← Chapters

ပြင်ပတိုက်ပွဲနယ်မြေ

Vol. 118 Ch. 1629

ပြင်ပတိုက်ပွဲနယ်မြေ

Vol. 118 Ch. 1629

အချိန်ဖြည်းဖြည်းချင်း ကုန်ဆုံးလာ၏။ ထိုဘယ်မျက်လုံးတွင် သွေးများစွာ မကျန်တော့ပေ။ အချိန်ကုန်လွန်လာသည်နှင့်အမျှ ၎င်း၏စွမ်းအားအများစုသည် ကွယ်ပျောက်သွားခဲ့ပြီးပင်။ သို့ပေမည့် ထိုဘယ်မျက်လုံးသည် ကြယ်ကိုးလုံးရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ဘယ်မျက်လုံး ဖြစ်၏။ ၎င်းမျက်လုံးထံ၌ သွေးမြောက်များစွာ မရှိတော့သော်လည်း ဝမ်လင်းအတွက်မူ အင်မတိအင်မတန် အကျိုးရှိနေဆဲသာ။

ထိုသွေးထံမှ သန့်စင်လိုက်သော ရှေးဟောင်းနတ်ဆိုးစွမ်းအားများသည် ဝမ်လင်း၏ခန္ဓာကိုယ်အတွင်းသို့ သူ၏ညာလက်မှ တစ်ဆင့် ဝင်ရောက်လာချေ၏။ သူ၏ခန္ဓာကိုယ်အနှံ့ တစ်ပတ်လှည့်လည်ပြီးနောက် ၎င်းက သူ၏ဘယ်လက်ရှိ ရှေးဟောင်းနတ်ဆိုးရုပ်တုထံ စီးဆင်းတိုးဝင်သည်။

ထိုရှေးဟောင်းနတ်ဆိုးသည် နိုးထသက်ဝင်လာသည့်အလား နတ်ဆိုးဆန်သော အနီရောင်အလင်းတောက်တောက်ကို ပေးစွမ်းသည်။ ၎င်းသည် ရှေးဟောင်းနတ်ဆိုးစွမ်းအားများကို ဆက်လက် စုပ်ယူနေ၏။

တစ်ရက်၊နှစ်ရက်၊သုံးရက်…ဆယ်ရက်မြောက်ထိ ရှိလာ၏။

သည်နေရာရှိ အချိန်မှာ အပြင်ဘက်နှင့် သိသိသာသာ ကွာခြားပေ၏။ သို့သော် ဝမ်လင်းက ဆယ်ရက်တာသာ ကုန်ဆုံးသွားသလို ခံစားမိသည်။ သူ၏ရှေးဟောင်းသွေးသည် တဖြည်းဖြည်းချင်း ပိုသွေ့ခြောက်လာသည်။ သို့သော် သူ့ဘေးရှိ ရှေးဟောင်းနတ်ဆိုးရုပ်တုမှာ အရင်နှင့်ယှဉ်လျှင် မိုးနှင့်မြေပင်။

ထိုရုပ်တု၏ဘယ်မျက်လုံးတွင် ရှေးဟောင်းနတ်ဆိုးကြယ်များ တဖြည်းဖြည်းချင်း ပေါ်လာသည်။

ကြယ်တစ်လုံး၊ နှစ်လုံးမှသည် ငါးလုံးထိ ပေါ်လာ၏။ ၎င်းထံမှ ပေးစွမ်းသော နီရဲရဲနတ်ဆိုးအလင်းသည် ဒီလောကတစ်ခုလုံးနီးပါးကို လင်းထင်းစေသည်။

ဆယ့်တစ်ရက်မြောက်နေ့၌ ရှေးဟောင်းသွေးသည် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားပြီး ဝမ်လင်းရှေ့တွင် မြောလွင့်လေ၏။

ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွားကာ သူသည် ချက်ခြင်းပင် ညာလက်ကို ဝေ့ယမ်းလိုက်သည်။ သူသည် ထိုအနီရောင်သွေးအပိုင်းအစများကို သူ့လက်ထဲသို့ ဆွဲငင်ယူလိုက်၏။ ထို့ကြောင့် သူ၏လက်သည် အနီရင့်ရောင်လက်ဝါးတစ်ခုအသွင် ဖြစ်လာသည်။ သူသည် ရှေးဟောင်းနတ်ဆိုးရုပ်တုကို ကြည့်လိုက်ပြီး ၎င်း၏မျက်ခုံးနှစ်ခုကြားသို့ သူ့လက်ဝါးဖြင့် ဖိနှိပ်လိုက်သည်။

ထိုလက်ဝါးချက် ကျရောက်လာသည့်အခါတွင် ကျယ်လောင်စွာ မြည်ဟည်းသွား၏။ ဝမ်လင်း၏လက်ဝါးအတွင်းရှိ သွေ့ခြောက်သွေးအစအနအားလုံးသည် ရှေးဟောင်းနတ်ဆိုးရုပ်တုအတွင်းသို့ ဝင်ရောက်သွားသည်။ ထိုအဖြစ်က ရုပ်တုထံကနေ တုန်လှုပ်ဖွယ်နတ်ဆိုးစွမ်းအင်ပမာဏတစ်ခု ကောင်းကင်ထက်သို့ လှိုက်တက်သွားစေ၏။

ဤအခိုက်အတန့်တွင် ထိုရုပ်တု၏ ဘယ်ဘက်မျက်လုံးတွင်းရှိ ရှေးဟောင်းနတ်ဆိုးကြယ်ငါးလုံးသည် တဖျတ်ဖျတ်တောက်ပကာ ခြောက်ခုမြောက် ဝဲကတော့တစ်ခု ရေးတေးတေးပေါ်လာသည်။ ထိုဝဲကတော့သည် မြန်ဆန်စွာ သိပ်သည်းလာကာ ခြောက်ခုမြောက်ကြယ် ဖြစ်လာတော့သည်။

“ဒီနေရာမှာ ရှေးဟောင်းသွေးက အများကြီး ရှိမနေဘူး။ နှစ်တွေကြာလာတာခဲ့တော့ ဒီသွေးရဲ့စွမ်းအားအများစုဟာ လွင့်ပါးသွားခဲ့ပြီ။ ဒါပေမဲ့ ငါ့မှာ နောက်ထပ်ရှေးဟောင်းနတ်ဆိုးတစ်ပါး ပိုင်ဆိုင်ထားသေးတာပဲ…” ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။ သူက ဘယ်လက်ဖြင့် သူ၏သိုလှောင်နေရာလွတ်ကို ဖွင့်ဟကာ သူ သွေးနတ်ဘုရားထံမှ ဖမ်းဆီးလာခဲ့သော ရှေးဟောင်းနတ်ဆိုးကို ထုတ်ယူလိုက်သည်။

ထိုရှေးဟောင်းနတ်ဆိုးသည် ချိပ်ပိတ်ခံထားရပြီး အိပ်ပျော်လို့နေသည်။ ဝမ်လင်းသည် ထိုချိပ်ပိတ်မှုကို ဖယ်ရှားလိုက်သည်။ ထိုအခိုက်တွင် ၎င်းရှေးဟောင်းနတ်ဆိုး နိုးထလာသည်နှင့် ဝမ်လင်း၏လက်က သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

ကျယ်လောင်စွာ ပေါက်ကွဲသံ မြည်ဟိန်းထွက်လာသည်။ ထိုရှေးဟောင်းနတ်ဆိုး၏ ဘယ်မျက်လုံးတွင်းရှိ ရှေးဟောင်းနတ်ဆိုးကြယ်များသည် ပျက်စီးကုန်သည်။ နတ်ဆိုးစွမ်းအင် မြင့်တက်လာကာ ဝမ်လင်း၏ထိန်းချုပ်မှုအောက်၌ ရှေးဟောင်းနတ်ဆိုးရုပ်တုထံသို့ ရွှေ့လျားစီးဆင်းသည်။

