← Chapters

အရှင်ကျုံးရွှမ်

Vol. 117 Ch. 1605

အရှင်ကျုံးရွှမ်

Vol. 117 Ch. 1605

ဝမ်လင်း၏ လှမ်းအော်သံကို ကြားလိုက်ရသည့်နောက် အဖြူရောင်အလင်းတန်းအတွင်းရှိ ဆံဖြူအဘိုးအို၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူက ခေါင်းမော့ကာ ဝမ်လင်းထံ ကြည့်လိုက်၏။

“မင်းက ချိပ်ပိတ်နယ်မြေအရှင်သခင်လား…”

ဝမ်လင်းက ဘယ်လက်ဖြင့် လေးကို ကိုင်ထား၏။ လေးကြိုးမှာ မူလတုန်းက ကျိုးပြတ်သွားခဲ့ပြီး ဖြစ်သော်လည်း ဝမ်လင်းနှင့် ပေါင်းစပ်ပြီးနောက် လေးကြိုးသည် ပြန်ကောင်းမွန်နေခဲ့ပြီပင်။ သို့ပေမည့် ထိုလေးကြိုးကို ဆွဲတင်ခြင်းက ဝမ်လင်း၏ အရွတ်ကို ဆွဲတင်ခြင်းနှင့် တူနေပေသည်။

သို့သော် ဝမ်လင်းသည် ခုချိန်၌ အကျိုးဆက်ကို ဂရုစိုက်မနေတော့ပေ။ သူက မိစ္ဆာတစ်ပါးအလား လှည့်ဖြားတတ်သော်လည်း သူ၏စိတ်နေစိတ်ထားကမူ ပြောင်းလဲမသွားပေ။ သူ တစ်ခုခုကို ဆုံးဖြတ်ပြီးသည်နှင့် ပြန်လျှော့တော့မည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်ဖြစ် သူသည် ချင်းရွှေကို ကယ်တင်ရပေမည်။

ဝမ်လင်းက သူ့ညာလက်ဖြင့် လေးကြိုးကို ဆုပ်ကိုင်လိုက်၏။ ထိုအဖြစ်က သူ့မျက်နှာပေါ်ရှိ သွေးကြောများကို ဖောင်းကြွလာစေသည်။ သူသည် မာန်သွင်းလိုက်ရာ လေးကြိုးကို နောက်သို့ ဆွဲလိုက်၏။

လေးကြိုး ဆွဲခံလိုက်ရသည့်နောက် ဝမ်လင်းသည် သူ့ခန္ဓာကိုယ်တွင်းရှိ အရွတ်များအားလုံး ဆွဲထုတ်ခံရသည့်အလား ခံစားမိ၏။ သူ၏မျက်နှာသည် ဖြူရောနေသည်။ သို့သော် သူ့မျက်လုံးကမူ ချင်းချင်းနီရဲနေ၏။

ထိုအခိုက်အတန့်တွင် သူသည် တွန်းကန်အားနှင့်ပတ်သတ်၍၊ သို့မဟုတ် သူ၏အရွတ် ဆွဲဆောင့်ခံရခြင်းနှင့် ပတ်သတ်၍ ဂရုစိုက်မနေတော့ပေ။ သူ့စိတ်ထဲ၌ ချင်းရွှေကို ကယ်တင်မည့်လမ်းတွင် လာပိတ်ဆို့သူမှန်သမျှကို သတ်ပစ်ရန် အတွေးတစ်ခုသာ ရှိသည်။

“သင်…သင့်တပည့်ကို မေးကြည့်နိုင်တယ်။ ငါ ပြောတာ မှန်လား၊မှားလားဆိုတာကို…” ဝမ်လင်း၏စကားလုံးများက အေးစက်၏။ သူက လေးကြိုးကို နောက်ထပ်နည်းနည်း ထပ်ဆွဲတင်လိုက်သည်။ လေးအတွင်းရှိအားသည် လောကကို ပြိုလဲပျက်စီးစေနိုင်သည်။

