← Chapters

ဆူးများကို ဆွဲနှုတ်ခြင်း

Vol. 117 Ch. 1609

ဆူးများကို ဆွဲနှုတ်ခြင်း

Vol. 117 Ch. 1609

ဝမ်လင်း၏ လက်သီးချက်များ ကျရောက်လာသည့်အခါ လိပ်နက်၏ကျောပေါ်တွင် သိသိသာသာ အက်ကြောင်းငါးခု ပေါ်လာသည်။ အက်သံများ ပဲ့တင်ထပ်နေရင်း အက်ကြောင်းများ ပျံ့နှံ့လာလေ၏။

သို့ပေမည့် ထိုအခိုက်တွင် ထိုအက်ကြောင်းများအတွင်းမှ သေဆုံးခြင်းအော်ရာ ပြည့်နှက်နေသော မီခိုးရောင်အခိုးအငွေ့ ထွက်လာကာ ဝမ်လင်းထံ တရှိန်ထိုး ဝင်ရောက်လာသည်။

ထိုမီးခိုးရောင်အခိုးအငွေ့သည် မုန်တိုင်းအသွင် ပြောင်း၍ ဝမ်လင်းထံ ပြေးဝင်လာ၏။ သို့ပေမည့် ဝမ်လင်းသည် တစ်ချိန်လုံး သတိထားနေသည် ဖြစ်ရာ သူက ၎င်းထိုးထွက်လာသည်နှင့် နောက်သို့ ဆုတ်လိုက်သည်။

ချက်ခြင်းပင် မီးခိုးရောင်အမျှင်တန်းတစ်ခု ခွဲထွက်ကာ ကျောက်သားလိပ်နက်၏ ဦးခေါင်းနေရာတွင် ရှိနေသော လိပ်နက်နတ်အင်ပါယာထံ ပျံသန်းဝင်သွားသည်။

မီးခိုးရောင်အခိုးငွေ့က အလွန်တရာ မြန်ကာ လိပ်နက်နတ်အင်ပါယာ၏ ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်သွားသည်။ ထိုအခါ သူ၏ခန္ဓာကိုယ်သည် အသက်သွင်းလိုက်သကဲ့သို့ တုန်ယင်သွားသည်။ လိပ်နက်နတ်အင်ပါယာထံမှ ပြင်းထန်သောအော်ရာတစ်ခု ချိုးဖျက်ထွက်လာ၏။ သူ့ထံမှ ခပ်ရေးရေး အော်သံတစ်သံလည်း ထွက်ပေါ်သည်။ တခြားကျင့်ကြံသူတစ်ယောက်သာ ဖြစ်ပါက သတိထားနေလျှင်ပင် အခုလိုအခြေအနေကို ကိုင်တွယ်ရန် ခက်ခဲပေလိမ့်မည်။

သို့သော် ဝမ်လင်းကမူ သူ့တစ်ဘဝလုံး သတ်ဖြတ်မှုများကြား ရှင်သန်ခဲ့ကာ သူက နတ်ဆိုးဆန်သော စိတ်ကိုလည်း ပိုင်ဆိုင်ထားသည်။ သူသည် လိပ်နက်ပေါ်သို့ လက်သီးများ ထိုးချလိုက်သည်နှင့် တစ်ချိန်တည်းမှာ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ လိပ်နက်နတ်အင်ပါယာ အသက်ဝင်လာတော့မည့်ကို တွေ့မြင်သည့်အခါ သူသည် ချက်ခြင်းပင် လက်ဝေ့ယမ်း၍ နောက်ဆုတ်လိုက်၏။ သူ ထိုသို့ လုပ်လိုက်စဉ် သွေးအလင်း လင်းလက်သွားသည်။

သွေးဓား ပေါ်လာကာ လေဟာနယ်ကို ချိုးဖျက်၍ လိပ်နက်နတ်အင်ပါယာထံ ပျံသန်းဝင်သွားသည်။ ဖျပ်ခနဲအတွင်း ၎င်းက ထိုသူ၏လည်ပင်းကို ပိုင်းဖြတ်သည်။

သူ့ခေါင်း ပြတ်ထွက်သွားသည့်အခါ မည်သည့်သွေးမှ စီးကျမလာခဲ့ပေ။ သွေးဓားက ထိုသူ၏ဦးခေါင်းကို ထိုးစိုက်ထားသော ဆူးကိုပါ ဖြတ်တောက်ပစ်လိုက်သည်။

