အနည်းငယ် အရှက်မဲ့ခြင်း။
Vol. 116 Ch. 1593
ဝမ်လင်း၏မျက်လုံးသည် အလေးအနက် ဖြစ်လာ၏။ သူက ကောင်းကင်ထက်ရှိ ဧရာမလက်ဝါးကို စိုက်ကြည့်လို့နေသည်။ ၎င်းက လေထုအလွှာအတွင်းမှ ပေါ်ထွက်လာဟန်တူကာ ၎င်းထံမှ လှိုင်းဂယက်များ ပျံ့နှံ့နေသည်။
ထိုလက်ဝါးပေါ်ရှိ အရေးအကြောင်းတစ်ခုချင်းစီသည် ရှင်းလင်းနေသည်။ ၎င်းသည် အစစ်အမှန်လက်ဝါးတစ်ခုနှင့် တူ၏။
ထိုလက်ဝါးရာသည် ဝမ်လင်း သိထားသော စစ်စိတ်ဝိညာဉ်လက်ဝါးနှင့် တူ၏။ သို့သော် တချို့ ကွာခြားမှုများ ရှိနေသည်။ သူ သိသော စစ်စိတ်ဝိညာဉ်လက်ဝါးသည် ရှင်းလင်းသောအရေးအကြောင်းများ မပါဝင်သော ဧရာမလက်ဝါးတစ်ခုသာ ဖြစ်သည်။ ထိုလက်ဝါးက ပေါ်လာပြီးနောက် မူလစွမ်းအင်များကို စုပ်ယူကာ အလွန်အမင်း ကြီးလာမည်။ ၎င်းက တုန်လှုပ်ဖွယ်စွမ်းအား ပိုင်ဆိုင်သော်လည်း ထိန်းချုပ်ဖို့ မလွယ်ပေ။
သူ သိထားသော စစ်စိတ်ဝိညာဉ်လက်ဝါးသည် ပေါ်လာပြီးသည်နှင့် စွမ်းအားများ ပိုစုပ်ယူကာ ကြီးသထက်ကြီးမားလာမည် ဖြစ်ပြီး တဖြည်းဖြည်း သူ့ထိန်းချုပ်မှုကနေ လွတ်ကင်းသွားပေမည်။
ဝမ်လင်းသည် ထိုမျှသာ သိခြင်းမှာ သူက ယင်းလက်ဝါးမန္တာန်၏ အမွေအနှစ်ကို မရရှိခဲ့ဘဲ အကြည့်ဖြင့်သာ သင်ယူခဲ့ခြင်းကြောင့် ဖြစ်၏။ တာအိုပညာရှင်ရေ အသုံးပြုသော စစ်စိတ်ဝိညာဉ်လက်ဝါးတွင်မူ ထိုသို့ ပစ်ချက် ရှိမနေပေ။
သို့ပေမည့် တာအိုပညာရှင်ရေ အသုံးပြုသော စစ်စိတ်ဝိညာဉ်လက်ဝါးတွင် အခု အရူးအသုံးပြုသော လက်ဝါးလောက် လက်ဝါးရာအရေးအကြောင်းများ ရှင်းရှင်းလင်းလင်း မပိုင်ဆိုင်ထားပေ။ တာအိုပညာရှင်ရေ၏ လက်ဝါး အနားစွန်းများတွင်လည်း ထူးဆန်းသောလှိုင်းဂယက်များပါ ရှိမနေခဲ့ပေ။
ထိုလှိုင်းဂယက်များသည် လိပ်နက်ထံမှ အစွမ်းထက်ဆုံးနည်းစနစ်တစ်ခုနှင့်တူ၏။ တုန်ခါမှုစွမ်းအား။
ဝမ်လင်းသည် လေ့လာနေရင်း သူ၏အမူအရာက အလွန်လေးနက်လာ၏။ သူက မြေပြင်ထက်သို့ ကျဆင်းသွားသော စစ်စိတ်ဝိညာဉ်လက်ဝါးကို စောင့်ကြည့်နေ၏။ မြေပြင်ထုသည် တုန်ခါကာ တုန်ခါလှိုင်းက ပတ်ဝန်းကျင်ဧရိယာကို ဖုန်မှုန့်ဖြစ်သွားစေသည်။