နတ်ဆိုးစွမ်းအင်နှင့် ပေါင်းစပ်ပြီးနောက် ရှေးဟောင်းနတ်ဆိုးရုပ်တုသည် သွေးကဲ့သို့ နီမြန်းလာ၏။ ခြောက်ခုမြောက်ကြယ်သည် တိုက်ရိုက် ဖြစ်ပေါ်လာပြီးနောက် ခုနစ်ခုမြောက်ကြယ်အတွက် ဝဲကတော့တစ်ခုပါ ပေါ်လာလေ၏။ ယဲ့မို၏ဘယ်မျက်လုံးမှ နောက်ဆုံးလက်ကျန်သွေးနှင့် သွေးနတ်ဘုရားထံမှ ရှေးဟောင်းနတ်ဆိုး၏ စွမ်းအားတို့ကြောင့် ဝမ်လင်း၏ရှေးဟောင်းနတ်ဆိုးရုပ်တုသည် ၎င်း၏ခုနစ်လုံးမြောက်ကြယ်ကို ဖွဲ့စည်းနိုင်စွမ်း ရှိသွားလေသည်။

ဝမ်လင်း ကတိပေးထားသလိုပင် သူသည် သွေးနတ်ဘုရားထံမှ ဖမ်းဆီးလာခဲ့သော ရှေးဟောင်းနတ်ဆိုးကို မသတ်ဘဲ သူ၏ကြယ်များကိုသာ အသုံးပြုလိုက်ခြင်းပင်။ ထိုရှေးဟောင်းနတ်ဆိုးကို ပြန်ချိပ်ပိတ်လိုက်ပြီးနောက် ဝမ်လင်းက သူ၏သိုလှောင်နေရာလွတ်အတွင်း ၎င်းကို ထည့်သိမ်းထားလိုက်သည်။ ဝမ်လင်းသည် သည်နေရာကနေ ပြန်ထွက်ပြီးသည့်အခါကျလျှင် ထိုရှေးဟောင်းနတ်ဆိုးကို လွှတ်ပေးမည် ဖြစ်၏။

“ငါ ယဲ့မိုရဲ့ ဘယ်မျက်လုံးကို မရှာနိုင်မှတော့…ငါ့ကိုယ်ငါပဲ မြှင့်တင်လိုက်တော့မယ်…”

ဝမ်လင်းသည် ရှေးဟောင်းနတ်ဆိုးရုပ်တုကို ကြည့်လိုက်သည့်အခါ အားကောင်းသောသွေးချိတ်ဆက်မှုကို ခံစားမိ၏။ သူသည် သူ၏အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ ထိုအနီရောင်ရုပ်တုကို သူ၏သိုလှောင်နေရာလွတ်အတွင်းသို့ ထည့်သိမ်းလိုက်၏။

ထိုသို့ပြုလုပ်ပြီးသည့်နောက် ဝမ်လင်းသည် သူ့အောက်မှ ဧရာမမြားကို ကြည့်၏။ သူ့မျက်လုံးသည် တလက်လက် ဖြစ်လာသည်။

“ဒီမြားကို အခု ငါ ပိုင်ဆိုင်သွားပြီ။ လီကောင်းရဲ့လေးနဲ့ဆိုရင် ဒီမြားဟာ ဘယ်လောက်တောင် အစွမ်းထက်မလဲ ငါ သိချင်မိတယ်…” ဝမ်လင်းသည် သူ၏ညာလက်ကို မြားပေါ်သို့ ဖြည်းဖြည်းချင်း တင်လိုက်၏။