လိပ်နက်အင်ပါယာ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသော မီးခိုးရောင်အခိုးငွေ့က ခေါင်းဖြတ်ခံလိုက်ရသည့်အခါ သူ၏လည်တိုင်မှ တရှိန်ထိုး ပျံထွက်လာ၏။ သို့သော်လည်း ၎င်းအခိုးငွေ့သည် အားနည်းသွားခဲ့လေပြီ။

လိပ်နက်နတ်အင်ပါယာ၏ ခန္ဓာကိုယ်သည် ခြောက်သွေ့သွားပြီး မီးခိုးရောင်အခိုးငွေ့ မြောက်များစွာ စိမ့်ထွက်ကာ နောက်ဆုံးတွင် ပျက်စီးသွားတော့၏။

ဝမ်လင်းသည် ချိန်းခြောက်နိုင်မည့်တစ်ယောက်ကို ပြတ်သားစွာ ဖယ်ရှားလိုက်ပြီး ဖြစ်၏။

သူ နောက်ဆုတ်နေစဉ် အသွေးအသားဓားသည် တဖန် ဆင်းသက်လာပြန်၏။ ဓားသွားထံမှ တဝီဝီအသံများ ထွက်ပေါ်ကာ ဝမ်လင်းကို ဝါးမြိုပစ်ချင်သည့်အလား။ ၎င်းသည် သက်ဆင်းကျလာရင်း ဝမ်လင်းက လှည့်လိုက်၏။ သူ၏ရူးသွပ်သော မျက်လုံးထဲတွင် ဉာဏ်ပညာအရိပ်အယောင် ပေါ်လာ၏။ သူ၏ညာလက်ဖြင့် လက်သီးစုပ်ကာ ထိုဧရာမဓားသွားထံသို့ ပစ်သွင်းလိုက်သည်။

ကျယ်လောင်စွာ ပေါက်ကွဲထွက်သွားပြီး ဝမ်လင်းသည် နောက်သို့ ဆယ့်နှစ်ပေခန့် ဆုတ်သည်။ ဓားသွားကြီးမှာ တုန်ယင်ကာ အတွင်းမှ အော်သစ်ဟစ်သံများ ထွက်လာ၏။ စိတ်ဝိညာဉ်ထောင်ချီသည် ပျက်စီးသွားလေသည်။ ဓားသွား၏ အရွယ်အစားမှာလည်း အနည်းငယ် ပြောင်းလဲသွား၏။

နောက်ဆုတ်လိုက်ရပြီးနောက် ဝမ်လင်းက ရှေ့ပြန်တိုးဝင်လာသည်။ သူက ညာလက်သီးကို ဝေ့ယမ်းကာ အသွေးအသားဓားသွားနှင့် ထိပ်တိုက်တွေ့စေသည်။ အဆက်မပြတ်တိုက်ခိုက်ရာ ဓားသွားသည် မြန်ဆန်စွာ ကြုံ့လာ၏။

အဆုံးသပ်၌ ဝမ်လင်းသည် မာန်သွင်းကာ ထိုဓားသွားကို လက်သီးတစ်ချက်ဖြင့် ဖျက်စီးပစ်လိုက်သည်။ ဓားသွားသည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး အသွေးအသားအားလုံးလည်း ပြာမှုန့်ဘဝ ရောက်သွားသည်။

အဖြစ်အပျက်များသည် မြန်လွန်း၏။ ၎င်းသည် ရိုးရှင်းသည်ဟု ထင်ရသော်လည်း လက်သီးချက်တိုင်း၌ ဝမ်လင်း၏စွမ်းအား အပြည့်ပါဝင်နေ၏။ ထိုအခိုက်တွင် ဝမ်လင်း၏ခန္ဓာကိုယ်တွင်းရှိ တွန်းကန်အားသည် ကြောက်မက်ဖွယ် ကောင်းလာလေပြီ။ သူသည် ပြင်းထန်သော နာကျင်မှုကို ခံစားရကာ သူ၏ခန္ဓာကိုယ်ရှိ ဒွာရပေါက်တိုင်းမှ သွေးများ စီးကျသည်။

သို့ပေမည့် သူသည် ၎င်းတို့ကို လစ်လျူရှုထား၏။ အသွေးအသားဓားကို ဖျက်စီးပစ်ပြီးနောက် ဝမ်လင်းက ပြတ်သားစွာ လှည့်လိုက်၏။ သူသည် လေထဲသို့ ပျံသန်းတက်ကာ ပြီးနောက် မြန်ဆန်စွာ ပြန်ဆင်းသက်လာသည်။

