← Chapters

ကောင်းကင်အရှင်၏ ခန္ဓာကိုယ် ပိုင်စိုးခြင်း…

Vol. 119 Ch. 1636

ကောင်းကင်အရှင်၏ ခန္ဓာကိုယ် ပိုင်စိုးခြင်း…

Vol. 119 Ch. 1636

ဝမ်လင်းသည် ဟင်္သာပြဒါးဂြိုဟ်ပေါ်သို့ ကျရောက်သွားစဉ် ကျယ်လောင်စွာ မြည်ဟည်းသံ ပဲ့တင်ထပ်၏။ ဂြိုဟ်သည် တုန်ခါထွက်သွားသည်။ တောင်များ ပျက်စီးကာ ကျောက်စကျောက်နများ လွင့်စင်ထွက်ပြီး ဝမ်လင်းသည် မြေပြင်ထက်သို့ ကျရောက်သွား၏။ မြေပြင်ထုမှာ တုန်ခါလျက် ဝမ်လင်း ကျရောက်သွားသောနေရာတွင် အက်ကြောင်းခပ်နက်နက် ပေါ်လာလေ၏။

တုန်ဟည်းသံများ ပဲ့တင်ထပ်နေရင်း ဝမ်လင်း၏ခန္ဓာကိုယ်မှာ ပျက်စီးလိုက်၊ ပြနဖွဲ့စည်းလိုက် ဖြစ်နေ၏။ သူသည် တက်တူးကလန်၏ဂူများအတွင်းသို့ ဦးတည်သွားလေသည်။

သည်ဂြိုဟ်မှာ အုပ်စိုးသူ၏ ရေတွင်းထဲမှလ၏ မျှားယူခြင်း ခံထားရသော်လည်း ၎င်းမျာ ဟင်္သာပြဒါးဂြိုဟ် ဖြစ်နေဆဲသာ။ သက်ရှိများ မရှိသည်ကလွဲ၍ ကျန်သည့်အရာအားလုံး တည်ရှိလေသည်။

တက်တူးကလန်၏ လှိုဏ်ဂူလည်း ရှိနေသည်သာ ဖြစ်၏။

ဝမ်လင်း မြေပေါ်သို့ ပြိုဆင်းကျသွားနေရင်း သူသည် မြေပြင်ထုကို ဖြတ်ကာ တက်တူးကလန်လှိုဏ်ဂူ၏ ဆယ့်ရှစ်လွှာမြောက်တွင် ပေါ်လာသည်။

သည်နေရာရှိ အရာအားလုံးမှာ သူ ထွက်လာခဲ့ချိန်ကတိုင်း အတူတူသာ ဖြစ်နေ၏။ နံရံများထဲမှ တစ်ခုက ပျက်စီး၍ ထိုအဟ၏ အပြင်ဘက်တွင် ပြင်ပတိုက်ပွဲနယ်မြေလည်း ရှိနေသည်။

ရေတွင်းထဲမှလမျှားခြင်းသည် အလွန်ထူးခြား ဆန်းကြယ်လှသည်။ ၎င်းမန္တာန်က ပြင်ပတိုက်ပွဲနယ်မြေကို မျှားယူလိုက်သည့်အလား။ ၎င်းသည် တုပထားခြင်း ဖြစ်သော်လည်း အဆုံးမရှိသော လေလွင့်စိတ်ဝိညာဉ်များနှင့် အလောင်းများစွာသည် အစစ်အမှန်ကဲ့သို့ ရှိနေသည်သာ။

ဝမ်လင်း၏ခန္ဓာကိုယ်သည် ဘန်းခနဲ ပေါက်ကွဲကာ ဆယ့်ရှစ်လွှာမြောက်သို့ ကျရောက်သွားပြီး သူသည် သွေးထပ်မံ အန်ထုတ်ရသည်။ သူ၏ခန္ဓာကိုယ်မှာ ရွှေရောင်အလင်းဖြင့် ဖုံးနေ၏။ နာကျင်မှုက သူ့ကို သတိမေ့သွားစေဖို့ လုံလောက်ပေ၏။ သို့ပေမည့် သူသည် အံတင်းတင်းကြိတ်ကာ ပျက်စီးခြင်းတစ်ခုစီကို တောင့်ခံထားသည်။

