← Chapters

ငါ ပြန်ရောက်ပြီ…

Vol. 116 Ch. 1598

ငါ ပြန်ရောက်ပြီ…

Vol. 116 Ch. 1598

ဝမ်လင်းသည် ကြယ်များကြား တစ်ကိုယ်တည်း ရွှေ့လျားလာနေ၏။ သူ၏ခန္ဓာကိုယ်မှာ အလွန်အစွမ်းထက်လှသဖြင့် သူသည် ဟင်းလင်းပြင်အက်ကြောင်းများကို ရှောင်ကွင်းသွားဖို့ မလိုအပ်ပေ။ သူနှင့် ထိမိသည်နှင့် ဟင်းလင်းပြင်အက်ကြောင်းများသည် ပျက်စီးရကာ သူ့ကို ဘာအန္တရာယ်မှ မဖြစ်စေပေ။

သူ၏ခန္ဓာကိုယ်တွင်း၌ ခပ်ဖျော့ဖျော့ ရွှေရောင်အလင်းတစ်ခုလည်း ရှိနေ၏။ သူ ရှေ့သို့ လာနေရင်း ဟင်းလင်းပြင်သည် သူ့ခြေဖဝါးအောက်တွင် ကြုံ့လာသည့်ပုံ ရသည်။ ခြေတစ်လှမ်းဖြင့်ပင် သူသည် မရေမတွက်နိုင်သော ကီလိုမီတာအကွာအဝေးကို လှမ်းပြီး ဖြစ်သည်။

အရူးမပါသည့်အတွက် ဝမ်လင်း၏ အမြန်နှုန်းသည် အထွတ်အထိပ် ရောက်လာသည်။ သူသည် မဟာမိတ်ဌာနချုပ်နှင့် အတော်လှမ်းဝေးသေးသည်။ သို့သော် သူ့အတွက် ကြယ်အဖွဲ့အစည်းတစ်ခုကို ဖြတ်သန်းသွားဖို့ ခြေလှမ်းသုံးလှမ်းသာ လိုသည်။

ပထမဆုံးခြေတစ်လှမ်းဖြင့်ပင် သူသည် ကျင့်ကြံခြင်းဂြိုဟ်များ၊ ကျင့်ကြံသူများ ပြည့်နေသော ဧရိယာတစ်ခုသို့ ရောက်သွား၏။ မည်သူကမျှ သူ၏ တည်ရှိမှုကို သတိမပြုမိကြပေ။

အများစုက ခပ်ရေးရေးလှိုင်းတစ်ခု ထသွားသည်ကိုသာ ခံစားမိလိုက်ပြီး ၎င်းက ချက်ခြင်း ပျောက်ကွယ်သွားသည်။

အရှင်လုဖူသည် ထိုကျင့်ကြံသူများကြားတွင် ရှိနေ၏။ တောက်ပသောဟင်းလင်းပြင်မှာ တတိယအဆင့်ကျင့်ကြံသူ အလွန်နည်းပါး၏။ ရှေးဟောင်းအစီအရင်များကို သိသူက ပို၍ပင် နည်းပေအုံးမည်။ အရှင်ဟုန်ရှန်က အရှင်လုဖူကို ဒီနေရာတွင် အစီအရင်များ ချမှတ်ရန် ဖိတ်ခေါ်ထားခြင်းပင်။

အရှင်လုဖူသည် တစ်စုံတစ်ယောက် ဖြတ်သန်းသွားသလိုမျိုး ဝေဝေဝါးဝါးသာ ခံစားလိုက်ရ၏။ သူ၏မျက်လုံးသည် ချက်ခြင်း ကျဉ်းမြောင်းသွားသည်။

“တစ်ယောက်ယောက် ဖြတ်သွားသလိုပဲ။ ငါ ရင်းနှီးတဲ့အော်ရာတစ်ခုကို ရလိုက်တယ်…”