ထိုအရှိန်ကို ယူကာ ဝမ်လင်းက လိပ်နက်ကျောပေါ်သို့ မြန်ဆန်စွာ ထိုးစင်း၍ ရိုက်နှက်လေသည်။

“ပျက်စီးစမ်း…ပျက်စီးစမ်း…ပျက်စီးစမ်း…” ဝမ်လင်း၏အသံ ပဲ့တင်ထပ်နေ၏။ ချက်ခြင်းပင် သူ၏လက်သီးချက်နှစ်ချက်လုံးသည် လိပ်နက်၏ ကျောပေါ်သို့ ကျရောက်သွားသည်။

ဧရာမကျောက်သားလိပ်နက်ကြီး၏ ခန္ဓာကိုယ်သည် တုန်ယင်ကာ ၎င်း၏ကျောသည် ဆုတ်ပြဲတော့မည့်အလား။ အက်ရာများစွာ ပေါ်လာပြီး အစိတ်အပိုင်းအချို့ ပျက်စီးသည်။

ဝမ်လင်း၏မျက်လုံးက နီရဲနေ၏။ သူ့စိတ်ထဲတွင် ထိုလိပ်နက်ကို ချိုးဖျက်ပစ်ဖို့ အတွေးတစ်ခုသာ ရှိသည်။ ထိုမှသာ ၎င်းသည် ချင်းရွှေ၏ စိတ်ဝိညာဉ်ကို ဆက်လက် မဖိနှိပ်နိုင်မည် ဖြစ်သည်။ လက်သီးတစ်ချက်ဖြင့် မအောင်မြင်ပါက နောက်ထပ်လက်သီးတစ်လုံး ပစ်သွင်းသည်။

လက်သီးတစ်ချက်ပြီး တစ်ချက်။

ဝမ်လင်းက အရူးအမူး ထိုးနှက်နေ၏။ သူ့ ထိုးနှက်ချက်တိုင်းတွင်လည်း လိပ်နက်သည် ပို၍ အပြင်းအထန် တုန်ယင်၊ အက်ကြောင်းများ ပိုကြီးမားလာသည်။

ဝမ်လင်း၏လက်သီးချက်များ ကျဆင်းနေရင်း ယင်းတို့က ရွှေရောင်အလင်းကို ထုတ်လွှတ်၏။ မီးနှင့်မိုးကြိုးသည်လည်း သူ၏လက်သီးချက်များအတွင်း ပေါင်းစပ်ကာ အဖျက်အစီးစွမ်းအားကို ထုတ်လွှတ်သည်။ လျှပ်တပြတ်အတွင်း ဝမ်လင်းသည် လက်သီးချက်ပေါင်းတစ်ရာကျော်ကို ပစ်သွင်းလိုက်ပြီးပင်။ သူ့ခန္ဓာကိုယ်တွင်းမှ တွန်းကန်အားက ပေါက်ကွဲထွက်နေသဖြင့် သွေးမြူများ သူ၏ခန္ဓာကိုယ်မှ ပန်းထွက်နေသည်။

ပြင်းထန်သောနာကျင်မှုက ဝမ်လ်ငးကို ရူးသွပ်မှုအဖြစ် ပြောင်းလဲလာစေသည်။ သူသည် ချင်းရွှေကို ကယ်တင်ရန် စိတ်ပိုင်းဖြတ်ထားသည်။

ဤလောက၌ ဝမ်လင်း ထိုသို့ အစွမ်းကုန် လုပ်ဆောင်ပေးသော လူအချို့သာ ရှိ၏။ ထိုသူတို့ထဲ၌ ချင်းရွှေတစ်ယောက် အပါအဝင်ပင်။

လက်သီးချက် ရာချီ ကျဆင်းနေရင်း လိပ်နက်၏ကျော တစ်ဝက်ကျော်မှာ ပျက်စီးသည်။ သို့သော် ၎င်းမှာ လုံးဝ ပျက်စီးသွားခြင်း မရှိသေးပေ။ ဝမ်လင်း၏မျက်နှာထက်ရှိ သွေးကြောများသည် ဖောင်းကြွလာ၏။ သူက ကောင်းကင်ထက် ပေတစ်သိန်းထိ ပျံတက်လိုက်ပြန်သည်။ ထို့နောက် သူသည် ကောင်းကင်ထက်သို့ လက်ညွှန်လိုက်၏။