သခင်ငါးပါးထဲမှတစ်ယောက်၊ ကောင်းကင်အရှင်လေဟာနယ်နတ်ဘုရား၏ လက်ဝါးတွင် အစွမ်းထက်သောအော်ရာတစ်ခု ပါဝင်၏။ ၎င်းက ဝမ်လင်း၏နောက်ကျောကို ထိမှန်သည့်အခါ သူ၏အင်မောတယ်ခန္ဓာကိုယ်သည် မတည်မငြိမ်ဖြစ်သည့် အရိပ်အယောင်များ ပြလာလေ၏။

ဝမ်လင်း၏အင်မောတယ်ခန္ဓာကိုယ်မှာ မပြည့်စုံပေ။ သူ၏ခန္ဓာကိုယ်သည် ဆက်တိုက်ပြန်ဖြစ်ပေါ်နေစဉ် ဝမ်လင်းသည် ရုန်းကန်၍ ထ၏။

သို့ရာတွင် သူ ထလိုက်သည့်အခါ၌ ခပ်ရှရှရယ်သံတစ်သံ ပဲ့တင်ထပ်သည်။ ကောင်းကင်အရှင်လေဟာနယ်နတ်ဘုရားသည် ဝမ်လင်း ဖြတ်သန်းသွားသော မြေပြင်ထက်ရှိ တွင်းပေါက် အပြင်ဘက်တွင် ပေါ်လာသည်။

သူ၏ခန္ဓာကိုယ်မှာ မြူများဖြင့် လုံးဝ ဖြစ်ပေါ်နေပြီး သူ့မျက်လုံးထဲတွင် လောဘနှင့် ပြည့်နှက်နေသည်။ သူက ညာလက်ကို ပင့်မြှောက်ကာ ဝမ်လင်းထံသို့ လက်ဆန့်တန်းလိုက်သည်။

ဝမ်လင်းက ခုခံရန် ဟန်ပြင်၏။ သို့သော် သူ၏ခန္ဓာကိုယ်သည် တဖန် ပျက်စီးသွားပြန်သည်။ သူသည် ပျက်စီးနေရင်း ကောင်းကင်အရှင်လေဟာနယ်နတ်ဘုရား၏ မျက်လုံးသည် ကျဉ်းမြောင်းသွားကာ သူ့ညာလက်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူ၏မြူခန္ဓာကိုယ်သည် ဖျပ်ခနဲ ပျက်စီးနေသော ဝမ်လင်းထံ တိုးဝင်လာတော့သည်။

“ကောင်းကင်က ပေးတဲ့အခွင့်အရေးပဲ။ ကြည့်ရတာ ကောင်းကင်ဘုံကိုယ်တိုင်က ငါ့ကို မင်းရဲ့ အင်မောတယ်ကောင်းကင်ဘုံခန္ဓာကိုယ်ကို ယူဆောင်စေချင်ပုံ ရတယ်…”

ကောင်းကင်အရှင်လေဟာနယ်နတ်ဘုရားသည် ရယ်မောကာ ဝမ်လင်း၏ပျက်စီးနေသော အသွေးအသားနှင့် သမူဟဖြစ်စွာ ပေါင်းစည်းသည်။ ဝမ်လင်း၏အင်မောတယ်ခန္ဓာကိုယ် ပြန်ဖွဲ့စည်းသည်နှင့် သူက နာကျင်ထိတ်လန့်စွာ အော်ဟစ်လိုက်ရသည်။

ဝမ်လင်း၏ ဖြစ်ပေါ်နေသောခန္ဓာကိုယ်တွင် ရွှေရောင်အလင်းထဲ၌ အမှောင်ထုအငွေ့အသက် ရှိနေ၏။ ထိုအမှောင်ထုသည် သူ၏ခန္ဓာကိုယ်ကို ဖြတ်သန်းကာ သူ့ဦးခေါင်းထံ တရှိန်ထိုး ဦးတည်သည်။ ခပ်ဖျော့ဖျော့ရယ်သံတစ်သံ သူ့စိတ်ထဲတွင် ပဲ့တင်ထပ်လေ၏။

