← Chapters

ဘာမှမလုပ်နဲ့…

Vol. 118 Ch. 1619

ဘာမှမလုပ်နဲ့…

Vol. 118 Ch. 1619

သည်ဂြိုဟ်၏ အနောက်မြောက်ပိုင်းတွင် စိတ်ဝိညာဉ်စွမ်းအင်များ ပေါကြွယ်သော တောင်တန်းတစ်ခု ရှိလေ၏။ ထိုတောင်တန်းကို တောအုပ်တစ်ခုက ဝန်းရံထားသည်။ သစ်ရွက်များသည် နေရောင်မထိုးဖောက်နိုင်လောက်အောင် ပြွတ်သိပ်နေရာ ထိုဧရိယာသည် တစ်နှစ်ပတ်လုံး စိုစွတ်နေလေ၏။

ထိုတောအုပ်အတွင်း၌ ရှည်လျားသောတောင်တစ်လုံး ရှိနေ၏။ ၎င်းတောင်မှာ မြင့်မားကာ မြူများ ဝန်းရံထားသည်။ ထိုမြူများကြောင့် ၎င်းတောင်ကို ဝါးတဝါးသာ မြင်ရနိုင်သည်။

ထိုတောင်ထံမှ အစီအရင်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ မြူထုကို ထွင်းဖောက်သွားသည်။ ထိုအလင်းတန်းသည် အသက်ရှုချိန်အတော်အတန် ကြာမြင့်ပြီးနောက် ဖြည်းဖြည်းချင်း အားနည်းသွားသည်။

ထိုတောင်အတွင်း၌ လှိုဏ်ဂူတစ်လုံး ရှိသည်။ ထိုလှိုဏ်ဂူထံမှ မှုန်မှိုင်းသောခံစားချက်ကို ပေးစွမ်းနေသည်။

ထိုလှိုဏ်ဂူအတွင်း၌ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခု ရှိနေပြီး အလင်းတန်းက ထိုအစီအရင်ကနေ ထွက်လာခြင်းပင်။ အလင်းသည် အားနည်းသွားရင်း လူ သုံးယောက်လှမ်းထွက်လာသည်။ ထိုသုံးယောက်မှာ အရူး၊ ရှုလီကောနှင့် လျိုကျင်းပြောင်တို့ပင်။

အရူးသည် လှိုဏ်ဂူကို မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ကြည့်၍ ပွစိပွစိ ပြောလိုက်သည်။ “ဒီဘုရင် စိတ်ရှုပ်လာပြီ။ ဒါက ဘယ်နေရာလဲ…”

ရှုလီကောသည် စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံမှ အလျင်အမြန် လှမ်းလျှောက်ထွက်လာသည်။ သူက ချောင်းဟန့်ကာ အပြုံးတုတစ်ခု တပ်ဆင်လိုက်၏။ “ဘုရင်…ဒီနေရာပဲ။ သင် ဒီမှာ စောင့်နေပါ။ ငါ မိန်းကလေး အဆင်သင့်ဖြစ်ပြီလား ဆိုတာကို သွားကြည့်လိုက်အုံးမယ်…”

အရူးသည် မိန်းကလေး ဟူသော စကားကို ကြားလိုက်ရသည့်အခါ သူသည် ဆက်လက် စိတ်ရှုပ်မနေတော့ဘဲ သူ့မျက်လုံးသည် တလက်လက် ဖြစ်လာ၏။ သူက လက်နှစ်ဖက်ဆုပ်ကာ အော်ပြောလိုက်သည်။ “ဟားဟား…ကောင်းတယ်။ ဒီဘုရင်က မင်းပြောသလောက် အဲ့ကောင်မလေး လှလား ဆိုတာ မြင်ချင်မိတယ်။ ဒီဘုရင် စိတ်ကျေနပ်ရင် မင်းကို ဆုချီးမြှင့်မယ်…”

လျှိုကျင်းပြောင်သည် အစီအရင်ထံမှ ထွက်လာကာ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ ကျောက်ထိုင်ခုံတစ်လုံး ပျံသန်းထွက်လာသည်။ အရူးသည် ထိုင်ချလိုက်ပြီးနောက် သူက ပြုံး၍ အရူး၏ပုခုံးနှစ်ဖက်ကို နှိပ်နှယ်ပေးလိုက်သည်။