အဖြူရောင်အလင်းတွင်းရှိ အဘိုးအိုသည် ဝမ်လင်းလက်ထဲရှိ လေးကို ကြည့်ကာ သူ့မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးဟန် ပေါ်လာသည်။ သူ အိပ်ပျော်သွားခဲ့သည့်အချိန်မှစ၍ အခုအခါမှာ သူ့အတွက် ပထမဆုံးအကြိမ် ပြန်နိုးထလာခြင်းပင်။ သူ့တပည့်ကြောင့် သူ နိုးထလာခြင်းပင်။ သူသည် အစောပိုင်းက မည်သို့ဖြစ်ပျက်ခဲ့သည်ကို မသိထားဘဲ နိုးထလာပြီးနောက် ဝမ်လင်းက ဒီဂြိုဟ်ကို ဖျက်စီးနေသည်ကိုသာ တွေ့မြင်လိုက်ရသည်။

ဝမ်လင်း၏စကားလုံးများက သူ့စိတ်ကို လှုပ်ခတ်စေသည်။ သူသည် အချိန်အကြာကြီး အိပ်ပျော်နေခဲ့သော်လည်း သူသည် အတွင်းနယ်မြေမှ ကျင့်ကြံသူတစ်ယောက် ဖြစ်သည်ကို မှတ်မိဆဲသာ။ ချိပ်ပိတ်နယ်မြေအရှင်သခင်ဟောင်းထံမှ အကူအညီကိုလည်း ရခဲ့ဖူးသည်ကိုပါ မှတ်မိနေသည်။

အနည်းငယ် စဉ်းစားပြီးနောက် ထိုအဘိုးအိုသည် သူ့အောက်ရှိ ဧရာမဂြိုဟ်ထံ ငုံ့ကြည့်လိုက်ပြီး သူ၏ညာလက်ကို ဝေ့ယမ်းလိုက်သည်။ အဖြူရောင်အလင်း ဝန်းရံထားသော ပုံရိပ်သုံးခုကို သူက ဒီဂြိုဟ်ကနေ ဆွဲထုတ်လိုက်၏။

ထိုပုံရိပ်သုံးခုသည် ဒီအဘိုးအို၏ရှေ့တွင် ကြောက်ဒူးတုန်နေသည်။ သူတို့ထဲမှ တစ်ယောက်သည် အရှင်ကျုံးရွှမ် ဖြစ်၏။ သို့သော် သူ၏ပုံပန်းသွင်ပြင်ကမူ သက်လတ်ပိုင်းအရွယ်ကနေ အဘိုးအိုတစ်ယောက်အသွင်သို့ ပြောင်းလဲသွားခဲ့လေပြီ။

သူ့ဘေးရှိ ကျန်သည့်နှစ်ယောက်မှာ မဟာမိတ်ဌာနချုပ်၏ အကြီးအကဲခေါင်းဆောင် နှစ်ယောက်ပင်။

ထိုအကြီးအကဲနှစ်ယောက်က ဆံဖြူအဘိုးအိုကို ကြောက်လန့်စွာ ကြည့်ကာ တုန်ယင်နေ၏။ သူတို့က ဒူးထောက်ချကာ ပြောလိုက်သည်။ “မဟာအကြီးအကဲကို နှုတ်ဆက်ပါတယ်…”

“ဆရာ့ကို နှုတ်ဆက်ပါတယ်…” အရှင်ကျုံးရွှမ်သည် အလွန်စိတ်ပူပန်နေ၏။ သူက ဝမ်လင်း၏စကားလုံးများကို ကြားလိုက်ရသည့်နောက် ထိတ်လန့်သွားမိ၏။ သူသည် မည်သို့ပြောရမည်ကို အလျင်အမြန် စဉ်းစားလိုက်သည်။

“ဆရာ…ဒီကိစ္စဟာ ဒီဂျူနီယာ ပြောသလိုမျိုး မဟုတ်ပါဘူး။ ဒါက…” သူက တုန်ယင်စွာ ခေါင်းမော့၍ ရှင်းပြရန် ကြိုးစားသည်။

