← Chapters

လနက်၊ ကြည်လင်သောကောင်းကင်

Vol. 119 Ch. 1634

လနက်၊ ကြည်လင်သောကောင်းကင်

Vol. 119 Ch. 1634

“လေးခုမြောက်ကတော့ အသည်းပဲ။ အသည်းတစစီဖြစ်သွားစေ…” ထိုအမျိုးသမီ၏လက်ညှိုးသည် သူမ၏လက်ဝါးထံ ကွေးညွှန်ကာ ထိသည်။ သူမ၏စကားများက နူးညံ့သော်လည်း ရက်စက်မှု၊ သတ်ဖြတ်လိုမှုတို့ ပြည့်နှက်နေ၏။

ဝမ်လင်းသည် သွေး အဆက်မပြတ်အန်ထုတ်ကာ နောက်သို့ လွင့်စင်ထွက်သွားသည်။ သူ၏ရင်ဘက်တွင်းရှိ အဆုတ်မှာ သွေ့ခြောက်ကာ သူ၏ခန္ဓာကိုယ်တွင်းမှ ပျောက်ကွယ်သွားသည်။ သူသည် အဆုတ်မရှိဘဲ အသက်မရှုနိုင်ပေ။ ထိုနာကျင်မှုက သူ့ကို ဗလုံးဗထွေးငြီးငြူမိစေ၏။

သူ၏အဆုတ် ပျက်စီးပြီးနောက် သရက်ရွက်မှာ ကြေမွသည်။ သူ့ခန္ဓာကိုယ်အနှံ့ သွေးများ ရွှဲနစ်နေ၏။ သရက်ရွက်ပျက်စီးခြင်းက သူ၏ပြန်ကောင်းမွန်နိုင်စွမ်းကိုပါ သိသိသာသာ သက်ရောက်လေ၏။

နောက်ဆုံးတွင် သူ၏အသည်းမှာလည်း ပျက်စီးလေ၏။

သူ၏ကိုယ်တွင်းအင်္ဂါငါးခုတွင် လေးခု ပျက်စီးသွားကာ ဤအဖြစ်က သူ၏အသက်ဓာတ်အားကိုပါ ဖြတ်တောက်လေ၏။ လွင့်ပါးနေသော ရှေးဟောင်းထီးမှာ ရုတ်တရက် သဲလွန်စမရှိ ပျောက်ကွယ်သွားလေ၏။

“ငါးခုမြောက်ကတော့ နှလုံးပဲ။ နှလုံးမရှိရင် တာအိုလည်း မရှိဘူး…” ထိုအမျိုးသမီးက ဝမ်လင်းကို တည်ငြိမ်စွာကြည့်၏။ သူမ၏လက်မက ကွေးညွှန်ကာ သူမ၏လက်သည် လက်သီးဆုပ်ဟန် ဖြစ်ပေါ်လာသည်။

လက်သီးဆုပ်လိုက်ပြီးနောက် သူမက ဝမ်လင်းထံ ညင်သာစွာ ထိုးချလိုက်သည်။

ဝမ်လင်း၏ သူ၏ရင်ဘက်တွင်းမှ ပြင်းထန်သောနာကျင်မှုကို ခံစားရသည်။ သူ၏နှလုံးမှာ ခုန်နေရာကနေ ရပ်တန့်သွားပြီး တဖြည်းဖြည်း တောင့်တင်းကာခဲသွား၏။ မျက်စိတစ်မှိတ်အတွင်း သူ၏နှလုံးသည် ကျောက်တုံးလို ဖြစ်သွားသည်။ သူ၏နှလုံးက ကျောက်သားဖြစ်သွားသည့်အတွက် ထိုနာကျင်မှုမှာ ဖော်ပြ၍ပင် ရနိုင်တော့မည် မဟုတ်ပါ။ ဝမ်လင်းသည်ပင် မငြီးငြူမအော်ဟစ်မိဘဲ မနေနိုင် ဖြစ်ရသည်။

