← Chapters

သတ်

Vol. 119 Ch. 1633

သတ်

Vol. 119 Ch. 1633

ရှေးဟောင်းထီး ပေါ်လာသည်နှင့် ကြောက်မက်ဖွယ်နယ်မြေလောင်ကျွမ်းခြင်းမီးသည် ကောင်းကင်ထက်တွင် ပေါ်လာကာ အောက်ဘက်သို့ မြန်ဆန်စွာ စုန်ဆင်းလာသည်။

ထိုမီး၏ရှေ့တွင် လောကသည် တွန့်ခေါက်ပုံပျက်လာရ၏။ သိပ်သည်းသောအခိုးအငွေ့များ ပေါ်လာကာ မီးလောင်ကျွမ်း မြည်ဟည်းလေ၏။

ရန်သူသုံးယောက်၏အမူအရာများသည် ကြီးစွာ ပြောင်းလဲသွား၏။ ထိုကြောက်မက်ဖွယ်မီး တိုးဝင်လာသည့်အခါ သူတို့သည် ဝမ်လင်းကို သတ်ဖို့ အချိန်မရတော့ပေ။ သူတို့သည် မြန်ဆန်စွာ နောက်ဆုတ်ရသည်။ ထိုထီးမီး၏ ပုံပန်းအသွင်က သူတို့ကို အန္တရာယ်အာရုံကို ခံစားမိစေသည်။

သူတို့သည် သည်နေရာသို့ ကိုယ်ပွားများဖြင့်သာ လာရောက်ခဲ့ကာ သည်နေရာတွင် သေဆုံးခဲ့လျှင်ပင် သူတို့၏မူလခန္ဓာကိုယ်များသည် သေလိမ့်မည် မဟုတ်သော်လည်း သူတို့၏ကိုယ်ပွားများ သေဆုံးသွားခဲ့ပါက သူတို့သည် ဒဏ်ရာအပြင်းအထန် ရသွားမည်သာ။ ပြန်လည်ကုစားဖို့လည်း အချိန်လိုအပ်ပေလိမ့်မည်။ ထိုအခိုက်တွင် သူတို့သုံးယောက်သည် နောက်သို့ အကြောက်အကန် ဆုတ်လေ၏။

“ချိပ်ပိတ်နယ်မြေအရှင်၊ ဒီလူဟာ ချိပ်ပိတ်နယ်မြေအရှင်ဖြစ်ဖို့ တကယ် ထိုက်တန်တာပဲ။ သူဟာ သူ့ခုလက်ရှိ ကျင့်ကြံမှုအဆင့်နဲ့တောင် နယ်မြေဖျက်စီးခြင်းမန္တာန်တစ်ခုကို အသုံးပြုနိုင်စွမ်း ရှိတယ်…” မီးခိုးရောင်ဝတ်ရုံဖြင့် အဘိုးအို၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွား၏။

“ချိပ်ပိတ်နယ်မြေအရှင်ဟောင်းတုန်းကလည်း သတ်ဖို့ အတော်လေး ခက်ခဲခဲ့တယ်။ ခုမျိုးဆက်ကလည်း ဒီလိုအတူတူ ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး…” ဝတ်စုံနက်အဘွားအိုသည် အသက်ဝဝရှုသွင်းကာ ဝမ်လင်းကို သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကြည့်လိုက်သည်။ သို့ပေမည့် သူမသည် အလျင်အမြန် နောက်ဆုတ်နေသည်။

နယ်မြေလောင်ကျွမ်းခြင်းထီးသည် ဒီလောကမှ မဟုတ်သော မန္တာန်တစ်ခုဟုပင် ဆိုနိုင်၏။ ဝမ်လင်းသည်လည်း ၎င်းမန္တာန်ကို အပြည့်အဝ နားမလည်သေးပေ။ ထို့ကြောင့် ထိုမန္တာန်အသုံးပြုသည့်အခါ အသက်ဓာတ်မြောက်များစွာ သုံးစွဲရလေ၏။

