← Chapters

သူမဟာ ကျိုးဇီဟောင်

Vol. 117 Ch. 1617

သူမဟာ ကျိုးဇီဟောင်

Vol. 117 Ch. 1617

“အဲ့အချိန်တုန်းက ဟင်္သာပြဒါးဂြိုဟ်က ကောင်းမွန်လှတဲ့ဂြိုဟ်တစ်လုံး မဟုတ်ခဲ့ဘူး။ ဟိုဖန်နိုင်ငံရဲ့ အစွမ်းထက်ဆုံး ကျင့်ကြံသူတောင် စဦးစိတ်ဝိညာဉ်အဆင့်မှာပဲ ရှိတယ်…”

ထိုအမျိုးသမီး၏ မျက်လုံးထဲတွင် အတိတ်ကို ပြန်အောက်မေ့မှုများ ရှိနေ၏။ သူမသည် ဟင်္သာပြဒါးဂြိုဟ်ထံမှ ထွက်လာခဲ့သည်မှာ အချိန်ကြာမြင့်လွန်းခဲ့ပြီ ဖြစ်၏။ သို့သော် သူမသည် ထိုမှတ်ဉာဏ်များကို မမေ့ပစ်နိုင်ပေ။

သူမ ပြောနေရင်း တည်းခိုးခန်းအတွင်းရှိ ကျင့်ကြံသူအားလုံးနီးပါးသည် စတင် နားထောင်ကြသည်။ အချို့ဆို စိတ်ဝင်တစားဖြင့် အနားပင် ပိုတိုးလာသည်။

“ဟင်္သာပြဒါးဂြိုဟ်က ချိပ်ပိတ်နယ်မြေအရှင်ရဲ့ မွေးရပ်မြေပဲ။ သူက အဲ့နေရာမှာ ကြီးပြင်းခဲ့ပြီး တဖြည်းဖြည်း ဒီနေ့လို ဂုဏ်ရှိန်ဝါ ကြီးမားတဲ့အနေထားကို တက်လှမ်းလာခဲ့တာ…” သက်လတ်ပိုင်းလူပညာတတ်ကျင့်ကြံသူက သက်ပြင်းချလိုက်၏။

“ငါက ဟိုဖန်နိုင်ငံက ကျင့်ကြံသူတစ်ယောက်ပဲ။ အဲ့ချိန်တုန်းက ဟိုဖန်နိုင်ငံဟာ ကပ်ဘေးတစ်ခုကြောင့် အနီးအနားက ရွှမ်ဝူနိုင်ငံကို အတင်း ရွှေ့ပြောင်းလာခဲ့ရတယ်။ ဒါပေမဲ့ ရွှမ်ဝူနိုင်ငံက ငါတို့ကို လက်မခံချင်ကြဘူး။ ဒါ့ကြောင့် နိုင်ငံနှစ်ခုကြား စစ်ပွဲ ဖြစ်ခဲ့တယ်…” အတိတ်က တိုက်ပွဲမြင်ကွင်းများသည် ထိုခရမ်းရောင်ဝတ်စုံ၏ မျက်လုံးရှေ့တွင် တဖျပ်ဖျပ် ပြန်ပေါ်လာသည်ဟု ထင်မှတ်ရသည်။

“မိုင်လျန်း…သူက ချိပ်ပိတ်နယ်မြေအရှင် တကယ်ပဲ ဖြစ်နိုင်လောက်တယ်။ အဲ့ချိန်တုန်းက သူဟာ သူ့အမှတ်အသားကို ချန်ထားခဲ့တယ်။ သူက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်ခဲ့ပေမယ့် သူနဲ့အဆင့်တူ ကျင့်ကြံသူရာချီဟာ သူ့လက်ချက်ကြောင့် သေခဲ့ရတယ်…” ခရမ်းရောင်ဝတ်ရုံဖြင့်အမျိုးသမီး၏ အသံသည် တည်းခိုခန်းအတွင်း၌ ပဲ့တင်ထပ်နေသည်။

သူမ ထိုသို့ ပြောလိုက်သည့်အချိန်တွင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကြားတွင် ဝိုးခနဲ၊ဝါးခနဲ ဖြစ်ကုန်သည်။

“အခြေခံတည်ဆောက်ခြင်းအဆင့်၊ သူနဲ့အဆင့်တူ လူရာချီကို သတ်ခဲ့တာ။ ဒါ…ဒါက မဖြစ်နိုင်ဘူး…”

“မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ ချိပ်ပိတ်နယ်မြေအရှင်က ငါတို့ စိတ်ကူးကြည့်နိုင်တဲ့ လူမျိုး မဟုတ်ဘူး…”

“အဆင့်နိမ့်ကျင့်ကြံခြင်းအဆင့်တွေကြားမှာလည်း ကွာဟချက်အနည်းငယ် ရှိကြတယ်။ ဒီကွာဟချက်က သေးငယ်လှတဲ့ဆိုပေမဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် သုံးနိုင်တဲ့ မန္တာန်တွေ၊ ရတနာတွေက အကန့်အသတ် ရှိလွန်းတယ်။ ချိပ်ပိတ်နယ်မြေအရှင်က အတိတ်မှာတည်းက ဒီလောက်သန်မာနေခဲ့မယ်လို့ ငါ မထင်ထားမိခဲ့ဘူး။ သူက တိမ်ပင်လယ်မှ တိုက်ပွဲကို ပြေင်းပြန်လှန်နိုင်ခဲ့တာ အံ့ဩစရာ မရှိတော့ဘူးပဲ…”

သူတို့ဆွေးနွေးနေကြစဉ် တည်းခိုခန်းအတွင်း ဝင်လာသော အဖြူရောင်ဝတ်စုံနှင့်လူက နှာခေါင်းပွတ်ကာ ဝတ်စုံနက်လူငယ်ထံသို့ လှမ်းလျှောက်လာသည်။ သူက ထိုစိတ်လှုပ်ရှားနေသော လူငယ်ကို ညင်သာစွာ ကြည့်လိုက်၏။ သူ့လက်ကို နှိမ့်ချလိုက်သည်။ သူက ထိုကျင့်ကြံသူက ခုန်ပေါ်မှ ထကာ ဒူးထောက်မည့်ဟန်ကို တွေ့မြင်သည့်အခါ လက်ဖြင့် ဟန့်တားလိုက်ခြင်း ဖြစ်၏။

“ဆရာ…” ထိုဝတ်စုံနက်လူငယ်မှာ ဆယ့်သုံးပင်။ သူ၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားခြင်းတို့ ပြည့်လျှံနေ၏။ ဝမ်လင်း ပေါ်လာသည်မှာ ရုတ်တရက် ဆန်လှကာ ဆယ့်သုံးအဖို့ သတိမထားမိအောင်ပင်။

ထိုဝတ်စုံဖြူနှင့်လူသည် ဝမ်လင်းပင်။

ဆင့်ခေါ်ခြင်းမြစ်တွင် ခုနစ်ရောင်စုံနယ်မြေနှင့် ပတ်သတ်၍ ရင်ဆိုင်ဖြေရှင်းပြီးနောက် ဝမ်လင်းက သူ၏မိဘများကို ဂါဝရပြုရန် ဟင်္သာပြဒါးဂြိုဟ်ထံသို့ သွားတော့မည် ဖြစ်၏။ သူက သူ့ကံမ္မ၊သေခြင်းရှင်ခြင်း၊အမှန်နှင့်အမှား နယ်ပယ်တို့ကို ထိုနေရာတွင် သန့်စင်မည် ဖြစ်၏။

သူ ဖြတ်သန်းသွားချိန် သူသည် ဆယ့်သုံးနှင့် ရှေးဟောင်းနတ်ဆိုးရုပ်တုမှ အော်ရာကို အာရုံခံမိလိုက်သဖြင့် သူ ဒီနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။

ဆယ့်သုံးကြီးပြင်းလာသည်ကို ကြည့်ကာ ဝမ်လင်းသည် စိတ်အေးသွား၏။ သူသည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ ဆယ့်သုံးနှင့်သူ ပထမဆုံးတွေ့ခဲ့သည့်အချိန်ကို ပြန်အမှတ်ရသွားမိသည်။ ဆယ့်သုံး၏ ပြတ်သားမှု၊သစ္စာရှိမှုတို့သည် နှစ်ပေါင်းတစ်ထောင်ကျော် ကုန်လွန်ခဲ့သည့်အခါမှာပင် ဆက်ရှိနေဆဲ ဖြစ်၏။