ထိုအမျိုးသမီး လက်သီးပစ်လွှတ်လိုက်ချိန်၌ ကျယ်လောင်စွာ တုန်ဟည်းသံများ မြည်ဟည်း၏။ ဝမ်လင်း၏ရင်ဘက်မှာ ချိုင့်ဝင်သွားပြီး သူသည် ရေခဲများအရည်ပျော်နေသော ရေမျက်နှာပြင်ထိ လွင့်စင်ထွက်သွားသည်။

“ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်…” ဘန်းခနဲ ပေါက်ကွဲကာ ဝမ်လင်းသည် ရေမျက်နှာပြင်ထက်သို့ ကျရောက်သွား၏။ သို့သော် နစ်မြုပ်သွားခြင်းတော့ မရှိပေ။ သူသည် နာကျင်မှုကို တောင့်ခံကာ သူ့ညာလက်ဖြင့် ရေမျက်နှာပြင်ကို ရိုက်ချပြီး ပြန်ကန်အားယူလိုက်၏။

သူက ဆန်းကြယ်သောအမျိုးသမီး သူ့ကို ပေးခဲ့သော ကျောက်စိမ်းပြားကို အသုံးပြုကာ တိမ်ပင်လယ်ရှိ အက်ကြောင်းအတွင်းသို့ ဝင်ရောက်ရန် ကြိုးစားရန် တာဆူသည်။ သို့သော် ၎င်းမှာ သက်ရောက်မှု မရှိပေ။ သူက မြေနိမ့်သားရဲကို ဆင့်ခေါ်ရန် ကြိုးစားသည်။ သို့သော် သူ မချိုးဖျက်နိုင်သော ချိပ်ပိတ်မှုတစ်ခု ရှိနေရာ သူသည် မြေနိမ့်သားရဲကို အာရုံမခံနိုင်ဘဲ ရှိ၏။

“နင် ရှင်သန်နိုင်မယ့် လမ်းမရှိတော့ဘူး။ နင် မလွတ်မြောက်နိုင်ဘူး။ ဒါပေမဲ့ နင် ဒူးထောက်တောင်းပန်မယ်ဆိုရင် နင့်အတွက် အသက်ရှင်နိုင်မဲ့ အခွင့်အရေးတစ်ခု ငါ ပေးနိုင်တယ်…” ထိုအမျိုးသမီးက ညင်သာစွာ ပြောလိုက်ရင်း ဝမ်လင်းထံ လှမ်းလျှောက်လာ၏။

ဝမ်လင်း၏မျက်နှာတွင် သွေးမရှိတော့ပေ။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ထပ်ဆုတ်သည်။

“ငါ ဝမ်လင်းဟာ ကောင်းကင်ဘုံကိုတောင် ဒူးမထောက်ဘူး။ ငါက ဘာကြောင့် နင့်ရှေ့မှာ ဒူးထောက်ရမှာလဲ…။ နင် ငါ့ကို အရှက်ခွဲခဲ့တယ်။ ဒီကနေ့ ငါ မသေခဲ့ရင် နင် အဆတစ်ရာ ပြန်ပေးဆပ်စေရမယ်…” ဝမ်လင်း၏မျက်လုံးသည် တောက်ပလာ၏။ သူသည် အသက်မရှုနိုင်ပေ။ ထိုနာကျင်မှုကို အံကြိတ်ခံကာ ကောင်းကင်ထက်သို့ သူ လက်ညွှန်၏။

“လေဆင့်ခေါ်ခြင်း၊ မိုးဆင့်ခေါ်ခြင်း၊ ဆန်းကြယ်လက်နက်…” ဝမ်လင်း၏ခန္ဓာကိုယ်မှ ရွှေရောင်တောက်ပမှုကို ပေးစွမ်းလာပြီး အစွမ်းထက်ကောင်းကင်ဘုံစွမ်းအင်သည် ကောင်းကင်ထက်သို့ ထိုးတက်သွား၏။

