← Chapters

တောင်နှင့် မြစ်ပန်းချီကား…

Vol. 116 Ch. 1603

တောင်နှင့် မြစ်ပန်းချီကား…

Vol. 116 Ch. 1603

ဝမ်လင်းသည် သူ့ကို ကူညီပေးခဲ့သူများနှင့် ပတ်သတ်၍ အတော်လေး ဂရုစိုက်ပေသည်။

အချိန်တိုက်စားမှုအောက်တွင်ပင် သူ့အပေါ် ချင်းရွှေ၏ ကြင်နာမှုမှာ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ပေ။

ဝမ်လင်းသည် သူ့ကို ကူညီပေးခဲ့သူများကို အမြဲတမ်း ပြန်ပေးဆပ်တတ်၏။

ချင်းရွှေသည် မျိုးဆက်ခြား၍ သူ့ကို ဂျူနီယာညီလေးတစ်ယောက်အဖြစ် အသိအမှတ်ပြုကာ မန္တာန်တစ်ခုကိုလည်း သင်ပေးခဲ့သည်။ သူက ဝမ်လင်း၏ မန္တာန်များ ပြီးပြည့်စုံစေဖို့ကိုပါ သင်ကြားပေးခဲ့ဖူးသည်။ သူသည် ဝမ်လင်း အားနည်းခဲ့စဉ်က ဝမ်လင်းရှေ့တွင် တောင်ကြီးတစ်လုံးသဖွယ် မားမားရပ်ပေးခဲ့သည်။

“မင်းက ငါ့ဂျူနီယာညီပဲ။ ဘယ်သူမှ မင်းကို ထိခိုက်အောင်လုပ်မှာ ငါ ခွင့်မပြုနိုင်ဘူး…”

ထိုစကားတစ်ခွန်းသည် ဝမ်လင်းကို နှစ်ပေါင်းထောင်ချီ နွေးထွေးမှုကို ခံစားမိနေစေဖို့ လုံလောက်ခဲ့ပေသည်။

အတိတ်တုန်းက ဝမ်လင်းသည် ချင်းရွှေကို ကယ်တင်နိုင်သည့် စွမ်းရည် မရှိခဲ့သလို အလန့်တကြား ထွက်ပြေးခဲ့ရ၏။ သူသည် အခွင့်အရေးတစ်ခုသာ ရလာပါက ကျင့်ကြံခြင်းမဟာမိတ်သို့ သွားကာ သူ၏စီနီယာအစ်ကိုကို ကယ်တင်မည်ဟု ဆုံးဖြတ်ထားခဲ့သည်။

ပေဖန်က ဝမ်လင်းအတွက် သူစိမ်းတစ်ယောက်သာ။ သူသည် ပေဖန်ကို သူ့ဆရာအဖြစ် အသိအမှတ် မပြုပေ။ သို့ပေမည့် ဝမ်လင်းက ချင်းရွှေကိုတော့ သူ့စိတ်နှလုံးထဲကနေကို စီနီယာအစ်ကိုအဖြစ် အသိအမှတ် ပြုထားသည်။

ချင်းရွှေ၏ဘဝသည် ဝမ်းနည်းဖို့ ကောင်းပေ၏။ သူ့ဇနီးမှာ သူ့လက်ချက်ကြောင့် သေခဲ့ရသည်။ သူ ရူးနေစဉ်အတွင်း သူ၏ဆွေမျိုးအပေါင်းအပါ မိတ်ဆွေများမှာလည်း သူ့လက်ချက်ကြောင့် သေဆုံးခဲ့ရသည်။ ပေဖန်က သူ့ကို ဖြည်းဖြည်းချင်း ချိပ်ပိတ်ခဲ့ရ၏။ သူ လေးစားရသော သူ့ဆရာပေဖန်က သေဆုံးခဲ့သော်လည်း သူကတော့ ထိုချိပ်ပိတ်မှုကြောင့် အသက်ရှင်ခဲ့ရသည်။