သို့ပေမည့် အရှင်လုံဖန်က သူ့ကို အေးတိအေးစက် ကြည့်လိုက်သည်။ ထိုအခါ အရှင်ကျုံးရွှမ်သည် သူ့စကားလုံးများကို ပြန်မြိုချမိသည်။ သူ့ခန္ဓာကိုယ်မှာ တုန်ယင်နေပြီး သူသည် စကား မပြောဝံ့တော့ပေ။

“မင်းက ကျန်းရှီပဲ။ ငါ အိပ်ပျော်သွားခဲ့တဲ့ အချိန်တုန်းက မင်းက ငါ့လက်အောက်မှာ ကလေးတစ်ယောက်ပဲ ရှိသေးတယ်…” အရှင်လုံဖန်၏ အကြည့်က ဘယ်ဘက်ရှိ အဘိုးအိုတစ်ယောက်ပေါ်သို့ ကျရောက်လာသည်။

“မှန်ပါတယ်။ ဂျူနီယာက ကျန်းရှီပါ…” ထိုအဘိုးအို၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုတို့ ရှိနေသည်။ သူက အရှင်လုံဖန်သည် သူ့ကို မှတ်မိနေလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။

“ဒီလူ ပြောတာ အမှန်လား၊အမှားလား ငါ့ကို ပြောပါ…” အရှင်လုံဖန်၏ အသံသည် တည်ငြိမ်နေ၏။ သို့သော် ထည်ဝါမှုအပြည့်ပင်။

ကျန်းရှီ၏မျက်လုံးထဲတွင် တုံ့ဆိုင်တွေဝေမှုတို့ ပြည့်လာ၏။ သူက အရှင်ကျုံးရွှမ်ကို ကြောက်ကြောက်လန့်လန့်ဖြင့် အလိုလို ကြည့်မိလိုက်သည်။

“အသုံးမဝင်တဲ့အမှိုက်ပဲ…” အရှင်လုံဖန်က အေးစက်စက်နှာခေါင်းရှုံ့ကာ သူ့ညာလက်ကို ဝေ့ယမ်းလိုက်သည်။ အဖြူရောင်အလင်းတန်းတစ်ခု ထိုးထွက်ကာ ထိုအဘိုးအိုပေါ်သို့ ကျရောက်သွားသည်။ ထိုအဘိုးအိုသည် နာကျင်စွာ အော်ဟစ်လိုက်ရပြီး သူ၏ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်ကာ သူ့အသွေးအသားများသည် အရှင်ကျုံးရွှမ်နှင့် နောက်ထပ်အဘိုးအိုတို့ပေါ်သို့ လွင့်စင်ကျလာသည်။

ဝမ်လင်းက အေးစက်စက် စောင့်ကြည့်နေ၏။ သူ့ညာလက်ဖြင့်လည်း လေးကို နောက်သို့ အနည်းငယ် ထပ်ဆွဲတင်လိုက်သည်။

ကျန်းရှီကို သတ်ပစ်ပြီးနောက် အရှင်လုံဖန်က အရှင်ကျုံးရွှမ်ကို ကြည့်သည်။ သူ့ထံမှ နောင်တရဟန် အငွေ့အသက် လှစ်ဟ ပေါ်ထွက်လာ၏။ သူသည် သက်ပြင်းချကာ နောက်ထပ်အကြီးအကဲတစ်ယောက်ကို ဖမ်းဆုပ်ကိုင်လိုက်သည်။ ထိုအကြီးအကဲသည် ကြောက်လန့်တကြား ထအော်သည်။ အရှင်လုံဖန်က ထိုအကြီးအကဲ၏ခေါင်းပေါ်သို့ လက်တင်လိုက်သည်။ သူ၏အစွမ်းထက် နတ်ဘုရားအာရုံက အနှီအကြီးအကဲ၏ စိတ်အတွင်းသို့ ဝင်ရောက် ဖြတ်သန်းသွားစဉ် အရှင်လုံဖန်၏ အမူအရာသည် ပိုပို၍ ရုပ်စိုးလာတော့သည်။