ထိုအမျိူးသမီးသည် ဝမ်လင်းထံမှ ရွှေရောင်အလင်းကို အစောပိုင်းတည်းက တွေ့မြင်ခဲ့ပြီး ဖြစ်သည်။ အခု သူမက ၎င်းအလင်းကို ထပ်မံတွေ့သည့်အခါ၌ သူမ၏မျက်ခုံးအစုံမှာ ကြုံ့သွားပြီး သူမ၏စိတ်ထဲတွင် သံသယတို့ မြင့်တက်လာသည်။ သို့သော် သူမက စကားမဆိုပေ။ သူမသည် ရှေ့သို့လှမ်းကာ ပိုမိုမြန်ဆန်စွာ ရွှေ့လျားလိုက်၏။ ထို့နောက် သူမ၏ညာလက်ကို ပင့်မြှောက်ကာ ဝမ်လင်းထံသို့ ထပ်မံဖိချလိုက်သည်။

ကောင်းကင် တုန်ဟည်းသွားကာ ရွှေရောင်တောက်ပသော နဂါးနက်ဆယ့်သုံးကောင် ပေါ်လာပြီး စတင် ဟိန်းသံပေးသည်။ ထို့နောက် ရွှေရောင်မိုးများ ရွာကျလာသည်။ မိုးရေစက်တိုင်းတွင် ဝမ်လင်းကြောင့် သေဆုံးခဲ့သော စိတ်ဝိညာဉ်တစ်ခု ပါဝင်ချေသည်။

မိုးရွာကျလာရင်း လေနှင့်မိုးလောကကို ဖန်တီး၏။ စိတ်ဝိညာဉ်မြောက်များစွာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သော်လည်း အတော်များများ ကျန်ရှိနေသေးသည်သာ။ ယင်းတို့အားလုံးသည် အမျိုးသမီးထံ တရှိန်ထိုး ဦးတည်သွားကြသည်။

တဝီဝီမြည်ဟည်းလျက် ဝမ်လင်းသည် ရလဒ်ကို မကြည့်ဘဲ နောက်သို့သာ ဆက်ဆုတ်သည်။ သူ့မျက်လုံးထဲတွင် အေးစက်မှု လှစ်ခနဲ ပေါ်ကာ သူက ကောင်းကင်ထက်သို့ ထပ်မံ လက်ညွှန်လိုက်သည်။

“တောင်ခြေမွခြင်း…” ဝမ်လင်းသည် တောင်ခြေမွခြင်း၌ ဉာဏ်အလင်း မရရှိသေးပေ။ သို့သော် သူ၏ကျင့်ကြံမှုအဆင့်ဖြင့် သူက ၎င်းမန္တာန်အစွမ်းကို တုပနိုင်သည်။ သူ လက်ညွှန်လိုက်ရာ ကြီးမားသောမီးတောင်များ ပေါ်လာကာ တုန်ဟည်းသံများ လောကတခွင် ပျံ့နှံ့သည်။ ဝမ်လင်း၏ကောင်းကင်ဘုံစွမ်းအင်ကြောင့် ၎င်းက ပေဖန်၏မန္တာန်ကို ပို၍ စစ်မှန်သော ကောင်းကင်ဘုံမန္တာန် ဖြစ်စေလေ၏။

ထိုအရာများသည် ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်ကို ခုခံဖို့အတွက် မလုံလောက်သေးပေ။ ဝမ်လင်းသည် ထိုမန္တာန်များကို သုံးကာ သူမကို နောက်ဆုတ်စေလိုက်သည် မဟုတ်ပေ။ သူက ပေဖန်၏မန္တာန်များထဲမှ နောက်ဆုံးမန္တာန်ကို အသုံးပြုရန် စီစဉ်ထားခြင်းပင်။

လနက်၊ ကြယ်လင်သောကောင်းကင်။

ဝမ်လင်းသည် ထိုလနက်ကြယ်လင်သောကောင်းကင်မန္တာန်ကို မြင်ဖူးရုံသာရှိ၏။ သူက ထိုမန္တာန်ကို ဆင့်ခေါ်ခြင်းမြစ်အတွင်းရှိ ခုနစ်ရောင်စုံနယ်မြေ၌ ကောင်းကင်ဘုံအရှင်ချင်းရွှေ အသုံးပြုခဲ့သည်ကို မြင်ခဲ့ဖူးခြင်းပင်။ သူတို့နှစ်ယောက်သည် ပေဖန်၏မန္တာန်များကို ကျင့်ကြံသော ညီအစ်ကိုနှစ်ယောက် ဖြစ်လေ၏။