သို့ပေမည့် ထိုအဖြစ်က ချင်းရွှေကို ပိုနာကျင်စေခဲ့သည်။ သူ့မှတ်ဉာဏ်များ တဖြည်းဖြည်း ပြန်နိုးထလာရင်း သူသည် လုံးဝရူးသွပ်နိုင်သည်။

ဝမ်းနည်းလွန်းသဖြင့် ရူးသွပ်ရခြင်း။ သူက သူ့အစောပိုင်းနှစ်များမှာလည်း ဖွတ်ဖွတ်ညက်ညက်ကြေသည့်အဖြစ်သနစ်ကို ရင်ဆိုင်ခဲ့ရသည်။ သူသည် ကြယ်လင်သောရေနိုင်ငံ၏ မင်းသားတစ်ပါး ဖြစ်ခဲ့၏။ လူသတ်သမားများက သူ့နောက်သို့ လိုက်လံခဲ့ကာ ဝမ်းနည်းမှုနှင့်မျှော်လင့်ချက်မဲ့မှုကို ခံစားခဲ့ရရင်း သူ၏ဂျီနယ်ပယ် နိုးထလာခဲ့သည်။ ထို့နောက်တွင် သူသည် ကြောက်မက်ဖွယ် အမုန်းတရား၊ သတ်ဖြတ်လိုစိတ်တို့ဖြင့် ကြည်လင်သောရေနိုင်ငံသို့ ပြန်လာခဲ့သည်။

ကြည်လင်သောရေနိုင်ငံတွင် ထိုညက သွေးများ နိုင်ငံအနှံ့ မြစ်ချောင်းသဖွယ် စီးဆင်းခဲ့ကာ ကျင့်ကြံသူများစွာ သေဆုံးခဲ့သည်။

သူက လက်စားပြန်ချေခဲ့၏။ သို့သော သူ့ဘဝ၏ ပျော်ရွှင်မှုကတော့ ကွယ်ပျောက်သွားခဲ့ရသည်။ သူ့ဘဝတွင် သူသည် အမြဲတမ်း သတ်၊သတ်၊သတ် ခဲ့ရပေသည်။ သူ၏သတ်ဖြတ်လိုစိတ်သည် ချောက်ချားဖွယ်ပင်။ သူသည် သတ်ဖြတ်နေရင်း မိုးကြိုးကောင်းကင်ဘုံနယ်မြေတွင်းသို့ ဝင်ရောက်လာခဲ့သည်။

မိုးကြိုးကောင်းကင်ဘုံနယ်မြေတွင် ပူဆွေးမှု၊သတ်ဖြတ်မှုများသာ ပြည့်နေသော ဘဝကို ကုန်ဆုံးပြီးနောက် သူသည် သူ၏ဆရာပေဖန်နှင့် တွေ့ဆုံခဲ့သည်။ သူသည် သူ၏အေးစက်စက်နှလုံးသားကို နွေးထွေးမှု ပေးနိုင်သော အမျိုးသမီးတစ်ယောက်နှင့်လည်း တွေ့ဆုံခဲ့ရသည်။

ထိုအမျိုးသမီးအတွက် သူသည် သတ်ဖြတ်ခြင်းနှင့် အရာအားလုံးကို လက်လွှတ်ခဲ့၏။ တဖြည်းဖြည်းဖြင့် သူသည် မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ ကောင်းကင်ဘုံအရှင်ချင်းရွှေ ဖြစ်လာခဲ့သည်။

နှစ်ပေါင်းများစွာ သူ့ဘဝထဲမှ ထွက်ခွာသွားသော ပျော်ရွှင်မှုကို ပြန်ရှာတွေ့ပြီဟု သူ ထင်ခဲ့သည်။ ထိုနှစ်များအတွင်း သူ အမှန်တကယ် ပျော်ခဲ့ရ၏။ သို့ပေမည့် ထိုအရာများအားလုံးသည် သူ ရူးသွပ်သွားစဉ်အတွင်း အငွေ့ပျံသွားခဲ့လေသည်။