လျှိုကျင်းပြောင်သည် အတော်လေး အားစိုက်နှိပ်ပေးနေ၏။ သူ့အနှိပ်စွမ်းရည်မှာ ကောင်းမွန်လှ၏။ ထိုအဖြစ်က အရူးကို အတော်လေး သက်တောင့်သက်သာ ခံစားရစေသည်။ အရူးက မျက်လုံးမှိတ်ကာ ဇိမ်ခံနေလေ၏။

ခဏအကြာတွင် လျှိုကျင်းပြောင်က နှိပ်နေရာကနေ ရပ်လိုက်ပြီး အရူးဘေးနားသို့ လာရပ်သည်။ ထို့နောက် သူက အလွန်လေးစားသည့်ဟန်ပန်ကို ဆင်မြန်းကာ ဒူးထောက်ချလျက် လက်နှစ်ဖက်ကို ရှေ့ဆန့်ထုတ်ကာ ငြိမ်သက်စွာ ခေါင်းငုံ့ထားလိုက်သည်။

အရူးသည် တဒင်္ဂစောင့်နေပြီးနောက် စဉ်းစားမရဟန်ဖြင့် မျက်လုံးဖွင့်လာသည်။ သူက လျှိုကျင်းပြောင်ကို ကြည့်ကာ ခေါင်းကုတ်သည်။ “နှိပ်ပြီးသွားပြီလား။ မြန်လိုက်တာကွာ…”

လျှိုကျင်းပြောင်သည် မလှုပ်ပေ။ ဒူးထောက်လျက်ဖြင့်သာ ပြောလိုက်သည်။ “အရှင်မင်းကြီး…ကျေးဇူးပြုပြီး ဆုချီးမြှင့်ပေးပါ…”

အရူးသည် ခဏတာ မင်သက်သွား၏။ သူက ရေရွတ်လိုက်သည်။ “နည်းနည်းလေး နှိပ်ရုံနဲ့ မင်းက ဆုလဒ်လိုချင်တယ်လား။ ငါ မင်းကို ဘာမှ မပေးနိုင်ဘူး။ ဒီဘုရင်ရဲ့ သွေးက အလွန်အဖိုးတန်တယ်။ အတိတ်တုန်းကဆို…အယ်…ဘယ်သူ…ဘယ်သူက…ဘယ်သူလဲ…”

သူ့ စကားမဆုံးခင်မှာပင် လျိုကျင်းပြောင်သည် ခေါင်းမော့ကာ အရူးကို အလေးအနက် ကြည့်၍ ပြောလိုက်၏။ “အရှင်မင်းကြီး…ကျေးဇူးပြုပြီး ကျနော်မျိုးကို ဆုချီးမြှင့်ပေးပါ…”

အရူးသည် ဒေါသထွက်လာ၏။ သူက ထရပ်ကာ အော်ပြောလိုက်သည်။ “မပေးနိုင်ဘူး။ မပေးနိုင်ဘူး။ ဒီဘုရင် ဘာမှ မပေးနိုင်ဘူး…”

အရူး၏အော်သံကို ကြားရသည့်အခါတွင်လည်း လျှိုကျင်းပြောင်၏အမူအရာသည် ပုံမှန်အတိုင်းပင်။ သူက ပြောလိုက်၏။ “အရှင်မင်းကြီး ဒီကို ရောက်လာတည်းက သင် စားသမျှ၊ သုံးသမျှ၊ ကစားသမျှကို ကျနော်မျိုး ရှင်းပေးခဲ့ရပါတယ်။ ကျနော်မျိုး စိတ်ဝိညာဉ်ကျောက်တုံးအများကြီး သုံးစွဲ ကုန်ဆုံးခဲ့ရပါတယ်…”

“ဒီဘုရင် မင်းကို ဘာမှ ပေးမှာ မဟုတ်ဘူး…” အရူးသည် အော်ဟစ်နေဆဲ ဖြစ်သော်လည်း သူ့အသံက သိသာစွာ တိုးသွား၏။