“သစ္စာဖောက်…မင်းက သတ္တိသိပ်ရှိနေတယ်ပေါ့…” အရှင်လုံဖန်က သူ့ညာလက်ကို ညှစ်ခြေလိုက်၏။ ထိုအကြီးအကဲသည် အော်ဟစ်ကာ ခြေမွခံလိုက်ရသည်။

အရှင်ကျုံးရွှမ်၏ မျက်နှာသည် ဖြူရောလာ၏။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလို ဆုတ်မိသည်။ သူက မြေပြင်ထက်တွင် ကြောက်လန့်တကြား ဒူးထောက်ချကာ ကတုန်ကယင် ပြောလိုက်၏။

“ဆရာ…သနားညှာတာပါ။ ဆရာ…သနားပါအုံး။ ဒီအတွက် အကြောင်းရင်းတစ်ခု ရှိပါတယ်။ ပြင်ပနယ်မြေကျင့်ကြံသူတွေ ကျူးကျော်လာတော့ အတွင်းနယ်မြေက တစ်စက်လေးမှ မယှဉ်နိုင်ခဲ့ဘူး။ တပည့်က ခုခံရင်လည်း ဘာအဓိပ္ပာယ်မှ မရှိပါဘူး။ အချည်းနှီးသာ ဖြစ်ပါလိမ့်မယ်…”

“တပည့်က မဟာမိတ်ကို စောင့်ရှောက်တာပါ။ မဟာမိတ် ဆက်လက် တည်မြဲဖို့ တပည့်က ပြင်ပနယ်မြေနဲ့ သဘောတူညီမှုတစ်ခု လုပ်ခဲ့ရတာပါ။ ဒါဆိုရင် အုပ်စိုးသူက မဟာမိတ်ကို ကာကွယ်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်…”

“ဆရာ…သင်က အိပ်ပျော်နေခဲ့တာ။ ဒါ့ကြောင့် သင်ဟာ လွန်ခဲ့တဲ့နှစ်တစ်ထောင်နီးပါးက အလုံးစုံကောင်းကင်က မဟာမိတ်ကို တိုက်ခိုက်ခဲ့တာကို သင် သိထားမှာ မဟုတ်ပါဘူး။ မဟာမိတ်က ထိခိုက်ခဲ့၊ အစိတ်စိတ် ကွဲပြဲခဲ့ရပြီး မဟာမိတ်ဌာနချုပ်တစ်ခုသာ မထိမခိုက် ကျန်ခဲ့တာပါ။ အတိတ်တုန်းက တပည့်ဟာ ဆရာ့ကို ခေါ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ ဆရာက ဘာမှ မတုန့်ပြန်ခဲ့ပါဘူး…”

“တပည့်မှာ အတွင်းနယ်မြေနဲ့ ပတ်သတ်လို့ ဘာခံစားချက်မှ ရှိမနေပါဘူး။ သူတို့ ရောက်လာပြီး ငါ့မဟာမိတ်ကို တိုက်ခိုက်ခဲ့ရင် တပည့်က ပြင်ပနယ်မြေရဲ့ ကျင့်ကြံသူတွေဆီက အကူအညီကို ဘာကြောင့် မယူရမှာလဲ…”

“ဒါ့အပြင် ဒီခုနစ်ရောင်စုံနယ်မြေကို သင် တွေ့ခဲ့တာပါ ဆရာ။ ပေါ်ထွက်လာတဲ့ ပြင်ပနယ်မြေ ကျင့်ကြံသူတွေကိုလည်း သင် သတ်ခဲ့ပြီး ဒီခုနစ်ရောင်စုံနယ်မြေကို ချိပ်ပိတ်ထားခဲ့တယ်။ သင်က မဟာမိတ်ဌာနချုပ်က ဒီနယ်မြေကို စောင့်ကြပ်မယ်လို့လည်း ကြေငြာခဲ့တယ်။ သူ အိပ်ပျော်နေတဲ့အတွက်ကြောင့် ဒီပြီးခဲ့တဲ့နှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ပြောင်းလဲမှုတွေကို သင် မသိထားပါဘူး…”