ဝမ်လင်းသည် ထိုလနက်ကြည်လင်သောကောင်းကင်ကို ချင်းရွှေကဲ့သို့ ဆန္ဒရှိသလို အသုံးပြုရန် မကျွမ်းကျင်ပေ။ သို့ပေမည့် သူသည် ထိုလနက်ကြယ်လင်သောကောင်းကင်ကို စောနကမန္တာန်များကို အသုံးပြုပြီးနောက် အတင်းအကြပ် အသက်သွင်းလိုက်သည်။

သူသည် ထိုမန္တာန်ကို တစ်ကြိမ်သာ မြင်ဖူး၏။ သို့သော် နှစ်ပေါင်းနှစ်ထောင်ကျော် ဉာဏ်အလင်းနှင့် သူ၏ခုလက်ရှိ ကျင့်ကြံမှုအဆင့်ကြောင့် ယင်းမန္တာန်ကို တစ်ကြိမ်လောက် အသုံးပြုဖို့မှာ မခက်ခဲလှပေ။

တုန်ဟည်းသံများ ပဲ့တင်ထပ်နေလျက် မန္တာန်များအတွင်းမှ ထိုအမျိုးသမီးသည် တည်ငြိမ်စွာ လှမ်းထွက်လာသည်။

သို့ပေမည့် သူမ လှမ်းထွက်လာရုံရှိသေး ဝမ်လင်းက မာန်သွင်းအော်ဟစ်လိုက်လေ၏။

“လနက်၊ကြယ်လင်သောကောင်းကင်…” ဝမ်လင်းသည် မာန်သွင်းလိုက်ရင်း ထိုအမျိုးသမီးထံသို့ လက်ညွှန်လိုက်သည်။

သူ၏လက်ညွှန်ချက်နှင့်အတူ တောက်ပသောလတစ်စင်းမှာ သူမ၏မျက်နှာထက်တွင် ပေါ်လာလေသည်။ ထိုလပေါ်လာသည်နှင့် အမျိုးသမီး၏အမူအရာမှာ ပြောင်းလဲသွားကာ သူ့ခြေလှမ်းများမှာ ပထမဆုံးအကြိမ်အဖြစ် ရပ်တန့်သွားသည်။

“လနက်ကလန်၊ ပထမဟန်…ဟုတ်တယ်။ ပေဖန်ဟာ အရင်တုန်းက လနက်ကလန်ကို သစ္စာဖောက်ပြီး ဒီမန္တာန်ကို ယူသွားခဲ့တာ…”

ထိုအမျိုးသမီး၏ မျက်နှာပေါ်ရှိ လနက်သည် မြန်ဆန်စွာ သိပ်သည်းလာကာ အက်ကြောင်းများ ပေါ်လာ၏။ ထိုအက်ကြောင်းများသည် တုန်လှုပ်ဖို့ကောင်းကာ လတ်ဆတ်သောသွေးများ စီးကျနေသည်။

အမျိုးသမီးသည် ငြီးငြူလိုက်ရပြီး သူမ၏မျက်လုံးသည် အလွန်အမင်း‌ အေးစက်သွားသည်။

“နင်သာ ဒုတိယဟန်၊ လနက် အမည်မဲ့မိုး၊ တတိယဟန်၊ လနက် အေးစက်လေ တို့ကိုသာ သိထားခဲ့ရင် နင် ဒီနေ့ သေခြင်းကနေ လွတ်ကောင်းလွတ်နိုင်အုံးမယ်။ ဒါပေမဲ့ ဒီပထမဟန်ပုံစံလောက်နဲ့တော့ ငါ နင့်ကို သတ်နိုင်သရွှေ ငါ ဒါကို ဖယ်ရှားပစ်နိုင်တယ်…”

ထိုအမျိုးသမီးသည် သူမ၏မျက်နှာမှ လှိုက်တက်လာသော နာကျင်မှုကို တောင့်ခံကာ ဝမ်လင်းထံသို့ ဦးတည်ဝင်လာသည်။