“ဒါ့အပြင် သေမျိုးမြို့တော်မှာ သင် အသုံးပြုခဲ့တဲ့ ငွေကြေးကိုလည်း ကျနော်ကပဲ သင့်ကို ပေးခဲ့တာ။ ကျနော် သုံးခဲ့တဲ့ငွေအားလုံးကို ကောင်းကောင်းမှတ်မိတယ်…” လျှိုကျင်းပြောင်၏အသံသည် တည်ငြိမ်နေ၏။

“အား ငါ အများကြီး မသုံးခဲ့ပါဘူး…” အရူး၏အသံသည် ပိုပို တိုးလာသည်။

“အရှင်မင်းကြီးက ရက်ပေါင်းဆယ့်သုံးရက်အတွင်း ငါ့ရှိက စိတ်ဝိညာဉ်ကျောက်တုံး(၇၃၀၀၀၀) နဲ့ ငွေကြေး(၉၈၅၀၀၀၀) ကို သုံးစွဲခဲ့တယ်။ အရှင်မင်းကြီး သင်က ငါ့ကို အသေးစိတ် စာရင်းပြစေချင်တာလား…” လျှိုကျင်းပြောင်သည် တည်ငြိမ်စွာဖြင့် အသေးစိတ် ပြောနေလေ၏။

အရူးသည် မျက်လုံး ပြူးသွားသည်။ သူ့မှတ်ဉာဏ်မှာ နည်းနည်းဝေဝါးနေ၏။ သည်ဆယ်ရက်ကျော်အတွင်း သူက ဒီလောက်များများ အသုံးခဲ့ဟု ခံစားမိနေသည်။

ထိုအခိုက်အတန့်၌ သူက လျှိုကျင်းပြောင်၏ ကုန်ကျစရိတ်အသေးစိတ်တွက်ပြမှုကို ကြားနေရသည့်အခါ သူသည် စတင်ချွေးပြန်လာတော့သည်။

“တကယ်တော့…သခင်က အရှင်မင်းကြီးကို ဂရုစိုက်ဖို့ ငါတို့ကို အမိန့်ပေးထားခဲ့တာ။ ဒါ့ကြောင့် ဒါက ပုံမှန်ပါဘဲ။ အရှင်မင်းကြီးဟာ ကပ်စီးနဲတဲ့လူ မဟုတ်ပါဘူး။ အခု သင့်မှာ ဘာစိတ်ဝိညာဉ်ကျောက်တုံးမှ မပိုင်ဆိုင်ထားဘူး။ ဖြစ်နိုင်တာက အရှင်မင်းကြီးရဲ့ ရတနာတွေအားလုံးကို အနီရောင်လေးကများ ယူသွားခဲ့တာလား…” လျှိုကျင်းပြောင်က ခေါင်းစဉ် ပြောင်းလိုက်သည်။

“ကောင်းပြီ။ အနီရောင်လေးကို သွားရှာမယ်။ ဟားဟား သွားရှာမယ်။ ဒီဘုရင်က ဘယ်လိုလုပ် တွန့်တိုပါ့မလဲ။ ဒီဘုရင်က တစ်စက်လေးမှ ကပ်စီးမနဲဘူး။ မင်း အနီရောင်လေးကို သွားရှာတာ ပိုကောင်းတယ်။ အနီရောင်လေးရှိမှာ ဒီဘုရင်ရဲ့ ပိုင်ဆိုင်မှုအားလုံး ရှိတယ်…” အရူးသည် ချွေး သုတ်လိုက်ပြီး ခေါင်းညိတ်ပြ၏။