သူကိုယ်တိုင် သူ့ဇနီးကို သတ်ခဲ့မိ၏။ သူမ၏သွေးများက သူ့စိတ်ဝိညာဉ်ကို တုန်ယင်စေခဲ့ကာ ရူးသွပ်မှုကနေ သတိပြန်စေခဲ့သည်။ သူ သတိပြန်ဝင်လာသည့်အခါတွင် သူက သူ့မျက်နှာကို လက်ဖြင့် ထိကိုင်ထားသော သူ၏ဇနီးကို တွေ့မြင်ခဲ့သည်။ ထိုအခါ ချင်းရွှေသည် သူ့ဘဝတွင် မျှော်လင့်ချက်အားလုံး ပျက်သုဉ်းကာ အော်ဟစ်ငိုကြွေးခဲ့ရသည်။

ထိုစဉ်မှစ၍ သူ့ဘဝတွင် ပျော်ရွှင်မှုဟူသည် စိုးစဉ်းမျှ မရှိတော့ပေ။

ဧရာမကျင့်ကြံခြင်းဂြိုဟ်မှ ဟိန်းအော်သံသည် ဝမ်လင်းကိုပါ တုန်ယင်သွားစေ၏။ သူသည် ဆက်လက်၍ မတည်ငြိမ်နိုင်တော့ပေ။ သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုတို့ ပေါ်လာသည်။ ချင်းရွှေ မသေသေးပေ။

ချင်းရွှေ၏ အော်သံသည် ရူးသွပ်မှု၊ သတ်ဖြတ်လိုမှုတို့ဖြင့် ပြည့်နှက်နေသော်လည်း ဝမ်လင်းသည် စတင် ရယ်မောလေ၏။ သူက ချင်းရွှေ မသေသေးသည်ကို သိသည့်အခါ ပျော်ရွှင်သွားမိခြင်းပင်။

ချင်းရွှေ မသေသေးသရွှေ့ ဝမ်လင်းသည် သူက သူ၏စီနီယာအစ်ကို၏ အသိမူမှန်အောင် ပြန်လုပ်ပေးနိုင်မည်ဟု ယုံကြည်မှု ရှိသည်။

အပူဇော်ခံမီးနဂါးသည် ချင်းရွှေဟိန်းအော်သံ၏ ရိုက်ခတ်ခြင်း ခံလိုက်ရသည်။ ၎င်း၏ခန္ဓာကိုယ်မှာ တုန်ယင်သွား၏။ ၎င်းနဂါးသည် ထိုဟိန်းအော်သံထဲ၌ သတ်ဖြတ်လိုစိတ်ပြည့်နေကာ သတ်ဖြတ်ခြင်းအနှစ်သာရကို ခံစားမိလိုက်၏။

ဝမ်လင်းသည် ရှေ့သို့ လှမ်းလာရင်း ရယ်မောလိုက်၏။ သူက နဂါးနက်ကို ဖမ်းဆုပ်ကာ သူ့နောက်သို့ ပစ်လိုက်၏။

“ငါ မင်းကို သွားခွင့်ပေးလိုက်မယ်။ ဒါပေမဲ့ အတွင်းနယ်မြေက တစ်ယောက်ယောက်ကို သတ်ခဲ့ရင်တောင် ငါ မင်းကို ဖျက်စီးပစ်မယ်…”

နဂါးနက်၏ခန္ဓာကိုယ်သည် တုန်ယင်သွားကာ ထို့နောက် သူက အလွန်ပျော်ရွှင်သွားဟန် လှစ်ဟပေါ်၏။ ၎င်းက ဝမ်လင်းကို ခေါင်းညိတ်ပြလိုက်ပြီးနောက် သဲလွန်စမရှိ ပျောက်ကွယ်သွားလေသည်။

ဝမ်လင်း၏ပုံရိပ်က ကြောက်မက်ဖွယ်ရွှေရောင်အလင်းကို ပေးစွမ်းနေ၏။ ခြေတစ်လှမ်းဖြင့်ပင် သူသည် ဂြိုဟ်နားသို့ နီးကပ်လာသည်။ ထိုစဉ်တွင် ဂြိုဟ်ငယ်များစွာဖြင့် ဖြစ်ပေါ်ထားသော ဂြိုဟ်၏ညာလက်က ဝမ်လင်းထံ ရိုက်ချလာသည်။