အရှင်လုဖူသည် ရှေ့တည့်တည့်သို့ ကြည့်ကာ ခေါင်းယမ်းလိုက်၏။

“ဒီအော်ရာ သူနဲ့ အတော်လေး နီးစပ်တယ်။ ဆယ်စုနှစ်အချို့တောင် ရှိပြီ။ ဒါပေမဲ့ သူနဲ့ ပတ်သတ်လို့ ဘာသတင်းမှ မကြားရသေးဘူး။ ငါ့အမြင်များ ဝေဝါးနေတာလား…”

ဝမ်လင်းသည် အရှင်လုဖူကို မြင်၏။ သို့သော် အခုက အချိန်သည် ပဓာန ဖြစ်နေသည့်အတွက်ကြောင့် သူသည် မရပ်တန့်ဘဲ ဒုတိယခြေလှမ်းကို လှမ်းလိုက်သည်။

ဒုတိယခြေလှမ်းဖြင့် သူသည် တောက်ပသောဟင်းလင်းပြင်၏ ဗဟိုချက်သို့ ရောက်လာ၏။ ထိုဧရိယာမှာ ဗလာကင်းမဲ့နေကာ ဟင်းလင်းပြင်အက်ကြောင်းအချို့ ဖြစ်ပေါ်နေသည်။

လွန်ခဲ့သောနှစ်များက ဒီနေရာတွင် တိုက်ပွဲကြီးတစ်ခု ဖြစ်ခဲ့သည့်အလား။ ထိုတိုက်ပွဲသည် အလွန်ကြမ်းပေမည်။ ထို့အတွက် ဒီနေရာရှိ ဟင်းလင်းပြင်သည် များစွာ ပြိုလဲပျက်စီးနေ၏။ ထိုပျက်စီးမှုများက ဟင်းလင်းပြင်အက်ကြောင်းများကို ဖြစ်စေခြင်းပင်။

ဟင်းလင်းပြင်အက်ကြောင်းများ ဒီဧရိယာကို ဖုံးလွှမ်းနေသဖြင့် နတ်ဘုရားအာရုံကို အသုံးပြုရန် ခက်ခဲသည်။ ထို့အတွက် ဒီနေရာမှာ နတ်ဘုရားအာရုံ အသုံးမဝင်သော ဧရိယာတစ်ခု ဖြစ်လာသည်။

သွေးနံ့များပင် ကပ်ငြိတွယ်နေတုန်း ရှိသေး၏။ ဝမ်လင်းက မဟာမိတ်နှင့် အလုံးစုံကောင်းကင်တို့ကြား တိုက်ပွဲသည် အခုလောက် မပြင်းထန်သည်ကို ရှင်းလင်းစွာ မှတ်မိနေပေသည်။ အခုလို ပြောင်းလဲဖို့အတွက် အဖြေတစ်ခုသာ ရှိပေလိမ့်မည်။

“ငါ မြေနိမ့်သားရဲထဲမှာ အချိန်ဘယ်လောက် ကုန်သွားခဲ့လဲ မသိဘူး။ ပြင်ပနယ်မြေကို ဆန့်ကျင်တိုက်ခိုက်တဲ့ တိုက်ပွဲတွေ ဘယ်လောက်များများ ဖြစ်ပွားခဲ့ပြီလဲ ငါ သိချင်မိတယ်။ ခုနစ်ရောင်စုံနယ်မြေတွေကိုလည်း ရှာတွေ့သင့်ပြီး ဖျက်စီးပြီး သင့်ပြီ…”

ဝမ်လင်းက တတိယမြောက် ခြေလှမ်းကို လှမ်းရန် ဟန်ပြင်လိုက်၏။ သို့သော် သူက ခြေပြန်မချခင် သူ၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးကာ သူသည် အကွာအဝေးတစ်ခုထံသို့ ကြည့်လိုက်သည်။