“အရှင်မင်းကြီးက စေတနာကောင်းတဲ့သူပါ။ သင့်အတွက် ငါ သုံးစွဲခဲ့ရတာတွေက အလကားဟသ ဖြစ်သွားလောက်မှာ မဟုတ်ပါဘူး။ စိတ်ဝိညာဉ်ကျောက်တုံးနဲ့ ငွေကြေးကိုတော့…အင်း အဲ့တာတွေက ငါ နှစ်ပေါင်းတစ်ထောင်ကျော် စုဆောင်းထားခဲ့တာတွေ ဖြစ်ပေမဲ့လည်း အရှင်မင်းကြီးအတွက် လက်ဆောင်တစ်ခုပေးတယ်လို့ပဲ ယူဆလိုက်ပါတော့မယ်။ ငါတို့ အနီရောင်လေးကို ရှာစရာ မလိုတော့ပါဘူး…” လျှိုကျင်းပြောင်သည် ခေါင်းယမ်းကာ သက်ပြင်းချလိုက်၏။ သူက စကားဆက်၍ မဆိုတော့ဘဲ ဘေးတစ်ဖက်သို့ လျှောက်သွားသည်။ သူသည် ရှေ့တည့်တည့်ရှိ ကျောက်နံရံကိုသာ စိတ်မကောင်းဟန်ဖြင့် စိုက်ကြည့်နေသည်။

အရူးသည် လျှိုကျင်းပြောင်ကို ထိုသို့ပုံစံ တွေ့မြင်သည့်အခါ သူက နှာခေါင်းပွတ်လိုက်မိပြီး စိတ်ထဲမကောင်းသလို ဖြစ်သွားသည်။ သူက ခေါင်းကုတ်ကာ သူ့လက်ချောင်းထိပ်ကို အနည်းငယ်ကိုက်လိုက်ပြီး သူ့သွေးတစ်စက်ကို ညှစ်ထုတ်၍ လျှိုကျင်းပြောင်ထံ လှမ်းပေးလိုက်သည်။

အရူးသည် စိတ်ထဲနာ နာကျင်နေရသော်လည်း သူက သဘောထားကြီးဟန်ဆောင်ကာ ပြောလာသည်။ “မင်းက လူကောင်းပဲ။ မင်းက ရှုလီကောလိုမျိုး တကယ် လူကောင်းပဲ။ ဒီဘုရင်က မတွန့်တိုပါဘူး…”

လျှိုကျင်းပြောင်သည် စိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားကာ သူသည် မည်သည့်အမူအရာမှ မဖြစ်ပေါ်စေဘဲ ကျေးဇူးတင်ကြောင်းသာ ခပ်တိုးတိုး ပြောလိုက်သည်။

သူ ထိုသို့ပုံစံ ပြုမူလေလေ အရူးသည် လျှိုကျင်းပြောင်အပေါ်၌ သူ တစ်ခုခု အကြွေးတင်နေသလို ခံစားမိရ၏။ သူက နောက်ထပ်သွေးခုနစ်စက်၊ ရှစ်စက်ခန့်ကို ညှစ်ထုတ်ကာ လျှိုကျင်းပြောင်ကို ပေးလိုက်လေ၏။

လျှိုကျင်းပြောင်၏ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ သူသည် စိတ်လှုပ်ရှားမှုကို ဆက်လက် မဖုံးကွယ်ထားနိုင်တော့ပေ။ သူက ထိုသွေးစက်များကို အမြန်သိမ်းဆည်းကာ အရူးထံ ဦးညွှတ်လိုက်၏။

ထိုအခိုက်တွင် ရှလီကောသည် လှိုဏ်ဂူထဲမှ ထွက်လာ၏။ သူက ပြုံး၍ ပြောလိုက်သည်. “အရှင်မင်းကြီး…ဟိုကောင်မလေး အဆင်သင့်ဖြစ်နေပြီ။ ငါတို့ ခု သွားကြည့်ရင် ဘယ်လိုလဲ…”

အရူးသည် ထိုစကားကို ကြားလိုက်ရသည့်နောက် စိတ်နှလုံးကိုက်ခဲမှုကို မေ့သွားလေ၏။ သူက စိတ်လှုပ်တရှား ထလာပြီး ခေါင်းညိတ်သည်။

ရှုလီကောသည် မချိုပြုံးပြုံးလိုက်၏။ သူက အရူးကို ရွှေ့လျားနေသော ရတနာတစ်ခုကဲ့သို့ ကြည့်လိုက်သည်။ သူနှင့် လျှိုကျင်းပြောင်တို့က အရူးကို လှိုဏ်ဂူ၏အတွင်းနက်ပိုင်းသို့ ဦးဆောင်ခေါ်လာသည်။

