စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်၏ ကံမ္မအကျိုးဆက်
Vol. 120 Ch. 1648
“ငါ့စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်ဟာ ထပ်မံ မြင့်မားဖို့ အခွင့်အရေး လုံးဝ မရှိတော့တာလား။ ရှေ့ဆက်ဖို့ ဘာအခွင့်အရေးမှ မရှိတော့တာလား…” သက်လတ်ပိုင်းလူသည် ရူးသွပ်သွားသည့်အလား စတင် ရယ်မောလေသည်။ သို့ပေမည့် ထိုအခိုက်တွင် သူ၏အမူအရာမှာ ပြောင်းလဲသွားပြီး အကွာအဝေးတစ်ခုထံသို့ ကြည့်လိုက်သည်။
“အယ်…” သူ့မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေလိုက်သည်။ သူသည် အရူးအမူး ရှေ့ဖြစ်ကြည့်ခြင်းကို စတင်လိုက်၏။
“ဒါ…ဒါ…ဒါက…” ထိုလူ၏အမူအရာသည် အလျင်အမြန် ပြောင်းလဲသွားသည်။ သူသည် အသက်ဓာတ်မြောက်များစွာကို သုံးစွဲ၍ ကိုးကြိမ်ကိုးခါ ရှေ့ဖြစ်ကြည့်လိုက်သည်။ သို့သော် အကြိမ်တိုင်းမှာ တူညီသောရလဒ်ဖြစ်နေ၏။ ထိုရလဒ်သည် သူ့ကို မယုံကြည်နိုင်ဖြစ်စေသည်။
စဉ်းစားနေရင်း သူ့ခန္ဓာကိုယ်သည် ဖျပ်ခနဲ ပျောက်ကွယ်သွားသည်။ သူသည် တည်နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုကာ ကျောက်နိုင်ငံထံသို့ ဦးတည်သည်။
ကျောက်နိုင်ငံအတွင်းရှိ ထိုမြို့တွင် လောကသည် အေးငြိမ်းလာသည်။ တည်းခိုးခန်၏ဒုတိယထပ်တွင် ဝမ်လင်းသည် ပြတင်းပေါက်ရှေ့တွင် ရပ်ကာ ခပ်တိုးတိုး ရေရွတ်နေသည်။
“ကံမ္မ…ကံမ္မဟာ ဘာလဲ…”
ညသည် ဖြည်းဖြည်းချင်း ကုန်ဆုံးလာသည်။ ဝမ်လင်းသည် မသိလိုက်မသိဘာသာနှင့် စားပွဲထံ ပြန်ရောက်လာပြီး သူသည် ငြှိမ်းသေနေသော ဖယောင်းတိုင်ကို မိန်းမောစွာ ကြည့်နေသည်။ ထိုအသံက သူ့စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။
သူသည် ပြတင်းပေါက် ပိတ်ဖို့ကိုပါ မေ့သွားခဲ့၏။ လေနှင့်မိုးတို့သည်လည်း ရှိမနေတော့ပေ။ နေစထွက်လာပြီ ဖြစ်ရာ နေရောင်သည် ကမ္ဘာမြေပေါ် ပက်ဖြန်းကျလာ၏။ လဝက်ကျော် ကောင်းကင်ထက်၌ ခြုံလွှမ်းနေသော တိမ်မည်းများ ပျောက်ကွယ်သွားသည့်အတွက် လူအများသည် အံ့တားတသင့် ဖြစ်နေကြသည်။
အခုအခါ ကောင်းကင်သည် ကြယ်လင်ရှင်းနေ၏။ နေအလင်းသည် သူတို့၏ခန္ဓာကိုယ်များပေါ်တွင် တောက်ပကာ လူအများကို တက်ကြွနေစေတော့သည်။
သည်နှစ်နွေက စောရောက်လာသည့်ပုံ ရ၏။