အကွာအဝေးတစ်ခုမှ အလင်းတန်းသုံးခု ပျံသန်းလာနေ၏။ ရှေ့ဆုံးမှ အလင်းတန်းသည် အတွင်းနယ်မြေမှ ကျင့်ကြံသူပင်။ ထိုသူသည် အဘိုးအိုတစ်ယောက် ဖြစ်ကာ သူ၏အမူအရသည် ဖြူရောလျက် သွေးများ အဆက်မပြတ် အန်နေ၏။ သို့သော် သူ၏ဟန်ပန်ကမူ ကြမ်းကြုတ်သည်။

သူ၏နောက်တွင် ပြင်ပနယ်မြေမှ ကျင့်ကြံသူနှစ်ယောက် လိုက်ပါလာ၏။ သူတို့ထဲမှ တစ်ယောက်က မီးစာကလေးကလန်မှ ဖြစ်ပြီး အခြားတစ်ယောက်ကမူ ကောင်းကင်ဘုံဝံပုလွေကလန်မှ ဖြစ်သည်။

သူတို့နှစ်ယောက်သည် သုန်မှုန်စွာ ရှိနေပြီး ရက်စက်လိုဟန် ဆန္ဒကို ထုတ်ဖော်ထားသည်။ မီးစာကလေးကလန်မှ ကျင့်ကြံသူသည် နှာခေါင်းရှုံ့ကာ သူ၏ညာလက်ကို ဝေ့ယမ်းလိုက်၏။ မီးသည် သူ၏မျက်ခုံးနှစ်ခုကြားမှ ထိုးထွက်လာသည်။

“အရှင်မီးတောက်…မင်း ဒီနေရာကို ဝင်လာခဲ့တာ ခဏခဏ ဖြစ်နေပြီ။ မင်းက ဒီနေရာကို မင်းတို့ အတွင်းနယ်မြေက ပိုင်ဆိုင်တုန်းလို့ ထင်နေတာလား။ ငါတို့က မင်းကို အကြိမ်အနည်းငယ် လွှတ်ပေးခဲ့ပြီးပြီး။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ မင်း ဒီမှာ နေရမယ်…”

ထိုမီးသည် အဘိုးအိုထံသို့ အရူးအမူး တိုးဝင်လာ၏။ ထိုအဘိုးအိုသည် အရှင်မီးတောက်ပင်။

အရှင်မီးတောက်၏ မျက်လုံးထဲတွင် ရူးသွပ်မှုတို့ ပြည့်နေ၏။ သူ၏လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ရှေ့သို့ ဝေ့ယမ်းလိုက်သည်။ အစိတ်အပိုင်းဒါဇင်ချီ ပေါ်လာကာ လည်ပတ်နေသော အရံအတားများ ဖြစ်စေ၏။ ယင်းတို့သည် မီးပင်လယ်နှင့် ထိပ်တိုက်တွေ့သည်။

ကျယ်လောင်စွာ ပေါက်ကွဲကာ ဖိသိပ်အား ပျံ့လွင့်လာသဖြင့် အရှင်မီးတောက်သည် သွေးအန်လိုက်ရသည်။ သူက ထိုဖိသိပ်အားကို ငှားယမ်း၍ ရှေ့သို့ အရူးအမူး တိုးဝင်လာတော့သည်။

သူ၏နောက်မှ အစိတ်အပိုင်းများသည် မီးတောက်များဖြင့် လောင်ကျွမ်းခံရကာ ၎င်းတို့ထဲမှ သုံးခုသည် ပျက်စီးသွားလေပြီ။ ကျန်အစိတ်အပိုင်းများက အရှင်မီးတောက်နောက် လိုက်ပါလာ၏။