မီးပင်လယ်သည် သူ၏အသက်ဓာတ်ကို စုပ်ယူကာ ဖြစ်ပေါ်လာသည့်အတွက်ကြောင့် သူ၏မျက်နှာသည် မြန်ဆန်စွာ အိုမင်းလာသည်။ သို့ပေမည့် ဝမ်လင်း၏မျက်လုံးတွင်းရှိ အေးစက်မှုကတော့ လျော့ပါးမသွားသည့်အပြင် ပိုတိုးလာ၏။

“မင်းတို့က ထွက်ပြေးချင်တာလား။ မင်းတို့ ထွက်ပြေးနိုင်မယ်လို့ ထင်နေတာလား။ မင်းတို့ ငါ့ကို သတ်ချင်မှတော့ ဒါက မင်းတို့ ပေးဆပ်ရမယ့် လုံလောက်တဲ့တန်ဖိုးတစ်ခု မဟုတ်သေးဘူး…” ဝမ်လင်းသည် မာန်သွင်းလိုက်၏။ သူ၏အသက်ဓာတ်များကိုလည်း ရှေးဟောင်းထီးအတွက် ပိုမို စတေးသည်။ နယ်မြေလောင်ကျွမ်းခြင်းမီးသည် ပို၍ အားကောင်းလာ၏။ ထို့နောက် ၎င်းသည် ရှေ့ရှိအရာအားလုံးကို ဝါးမြိုပစ်မည့် ပါးစပ်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသည်။

ဝတ်စုံဖြူနှင့်လူသည် သေလောက်အောင် ဖြူရောနေ၏။ သူသည် နောက်ဆုတ်နေရင်း အံတင်းတင်းကြိတ်ကာ သူ့နှဖူးကိုယ်သူ ပြန်ရိုက်လိုက်သည်။ နှင်းပွင့်အမှတ်အသားတစ်ခု သူ၏နှဖူးထက်တွင် ပေါ်လာချေ၏။

ထိုအမှတ်အသား ပေါ်လာသည်နှင့် အေးစိမ့်သောအော်ရာတစ်ခု ဤလောကတွင် ပေါ်လာကာ မီးပင်လယ်ကို ခုခံသည်။ တစ်ချိန်တည်းမှာ ထိုလူက သူ၏အမှတ်အသားထံ လက်ဆန့်တန်းကာ ဆွဲထုတ်ယူလိုက်သည်။

သူက ၎င်းကို ကြောက်မက်ဖွယ်မီးများ ထုတ်လွှတ်နေသော ရှေးဟောင်းထီးထံသို့ ပစ်လွှတ်လိုက်သည်။

“ဒီအဘိုးအိုရဲ့ အသက်ဓာတ်တာအိုနဲ့အတူ၊ ရေခဲစိတ်ဝိညာဉ်နဲ့အတူ၊ ကောင်းကင်ဘုံရဲ့ နှစ်ပွင့်နဲ့အတူ ထာဝရရေခဲ အေးခဲစေ…” ဝတ်စုံဖြူလူသည် တခြားနှစ်ယောက်ထက် ပို၍ မြင့်မားသည်မှာ သိသာပေသည်။ သူသည် ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ သခင်ငါးပါးထက် အနည်းငယ် နိမ့်ရုံသာ ဖြစ်၏။

သူ တိုက်ခိုက်လိုက်သည့်အခါ လောကသည် အရောင်များ ပြောင်းလဲကုန်သည်။

သည် ရေတွင်းအလား လောကတွင်း၌ အေးစက်စက်အော်ရာ ပျံ့နှံ့လာရင်း ရေမျက်နှာပြင်ထံမှ အက်သံများ ထွက်ပေါ်လာသည်။ အေးစက်မှု တိုးပွားလာကာ ရေခဲများ အဘက်ဘက်သို့ ပျံ့နှံ့သည်။ မျက်စိတစ်မှိတ်အတွင်း ရေခဲသည် အတောမသပ်နိုင်သော ဧရိယာကို ဖုံးလွှမ်းသွား၏။