ဖိုးကံကောင်းမှာလည်း နိုးလာခဲ့ပြီပေ။ သူသည် မျက်လုံးကို လက်ဖြင့် ပွတ်သပ်ကာ ပြတင်းပေါက် အပြင်ဘက်ရှိ ကောင်းကင်ကို ကြည့်လိုက်သည်။ သူသည် ချက်ခြင်းပင် ပြုံးသွားပြီး ပြတင်းပေါက်ထံ ဂုဏ်ယူစွာဖြင့် လက်ညှိုးထိုးကာ စတင်အော်ပြောလိုက်သည်။
“ညတုန်းက ငါ အိပ်မက်မက်တယ်။ ငါ့လက်ညှိုးတစ်ချက်နဲ့တင် မိုးကြိုးအားလုံး ရပ်တန့်သွားခဲ့တယ်။ ဟားဟား ငါ ဘယ်လောက်အစွမ်းထက်လဲ ကြည့်လိုက်တော့။ ဟားဟား…ကြည့်ရတာ ငါက သာမန်မဟုတ်တဲ့ပုံပဲ…”
နေထွက်လာချိန်၌ ဝမ်လင်းသည် သူ့အတွေးများကို စိတ်ထဲ၌ ပြန်သိုဝှက်သိမ်းဆည်းထားလိုက်၏။ သူသည် တစ်ညလုံး မအိပ်ခဲ့ပေ။ သို့သော်လည်း ပင်ပန်းမှု ဖြစ်မနေပေ။ သို့သော် သူ့မျက်ခုံးနှစ်ခုကြားတွင်မူ ရောင်၍ နာကျင်နေသည်။
သူသည် သူ့မျက်ခုံးကို လက်ဖြင့်သပ်ကာ ဖိုးကံကောင်းကို ကြည့်လိုက်သည်။ ဖိုးကံကောင်း ပြုံးနေသည်ကို တွေ့သည့်အခါ သူပါ ပျော်ရွှင်မိသွား၏။
“မင်းက တကယ်ပဲ အစွမ်းထက်ပါတယ်။ မင်းရဲ့အိပ်မက်ထဲမှ မိုးကြိုးမုန်တိုင်းပါ ပျောက်ကွယ်စေခဲ့တယ်။ ဟုတ်တယ်မလား…”
ဖိုးကံကောင်းသည် စိတ်လှုပ်ရှားလာသည်။ သူသည် ပို၍ပင် ဂုဏ်ယူဟန် ခံစားမိလာ၏။
အချိန်သည် မြန်ဆန်စွာ ကုန်ဆုံးလာသည်။ ဘုရင့်စာမေးပွဲကို ငါးရက်အတွင်း ကျင်းပလိမ့်မည်။ စာမွေးပွဲအတွက် ရောက်လာကြသော ကျောင်းတော်သားအားလုံးသည် လာမည့်ငါးရက်ကို စောင့်ဆိုင်းနေကြ၏။ ခြောက်ရက်မြောက် နံနက်ခင်းပိုင်းတွင် ကောင်းကင်သည် နေသာနေဆဲပင်။ ကျောင်းတော်သားများက တည်းခိုးခန်းမျိုးစုံကနေ ထွက်လာကြကာ မတူညီသော စာမေးပွဲကျင်းပရာနေရာများသို့ ဦးတည်သွားကြသည်။
သည်ငါးရက်အတွင်း ဝမ်လင်းသည် သူ့ဝင်ခွင်ကို ရုံးတော်ထံ သွားစာရင်းသွင်းခဲ့ပြီးနောက် သူဖြေဆိုရမည့် နေရာကို ရှာခဲ့၏။ ထိုသည်ကလွဲ၍ သူသည် တည်းခိုးခန်းအပြင်သို့ လုံးဝ မထွက်ပေ။ တစ်ချိန်လုံး သူက စာဖတ်နေခဲ့၏။ သူသည် သူအောင်မြင်မလားအပေါ် စိတ်ပူပန်နေ၏။ သူ အောင်မြင်မှသာ သူ့ပန်းတိုင်ကို ရှေ့ဆက်နိုင်ပေမည်။ သူသာ ကျရှုံးခဲ့ပါက သူသည် အစကနေ ပြန်စရပေလိမ့်မည်။ သူသည် ရွာသို့ ပြန်ကာ နောက်ထပ်စာမေးပွဲ စတင်မည့်အချိန်ကို နှစ်အနည်းငယ် ပြန်စောင့်ရမည် ဖြစ်သည်။