“အုပ်စိုးသူကောင်စီရဲ့ ဒုတိယလက်ထောက်၊ မြင့်မြတ်သောဆရာထျန်ကျောက်က မင်းတို့ အတွင်းနယ်မြေနဲ့ တိုက်ပွဲတွေအားလုံးကို ရပ်စဲထားဖို့ သဘောတူထားတာကြောင့် မဟုတ်ရင် ဒီတောက်ပသောလေဟာနယ်နယ်မြေက မင်းတို့ အတွင်းနယ်မြေ ပိုင်ဆိုင်နေအုံးမယ်လို့ မင်း တွေးနေတာလား…” ကောင်းကင်ဘုံဝံပုလွေကလန်ဝင်သည် အထင်သေးဟန်ဖြင့် ကြည့်၏။ သူက သူ၏ညာလက်ကို ဝေ့ယမ်းလိုက်ရာ အစိမ်းရောင်တစ္ဆေအရိပ်တစ်ခု ပေါ်လာလေ၏။ ထိုအရိပ်သည် ပေထောင်ချီမြင့်မားကာ အရှင်မီးတောက်ထံ ခုန်အုပ်ဝင်လာ၏။

ရှေးဟောင်းကြယ်အဖွဲ့အစည်းမှ ထိုကျင့်ကြံသူနှစ်ယောက်လုံးသည် နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့်တွင် ရှိကြကာ အရှင်မီးတောက်နှင့် ကျင့်ကြံခြင်းအဆင့်တူတူပင်။

အစိမ်းရောင်ဝံပုလွေ နီးကပ်လာသည့်နှင့် အရှင်မီးတောက်က ရုတ်တရက် လှည့်ကာ သူ့လျှာထိပ်ကို ကိုက်လိုက်ပြီး သူ့နောက်မှ အစိတ်အပိုင်းမြေဒါဇင်ချီပေါ်သို့ ထွေးထုတ်လိုက်သည်။ သူ၏အမူအရာသည် ကြမ်းကြုတ်လာကာ သူက အော်ပြောလိုက်၏။ “ပေါက်ကွဲစမ်း…”

ကျယ်လောင်စွာ တုန်ဟည်းသံများ ဆက်တိုက် ထွက်ပေါ်လာပြီး အစိတ်အပိုင်းဒါဇင်ကျော်သည် ပေါက်ကွဲကာ ပြင်းထန်သောအဖျက်အစီးအားတစ်ခုကို ဖန်တီးသည်။ အစိမ်းရောင်ဝံပုလွေသည် နာကျင်စွာ အော်ဟစ်၍ ပျက်စီးသွားသည်။

သို့ပေမည့် အလားတူပင် အရှင်မီးတောက်၏ခန္ဓာကိုယ်မှာလည်း တုန်ယင်သွား၏။ သူ၏မျက်နှာသည် ဖြူရောကာ နောက်သို့ တရွတ်ဆွဲသွားသည်။

“ပြင်ပနယ်မြေရဲ့ ကျူးကျော်သူတွေ။ အရှင်ဟုန်ရှန်သာ ပိတ်မိမနေခဲ့ရင် အရှင်တောင်ပိုင်းတိမ်ကသာ တံခါးပိတ်ကျင့်ကြံနေရာကနေ ထွက်လာခဲ့ရင် ချိပ်ပိတ်နယ်မြေအရှင်သာ ပျောက်မနေခဲ့ရင် မင်းတို့က ခုလောက် မောက်မာရဲပါ့အုံးမလား…”

အရှင်မီးတောက်၏အသံမှာ ဗလုံးဗထွေး ဖြစ်နေ၏။ သူသည် သူ အချိန်ကြာကြာ ဆက်ပြေးနေပါက ထိုနှစ်ယောက်သည် သူ့နောက် ထပ်မလိုက်တော့မည်ကို သိ၏။ တကယ်တော့ သူက ဒီဧရိယာကနေ ထွက်လိုက်သည်နှင့် သူ၏ လှုပ်ရှားမှုကို ချိပ်ပိတ်ထားသော ဟင်းလင်းပြင်အက်ကြောင်းများ ရှိတော့မည် မဟုတ်ပေ။ ထိုအခါ သူသည် ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို အသုံးပြုနိုင်ပေမည်။ သူတို့နှစ်ယောက် ထပ်လိုက်လာခဲ့ပါက သူတို့ ပူပန်စိုးရိမ်ရလိမ့်မည် ဖြစ်၏။