“ခုကစပြီး ဒီခန္ဓာကိုယ်ကို ဒီအဘိုးအို ပိုင်ဆိုင်တယ်။ မင်း ခုခံလည်း အချည်းနှီးပဲ. ပိုင်စိုးခံရတဲ့ ခံစားချက်ကြောင့် မင်းပျော်ရွှင်လိုက်ပါ။ ဒီခံစားချက်ဟာ မင်းတစ်သက်မှာ တစ်ခါပဲ ရနိုင်တဲ့ အခွင့်အရေးပဲ…”

ဝမ်လင်း၏မျက်လုံးသည် ချင်းချင်းနီရဲနေ၏။ ပိုင်စိုးခံရခြင်းကြောင့် နာကျင်မှုသည် သူ့ကို အရာအားလုံးအား ဆုံးရှုံးသွားစေသလို ဖြစ်စေ၏။ သူသည် အမှောင်ထုကို ရုန်းကန်နေရင်း သူ၏ခြေထောက်များကို ထိန်းချုပ်နိုင်မှု ဆုံးရှုံးသွားသည်။

ခဏအကြာတွင် သူသည် သူ့ညာလက်နှင့် ခန္ဓာကိုယ်အထက်ပိုင်းကို ထိန်းချုပ်မှုအား ဆုံးရှုံးသွား၏။ သူသည် ဘယ်လက်တစ်ဖက်သာ လှုပ်နိုင်တော့သည်။ သို့သော် ထိုဘယ်လက်မှာလည်း တဖြည်းဖြည်း ထုံထိုင်းလာသည်။ကောင်းကင်အရှင်လေဟာနယ်နတ်ဘုရား၏ နတ်ဘုရားအာရုံက သူ့ခန္ဓာကိုယ်ကို သိမ်းပိုက်နေစဉ် သူ၏မှတ်ဉာဏ်များ စတင်၍ အပိုင်းပိုင်း ဖြစ်လာသည်။ လွှမ်းမိုးနိုင်သော နတ်ဘုရားအာရုံက သူ၏မှတ်ဉာဏ်အတွင်း တရကြမ်း ဝင်ရောက်သည်။ ၎င်းက သူ၏ဘဝတစ်ခုလုံးအကြောင်း သိလိုကာ သူ့အား လုံးဝ အမြစ်ဖျက်တော့မည့်နှယ်။

ဝမ်လင်းသည် နာကျင်စွာ ငြီးငြူလိုက်ရ၏။ သို့သော် သူ့အသံမှာ ပိုပိုအားဖျော့သွားသည်။ သူ၏မျက်လုံးထဲတွင် ရုန်းကန်မှုတို့ ပြည့်နှက်နေ၏။ သို့သော် ယင်းမှာလည်း တဖြည်းဖြည်း အားနည်းလာသည်။ သူ၏ခန္ဓာကိုယ်မှာ သူ့ထိန်းချုပ်မှုကနေ လွတ်ကင်းလာသည်။

“ဒီခန္ဓာကိုယ်နဲ့ဆိုရင် ဒီအဘိုးအိုဟာ ဒီလောကမှာ ဆန္ဒရှိသလို လုပ်လို့ရပြီ။ ငါ ဒီနောက်ဆုံးသန့်စင်ခြင်းကို ပြီးမြောက်အောင် စောင့်လိုက်ရုံပဲ။ ပြီးရင် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကလည်း ငါ့ဟာ ဖြစ်လာမှာ…” ထိုအဘိုးအို၏ရယ်သံက ဝမ်လင်း၏ပါးစပ်မှ ထွက်ပေါ်လာ၏။ သူ၏အမူအရာမှာ ရှုံ့တွနေပြီး သူသည် ဟင်္သာပြဒါးဂြိုဟ်မှ ပျံသန်းထွက်သည်။