ရေခဲပမာဏများစွာသည် အအေးစွမ်းအင်ကို ထုတ်လွှတ်ကာ မီးပင်လယ်နှင့် ထိပ်တိုက်ရင်ဆိုင်ရာ ဒီလောကတစ်ခုလုံးမှာ တုန်ယင်လေတော့သည်။

ရှေးဟောင်းထီး ရှိနေသောနေရာ ကောင်းကင်ထက်တွင် ပေတစ်ရာကျယ်ပြောသည့် နှင်းပွင့်အမှတ်အသားသည် ပေါ်လာ၏။ ကောင်းကင်သည် တုန်ဟည်းကာ လုံးဝ အေးခဲသွားသည်။

ကောင်းကင် အေးခဲခံရ၏။ မြေပြင် အေးခဲခံရ၏။

နှင်းပွင့်များ ဒီလောကတွင် ပေါ်လာသည်။ ထိုလူက မာန်သွင်းကာ သူ့ညာလက်ဖြင့် ညွှန်လိုက်၏။ ထိုအခါ သည်လောကရှိ နှင်းပွင့်များအားလုံးသည် ရှေးဟောင်းထီးထံ တရှိန်ထိုး တိုးဝင်သည်။

အဖြူရောင်နှင်းပွင့်များအားလုံးသည် ရှေးဟောင်းထီးပတ်လည်တွင် မုန်တိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသည်။ ရှေးဟောင်းထီးသည် မီးဖြင့် ဖုံးလွှမ်း၏။ ထို့ကြောင့် နှင်းပွင့်များသည် မြန်ဆန်စွာ အရည်ပျော်ကြသည်။ ထို့နောက်တွင် ယင်းတို့သည် မိုးကဲ့သို့ အရည်ပျော်ဆင်းကျလေ၏။

ချက်ခြင်းပင် အေးခဲနေသော ရေပြင်ထံမှ အတိုင်းမသိအေးစက်မှု ထွက်ပေါ်လာကာ ကောင်းကင်ထက်မှ အေးစက်မှုနှင့် ပေါင်းစည်းသည်။ ထိုအေးစက်မှုသည် ရှေးဟောင်းထီးထံသို့ ဦးတည်ဝင်လာသည်။

အက်သံများ ပဲ့တင်ထပ်၏။ ရှေးဟောင်းထီးမှ မီးသည် အေးခဲသွားသည်။ ရှေးဟောင်းထီးကိုယ်တိုင်သည်ပင် ရေခဲအသွင်ခဲသွားရသည်။

မရေမတွက်နိုင်သော ရေခဲပန်းဆွဲများသည် ထိုရှေးဟောင်းထီးအောက်ရှိ ပျော်ဝင်နေသော စိတ်ဝိညာဉ်ထံမှ ဖြစ်ပေါ်သည်။ ယင်းတို့သည် အဆုံးမဲ့အအေးအလင်းကို ပေးစွမ်းသည်။ မရေမတွက်နိုင်သော ရေခဲပန်းဆွဲများ ကောင်းကင်နှင့်မြေပြင်ထက်မှ ပေါ်လာပြီး အေးခဲနေသော ရှေးဟောင်းထီးနှင့် ချိတ်ဆက်သည်။ ၎င်းသည် တုန်လှုပ်ဖွယ် မြင်ကွင်းပင်။