သို့ပေမည့် သူက ဒီဧရိယာ၏အစွန်းသပ်နား ရောက်ဖို့ အကွာအဝေးတစ်ခု လိုနေသေးသည်။ အရှင်မီးတောက်က အံတင်းတင်းကြိတ်ကာ သူ၏စွမ်းအားအပြည့်ဖြင့် နောက်ဆုတ်သည်။

မီးစာကလေးကလန်နှှင့် ကောင်းကင်ဘုံဝံပုလွေကလန်မှ ကျင့်ကြံသူတို့သည် နီးသထက် နီးလာ၏။

“အဓိပ္ပာယ်မရှိလိုက်တာ။ အရှင်ဟုန်ရှန်နဲ့ အရှင်တောင်ပိုင်းတိမ်တို့ကို ထားလိုက်ပါအုံး။ ဒါပေမဲ့ ဟို ချိပ်ပိတ်နယ်မြေအရှင်သခင်လို့ ခေါ်တဲ့သူက ဘာမလို့လဲ။ ဒီလူဟာ ကံကောင်းပြီး သူ့ဘဝကို လက်လျှော့ခဲ့တာ။ သူ သေသွားပြီဆိုတာ ရှင်းနေတာပဲ။ ဒါပေမဲ့ မင်းကတော့ သူ ပျောက်နေတယ်ဆိုပြီး အတင်းငြင်းနေတာ…” မီးစာကလေးကလန်၏ ကျင့်ကြံသူ၏ မျက်လုံးထဲတွင် အမုန်းတရားများ ပြည့်နေသည်။ သူက အေးစက်စက်နှာခေါင်းရှုံ့ကာ သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖန်တီးသည်။ အနက်ရောင်မီးငှက်တစ်ကောင် သူ့နောက်တွင် ပေါ်လာကာ အော်မြည်လေ၏။

“ချိပ်ပိတ်နယ်မြေအရှင်က သေသွားပြီ။ မင်းတို့အားလုံးက ဒါကို ငါတို့ထက် ပိုသိမှာပါ။ သူသာ အသက်ရှင်နေသေးရင် ဒုတိယနဲ့ တတိယတိုက်ပွဲတွေမှာ ဘာကြောင့် မပေါ်လာခဲ့ရတာလဲ။ အရှင်ဟုန်ရှန် ပိတ်လှောင်ခံရတဲ့အချိန်မှာ ဘာကြောင့် မပေါ်လာခဲ့ရတာလဲ။ ချိပ်ပိတ်နယ်မြေအရှင်တဲ့လား။ ဒီနာမည်က မှားနေပြီ။ ဒီအဘိုးအိုရဲ့ အမြင်မှာတော့ သူက ကလေးသာသာပဲ…”

ကောင်းကင်ဘုံဝံပုလွေကလန်မှ အဘိုးအို၏စကားလုံးများသည် ထက်ရှသည်။ သူ၏ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေလိုက်သည်။ မကြာမီတွင် သူ၏ညာလက်ပေါ်တွင် အစိမ်းရောင်အမွှေးအမျှင်များ ပေါက်လာသည်။

အရှင်မီးတောက်သည် နောက်ဆုတ်နေရင်း သူ၏အမူအရာမှာ အားနည်းနေပေပြီ။ သို့သော် သူက ကျယ်လောင်စွာ ရယ်မောဆဲပင်။ သူသည် မီးစာကလေးကျင့်ကြံသူထံ လက်ညှိုးထိုးကာ ကြမ်းတမ်းစွာ ပြုံးလိုက်၏။ “အဓိပ္ပာယ်မရှိဘူး ဟုတ်လား။ သူက မင်းတို့ကလန်ဘိုးဘေးကို တစ်ချက်တည်းနဲ့ သတ်ပစ်ပြီး ပြင်ပနယ်မြေကျင့်ကြံသူ တစ်သိန်းကို ထက်ပိုင်းခြမ်းပစ်ခဲ့တာလေ။ မင်းတို့ဘိုးဘေးရဲ့ မသေခင် နာနာကျင်ကျင် အော်သံကို မင်း မကြားလိုက်ရဘူးလား…”

