အိပ်မက်ဟာ ဘဝလို
Vol. 119 Ch. 1642
အစောခင်းနံနက်နေရောင်သည် မြေကမ္ဘာကို ညင်သာစွာ ပက်ဖြန်းနေသည်။ ကောင်းကင်သည် ကြယ်လင်ကာ တိမ်ထုတို့က ကောင်းကင်အနှံ့အပြား။ နေအလင်းက တိမ်စိုင်တို့ကို ထိတွေ့ကာ တနေ့တာ၏ အာရုံဦးချိန်ကို သယ်ဆောင်၍ လာသည်။ အဝေးမှ ကြည့်ပါက ဤမြင်ကွင်းသည် လောက၊ အိပ်မက်လောကတစ်ခုနှင့်ပင် တူမည်။
လမ်းထောင့်ရှိ တည်းခိုးခန်းထံမှ ခွေးဟောင်သံတို့၊ မီးခိုးငွေ့တို့ ထွက်ပေါ်လို့နေသည်။
သိပ်မကြာခင်တွင် မြင်းခွာသံများသည် အကွာအဝေးတစ်ခုမှ ထွက်ပေါ်လာ၏။ ထိုအကွာအဝေးတွင် ဖုန်သဲများ လွင့်စင်ကာ မြင်းများ ကဆုန်ပေါက် လာကြသည်။ မြင်းများပေါ်တွင် ဝတ်ရုံများဖြင့် ဗလတောင့်တောင့်လူကြီးများ ထိုင်၍ လိုက်ပါလာသည်။ သူတို့အားလုံးသည် မြင်းများကို ကဆုန်ပေါက်စီးလာကြရင်း အလေးအနက်အသွင် ဖြစ်ပေါ်နေသည်။
သူတို့နီးကပ်လာသည့်အခါ ခွေးဟောင်သံများ ငြိမ်ကုန်ကာ လမ်းဘေးဝဲယာသို့ ရှောင်ကြလေ၏။ မြင်းများသည် မြန်ဆန်စွာ ဖြတ်သန်းသွားကြသည်။
မြင်းခွာသံများက ကျယ်လှသဖြင့် တည်းခိုခန်းအပြင်ဘက်ရှိ မြေပြင်သည်ပင် တုန်ခါသွားသလား ထင်ရသည်။ တည်းခိုခန်းပါ တုန်ယင်သွားသလိုပင်။
ထိုတည်းခိုခန်းသည် သာမန်ဆန်လွန်းသည်။ ၎င်းသည် တုန်ခါသွားယင်း ယင်းတုန်ခါမှုကို တောင့်မခံနိုင်သည့်အလား။ တည်းခိုခန်း၏ ဒုတိယမြောက်ထပ်မှ အလန့်တကြားအော်သံများ ထွက်ပေါ်လာတော့၏။
“မစိုးရိမ်နဲ့…မစိုးရိမ်နဲ့။ ဒီအဘိုးအိုရဲ့ ဆိုင်က နှစ်တစ်ရာ ကျော်ပြီ။ မြင်းတွေ ဖြတ်သွားတိုင်း ဒီလို ဖြစ်နေကျ။ ပြိုမှာ မဟုတ်ဘူး…” အိုမင်းသောအသံတစ်သံ တည်းခိုခန်းအတွင်း၌ ပဲ့တင်ထပ်သည်။ တည်ခိုးခန်၏ ဧည့်သည်ဆောင်ခန်းမထောင့်တွင် ဖျင်ကြမ်းဝတ်စုံဖြင့် အဘိုးအိုတစ်ယောက် ထိုင်နေ၏။ သူက လက်ထဲတွင် ဆေးတံကိုင်၍ ဇိမ်ခံကာ သောက်နေသည်။
သူ၏ဆန့်ကျင်ဘက်တွင် မနေ့ကညက စားပွဲထိုးသည် ပုခုံးတွင် အဝတ်စကို လွှမ်း၍ ဒုတိယမြောက်ထပ်ရှိ ဧည့်သည်များအတွက် ရေနွေးကရားအိုတစ်လုံးကို ယူဆောင်ပေးရန် ဟန်ပြင်နေသည်။
သည်အခိုက်တွင် ဒုတိယထပ်မြောက်၏ ညာဘက်အစွန်ဆုံးအခန်းတွင် လူငယ်တစ်ယောက်သည် အိပ်ယာထက်တွင် လှဲနေ၏။ အခန်းတစ်ခုလုံးမှာလည်း အရက်နံ့များ သင်းနေ၏။