သို့ပေမည့် သူ လေထဲ ပျံတက်စဉ် ဝမ်လင်းက ဘယ်လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ တက်တူးကလန်၏ ဆယ့်ရှစ်ထပ်မြောက်အလွှာရှိ ပြင်ပတိုက်ပွဲနေရာထံ လက်ညွှန်လိုက်သည်။

ဤနည်းဖြင့် ပြင်ပတိုက်ပွဲနယ်မြေအတွင်းရှိ မရေမတွက်နိုင်သော လေလွင့်စိတ်ဝိညာဉ်များသည် တုန်ယင်လာသည်။ ဝမ်လင်းသည် တစ်ချိန်က စိတ်ဝိညာဉ် ဝါးမြိုသူ ဖြစ်ခဲ့ဖူး၏။ ထို့ကြောင့် သူသည် လေလွင့်စိတ်ဝိညာဉ်များကို အားကောင်းစွာ ထိန်းချုပ်နိုင်ပေသည်။

တုပထားသော ပြင်ပတိုက်ပွဲနယ်မြေအတွင်းရှိ မရေမတွက်နိုင်သော လေလွင့်စိတ်ဝိညာဉ်များသည် စတင် လှိုင်းထန်လာ၏။ ယင်းတို့သည် မုန်တိုင်းတစ်ခု ဖြစ်ပေါ်ကာ ပိုမိုများပြားသော လေလွင့်စိတ်ဝိညာဉ်များ စုဝေးလာသည်။

စိတ်ဝိညာဉ်ဝါးမြိုသူများ ဖြစ်ကြသော အချို့တည်ရှိမှုစိတ်ဝိညာဉ်များသည်ပင် မုန်တိုင်းနှင့် တဖြည်းဖြည်း သမူဟ ဖြစ်လာသည်။ ထိုမုန်တိုင်းသည် ပြင်ပနယ်မြေကို ရိုက်ခတ်ကာ မရေမတွက်နိုင်သော အလောင်းများကိုပါ ပျက်စီးစေ၏။ ထိုအဖြစ်က အလောင်းများအတွင်းရှိ လေလွင့်စိတ်ဝိညာဉ်များကိုပါ ပါဝင်လာစေသည်။

တုန်ဟည်းသံများ ကျယ်လောင်နေ၏။ အားကောင်းသော လေလွင့်စိတ်ဝိညာဉ်မုန်တိုင်းသည် ဆယ့်ရှစ်ထပ်မြောက်ရှိ အဟကြားမှ ထိုးထွက်လာကုန်သည်။

ဤကား ၎င်းတို့အတွက် ပထမဆုံးအကြိမ်အဖြစ် ပြင်ပတိုက်ပွဲနယ်မြေမှ ထွက်လာနိုင်ခြင်း ဖြစ်၏။ ပထမဆုံးအကြိမ်အဖြစ် ၎င်းတို့ကို ထွက်နိုင်ရန် ဟန့်တားထားသော ထူးဆန်းသည့်ဥပဒေသ မရှိတော့ခြင်းပင်။ အုပ်စိုးသူသည် ရေတွင်းထဲမှ ယင်းလေလွင့်စိတ်ဝိညာဉ်များကို မျှားယူနိုင်သော်လည်း သူသည် ပြင်ပတိုက်ပွဲနယ်မြေကို ချိပ်ပိတ်ထားသော ထူးဆန်းသည့်ဥပဒေသကိုမူ မျှားထုတ်မယူနိုင်ပေ။

ထို့အတွက်ကြောင့် လေလွင့်စိတ်ဝိညာဉ်များသည် မည်သည့်အတားအဆီးမျှ မရှိဘဲ ထိုးထွက်လာနိုင်ခြင်းပင်။ ယင်းတို့၏ စိတ်လှုပ်တရှားအော်သံများက ဟင်္သာပြဒါးဂြိုဟ်တခွင် ပဲ့တင်ထပ်သည်။

ထိုအဖြစ်က ဟင်္သာပြဒါးဂြိုဟ်ကို အပြင်းအထန် တုန်ခါစေ၏။ ဟင်္သာပြဒါးဂြိုဟ်သည် ဆက်လက် တောင့်မခံနိုင်တော့ဘဲ စတင် ပျက်စီးသည်။