ဝမ်လင်းသည် ထိုလက်ဝါးအတွင်း၌ ရှိနေရာ သူက သူ့အပေါ်သို့ ထိုလက်ဝါး ကျရောက်လာသည့်နှယ် ခံစားမိ၏။ ထိုလက်ဝါး၏အတွင်းပိုင်း အလုပ်လုပ်ပုံ၊ ပြောင်းလဲမှုတို့ကို သူ စဉ်းစားတွေးတော ကြည့်နေသည်။
“ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ စစ်စိတ်ဝိညာဉ်လက်ဝါးလဲ။ တုန်ခါမှုက ကောင်းကင်နဲ့မြေကြီးကိုတောင် လှုပ်ခါသွားစေနိုင်တယ်။ လောကရဲ့ မူလစွမ်းအင်တွေကို ကျွန်ပြု၍ လက်ဝါးတစ်ခုအသွင် ဖြစ်ပေါ်စေတာ။ ဒါမှမဟုတ် လောကရဲ့ မူလစွမ်းအင်များကို ကျွန်ပြု၍ စိတ်ဝိညာဉ်တစ်ခု ဖြစ်ပေါ်စေတာ။ အဲ့ဒီနောက် ဒီစိတ်ဝိညာဉ်ကို ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်နဲ့ ခြုံလွှမ်းပြီး ဒီလက်ဝါးချက်ကို ဖြစ်ပေါ်စေတာ။ ခုထိ မရှင်းမလင်းတဲ့ အသေးစိတ်အချက်များလည်း ရှိနေသေးတယ်။ ငါ ဒီလက်ဝါးရဲ့ လျှို့ဝှက်ချက်ကို သိဖို့ အမွေအနှစ် လိုအပ်တယ်…” ဝမ်လင်းသည် နှုတ်ခမ်းသပ်လိုက်၏။ သူ၏မျက်လုံးသည် တလက်လက် ဖြစ်လာသည်။
အမှုန့်အမွှားများ အထိုင်ချသွားပြီးနောက် အရူးသည် ရယ်မောလေတော့သည်။
“ဘယ်လိုလဲ။ ဘယ်လိုလဲ။ ဒီဘုရင်ရဲ့ မန္တာန်က အစွမ်းထက်တယ်မလား…” အရူးသည် သူ၏အစွမ်းကို လူဝံနက်ရှေ့တွင် ထုတ်ဖော်ပြသသည်ဟု ထင်ရသော်လည်း တကယ်တော့ သူသည် ဝမ်လင်းကို ဂုဏ်ယူဝင့်ကြွားစွာ ပြုံး၍ ကြည့်နေပေသည်။
ဝမ်လင်းက ပြုံးလိုက်၏။
သူက အရူးကို ကြည့်သည်။ သူ့အပြုံးက ပိုအားကောင်း ပီပြင်လာသည်။ အရူးသည် ဝမ်လင်း၏အပြုံးကို တွေ့လိုက်သည့်နောက် စိတ်ရှုပ်လာ၏။ သူက ခေါင်းငုံ့ကာ သူ့ကိုယ်ကိုယ်ကို သူ ပြန်ကြည့်ကာ ခေါင်းကုတ်လိုက်သည်။ သူသည် ဝမ်လင်းက သူ့ကို ဘာကြောင့် ပြုံး၍ ကြည့်နေသည်ကို မသိဘဲ ဖြစ်နေသည်။
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ “ဒီမန္တာန်က ကောင်းပါတယ်။ ဒါပေမဲ့ ငါ့မှာလည်း အဲ့လိုမန္တာန်တစ်ခု ရှိတယ်။ ငါ့ရဲ့ မန္တာန်က မင်း မန္တာန်ထက် ပိုစွမ်းတယ်…”