လှိုဏ်ဂူအတွင်း၌ အခန်းတစ်ခု ရှိနေသည်။ ထိုအခန်းတံခါးဝတွင် လိုက်ကာစတစ်ခု ရှိသည်။

ထိုတံခါးအပြင်ဘက်သို့ ရောက်လာသည့်နောက် ရှုလီကောသည် မချိုပြုံးပြုံးကာ ခပ်တိုးတိုး ပြောလိုက်၏။ “အရှင်မင်းကြီး…ကောင်မလေးက အထဲမှာ သင့်ကို စောင့်နေတယ်။ မြန်မြန် သွားတော့။ ငါတို့ အပြင်မှာ သင့်ကို စောင့်နေပေးမယ်…”

အရူးသည် ဘဝင်ခိုက်နေသော အမူအရာ လှစ်ဟလိုက်၏။ သူက အခန်းထဲ ဝင်ရန် ဟန်ပြင်လိုက်ပြီး နောက်လှည့်ကာ ရှုလီကောကို မျက်နှာချင်းဆိုင်၍ လေးလေးနက်နက် အမူအရာဖြင့် မေးလိုက်၏။ “ဒါက မင်း ပြောသလိုမျိုး တကယ် ပျော်ရွှင်ရမှာ သေချာတယ်နော်…”

ရှုလီကောက သူ့ရင်ဘက်ကို ပုတ်ကာ ခေါင်းညိတ်လိုက်သည်။ “ဒီကောင်လေးက ဘယ်တော့မှ မလိမ်ပါဘူး။ အရှင်မင်းကြီး ကြိုးစားကြည့်ရင် သိလာပါလိမ့်မယ်…”

အရူး၏မျက်လုံးတို့သည် စိတ်လှုပ်ရှားဟန် ဖြစ်လာ၏။ သူက အခန်းထဲသို့ ခြေလှမ်းဝင်လိုက်သည်။ တစ်ချက်ကြည့်လုံရုံဖြင့် သူက သိပ်မဝေးသောနေရာတွင် ထိုင်သည့် ဝတ်စုံနက်ဖြင့် လူငယ်တစ်ယောက်ကို လှမ်းမြင်လိုက်သည်။ ထိုလူငယ်က အလွန်ချောမောပေသည်။

“ဟားဟား…ကောင်မလေး…နင့်နာမည် ဒီဘုရင်ကို ပြောစမ်း။ ဒီဘုရင်က နင့်ကို ဆုချီးမြှင့်မယ်…”

လူငယ်က မျက်မှောင်ကြုတ်ကာ အေးစက်စက် ပြောလိုက်သည်။ “ငါ့နာမည်က ဖန်ဟွာဖီ…”

အခန်းအပြင်ဘက်တွင် ရှုလီကောက သူ့လက်နှစ်ဖက်ကို ပွတ်သပ်နေရင်း စိတ်လှုပ်ရှားဟန် ပေါ်နေသည်။ သူက လျှိုကျင်းပြောင်ကို ပြုံး၍ ပြောလိုက်သည်။ “လူအိုကြီးလျှို…မင်းရဲ့ လှည့်ဖြားနိုင်စွမ်းက တော်လွန်းပါတယ်။ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ဆယ့်နှစ်ခုလောက် အသုံးပြုလိုက်တာနဲ့ ငါတို့ သွေးအများကြီး ရခဲ့တယ်။ စိတ်ချနေပါ။ ငါတို့ သဘောတူညီချက်အရ မင်း ဆယ့်ပုံသုံးပုံ ရစေရမယ်…”

လျှိုကျင်းပြောင်က ပြုံး၍ ခေါင်းယမ်းလိုက်၏။ ဒါက လှည့်ဖြားတာ မဟုတ်ဘူး။ “ဒီလူအိုကြီးက ဘယ်အရူးကိုမှ မလှည့်ဖြားခဲ့ဖူးဘူး။ သူတို့အားလုံးဟာ ကျင့်ကြံခြင်းအဆင့်မြင့်မားတဲ့ သူတွေပဲ။ သူတို့က အလွန်လည်း ဉာဏ်များကြတယ်။ သူတို့နဲ့ ရင်ဆိုင်တဲ့အခါကျရင် ငါ့အတွက် လှည့်ဖြားမှုတစ်ခုကို ချခင်းထားပြီး ဘာအားနည်းချက်မှ မရှိအောင် လုပ်ရတယ်…”