“အတွင်းနယ်မြေအတွက် သေပေးတာဟာ ဘာများ အသုံးတည့်လို့လဲ။ ပြင်ပနယ်မြေရဲ့ အုပ်စိုးသူဟာ အလွန်တရာ အစွမ်းထက်တယ်။ ဆရာတောင် သူ့ ပြိုင်ဘက် မဟုတ်မှာကို ငါ စိုးရွှံ့မိတယ်။ ငါတို့က ဘာအတွက် ခုခံရမှာလဲ…”

“အတွင်းနယ်မြေ ရှုံးဖို့က ကြိုတင်ချမှတ်ပြီးသွားပြီး။ သင် ဒါကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ ဆရာ။ သင့်စွမ်းအားနဲ့ဆိုရင် ငါတို့ ပြင်ပနယ်မြေကို အညံ့ခံတာနဲ့ ကံကောင်းမှုအများကြီး ရနိုင်မှာပါ။ အတွင်းနယ်မြေအတွက် ဘာကြောင့်များ အားသွန်ခွန်စိုက် လုပ်ပေးရမှာလဲ…”

“မင်း…” အရှင်လုံဖန်သည် အရှင်ကျုံးရွှမ်ကို ကြည့်နေ၏။ သူ့မျက်လုံးထဲရှိ နောင်တတရားသည် ပိုအားကောင်းလာသည်။ သူက ထိုအကြီးအကဲ၏မှတ်ဉာဏ်ကို တကယ်တမ်း မရှာဖွေခဲ့ပေ။ သူ လုပ်ခဲ့သည့်အရာအားလုံးက အရှင်ကျုံးရွှမ်ကို ခြောက်လှန့်ဖို့သာ ဖြစ်၏။ အရှင်ကျုံးရွှမ်သည် ထိုအချက်ကို မသိဘဲ အရာအားလုံးကို ကြောက်လန့်ကာ ထုတ်ပြောလာသည်။

“ပြင်ပနယ်မြေကလူတွေ မဝင်လာသရွှေ့ ဒီအဘိုးအိုက နိုးထလာမှာ မဟုတ်ဘူး။ မဟာမိတ်ရဲ့ မြင့်တက်မှုနဲ့ ကျရှုံးမှုဟာ ကံတရားပဲ။ ဒီအဘိုးအိုက တောက်ပသောလေဟာနယ်ကြယ်အဖွဲ့အစည်းကို ထိန်းချုပ်ဖို့အတွက် မဟာမိတ်ကို အထိုင်ချခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီရက်စက်လှတဲ့ ပတ်ဝန်းကျင်မှာ ငါတို့ရဲ့ ကျင့်ကြံသူတွေကို သန်မာလာအောင် လုပ်စေနိုင်ဖို့အတွက် ဖြစ်တယ်။ ဒါတွေအားလုံးဟာ ပြင်ပနယ်မြေနဲ့ စစ်ပွဲအတွက် လုပ်ဆောင်ခဲ့တာ ဖြစ်တယ်…”

အရှင်လုံဖန်သည် သက်ပြင်းချလိုက်၏။

“ကျင့်ကြံခြင်းမဟာမိတ်၊ ကျင့်ကြံခြင်းမဟာမိတ်…။ ပြင်ပနယ်မြေက မင်းနဲ့ သဘောတူညီမှု လုပ်ခဲ့တဲ့အကြောင်းရင်းဟာ သူတို့က ဒီဂြိုဟ်ထဲမှာ ငါ့ကို တွေ့မြင်ခဲ့ကြလို့ပဲ။ မင်းက အကျိုးအမြတ်ကံကောင်းမှုအတွက် ငါ့တည်ရှိမှုကို ပြောပြပြီး လဲလှယ်ခဲ့တာ…”