အရူးသည် အထင်သေးဟန် လှစ်ဟကာ ဝမ်လင်းကို လက်ညှိုးထိုး၍ အံကြိတ်ကာ ပြောလိုက်သည်။ “ဒီဘုရင်ရဲ့ မန္တာန်ဟာ အစွမ်းထက်ဆုံးပဲ။ ငါ့အစ်ကိုကြီးကလွဲရင် ဘယ်သူကမှ ငါ့ထက် ပိုမကောင်းနိုင်ဘူး။ ဟီးဟီး။ မင်းက ငါ့ရှိကနေ လျှို့ဝှက်သင်ယူချင်နေတာမလား။ ဒီဘုရင် မင်းကို ပြောလိုက်မယ်။ ငါ့အစ်ကိုကြီးက ငါက ဘယ်သူ့ကိုမှ ဒီမန္တာန်တွေ မသင်ပေးရဘူးလို့ မှာထားတယ်။ မင်း ငါ့ကို သေတဲ့အထိ ရိုက်နှက်ရင်တောင် ငါ မင်းကို မသင်ပေးနိုင်ဘူး…”
“အတိတ်တုန်းက…ဘယ်သူလဲ…ဘယ်သူလဲ ငါ့ရှိကနေ လုယူချင်ခဲ့တာ။ ဒါပေမဲ့ ငါက သူ့ကို ဖြတ်မြင်နိုင်ခဲ့တယ်။ ဟက်…ဒီဘုရင်က အလွန်တော်တာ။ မင်း ငါ့ကို မလှည့်ဖြားချင်ပါနဲ့…”
စကားတစ်ခွန်းမှ မဆိုဘဲ ဝမ်လင်းက သူ့ညာလက်ကို ကောင်းကင်ထက်သို့ ပင့်မြှောက်ကာ ဖိချလိုက်သည်။ ကောင်းကင်သည် တုန်ဟည်းကာ လက်ဝါးရာခပ်ရေးရေး ပေါ်လာသည်။ ၎င်း ပေါ်လာသည်နှင့် မူလစွမ်းအင်များကို အကြမ်းပတမ်း စုပ်ယူသည်။ ထိုလက်ဝါးရာက ပိုရှင်းလင်းလာကာ မြေပြင်ထက်သို့ ရိုက်ချလာသည်။
လက်ဝါးရာ ဆင်းသက်လာရင်း ပြင်းထန်သောဖိအားပါ သက်ဆင်းလာ၍ လေများ တဟူးဟူး မြည်သည်။ မြေပြင်သည် တုန်ခါကာ ဂြိုဟ်မျက်နှာပြင်ထက်တွင် ဧရာမအက်ကြောင်းတစ်ခု ပေါ်လာသည်။
အရူး၏ဆံပင်များက ရှုပ်ပွ၊ မျက်လုံးက ကြောင်တောင်တောင် ဖြစ်မှုတို့ ပြည့်နေလျက် သူသည် လက်ဝါးရာကို စိုက်ကြည့်နေ၏။ ၎င်းက မြေပြင်ထက်သို့ ကျရောက်ခါနီးတွင် ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက အသက်ဝဝရှုသွင်းကာ ရှေ့သို့ လက်ညွှန်လိုက်သည်။ “စုစည်းစမ်း…စုစည်းစမ်း…စုစည်းစမ်း…”
စုစည်းစမ်းဟု သုံးကြိမ်သုံးခါ ပြောလိုက်သည့်နောက်တွင် လက်ဝါးရာသည် မြန်ဆန်စွာ ကြုံ့သွားပြီးနောက် မတည်မငြိမ် လက္ခဏာများ ပြလာကာ ထိန်းချုပ်မှု လွတ်တော့မည့်နှယ်။ နောက်ဆုံးတွင် ၎င်းက ဂြိုဟ်ပေါ်သို့ ကျရောက်သွား၏။ ဂြိုဟ်တစ်ခုလုံး လှုပ်ယမ်းသွားကာ အရူးကို လေထဲသို့ မြောက်တက်သွားစေသည်။