သူမသည် လနက်ကလန်၏ မန္တာန်များကို သိထားပေ၏။ ထိုလနက်ကလန်၏ မန္တာန်များမှာ အလွန်တရာ ရက်စက်ကြမ်းကြုတ်၏။ ယင်းမန္တာန်များသည် ချက်ခြင်း သတ်ခြင်းမဟုတ်၊ တမြေ့မြေ့ဖြင့် ပိုပိုနာကျင်စေခြင်းပင်။ ယင်းမန္တာန်များ ပို၍ ကြာလာလေလေ ၎င်းကို ဖယ်ရှားဖို့ ပိုခက်ခဲလေပင်။

ဤအခိုက်တွင် သူမက ဝမ်လင်းထံ တိုးဝင်လာရင်း ဝမ်လင်းနားသို့ ချက်ခြင်း ရောက်လာ၏။ သူမက ကုတ်ဆွဲဟန်တစ်ခု ပြုလုပ်ကာ ဝမ်လင်းထံသို့ ကြမ်းတမ်းစွာ ဖိရိုက်ချလိုက်သည်။

ဝမ်လင်း၏မျက်လုံးထဲတွင် ရူးသွပ်မှု ပေါ်လာပြီး သူက ညာလက်ကို ပင့်မြှောက်၏။ လနက်ကြယ်လင်သောကောင်းကင်ကို အသုံးပြုပြီးနောက် သူက လက်သီးစုပ်ကာ ပစ်သွင်းလိုက်သည်။

ထိုလက်သီးချက်တွင် ရှေးဟောင်းစွမ်းအားများ ပါဝင်၏။ သို့သော် သူက ၎င်းလက်သီးချက်တွင် ပြိုလဲကုန်းမြေ၌ ဟင်္သာငှက်ဟောင်းထံမှ သင်ယူခဲ့သော အစွမ်းထက်ဆုံးလိပ်နက်မန္တာန်ကို အသုံးပြုထားပေသည်။

ဝမ်လင်း၏လက်သီးချက် ပတ်လည်တွင် တုန်ခါလှိုင်းများ ဂယက်ထ၏။

သူတို့နှစ်ယောက်သည် ထိပ်တိုက်ဆုံလေ၏။

လောကတခွင် ကျယ်လောင်စွာ မြည်ဟည်းသံများ ပဲ့တင်ထပ်သည်။ ဝမ်လင်းက သူ၏စွမ်းအားကုန်ကို လွှတ်ကာ ပြန်ကန်အားအားလုံးကို အသုံးချ၍ ထိုအမျိုးသမီး၏လက်နှင့် ထိပ်တိုက်တွေ့စေခြင်းပင်။

ပြင်းထန်သောနာကျင်မှုက သူ၏ခန္ဓာကိုယ်တွင် ပြည့်နှက်လာသည်။ သူ့ခန္ဓာကိုယ်ထံမှ သွေးမြူများ ပန်းထွက်ပြီး သူ၏ဝတ်ရုံမှာ သွေးဖြင့် စွန်းထင်း၏။ သူ့ညာလက်သည် အဆစ်မှ စ၍ ပျက်စီးပြီး သူသည် နောက်သို့ လွင့်ထွက်သွားလေ၏။

သူ၏ခန္ဓာကိုယ်တွင်းရှိ တွန်းကန်အားမှာလည်း လှိုင်းထန်နေကာ မခံမရပ်နိုင် ဖြစ်နေလေပြီ။ သို့သော် သူသည် ၎င်းကို အနည်းငယ်မျှတော့ မရမက ဖိနှိပ်ထားနိုင်ဆဲ ဖြစ်၏။

ထိုအမျိုးသမီးမှာလည်း မသက်သာပါ။ သူမ၏ပါးစပ်ထောင့်မှ သွေးများစီးကျလာ၏။ သူမသည်လည်း နောက်သို့ ခြေလှမ်းရာချီ လွင့်ထွက်သွားရ၏။ သူမ၏ခန္ဓာကိုယ်သည် တုန်ယင်နေကာ လနက် ထပ်မံ ပေါ်လာသည်။ ပိုမိုများပြားသော အက်ကြောင်းများ ပေါ်ကာ လနက်သည် သူမ၏လည်တိုင်ထိ ပျံ့နှံ့လာသည်။