အရှင်လုံဖန်သည် သူ့တပည့်ကို ကောင်းကောင်း နားလည်ထားပေသည်။ သူသည် ဖြူရောနေသော အရှင်လုံဖန်ကို ကြည့်နေရင်း ကျင့်ကြံခြင်းမဟာမိတ် မဖြစ်ပေါ်လာခင်က အတိတ်ကို ခပ်ရေးရေး ပြန်မြင်မိသည်။ သူတောင်းစားကောင်လေးတစ်ယောက်က ပြတ်သားစွာဖြင့် တောင်တက်နေခဲ့၏။ ထိုကောင်လေး သူ့ရှေ့တွင် သွေးအလိမ်းလိမ်းနှင့် ပေါ်လာရန် ဆယ့်ခုနစ်ရက်တိုင် ကြာမြင့်ခဲ့သည်။

ထိုသို့ ဇွဲနပဲ ကြီးခဲ့ရခြင်းမှာ ထိုကောင်လေးသည် ကျင့်ကြံချင်သောကြောင့်ပင်။ သူ၏မွေးရပ်မြေ၌ ကောလေဟာလ စကားတစ်ခွန်းပင် ပျံ့ပွားခဲ့လေ၏။ ထိုကောလဟာလမှာ လူတစ်ယောက်သည် တောင်တက်သည့်အခါ ကံစပ်ပါက အင်မောတယ်တစ်ယောက်နှင့် တွေ့ဆုံနိုင်သည် ဟူ၏။

“စုန့်အာ…မင်းက အစောပိုင်းနှစ်တွေတုန်းက မင်းရဲ့ အကြီးမားဆုံး ဆန္ဒဟာ ချမ်းသာပြီး အိမ်ကို ပြန်ဖို့လို့ ပြောခဲ့ဖူးတယ်…” အရှင်လုံဖန်သည် အတိတ်ကို ပြန်တွေးမိနေရင်း သူ၏အသံသည် တဖြည်းဖြည်း ညင်သာလာသည်။

သို့ပေမည့် သူ၏အမူအရာသည် အရှင်ကျုံးရွှမ်ကို မျှော်လင့်ချက်မဲ့မှုများ လှိုက်တက်လာသေည်။ သူ၏ခန္ဓာကိုယ်သည် တုန်ယင်ကာ သူက အော်လိုက်မိ၏။

“ဆရာ..တပည့် အစတုန်းက ခုနစ်ရောင်စုံနယ်မြေအပေါ် ချိပ်ပိတ်မှုကို ဖွင့်လှစ်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ ကောင်းကင်ဘုံအရှင် ချင်းရွှေကသာ ဒီနေရာထိ ရောက်လာပြီး သူ့လမ်းတစ်လျှောက် သတ်ဖြတ်မှုတွေလုပ်ခဲ့၊ တပည့်ကိုလည်း ဒီချိပ်ပိတ်မှုကို ဖွင့်လှစ်ဖို့ ဖိအားပေးခဲ့တာပါ။ အတင်းအကြပ် လုပ်ခဲ့တာပါ။ ခုနစ်ရောင်စုံနယ်မြေကို ဖွင့်လှစ်ခဲ့တာက သူပါ။ တပည့်နဲ့ မဆိုင်ပါဘူး။ သူကသာ အပြစ်သား ဖြစ်ပါတယ်…”

အရှင်ကျုံးရွှမ်ပေါ် ကြည့်နေသော ဝမ်လင်း၏မျက်လုံးမှာ ကျဉ်းမြောင်းသွားသည်။ အရှင်မီးတောက်သည် အမုန်းတရားတို့ ပြည့်လျှံနေ၏။ သူ၏အသက်ရှုသံသည်ပင် ကြမ်းတမ်းလာသည်။

အရှင်လုံဖန်က မည်သည့်စကားကိုမျှ မကြားသည့်အလား။ အရှင်ကျုံးရွှမ်ထံ ဝေ့ခတ်ကျရောက်လာသော သူ၏အကြည့်က ပို၍ ညင်သာလာသည်။