လက်ဝါးရာသည် အကွာအဝေးတစ်ခုရှိ မြေပြင်ထက်တွင် ထင်းထင်းကြီး ပေါ်နေသည်။ ယင်းက ပေသောင်းချီကျယ်ပြောကာ ဧရာမတွင်းနက်ကြီးတစ်ခုနှင့် တူနေတော့၏။
“မင်းရဲ့ မန္တာန်နဲ့ ဒီလောက်ကြီးမားတဲ့ တွင်းနက်ကြီးတစ်ခု ဖန်တီးနိုင်တယ်ဆိုရင် မင်းရဲ့ မန္တာန်က ကောင်းမွန်လှပါတယ်လို့ ငါ ဝန်ခံမယ်…” ဝမ်လင်းသည် ဖြည်းဖြည်းချင်း ပြောလိုက်ရင်း အထင်သေးဟန်ဖြင့် ကြည့်လိုက်သည်။
ထိုအထင်သေးဟန် အကြည့်က အရူး၏မျက်လုံးကို နီရဲသွားစေသည်။ သူက သူ့လက်နှစ်ဖက်ကို ဆက်တိုက် ဝေ့ယမ်းကာ ရင်ဘက်စည်တီး၍ အော်တော့သည်။ သူက ထိုအပြုအမူကို လူဝံနက်ထံမှ သင်ယူခဲ့ခြင်း ဖြစ်ပြီး ထိုသို့ လုပ်ခြင်းက အလွန်လွှမ်းမိုးနိုင်သည်ဟု ခံစားမိသည်။
“ဒီဘုရင်က အသန်မာဆုံးပဲ။ မင်း စောင့်နေလိုက်…” အရူးသည် ဒေါသ ထွက်လာ၏။ သူက ရှေ့သို့ လှမ်းကာ ကောင်းကင်ထက်သို့ လက်ညွှန်သည်။ သူက မာန်သွင်းအော်ဟစ်လိုက်ရာ ဧရာမလက်ဝါးကြီး ပေါ်လာ၏။ သူ့လက်ကို ဝေ့ယမ်းလိုက်သဖြင့် ထိုလက်ဝါးသည် မြေပြင်ထက်သို့ ကျဆင်းသွားပြီး အမှုန့်အမွှားများစွာကို လွင့်စင် ထွက်သွားစေကာ လက်ဝါးရာတစ်ခု ပေါ်လာလေ၏။
အရူးသည် ခဏတာ မင်သက်သွားမိ၏။ သူက ခပ်တိမ်တိမ်လက်ဝါးရာကို ကြည့်လိုက်ပြီးနောက် ဝမ်လင်း ပြုလုပ်ထားသော တွင်းနက်ကို လှမ်းကြည့်သည်။ သူ၏မျက်လုံးထဲတွင် ရူးသွပ်မှုတို့ ပေါ်လာ၏။ သူက နောက်ထပ် ပိုကျယ်လောင်စွာ အော်၍ မြေပြင်ထက်သို့ တရစပ် ရိုက်နှက်ချတော့သည်။
ဝမ်လင်းသည် ဘေးတစ်ဖက်ကနေ အာရုံအပြည့်စိုက်၍ ကြည့်နေပြီး သူသည် ထိုမန္တာန်ကို ဆင်ခြင်ကောက်ချက် ချနေ၏။ ထိုအခိုက်တွင် သူသည် အရာအားလုံးကို မေ့သွားကာ အရူး စစ်စိတ်ဝိညာဉ်လက်ဝါး ထပ်ခါထပ်ခါ အသုံးပြုနေခြင်းအပေါ်တွင်သာ အာရုံစိုက်ထားလေ၏။
သူ၏ရှေ့တွင် တစ်စုံတစ်ယောက်က တူညီသောမန္တာန်တစ်ခုကို ထပ်ခါထပ်ခါ အသုံးပြုပြသည့် အခွင့်ရေးမျိုးကို နောက်တစ်ကြိမ် ဘယ်တော့မှ ရနိုင်တော့မည် မဟုတ်ပေ။