မြင်းများ ဖြတ်သန်းသွားသည့်အခါ ထိုအခန်းမှာလည်း တုန်ခါသွားသဖြင့် ထိုလူငယ်သည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာသည်။ သူက သူ့လက်ဖြင့် သူ့နဖူးကိုယ်သူ ပြန်စမ်းကာ ဘေးပတ်လည်သို့ အိပ်မှုန်စုန်ဝါးဖြင့် ကြည့်လိုက်သည်။
“အား..လောဘကြီးတာ မှားတာပဲ။ လောဘကြီးတာ အမှားပဲ။ ငါ ဘာကြောင့် အရက်တွေအများကြီး သောက်ပစ်ခဲ့တာလဲ…” ထိုလူငယ်သည် ဆယ့်ရှစ်၊ဆယ့်ကိုးလောက်သာ ရှိအုံးမည်။ သူသည် ပိန်သွယ်သွယ်ဖြင့် ပွင့်ပွင့်လင်းလင်းဟန် ရှိသည်။ သူ့ထံမှ ပညာတတ်တစ်ယောက်၏ အရှိန်အဝါတစ်ခု ပေးစွမ်းနေသည်။
သူက ခါးသီးစွာ ပြုံးလိုက်ပြီး အိပ်ယာထောင့်ကို ကိုင်ကာ အားယူ၍ ထလိုက်၏။ သူ့ခေါင်းမှာလည်း တဆစ်ဆစ် ကိုက်နေသည်။ သူသည် စားပွဲထံသို့ အားတင်းသွားကာ လဘ္ဘက်ရည်တစ်ခွက် သောက်ချလိုက်၏။ ထိုမှသာ သူသည် အနည်းငယ် နေရထိုင်ရ သက်သာသွားသည်။
“ကြည့်ရတာ နောင်ကျရင် အများကြီး သောက်တာနဲ့ပတ်သတ်ပြီး ငါ သတိလေးထားမှ။ မနေ့ညက ငါ အသိစိတ်ပါ လွတ်သွားတယ်။ ငါ့ငွေတုံးတွေပဲ ဆုံးရှုံးသွားရင်တောင် သိပ်ကိစ္စမရှိသေးဘူး။ ဒါပေမဲ့ ငါ့အသက်ပါ ပါသွားရင်တော့…” ထိုလူငယ်သည် သက်ပြင်းချကာ လဘ္ဘက်ရည်ကို နောက်ထပ် ခွက်အနည်းငယ် ထပ်သောက်လိုက်သည်။
ထိုအခိုက်တွင် အခန်းတံခါး ခေါက်သံ ထွက်ပေါ်လာပြီး စားပွဲထို၏အသံ ပဲ့တင်ထပ်သည်။
“ရေနွေးပူပူလေး…ဧည့်သည်တော် လိုချင်သေးသလား…”
ထိုလူငယ်သည် ကပျာကသီ ထရပ်လိုက်၏။ သူက မြန်မြန် လှုပ်ရှားမိသွားသည့်ပုံရကာ ခေါင်းပင် မူးနောက်နောက် ဖြစ်သွား၏။ သူက အားယူကာ ပြောလိုက်ရ၏။
“ဝင်လာခဲ့…”
အခန်းတံခါးပွင့်လာကာ စားပွဲထိုးသည် ရေနွေးကရားအိုနှင့်အတူ လှမ်းဝင်လာသည်။ သူက ရေနွေးကို ရေချိုးဇလုံအတွင်းသို့ ဖြည့်ပေးလိုက်ပြီးနောက် လူငယ်ကို နောက်လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။
“ဒီမှာ စားပွဲထိုး လာလုပ်တာ သုံးရက်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ဆန်အရက်နှစ်ခွက်ပဲ သောက်ပြီး လစ်သွားတဲ့လူတော့ ကျနော် တစ်ခါမျှ မမြင်ဖူးခဲ့ဘူး။ မနေ့ညက ကျနော် အစ်ကိုလေးကို ဘယ်လိုနှိုးနှိုး နိုးမလာဘူးလေ။ အာ့ကြောင့် ကျနော်ပဲ အစ်ကိုလေးကို ပွေ့ခေါ်ပြီး ဒီအခန်းထဲ အနားယူလို့ရအောင် ခေါ်လာပေးခဲ့ရတာ။ အစ်ကိုလေးက အရက်သိပ်မသောက်တတ်သေးဘူးပဲ။ ဒါ့ကြောင့် များများ သောက်ပြီး လေ့ကျင့်ဖို့ လိုလိမ့်မယ်…။ ကျနော်ကြားဖူးတာတော့ မြို့တော်က အရာရှိတွေဟာ အရက်ခွက်တစ်ထောင်ကို မမှောက်ဘဲ သောက်နိုင်တယ်တဲ့…”