ချင်းရွှေ အသက်ရှင်နေသေးသည်ကို သိလိုက်ရသည့်နောက် ဝမ်လင်းက စိတ်မရှည်နိုင်တော့ပေ။ သူက သူ၏ခန္ဓာကိုယ်ထဲရှိ တွန်းကန်အားကို ဆက်လက် မဖိနှိပ်ထားတော့ချေ။ လက်တစ်ဖက် ရောက်လာသည့်အခါ သူ၏ခန္ဓာကိုယ်တွင်းမှ ရွှေရောင်အလင်း ပျောက်ကွယ်ကာ ရွှေရောင်ကြယ်ခုနစ်လုံးက သူ၏မျက်ခုံးနှစ်ခုကြားတွင် ပေါ်လာ၏။ ဝမ်လင်းက သူ့ညာလက်ဖြင့် လက်သီးဆုပ်ကာ တိုးဝင်လာသော ညာလက်ထံသို့ ပစ်သွင်းလိုက်၏။

ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်သွားပြီးနောက် ဂြိုဟ်၏ ညာလက်ကြီးမှာ ပျက်စီးကာ မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ် အဘက်ဘက်သို့ လွင့်စင်ထွက်သွားလေ၏။

ဝမ်လင်းက ခဏတာ ရပ်တန့်သွားရသည်။ ထိုအခိုက်တွင် ကျင့်ကြံခြင်းဂြိုဟ်ကြီး၏ ဘယ်လက်က သူ့ထံ ရိုက်ချလာပြန်သည်။

“ထွက်သွားစမ်း…” ဝမ်လင်း၏မျက်လုံးမှ ရွှေရောင်အလင်းဖြာထွက်ကာ သူက လှမ်းကြည့်၏။ ရွှေရောင်မိုးကြိုးတန်း ထိုးထွက်ကာ ၎င်းက ရွှေရောင်မီးကို ဖုံးလွှမ်း၏။ ၎င်းသည် ကျင့်ကြံခြင်းဂြိုဟ်၏ ဘယ်လက်ဖြင့် ထိပ်တိုက်တွေ့သည်။

ကျယ်လောင်စွာ မြည်ဟည်းသံများ ပဲ့တင်ထပ်ကာ ထိုဂြိုဟ်၏ဘယ်လက်ပေါ်တွင် အက်ကြောင်းများစွာ ပေါ်လာသည်။ ရွှေရောင်မီးက ထိုအက်ကြောင်းများအတွင်းသို့ တရကြမ်း ဝင်ရောက်က အပူရှိန် ပျံ့လွင့်လာပြီး ထိုလက်သည် ပျက်စီးသည်။

ချင်းရွှေကို ကယ်တင်မည့် ဝမ်လင်း၏ ဆုံးဖြတ်ချက်ကို မည်သည့်အင်အားကမျှ မရပ်တန့်နိုင်သည့်အလား။ တတိယခြေလှမ်းဖြင့်ပင် ဝမ်လင်းသည် ထိုဧရာမဂြိုဟ်ကြီးပေါ်သို့ ရောက်လာခဲ့လေပြီ။

ထိုအခိုက်တွင် ဆံဖြူအဘိုးအို၏မျက်လုံးသည် တောက်ပသွားကာ သူက သူ့လက်နှစ်ဖက်ကို ပင့်မြှောက်ပြီး ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။