နာရီဝက်ခန့်ကြာပြီးနောက် အရူးက စစ်စိတ်ဝိညာဉ်လက်ဝါးကို ဆယ့်နှစ်ကြိမ်ကျော် အသုံးပြုခဲ့ပြီး ဖြစ်ရာ မြေပြင်ထက်ရှိ လက်ဝါးရာက နည်းနည်း ပိုနက်လာ၏။ သို့ပေမည့် ၎င်းမှာ ဝမ်လင်း ဖန်တီးခဲ့သော တွင်းနက်လောက် နက်ရှိုင်းဖို့ အဝေးကြီး လိုသေးသည်။
အရူးသည် အသက်မနည်း ရှုနေရကာ မန္တာန်အသုံးပြုနေရသဖြင့် ပင်ပန်းလွန်းနေပြီ။ သူက လက်လျှော့ရန် တွေးမိတိုင်း ဝမ်လင်းကို ကြိတ်၍ ကြည့်လိုက်ရာ ဝမ်လင်းမျက်နှာပေါ်ရှိ အထင်အမြင်သေးဟန်ကို တွေ့မြင်လိုက်ရသည်။
ထိုအဖြစ်က သူ့ကို ဒေါသ ထွက်စေ၏။
“သေစမ်း…ဒီဘုရင်က ဒါကို မယုံကြည်နိုင်ဘူး…” သူက သူ မည်မျှ ပင်ပန်းသည်ကို မေ့သွားဟန်တူကာ အော်ဟစ်၍ စစ်စိတ်ဝိညာဉ်လက်ဝါးကို သုံးကာ မြေပြင်ထက်သို့ ထပ်ခါထပ်ခါ ထိုးနှက်ရိုက်ချတော့၏။
တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီ….သူ လက်လျှော့ဟန် ပြင်တိုင်း ဝမ်လင်း၏မျက်နှာထက်ရှိ အထင်သေးမှုကို တွေ့တွေ့နေရသည်။ သူသည် ဝမ်လင်းထံမှ ထိုအကြည့်ကို မခံစားနိုင်ပေ။
ဝမ်လင်းက သူ့ညာလက်ကို သူ့ရှေ့သို့ ဝေ့ယမ်းရင်း သေသေချာချာ လေ့လာစောင့်ကြည့်နေ၏။ သူက သူ၏ တုန်လှုပ်ဖွယ်နားလည်မှုဉာဏ်ဖြင့် ထိုမန္တန်အပေါ် သိရှိတွေ့ရှိသမျှကို အသုံးပြုနေ၏။
ခြောက်နာရီကြာပြီးနောက် အရူးသည် စစ်စိတ်ဝိညာဉ်လက်ဝါးကို ရာချီအသုံးပြုခဲ့ပြီးပင်။ သူသည် ချွေးများ ရွှဲနစ်နေကာ လျှာထွက်နေလေပြီ။ သူက မောလွန်းသဖြင့် အသက်ပင် မနည်း ရှုနေရသည်။
“သေစမ်းကွာ။ ပင်ပန်းလွန်းနေပြီ။ ဒီအဘိုးအို မကစားတော့ဘူး။ ငါ မနိုင်တော့ရော မနိုင်ဘူးပေါ့။ ဘာဖြစ်သေးလဲ။ ဒီဘုရင် အိပ်ချင်လာပြီ…” သူ ပွစိပွစိ ရေရွတ်လိုက်ပြီး လက်လျှော့ဟန် ပြင်စဉ် သူက ဝမ်လင်းထံသို့ ကြည့်လိုက်၏။ သူသည် ခဏတာ မင်သက်သွားမိသည်။
သူက ဝမ်လင်း၏မျက်နှာထက်ရှိ တုန်လှုပ်မှုအရိပ်အယောင်ကို မြင်လိုက်ရသည်။
ထိုအဖြစ်က လက်လျှော့တော့မည့် အရူးကို စိတ်လှုပ်ရှားသွားစေသည်။ သူက အော်ဟစ်ကာ သူ့ရင်ဘက်ကိုယ်သူ ထုသည်။