လူငယ်၏မျက်နှာသည် အနည်းငယ် နီမြန်းသွားပြီး သူ၏မျက်လုံးထဲတွင်လည်း ကျေးဇူးတင်ဟန် ပြသသည်။ သူသည် ထလာကာ လက်နှစ်ဖက်ဆုပ်၍ ပြောလိုက်သည်။ “ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးပါ…ညီကို…။ ဘယ်လိုဖြစ်သွားခဲ့လဲ ငါလည်း မသိတော့ဘူး။ ပထမတစ်ခွက်တုန်းကတော့ အဆင်ပြေသေးတယ်။ ဒါပေမဲ့ ဒုတိယတစ်ခွက်လည်း ဗိုက်ထဲရောက်ရော…ငါ မှောက်သွားတော့တာပဲ…”
စားပွဲထိုးက မချိပြုံးပြုံး၏။ သူသည် ရေနွေးကရားနှင့်အတူ ပြန်ထွက်ခွာသွားနေရင်း ပြုံးတုံ့တုံ့လုပ်ကာ လူငယ်ကို ကြည့်၍ ပြောလိုက်သည်။ “သင်…အရာရှိစာမေးပွဲအတွက် ဒီကို လာခဲ့တာမလား။ ပြီးခဲ့တဲ့ညတုန်းက သင် အမူးလွန်သွားတော့ သင်က သင်ဟာ အိပ်မက်ထဲမှာ အင်မောတယ်တစ်ယောက် ဖြစ်နေတယ်ဆိုပြီး အိပ်မက်မက်တဲ့အကြောင်း ပြောခဲ့တယ်။ ဟားဟား…သင် ပြောခဲ့တဲ့အကြောင်းက အတော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ။ သင့်မှာ အချိန်ရရင် ငါ့ရှိလာပြီး စကားပြောပါလား။ ပျော်ဖို့ကောင်းမှာပါ…”
သူတို့ ပြောနေရင်း လူငယ်သည် ညင်သာစွာ ပြုံး၍ လှမ်းထွက်သွား၏။ လူငယ်၏မျက်နှာသည် နီမြန်းသွားကာ သူသည် ခါးသီးစွာ ခေါင်းယမ်းလိုက်မိသည်။ စားပွဲထိုး ထွက်သွားသည့်နောက် လူငယ်သည် ရေနွေးဖြင့် မျက်နှာသစ်လိုက်သည်။ မနေ့ညက အမူးဒဏ် တော်တော်လေး ပြေသွားလေပြီ။
သူက အခန်းပြတင်းတံခါးကို ဖွင့်လိုက်ရာ လေအေးများသည် နေရောင်နှင့်အတူ ဝင်လာတော့၏။ ထိုလေသည် သူ့မျက်နှာပေါ်သို့ တိုက်ခတ်လာသည့်အခါ အတော်လေး နေလို့ထိုင်လို့ ကောင်းသွား၏။ လူငယ်သည် အသက်ဝဝရှုသွင်းလိုက်သည်။
ထိုလူငယ်သည် ပြတင်းတံခါးဘေးတွင် ရပ်နေရင်း အပြင်ဘက်သို့ ကြည့်ကာ သူ့ကိုယ်သူ ခပ်တိုးတိုး ဆိုသည်။ “မနေ့ညက ငါ အသောက်များသွားတဲ့နောက် ငါ တကယ်ပဲ အိပ်မက်တစ်ခု မက်ခဲ့တာပဲ။ အဲ့အိပ်မက်ဟာ ထူးဆန်းလွန်းတယ်။ ငါ အိပ်မက်အကြောင်း လုံးဝ မမေ့သွားဘူးပဲ…”