ထိုချိပ်ဟန် ပေါ်လာသည်နှင့် ဂြိုဟ်တစ်ခုလုံး တုန်ယင်ကာ မြေပြင်ထု လှုပ်ရှားသည်။ မရေမတွက်နိုင်သော တောင်များ ပြိုလဲကုန်သည်။ ကြီးမားလှသော တောင်တန်းကြီးနှစ်ခု ဖြည်းဖြည်းချင်း မြင့်တက်လာသည်။ အဝေးမှ ကြည့်ပါက ထိုတောင်တန်းနှစ်ခုသည် ဖြောင့်ဖြောင့်တန်းတန်း ဖြစ်ဟန် ပေါ်ကာ ကီလိုမီတာသောင်းချီ ရှည်လျားပြီး တစ်ခုနှင့်တစ်ခု အပြိုင်တည်ရှိသည်။

ယင်းတို့သည် အကိုင်းအခတ်နှစ်ခုနှင့် ဆင်တူ၏။ စာလိပ်တစ်ခုကို ယင်းအပြိုင်တည်ရှိသော တောင်တန်းနှစ်ခုကြား ထည့်လိုက်ပါက ၎င်းသည် ပန်းချီကားတစ်ချပ်နှင့် တူပေလိမ့်မည်။

“တောင်နဲ့မြစ်ပန်းချီကား…မဟာမိတ်ကို ကာကွယ်စေ…” ရှေးဟောင်းအသံတစ်သံ အဘိုးအို၏ပါးစပ်အတွင်းမှ ထွက်လာ၏။ ထိုအခိုက်တွင် ထိုတောင်တန်းနှစ်ခုကြား ဧရိယာ၌ လှိုင်းဂယက်များ ပေါ်လာသည်။

အဝေးမှကြည့်ပါက ဤအရာမှာ ပန်းချီကားတစ်ချပ်နှယ်။

ထိုပန်းချီကား ပေါ်လာသည့်အခါ ဂြိုဟ်တစ်ခုလုံး တုန်ယင်၏။ ထို့နောက် လှိုင်းများ ပဲ့တင်ထပ်ကာ ဆေးမင်သည် စိတ်ဝိညာဉ် ရှိသွားသည့်အလား စတင် ပျံတက်သည်။ ၎င်းက အဘိုးအိုရှေ့တွင် စုဝေးလာကာ ပေတစ်သိန်းထက်မက ပန်းချီကားအရိပ်ကြီးတစ်ခုအသွင် ဖြစ်တည်သည်။

ထိုပန်းချီကားက ပျံ့နှံ့ကာ ပို၍ပင် ထင်ရှားလာသည်။ ယင်းပန်းချီကားအတွင်း၌ အံ့မခန်းကြီးမားသော တောင်များနှင့် မြစ်များ ရှိသည်။

ဝမ်လင်းသည် အရင်က တောင်နှင့်မြစ်ပန်းချီကားကို မြင်ခဲ့ဖူး၏။ လောဘကြီးထံ၌ တောင်နှင့်မြစ်ပန်းချီကားကို ပုံတူကူးထားသော ပန်းချီတစ်ချပ် ရှိခဲ့ဖူးသည်။ ယနေ့တွင်မူ ဝမ်လင်းသည် မိုးကောင်းကင်ဘုံနယ်မြေမှ ရတနာတစ်ခုဖြစ်သော အစစ်အမှန်တောင်နှင့်မြစ် ပန်းချီကားကို ကြည့်မြင်နေရလေပြီ။

“အတိတ်တုန်းက ကျင့်ကြံခြင်းမဟာမိတ်က မိုးကောင်းကင်ဘုံနယ်မြေ ပျက်စီးခဲ့တဲ့အချိန်မှာ အဲ့နယ်မြေထဲ အရင်ဆုံး ဝင်ရောက်ခဲ့ကြပြီး ရတနာတွေ အများအပြား ရခဲ့ကြတယ်။ ကြည့်ရတာ ဒီသတင်းစကားက မှန်တဲ့ပုံပဲ…” ဝမ်လင်းသည် တောင်နှင့်မြစ်ပန်းချီကားကို ကြည့်နေရင်း ပြင်းထန်သောဖိအားတစ်ခုကို ခံစားမိသည်။