ဝမ်လင်းကသာ ဆက်၍ အထင်သေးဟန် ကြည့်နေအုံးမည် ဆိုပါက သူသည် လစ်လျူရှုရန်သာ ရွေးချယ်တော့မည်။ အကြောင်းမှာ သူ ပင်ပန်းလွန်းနေသည့်အတွက်ပင်။ သို့ပေမည့် ဝမ်လင်းမျက်နှာပေါ်ရှိ တုန်လှုပ်မှုက သူ့ကို ယုံကြည်မှု ရသွားစေ၏။
“ဟားဟား…ကောင်မလေး…နောက်ဆုံးတော့ နင် ငါ့ကို အထင်သေးတာ ရပ်သွားပြီး။ ဟက်…ဟက်…ဒီဘုရင်က ခွန်အားနည်းနည်း ထပ်စိုက်ပြီး ငါ ဘယ်လောက်သန်မာလဲ ဆိုတာ ပြပေးမယ်…” အရူးသည် စိတ်လှုပ်ရှားလာကာ ထပ်မံ၍ မြေပြင်ထက်သို့ ရိုက်နှက်လိုက်ပြန်သည်။
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေကာ သူသည် မန္တာန်ကို နားလည်ရန် အလျင်အမြန် လုပ်ဆောင်နေသည်။ အချိန်ကုန်လာသည်နှင့်အမျှ ထိုလက်ဝါးချက်က ပိုရှင်းသထက် ရှင်းလာကာ သူ၏စိတ်တွင်း၌ ရေးထွင်းလာသည်။ ထိုလက်ဝါးချက်သည် ပိုပို၍လည်း လေးနက်သိမ်မွေ့လာ၏။
ခုနစ်နာရီ၊ ရှစ်နာရီ၊ ကိုးနာရီကြာပြီးနောက် နီရဲနေသော မျက်လုံးများဖြင့် အရူးက အော်ဟစ်ကာ သူ၏ နောက်ဆုံးသော စစ်စိတ်ဝိညာဉ်လက်ဝါးကို အသုံးပြုသည်။ မြေပြင် တုန်ဟည်းသွားလေ၏။ ကိုးနာရီကြာပြီးနောက် လက်ဝါးခပ်နှိပ်ရာသည် ဝမ်လင်း ပြုလုပ်ခဲ့သော တစ်ခုနှင့် ထပ်တူထပ်မျှ နက်ရှိုင်းနေပေပြီ။
ထိုသို့ ပြုလုပ်ပြီးနောက် အရူးသည် ပင်ပန်းသည့်ဟန်ဖြင့် မြေပြင်ထက်သို့ လေးဘက်ကုန်းကာ သွား၏။ သို့သော် သူက ဝမ်လင်းကို ကြည့်နေဆဲ ဖြစ်ကာ ခပ်ဩဩအသံဖြင့် လှမ်းဟောက်သည်။ “ဘယ်လိုလဲ။ ဘယ်လိုလဲ။ ဒီဘုရင်ရဲ့ မန္တာန်က အစွမ်းထက်ဆုံး မဟုတ်လား…”
ဝမ်လင်းသည် တုန်လှုပ်ဟန် လှစ်ဟဖော်ကာ ဖြည်းဖြည်းချင်း ပြောသည်။ “ငါ ဒါကို ကိုယ်တိုင်ကိုယ်ကျ လေ့လာစူးစမ်း ကြည့်ရလိမ့်မယ်…”
“သွားစစ်လိုက်။ ဒီဘုရင် စောင့်နေမယ်…” အရူးသည် အထင်သေးစွာ ပြောသည်။ သို့သော် သူသည် သူ၏မျက်လုံးထဲရှိ ပျော်ရွှင်မှုကိုမူ မကွယ်ဝှက်ထားနိုင်ပေ။ ဝမ်လင်း၏ တုန်လှုပ်မှုက သူ့ကို ကျေနပ်စေခဲ့၏။ မောပန်းမှုအားလုံး ဘာမှ မဟုတ်တော့သည့်အလား ခံစားမိစေသည်။
