်လင်း၏နောက်ကျောကို စိုက်ကြည့်သည်။ သူက ဝမ်လင်းသည် ဒီရေလှိုင်းအလား တိုးဝင်လာနေသော ကျင့်ကြံသူများကို တားဆီးနေသော ဝမ်လင်းထံ ကြည့်သည်။

“ငါတို့လို ကျင့်ကြံသူတွေဟာ တိုက်ခိုက်ရမှာကို ဘယ်တော့မှ နောက်တွန့်နေမှာ မဟုတ်ဘူး…” လူငယ်က ခပ်တိုးတိုး ရေရွတ်၏။ ပြိုလဲသွားသော ဂုဏ်သိက္ခာရှိန်ဝါမှာ ပြန်နိုးထတော့မည့် အရိပ်အယောင် ပြလာ၏။

နောက်ထပ် တိမ်ပင်လယ်မှ ကျင့်ကြံသူတစ်ယောက်ကလည်း နောက်ဆုတ်နေရာကနေ ရပ်ကာ ဝမ်လင်း၏နောက်ကျောကို ကြည့်၏။ သူ၏မျက်လုံးထဲတွင် တိုက်ပွဲဆန္ဒ နိုးထလာကာ နီရဲလာ၏။ သူ့စိတ်နှလုံးအတွင်းမှ ရူးသွပ်မှုအာရုံ ပေါက်ကွဲထွက်လာသည်။

ပိုမိုများပြားသော တိမ်ပင်လယ်မှ ကျင့်ကြံသူများသည် နောက်ဆုတ်နေခြင်းကို ရပ်တန့်ကာ ဝမ်လင်းကို ကြည့်၍ ခပ်တိုးတိုး ဆိုသည်။ “ငါတို့လို ကျင့်ကြံသူတွေဟာ တိုက်ခိုက်ရမှာ နောက်တွန့်နေမှာ မဟုတ်ဘူး…”

ထိုအခိုက်တွင် ရှင်းပြ၍မရသော ခံစားချက် ပေါက်ကွဲထွက်လာ၏။ ၎င်းက လူတိုင်းကို ရူးသွပ်အောင် လုပ်နိုင်သည်။

“ငါတို့လို ကျင့်ကြံသူတွေဟာ တိုက်ခိုက်ရမှာကို နောက်တွန့်နေမှာ မဟုတ်ဘူး…”

တိမ်ပင်လယ်မှ ကျင့်ကြံသူများသည် ပြေးနေရာကနေ တစ်ယောက်ပြီးတစ်ယောက် ရပ်တန့်ကုန်၏။ သူတို့အားလုံးက ဝမ်လင်းကို ကြည့်သည်။ ထိုအခိုက်တွင် ဝမ်လင်း၏ မာန်သွင်းအော်ဟစ်သံများက သူတို့၏နားအတွင်း ပဲ့တင်ထပ်နေသည်။

ထိုစကားလုံးများက သူတို့နားအတွင်း၌ လှိုက်တက်နေသော်လည်း သူတို့၏စိတ်ကိုမူ လှုပ်ခတ်စေနိုင်စွမ်း မရှိပေ။ သို့ပေမည့် ထိုအခိုက်တွင် ဝမ်လင်းက ‘ငါတို့လို ကျင့်ကြံသူတွေဟာ တိုက်ခိုက်ဖို့ ဘယ်တော့မှ နောက်တွန့်နေမှာ မဟုတ်ဘူး’ဟူသော သူ့စကားကို သူ၏ လက်တွေ့လုပ်ဆောင်မှုနှင့် ပြောပြနေ၏။