“ဒီကောင်လေးက ငါ့ရဲ့ အစောပိုင်းနှစ်တွေတုန်းကလို ပုံစံနဲ့ ပိုပိုတူလာတယ်…” ဝမ်လင်းသည် သက်ပြင်းချမိ၏။ ဆယ့်သုံး၏အေးစက်စက်အော်ရာက သူ ဟင်္သာပြဒါးဂြိုဟ်တွင် ရှိခဲ့စဉ်ကနှင့် အတော်လေး ဆင်တူနေ၏။

ဆယ့်သုံးသည် အသက်ဝဝရှုသွင်းကာ စကားပြောရန် ပြင်လိုက်၏။ သို့သော် ဝမ်လင်းက ခေါင်းခါ ပြသည်ကို တွေ့သည့်အခါ သူသည် စကားမဆိုတော့ပေ။ သို့ပေမည့် သူ့မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုနှင့် လေးစားမှုက ပိုအားကောင်းလာ၏။

သူ့အတွက် ဝမ်လင်းသည် သူ၏ဆရာ၊သူ၏ကျေးဇူးရှင်ပင်။ သူ့ဘဝတစ်ခုလုံးသည် ဝမ်လင်းကြောင့် ပြောင်းလဲခဲ့ရသည်။ သူ သေရမည်ဆိုလျှင်ပင် သူသည် ဝမ်လင်း သူ့အပေါ် လုပ်ပေးခဲ့သည့်အရာများကို မေ့ပစ်မည် မဟုတ်ပေ။

သူသည် ဆယ့်သုံးဖြစ်၏။ သစ္စာရှိရှိ၊ အေးတိအေးစက် ဆယ့်သုံးပင်။

“နောက်ပိုင်းတော့ စစ်ပွဲအတွင်း သူ့သတင်းဘာမှ မကြားရတော့ဘူး။ သူ ဟိုဖန်နိုင်ငံကနေ ထွက်သွားဖို့ အဆင်သင့် ဖြစ်နေတဲ့အချိန် ငါ သူနဲ့ တွေ့ခဲ့တာကို အမှတ်ရမိတယ်…”

ခရမ်းရောင်ဝတ်ရုံဖြင့် အမျိုးသမီးက တည်ငြိမ်စွာပြောလိုက်၏။ သူမပတ်လည်ရှိ ဆွေးနွေးသံများသည်လည်း ပြန်ငြိမ်သက်သွားသည်။

မည်သူကမျှ အဖြူရောင်ဝတ်စုံဖြင့်လူ လှမ်းလျှောက်ဝင်လာသည်ကို သတိမပြုမိကြပေ။ သူတို့အားလုံး၏ အာရုံကို ထိုခရမ်းရောင်ဝတ်ရုံဖြင့် အမျိုးသမီးက စွဲဆောင်ထားပေသည်။

“နောက်ပိုင်းမှာ၊ အမြုတေဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ လိုက်လံတိုက်ခိုက်မှုအောက်ကနေ လီမူဝမ်ကို ကယ်တင်ပေးခဲ့ပြီး ဟင်္သာပြဒါးဂြိုဟ်ရဲ့ အတော်လေး အန္တရာယ်များတဲ့နေရာထဲ ဝင်ရောက်သွားခဲ့တယ်လို့တော့ ငါ ခပ်သဲ့သဲ့ ကြားခဲ့ရတယ်။ အဲ့နေရာကို နတ်ဆိုးပင်လယ်လို့ ခေါ်တယ်…” ခရမ်းရောင်ဝတ်ရုံဖြင့်အမျိုးသမီးသည် အတိတ်ကို ပြန်တွေးကာ ပြောပြနေ၏။

ခရမ်းရောင်ဝတ်ရုံဖြင့် အမျိုးသမီး စကားကို နားထောင်နေရင်း ဝမ်လင်းက အရက်ခွက်တစ်ခွက်ကို ကောက်ကိုင်ကာ မော့သောက်လိုက်၏။ သူ၏မျက်လုံးထဲတွင် အတိတ်ကို အောက်မေ့မှုများ ပြည့်နှက်လာလျက် သူသည် ဖြည်းဖြည်းချင်း ပြုံးမိလာ၏။ သူသည် လီမူဝမ်ကို အမြုတေဖွဲ့တည်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်က လိုက်လံခဲ့သည့်အဖြစ်ကို ပြန်အမှတ်ရမိ၏။ သူမ၏ အကူအညီမဲ့သောအကြည့်၊ အကူအညီတောင်းခံမှုတို့ကို ပြန်အမှတ်ရမိသည်။