ဝမ်လင်းသည် ထိုအတွင်းမှ အပူဇော်ခံမီးတောက်များကိုပါ ခံစားမိရသည်။ ကြည့်ရသည်မှာ ဒီပန်းချီကားအတွင်း၌ အပူဇော်ခံမီးတောက်တပည့်များ ရှိနေသည့်ပုံရသည်။ တောင်နှင့်မြစ်ပန်းချီကားသည် ၎င်း၏ကိုယ်ပိုင်လောက ပိုင်ဆိုင်ကာ ၎င်း၏ဇစ်မြစ်ကိုမူ မသိရပေ။

ဤအခိုက်အတန့်၌ တောင်နှင့်မြစ်ပန်းချီကား ပွင့်ဟလာကာ မြန်ဆန်စွာ ပျံ့လွင့်၏။ စုပ်အားတစ်ခု ပေါ်လာပြီး ဝမ်လင်းကို ဆွဲငင်ရန် တာဆူသည်။ ထိုစဉ် ဝမ်လင်းသည် သူက မြေနိမ့်သားရဲအတွင်းသို့ စုပ်ယူခြင်း ခံရသလိုမျိုး ခံစားမိရ၏။ ဟင်းလင်းပြင်ကိုယ်တိုင်သည်ပင် တောင်နှင့်မြစ်ပန်းချီကား၏ စုပ်ယူခြင်းကို ခံရသည့်ပုံ ပေါ်သည်။

အချိန်အငွေ့အသက် ပေါ်လာဟန် တူ၏။

ဝမ်လင်း၏ ဝတ်ရုံမှာ တဖျပ်ဖျပ် လွင့်နေ၏။ သူက ညာလက်ကို ပင့်မြှောက်သည်။ သူ၏ညာမျက်လုံးက ရွှေရောင်တောက်လာ၏။ တောင်နှင့်မြစ်ပန်းချီကားက စုပ်ယူနေရင်း အကွာအဝေးတစ်ခုမှ ကျယ်လောင်သောမြည်သံနှင့်အတူ မရေမတွက်နိုင်သော လှိုင်းဂယက်များ ထွက်ပေါ်လာ၏။ ရုတ်တရက် ဧရာမလက်ဝါးချက်တစ်ခုသည် ဝမ်လင်းနှင့် ပန်းချီကားတို့၏ အထက်တွင် ပေါ်လာသည်။

ထိုလက်ဝါးပေါ်ရှိ အရေးအကြောင်းများက အလွန်အမင်း ရှင်းလင်း၏။ ပို၍ တုန်လှုပ်ဖွယ်ကောင်းသည်မှာ ထိုလက်ဝါးမှ ထုတ်လွှတ်သော ရွှေရောင်အလင်းနှင့် ချောက်ချားဖွယ် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်က တောက်ပသောလေဟာနယ်အနှံ့သို့ ပျံ့လွင့်ခြင်းပင်။

ထိုကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် အလွန်တရာ သန့်စင်၏။ အစောပိုင်းက ဝမ်လင်း အသုံးပြုခဲ့သော ကောင်းကင်ဘုံမိုးကြိုးနှင့်မီးတို့ထက် အဆများစွာ ပိုအားကောင်းသည်။ ၎င်းက ကြောက်မက်ဖွယ်အဆင့်တစ်ခုသို့ ရောက်လို့နေသည်။ စစ်စိတ်ဝိညာဉ်လက်ဝါး။

အစစ်မှန်ဆုံး စစ်စိတ်ဝိညာဉ်လက်ဝါးကို ဝမ်လင်းက သူ၏ ကောင်းကင်ဘုံသွေးမျိုးဆက်ဖြင့် အသုံးပြုလိုက်ခြင်းပင်။

ဝမ်လင်း၏ခန္ဓာကိုယ်တွင်း၌ မူလစိတ်ဝိညာဉ်ကဲ့သို့ တည်ရှိနေသေ ကောင်းကင်ဘုံခန္ဓာကိုယ်က ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် မြောက်များစွာကို သူ့ညာလက်အတွင်းသို့ ပို့လွှတ်ပေ၏။ ထိုအဖြစ်က စစ်စိတ်ဝိညာဉ်လက်ဝါးကို ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များဖြင့် ပိုပြည့်နှက်လာစေ၏။