“စစ်စိတ်ဝိညာဉ်လက်ဝါး…”

ကောင်းကင်သည် နက်မှောင်လာ၏။ ဧရာမရွှေရောင်လက်ဝါးချက်တစ်ခု ပေါ်လာသည်။ ကောင်းကင်ကို ဖုံးလွှမ်းထားသော ထိုလက်ဝါးထံမှ လှိုင်းဂယက်များ ထနေ၏။ ဝမ်လင်း၏ ညာလက် အောက်သို့ သက်ဆင်းလာသည့်အခါ လက်ဝါးသည် သူ့ကို ဖြတ်သန်း၍ လိပ်နက်၏ကျောပေါ်သို့ ကျဆင်းသွားသည်။

ဝမ်လင်းကလည်း လက်ဝါးနှင့်အတူ ဆင်းသက်လာသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ရွှေရောင်တောက်နေ၏။ သူကား ကောင်းကင်ဘုံသားတစ်ယောက်အလား။ သူသည် မာန်သွင်းလိုက်ပြီး တန်းတန်းမတ်မတ် ဆင်းသက်ကာ ထိုးနှက်ချလိုက်သည်။

စစ်စိတ်ဝိညာဉ်လက်ဝါး လိပ်နက်၏ကျောပေါ်သို့ ကျရောက်သွားသည့်အခါ ကျယ်လောင်စွာ မြည်ဟည်းသံ ထွက်ပေါ်၏။ လိပ်နက်သည် တုန်ယင်ကာ လက်ဝါးရာတစ်ခု၏ ၎င်း၏လိပ်ခွံပေါ်တွင် ပေါ်လာသည်။ လိပ်နက်ကျောဘက်၏ အစွန်းအနားသပ်များအားလုံး တစစီ ဖြစ်ကုန်သည်။

စစ်စိတ်ဝိညာဉ်လက်ဝါးချက်နောက်တွင် ဝမ်လင်းက သူ၏ညာလက်ကို ပင့်မြှောက်ကာ လိပ်နက်ပေါ်သို့ ဖိနှိပ်ချလိုက်၏။ ပြင်းထန်သောအားတစ်ခု ပေါက်ကွဲထွက်ကာ လိပ်နက်ပေါ်ရှိ အကြေးခွံများအားလုံး တစစီ ဖြစ်ကုန်သည်။

လိပ်နက်သည် လုံးဝ ပျက်စီးသွားလေ၏။ လိပ်နက်ထံမှ ဝမ်းနည်းမှုနှင့် ပြည့်နှက်နေသော စိတ်ဝိညာဉ်တစ်ခုသည် ချင်းရွှေထံသို့ ပျံသန်းထွက်လာ၏။

၎င်း ပျက်စီးသွားသည့်အခါ၌ ၎င်း၏ကျောပေါ်ရှိ ဆူးတစ်သိန်းနှင့် ချင်းရွှေထံ စူးနစ်နေသော ဆူးအပါအဝင် အားလုံး ပျက်စီးသွားသည်။ ချင်းရွှေထံမှ ဆူးတစ်ချောင်းကသာ နေရာတွင် လွင့်ဝဲလျက် ရှိပြိး ကျန်သည့်ဆူးအားလုံးက ဝမ်လင်းထံ တရှိန်ထိုး ဝင်ရောက်လာသည်။

ဆူးပေါင်းတစ်သိန်းက တောင်များနှင့် မတူတော့ဘဲ အစစ်အမှန်ဆူးများ ဖြစ်လာသည်။ ယင်းတို့သည် မြန်လွန်း၏။ ဝမ်လင်းကို ရှောင်ရန် အချိန် လုံးဝ မပေးပေ။ ဖျပ်ခနဲအတွင်း ထိုဆူးများသည် ဝမ်လင်း၏ခန္ဓာကိုယ်ကို ထိုးစိုက်သွားသည်။ ပြင်းထန်သောနာကျင်မှု လှိုက်တက်လာ၏။ ချက်ခြင်းပင် ဝမ်လင်း၏ရင်ဘက်ကို ဆူးတစ်ချောင်း ဖောက်ဝင်သွားသည်။ မကြာခင် ကျန်သည့်ဆူးများပါ လိုက်ပါဝင်လာ၏။ မကြာခင်အတွင်း ဝမ်လင်းသည် ဆူးတစ်သိန်း၏ ခြုံလွှမ်းခြင်း ခံလိုက်ရကာ သူ့အား မမြင်ရနိုင်တော့ပေ။