သူတို့၏ တိမ်ပင်လယ် ဂုဏ်သိက္ခာအတွက် ဟူသော စိတ်က ပြိုလဲ သွားခဲ့သော်လည်း ဝမ်လင်းက သူတို့ကို တိုက်ပွဲ၏ ဂုဏ်ရှိန်ဝါတစ်ခုကို ပေးအပ်လိုက်လေပြီ။ တိမ်ပင်လယ်အတွက် တိုက်ခိုက်ဖို့၊ သူတို့၏ မွေးရပ်မြေအတွက် တိုက်ခိုက်ဖို့၊ သူတို့ ကာကွယ်လိုသော အရာအားလုံးအတွက် တိုက်ခိုက်ဖို့။

ထိုစဉ် ဧရာမကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်က တဖန် ဆင်းသက်လာ၏။ နောက်ထပ် ကျင့်ကြံသူငါးထောင်နီးပါး သေဆုံးကုန်သည်။ ဝမ်လင်းက ယင်းပုဆိန်ကို ကြည့်ကာ တိုးဝင်သွား၏။

“ချိပ်ပိတ်နယ်မြေအရှင်သခင်…ငါ့ကို ကူညီပေးပါ…”

ဝမ်လင်း၏ အော်သံသည် နယ်မြေချိပ်ပိတ်ခြင်းအစီအရင်အတွင်း၌ ပဲ့တင်ထပ်ကာ ကောင်းကင်အပြစ်ပေးခြင်းနန်းတော်၏ အရှင်ကို ချိပ်ပိတ်ထားသော ကျောက်စိမ်းပြားအတွင်း ဝင်ရောက်လေ၏။ ချိပ်ပိတ်နယ်မြေအရှင်သခင်၏ ကြွင်းကျန်သော မူလစိတ်ဝိညာဉ်က သူ ချန်ထားခဲ့သော အသက်ဓာတ်အားလုံးနှင့်အတူ ပေါက်ကွဲထွက်လာ၏။ နူးညံ့သောအလင်းတစ်ခုက နယ်မြေချိပ်ပိတ်ခြင်းအစီအရင်အတွင်းသို့ ပျံ့လွင့်သည်။

၎င်းက အောက်ဘက်သို့ ခုတ်ပိုင်းပြီးခါစ ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်အတွင်းသို့ ဝင်ရောက်ကာ တဖြည်းဖြည်း မြင့်တက်လာသည်။ ထိုပုဆိန်သည် ရုတ်တရက် တုန်ယင်လျက် နူးညံ့သောအလင်းက ၎င်းနှင့် ပေါင်းစပ်သွားသည်။

၎င်းပုဆိန်က အပြင်းအထန် ရုန်းကန်ကာ နူးညံ့သောအလင်းကို ခုခံသည်။သို့ပေမည့် ထိုနူးညံ့သောအလင်းက ၎င်းနှင့် ဆက်တိုက် ပေါင်းစပ်နေရာ ကျယ်လောင်စွာ မြည်ဟည်းလျက် ပုဆိန်သည် လေထဲတွင် ရပ်တန့်နေသည်။ ၎င်းထံမှ ရှေးဟောင်းနတ်ဘုရားအော်ရာသည် ပေါက်ကွဲထွက်ကာ ပျံ့လွင့်သည်။

“ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်…ကျေးဇူးပြုပြီး ငါ့ဆက်ခံသူကို သင့်ရဲ့စွမ်းအား ငှားယမ်းလိုက်ပါ…” အစီအရင်အတွင်းမှ ရှေးဟောင်းအသံတစ်သံထွက်ပေါ်လာကာ လူတိုင်း၏နားထဲသို့ ဝင်ရောက်သည်။ အရှင်တိမ်စွန်း၏မျက်လုံးထဲတွင် ဝမ်းနည်းရိပ် သန်းသွား၏။ သူသည် ထိုအသံကို မည်သို့ မေ့နိုင်ပါ့မည်နည်း။