“ဒီအရူးကတော့…သူ့စိတ်ဟာ ရိုးစင်းလွန်းတယ်။ အရင်က ရှုပ်ထွေးတဲ့လှည့်ဖြားမှုတွေဟာ သူ့အပေါ်မှာ အသုံးမဝင်ဘူး။ ဒီတစ်ကြိမ် ဒီအဘိုးအို အသုံးပြုခဲ့တာဟာ အရိုးရှင်းဆုံးနည်းလမ်းပဲ။ ဒီနည်းလမ်းမှာ ပြစ်ချက်၊အားနည်းချက်တွေ ရှိနေပေမဲ့ ဒါက သက်ရောက်မှု ရှိတယ်လေ…”

ရှုလီကောသည် ရယ်မောကာ ခေါင်းညိတ်လိုက်၏။ “ငါတို့ အချိန်သိပ်မရဘူး။ ဒါပြီးရင် ငါတို့ နေရာအချို့ကို သွားရမယ်။ ဒါ့ကြောင့် ငါတို့ မြန်မြန် လုပ်ဖို့ လိုတယ်။ ငါတို့ ကောင်းတဲ့အရာတွေလည်း လုပ်အုံးမှ မဟုတ်ရင် ဟိုမိစ္ဆာကောင်သာ ပြန်ရောက်လာခဲ့ရင်…” ထိုသို့ပြောရင်း ရှုလီကောသည် တုန်ရင်သွားသည်။ တကယ်တော့ သူသည် အလွန်လန့်နေပေသည်။ သူသည် ကုန်လွန်မည့်အချိန်ကို တွက်ချက်ကာ ကျောက်စိမ်းပြားတစ်ခုကို ချေမွလိုက်၏။

ထိုအခါ လှိုဏ်ဂူအတွင်းရှိ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သည် တဖန် လင်းလက်လာသည်။ ကျင့်ကြံသူဆယ်ယောက်ကျော် ပေါ်လာ၏။ သူတို့အားလုံးက ကြမ်းကြုတ်ရက်စက်မည့်ဟန် ရှိသည်။ ခေါင်းဆောင်မှာ အမျိုးသမီးတစ်ယောက် ဖြစ်ပြီး သူမ၏အမူအရာသည် အေးတိအေးစက်နိုင်လှသည်။ သူတို့က လှိုဏ်ဂူအတွင်းနက်ပိုင်းသို့ ပြေးဝင်လာသည်။

ရှုလီကော၊လျှိုကျင်းပြောင်တို့နှင့် တွေ့ဆုံကြပြီးနောက် သူတို့နှစ်ဘက်လုံးက ပြုံးလိုက်ကြ၏။ ရှုလီကောက တံခါးဘေးသို့ လျှောက်သွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်လေ၏။

“အရှင်မင်းကြီး…မကောင်းတော့ဘူး။ ဖန်ဟွာဖီရဲ့ တာအိုလက်တွဲဖော် ရောက်လာပြီ…”

သူ မူလအနှစ်သာရကို အန်ထုတ်လိုက်ပြီးနောက် ဘေးတစ်ဖက်သို့ လဲကျသွားလေသည်။

လျှိုကျင်းပြောင်က သူ့ရင်ဘက်ကိုယ်သူ ညာလက်ဖြင့် ရိုက်ထည့်ကာ သွေးအန်ထွက်စေလိုက်သည်။

အမျိုးသမီးကျင့်ကြံသူက နှာခေါင်းရှုံ့လိုက်၏။ သူမ၏နောက်မှ ကျင့်ကြံသူဆယ်ယောက်ကျော်နှင့်အတူ သူမသည် လိုက်ကာစကို ဆုတ်ဖြဲပစ်လိုက်သည်။

