← Chapters

အိမ်မှ ပေးလိုက်တဲ့စာ

Vol. 120 Ch. 1653

အိမ်မှ ပေးလိုက်တဲ့စာ

Vol. 120 Ch. 1653

မသိမသာဖြင့် ဆယ်နှစ်တာ ကုန်လွန်သွားလေပြီ။

စုတောက်သည် လွန်ခဲ့သောသုံးနှစ်တည်းက အသက်အိုမင်း၍ ဆောင်းရာသီအတွင်း သေဆုံးသွားခဲ့သည်။ သူသည် ဆောင်းရာသီကို အံတုကာ နောင်လာမည့် လအနည်းငယ် ရှင်သန်ကာ နောင်နှစ်သစ်ရွက်ကြွေများကို တွေ့မြင်နိုင်ဖို့ ကြိုးစားခဲ့သေးသည်။

သို့ပေမည့် သူ့စိတ်က လောကကို နားလည်သွားပြီ ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်ကမူ သေခြင်းတရားကို ပြောင်းလဲပစ်နိုင်စွမ်း မရှိတော့ပေ။ ဆောင်းရာသီအတွင်း နှင်းပွင့်များ ကျဆင်း၍ လောကတွင် ထင်ချန်လို့ မြစ်ရေပြင်သည်ပင် ရေခဲလေ၏။ ထိုအချိန်၌ စုတောက်သည် ကျဆင်းနေသော နှင်းပွင့်များကို ကြည့်နေခဲ့သည်။

ဝမ်လင်းက သူ့သစ်သားခုံကို တွန်းပေး၍ စုမြို့အနှံ့ လျှောက်သွားသည်။ အသက်လေးဆယ်ခန့် ရှိပြီ ဖြစ်သော ဝမ်လင်းထံမှ တည်ကြည်ခိုင်မာမှုအရှိအဝါကို ပေးစွမ်းနေသည်။ ဝမ်လင်းက အဖြူရောင်ဝတ်စုံကို ဝတ်လို့ထား၏။ သူသည် စုတောက်ကို အေးအေးဆေးဆေး တွန်းပေးလိုက်သည်။

သည်ဆောင်းရာသီမှာ အေးစိမ့်ပေသည်။ ကျဆင်းနေသော နှင်းစက်များကို လေအေးများက တိုက်ခတ်လာရာ သူတို့၏ခန္ဓာကိုယ်များပေါ်သို့ ကျရောက်သည်။ နံနက်ခင်းအစောပိုင်း၌ ဘုရားကျောင်းတော်ထဲရှိ ခေါင်းလောင်းသံမှာ အဝေးမှ အေးငြိမ့်စွာ ပဲ့တင်ထပ်လာသည်။ ခေါင်းလောင်းသံ တချွင်ချွင်က လူတစ်ယောက်၏ စိတ်နှလုံးကို ကြည်ရှင်းအောင် လုပ်ပေးနိုင်၏။

“လင်းအာ…ဆရာ ထွက်သွားတော့မယ်…။ ဆရာမှာ သားသမီး မရှိခဲ့ဘူး။ မင်းရဲ့ စီနီယာအစ်ကိုသုံးယောက်ဟာ ငါ့ရှိက အမှန်တရားတော်တော်များများကို အမွေဆက်ခံခဲ့ရတယ်။ ဒါပေမဲ့ မင်းရဲ့ အတွေးစိတ်ကူးကသာ ငါနဲ့ အတော်လေး တူညီတာ ဖြစ်တယ်…”

“မင်းဟာ ကံမ္မနဲ့ပတ်သလို့ အသိသညာ ရှိလာခဲ့ပြီး ဖြစ်တာကို ငါ သိထားပါတယ်။ မင်း ဝေဝါးနေသေးပေမယ့်လည်း တဖြည်းဖြည်း နားလည်လာပါလိမ့်မယ်။ မင်း လိုက်လံနေတဲ့ဟာက ကံမ္မတစ်ခုတည်း မဟုတ်လေဘူး…”