သူက သူ၏ခန္ဓာကိုယ်တွင်းရှိ တွန်းကန်အားကို တင်းခံကာ သူ၏ခန္ဓာကိုယ်တွင်းရှိ ကောင်းကင်ဘုံသွေးမျိုးဆက်စွမ်းအားကို အသုံးပြု၏။ ကောင်းကင်ဘုံစွမ်းအင် ရွှေ့လျားလာသည်နှင့် သူ၏ခန္ဓာကိုယ်မှာ တုန်ယင်သည်။ သူ၏မူလစိတ်ဝိညာဉ်ထံမှ ရွှေရောင်အလင်းများ ထွက်လာပြီး သူ၏ခန္ဓာကိုယ်မှာ ဝေဝါးလာသည်။ သူ့ခန္ဓာကိုယ်ထံမှ လေးတစ်လက် ဖြည်းဖြည်းချင်း ပေါ်လာ၏။

ထိုလေးသည် ဝမ်လင်း၏အရွတ်များအလား ဖြစ်၏။ သူ၏ခန္ဓာကိုယ်ထံမှ ရွှေရောင်အလင်း ပေါက်ကွဲထွက်လာသည်။ ဤအခိုက်၌ ဝမ်လင်းသည်ပင် ထိုလေး ဖြစ်နေသည့်နှယ်။

ထိုလေး ပေါ်လာသည်နှင့် ဝမ်လင်း၏အောက်ဘက်ရှိ ဧရာမမြားသည် တုန်ယင်လာသည်။ ၎င်းသည် လေးကို အာရုံခံမိပုံ ရသည်။ မြားထံမှ ပြင်းထန်သောမြားစွမ်းအင် ပေါက်ကွဲထွက်လာကာ ဝမ်လင်းထံ တရှိန်ထိုး တိုးဝင်သည်။

ချက်ခြင်းပင် ဝမ်လင်းက ရှေးဟောင်းစိတ်ဝိညာဉ်တစ်ခုကို ခံစားမိလိုက်သည်။ ထိုစိတ်ဝိညာဉ်မှာ မြား၏စိတ်ဝိညာဉ်ပင်။ ၎င်းက အိပ်ပျော်နေရာကနေ နိုးထလာသည့်ပုံ ရကာ ဝမ်လင်း၏ခန္ဓာကိုယ်အတွင်း တရှိန်ထိုး တိုးဝင်ကာ လေးနှင့် ချိတ်ဆက်သည်။

ဝမ်လင်းသည် တည်တည်ငြိမ်ငြိမ်ပင်။ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “သေးငယ်စမ်း…”

သူ ထိုသို့ ပြောလိုက်သည်နှင့် ဧရာမမြားသည် တုန်ယင်ကာ ကြုံ့လာ၏။ မြားသည် ချက်ခြင်းပင် ကောင်းကင်ထက်ရှိ အပေါက်ထံမှ ရှောခနဲ ထွက်လာကာ ပေထောင်သောင်းချီထိ ကြုံ့သွားသော်လည်း နောက်တစ်ကြိမ် တစ်ဆို့နေပြန်သည်။

“နည်းနည်းလောက် ထပ်သေးငယ်အုံး…” ဝမ်လင်း၏အသံသည် အေးစက်နေ၏။ မြားသည် များစွာထပ်မံကြုံ့သည်။ ၎င်းသည် ကြုံ့နေရင်း တွင်းပေါက်ထံမှ ဆက်လက်၍ ပြုတ်ကျလာကာ မြေပြင်ထက်ထိ ကျရောက်သွားလေသည်။

မြားသည် မြေပြင်ထက်သို့ ကျရောက်သွားသည့်အခါတွင် ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်လျက် မြေပြင်ထံ၌ ထိုးစိုက်သွားသည်။ မြားသည် တုန်ခါနေ၏။ ဝမ်လင်းက မြား၏ ငှက်မွှေးတောင်ကိုးခု ရှိနေသော မြားအဆုံးပိုင်းနေရာသို့ ဆင်းသက်လိုက်သည်။