ဝမ်လင်းသည် မကျရှုံးချင်ပေ။ သူသည် သူ့မိဘများ၏ မျက်နှာညှိုးငယ်မှုကို တွေ့မြင်ရမည်ကို မခံစားနိုင်ပေ။ သူသည် သူ့ကျရှုံးမှုကြောင့် သူ့ဆွေမျိုးများက သူတို့ကို လှောင်ပြောင်မည်ကို သိ၍ သူ စာမေးပွဲမကျချင်ပေ။ ဖိုးကံကောင်းသည် ဒီငါးရက်အတွင်း မွန်းကြပ်နေခဲ့၏။ သူသည် အငြိမ်မနေနိုင်သူ ဖြစ်ရာ ဝမ်လင်း စာလေ့လာနေစဉ်အတွင်း သူ့ဟာသူ အပြင်ထွက်ထွက်သွား၏။ သူသည် မြို့အနှံ့ လျှောက်သွားကာ တဖြည်းဖြည်း လူအချို့နှင့် တွေ့ဆုံခဲ့၏။ သူသည် ပို၍ ကပ်စီးနဲရမည်ကိုပါ သင်ယူလာခဲ့သည်။
ခြောက်ရက်မြောက်နေ့တွင် ဝမ်လင်းသည် ရေမျိုးချိုးကာ အမွှေးတိုင်တချို့ ထွန်းလိုက်၏။ ထို့နောက် သူသည် ကျောင်းတော်သားဝတ်စုံဖြူကို ဝတ်လိုက်ပြီးနောက် စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်၏။ သူက ဝါးကျောပိုးအိတ်ကို လွယ်ကာ စာမေးပွဲကျင်းပမည့်နေရာသို့ ဦးတည် လျှောက်လှမ်းသွားတော့သည်။
သူသည် မြို့အနောက်ဘက်ရှိ တတိယမြောက် စာမေးပွဲကျင်းပရာနေရာသို့ သွားရောက်ရမည် ဖြစ်သည်။ လူသွားလမ်းမှာ အတော်လေး သက်ဝင်နေပြီး လမ်းဘေးနှစ်ဖက်တွင် ဆိုင်ခန်းငယ်များနှင့် ပြည့်နှက်နေသည်။ ထိုဆိုင်များကို စာမေးပွဲသွားဖြေမည့် ကျောင်းသားများအတွက် အစားအသောက်များ ဝယ်နိုင်ရန် ခပ်စောစောတည်းက ခင်းကျင်းထာကြသည်။
ဝေ့ကြည့်ရုံဖြင့် စာမေးပွဲဖြေရမည့်နေရာများသို့ သွားနေသော ကျောင်းတော်သား အများအပြား ရှိနေသည်ကို တွေ့ရနိုင်မည်။ သူတို့သည် အလျင်လိုကာ စိုးရိမ်ပူပန်နေကြ၏။ စားသောက်သည့်အခါတွင်ပင် သူတို့သည် အနည်းငယ်မျှသာ တစ်ကိုက်နှစ်ကိုက်စား၍ ခပ်သုတ်သုတ် ထွက်လာကြ၏။
ဝမ်လင်းသည် အသက်ဝဝရှုသွင်းကာ သူ့ကိုယ်သူ တဖြည်းဖြည်း တည်ငြိမ်အောင် လုပ်၏။ ဘန်းမုန့်အချို့ကို စားသောက်ပြီးနောက် သူသည် ဖိုးကံကောင်းနှင့်အတူ စာမေးပွဲဧရိယာအပြင်ဘက်သို့ ရောက်လာ၏။ ထိုနေရာတွင် လူများစွာ ရှိနေ၏။ သို့သော် ဆူညံပွက်လောထ မနေပေ။ လူအများစုကတော့ မျက်လုံးများ မှိတ်ကာ သူတို့ လေ့လာဖတ်ရှုခဲ့သောစာများကို ပြန်နွှေးနေကြ၏။