ဆယ့်သုံးက အရက်အိုးကို ကောက်ယူကာ သူ့ဆရာအတွက် ငှဲ့ပေးလိုက်၏။

“အမြုတေဖွဲ့တည်ခြင်းအဆင့် ဟုတ်လား။ ဟက်…အဲ့ကျင့်ကြံသူ ခုထိ အသက်ရှင်သေးလား။ သူက ချိပ်ပိတ်နယ်မြေအရှင်ကို တကယ် ရန်မူဝံ့ခဲ့တာလား။ သူသာ အသက်ရှင်နေသေးရင် သူ့ကျင့်ကြံမှုအဆင့်က သိပ်မြင့်အုံးမှာ မဟုတ်ဘူး။ ချိပ်ပိတ်နယ်မြေအရှင်က အလေးမစိုက်တော့ရင်တောင် ဒီအဘိုးအိုက သူ့စိတ်ဝိညာဉ်ကို သန့်စင်ပစ်လိုက်မယ်…”

“အမှန်ပဲ။ သူက ချိပ်ပိတ်နယ်မြေအရှင်ကို စော်ကားခဲ့တဲ့ အဓိပ္ပာယ်ဟာ ကြယ်အဖွဲ့အစည်းလေးခုလုံးက ကျင့်ကြံသူအားလုံးကိုပါ စော်ကားတဲ့ သဘောပဲ…”

“အမျိုးသမီးကျိုး…။ ချိပ်ပိတ်နယ်မြေအရှင်ကို အမဲလိုက်ခဲ့တဲ့ အဲ့မကောင်းတဲ့ ကျင့်ကြံသူရဲ့ နာမည်က ဘာလဲ…”

ခရမ်းရောင်ဝတ်ရုံဖြင့် အမျိုးသမီးက ခေါင်းယမ်းလိုက်ပြီး ဆက်ပြောလာသည်။ “ငါ မေ့သွားပြီ။ အဲ့နောက်ပိုင်း ငါ ချိပ်ပိတ်နယ်မြေအရှင်ကို လုံးဝ ထပ်မတွေ့တော့ဘူး…။ ဒါပေမဲ့ နှစ်ပေါင်းရာချီ ကြာပြီးတဲ့နောက်မှာ ဟင်္သာပြဒါးဂြိုဟ်တစ်ခုလုံးကို တုန်လှုပ်စေခဲ့တဲ့ ဝမ်လင်း ဆိုတဲ့ နာမည်ကို ကြားခဲ့ရတယ်။ သူဟာ ကျောက်နိုင်ငံက ကျင့်ကြံသူတစ်ယောက် ဖြစ်တယ်။ သူ အခြေခံတည်ဆောက်ခြင်းအဆင့်မှာ ရှိခဲ့တုန်းက သူဟာ သူ့မိသားစုတစ်စုလုံးကို သတ်ခဲ့တဲ့ ထျန်လို့ အမည်ရတဲ့စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ရန်စမိခဲ့တယ်…”

ပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် ဒီစကားများကို ခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်၏။ သူတို့သည် ချိပ်ပိတ်နယ်မြေအရှင်က သာမန်လူများ တောင့်မခံနိုင်သော နာကျင်မှုကို တောင့်ခံနိုင်ခဲ့ပုံကို စိတ်ကူးကြည့်မိကုန်သည်။

“အဲ့ဒီနောက် သူက ကျောက်နိုင်ငံကို ပြန်သွားခဲ့ပြီး ဟင်္သာပြဒါးဂြိုဟ်တစ်ခုလုံးကို တုန်လှုပ်စေတဲ့ အရာတစ်ခုကို လုပ်ဆောင်ခဲ့တယ်။ ကျောက်နိုင်ငံမှာ သွေးတွေ မြစ်လို စီးဆင်းခဲ့တယ်။ အဲ့စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူရဲ့ မိသားစုတစ်စုလုံးလဲ အသတ်ခံခဲ့ရတယ်။ ဘယ်သူမှ အသက်မရှင်ခဲ့ဘူး…”