ထိုငှက်မွှေးတောင်ကိုးခုသည် အလွန်နူးညံ့ပျော့ပျောင်း၏။ ဝမ်လင်းက မြားပေါ်တွင် ရပ်လိုက်ပြီး မြင့်ချည်နိမ့်ချည် ခုန်လိုက်ရာ မြားသည် တုန်ခါလာ၏။

နှစ်ကြိမ်တိုင် ကြုံ့သွားပြီးနောက် ထိုမြားသည် ပေတစ်သိန်းလောက်သာ ရှည်ပြီး ပေထောင်ချီသည် ဗြက်ရှိတော့သည်။ ၎င်းသည် မြေပြင်ထက်သို့ ထိုးစိုက်နေသော ဧရာမတိုင်လုံးတစ်ခုဖြင့်ပင် တူနေသေး၏။

ဝမ်လင်းသည် မြားပေါ်တွင် ရပ်နေရင်း ကောင်းကင်ထက်ရှိ အပေါက်ကြီးကို မော့ကြည့်လိုက်သည်။ ၎င်းအပေါက်မှာ အတွင်းဘက်၌ လုံးဝနက်မှောင်နေပြီး မည်သည့်နေရာသို့ ဦးတည်မှန်း မသိရပေ။ ထိုအပေါက်ကြီး၏ အနားစွန်းများသည် တဖြည်းဖြည်းချင်း ရွှေ့လျားနေကာ ၎င်းအပေါက်သည် အမှန်တကယ်ပင် ပြန်လည်ကုစားနေခြင်းပင်။

“ဒီနေရာဟာ ထူးဆန်းလှတယ်…” ဝမ်လင်းက ခေါင်းပြန်ငုံ့လိုက်၏။ သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ မြားထံသို့ ညွှန်လိုက်သည်။

“သေးအုံး…သေးအုံး…ထပ်သေးငယ်အုံး…”

ဧရာမမြားကြီးသည် ထပ်မံ တုန်ခါကာ မြန်ဆန်စွာ ကြုံ့၏။ တဖြည်းဖြည်းချင်း ၎င်းသည် စတင် တောက်ပလာသည်။ ဝမ်လင်းသည် မြေပြင်ပေါ်သို့ ခြေချလိုက်ရာ မြားသည် ပုံမှန်အရွယ်အစား ဖြစ်လာခဲ့လေပြီ။ ဝမ်လင်းက ညာလက်ကို ဆန့်ထုတ်လိုက်ရာ မြားသည် သူ့လက်ထံ ပျံသန်းလာသည်။

မြားကို ကိုင်ထားရင်း ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။ သူက မြားပေါ်ရှိ စာလုံးလေးလုံးကို တွေ့မြင်လိုက်ရသည်။ ယင်းစာလုံးများသည် သေးသွယ်ကာ မြားတစ်ခုလုံးအနှံ့ ပျံ့နေပြီး ခပ်ရေးရေး တောက်ပမှုကို ပေးစွမ်းနေ၏။

“ဒီစာလုံးလေးလုံးဟာ စိတ်ဝိညာဉ်နဲ့ ဆက်နွှယ်နေပြီး မြားရဲ့စွမ်းအားကို တိုးအောင် လုပ်နိုင်တယ်။ အတိတ်တုန်းက လီကောင်းဟာ ယဲ့မိုရဲ့ ဘယ်မျက်လုံးကို ပစ်ခွင်းနိုင်ခဲ့တယ်။ ငါ သိချင်တာက သူ ဘယ်စိတ်ဝိညာဉ်တွေကိုများ အသုံးပြုခဲ့လဲဆိုတာပဲ…” ဝမ်လင်းသည် အနည်းငယ်စဉ်းစားပြီးနောက် သူ၏ဘယ်လက်ကိုပင့်မြှောက်၍ သူ့နဖူးထံ လက်ညွှန်လိုက်သည်။ သူ၏ရှေးဟောင်းနတ်ဘုရားကြယ်များ ပေါ်လာပြီး အင်ပါယာမီးပြင်းဖို ပျံသန်းထွက်လာသည်။