ကောင်းကင်အရှင်လေဟာနယ် နတ်ဘုရားက ဝမ်လင်း၏ခန္ဓာကိုယ်ကို ပိုင်စိုးရင်း ပျံသန်းထွက်လာ၏။ သူသည် ထိန်းချုပ်ပြီးသွားသော်လည်း ဝမ်လင်း၏ခန္ဓာကိုယ် ပျက်စီးခြင်း၊ပြန်ဖွဲ့စည်းခြင်းတို့ကိုမူ မရပ်တန့်ပေ။

သို့ရာတွင် သူ၏ကျင့်ကြံမှုအဆင့်က ဝမ်လင်းထက် မြင့်မားလှသဖြင့် သူသည် ပျက်စီးခြင်း၊ဖွဲ့စည်းခြင်းတို့ကို ပိုနှေးအောင် ဖိနှိပ်ထားနိုင်သည်။

“ဒီသတ်ဖြတ်ခြင်း အဆုံးသပ်ပြီ…” ကောင်းကင်အရှင်လေဟာနယ်ဂိတ်တံခါး၏ အသံသည် ဝမ်လင်း၏ပါးစပ်မှ ထွက်ပေါ်လာ၏။ သူက ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်နှစ်ယောက်နှင့် ရေခဲတွင်းမှ လှမ်းထွက်လာသော ဝတ်စုံဖြူလူထံ ကြည့်လိုက်သည်။

သို့ပေမည့် သူ၏စကားမဆုံးသေးခင်မှာ သူ့နောက်မှ ဟင်္သာပြဒါးဂြိုဟ်သည် တုန်ခါကာ ရုတ်တရက် ပေါက်ကွဲ၏။ ပျက်စီးသွားသော ဟင်္သာပြဒါးဂြိုဟ်ထံမှ ကြောက်မက်ဖွယ်အနက်ရောင်မုန်တိုင်းတစ်ခု ထိုးထွက်လာကာ သည်လောကကို ခြုံလွှမ်းသည်။

ကောင်းကင်အရှင်လေဟာနယ်နတ်ဘုရား၏ အမူအရာမှာ ပြောင်းလဲသွားပြီး နောက်လှည့်ကြည့်လိုက်သည်။ သူ၏မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွားမိ၏။ သို့သော် သူ့အတွက် နောက်ဆုတ်ဖို့ နောက်ကျသွားခဲ့လေပြီ။ လေလွင့်စိတ်ဝိညာဉ်မုန်တိုင်းက သူ့ထံ အံ့မခန်းအမြန်နှုန်းဖြင့် တိုးဝင်လာချေ၏။

ဝမ်လင်း၏ခန္ဓာကိုယ်တွင်း၌ လေလွင့်စိတ်ဝိညာဉ်များကို ဆင့်ခေါ်သောအသံတစ်ခု ရှိနေသည့်အလား။

အနက်ရောင်မုန်တိုင်းက ချက်ခြင်းပင် ကောင်းကင်အရှင်လေဟာနယ်နတ်ဘုရားကို ခြုံလွှမ်းသွားကာ သူ၏ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်သည်။ နီးကပ်စွာ ကြည့်ပါက သင်သည် ထိုမုန်တိုင်းအတွင်း၌ မရေမတွက်နိုင်သော လေလွင့်စိတ်ဝိညာဉ်များ ရှိနေသည်ကို တွေ့မြင်ရပေလိမ့်မည်။ ယင်းတို့သည် ဝမ်လင်း၏ခန္ဓာကိုယ်တွင်းသို့ တရကြမ်း တိုးဝင်သည်။ ချက်ခြင်းပင် အနက်ရောင်မုန်တိုင်းသည် ကွယ်ပျောက်ကာ လေလွင့်စိတ်ဝိညာဉ်များသည် ဝမ်လင်း၏ခန္ဓာကိုယ်တွင်းသို့ တရကြမ်း ဝင်ရောက်သွားလေ၏။