“သူက လူကောင်းတစ်ယောက်တော့ မဟုတ်ဘူး။ အရင်တုန်းက သူဟာ အမုန်းတရားကို အစွမ်းကုန် ပုံချ ပေါက်ကွဲခဲ့တယ်။ ထျန်မိသားစုသွေးမျိုးဆက် ပိုင်ဆိုင်တဲ့ လူတိုင်းဟာ အသတ်ခံခဲ့ရတယ်။ ပြောကြတာက အဲ့အချိန်တုန်းက ကျောက်နိုင်ငံရဲ့ ကောင်းကင်ဟာ သွေးနီရောင် စွန်းထင်းခဲ့တယ်တဲ့…” ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီး၏အသံသည် တည်ငြိမ်သည်။ သို့သော် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် သတ်ဖြတ်လိုစိတ်နှင့် အမုန်းတရားကို ခံစားမိနိုင်ကြသည်။

သူတို့သည် ဝမ်လင်းက ထျန်မိသားစုကို အမြစ်ပါမကျန် လက်စားပြန်ချေခဲ့ချိန်က ကောင်းကင်တုန်လှုပ်ဖွယ် ဟစ်အော်ကြွေးခဲ့သံကို ကြားယောင်မိကုန်သည်။

ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေပြီး အရက်များ တစ်ခွက်ပြီးတစ်ခွက် သောက်နေ၏။ ဆယ့်သုံးက ဆက်တိုက် ငှဲ့ပေးနေသည်။ သူ့အတွက်လည်း ဝမ်လင်း၏ဇာတ်လမ်းကို ခုမှ ပထမဆုံး ကြားဖူးခြင်း ဖြစ်၏။ ထို့ကြောင့် သူလည်း ငြိမ်သက်တိတ်ဆိတ်လို့နေသည်။

“ကောင်းတယ်။ ဒီလိုလက်စားချေမှုက ဖြစ်သင့်တယ်…”

“အဲ့စဦးစိတ်ဝိညာဉ်အဆင့် ထျန်ကျင့်ကြံသူက အသတ်ခံသင့်တယ်။ ဒါပေမဲ့ သူ့တမိသားစုလုံးကတော့…” အချို့ကျင့်ကြံသူများက ဒီအချက်ကို လက်မခံချင်ကြပေ။

“ဟက်…မင်းက ချိပ်ပိတ်နယ်မြေအရှင် မဟုတ်ဘူးလေ၊ သူချစ်တဲ့ သူတွေအားလုံး အသတ်ခံရတဲ့အခါ သူ ဝမ်းနည်းပြီး မျှော်လင့်ချက်မဲ့ခဲ့ရတဲ့အဖြစ်မျိုး မင်း ဘယ်လိုလုပ် ကြုံ့ခဲ့ဖူးမှာလဲ။ ဒီအဘိုးအိုကတော့ သူလွန်တယ်လို့ မထင်ဘူး…”

လူတိုင်းသည် ခပ်တိုးတိုး ရေရွတ်နေရင်း ခရမ်းရောင်ဝတ်ရုံဖြင့် အမျိုးသမီး၏အသံသည် ဆက်လက် ပဲ့တင်ထပ်နေ၏။

ဝမ်လင်းက အရက်များကို တစ်ကျိုက်တည်း မော့လိုက်၏။ ထို့နောက် သူက ခွက်ချကာ အကွာအဝေးတစ်ခုထံသို့ ကြည့်လိုက်သည်။ သူသည် တကယ်ပင် အိမ်လွမ်းမိနေပြီ။ သူသည် သူ၏မိဘများနှင့် သူ တွေ့မြင်ချင်သူများကို သတိရနေမိသည်။

“သွားကြစို့…” ဝမ်လင်းက ထရပ်ကာ တည်းခိုးခန်းထဲကနေ လှမ်းလျှောက်ထွက်လာ၏။ ဆယ့်သုံးက စိတ်ဝိညာဉ်ကျောက်တုံးအချို့ကို စားပွဲပေါ် တင်ခဲ့ပြီး ဝမ်လင်းနောက်သို့ လိုက်လာသည်။