ထိုလူက အသက်ဝဝရှုထုတ်လိုက်၏။ ကျန်နှစ်ယောက်သည်လည်း နောက်ဆုတ်နေရာကနေ ရပ်တန့်လိုက်သည်။ သို့ပေမည့် ထိုအခိုက်တွင် ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွားကာ သူသည် အေးခဲနေသော ရှေးဟောင်းထီးထံသို့ လက်ညွှန်လိုက်သည်။ သူ၏အသက်ဓာတ်မြောက်များစွာကို စတေးပြီးနောက် ထီးထံမှ ခပ်အုပ်အုပ် အသံများ ထွက်ပေါ်လာချေသည်။

သက်လတ်ပိုင်းလူ၏အမူအရာမှာ တဖန်ပြောင်းလဲသွားကာ သူသည် အလန့်တကြား နောက်ဆုတ်သည်။ ရပ်တန့်လိုက်သော ကျန်နှစ်ယောက်မှာလည်း နောက်သို့ အလျင်အမြန် ပြန်ဆုတ်သည်။ သူတို့၏ဦးရေပြားပင် ထုံထိုင်းမိလေပြီ။

ရေခဲအတွင်းရှိ မီးပင်လယ်သည် ထိုးထွက်လာကာ ရေခဲများ ပြိုလဲပျက်စီးသည်။ ပထမဆုံး ပျက်စီးမှုသည် ကောင်းကင်နှင့်ချိတ်ဆက်ထားသော ရေခဲပန်းဆွဲများ၊ ထို့နောက် မြေပြင်နှင့် ချိတ်ဆက်ထားသော ရေခဲပန်းဆွဲများ ဖြစ်ချေ၏။ နောက်ဆုံးတွင် ထီးပတ်လည်ရှိ ရေခဲများသည် ပျက်စီးကာ အဘက်ဘက်သို့ ပြန့်ကျဲသည်။

ဝမ်လင်း၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်သည်။ သူက ထွက်ပြေးနေသော အဘွားအိုထံသို့ လက်ညွှန်လိုက်၏။ သူ လက်ညွှန်လိုက်သည်နှင့် မီးပင်လယ်၏ တစိတ်တပိုင်းသည် ယင်းအဘွားအိုထံသို့ တိုးဝင်သည်။ သူမ၏မျက်နှာမှာ ဖြူရောသွားပြီး ချိပ်ဟန်တစ်ခုကို အမြန် ဖြစ်ပေါ်စေလိုက်သည်။ သို့ပေမည့် သူမ၏ခန္ဓာကိုယ်မှာ ထိုမီး၏ ဝါးမြိုခြင်းခံရကာ သူမ၏နာကျင်စွာ အော်သံသည် ပဲ့တင်ထပ်သည်။ မီးသည် သူမကို သိမ်းကြုံးဝါးမြိုပြီးနောက် သူမ၏ကိုယ်ပွားခန္ဓာမှာ ပျက်စီးသွားလေသည်။

သူမ နယ်မြေလောင်ကျွမ်းခြင်းထီး၏ အသတ်ခံလိုက်ရသည့်အခိုက်တွင် ရှေးဟောင်းကြယ်အဖွဲ့အစည်း၌ ထာဝရမျောလွင့်နေသောနန်းတော်တစ်ခု ရှိနေ၏။ ထိုနန်းတော်၏ ခန်းမအတွင်းရှိ ရေတွင်းဘေးတွင် လူအချို့ ထိုင်နေကြသည်။

သူတို့ထဲမှ တစ်ယောက်မှာ ထိုအဘွားအိုပင်။ သူမသည် ရုတ်တရက် မျက်လုံးဖွင့်လာကာ သွေးအန်လိုက်ရ၏။ သူမသည် သူမ၏ရှေ့ရှိ ရေတွင်းကို စိုက်ကြည့်နေသည်။ ထိုရေတွင်းက ဝမ်လင်းရှိနေသောလောကကို ပြသပေးနေ၏။

အချိန်အတန်ကြာပြီးနောက် ထိုအဘွားအိုသည် ခေါင်းမော့ကာ ခန်းမအတွင်းနက်ပိုင်းသို့ ကြည့်လိုက်သည်။