မီးစာကလေးကလန်ကျင့်ကြံသူ၏ မျက်လုံးထဲရှိ သတ်ဖြတ်ချင်စိတ်မှာ ကြောက်မက်ဖွယ် ကောင်းလာသည်။ ဤအဖြစ်က သူတို့ မီးစာကလေးကလန်တစ်ခုလုံး ခံစားခဲ့ရသော နာကျင်မှု မဟုတ်လား။

“ပြီးတော့ မင်းက ကောင်းကင်ဘုံဝံပုလွေကလန်ကလား။ မင်းတို့ရဲ့ဘိုးဘေးက ချိပ်ပိတ်နယ်မြေအရှင်ရဲ့ ကျွန်တစ်ယောက်ပဲ…”

ကောင်းကင်ဘုံဝံပုလွေကလန်မှ ကျင့်ကြံသူ၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွားသည်။ သူ့လက်ပေါ်ရှိ အစိမ်းရောင်အမွေးများသည်ပင် ပိုများပြားလာကာ မကြာခင်တွင် သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းကို ဖုံးလွှမ်းသွားသည်။ သူ၏ ညာလက်က ရုတ်တရက် ဧရာမဝံပုလွေဦးခေါင်းတစ်ခုအဖြစ်သို့ ပြောင်းသည်။

“မင်းတို့ရဲ့ ချိပ်ပိတ်နယ်မြေအရှင်ကို ရှာဖို့ ငရဲ သွားလိုက်တော့…” မာန်သွင်းအော်ဟစ်သံနှင့်အတူ ကောင်းကင်ဘုံဝံပုလွေကလန်မှ ကျင့်ကြံသူသည် လက်သီးတစ်လုံး ပစ်သွင်းလိုက်၏။ တုန်လှုပ်ဖွယ်ဝံပုလွေအော်သံ ပဲ့တင်ထပ်ကာ သူ့ညာလက်သည် ပျံသန်းထွက်လာသည်။ ၎င်းက ဧရာမဝံပုလွေတစ်ကောင်အဖြစ် ပြောင်းကာ အရှင်မီးတောက်ထံ တရှိန်ထိုး ဝင်လာသည်။

တစ်ချိန်တည်းမှာ မီးစာကလေးကလန်မှ ကျင့်ကြံသူက မာန်သွင်းလိုက်၏။ အနက်ရောင်မီးငှက်သည် တစီစီအသံပြုကာ ကြောက်မက်ဖွယ် အနက်ရောင်မီးများက ၎င်းကို လွှမ်းခြုံထားသည်။ ၎င်းငှက်က အရှင်မီးတောက်ထံ ဧရာမဝံပုလွေနှင့်အတူ အံ့မခန်းအမြန်နှုန်းဖြင့် တိုးဝင်လာသည်။

အဖြစ်အပျက်များသည် မြန်ဆန်လွန်း၏။ အရှင်မီးတောက်သည် ကြောက်မက်ဖွယ်အပြုံးတစ်ခုကို ထုတ်ဖော်ကာ ထွက်ပြေးမည့်အတွေးများကို စွန့်လွှတ်လိုက်၏။ သူ၏မျက်လုံးထဲတွင် ရူးသွပ်မှု ပေါ်လာသည်။

“ဒီအဘိုးအိုက သေရမှာ မကြောက်ဘူး။ ငါ သေရမယ်ဆိုရင်တောင် ငါက ပေါက်ကွဲပြီး သေမယ်။ ဘာမှ နောင်တရမနေဘူး…” သူက သူ့ကိုယ်သူ ဖောက်ခွဲပစ်ရန် ဟန်ပြင်လိုက်တော့၏။