ဆူးလုံးကြီးတစ်ခုအဖြစ်သာ မြင်နေရတော့၏။

တုန်ဟည်းသံများ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။ ခုနစ်ရောင်စုံနယ်မြေသည် တဖြည်းဖြည်း ပြန်တည်ငြိမ်လာသည်။ တောင်တစ်သိန်းသည် ပျောက်ကွယ်သွားကြလေပြီ။ ချင်းရွှေ ရှိနေသော တောင်တစ်လုံးသာ ကျန်ခဲ့၏။ ၎င်းတောင်ကို ခုနစ်ရောင်စုံတိမ်စိုင်များက ဝန်းရံထားသည်။

ထိုတောင်၏အပြင်ဘက်တွင် ဆူးလုံးကြီးတစ်ခု ရှိနေသည်။

မြေပြင်ထက်တွင် လှဲလျောင်းနေသော လိပ်နက်၏ ကျောဘက်ကမူ ပျက်စီးသွားခဲ့လေပြီ။ သို့သော် ၎င်း၏ ဦးခေါင်းကတော့ အကွာအဝေးတစ်ခုကို ကြည့်နေဆဲပင်။ ထိုပျက်စီးသွားသော ကျောဘက်မှ ခပ်ဖျော့ဖျော့မီးခိုးရောင် အခိုးငွေ့များ ထွက်နေသည်။

၎င်းကျော၏ အတွင်းဘက်၌ တချက်တချက် လင်းလက်နေသော ပျက်စီးနေသည့် မီးခိုးရောင်သလင်းတစ်ခု ရှိနေသည်။

ခုနစ်ရောင်စုံနယ်မြေတစ်ခုလုံးမှာ တည်ငြိမ်သွားသည့် ပုံပေါ်သော်လည်း ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် ဆူးလုံးထံမှ တစီစီအသံများ ထွက်လာသည်။ ဝမ်လင်းသည် ထိုဆူးလုံးကို လက်သီးဖြင့် ထိုး၍ ချိုးဖျက်ရန် ကြိုးစားနေခြင်းတည်း။

တစီစီအသံများ ပိုကျယ်လောင်လာသည်။ ခဏအကြာတွင် ဆူးလုံး၏ တစိတ်ပိုင်း ပျက်စီးကာ ရွှေရောင်လက်သီးတစ်လုံး ထွက်ပေါ်လာသည်။

ထိုလက်သီးသည် တုန်ယင်လျက် သွေးများဖုံးနေ၏။ မရေမတွက်နိုင်သော ဆူးများက သူ့လက်အတွင်းသို့ ထိုးစိုက်နေကြသည်။ ဆူးလုံးထံမှ မာန်သွင်းအော်ဟစ်သံ ထွက်ပေါ်လာ၏။ ထိုအသံ ပဲ့တင်ထပ်နေရင်း နောက်ထပ်လက်သီးတစ်လုံးသည် အဟကြားကနေ ထိုးထွက်လာသည်။ ထိုလက်သီးတွင်လည်း သွေးအလိမ်းလိမ်း ဖြစ်နေ၏။ လက်နှစ်ဖက်ဖြင့် ဆူးလုံးအဟကို ကြမ်းတမ်းစွာ ဆုတ်ဖြဲလိုက်လေသည်။

အက်ကွဲသံ ပဲ့တင်ထပ်ကာ ထို့နောက်တွင် ဆူးလုံးအနှံ့၌ အက်ကြောင်းတစ်ခု ပေါ်လာ၏။ ထို့နောက်တွင် ပုံရိပ်တစ်ခု လှစ်ဟပေါ်လာသည်။ ထိုပုံရိပ်၏ ဆံပင်များသည်ပင် သွေးကြောင့် နီစွန်းနေသည်။

မရေမတွက်နိုင်သော ဆူများက ထိုပုံရိပ်၏အစိတ်အပိုင်းတိုင်းကို ထိုးစိုက်နေကျ၏။ သူ၏မျက်လုံးနှစ်လုံးသည်ပင် ဆူးများစွာ၏ ထွင်းဖောက်ခြင်း ခံထားရသည်။ ထိုပုံရိပ်ထံမှ အသက်ရှုသံ ခပ်ပြင်းပြင်းက အဖြူရောင်အခိုးငွေ့များစွာကို ပန်းထွက်ပျံ့နှံ့လာစေသည်။