“ဆရာက မင်းအတွက် ဒီအိမ်ကို ပေးခဲ့မယ်…” စုတောက်၏အသံ အားနည်းသောအသံသည် လေနှင့်အတူ ရောယှက်၍ ဝမ်လင်း၏နားထဲသို့ ဝင်ရောက်လာသည်။ ဝမ်လင်းသည် ငြိမ်သက်နေ၏။ သူ့မျက်လုံးထဲတွင် ဝမ်းနည်းရိပ်တို့ ပေါ်လာသည်။

စုတောက်သည် သူနှင့်အတူ ဆယ့်ခုနစ်လောက် အတူတကွ ရှိနေခဲ့ခြင်းပင်။ သည်ဆယ့်ခုနစ်နှစ်အတွင်း ဝမ်လင်းသည် အသက်ဆယ့်ကိုးနှစ်လူငယ်လေးမှသည် လူလတ်ပိုင်းအရွယ်သို့ ရောက်လာခဲ့လေပြီ။ စုတောက်နောက်သို့ လိုက်ရင်း ဝမ်လင်းသည် အတော်များများကို သင်ယူခဲ့ကာ နားလည်သဘောပေါက် ခဲ့သည်။

နှင်းများ သည်းသည်းထန်ထန် ကျဆင်းနေသဖြင့် သူတို့၏ အမြင်အာရုံကို ဖုံးကွယ်ထားသည်။ ခေါင်းလောင်းသံ ပဲ့တင်ထပ်နေရင်း နှင်းပွင့်များသည် စုမြို့တစ်မြို့လုံးကို ဖုံးလွှမ်းထားသည်။

“ငါ့ကို မြို့အပြင်က စုတောင်ဆီ ပို့ပေးပါ…” စုတောက်၏ အိုမင်းသောအသံသည် အားပျော့နေ၏။ သို့သော် သူ့မျက်လုံးသည် တောက်ပနေ၏။ သူသည် သူ့ဘဝ၏အဆုံးသပ်ကို တွေ့မြင်နေသည့်အလား လောကကို ကြည့်နေသည်။

ဝမ်လင်းသည် ငြိမ်သက်စွာ ခေါင်းညိတ်၍ သစ်သားဘီးတပ်ခုံကို တွန်းပေး၍ ရှေ့သို့ ဆက်လျှောက်ကာ စုတောက်၏နောက်ဆုံးပန်းတိုင်ထံသို့ ဦးတည်သည်။

နှင်းပွင့်များ ပိုသည်းထန်စွာ ကျဆင်းလာသည်။ လေနှင့်နှင်းသည် သူတို့ မျက်နှာပေါ်သို့ ကျဆင်းလာ၏။ သူက နှင်းပွင့်များ အရည်ပျော်သည့်အထိ ခွင့်ပြုပေး၍ အေးစိမ့်မှုသည် သူ၏စိတ်နှလုံးအတွင်း ဝင်ရောက်လာသည်။ ဝမ်လင်းသည် ဘီးတပ်သစ်သားခုံကို လမ်းအတိုင်း တွန်းပေးပြီး စုမြို့အပြင်ဘက်သို့ ဦးတည်သည်။ သူသည် မြို့အပြင်ဘက်ရှိ တောင်ငယ်တစ်လုံးကို တွေ့မြင်သည်။

ထိုတောင်သည် ကြီးမားလှခြင်း မရှိ။ သို့သော် ၎င်းထံ၌ စိတ်ဝိညာဉ်တစ်ခု ရှိသည်။

လူတစ်ယောက်သည် ထိုစိတ်ဝိညာဉ်ကို မတွေ့မြင်နိုင်ပေ။ သို့သော် မျက်လုံးမှိတ်ကြည့်လိုက်ပါက သူတို့သည် တောင်ပေါ်ရှိ သစ်ပင်တိုင်း၊မြက်ပင်တိုင်းကို ခံစားကြည့်နိုင်မည် ဖြစ်သည်။ လူတစ်ယောက်သည် တောင်၏အငွေ့အသက်ကိုလည်း ရှုရှိုက်နိုင်သည်။ ထိုမျှဖြင့် လုံလောက်ပေပြီ။