“ဒီအိပ်မက်ဟာ တကယ့်ကို အစစ်အမှန်လိုပဲ။ ဒီအိပ်မက်ဟာ လွန်ခဲ့တဲ့သုံးနှစ်က လေးယောက်မြောက်ဦးလေး ရောက်လာခဲ့တဲ့အချိန်က စခဲ့တာ။ ငါဟာ အိပ်မက်ထဲမှာ ဟုန်ယွီကလန်ကို သွားခဲ့တယ်။ ဟား…ဒါက စိတ်ဝင်စားစရာပဲ။ ဒါပေမဲ့ အိပ်မ်က မပြီးသေးဘူးပဲ။ ငါ ဟုန်ယွီကလန်ကို ဝင်ရောက်ခဲ့တာပဲ မှတ်မိတယ်။ ဟုန်ယွီကလန်…အဲ့လိုကလန်က ဘယ်လိုများ တည်ရှိတာလဲ။ အဲ့ကလန်မှာ အင်မောတယ်တွေများ နေထိုင်ကြတာလား။ ငါ့လို ပညာတတ်တစ်ယောက်က တစ္ဆေသရဲတွေရဲ့ စွမ်းအားကို မယုံကြည်သင့်ဘူး။ ဒါဟာ လူအများကို အရူးလုပ်တဲ့ ကောလဟာလတွေပါပဲလေ…”
လူငယ်သည် ခေါင်းယမ်းကာ စားပွဲပေါ်ရှိ ရေနွေးခွက်ကို ကြည့်လိုက်သည်။ သူက စမ်းကြည့်ချင်သည့်သဘောဖြင့် သူ့မှတ်ဉာဏ်အတွင်းမှ ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေကာ စားပွဲပေါ်ရှိ ခွက်ထံသို့ လက်ညွှန်လိုက်သည်။
“ဆွဲငင်ခြင်းမန္တာန်…” ထိုလူငယ်သည် ပြုံး၍ ခွက်ထံ လက်ညွှန်သည်။
ထိုခွက်သည် တစ်စက်လေးမှ ရွှေ့မလာပေ။ လူငယ်သည် ရယ်မောကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဒီမန္တာန်တွေက စိတ်ဝင်စားစရာပဲ…”
အနည်းငယ်မျှ ကစားကြည့်ပြီးနောက် လူငယ်သည် သူ့စိတ်ကိုယ်သူ ရှင်းလင်းပြီး သူ၏ပစ္စည်းများကို သိမ်းဆည်း၏။ သူ့အဝတ်အစားများ၊ ငွေကြေး၊ အစာခြောက်၊ မင်တံ၊ မင်၊ စာအုပ်များပင်။ ထို့နောက် သူသည် အခန်းကို သန့်ရှင်းပြီးနောက် အရက်နံ့ပျောက်သည့်အထိ စောင့်နေပြီး သန့်ရှင်းသောအဝတ်တစ်စုံကို လဲလိုက်သည်။ ထို့နောက်တွင် သူသည် ဝါးဖြင့်လုပ်ထားသော ကျောပိုးအိတ်ကို လွယ်ကာ အခန်းထဲမှ လှမ်းလျှောက်ထွက်လာ၏။
သူသည် ငယ်ရွယ်စဉ်တည်းက ထက်မြက်ခဲ့သူ ဖြစ်သည်။ သို့သော် သူ့စိတ်နေစိတ်ထားမှာ ရိုးစင်းလွန်း၏။ သူသည် တောင်ပေါ်ရွာလေးတစ်ရွာတွင် ကြီးပြင်းခဲ့ပြီး အခုက သူ့အတွက် ပထမဆုံးအကြိမ် ရွာမှ ထွက်လာခဲ့ခြင်းပင်။ သူ တောင်ပေါ်ရွာမှ ထွက်လာခဲ့စဉ်က သူ့မိဘများက သူ ထွက်သွားသည်ကို ကြင်နာစွာ နောက်ကနေ ကြည့်နေခဲ့ကြသည်။
သူသည် ပထမထပ်တွင် အစားအသောက်အချို့ စားသောက်ကာ ငွေရှင်းပေးလိုက်၏။ ထို့နောက် သူသည် သူ မထွက်သွားခင် စားပွဲထိုးကို ပြုံးပြလိုက်ပြီး အပြင်ဘက်ရှိ နေမင်းနှင့် မျက်နှာချင်းဆိုင်သည်။