“ငါ့ကို ရှင်းပြချင်တစ်ခုပေးပါ…”

“အချိန်မဟုတ်သေးဘူး။ ဒီကောင်လေးရဲ့ လက်ထဲမှ တစ်ခုခု ရှိနေသေးတယ်…” အိုမင်းသောအသံသည် ခန်းမအတွင်းနက်ပိုင်းမှ ထွက်ပေါ်လာသည်။

ထိုအဘွားအိုသည် ငြိမ်သက်စွာ စဉ်းစားသွား၏။ သူမသည် ဆက်မပြောတော့ပေ။ သူမ၏အကြည့်က ရေတွင်းထဲရှိ လောကထံသို့ ကျရောက်သွားသည်။

ရေတွင်းအတွင်း၌ မီးများ ပျံ့နှံ့နေ၏။ ဝတ်စုံနက်အဘွားအိုကို သတ်လိုက်ပြီးနောက် ထိုမီးသည် ဝမ်လင်း၏လက်ညွှန်ချက်နှင့်အတူ မြင့်တက်လာသည်။ ထိုမီးသည် နှစ်ပိုင်းကွဲထွက်ကာ မီးခိုးရောင်ဝတ်စုံအဘိုးအိုနှင့် ဝတ်စုံဖြူလူတို့ထံ ဦးတည်ဝင်ရောက်လာသည်။

ယင်းမီးထုသည် မီးနဂါးများအလား။ ယင်းတို့ထဲမှ မီးတစ်ခုက မီးခိုးရောင်အဘိုးအိုထံ နီးကပ်သွားသည်။ သူ၏အမူအရာမှာ ပြောင်းလဲသွားကာ သူသည် လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သူ၏နှဖူးထက်သို့ ရိုက်လိုက်သည်။ အဝါရောင်အလင်းများစွာ ပေါ်လာကာ သူ၏ပတ်လည်တွင် မြေကြီးထုအလွှာများအဖြစ် ပြောင်းလဲသည်။ မီးပင်လယ် ရောက်ရှိလာကာ သူ့ကို ဝါးမြိုသွားသည်။

မီးပင်လယ် ထွက်ခွာမသွင်းခင်တိုင် ကျယ်လောင်စွာ တုန်ဟည်းသံတို့ ပဲ့တင်ထပ်၏။ ထို့နောက်တွင် မြေကြီးလုံးကြီးတစ်ခု ထင်းကျန်ခဲ့လေသည်။ အက်သံများ ထွက်ပေါ်လာကာ ထိုမြေကြီးလုံး ပျက်စီးသွားပြီး အတွင်းရှိ အဘိုးအို လှစ်ဟပေါ်သည်။

ထိုအဘိုးအိုသည် သွေးများစွာ အန်ထုတ်လိုက်ရ၏။ သူသည် ဒဏ်ရာအပြင်းအထန် ရသွားသော်လည်း မသေခဲ့ပေ။ သူသည် မီးပင်လယ်ကို ကြည့်ကာ ခါးသီးစွာ ပြုံးမိ၏။ သူ၏ညာလက်ဖြင့် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ ချေမွလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် မီးပင်လယ်သူ့ကို ဝါးမြိုပစ်တော့မည့်အခိုက်တွင် လွင့်ပါးသွားလေသည်။

သူသည် သွေးအန်လိုက်ရသော်လည်း ပုံရိပ်ယောင်တစ်ခုမျှသာ။ ထို့ကြောင့် သူသည် သွေးအန်လိုက်ရလျှင်ပင် သွေးအရိပ်အယောင် ရှိမနေပေ။