လိုက်ကာစအတွင်း၌ အရူးသည် ဖန်ဟွာဖီ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။ သူက ရုတ်ချည်းရောက်လာသော ကျင့်ကြံသူအုပ်စုကို ကြည့်ကာ မင်သက်မိနေ၏။

“မင်းတို့…မင်းတို့ ဘာလုပ်မလို့လဲ။ ဒီဘုရင်…ဒီဘုရင်က…” အရူး၏မျက်လုံးထဲတွင် ကြောက်လန့်မှုတို့ ပြည့်လာ၏။ သူက မည်သို့ဖြစ်ပျက်နေသည်ကို မသိနိုင် ဖြစ်နေသည်။

“ပါးစပ်ပိတ်ထားစမ်း။ နင်တို့ကောင်တွေက ဒီလိုအရာမျိုးကို လုပ်ဝံ့တယ်ပေါ့…” အမျိုးသမီးက အရူးကို အေးစက်စက် ကြည့်လိုက်သည်။ တခြားကျင့်ကြံသူများကလည်း အရူးကို ကြမ်းကြုတ်စွာ ကြည့်ကြ၏။ အခန်းထဲတွင် ထိုအုပ်စုဖြင့် ပြည့်နှက်သွားသည်။

အရူးသည် ပူပန်လာ၏။ သူက အလျင်အမြန် ရှင်းပြန်လိုက်သည်။ “အား…ငါတို့ ဘာမှ မလုပ်ဘူးလေ။ ငါ…ငါက သူ့နာမည်ကို မေးရုံလေးပဲ…။ ငါ…”

အရူး၏ မျက်နှာချင်းဆိုင်ရှိ ဝတ်စုံနက်လူငယ်က ရှက်ရွှံ့ဟန်အမူအရာ လှစ်ဟသည်။ သူက ထရပ်ကာ တဖက်သို့ အမြန်လျှောက်လှမ်းသွားသည်။

“ကလိမ်ကကျစ်ပြောဖို့ ကြိုးစားမနေနဲ့။ မင်းရဲ့ သွေးကို ဒီအိုးဆယ်လုံးထဲ ဖြည့်လိုက်။ မဟုတ်ရင် ငါ သူတို့ကို အရင်ဆုံး သတ်ပစ်ရလိမ့်မယ်…” သူမက လက်ဝေ့ယမ်းလိုက်ရာ ကျောက်စိမ်းအိုးဆယ်လုံး အရူးရှေ့တွင် ပေါ်လာလေသည်။ ထို့နောက် ရှုလီကောနှင့် လျှိုကျင်းပြောင်တို့ကို အခန်းထဲ ဆွဲသွင်းလိုက်သည်။ ရှုလီကောက သူ့ခန္ဓာကိုယ်တွင် ဓားများစိုက်နေလျက် ရှိပြီး သူက အားနည်းစွာ အထိတ်တလန့် အော်ပြောလိုက်သည်။

“အရှင်မင်းကြီး။ ငါ့ကို စိတ်မပူပါနဲ့…ပြေးပါတော့…”

လျှိုကျင်းပြောင်ကလည်း သွေးများ ရွှဲနစ်နေ၏။ သို့သော် သူက ရှုလီကော၏စကားများကို ကြားသည့်အခါ ကြိတ်၍ ကျိန်ဆဲလိုက်ပြီး ချက်ခြင်းပင် နာကျင်ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။

“အရှင်မင်းကြီး။ ငါတို့က သင့်ကြောင့် ပါဝင်ပတ်သတ်ခဲ့ရပြီး။ အရှင်မင်းကြီးက ဖြောင့်မတ်တဲ့သူပါ။ သင် ငါတို့ကို ကယ်တင်ပေးရပါ့မယ်…”

သူတို့ ထိုသို့ လုပ်နေစဉ် သူတို့ရှေ့တွင် အဖြူရောင်ပုံရိပ်တစ်ခုသည် သူတို့ မသိလိုက်ခင်မှာပင် ပေါ်လာလေ၏။

ရှုလီကော၊ လျှိုကျင်းပြောင်။ မင်းတို့ သိပ်သတ္တိရှိနေတယ်ပေါ့။ ကောင်းတယ်…သိပ်ကောင်းတယ်…”

***

All Chapters