ဝတ်ရုံများ ဝတ်ဆင်ထားသော အရာရှိနှစ်ယောက်ကတော့ ကျောင်းတော်သားများကို အေးစက်စက် ကြည့်နေ၏။ သူတို့ကြောင့် သည်နေရာရှိ လေထုမှာ တင်းကြပ်နေသည်။ ဝမ်လင်းသည် နေရာတွင်ပင် တည်ငြိမ်စွာ ရပ်နေပြီး စာမေးပွဲဧရိယာကို ကြည့်သည်။ သူသည် တဖြည်းဖြည်း တည်ငြိမ်လာသည်။
ဖိုးကံကောင်းက လှည့်ပတ်ကြည့်နေ၏။ သူက ပို၍ ကြည့်မိလေလေ ပိုသုန်မှုန်လာလေပင်။ သူသည် တခြားစာအကူများက သူ့ထက် များစွာ ပိုငယ်သည်ကို တွေ့မြင်လိုက်ရ၏။ နှိုင်းယှဉ်ကြည့်ပါက သူသည် ဒီနေရာတွင် ထူးထူးခြားခြား ဖြစ်နေသည်။
ပွစိပွစိ ရေရွတ်လိုက်ပြီးနောက် ဖိုးကံကောင်းသည် ဘန်းမုန့်အနည်းငယ်ကို ထုတ်ကာ တစ်ကိုက်နှစ်ကိုက် ကိုက်လိုက်၏။
သိပ်မကြာခင်တွင် စာမေးပွဲ ဖြေရတော့မည် ဖြစ်သည်။ အကွာအဝေးတစ်ခုမှ အချက်ပေးခေါင်းလောင်းသံ ထွက်ပေါ်လာကာ မြို့တစ်မြို့လုံးအနှံ့ ပျံ့လွင့်သည်။
ထိုခေါင်းလောင်းသံ မြည်လာသည့်အခါ ကျောင်းတော်သားအားလုံးသည် မျက်လုံးဖွင့်လာကြ၏။ သူတို့၏အမူအရာများသည် အလေးအနက် ဖြစ်လာကြသည်။ ဖိအားသည် ရုတ်ချည်း ပေါ်လာ၏။
အရာရှိထဲမှ တစ်ယောက်က မျက်လုံး ကစားကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “စာမေးပွဲခန်းထဲ ဝင်သွားပါ။ မှတ်စုတွေပါရင် ကိုယ့်ဟာကိုယ် လွှတ်ပစ်ခဲ့ကြ။ နောက်မှ ရှာတွေ့ရင် အရည်အချင်းမပြည့်မီလို့ သတ်မှတ်မယ်…”
ကျောင်းတော်သားများသည် စာမေးပွဲခန်းထဲ ဝင်လာကြစဉ် လူတိုင်းသည် မှတ်စုခိုးစာများ ရှာဖွေခံရ၏။ မည်သည့်မှတ်စုခိုးစာမှ မရှိသည်ကို သေချာစေပြီးမှ သူတို့သည် ဝင်ခွင့်ရသည်။
ဝမ်လင်း အလှည့်တွင်လည်း အတူတူပင်။ သူ့ဝါးကျောပိုးအိတ်ကို ရှာဖွေပြီးနောက် သူတို့သည် သူ့ကို ဝင်ခွင့်ပြုကြသည်။
ဖိုးကံကောင်းကတော့ ဝမ်လင်းထံ လက်လှမ်းဝေ့ယမ်းပြကာ အော်ပြောနေ၏။ ပတ်ဝန်းကျင်မှလူများက သူ့ကို မျက်မှောင်ကြုတ်၍ အထင်သေးစွာ ကြည့်သော်လည်း သူသည် ဂရုမစိုက်ပေ။
ဝမ်လင်းသည် ပြုံး၍ အပြင်ဘက်ရှိ ဖိုးကံကောင်းကို ပြန်လည် လက်ဝေ့ယမ်းပြသည်။ ထို့နောက် သူသည် အတွင်းသို့ ဝင်လာတော့သည်။
သူ့နာမည်နှင့်ခုံကို ရှာတွေ့ပြီးနောက် ဝမ်လင်းသည် တည်ငြိမ်စွာ ထိုင်ချလိုက်ပြီး စာမေးပွဲကြီးကြပ်သူထံ အာရုံစိုက်ထားလိုက်သည်။ ကျောင်းတော်သားများအားလုံး နေရာယူ ထိုင်ပြီးနောက် သူတို့သည် အာရုံအပြည့်စိုက်ထားသည်။