ထိုကဲ့သို့ သန့်စင်လှသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်သည် တောက်ပသောလေဟာနယ်ကြယ်အဖွဲ့အစည်းတွင် ပေါ်လာခြင်းမှာ ပွက်ပွက်ဆူနေသောဆီထဲသို့ ရေတစ်စက်ချလိုက်သည့်အလား ဆင်တူ၏။ ထိုရေသည် ဆီပူထဲ ကျရောက်သွားသည်နှင့် ပေါက်ကွဲသွားပေလိမ့်မည်။

တောက်ပသောလေဟာနယ် ကြယ်အဖွဲ့အစည်း စတင် ဖြစ်ပေါ်လာခဲ့ချိန်မှစ၍ အခုလောက် သန့်စင်သောကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်မျိုး အရင်က လုံးဝ မပေါ်ထွက်လာခဲ့ဖူးပေ။

စစ်စိတ်ဝိညာဉ်လက်ဝါး ပေါ်လာသည့်အခိုက်၊ ထိုသန့်စင်သော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် ပေါ်လာသည့်အခါတွင် ကြောက်မက်ဖွယ်လှိုင်းတစ်ခု အထိုင်ကျလေပြီ။ ၎င်းက လူတချို့ကို တုန်လှုပ်စေကာ သူတို့ကို မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်သွားစေ၏။

ဆင့်ခေါ်ခြင်းမြစ်ကြယ်အဖွဲ့အစည်း။ ထိုကြယ်အဖွဲ့အစည်းမှာ ပြင်ပနယ်မြေ လက်ထဲ ကျရောက်သွားခဲ့သော်လည်း သူ၏မျက်ခုံးကြားတွင် မည်သည့်အမှတ်အသားမှ ရှိမနေသော လူငယ်တစ်ယောက်က ပျင်းရိပျင်းတွဲ ဟန်ပန်နှင့် ရှိနေသည်။

“အား…ဆရာဦးလေးမာ ပြောခဲ့တဲ့နေရာက ဘယ်မှာလဲ။ ရှာဖို့ ဘာကြောင့် ခက်ခဲလွန်းနေတာလဲကွာ။ ဒါက ဒီနေရာမှာ ရှိနေသင့်တယ်။ ဒါပေမဲ့ ငါ ဝင်ပေါက်ကို ခုထိ ရှာမတွေ့သေးဘူး…” ထိုလူငယ်သည် ခပ်တိုးတိုး ရေရွတ်နေရင်း သူ့အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ ထိုကဲ့သို့ ပြောင်းလဲမှုသည် သူ ဒီအတွင်းနယ်မြေသို့ စရောက်လာခဲ့စဉ်တည်းက သူ့မျက်နှာပေါ်တွင် လုံးဝ မဖြစ်ပေါ်ခဲ့ဖူးပေ။

“ဒါ…ဒါက…ဒါက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ပဲ။ ဒီကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်က သန့်စင်လွန်းတယ်။ ဆရာဦးလေးမာတောင် ယှဉ်နိုင်မှာ မဟုတ်ဘူး။ ဒါက မြင့်မြတ်သောကောင်ကင်းဘုံသားပဲ။ သူ ဘယ်သူလဲ။ ဘယ်သူများ ဆင်းသက်လာတာလဲ။ သေစမ်းကွာ။ ‌ မြင့်မြတ်သောကောင်းကင်ဘုံသားတစ်ယောက်က ဒီနေရာကို ဘာကြောင့် လာခဲ့တာလဲ။ သူတို့က အဲ့ဒါကို ရှာဖို့များလား…”

ဆန်းကြယ်သော တစ္ဆေအိုကြီးကျန့်နှင့် မြင့်မြတ်သော ရှေးဟောင်းကောင်းကင်ဘုံနယ်မြေသည်လည်း ထိုကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကြောင့် တုန်လှုပ်မိကုန်ပေသည်။

***

All Chapters