ဝမ်လင်းသည် တောင်ထံသို့ ဦးတည်၍ လမ်းအတိုင်း စုတောက်၏ သစ်သားခုံကို တွန်းပေးသည်။ စုတောက်သည် ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်သည်။ သူသည် ဆက်၍ တောင့်မခံနိုင်တော့သလို ခံစားမိသည်။ သို့သော် သူ့မျက်လုံးကမူ လွန်ခဲ့သောဆယ့်ခုနစ်နှစ်တုန်းကလိုပင် တောက်ပနေဆဲ ဖြစ်သည်။

မျက်လုံးသည် စိတ်နှလုံးသား၏ ပြတင်းပေါက်ပင်။ စုတောက်၏ခန္ဓာကိုယ်သည် ပုတ်သိုးဆွေးမြေ့သွားနိုင်၏။ သို့သော် သူ့အတွေးများ၊ သူ့ဘဝအပေါ် အတွေးအခေါ်ကမူ ဖြစ်ပေါ်ခဲ့ပြီး ဖြစ်ကာ မည်သည့်အခါမျှ မပျောက်ကွယ်သွားနိုင်တော့ပေ။

“ငါ့ကို…အဲ့နေရာရှိ ခေါ်သွားပေးပါ…” စုတောက်၏အသံသည် ပို၍ပင် အားနည်းလာသည်။ ဝမ်လင်းသည် စုတောက်ကို ကျောပိုးလိုက်ပြီး တောင်ထံသို့ လမ်းလျှောက်သွားသည်။ နှင်းများဆက်တိုက် ကျဆင်းနေလျက် သူသည် တောင်ထံသို့ တစ်လမ်းချင်း ဆက်သွားနေသည်။

အဆုံး၌ ထီးတည်းသောအုတ်ဂူတစ်ခု ရှိသည်။ ထိုအုတ်ဂူသည် တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသည့်အလား နှင်းများကြား တည်ရှိသည်။ ကြည့်ရသည်မှာ ယင်းအုတ်ဂူမှာ သည်နေ့အတွက် ဆယ်စုနှစ်များစွာ စောင့်ဆိုင်းနေခဲ့သည့်နှယ်။

စုတောက်သည် အုတ်ဂူရှေ့တွင် ထိုင်ချလိုက်ပြီး ၎င်းကို စူးစိုက်ကြည့်သည်။ သူ့ထံ၌ မျက်ရည်များ ရှိမနေပေ။ သူ့အကြည့်ကမူ ညင်သာနူးညံ့လာသည်။

“ငါ လာပြီ…။ နင့်ကို အမြဲတမ်း ကြည့်နေစေချင်တယ်လို့ နင် ငါ့ကို ပြောခဲ့တယ်။ ဒါ့ကြောင့် ငါက ဒီနေရာမှာ နင့်ကို မြှုပ်နှံ့ခဲတယ်။ အဲ့လိုဆိုရင် ငါဟာ နင့်ကို ဒီတောင်အောက်မှာ အမြဲတွေ့နေနိုင်မှာလေ…” စုတောက်သည် အုတ်ဂူကို လက်ဖြင့် ထိကိုင်၍ ခပ်တိုးတိုး ဆိုသည်။ သူ၏အမူအရာမှာ နူးညံ့နေ၏။ သူသည် အုတ်ဂူ၏အေးစက်မှုကိုပါ မေ့သွားသည့်ပုံ ရသည်။

သူသည် ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်ပြီး သူ့မျက်နှာထက်၌ ညင်သာသောအပြုံးတစ်ခု ရှိနေပြီး သူ၏အသက်ရှုခြင်း ရပ်တန့်သွားတော့သည်။

စုတောက် သေသွားခဲ့လေပြီ။

ဝမ်လင်းသည် အချိန်အကြာကြီး ရပ်နေ၏။ သူသည် လှည့်လိုက်ပြီး တောင်အောက်သို့ ကြည့်လိုက်သည်။ သည်နေရာကနေ သူသည် စုမြို့တစ်ခုလုံးနှင့် စုအိမ်တော်ကို လှမ်းမြင်ရသည်။