သူ့ကို တိုက်ခိုက်နေသော အနီရောင်ဝတ်စုံနှင့် အမျိုးသမီး၏ အမူအရာသည်ပင် ပြောင်းလဲသွားကာ သူမ၏မျက်လုံးထဲတွင် ကြောက်လန့်သည့် အရိပ်အယောင် မြင့်တက်လာ၏။ အတိတ်တုန်းက မှတ်ဉာဏ်များ သူမ၏စိတ်ထဲတွင် ပြန်ပေါ်လာသည်။

အရှင်ဟုန်ရှန်၏ အမူအရာသည် တည်ငြိမ်နေ၏။ သို့သော် သူ့မျက်လုံးထဲတွင်လည်း အတိတ်ကိုအောက်မေ့သည့် အငွေ့အသက် ဖြစ်ပေါ်သည်။ သူသည် အတိတ်တုန်းက ချိပ်ပိတ်နယ်မြေအရှင်သခင်နှင့် သွားလာခဲ့သော အချိန်တွေဆီ ပြန်ရောက်သွားသည့်အလား။ ချိပ်ပိတ်နယ်မြေအရှင်သခင်၏ အတွေးဟောင်းများက သူ့ကို ဒေါသထွက်စေခဲ့ဖူးသည်။ သို့သော်လည်း သူသည် ငြိမ်သက်စွာ ခေါင်းယမ်း၍ ပြုံးခဲ့ဖူးပြန်သည်။

အေးစက်စက်ကောင်းလေးကလည်း ထိုအသံကို ကြား၏။ သူ့မျက်လုံးထဲတွင်လည်း ကြောက်လန့်မှု အရိပ်အယောင် ပေါ်လာသည်သာ။ သူသည် အုပ်စိုးသူ၊ ကောင်းကင်ဘုံအင်ပါယာများကိုပင် မကြောက်သည့်လူ ဖြစ်၏။ သို့သော်ငြား သူသည် ချိပ်ပိတ်နယ်မြေအရှင်သခင်ကိုမူ ထိတ်လန့်မိပေသည်။

ထို ရှေးဟောင်းအသံ ပဲ့တင်ထပ်နေရင်း ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်သည် ရုန်းကန်နေရာကနေ ရပ်တန့်ကာ ၎င်းသည် ပေဒါဇင်ချီထိ ကြုံ့လာသည်။ သို့ပေမည့် ၎င်းထံမှ ထုတ်လွှတ်သော ရှေးဟောင်းနတ်ဘုရားအော်ရာကမူ ကြီးစွာ တိုးပွားလာသည်။

ဝမ်လင်းသည် ခုန်လိုက်ကာ လူတိုင်းရှေ့တွင်ပင် ထိုပုဆိန်ကို ဆွဲကိုင်လိုက်သည်။

ယင်းပုဆိန်မှာ ရှေးဟောင်းနတ်ဘုရားလက်နက်၊ တော်ဝင်ရှေးဟောင်းနတ်ဘုရားကလန်၏ အစွမ်းထက်ဆုံးလက်နက်တစ်ခုပင်။ ယင်းကား ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်ပင်။

ဝမ်လင်း ထိုပုဆိန်ကို ဖမ်းကိုင်လိုက်သည်နှင့် သူ၏ရှေးဟောင်းနတ်ဘုရားကြယ်များသည် မြန်ဆန်စွာ လှည့်ပတ်၏။ ထိုအခါ သူ့ထံမှ ရှေးအမိန့်အမွေအနှစ်ကို ဆက်ခံခဲ့ချိန်ကနှင့် တူညီသော အော်ရာတစ်ခု ပေါက်ကွဲထွက်လာသည်။

ထိုပုဆိန် သည်အစီအရင်အတွင်း ချိပ်ပိတ်ခံထားရသည်မှာ နှစ်ပေါင်းမရေမတွက်နိုင်တော့ပေ။ ဝမ်လင်းက ထိုစဉ်မှစ၍ ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်ကို ဆွဲကိုင်သော ပထမဆုံး ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်လေသည်။

***

All Chapters