← Chapters

ကံမ္မစာလုံး

Vol. 121 Ch. 1666

ကံမ္မစာလုံး

Vol. 121 Ch. 1666

နက်မှောင်သောလေဟာနယ်အတွင်း၌ သွေးအလင်းသည် ဆယ်စုနှစ်များစွာ တလက်လက် တောက်နေခဲ့သည်ပင်။ သို့သော် ထိုသွေးအလင်းက မကြာခင်တွင် ပျောက်ကွယ်တော့မည့်အလား ပို၍ပို၍ မှိန်ဖျော့လာခဲ့သည်။

အချိန်များ ကုန်ဆုံးသွားခဲ့လျှင်ပင် မည်သူကမျှ ထိုအလင်းကို သတိမပြုမိကြပေ။

သည်နေရာတွင် တိတ်ဆိတ်သည်ထက် ပို၍ တိတ်ဆိတ်နေသည်။

ဆံဖြူလူငယ်သည် ယနေ့တွင် မျက်လုံး ဖွင့်လာခဲ့လေပြီ။ သူ မျက်လုံး ဖွင့်လိုက်သည့်အခိုက်တွင် ကျယ်လောင်စွာ တုန်ဟည်းသံများ စတင် ပေါက်ကွဲလာသည်။ ထိုအသံသည် အစပိုင်း၌ မပြင်းထန်သေး။ သို့သော် မကြာခင်မှာပင် ထိုအသံမှာ အထွတ်အထိပ်သို့ ရောက်လာခဲ့သည်။ လောကကိုပါ လှုပ်ခါစေတော့သည်။

ကျယ်လောင်စွာ တုန်ဟည်းသံသည် ချက်ခြင်းပင် ပြင်းထန်လာကာ လေဟာနယ်တစ်ခွင် ပဲ့တင်ထပ်သည်။

ထိုအသံသည် လှိုင်းတစ်ခုအလား ငွေရောင်လျှပ်စီးများကို ဖန်တီး၍ ဤလေဟာနယ်ကို လင်းလက်စေသည်။ ထိုလျှပ်စီးများသည် ဧရာမပိုက်ကွန်တစ်ခုကဲ့သို့ ဒီလေဟာနယ်တစ်ခုလုံးကို ထွေးခြုံသည်။

မိုးကြိုးသံများ တုန်ဟည်းကာ လျှပ်စီးများလင်းလက်ပြီး ထွက်ပေါ်လာမည့် သူတို့၏ဘုရင်ကို စောင့်မျှော်နေသည့်အလား။

ထိုမိုးကြိုးမုန်တိုင်းအတွင်း၌ မီးမုန်တိုင်းတစ်ခု ပေါ်လာ၏။ ထိုမီးသည် ကိုးရောင်စုံရှိကာ လေဟာနယ်အတွင်း၌ လည်ပတ် လောင်ကျွမ်းသည်။ ကိုးရောင်စုံမီးသည် လည်ပတ်နေပြီးနောက် ရုတ်တရက် တစ်ခုတည်းအဖြစ်သို့ ပြောင်းလဲသွား၏။ ထိုမီးသည် မွန်းစတားဆန်လှကာ ဆံဖြူလူငယ်ကို ဗဟိုပြု၍ ပျံ့နှံ့သည်။ ၎င်းသည် တောက်ပလွန်းကာ မိုးကြိုးနှင့်လျှပ်စီးတို့ဖြင့်အတူတူ ၎င်း၏ဘုရင်ကို ကြိုဆိုနေသည့်နှယ်။

မိုးကြိုးလျှပ်စီးနှင့်မီးတို့၏ ဘုရင်မှာ ဆံဖြူလူငယ်ဖြစ်၏။ သူကား ဝမ်လင်းတည်း။

ဝမ်လင်း၏ ဘယ်မျက်လုံးထဲတွင် မီး၊ ညာမျက်လုံးထဲ၌ မိုးကြိုး ရှိနေ၏။ သူ့မျက်လုံးတို့မှာ ဉာဏ်အလင်းတို့ဖြင့် ပြည့်နှက်နေ၏။ သို့သော် သူ့အိပ်မက်ကနေ နိုးထလာရာကနေ ဖြစ်ပေါ်သော ဝမ်းနည်းမှုကတော့ ကွယ်ဝှက်စွာ ရှိလို့နေသည်။

ထိုအိပ်မက်သည် နှစ်ပေါင်းခုနစ်ဆယ်ကျော် ကြာခဲ့၏။ နှစ်ပေါင်းခုနစ်ဆယ်ကျော် အချိန်ကာလကို အိပ်မက်တစ်ခုဟု ယူဆ၍ ရနိုင်တော့မည် မဟုတ်၊ သူ၏ တခြားဘဝ၊ သူကိုယ်တိုင် ဖန်တီးခဲ့သော ဘဝဟုပင် ဆိုနိုင်ပေမည်။ သူက သူ့ကိုယ်သူလှည့်ဖြားဖို့အတွက် လှည့်ဖြားခြင်းတာအိုကိုပါ အသုံးပြုခဲ့သေးသည်။