“အတိတ်တုန်းက ချိပ်ပိတ်နယ်မြေအရှင်နဲ့ ပတ်သတ်ပြီး ငါ ကြားခဲ့ဖူးတယ်။ သူက ဟင်္သာပြဒါးဂြိုဟ်ရဲ့ အရှင်သခင် ဖြစ်ဖို့ အခွင့်အရေး ရခဲ့တယ်တဲ့။ ဒါပေမဲ့ အဆုံးသပ်မှာ သူက ထွက်လာဖို့ပဲ ရွေးချယ်ခဲ့တယ်။ ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာ ဂြိုဟ်ကို စောင့်ရှောက်ပေးတဲ့ သူ့ရုပ်တုတစ်ခု ရှိနေတယ်…” ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးက စကားပြောနေရင်း သူမက တစ်ခုခုကို သတိပြုမိဟန်တူကာ တည်းခိုးခန်းအဝသို့ လှမ်းကြည့်လိုက်သည်။

သူမ၏အကြည့်က ဆယ့်သုံးအပေါ် ကျော်လွန်ပြီး ဝမ်လင်း၏နောက်ကျော၌ တန့်သွား၏။

“သူ့ကို ငါ သိသလိုပဲ…”

ဝမ်လင်းသည် တည်းခိုးခန်း တံခါးလိုက်ကာစကို ပင့်တင်လိုက်ပြီးနောက် ခေါင်းလှည့်လိုက်၏။ သူက သူ့ကို ကြည့်နေသော ခရမ်းရောင်ဝတ်ရုံဖြင့် အမျိုးသမီးကို ကြည့်ကာ ပြုံးလိုက်၏။ သူက ညင်သာစွာ ခေါင်းယမ်းပြလိုက်ပြီး လှမ်းထွက်လာတော့သည်။

ဆယ့်သုံးကလည်း ဝမ်လင်းနောက်သို့ လိုက်လာသည်။

ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးသည် တုန်ယင်သွားကာ နေရာတွင်ပင် တောင့်တင်းသွားမိသည်။ ထိုလူ၏ အပြုံးက သူမစိတ်ထဲတွင် ပြည့်နှက်လာသည်။ သည်ပုံရိပ်က အတိတ်တုန်းက သူမသိမြင်သော ပုံရိပ်နှင့် တစ်ထပ်တည်း ကျလာတော့သည်။

“သူ…သူက…” ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးသည် မယုံကြည်နိုင် ဖြစ်သွား၏။ သူမ၏စိတ်သည် ဗလာကျင်းမိသွားသည်။

“ဒါက သူပဲ…”

“စီနီယာအစ်မ…ဘာဖြစ်လို့လဲ…” ပန်းရောင်ဝတ်ရုံနှင့် အမျိုးသမီးသည် ခရမ်းရောင်အမျိုးသမီး မင်သက်မိနေသည်ကို တွေ့လိုက်ရ၏။ ထို့ကြောင့် သူမက အကြိမ်အနည်းငယ် ညင်သာစွာ တွန်းလိုက်၏။ သူမသည် သူမစီနီယာအစ်မ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်သည်။ သို့သော် တံခါးလိုက်ကာစကသာ ညင်ညင်သာသာ လှုပ်ယမ်းနေသည်ကိုသာ မြင်လိုက်ရသည်။

သူမသာမက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည်လည်း လှမ်းကြည့်လိုက်ကြ၏။ သို့ပေမည့် သူတို့သည်လည်း လိုက်ကာစ လှုပ်ယမ်းနေသည်ကို တွေ့မြင်ပြီး တခြား မည်သည့်အရာကိုမျှ မမြင်တွေ့ပေ။

“ဘာမှမဟုတ်ပါဘူး…” ထိုခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးကို ကျိုးဇီဟောင်ဟု ခေါ်ပေ၏။

သူမသည် သူမလက်ဖြင့် ဆံပင်ကို နားနောက်သို့ အလိုလို သပ်တင်လိုက်ပြီး သူမ၏မှတ်ဉာဏ်များအကြောင်း ဆက်ပြောပြရန် ဟန်ပြင်သည်။ သူမ ပြောနေရင်း သူမသည် အောက်မေ့ဖွယ်ပြုံး၍ ဝမ်လင်းလှည့်ကြည့်လိုက်သော အပြုံးကို ပြန်မြင်ယောင်မိသည်။

မြင့်မားသော တောင်ထိပ်တစ်ခုပေါ်၌ လေပြင်းများ တိုက်ခတ်နေကာ လူအများ မလာနိုင်အောင် ဟန့်တားထားသည့်အလား။ ဝမ်လင်းသည် ထိုနေရာတွင် ရပ်နေ၏။ ဆယ့်သုံးက သူ့ရှေ့တွင် ဒူးတစ်ဖက် ထောက်လျက် ရှိသည်။