ဝမ်လင်း၏စိတ်နှလုံးထဲတွင် အောက်မေ့ဟန်အငွေ့အသက်တို့ ပြည့်နှက်လာ၏။ သူသည် စိတ်လည်း ရှုပ်ထွေးမိနေသည်။ သူသည် ဤလောကမှာ မည်သို့သော တည်ရှိမှု ဖြစ်နေသနည်းအပေါ် ဆက်၍ တွေးနေမိဆဲပင်။

အရင်ဘဝ ရှိခဲ့လား၊ ပြန်လည်မွေးဖွားခြင်းသံသရာ ရှိခဲ့လား…သို့မဟုတ် အိပ်မက်တစ်ခုလား။ အရာအားလုံးကို ရှင်းပြနိုင်ဖို့ နည်းလမ်း မရှိပေ။ အမှန်နှင့်အမှားသည် စက်ဝန်းတစ်ခုကြား လူးလားကူးခတ် ပြောင်းလဲနေပြီး မည်သည့်နေရာကစ၍ မည်သည့်နေရာတွင် ဆုံးမည်ကို ပြောဖို့ မဖြစ်နိုင်လေပေ။

လဝက်ခန့်ကြာပြီးနောက် သည်တောင်အောက်ရှိ တစ်ခုတည်းသောအုတ်ဂူဘေးတွင် နောက်ထပ်အုတ်ဂူတစ်ခု ပေါ်လာသည်။ ဆက်၍ အထီးကျန်မှု မရှိတော့ပေ။

စုတောက် သေဆုံးပြီးနောက် သုံးနှစ်အကြာတွင် ဝမ်လင်းသည် သုံးဆယ့်ကိုးနှစ် ရှိလေပြီ။

သူ့မိဘများကိုလည်း လွန်ခဲ့သောနှစ်များကတည်းက သူသည် ရွာကနေ သည်နေရာသို့ ခေါ်လာခဲ့ပြီး ဖြစ်၏။ သို့သော် သူတို့သည် သည်နေရာရှိ ဘဝနှင့် အသားမကျပေ။ ထို့အတွက် လပေါင်းများစွာ ကြာပြီးနောက် သူ့မိဘများသည် သူတို့၏မွေးရပ်မြေသို့ ပြန်သွားခဲ့ကာ သာမန်ဘဝဖြင့်သာ နေထိုင်ကြလေ၏။

ဝမ်လင်း အသက်သုံးဆယ့်ကိုးနှစ် ရောက်လာသည့်အခါ ဆောင်းရာသီ ဝင်လာခဲ့လေပြီ။ သူသည် ကျောက်နိုင်ငံအင်ပါယာ၏ ဆင့်ခေါ်စာကို ရသည့်အခါ၌ နှင်းများကို ကြည့်နေခဲ့သည်။

ဤကား စုတောက် သေပြီး သုံးနှစ်အတွင်း ငါးကြိမ်မြောက်ဆင့်ခေါ်စာ ဖြစ်သည်။

ထိုငါးကြိမ်စလုံးသည် အကြမ်းဖျဉ်းအားဖြင့် တူသည်။ ယင်းဆင့်ခေါ်စာများမှာ အင်ပါယာက ဝမ်လင်းကို မြို့တော်သို့ လာစေချင်ပြီး အင်ပါယာဆရာသခင် ဖြစ်စေခြင်းပင်။

သည်နှစ်ပေါင်းနှစ်ဆယ်အတွင်း ဝမ်လင်း၏နာမည်သည် ကျောက်နိုင်ငံ၏ ပညာတတ်များကြားတွင် မြင့်တက်ခဲ့သည်။ သူသည် ဒီနှစ်နှစ်ဆယ်အတွင်း စုမြို့မှ လုံးဝ မထွက်ခွာခဲ့သော်လည်း လူအများက သူ့ထံ လာရောက်လည်ပတ်ကာ ဘုရင့်စာမေးပွဲ နှစ်စဉ် ကျင်းပချိန်အတွင်း သူ၏သင်ကြားမှုကို နားထောင်ကြပေသည်။