ရှေးဟောင်းကြယ်အဖွဲ့အစည်းအတွင်းရှိ ခန်းမအတွင်း၌ ဝတ်စုံနက်အဘွားအို၏ဘေးတွင် ထိုမီးခိုးရောင်ဝတ်ရုံဖြင့်အဘိုးအို ထိုင်နေ၏။ သည်အခိုက်တွင် သူသည် မျက်လုံးဖွင့်လာကာ သူ့ပါးစပ်ထောင့်မှ သွေးများစီးကျသည်။ သူသည် ခါးသီးစွာ ခေါင်းယမ်းလိုက်လေ၏။

“ငါတို့ သူ့ကို လျှော့တွက်ခဲ့မိတာ…”

ရေတွင်းလောကအတွင်း၌မူ ရှေးဟောင်းထီးမှ နောက်ဆုံးလက်ကျန်မီးသည် ဝတ်စုံဖြူလူထံ သိမ်းကြုံးရိုက်ခတ်၏။ သူသည် ရေခဲများစွာဖြင့် ဖုံးလွှမ်းနေသည်။ မီးသည် ရိုက်ခတ်နေရင်း ရေခဲများစွာသည် အရည်ပျော်လိုက် ပြန်ဖွဲ့စည်းလိုက် ဖြစ်နေလေ၏။

သူသည် နောက်သို့ လွင့်ထွက်သွားကာ ပေရာချီအကွာတွင် ရပ်တန့်သွားသည်။ သူ၏ပတ်လည်တွင် ရေခဲလွှာများ ပြန်ဖြစ်ပေါ်နေရင်း ယင်းတို့သည် မီးကို ပိတ်လှောင်မည့် ချိပ်ပိတ်မှုတစ်ခုအဖြစ်သို့ ပြောင်းသည်။ ဝမ်လင်း၏မျက်နှာမှာ ကြီးစွာ အိုမင်းနေလေပြီ။ သူသည် ထိုနယ်မြေလောင်ကျွမ်းခြင်းထီးကို အသုံးပြုဖို့အတွက် သူ၏အသက်ဓာတ်များစွာကို အသုံးပြုခဲ့ရသည်။ မဟုတ်ပါက ယင်းထီးသည် ခုလောက်စွမ်းအား ရှိလိမ့်မည် မဟုတ်ပေ။ သူ၏ခန္ဓာကိုယ်တွင်းမှ တွန်းကန်အားကလည်း သူ့ခန္ဓာကိုယ်တစ်ခုလုံးကို တုန်ယင်နေစေသည်။

ထိုအခိုက်တွင် သူ့အသက်ဓာတ်အားသည် အားနည်းလာရင်း ရှေးဟောင်းထီးမှာလည်း အရင်လောက် အစွမ်းမထက်တော့ဘဲ တဖြည်းဖြည်း ကွယ်ပျောက်လာသည်။ ဝမ်လင်း၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်အပြည့်ပင်။ သူသည် သူ သည်ကပ်ဘေးတွင် ရှင်သန်နိုင်မည်လားကိုလည်း ဆက်၍ မတွေးတော့ပေ။

“ငါ သေတော့ရော ဘာဖြစ်သေးလဲ။ ငါ ကျင့်ကြံရတာ ပင်ပန်းနေပြီ။ ငါ မသေခင် နောက်ထပ်နည်းနည်းလောက် ထပ်သတ်လိုက်ရရင် လုံလောက်ပြီ…” ဝမ်လင်း၏ဆံပင်များမှာ ရှုပ်ပွနေ၏။ သူသည် ရေခဲများဖုံးနေသောလူထံ တိုးဝင်လာသည်။ သူသည် သတ်ပေတော့မည်။

သို့သော် ဝမ်လင်း ထိုလူ့နား ရောက်လာသည့်အခါ သူ၏မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွားပြီး သူသည် အပေါ်သို့ ရုတ်တရက် မော့ကြည့်လိုက်သည်။ အထက်ရှိ လေဟာနယ်အတွင်းမှ လူတစ်ယောက် တိတ်ဆိတ်စွာ လှမ်းလျှောက်ထွက်လာသည်။