ထိုသို့ ပျံ့နှံ့ရင်း ထိုမန္တာန်၏ ရက်စက်မှုကို ခင်းကျင်းပြသနေ၏။ ပြင်းထန်သောနာကျင်မှုက ထိုအမျိုးသမီးကို ငြီးငြူမိစေ၏။ ထိုအခိုက်၌ သူမသည် လုံးဝ ဝေဝါးလာကာ တစ္ဆေတစ်ကောင်နှင့်ပင် တူလာသည်။

လနက်ကြယ်လင်သောကောင်းကင်ထံမှ အပျက်အစီးက ထိုအမျိုးသမီးကို သွေးအန်စေကာ နောက်ထပ်ပေရာချီ ဆုတ်သွားစေ၏။ သူမသည် ရုတ်တရက်မော့ကာ ဝမ်လင်းထံသို့ ကြည့်လိုက်၏။ ထို့နောက် သူမ၏ညာလက်ကို ဝေ့ယမ်းလိုက်ရာ ရှေးဟောင်းစောင်းတစ်လက် သူမ၏ရှေ့တွင် ပေါ်လာလေ၏။

ထိုအမျိုးသမီးသည် ဝမ်လင်းကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်ကာ ထိုစောင်းကို ထိလိုက်သည်။

စောင်းသံက လောကတစ်ခွင် ပျံ့နှံ့လေ၏။ ထိုစောင်းသံ ဆက်လက် ထွက်ပေါ်လာနေရင်း ၎င်းသည် ကောင်းကင်တုန်လှုပ်ဖွယ် သတ်ဖြတ်လိုစိတ်တစ်ခုကို ဖန်တီး၏။

ထိုဂီတသံသည် ပို၍ ကြမ်းလာကာ ဝမ်လင်း၏ စိတ်အတွင်းသို့ ဝင်ရောက်လာပြီး သူ့ကို မမြင်ရသောလှိုင်းများက တရစပ် တိုက်ခိုက်ထိုးနှက်သည့်အလား ခံစားရစေ၏။ သူသညည် နောက်သို့ ပေထောင်ချီ လွင့်ထွက်ကာ သူ၏ဒွာရပေါက်များကနေ သွေးများ ယိုစီးကျလာတော့သည်။

“ငါ့စောင်းသံကို အရင်က ကောင်းကင်ဘုံအုပ်စိုးသူတစ်ယောက်ပဲ ကြားရနိုင်တဲ့အရာ ဖြစ်တယ်။ အခု ဒီနေ့ နင် ကြားရတဲ့အတွက် နင် ပျော်ပျော်ကြီး သေလို့ရပြီ။ မြေအောက်လောကထဲ မြှုပ်နှံ့ခြင်း ဆိုတဲ့ ငါ့ဂီတသံကို နားထောင်ကြည့်လိုက်…” ထိုအမျိုးသမီး၏အသံသည် တည်ငြိမ်၏။ သူမက ရှေးဟောင်းစောင်းပေါ် လက်တင်ကာ မြန်ဆန်စွာ လှုပ်ရှား တီးခတ်လေ၏။

ထိုစောင်းသံ လောကတွင် ပြည့်နှက်လာ၏။ ဝမ်လင်း၏စိတ်အတွင်း၌ နတ်ဆိုးဆန်သောအတွေးများ ပြည့်နှက်လာသည်ဟု ထင်ရလေသည်။ မရေမတွက်နိုင်သော နတ်ဆိုးအတွေးများက သူ၏စိတ်နှလုံးကို တစစီ ဆုတ်ဖြဲချင်သည့်နှယ်။ ဝမ်လင်းသည် နာကျင်စွာ ပြုံးမိ၏။ သူ့ပါးစပ်ထောင့်မှ သွေးများစီးကျလာကာ သူသည် စတင် ရယ်မောလေသည်။

“မြေအောက်လောကထဲ မြှုပ်နှံ့ခြင်းတဲ့လား…” ရယ်မောနေရင်း ဝမ်လင်းသည် လှည့်လိုက်၏။ သွေးအလင်း ဖျပ်ခနဲ ပေါ်သည်။ မှိန်ဖျော့ဖျော့သွေးဓား ပေါ်လာကာ လေထဲတွင် တဝီဝီလှည့်ပတ်သည်။