ဤကား စုတောက်နှင့် ပတ်သတ်ခြင်းပင်။ သို့သော် ၎င်းမှာ ဝမ်လင်းကိုယ်တိုင်နှင့်လည်း ပတ်သတ်နေသည်သာ။ သည်နှစ်ပေါင်းနှစ်ဆယ်အတွင်း အချို့ ဂုဏ်သရေရှိလူများ၊ ကျောင်းတော်သားအချို့၊ အဆင့်အတန်းမြင့်များသူ အချို့တို့သည် ဝမ်လင်း၏ စကားများကို နာခံမှတ်သားခဲ့ကြသည်။

လူတိုင်းသည် ဝမ်လင်းသည် စုတောက်၏အမွေအနှစ်ကို ရခဲ့ကာ မဟာပညာရှိတစ်ယောက် ဖြစ်လာခဲ့သည်ကို သိကြလေ၏။

သို့ပေမည့် မည်သည့်အရာကမျှ အကြွင်းမဲ့ဟူသည် မရှိပေ။ ဝမ်လင်း၏တည်ရှိမှုကို အသိအမှတ်မပြုသည့်လူများလည်း ရှိကြသည်သာ။ သူတို့သည် ဝမ်လင်းသည် မဟာပညာရှိဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်သည်ဟု မယုံကြည်ကြပေ။ ကျောက်အင်ပါယာက ထိုအုပ်စုကို ဦးဆောင်သည်။

ထိုအမြင်များသည် စုတောက်အသက်ရှင်စဉ်ခဲ့တည်းက ပျံ့နှံ့ခဲ့ကြ၏။ သို့ပေမည့် စုတောက် သေပြီး သုံးနှစ်အတွင်း သူတို့၏အသံများက ပိုကျယ်လောင်လာခဲ့သည်။ ဝမ်လင်းသည် သုံးနှစ်တိတိ တိတ်ဆိတ်နေပြီးနောက် သူတို့သည် ဝမ်လင်း၏ အဆင့်အတန်းကို သံသယဝင်သည့်အသံများဖြင့် ပြောလာကြသည်။

ဝမ်လင်းသည် ထိုသို့သောအရာများအပေါ် အလေးမထားပေ။ သူသည် ဖိုးကံကောင်းနှင့်အတူ အေးအေးဆေးဆေးသာ ဘဝကို ဖြတ်သန်းနေထိုင်နေသည်။

ဝမ်လင်း၏တိတ်ဆိတ်မှုက လူအများကို ပို၍ မေးခွန်းထုတ်စေတော့သည်။ သူတို့သည် ဝမ်လင်းမှာ စုတောက်၏ တပည့်ဖြစ်သည်ကို ဝန်ခံသော်လည်း မဟာပညာရှိဟူသော ဂုဏ်ပုဒ်ကို ပိုင်ဆိုင်သူဟူ၍တော့ မထင်ကြပေ။ ဝမ်လင်းသည် ထိုအရာများအားလုံးကို လစ်လျူရှုထားသည်။ သူသည် နေဝင်နေထွက်ချိန်များကို စောင့်ကြည့်နေ၏။ သူသည် နွေဦးရာသီကုန်လွန်ကာ ဆောင်းဦးရာသီသို့ ဝင်ရောက်လာသည်ကို ကြည့်နေသည်။ သူသည် လောကကို ဆင်ခြင်၍ ကံမ္မကို နားလည်အောင် ကြိုးစားသည်။ သူသည် သေခြင်းရှင်ခြင်း၊ အမှန်နှင့်အမှားတို့၏ ဝိသေသလက္ခဏာများကိုလည်း ရှာဖွေကြည့်နေ၏။

သူသည် စိတ်ရှုပ်ထွေးခြင်း အခြေအနေသို့ ဆိုက်ရောက်နေသော်လည်း ဘဝအတွေ့အကြုံကို လိုက်ရှာနေဆဲပင်။ သူသည် အဓိပ္ပာယ်မရှိသောအရာများအပေါ် အာရုံလည်း မစိုက်ပေ။ သူသည် အရာအားလုံးကို သက်သေပြဖို့ မလိုဟု ခံစားမိသည်။