သူက သူ၏ခွန်အားကို ပြန်ရရှိနိုင်ရန် အနားယူနေသည့်ပုံ ရသည်။ အသက်ဆယ်ကြိမ် ရှုပြီးနောက် သူ၏ညာလက်ဖြင့် မျက်လုံးမှ ဆူးတစ်ချောင်းကို ဆွဲနှုတ်သည်။ သွေးရည်များ မျက်လုံးထံမှ စီးကျလာသည်။

အချိန်အတန်ကြာပြီးနောက် သူက ရုတ်တရက် မျက်လုံးဖွင့်ကာ အော်ဟစ်မာန်သွင်းသည်။ သူ့လက်ဖြင့် ဆူးလုံးများကိုဖမ်းဆုပ်ကာ ထပ်မံ ဆုတ်ဖြဲလိုက်ပြန်သည်။ သည်တစ်ကြိမ် သူသည် ထိုဆူးများကို တစ်ဝတ်တိတိ ဖယ်ရှားပစ်လိုက်နိုင်သည်။

ထိုပုံရိပ်၏အတွင်း၌ ချိတ်ဆက်နေသော ဆူးမြောက်များစွာ ရှိသည်။ ထိုဆူးလုံးက တစ်ဝက်တိတိ ဆွဲထုတ်ခြင်း ခံရသည့်အခါ အချို့ဆူးများသည် ကျွတ်ထွက်ကုန်သညည်။ သွေးများ နေရာအနှံ့ ပြန့်ကျဲသည်။

သို့ရာတွင် ပိုများပြားသော ဆူးများ ချိုးဖျက်ခံရပြီး ဝမ်လင်း၏ကိုယ်တွင်း၌လည်း ကျန်ရှိနေသေးသည်။

“စီနီယာအစ်ကိုချင်းရွှေ…ငါ သင့်ကို ကယ်တင်မယ်…” ဝမ်လင်းထံမှ အသံခပ်ဖျော့ဖျော့ ထွက်လာသည်။ သူက ဆူးလုံးထံမှ ခြေလှမ်းထွက်လိုက်သည်။ သို့သော် သူ၏နာကျင်မှုမှာ တောင့်မခံနိုင်လုနီးနီးပင်။ ဆူးထောင်သောင်းချီက သူ၏ခန္ဓာကိုယ်တွင်း၌ ထွင်းဖောက်လျက် ရှိနေသည် မဟုတ်လား။

သူ၏ခြေလှမ်းတိုင်းတွင် ဆူးများထံမှ သွေးများ စီးကျသည်။ ဝမ်လင်း၏ခန္ဓာကိုယ်သည် ပေတစ်သောင်းမှ ဖြည်းဖြည်းချင်း ပြန်ကြုံ့လာ၏။ ထိုဖြစ်စဉ်အတွင်း ဆူးများစွာသည် ပျက်စီး၏။ သို့သော် ထိုပျက်စီးမှု၏ တစိတ်တပိုင်းသည် သူ၏ခန္ဓာကိုယ်တွင်း၌ ရှိနေဆဲ ဖြစ်ကာ ယင်းတို့သည် သူ့အသွေးအသား၏ အစိတ်အပိုင်းများ ဖြစ်လာသည့်အလား။ မဖယ်ရှားပစ်နိုင်တော့သည့်အလား။

“စီနီယာအစ်ကို…ငါ လာနေပြီ…” ဝမ်လင်းသည် ခုနစ်ရောင်စုံတိမ်စိုင်များထံသို့ ဝေဝေဝါးဝါး လျှောက်လှမ်းလာ၏။ သို့ပေမည့် သူသည် တုန်ယင်နေသော ဆံပင်များ မျက်နှာကို ဖုံးအုပ်နေသော ချင်းရွှေကို မြင်နေရဆဲပင်။

သွေးများ စီးကျလာနေရင်း ဝမ်လင်းသည် ချင်းရွှေရှေ့သို့ ဖြည်းဖြည်းချင်း ရောက်လာသည်။ သူက ချင်းရွှေနှင့် ခုနစ်လက်မအကွာတွင် ရပ်ကာ သူ့ညာလက်ကို ချင်းရွှေ၏ ရင်ဘက်ပေါ်ရှိ ပထမဆုံးဆူးထံသို့ ဆန့်တန်းလိုက်သည်။ အသက်ဝဝရှိုက်သွင်းလိုက်ပြီးနောက် သူက ထိုဆူးကို ဆွဲနှုတ်ယူ၏။

***

All Chapters