ကြီးကြပ်သူက ချိပ်ပိတ်ထားသော စာမေးပွဲမေးခွန်းလွှာကို ထုတ်ယူလိုက်သည့်အခါ စာရေးသံများ အခန်းတွင်း၌ စတင်လေတော့သည်။
ဝမ်လင်းသည် သူ့ရှေ့ရှိ စက္ကူနက်ကို ကြည့်လိုက်သည်။ သူသည် အချိန်အတန်ကြာသည့်အထိ မရေးချရသေးပေ။ ဒီစာမေးပွဲသည် တစ်နေကုန် ကြာမည် ဖြစ်ပြီး လူအများကို စဉ်းစားနိုင်ရန် အချိန်များစွာ ပေးထားသည်။
ဝမ်လင်းကဲ့သို့ စဉ်းစားကာ အချိန်ယူနေခဲ့သော လူများသည်လည်း သူတို့၏အတွေးများကို စတင် ရေးချကြတော့၏။ သိပ်မကြာခင်တွင် ဝမ်လင်းတစ်ယောက်သာ စဉ်းစားနေလျက် ကျန်နေတော့သည်။
သည်စာမေးပွဲသည် ပန်းချီအကြောင်း ဖြစ်၏။ ပန်းချီသည် အလွန်ရိုးရှင်းသည်။ ထိုပန်းချီထဲတွင် တောင်တစ်လုံးနှင့် တောင်ထိပ်ဖျားရှိ သစ်ပင်တစ်ပင်သာ ပါသည်။ လေများက ထိုသစ်ပင်ကို လှုပ်ခတ်စေသည့်အလား။
ထိုတောင်၏အောက်ဘက်တွင် ပန်းချီဆွဲချက်အချို့ ရှိသည်။ ယင်းတို့သည် သည်တောင်ကို စောင့်ရှောင်နေသော မိသားစုတစ်စု ဖြစ်သည့်ဟန် တူသည်။
သည်ပန်းချီ၏ ရည်ရွယ်ချက်မှာ အလွန်ရှင်းလင်း၏။ အခြားကျောင်းတော်သားများအားလုံးသည် ဒီပန်းချီ၏ အဓိပ္ပာယ်ကို သိကြပြီး သူတို့၏အတွေးများကို စာစီကုန်းသည်။
သို့ပေမည့် ဝမ်လင်းသည် ထိုပန်းချီကားကို တွေ့မြင်သည့်အခါ လွန်ခဲ့သောငါးရက်က ပေါ်လာခဲ့သော အသံသည် ထပ်မံ ပေါ်လာသည်။
“ကံမ္မ…ဒါက ဘာလဲ…ကံကြမ္မာဆိုတာ ဘာလဲ…”
အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးလာ၏။ မျက်စိတစ်မှိတ်အတွင်း နေ့မွန်းတည့်လာပြီ။ အချို့လူများသည် ရေးတာ လက်စသပ်ပြီးကုန်ပြီ။ သူတို့သည် သူတို့၏ အဖြေလွှာစက္ကူများကို လက်ဖြင့်မြှောက်ကာ မင်ခြောက်ရန် လေဖြင့် မှုတ်ကြ၏။ သူတို့၏မျက်နှာများသည် ပျော်ရွှင်မှုတို့ ပြည့်နေ၏။ အချို့လူများကတော့ ခေါင်းယမ်းကာ စတင်၍ အာရုံစူးနစ်ပြန်သည်။
ဝမ်လင်းတစ်ယောက်သာ ငြိမ်သက်စွာ ထိုင်နေပြီး သူ့မျက်လုံးထဲတွင်လည်း စိတ်ရှုပ်ထွေးမှုတို့ ရှိနေသည်။ သူသည် ခုထိ ဘာတစ်ခုကိုမျှ မရေးရသေးပေ။ သည်လိုအရာမျိုးသည် ဖြစ်ခဲလှ၏။ ကြီးကြပ်သူများသည် ဝမ်လင်းကို အာရုံမစိုက်မိဘဲ မနေနိုင် ဖြစ်ရ၏။
လူများသည် စာမေးပွဲခန်းထဲမှ တဖြည်းဖြည်း စထွက်ခွာကြ၏။ အချို့သည် ဂုဏ်ယူနေဟန်၊ အချို့က စိတ်ပျက်လက်ပျက် ဖြစ်နေကြဟန် ပေါ်သည်။ သူတို့သည် တစ်ယောက်တည်းဖြစ်စေ၊ သူတို့၏အကူများဖြင့် ဖြစ်စေ ထွက်ခွာသွားကြသည်။