မီးငှက်သည် ကြောက်မက်ဖွယ်မီးတောက်ကို ဆောင်ယူလာ၏။ ဧရာမဝံပုလွေက သတ်ဖြတ်လိုသော အော်ရာကို ဆောင်ယူလျက် ယင်းတို့သည် နီးကပ်လာသည်။ သူတို့နှစ်ယောက်သည် ရက်စက်ဟန် ပြုံးကာ အရှင်မီးတောက် မည်သို့မည်ပုံ သေမည်ကို စိတ်ကူးကြည့်ခဲ့ပြီးပင်။ ထိုသူက သူ့ကိုယ်သူ ဖောက်ခွဲပစ်လျှင်ပင် သူတို့နှစ်ယောက် ပူးပေါင်းထားသောအားရှေ့တွင် ယင်းက အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။

သို့ပေမည့် ထိုအခိုက်တွင် တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်ပွားသည်။

အရှင်မီးတောက်၏ ခန္ဓာကိုယ်နောက်တွင် သာမန်ဆန်သောလက်တစ်ဖက် ရုတ်တရက် ပေါ်လာသည်။ ၎င်းက သူ့ကို ဖမ်းယူကာ ညင်သာစွာ ဆွဲယူကာ ဘေးတစ်ဖက်သို့ ပို့လိုက်သည်။

သိပ်မကြာခင်တွင် အဖြူရောင်ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။ သူ၏အမူအရာက သုန်မှုန်နေ၏။ ထို့နောက် သက ရုတ်တရက် မော့ကြည့်လိုက်ရာ တလျှံလျှံတောက်ပသော ရွှေရောင်အလင်းက သူ၏မျက်လုံးထံမှ လှစ်ဟပေါ်သည်။

ထိုရွှေရောင်အလင်းသည် ကောင်းကင်တုန်လှုပ်ဖွယ်ရာပင်။ ၎င်း ပေါ်လာသည်နှင့် ဒီဧရိယာတစ်ခုလုံးသည် လင်းထိန်သွားသည်။

“ထွက်သွားစမ်း…” ထိုရွှေရောင်အလင်း ပေါ်လာသည်နှင့် အလွန်အေးစက်သောအသံက ပြင်ပနယ်မြေမှ ကျင့်ကြံသူနှစ်ယောက်၏ စဉ်းစားဉာဏ်ကိုပါ လွတ်ထွက်သွားစေလေ၏။

သူတို့နှစ်ယောက်သည် ထိုအသံနှင့် အလွန်ရင်းနှီးပေသည်။ ထိုအသံသည် သူတို့၏မှတ်ဉာဏ်ထဲမှ အိပ်မက်ဆိုးပင်။ ထိုနှစ်ယောက်က ပထမဆုံးစစ်ပွဲတွင် ပြင်ပနယ်မြေ၏ တတိယအသုတ်စစ်တပ်တွင် ပါဝင်ခဲ့ကြသူများ ဖြစ်သည်။

သူတို့က ထိုပုံရိပ်ကို တွေ့မြင်သည့်အခါ သူတို့၏နောက်ဆုံး မျှော်လင့်ချက်အမျှင်တန်းမှာ ပျက်စီးသွားလေတော့၏။

“ချိပ်ပိတ်နယ်မြေအရှင်သခင်…”

“ချိပ်ပိတ်နယ်မြေအရှင်…” ထိုနှစ်ယောက်ထံမှ အနှိုင်းမဲ့ကြောက်ရွှံ့စွာ ထွက်ပေါ်လာသော အသံ ထွက်ပေါ်လာသည်။

“ချိပ်ပိတ်နယ်မြေအရှင် ဝမ်လင်း…” ထိုနောက်ဆုံးအသံတွင်တော့ ပျော်ရွှင်မှုတို့ ပြည့်နေ၏။ ထိုအသံသည် မယုံကြည်နိုင်အောင် တုန်လှုပ်နေသော အရှင်မီးတောက်ထံမှ ဖြစ်သည်။

“ငါ ပြန်လာပြီ…”

***

All Chapters