ဝမ်လင်း၏ခန္ဓာကိုယ်မှာ တုန်ယင်ကာ နောက်တဖန် ပျက်စီး၏။ ထိုပျက်စီးမှုသည် ပေထောင်သောင်းချီထိ ပျံ့နှံ့သည်။ မရေမတွက်နိုင်သော လေလွင့်စိတ်ဝိညာဉ်များ၏ ကူညီမှုနှင့် ဝမ်လင်း၏ကိုယ်ပိုင်ခွန်အားကြောင့် ကြောက်မက်ဖွယ်အော်ရာတစ်ခု ပေါက်ကွဲထွက်လာ၏။ သူက ကောင်းကင်အရှင်ထံမှ သူ၏အသွေးအသားများကို အတင်း ပြန်ထုတ်ယူနိုင်စွမ်း ရှိသွားလေ၏။

မြူများစွာ ပျံ့နှံ့ကာ မရေမတွက်နိုင်သောလေလွင့်စိတ်ဝိညာဉ်များ ဗြောင်းဆန်လေ၏။ ယင်းအဖြစ်က ထိုမြူများကို ကောင်းကင်အရှင်လေဟာနယ်နတ်ဘုရား၏ခန္ဓာကိုယ်အသွင်သို့ ပြန်ရောက်သွားစေသည်။

သူ့မျက်လုံးထဲတွင် ချီတုံချတုံ ဖြစ်မှုတို့ ပြည့်နေကာ သူသည် မာန်သွင်းလျက် နောက်တဖန် ရှေ့သို့ ဆက်တိုးလာ၏။ တစ်ချိန်တည်းမှာ လနက်ကြောင့် ပြန်ကောင်းမွန်လုနီးနီး ဖြစ်သော ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်က အေးစက်စက်အကြည့်ကို လှစ်ဟကာ ရှေ့သို့ တိုး၏။ ဝတ်စုံဖြူလူကလည်း ပြင်းထန်သောသတ်ဖြတ်လိုစိတ်ဖြင့် နီးကပ်လာသည်။

သို့သော် ထိုအခိုက်တွင် ဝမ်လင်း၏ခန္ဓာကိုယ်သည် အဆုံးအဆမဲ့ လေလွင့်စိတ်ဝိညာဉ်များ၏ အကူအညီဖြင့် ပြန်ဖွဲ့စည်းလာ၏။ ခုချိန်တွင် သူသည် အချိန်တိုအတွင်း ပြန်မပျက်စီးတော့ပေ။ သူ၏မျက်လုံးသည် တောက်ပလာကာ သူသည် တိုးဝင်လာသော အရှင်လေဟာနယ်နတ်ဘုရားကို စိုက်ကြည့်သည်။

“မင်းတို့အားလုံး သေချင်နေတာပဲ…” ဝမ်လင်း၏ပြီးခဲ့သော အတွေ့အကြုံက သူ့ကို သေခြင်းတရားနှင့် အလွန်တရာ နီးကပ်သွားစေခဲ့၏။ သူသည် အုပ်စိုးသူ ခုထိ ပေါ်မလာသေးသည့်အချက်ကိုလည်း ဂရုစိုက်မနေတော့ပေ။ သူ၏ခန္ဓာကိုယ် ပြန်ဖွဲ့စည်းပြီးနောက် သူက ဘယ်လက်ကို ဆန့်ထုတ်ရာ ရွှေရောင်အလင်းတို့ စုဝေးလာ၏။ ထို့နောက် သူ့လက်ထဲတွင် လေးတစ်လက် ပေါ်လာသည်။

သိပ်မကြာခင်တွင် ဝမ်လင်း၏ညာလက်မှာ လေကြိုးကို ဖမ်းဆုပ်၍ ဆွဲတင်လိုက်၏။ ချက်ခြင်းပင် လေးသည် အပြည့်အဝ ဆွဲတင်ခြင်း ခံရသည်။

သူ၏ခန္ဓာကိုယ်မှာ မားမားမတ်မတ် ဖြစ်နေ၏။ သူ့မျက်လုံးထဲတွင် အေးစက်မှု လှစ်ခနဲ ပေါ်ကာ ယင်းတို့၌ ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ် ပြည့်နှက်သည်။