နေဝင်လာပြီ ဖြစ်သည့်အတွက် စာမေးပွဲခန်းသည် မှောင်စပျိုးလာသည်။ အချိန်သိပ်မကျန်တော့ဘဲ နာရီဝက်လောက်သာ ရှိတော့၏။ ဝမ်လင်းအပြင် နောက်ဆုံးကျန်နေသော ကျောင်းတော်သားတစ်ယောက်သည် သက်ပြင်းချကာ ထလိုက်၏။ သူသည် ဝမ်လင်းကို ကြည့်ကာ ခေါင်းယမ်း၍ ထွက်သွားတော့သည်။
“မင်း မလုပ်နိုင်ဘူးဆိုလည်း မြန်မြန် ထွက်သွားတော့။ ငါတို့ အချိန်ကို ဖြုန်းမနေတော့နဲ့…” ကြီးကြပ်သူတစ်ယောက်သည် မျက်မှောင်ကြုတ်ကာ ဝမ်လင်းဘေးနားသို့ လျှောက်လာပြီး စားပွဲကို ခေါက်လိုက်၏။
ဝမ်လင်းသည် မော့မကြည့်ပေ။ သူသည် မျက်လုံးမှိတ်ထားလျက်ပင်။ ခဏအကြာတွင် သူ မျက်လုံးဖွင့်လာပြီး သူမင်ထဲသို့ ရေအချို့ ထည့်လောင်းလိုက်၏။ သူ့မျက်လုံးသည် တောက်ပလာကာ သူသည် စက္ကူပေါ်တွင် မြန်ဆန်စွာ စတင် ရေးချတော့သည်။
“ကံမ္မဆိုတာ ဘာလဲ။ ငါဟာ သစ်သားအိတ်တစ်ခုကို ရှာဖွေခဲ့တယ်။ ဒါပေမဲ့ တောင်ပေါ်မှာ ဘာသစ်သားမှ ရှိမနေဘူး။ ဒါ့ကြောင့် ငါဟာ ဒီအထီးကျန်အပင်တစ်ပင်ကို စိုက်ပျိုးခဲ့တယ်။ နေထွက်လာတဲ့အချိန် ငါဟာ သစ်ကိုင်းတွေကို ရိတ်သိမ်းမယ်။ နေ့လယ်မှာ ငါ သစ်သားကို ရိတ်သိမ်းမယ်။ နေဝင်တဲ့နောက် ငါဟာ သစ်ပင်အမြစ်တွေကို ရိတ်သိမ်းမယ်…” ဝမ်လင်းသည် သူ့ဘေးပတ်ဝန်းကျင်ကို မေ့သွားသည့်ပုံရသည်။ သူ့ဘေးပတ်လည်တွင် ရှေးဟောင်းအသံတစ်သံ ပဲ့တင်ထပ်နေသည်။ သူ့စိတ်ထဲတွင် ပန်းချီကားမှာ နေရာအပြည့်ယူကာ သူ၏အတွေးများနှင့်မေးခွန်းများကို ရေးချနေတော့သည်။
“အယ်…” ဝမ်လင်းဘေးတွင် ရပ်နေသော ကြီးကြပ်သူက သည်အဖြေလွှာကို ကြည့်နေ၏။ အနီးကပ် ကြည့်လိုက်ပြီးနောက် သူသည် မင်သက်လို့သွားသည်။ သိပ်မကြာခင်တွင် တခြားကြီးကြပ်သူများလည်း အာရုံစိုက်လာကာ လာကြည့်ကြသည်။ အချို့သည် တစ်ချက်သာ ကြည့်ပြီး ပြန်ထွက်ခွာသွားသည်။ သိပ်မကြာခင်တွင် ကျန်သည်ကြီးကြပ်သူများကလည်း ခေါင်းယမ်းကာ လှမ်းထွက်သွားသည်။
“ကံမ္မဆိုတာ ဘာလဲ။ အပင်စိုက်ခြင်းဟာ ကံမ္မအကြောင်းရင်း သစ်သားကို ရိတ်သိမ်းခြင်းဟာ ကံမ္မအကျိုးဆက်ပဲ…။ အိမ်အသွင် ဖြစ်ပေါ်တဲ့နေ့ဟာ ကံမ္မစက်ဝန်းတစ်ခုပဲ…”