ဝမ်လင်းသည် ထရပ်ကာ အရူး ဖန်တီးထားသော တွင်းနက်ထံသို့ လှမ်းလျှောက်သွားပြီး သေသေချာချာ လေ့လာကြည့်သည်။ အရူးသည် အနားယူနေသော်လည်း သူက ဝမ်လင်း၏အမူအရာကို မပြတ်တမ်း စိုက်ကြည့်လျက် ရှိသည်။ သူက ဝမ်လင်း မည်သို့မည်ပုံ တုန်လှုပ်သွားမည်ကို မြင်ချင်နေသည်။
သို့ပေမည့် အရူးက တစ်ခုခုမှားနေသလို ခံစားမိ၏။ ဝမ်လင်းအမူအရာသည် မူလတုန်းက တုန်လှုပ်မှုတို့ ပြည့်နေ၏။ သို့သော် ထိုတုန်လှုပ်မှုသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ တည်ငြိမ်မှုက အစားထိုး ဝင်လာ၏။ ထို့နောက် သူ သည်းမခံနိုင်သော အထင်သေးဟန်က ဝမ်လင်း မျက်နှာထက်တွင် ပြန်ပေါ်လာပြန်သည်။
ထိုအဖြစ်ကို ကြည့်ကာ အရူးသည် ဒေါသထွက်လာ၏။ သူက ဝမ်လင်းကို စူးရဲစွာကြည့်၍ အော်လိုက်၏။
“သင်က လူလိမ်တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး။ သင်ရဲ့ မန္တာန်က ငါ့မန္တာန်ကို တကယ် မယှဉ်နိုင်ဘူးပဲ။ သင်က ငါ့ကို လျှို့ဝှက်လှည့်စားခဲ့တာကိုး…”
ဝမ်လင်းသည် ခေါင်းယမ်းလိုက်၏။ သူ့မျက်နှာထက်ရှိ အထင်သေးမှုက ပိုအားကောင်းလာသည်။ သူသည် လှည့်၍ ထိုင်ချကာ အရူးကို ကြည့်ပင် မကြည့်တော့ပေ။
အရူးသည် တခဏတာ တောင့်တောင့်ကြီး ဖြစ်သွား၏။ သူ၏မျက်နှာသည် လုံးဝ နီရဲလာသည်။ သူသည် ဝမ်လင်းထံ ပြေးဝင်လာကာ အော်ပြောသည်။ “ငါ…ဒီဘုရင် အဲ့လို မလုပ်ဘူးကွ…”
ဝမ်လင်းက မျက်လုံးပြူးကာ အေးစက်စက် ပြန်ပြောလိုက်၏။ “သင် တစ်ချိန်လုံး အသုံးပြုခဲ့တဲ့ မန္တာန်ဟာ စအသုံးပြုခဲ့တဲ့ မန္တာန်နဲ့ မတူဘူး။ ငါ့ကို လှည့်စားဖို့ မကြိုးစားနဲ့…”
“မင်းက ငါ့ကို မှားယွင်းစွပ်စွဲနေတာပဲ။ ဒီဘုရင်က တူညီတဲ့မန္တာန်တစ်ခုကိုပဲ အသုံးပြုခဲ့တာ။ ငါ မမှားနိုင်ဘူး။ မင်း သေချာထပ်ကြည့်။ သေချာ ထပ်ကြည့်လိုက်။ ဒီဘုရင် မင်းကို မလိမ်ဘူး…” အရူးသည် စိတ်ပူပန်လာ၏။ သူ၏မျက်လုံးထဲတွင်လည်း မျက်ရည်ဝဲလာသည်။ သူက အလွန်အလွန်မှားနေပြီဟု ခံစားမိရသည်။ သူသည် အခုလောက် တွင်းနက်ကို မန္တာန်ဖြင့် တူးနိုင်ဖို့ နာရီပေါင်းများစွာ လုပ်ဆောင်ခဲ့ရပြီးနောက် မထင်မှတ်စွာဖြင့် လူလိမ်ဟု အခေါ်ခံခဲ့ရသည်။
***