သို့ပေမည့် သူပို၍ ငြိမ်သက်တိတ်ဆိတ်လေလေ လူအများ၏ သံသယဝင်သံများက ပိုကျယ်လောင်လာလေပင်။ အဆိုးဆုံးကတော့ စုတောက်၏ တခြားတပည့်သုံးယောက်ပင်။ စုစန်းကတော့ အသက်ကြီးရင့်၍ နာဖျားနေသော်လည်း တခြားတပည့်နှစ်ယောက်ကမူ ဝမ်လင်းကို မေးခွန်းထုတ်ကြသည့်ဘက်တွင် ရပ်တည်ခြင်းပင်။

ထို့အတွက်ကြောင့် ကျောက်နိုင်ငံရှိ ကျောင်းတော်သားများကြား ရှုပ်ထွေးမှု ဖြစ်နေသလို သာမန်လူများကြားတွင်ပင် ကသိကအောက်တို့ ဖြစ်နေကြသည်။ သံသယအသံများက ကျောက်နိုင်ငံအနှံ့ မုန်တိုင်းတစ်ခုအလား ပျံ့နှံ့နေသည်။

အချို့လူများသည် လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်က ဝမ်လင်း၏ အဖြေလွှာကို ရှာဖွေခဲ့ကြပြီး ၎င်းအဖြေလွှာကို စတင်လေ့လာကြသည်။

သည်ရှုပ်ထွေးနေသော အသံဗလံများကြားထဲကပင် ကျောက်နိုင်ငံအင်ပါယာမြို့တော်မှ ခြောက်ကြိမ်မြောက်၊ ခုနစ်ကြိမ်မြောက်၊ ရှစ်ကြိမ်မြောက်၊ ကိုးကြိမ်မြောက် ဆင့်ခေါ်စာများ ဝမ်လင်းထံ ရောက်လာနေတော့သည်။

ထိုအရာများက ဝမ်လင်း၏မိဘများပေါ်တွင်ပါ သွား၍ သက်ရောက်မှု ရှိလာသည်။ သူ့မိဘများသည် အသက်ကြီးရင့်နေပြီး ဖြစ်ကာ သူတို့၏နောက်ဆုံးအချိန်ရှင်သန်မှုတွင် ပျော်မွေ့ရွှင်နူးစွာဖြင့်သာ ရှိသင့်ပေသည်။ သို့ပေမည့် တချို့အကြောင်းရင်းများကြောင့် သူ့မိဘနှစ်ပါးရွာရှိ လူအများသည်လည်း ဒီသံသယစကားများကို ကြားသိခဲ့သဖြင့် ဤသတင်းများမှာ ရွာတွင် ပျံ့နေခဲ့သည်။ ရွာသားများ၏ ကောလဟာလစကားများက ဝမ်လင်းမိဘနှစ်ပါးကို ဒေါသထွက်စေသည်။

သူတို့သည် အိုမင်းနေခဲ့ပြီး ဖြစ်သည်။ သည်ဒေါသက ဝမ်လင်း၏အဖေဖြစ်သူကို ဖျားနားစေတော့သည်။

သည်နှစ်ဆောင်းရာသီအတွင်း ဝမ်လင်းသည် ခြံဝန်းထဲ၌ ရပ်ကာ စာရွက်တစ်စောင်ကို ကိုင်ထား၏။ ထိုစာမှ သူ့အမေထံမှ ဖြစ်သည်။ သူမသည် စာရေးတတ်သောလူတစ်ယောက်ကို ရှာ၍ ရေးခိုင်းပြီး သည်စာကို ဝမ်လင်း၏ဦးလေးလေးအကူအညီဖြင့် ဝမ်လင်းထံ ပို့ပေးခဲ့ခြင်းပင်။

ထိုစာထဲတွင်မူ ဝမ်လင်း၏အဖေဖြစ်သူမှာ နေထိုင်ကောင်းသည်ဟု ပါသည်။

ထိုစာကို ထပ်ခါထပ်ခါဖတ်ပြီးနောက် ဝမ်လင်း၏တည်ငြိမ်နေသော မျက်လုံးထဲတွင် ဒေါသအရိပ်အမြွက်တို့ ပေါ်လာ၏။