အင်ပါယာမီးပြင်းဖို ပေါ်လာသည်နှင့် ၎င်းသည် ဖြည်းဖြည်းချင်း စတင်လှည့်ပတ်သည်။ ဝမ်လင်းသည် မီးပြင်းဖိုအတွင်း၌ လူနှစ်ယောက်၏စိတ်ဝိညာဉ်များကို ရှင်းလင်းစွာ တွေ့မြင်ရသည်။

မြင့်မြတ်သောနန်ကျောက်နှင့် မြင့်မြတ်သောဆရာထျန်ကျောက်တို့၏ စိတ်ဝိညာဉ်များပင်။

သူတို့၏စိတ်ဝိညာဉ်များကို ဝမ်လင်းက အင်ပါယာမီးပြင်းဖိုနှင့် ဖိနှိပ်ထားလေသည်။

“ငါ ဒီမြှားကို ပိုအစွမ်းထက်အောင် သူတို့ရဲ့ စိတ်ဝိညာဉ်တွေ အသုံးပြုလိုက်မယ်…” ဝမ်လင်း၏အမူအရာသည် မထူးခြားနားပင်။ သူက ဘယ်လက်ဖြင့် အင်ပါယာမီးပြင်းဖိုထံသို့ လက်ညွှန်လိုက်၏။ မီးပြင်းဖို တုန်ခါကာ ထိုစိတ်ဝိညာဉ်နှစ်ခု ပျံသန်းထွက်လာ၏။ ၎င်းတို့ ထွက်မပြေးနိုင်ခင်မှာပင် ဝမ်လင်းက သူ့ဘယ်လက်ဖြင့် ဖမ်းဆုပ်လိုက်သည်။ ထိုအခါ ယင်းစိတ်ဝိညာဉ်နှစ်ခုသည် စူးစူးဝါးဝါး အော်ဟစ်ကုန်သည်။ ထို့နောက် ဝမ်လင်းသည် ထိုစိတ်ဝိညာဉ်နှစ်ခုကို သူ၏ညာလက်ထဲရှိ မြားပေါ်သို့ ဖိချလိုက်သည်။

မြားပေါ်ရှိ စာလုံးများသည် အပြင်းအထန် တုန်ခါသွားပြီး ယင်းစိတ်ဝိညာဉ်နှစ်ခုသည် အော်ဟစ်နေရာကနေ ရပ်တန့်သွားသည်။ ထိုစိတ်ဝိညာဉ်နှစ်ခုသည် ထိုစာလုံးများထဲမှ နှစ်ခုနှင့် ပေါင်းစပ်သွားသည်။ ထိုအခိုက်အတန့်၌ မြားထံမှ တုန်လှုပ်ဖွယ်အော်ရာတစ်ခု ပေါက်ကွဲထွက်လာသည်။

ထိုအော်ရာသည် အလွန်အားကောင်းပေ၏။ ဝမ်လင်းသည်ပင် ၎င်းအော်ရာကြောင့် တုန်လှုပ်မိရသည်။

“နောက်ထပ်စိတ်ဝိညာဉ်နှစ်ခု ထပ်ထည့်သွင်းဖို့ ကျန်သေးတယ်။ ဘယ်လိုစိတ်ဝိညာဉ်တွေကိုများ ဒီကျန်တဲ့စာလုံးနှစ်လုံးထဲ ချိပ်ပိတ်ထားရမလဲ…”

ဝမ်လင်းသည် အနည်းငယ် စဉ်းစားပြီးနောက် သူ့ဘယ်လက်ကို ဆန့်ထုတ်ကာ သူ၏သိုလှောင်နေရာလွတ်ကို ဖွင့်လှစ်လိုက်၏။ ထိုအခါ ဧရာမအဆောက်အအုံတစ်ခု ပေါ်လာချေသည်။