ဝမ်လင်းသည် သူ့စုတ်တံကို ပြန်ချလိုက်ပြီးနောက် သူ့အဖြေလွှာကို လေးလေးနက်နက် ကြည့်လိုက်သည်။ သူ့မျက်လုံးထဲရှိ တောက်ပမှုသည် လွင့်ပါးသွားပြီး စိတ်ရှုပ်ထွေးဟန်အစားထိုး ဝင်ရောက်လာသည်။ သူသည် သက်ပြင်းချကာ နောက်ဆုံးကျန်နေသော ကြီးကြပ်သူထံ လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်၏။ထို့နောက် သူသည် စာမေးပွဲခန်းထဲကနေ ထွက်လာတော့သည်။
သူ ထွက်သွားသည်နှင့် ကြီးကြပ်သူလူအိုကြီးက ဝမ်လင်း၏အဖြေလွှာကို ကောက်ယူကာ သေသေချာချာ ထပ်ဖတ်သည်။ သူသည် မိန်းမောကာ ဉာဏ်အလင်းအချို့ ရသွားသည့်ပုံပင်။ သူသည် အဖြေလွှာပေါ်ရှိ ဝမ်လင်းနာမည်ကို မှတ်မှတ်ထင်ထင် ဖြစ်သွား၏။
“ဆယ်ကျော်သက်တစ်ယောက်က ကံမ္မအပေါ် ဒီလိုမျိုး ထိုးထွင်းမြင်နိုင်တယ်။ သူဟာ ကြီးမြတ်တဲ့ပညာရှိတစ်ယောက် ဖြစ်လာနိုင်လိမ့်မယ်…”
ကြီးကြပ်သူအဘိုးအိုသည် အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် ဝမ်လင်း၏နာမည်ကို ဝိုင်းလိုက်၏။
ဝမ်လင်းသည် စာမေးပွဲဧရိယာထံမှ လှမ်းလျှောက်ထွက်လာပြီး တနေကုန်စောင့်၍ သစ်ပင်တစ်ပင်ကို မှီကာ အိပ်ပျော်နေသော ဖိုးကံကောင်းထံ လှမ်းလာ၏။ သူသည် ပြုံး၍ ဖိုးကံကောင်းကို နှိုးမည့်အခါတွင် ရုတ်တရက် လောကသည် နက်မှောင်လာ၏။ လေပြင်းများ တိုက်ခတ်သွားကာ အမှောင်ထုသည် ဝမ်လင်းနှင့်ဖိုးကံကောင်းတို့ကို ခြုံလွှမ်းသည်။ သည်အမှောင်ထုက သူတို့ကို ဒီမြို့မှ တခြားအရာများနှင့် ခွဲခြားပစ်လိုက်သည့်နှယ်။
အနက်ရောင်ဝတ်စုံဖြင့် သက်လတ်ပိုင်းလူတစ်ယောက်သည် အနက်ရောင်လေများထံမှ လှမ်းထွက်လာ၏။ သူ့ထံမှ အေးစက်စက်အော်ရာတစ်ခု ပြည့်နေပြီး သူသည် ဝမ်လင်းကို ကြည့်သည်။
“ဒီအဘိုးအိုက မင်းကို နာကျင်အောင် မလုပ်ပါဘူး။ မင်းအနေနဲ့ မေးခွန်းတစ်ခုကိုပဲ ဖြေပေးဖို့ လိုလိမ့်မယ်…”
သူသည် စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်၏ သွန်းထျန်၏စီနီယာအစ်ကို ဖြစ်သူပင်။ သည်နိုင်ငံရှိ ကျောင်းတော်သားအားလုံးနီးပါးကို သူ ရှာခဲ့ပြီး သူတို့ကို တူညီသောမေးခွန်းတစ်ခု မေးခဲ့ပြီး ဖြစ်၏။ ထို့နောက် သူသည် စိတ်ပျက်လက်ပျက်ဖြင့် ထိုသူတို့၏ မှတ်ဉာဏ်များကို ပယ်ဖျက်ကာ နောက်ထပ်တစ်ယောက်ကို ထပ်ရှာခဲ့သည်။
***