ညင်သောသောနေအလင်းက သူ့ပေါ်သို့ ကျရောက်နေသည်။ သူသည် သက်တောင့်သက်သာ ခံစားနေရသည်။ လူအများက သူ့ထံသို့ အာရုံစိုက်မိလေ၏။
မိန်းလမ်းအတိုင်း လျှောက်လာပြီးနောက် သူက ရှေ့တည့်တည့်သို့ ကြည့်လိုက်သည်။ သူသည် အဝေးရှိ ကျောက်နိုင်ငံ၏မြို့တော်ကို ရေးတေးတေး မြင်မိသည့်အလား။
“ဝမ်လင်း…မင်း ဒါကို ကျိန်းသေပေါက် လုပ်နိုင်တယ်။ ငါ ရာထူးတစ်ခု ရလာတဲ့အခါကျရင် ငါ မိဘတွေကို တောင်ပေါ်ရွာလေးကနေ ခေါ်လာပြီး သူတို့ အိုမင်းတဲ့အထိ ပြုစုပေးရမယ်။ သူတို့ကို ပျော်အောင်ထားရမယ်…” ထိုလူငယ်သည် အသက်ဝဝရှုသွင်းလိုက်ပြီးနောက် ရှေ့ဆက်လျှောက်သွားတော့သည်။
နွေဦးလေပြေသည် တိုက်ခတ်လို့နေသည်။ ပန်းရနံ့များကို ထိုလေပြေက သူ့ထံ ဆောင်ယူလာပေးသည်။ ဝမ်လင်း၏အဝတ်အစားများမှာ လေကြောင့် တဖျပ်ဖျပ် လွင့်နေသည်။ သူသည် ဖြည်းဖြည်းချင်း ရှေ့ဆက်လျှောက်နေရင်း တည်းခိုခန်းထံမှ ဝေးသထက်ဝေးလာလေ၏။
အသက်ဆယ့်ရှစ်၊ဆယ့်ကိုးအရွယ် လူငယ်တစ်ယောက်မှာ မကြာဆိုသလို မောရမှန်း၊ပန်းရမှန်းကို မသိကြပေ။ ဝမ်လင်းသည် မိန်းလမ်းမအတိုင်း ဆက်လျှောက်လာရင်း သူ့မျက်လုံးတို့မှာ ထက်ရှသွက်လက်နေ၏။ အချိန်တစ်ခုထိ လျှောက်လှမ်းလာပြီးနောက် သူက ရပ်ကာ ပတ်ဝန်းကျင်တောတောင်တို့ကို ကြည့်လိမ့်မည်။
နေ့အလင်းက မြန်ဆန်စွာပင် ကုန်လွန်လာ၏။ ဝမ်လင်းသည် လမ်းအတိုင်း သက်တောင့်သက်သာ လျှောက်နေရင်း သစ်ပင်များ ဆက်လက် ထူထဲမနေတော့ဘဲ မကြာမီတွင် မြစ်တစ်စင်း ပေါ်လာသည်။
မြစ်ရေစီးသံသည် လေနှင့်အတူ ကြားနေရ၏။ ကျောက်နိုင်ငံ၌ ရေစီးကြောင်းများကို ဖြတ်သန်းသွားရသည့် မိန်းလမ်းများစွာ ရှိပေသည်။
ဝမ်လင်း၏ ဘယ်ဘက်ခြမ်းတွင် တောင်တန်းများ၊ သူ့ရှေ့ သိပ်မဝေးသောနေရာတွင်တော့ မြစ်တစ်စင်း ရှိနေ၏။ ထိုမြစ်ပေါ်တွင် လှေငယ်လေးများ စီးမြော စုန်ဆင်းနေသည်။
မိုးကုပ်စက်ဝန်းသည် တဖြည်းဖြည်း မှောင်လာခဲ့လေပြီ။ တိမ်စိုင်တိမ်မည်းများ စတင် စုဝေးလာသည်။ မိုးခြိမ်းသံများကို ကြားလာရပြီ။ လျှပ်စီးများ တိမ်စုတိမ်ဝေးများကြား လင်းလက်ကုန်သည်။
နေ့အခါတွင် ကောင်းကင်သည် ကြယ်လင်နေခဲ့၏။ သို့သော် ညရောက်လာသည့်အခါ ကောင်းကင်ထက်တွင် တိမ်စိုင်များ ပြည့်လာသည်။ မခန့်မှန်းနိုင်အောင်ပင်။ အကွာအဝေးတစ်ခုရှိ အစိမ်းရောင်တောင်တန်းများသည်ပင် တိမ်မည်းများကြောင့် မှောင်မိုက်လာသည်။ တိမ်စိုင်များသည် နက်မှောင်နေသော်လည်း တောင်တန်းများကိုမူ အလုံးစုံ မပြည့်ဖုံးမလွှမ်းခြုံနိုင်ပါ။