သူက စာရွက်ကိုခေါက်သိမ်းပြီး သူ့အင်္ကျီအတွင်းထည့်သိမ်းလိုက်၏။ သူသည် ကျဆင်းနေသော နှင်းများကို မော့ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “နည်းနည်းတော့ များသွားပြီ…”

သူသည် အရာအားလုံးကို သက်သေပြချင်စိတ် မရှိပေ။ ကျောက်နိုင်ငံရှိ သူ့အပေါ် သံသယဝင်သံများ မည်မျှ ကျယ်လောင်ပါစေ သူ ဂရုမစိုက်ပေ။ မဟာပညာရှိဟူသော ဂုဏ်ပုဒ်မှာလည်း ဘာမှ တန်ဖိုး ရှိမနေပေ။ သူက ထိုဂုဏ်ပုဒ်ကိုလည်း အလေးမစိုက်ပေ။

သူသည် လောကကို ဖြည်းဖြည်းချင်း ဆင်ခြင်နားလည်အောင် လုပ်ချင်သည့် အဘိုးအိုတစ်ယောက်မျှသာ ဖြစ်သည်။

သို့ပေမည့် အရာအားလုံးသည် အကန့်အသတ် ရှိကြ၏။ ဝမ်လင်း၏ ထိပါးမရသည့်အပိုင်းမှာ သူ့မိဘများပင်။ သူ့မိဘ၏ဒေါသ၊ သူ့မိဘ၏နာကျင်မှု၊ သူ့မိဘ၏ ပူဆွေးမှုသည် သူ၏ဒေါသ၊ သူ့နာကျင်မှု၊ သူ့ပူဆွေးမှုလည်း ဖြစ်ပေသည်။

“ဖိုးကံကောင်း…လိုအပ်တာတွေ ပြင်ဆင်လိုက်တော့။ ငါ ဆယ်နှစ်တာ သင်ခန်းစာပို့ချမယ်။ လာမယ့်ဆယ့်နှစ်အတွင်း ဒီလောကမှာ ရှိတဲ့ လူတိုင်း စုမြို့ကို လာပြီး ငါ့ရှိကနေ သင်ယူနိုင်မယ်။ သူတို့ကသာ ငါ့အထက်မှာ ရှိတဲ့အကြောင်း သက်သေပြနိုင်ရင် သူတို့ ငါ့ရှိကနေ ဒီအိမ်တောကို ယူဆောင်နိုင်တယ်…”

ဝမ်လင်းသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ ထွက်ခွာလာသည်။

သူ့နောက်တွင် အသက်ကြီးပိုင်း ရောက်နေပြီ ဖြစ်သော ဖိုးကံကောင်းက လွန်ခဲ့သောနှစ်နှစ်ဆယ်တုန်းကအတိုင်း ရှိနေ၏။ သူသည် အလွန်စိတ်လှုပ်ရှားနေမိ၏။ သူသည် ပြီးခဲ့သော သုံးနှစ်အတွင်း ကောလဟာလစကားများကြောင့် အတော်လေး ဒေါသထွက်နေခဲ့ရသည် မဟုတ်လား။

ခုချိန်၌ သူသည် ဝမ်လင်း၏စကားကို ကြားလိုက်သည့်အခါ သူ့ဂုဏ်ယူနေသော အမူအရာတွင် မျှော်လင့်ချက်အရိပ်အယောင် ပေါ်လာသည်။ သူသည် ဒီကိစ္စကို စီစဉ်ဖို့ ခပ်မြန်မြန် ထွက်သွားသည်။

“ဟားဟား…ငါ့သခင်လေးဟာ အမြဲတမ်းမာနအကြီးဆုံး ဖြစ်တယ်။ ဆယ်နှစ်တာသင်ခန်းစာ။ သူတို့ ကျရှုံးတဲ့အခါမှာ အဲ့လူတွေ ဘယ်လိုအမူအရာ ဖြစ်နေမလဲ ငါ မြင်ချင်မိသေးတယ်…”

***

All Chapters