ထိုအဆောက်အအုံမှာ ဝမ်လင်း ရှေးဟောင်းသင်္ချိုင်း၌ ရှာတွေ့ခဲ့သော မြေနန်းတော်ပင် ဖြစ်လေ၏။

ထိုအဆောက်အအုံအတွင်း၌ ပြတင်းပေါက်များစွာလည်း ရှိနေသည်။ အတိတ်တုန်းက ဝမ်လင်းသည် သည်နန်းတော်အဆောက်အအုံအတွင်း၌ အစွမ်းထက်စိတ်ဝိညာဉ်သုံးခုကို တွေ့မြင်ခဲ့သည်။ နောက်ဆုံးအခြေအနေသို့ မရောက်ပါဘဲ သူသည် ၎င်းနန်းတော်ကို ဖွင့်လှစ်မည် မဟုတ်ပေ။ ဤအခိုက်၌ ဝမ်လင်းသည် မြေနန်းတော်နှင့် အတွင်းရှိ စိတ်ဝိညာဉ်သုံးခုကို စိုက်ကြည့်နေသည်။ အနည်းငယ်စဉ်းစားပြီးနောက် သူသည် အဆင်အခြင်မဲ့စွာ လုပ်မည့်အစား ထိုမြေနန်းတော်ကို ပြန်သိမ်းဆည်းလိုက်တော့သည်။

“ဒီစိတ်ဝိညာဉ်သုံးခုဟာ အလွန်အစွမ်းထက်တယ်။ သူတို့ဟာ ယဲ့မိုချိပ်ပိတ်ထားခဲ့တယ် သူ့ရဲ့ ရန်သူတွေပဲ။ ငါသာ အခု ဒီစိတ်ဝိညာဉ်တွေကို လွှတ်ပေးလိုက်ရင် ငါ့ခုလက်ရှိစွမ်းအားနဲ့ ငါပဲ ခံရလိမ့်မယ်…”

စဉ်းစားနေရင်း ဝမ်လင်း၏အကြည့်က မြားထိပ်ရှိ စက်ဝန်းပေါ်သို့ ကျရောက်သွားသည်။ ဝမ်လင်းသည် ၎င်းကို နာရီများစွာ စိုက်ကြည့်နေ၏။ ထိုစက်ဝန်းသည် ကောင်းကင်ဘုံနှင့်ရှေးဟောင်းစွမ်းအင်များ ပေါင်းစည်းခြင်းကြောင့် ဖြစ်ပေါ်လာသော တွန်းကန်အားအတွက် သော့ချက်တစ်ခုပင်။

သို့ရာတွင် အချိန်အတန်ကြာပြီးသည့်နောက်တွင်လည်း ဝမ်လင်းသည် ထိုစက်ဝန်း၏ ဆန်းကြယ်မှုကို ဖြတ်မမြင်နိုင်ခဲ့ပေ။ သူသည် သက်ပြင်းချကာ လေ့လာကြည့်ခြင်းကို လက်လျှော့လိုက်သည်။ ထို့နောက် သူက လက်ဝေ့ယမ်းလိုက်ရာ မြားသည် အလင်းအမျှင်တန်းခုနစ်ခုအဖြစ်သို့ လွင့်ပါးကာ သူ့ခန္ဓာကိုယ်အတွင်းသို့ ဒွာရပေါက်များမှ တဆင့် ဝင်ရောက်သွားတော့သည်။

မြားကို သိမ်းဆည်းလိုက်ပြီးနောက် ဝမ်လင်းသည် သူ့ဘေးပတ်ပတ်လည်သို့ ကြည့်လိုက်သည်။ သူက ခြေတစ်လှမ်းလှမ်းကာ သူ၏ခန္ဓာကိုယ်သည် မြေပြင်ထုအတွင်း ဝင်ရောက်သွားလေ၏။ သူသည် စက်ဝန်းများအတိုင်း ဖြတ်သန်းလာရင်း ကျောက်တံခါးထံသို့ ဦးတည်လေတော့သည်။