အဝေးမှ ကြည့်ပါက တောင်နှင့်တိမ်သည် စစ်ခင်းနေသည့်နှယ်။ တောင်တန်းတို့က တိမ်စိုင်များကို ဖောက်ထွက်လို၏။ သို့သော် တိမ်စိုင်များကလည်း တောင်တန်းများကို ဝါးမြိုလို၏။ ယင်းကား နဂါးနှင့်ကျား၏ တိုက်ပွဲတစ်ခုနှယ်။
ထိုအခိုက်အတန့်တွင် မိုးကြိုးသံသည် ပဲ့တင်ထပ်လာကာ မိုးများ စရွာလေပြီ။ ဝမ်လင်းသည် သစ်ပင်တစ်ပင်အောက်သို့ ခပ်သွက်သွက် ပြေးဝင်၍ သူ၏ဝါးကျောပိုးအိတ်ထဲမှ ထီးကြီးတစ်လက်ကို ထုတ်လိုက်၏။ ထိုထီးသည် သူ့အဖေ ပိုးသားနှင့် လုပ်ပေးထားခြင်း ဖြစ်ပြီး ခေါက်၍ပြု၍ ရသည်။ ဖွင့်လိုက်သည်နှင့် ထိုထီးက သူ၏ဝါးကျောပိုးအိတ်ကိုသာမက သူ့ခန္ဓာကိုယ်ကိုပါ ထီးအောက်တွင် ဖုံးပေးထားနိုင်သည်။
ညာလက်တွင် ထီးကို ကိုင်ထားရင်း ဝမ်လင်းသည် အကွာအဝေးတစ်ခုရှိ တိမ်စိုင်များ မဖုံးလွှမ်းနိုင်သေးသော တောင်တန်းတစ်ခုထံ ကြည့်လိုက်၏။ သူက မိုးစက်များ ရွာသွန်းကာ မြေပြင်ထက်သို့၊ သစ်ရွက်များထက်သို့၊ မြစ်မျက်နှာပြင်ထက်သို့ ကျဆင်းကာ လှိုင်းဂယက်များထနေသည်ကို ကြည့်၏။ ထိုမိုးစက်များက လှေငယ်များပေါ်သို့လည်း ရွာကျနေလေ၏။
“ရှေးစကားအရ တိမ်စိုင်တိမ်မည်းတွေဟာ တောင်တန်းတွေကို ဖုံးအုပ်ထားတဲ့ မင်နက်တစ်ခုနဲ့ တူတယ်တဲ့။ အဖြူရောင်မိုးရေစက်တွေကတော့ လှေတစ်စင်းအတွင်း ပုတီးစေ့များလို ကခုန်သတဲ့။ ဒါက အမှန်ပဲကိုး…” ဝမ်လင်းသည် ထိုအခြင်းအရာများကို ကြည့်ကာ ရယ်မောလိုက်၏။
“နင့်လို ကျောင်းတော်သားတစ်ယောက်က ဒီလိုပဲ မိုက်မဲတာလား။ ငါ့လှေထဲ မိုးတွေ ရွာကျနေတာကို တွေ့တာတောင် နင်က ရယ်နေနိုင်သေးတယ်နော်…” ခပ်စွာစွာအသံတစ်သံ မြစ်ကမ်းတစ်ဖက်နှင့် အနီးအနားရှိ လှေတစ်စင်းထံမှ ထွက်ပေါ်လာ၏။ ထိုလှေဦးတွင် မိန်းမလှလေးတစ်ယောက်က ထီးတစ်ချောင်းကိုင်ကာ ရပ်နေ၏။ ထိုမိန်းကလေးက ဝမ်လင်းကို စိုက်ကြည့်ကာ သူမ၏မျက်နှာမှာ ဆူပုတ်နေ၏။ သူမ၏ ကျောက်စိမ်းကဲ့သို့လက်ဖြင့်လည်း ဝမ်လင်းထံ လက်ညှိုးလှမ်းထိုးလိုက်သေးသည်။
ဝမ်လင်းသည် မင်သက်သွားကာ ရယ်နေရာကနေ ရပ်သွားမိသည်။ သူက ခေါင်းကုတ်လိုက်လေ၏။
***