“အတိတ်တုန်းက မင်းရဲ့ခန္ဓာကိုယ်ဟာ မကောင်းမွန်တဲ့အတွက် မကျင့်ကြံနိုင်ခဲ့ဘူး။ ဆရာက မင်းရဲ့ခန္ဓာကိုယ် အားဖြည့်လောင်းဖို့ ကူညီပေးခဲ့တယ်။ မင်းခန္ဓာကိုယ်အတွက် ငါက ကောင်းကင်ဘုံမီးသွေးကြောကို ရယူခဲ့သလို မင်းကို တာအိုအရိုးတွေကိုလည်း ပေးခဲ့တယ်။ ဒါပေမဲ့ အခု မင်းမှာ တာအိုနှလုံးသား မရှိတော့ဘူးပဲ…” အရှင်လုံဖန်သည် အတိတ်ကို ပြန်မြင်ယောင်ကာ သက်ပြင်းချ၏။ သူက သူ၏ညာလက်ကို ဝေ့ယမ်းလိုက်ရာ အဖြူရောင်မုန်တိုင်းတစ်ခု ပေါ်လာသည်။

အရှင်ကျုံးရွှမ်၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွားသည်။ သူက နောက်သို့ အရူးအမူး ဆုတ်ကာ ဗလုံးဗထွေး အော်၏။

“ဆရာ...ခွင့်လွှတ်ပေးပါ။ ဆရာ…ငါ့ကို မသတ်ပါနဲ့။ ဆရာ…။ တပည့် မှားမှန်း သိပါပြီ။ တပည့်က အမှားကို ဝန်ခံပါတယ်။ ဆရာ…” ထိုမုန်တိုင်းနီးကပ်လာရင်း သူသည် နာကျင်စွာ ပြုံးမိသည်။

ထိုမုန်တိုင်းသည် သူ့ကို လွှမ်းခြုံပတ်သွား၏။ သို့သော် သူက မထိခိုက်စေပေ။ ထိုအစား သူ့ကို အရှင်လုံဖန်နောက်သို့ ဆွဲခေါ်ကာ ဝမ်လင်း၏လေး အဝန်းအဝိုင်းအပြင်ဘက်သို့ ရောက်လာစေသည်။

“မင်းက ထိတ်လန့်ဖွယ်မကောင်းမှုကို ကျူးလွန်ခဲ့တယ်။ ကပ်ဘေးတစ်ခုကို ယူဆောင်လာခဲ့တယ်။ မင်းမှာ အတွင်းနယ်မြေကျင့်ကြံသူတစ်ယောက်ရဲ့ နှလုံးသားလည်း မရှိတော့ဘူး။ ဒါပေမဲ့ မင်းက ငါ့တပည့်ပဲ။ ငါက ငါ့တပည့်ရဲ့ မကောင်းမှုအတွက် တာဝန်ခံရမှာပေါ့။ ဆရာက မင်းရဲ့ မကောင်းမှုတွေအတွက် ပြန်ပေးဆပ်ပါ့မယ်….” အရှင်လုံဖန်သည် မင်သက်နေသော အရှင်ကျုံးရွှမ်ကို ကြည့်၏။ ထို့နောက် သူက ဝမ်လင်းထံ ဦးညွှတ်လိုက်သည်။

“ချိပ်ပိတ်နယ်မြေအရှင်…ငါ သူ ကျူးလွန်ခဲ့တဲ့ မကောင်းမှုတွေအားလုံးအတွက် တာဝန်ယူပါ့မယ်…” သူက ညာလက်ကို ပင့်မြှောက်ကာ သူ့ရင်ဘက်ကို ရိုက်ချလိုက်၏။ အရှင်လုံဖန်သည် အနှစ်သာရမူလစွမ်းအင်ကို ပါးစပ်အပြည့် အန်ထုတ်လိုက်ရသည်။ သူ၏အသွင်ဟန်ပန်မှာလည်း မှိန်ဖျော့သွားသည်။ သူ့အောက်ရှိ ကျင့်ကြံခြင်းဂြိုဟ်မှာ ချက်ခြင်းပင် မီးခိုးရောင်သို့ ပြောင်းသွားသည်။ ဂြိုဟ်ပေါ်ရှိ အပင်များခြောက်သွေ့၊ တောင်တန်းများ ပြိုလဲ၊ မြစ်များ အငွေ့ပျံ၊ ချောက်နက်များ ပိုကျယ်လာလေ၏။ ဂြိဟ်တစ်ခုလုံးသည် ဆုတ်ဖြဲခြင်း ခံရသည်။