“ဆရာ…ဆယ့်သုံး သင့်နောက်လိုက်ချင်ပါတယ်…”

“ဆယ့်သုံး၊ မင်းက ငါ့ရဲ့ ပထမဆုံးတပည့်၊ ငါ့နောက်ကို အချိန်အကြာဆုံး လိုက်ခဲ့တဲ့သူ ဖြစ်တယ်…” ဝမ်လင်း၏အသံသည် ညင်သာနေ၏။ သူက ဆယ့်သုံးကို ကြင်နာစွာ ကြည့်လိုက်သည်။

ဆယ့်သုံးက ခေါင်းညိတ်လိုက်ပြီး ဝမ်လင်းကို ကြည့်၏။ သူ့အတွက် ဝမ်လင်းသည် အဖေကဲ့သို့ ဆရာတစ်ယောက်ပင်။

“ဒါပေမဲ့ ငှက်တစ်ကောင် ကြီးပြင်းချင်ရင် လေပြင်းနဲ့မိုးဒဏ်ကို တစ်ကိုယ်တည်း ရင်ဆိုင်အံတုဖို့ လိုအပ်တယ်။ လေပြင်းနဲ့မိုးတွေကို ကျော်လွှားနိုင်မှ တိမ်တိုက်တွေရဲ့ အထက်ကို တက်လှမ်းနိုင်မှာ ဖြစ်တယ်။ မင်း ကောင်းကောင်း လုပ်ခဲ့ပြီးပြီးပဲ…”

ဝမ်လင်းသည် ဆယ့်သုံး၏ပုခုံးကို ပုတ်လိုက်၏။

“ဒါပေမဲ့ဆရာ…” ဆယ့်သုံးက စကားပြောရန် ဟန်ပြင်လိုက်စဉ် ဝမ်လင်းက ခေါင်းယမ်းကာ ကြားဖြတ် ပြောလိုက်၏။

“ဆယ့်သုံး၊ ငါ့တပည့်တွေဟာ ငါ့အကွာအကွယ်အောက်မှာပဲ နေတဲ့ ကျင့်ကြံသူတစ်ယောက် မဖြစ်ရဘူး။ ငါ့တပည့်တွေဟာ ကောင်းကင်ဘုံကိုဖိဆန်တဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ နှလုံးသားမျိုး ပိုင်ဆိုင်ရမယ်။ ငါ့တပည့်က ကောင်းကင်နဲ့မြေကြီးကို ဖိဆန်တိုက်ခိုက်ရဲတဲ့ ပြတ်သားမှုမျိုး ရှိရမယ်…”

“ငါ့တပည့်ဟာ လူတွေကြားက နဂါး ဖြစ်ရမယ်။ ကောင်းကင်နဲ့မြေကြီးရဲ့ အထက်မှာ ရှိရမယ်။ မင်းကို ငါ့ရဲ့ ပထမဆုံးတပည့်လို့ လူတွေပြောတဲ့အချိန်မှာ မင်းအပေါ် လူတိုင်းက လေးစားမှု ရှိနေအောင်၊ အာရုံစိုက်နေအောင် မင်း လုပ်နိုင်ရမယ်…”

“ဆရာ…” ဆယ့်သုံးသည် စိတ်လှုပ်ရှားကာ ခေါင်းညိတ်လိုက်၏။

“တကယ်တော့…မင်းကို အနိုင်ကျင့်ရဲတဲ့ တစ်ယောက်ယောက်ရှိခဲ့ရင်တော့ မင်းရဲ့ ဆရာက ခွင့်ပြုမှာ မဟုတ်ဘူး။ ဒီနေ့ကစပြီး မင်းဟာ ငါ့ပထမဆုံးတပည့်တစ်ယောက်အဖြစ် မင်းလမ်းမင်း ဖောက်ရမယ်…” ဝမ်လင်းသည် သူ့တပည့်များထဲတွင် ဆယ့်သုံးနှင့် အချိန်အများဆုံး ကုန်ဆုံးခဲ့ခြင်းပင်။ ဆယ့်သုံးကိုလည်း အတွယ်တာဆုံး ဖြစ်၏။ သူ ထိုသို့ ပြောနေရင်း သူ့ညာလက်ဖြင့် ဆယ့်သုံး၏ခေါင်းကို ပုတ်လိုက်သည်။

***

All Chapters