ထိုစဉ်တွင် နောက်ထပ်အမျိုးသမီးတစ်ယောက် ဝမ်လင်းနောက်မှ ငြိမ်သက်စွာ လှမ်းလျှောက်ထွက်လာ၏။ သူမ ပေါ်လာသည်နှင့် သွေးဓားက သူမထံသို့ တရှိန်ထိုး ဦးတည်သည်။

သူမသည် ဝမ်လင်း သူမကို ရှာတွေ့သွားခြင်းအပေါ် အံ့အားမသင့်ပေ။ သူ ထိုသို့ မတွေ့နိုင်မှသာ သူသည် သူတို့၏စုပေါင်းသတ်ဖြတ်ရန် စီစဉ်ရခြင်းနှင့် မထိုက်မတန် ဖြစ်ပေလိမ့်မည်။

သူမက သွေးဓားကို သူမအား ထွင်းဖောက်သွားစေခွင့် ပြု၏။ သူမ၏ခန္ဓာကိုယ်မှာ ပုံရိပ်ယောင်တစ်ခုအလား။ သူမက ဝမ်လင်း၏မျက်လုံးတွင်သာ တည်ရှိပြီး အစစ်အမှန်ခန္ဓာကိုယ် မရှိသည့်နှယ်။ သူမက ညင်သာစွာ ပြုံးလိုက်၏။

ရှေးဟောင်း ဆိုရိုးတစ်ခုရှိ၏။ တစ်ချက်လေး နောက်လှည့်စောင်းငဲ့ ကြည့် ပြုံးလိုက်ရုံနဲ့ သက်ရှိအားလုံးကို စွဲညှို့နိုင်သည် ဟူ၍ပင်။ သူမသည် နောက်မလှည့်ခဲ့သော်လည်း ထိုအပြုံးကပင် လောကကို လင်းထင်းသွားစေကာ အံ့မခန်းလှပလွန်းလှသည်။

“ငါ စီနီယာအစ်မကြီးရဲ့ ဂီတသံကို မကြားရတာ ကြာရှည်လွန်းခဲ့ပြီ။ နင့်ကြောင့် ဒီနေ့ ငါ သူမရဲ့ ဂီတသံကို ကြားနိုင်ခဲ့ရပြီ…”

သွေးဓားသည် အချဉ်းနှီးဖြစ်ကာ နောက်ပြန်လွင့်လာပြီး ဝမ်လင်းကို လှည့်ပတ်၏။ ဝမ်လင်းက သွေးဓားကို ပစ်လွှတ်လိုက်သည့်အချိန်မှာတည်းက သူသည် နောက်ဆုတ်ပြီး ဖြစ်၏။ စောင်းသံက သတ်ဖြတ်လိုစိတ်နှင့် ပြည့်နှက်ပြီး ဤလောကတွင် ပြည့်နှက်နေ၏။

“ငါ နင့်ကို တကယ်ပဲ မသတ်ချင်ပါဘူး…” အစစ်အမှန်ခန္ဓာကိုယ်မရှိသော ထိုအမျိုးသမီးက ဝမ်လင်းကို ကြည့်၏။ သူမက သူမ၏ကျောက်စိမ်းအလား လက်ကို ပင့်မြှောက်ကာ ဝမ်လင်းထံသို့ ညွှန်လိုက်သည်။

“ငါ့ ကောင်းကင်ဘုံစိတ်ဝိညာဉ်နဲ့ဆိုရင် နင် အသက်ရှုချိန်သုံးကြိမ်စာအတွင်း သေရမယ်လို့ ငါ ကြိုမြင်တယ်။ ငါကြိုမြင်ချက်ဟာ ငါ့စိတ်ဝိညာဉ်နဲ့အတူ အမှန်တကယ် ဖြစ်လာလိမ့်မယ်…” သူမသည် ပြုံး၍ ဝမ်လင်းထံ ခေါင်းညိတ်ပြလိုက်သည်။

***

All Chapters