၎င်းသည် ပျက်စီးပြိုလဲနေရင်း အဖြူရောင်အခိုးငွေ့အမျှင်တန်းများ ထွက်လာကာ အရှင်လုံဖန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်တွင်း၌ သိမ်မွေ့ဆန်းကြယ်မီး စတင် လောင်ကျွမ်းသည်။

“ငါ ငါ့အသက်ဓာတ်ကို ဖြတ်တောက်လိုက်ပြီး ငါ့မူလစိတ်ဝိညာဉ်ကို လောင်ကျွမ်းစေတယ်။ ဒီအတွက် ငါ့ရဲ့ခွန်အားဟာ ဆန်းကြယ်လေဟာနယ်အစောပိုင်းအဆင့်ထိ ရောက်ရှိသွားလိမ့်မယ်။ ငါက အတွင်းနယ်မြေမှာ ရှိတဲ့ ပြင်ပနယ်မြေကျင့်ကြံသူတွေအားလုံးကို လိုက်သတ်မယ်။ အရှင်ကျုံးရွှမ်ရဲ့ အသက်ကို အလဲအလှယ်လုပ်တဲ့အနေနဲ့ ဆင့်ခေါ်ခြင်းမြစ်ကို ပြန်ယူဆောင်ပေးမယ်…” အရှင်လုံဖန်သည် ဝမ်လင်းထံသို့ လက်နှစ်ဖက် ဆုပ်ပြ၏။ ထို့နောက် သူသည် အရှင်ကျုံးရွှမ်ကို ကြင်နာဟန်ဖြင့် ကြည့်သည်။

“ဆရာ…” အရှင်ကျုံးရွှမ်သည် ပြန်တည်ကြည်လာကာ မြေပြင်ထက်တွင် အကြိမ်များစွာ ဆက်တိုက် ဦးတိုက်၏။ သူ့မျက်လုံးထဲတွင် အလွန်အမင်းဝမ်းနည်းမှုတို့ ပြည့်နေသည်။ ခိုင်မာသောနောင်တနှင့်လည်း ပြည့်နှက်နေသည်။

“သွားကြစို့…” အရှင်လုံဖန်က သက်ပြင်းချလိုက်၏။ သူက အရှင်ကျုံးရွှမ်ကို ခေါ်ကာ အကွာအဝေးတစ်ခုထံသို့ လှမ်းလျှောက်သွားလေသည်။

“ငါက ငါ့တပည့်အကြောင်း နားလည်တယ်။ သူက အမြဲတမ်း အစွန်းနှစ်ဖက်အတွက် ပြင်ဆင်တတ်တယ်။ ကောင်းကင်ဘုံအရှင် ချင်းရွှေက အဆင်ပြေပါတယ်။ ဘာလို့လဲဆိုတော့ သူက ဒါကို သူ့ရဲ့ ကိုယ်ပိုင်ရှင်သန်ဖို့အတွက် လုပ်ခဲ့လိုပဲ…”

သူ့အသံ ပဲ့တင်ထပ်နေရင်း အဖြူရောင်မုန်တိုင်းသည် သွေးရောင်ဟင်းလင်းပြင်အက်ကြောင်းထံ ဦးတည်ဝင်သွားသည်။ အက်ကွဲသံများ ပဲ့တင်ထပ်ကာ အနီရောင်အလင်း ပျက်စီးပြီး ခုနစ်ရောင်စုံအလင်း လှစ်ဟ ပေါ်လာသည်။

ချင်းရွှေသည် ထိုနေရာတွင် ရှိပေသည်။

***

All Chapters