ထိုလူသည် ဝိုးတဝါးပုံရိပ်နှင့် အမျိုးသမီးတစ်ယောက်ပင်။ သို့သော် သူမ၏မျက်လုံးထဲ၌ အေးစက်မှု လှစ်ဟပေါ်နေ၏။ သူမက ကျောက်စိမ်းကဲ့သို့လက်ကို ပင့်မြှောက်ကာ သူမ၏လက်ချောင်းများကို ဆွဲဆန့်လိုက်ပြီး ဝမ်လင်းထံ ဖိချကုတ်ဆွဲလိုက်သည်။

“မြှုပ်နှံ့ခြင်းကောင်းကင်ဘုံတာအိုငါးခု၊ ပထမဆုံးက ကျောက်ကပ်၊ ကျောက်ကပ်….ပျက်စီးစေ…” ထိုအမျိုးသမီး၏အသံသည် တိုးညင်း၏။ သို့သော် သူမ ထိုသို့ ပြောလိုက်ရင်း သူမ၏လက်သန်းဖြင့် လက်ဝါးထံ ကွေးညွှတ်ကာ ထိသည်။ ဝမ်လင်း၏ခန္ဓာကိုယ်မှာ တုန်ယင်သွားသည်။ သူသည် ဒီလောကကို ထူးဆန်းသောအားတစ်ခုက ဝန်းရံလာသည်ဟု ခပ်ရေးရေး ခံစားမိသည်။

ထိုထူးဆန်းသောအားတစ်ခုက ပျံ့နှံ့လာရင်း သူ၏ကျောက်ကပ်မှာ ဖော်ပြမစွမ်းသာသော နာကျင်မှုကို ခံစားလိုက်ရ၏။

ဝမ်လင်းသည် သွေးအန်ကာ နောက်သို့ အလိုလိုဆုတ်မိသည်။ သူ၏ခန္ဓာကိုယ်သည် ဝေဝါးပြတ်သားလာသည့်အလား သင်သည် သူ၏ကျောက်ကပ်မှာ မြန်ဆန်စွာ သွေ့ခြောက်နေသည်ကို တွေ့မြင်နိုင်ပေလိမ့်မည်။ သူ၏ရှေးဟောင်းနတ်ဘုရား ပြန်ကုသနိုင်နှုန်းပင် ၎င်းပျက်စီးမှုကို မကုသနိုင်ပေ။

သူသည် နောက်သို့ ဆုတ်လိုက်သည့်အခါတွင် သူ၏ကျောက်ကပ်နှစ်ခုမှာ သွေးအိုင်ဖြစ်သည့်အထိ သွေ့ခြောက်သွားကာ သူ၏ခန္ဓာကိုယ်မှ ပျောက်ကွယ်သွားလေသည်။

ထိုပြင်းထန်သောနာကျင်မှုအောက်တွင် ဝမ်လင်း၏မျက်လုံးသည် ချင်းချင်းနီရဲကာ သူ၏ခန္ဓာကိုယ်သည် တုန်ရီနေသည်။ သို့ပေမည့် ဝမ်လင်း၏မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်ကမူ ထိုနာကျင်မှုကြောင့် အထွတ်အထိပ်သို့ ရောက်လာသည်။

“ဒုတိယမြှုပ်နှံ့ခြင်းကတော့ အဆုတ်…” ထိုအမျိုးသမီး ပြောလိုက်ရင်း သူမ၏လက်သူကြွယ်သည် သူမ၏လက်ဝါးနှင့် ထိသည်။

“တတိယတစ်ခုကတော့ သရက်ရွက်ပဲ။ သရက်ရွက် ပုတ်သိုးဆွေးမြေ့စေ…” သူမ၏ လက်သူကြွယ် ကွေးညွှတ်ပြီးနောက် သူမ၏လက်ခလယ်သည် လက်ဝါးနှင့် ကွေးညွှတ်ကာ ထိသည်။

***

All Chapters