သူသည် အလွန်အမင်း တည်ငြိမ်နေသည်။ နောက်ဆုံးတွင် သူသည် ကျောက်တံခါးရှိနေသော နေရာရှိ နောက်ဆုံးစက်ဝန်းထံ ရောက်လာခဲ့သည်။ သူက တုံ့နှေးမနေဘဲ ထိုကျောက်တံခါးကို ညာလက်ဖြင့် ဝေ့ယမ်းကာ ဖွင့်လှစ်လိုက်သည်။ ထို့နောက် သူသည် ခြေလှမ်းလိုက်ရာ ဆယ့်ရှစ်ခုမြောက်အလွှာသို့ ပြန်ရောက်ရှိလာတော့၏။

ဆယ့်ရှစ်လွှာတွင် ရပ်နေရင်း ဝမ်လင်းသည် ကျောက်တံခါးထံသို့ ပြန်လှည့်ကြည့်လိုက်သည်။ ကျောက်တံခါးမှာ ပိတ်နေလေပြီ။ သူက ချိပ်ပိတ်မှုများစွာ နေရာချလိုက်ပြီးနောက် ထွက်ခွာရန် အဆင်သင့် ဖြစ်နေလေပြီ။

“ငါ ငါ့ရဲ့သေခြင်းရှင်ခြင်း၊ ကံမ္မ၊ အမှန်နဲ့အမှား အနှစ်သာရတွေကို ပြီးပြည့်စုံစေဖို့ တာအိုသစ်သီးတွေကို သန့်စင်ဖို့ လိုအပ်နေတယ်…” ဝမ်လင်းက ထွက်ခွာရန် လှည့်လိုက်၏။ သို့သော် ထို့နောက်တွင် သူသည် ရုတ်တရက် ရပ်တန့်သွားကာ သူ၏အကြည့်သည် ကျောက်တံခါးပွင့်ခဲ့သည့်အခါက ကန်အား၏ ထိမှန်ခြင်း ခံခဲ့ရသော နံရံပေါ်သို့ ကျရောက်သွားလေ၏။

ထိုနံရံသည် အက်ကြောင်းများ ပြည့်နှက်နေပြီး ကျောက်စကျောက်နများစွာ ပဲ့ကျနေသည်။ အက်ကြောင်းတစ်ခုသည် အလွန်နက်၏။ နံရံကိုပင် ထွင်းဖောက်သွားပြီး ထိုနံရံနောက်ရှိ မြင်ကွင်းကိုပါ လှစ်ဟပေါ်ထွန်းစေသည်ဟု ထင်မှတ်ရသည်။

အစောပိုင်းတုန်းက ဝမ်လင်း၏အာရုံက ကျောက်တံခါးထံသို့သာ အပြည့်အဝ ရောက်နေသည့်အတွက်ကြောင့် သူသည် အရင်က နံရံပေါ်ရှိ ထိုအက်ကြောင်းကို သတိမပြုမိခဲ့ပေ။ ခုချိန်၌ သူသည် တည်ငြိမ်သွားခဲ့ပြီ ဖြစ်ရာ ၎င်းအက်ကြောင်းမှာ ထူးခြားနေသည်ကို ချက်ခြင်း သတိပြုမိလိုက်သည်။

သူ၏အကြည့်က အက်ကြောင်းအတိုင်း လိုက်ပါကြည့်လိုက်ရာ သူက အက်ကြောင်းဟိုဘက်အပြင်ဘက်မှာ နက်မှောင်သောလေဟာနယ်တစ်ခု ဖြစ်နေသည်ကို ခပ်ရေးရေး တွေ့မြင်သည်။ ထိုအက်ကြောင်းတွင်းမှ စိမ့်ထွက်နေသော အော်ရာမှာ ဝမ်လင်းအဖို့ အတော်လေး ရင်းနှီးမှု ရှိနေပေ၏။

ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်လေ၏။ “ပြင်ပတိုက်ပွဲနယ်မြေ…”

***

All Chapters