သူ လေးကြိုးကို ဆွဲတင်လိုက်သည်နှင့် လုံးဝန်းသောမြားထိပ် ပေါ်လာသည်။ ထိုမြားထိပ်၏ ကိုယ်ထည်တွင် ရှုပ်ထွေးသောစာလုံးများ ရှိ၏။ နန်ကျောက်နှင့် ထျန်ကျောက်တို့၏ ခပ်ရေးရေးအော်မြည်သံများကိုပင် ၎င်းမြားထံမှ ကြားရနိုင်၏။

မြားစွမ်းအင်သည် ပတ်ဝန်းကျင်ကို ခြုံလွှမ်းလာကာ ရှေးဟောင်းအော်ရာတစ်ခု ပျံ့နှံ့သည်။ ထိုအဖြစ်က အရှင်ကောင်းကင်လေဟာနယ်နတ်ဘုရား၏အမူအရာကို ကြီးစွာ ပြောင်းလဲစေပြီး သူ၏ခန္ဓာကိုယ်ကို တုန်ယင်စေသည်။

“လီကောင်းရဲ့မြား၊ မင်း…မင်း တကယ်ပဲ ဒီမြားကို ရှာတွေ့ခဲ့တာပေါ့…” လေဟာနယ်နတ်ဘုရား၏အသံသည် ပုံပျက်ယွင်းနေ၏။ ထိုအခိုက်တွင် သူသည် မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ဘဲ သူ၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှုတို့ ပြည့်ကာ နောက်သို့သာ ဆုတ်လေတော့၏။

“သေစမ်း…အုပ်စိုးသူ ခုထိ ဘာကြောင့် မပေါ်လာသေးတာလဲ ငါ သိပြီ။ အုပ်စိုးသူ…ငါ မင်းအတွက် မလုပ်ပေးတော့ဘူး…” ကောင်းကင်အရှင်လေဟာနယ်နတ်ဘုရားသည် သူ၏စဉ်းစားဉာဏ် ဆုံးရှုံးလုနီးပါး ဖြစ်သွား၏။ သူသည် ထိုမြားနှင့်လေး၏ စွမ်းအားကို အလွန်တရာ သတိမူပေ၏။ ထိုအကြောင်းကို တွေးမိသည်နှင့် သူ၏ဦးရေပြားပင် ထုံထိုင်းရလေသည်။

“ဒီအဘိုးအို မပါတော့ဘူး…” နောက်ဆုတ်နေရင်း ကောင်းကင်အရှင်လေဟာနယ်နတ်ဘုရားသည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူ၏။ သို့သော် မည်သည့်တုန့်ပြန်မှုမှ မရှိလေပေ။

ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်နှစ်ယောက်သည် သူ့ထက် သည်လေးနှင့်မြားအကြောင်း ပိုသိပေ၏။ လနက်အမှတ်အသား ခြုံလွှမ်းခံထားရသော အမျိုးသမီးက ကြောက်ရွှံ့စွာ နောက်သို့ အမြန်ဆုတ်၏။

နောက်ထပ် ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်မှာလည်း ဖြူရောကာ သူမ၏ အရင်က ဂုဏ်ဝင့်ဟန်အမူအရာ မရှိတော့ပေ။ ဝမ်လင်း၏ မြား ထိုးထွက်မလာခင်တည်းက သူမသည် နောက်သို့ အမြန်ဆုတ်ကာ ကျောက်စိမ်းပြားတစ်ခုကို ခွဲချေရန် ဟန်ပြန်သည်။ သို့သော် မည်သည့်တုန့်ပြန်မှုမှ မရှိပေ။

ထိုမြားကို ဆွဲတင်လိုက်သည့်အခါ ကောင်းကင်နှင့်မြေကြီးသည် အရောင်များ ပြောင်းလဲသည်။

ထိုမြား ပေါ်လာသည့်အခါ တိမ်စိုင်များ ပြန့်ကျဲလေ၏။

***

All Chapters