သူ နိုးထလာသည့်အခိုက်၌ သူ့မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှု အရိပ်အမြွက် ရှိနေ၏။ သူ့ဘယ်လက်က အရူး၏ ညာလက်ကောက်ဝတ်ကို ကိုင်ထားပြီး ရွှေရောင်လက်ဝါးရာလည်း ရှိသည်။

အချိန်အတန်ကြာပြီးနောက် မိုးကြိုးနှင့်မီးတို့ လှိုင်းထန်လာကာ ဝမ်လင်း၏မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုကို အတင်းအကြပ် ဖယ်ရှားသွားပြီး အေးစက်မှု၊ ပြတ်သားမှုတို့ အစားထိုးလေ၏။ အလားတူပင် သူသည် ဖြစ်ပျက်ခဲ့သမျှကို ပြန်မှတ်မိသွားပြီးနောက် အဆုံးမဲ့သတ်ဖြတ်လိုစိတ်ပါ သူ့မျက်လုံးထဲ၌ လှစ်ဟပေါ်သည်။

“အုပ်စိုးသူ၊ ကောင်းကင်ဘုံအရှင်လေဟာနယ်နတ်ဘုရား၊ အင်ပါယာကိုယ်လုပ်တော်နှစ်ယောက်…။ ငါ ဝမ်လင်း အခု နိုးထလာပြီ…”

ဝမ်လင်း၏မျက်လုံးထဲ၌ အဆုံးမဲ့အေးစက်မှုတို့ ပြည့်နှက်နေ၏။ သူသည် တဖြည်းဖြည်း ထလာကာ သွေးအလင်းအပြင်ဘက်ရှိ လေဟာနယ်ကို ကြည့်သည်။

“ငါ နှစ်ပေါင်းနှစ်ထောင်ကျော် ကျင့်ကြံခဲ့ပြီးပြီး။ ဒီကနေ့…ငါဟာ လေဟာနယ်ဂိတ်တံခါးကို ပြုလုပ်ပြီး တတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာရမယ်…” ဝမ်လင်းသည် ရှေ့သို့ လက်ညွှန်လိုက်၏။

“မိုးကြိုးအနှစ်သာရ…”

မျက်စိတစ်မှိတ်အတွင်း မိုးကြိုးနှင့်လျှပ်စီးတို့ စုဝေးလာကာ ထာဝရမိုးကြိုးတန်းတစ်ခုအသွင် ဖြစ်ပေါ်သည်။ ထိုမိုးကြိုးတန်းသည် သွေးအလင်းအပြင်ဘက်၌ လွင့်မြော၏။ တစ်ချိန်တည်းမှာ ဝမ်လင်း၏ညာမျက်လုံးထံမှ မိုးကြိုးအမှတ်အသား ထိုးထွက်လာ၏။ ၎င်းက သွေးအလင်းအပြင်ဘက်ရှိ ထာဝရမိုးကြိုးနှင့် ပေါင်းစပ်သည်။

၎င်းက ထာဝရကောင်းကင်ဘုံမိုးကြိုးစာလုံးအသွင် ဖြစ်ပေါ်သည်။ ၎င်းမှာ မိုးကြိုးစာလုံးပင်။ ၎င်းပတ်လည်၌ မိုးကြိုးကိုးမျိုးသည် အတူတကွ လှည့်ပတ်ရင်း ပေါင်းစပ်ကာ မိုးကြိုးအနှစ်သာရ ဖြစ်ပေါ်သည်။

ထိုမိုးကြိုးအနှစ်သာရ ပေါ်လာသည်နှင့် လေဟာနယ်ပါ ပြိုလဲတော့မည့်အလား။ မိုးကြိုးစာလုံး၏အစွမ်းမှာ လောကကို တစစီ ဖြစ်စေဖို့ လုံလောက်၏။ ပတ်ဝန်းကျင်တစ်ခုလုံး တွန့်ခေါက်ပုံပျက်လာ၏။

ထိုမိုးကြိုးထံမှ ကြောက်မက်ဖွယ်အော်ရာ ထွက်ပေါ်လာသည်။ ဤကား မိုးကြိုး၊ ပြိုင်ဘက်ကင်းထာဝရမိုးကြိုးတည်း။

ထိုမိုးကြိုးကို ထိန်းချုပ်နိုင်သူကို မိုးကြိုးကောင်းကင်ဘုံသားဟု ယူဆနိုင်သည်။

မိုးကြိုးစာလုံးမှ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်၏ ဖိအား ထွက်ပေါ်ကာ ပတ်ဝန်းကျင်ဧရိယာကို ခြုံလွှမ်းသည်။ ထိုမိုးကြိုးမှ စွမ်းအားဖြင့်ပင် နိဗ္ဗာနလေဟာနယ်အစောပိုင်းကျင့်ကြံသူများကို လှုပ်ခါစေဖို့ လုံလောက်သည်။

ထိုမိုးကြိုးသည် အတူတကွမိုးကြိုးများနှင့် ပေါင်းစပ်ပြီးနောက် ဗရမ်းဗတာအသွင် ပြောင်းလဲ၏။ ၎င်းသည် မိုးကြိုးတန်းနှင့်ပင် မတူတော့။ ဗရမ်းဗတာ ရှုပ်ထွေးသောဒြပ်ထုအသွင်ပင် ဖြစ်သည်။

လောက အစကနေ ဖြစ်ပေါ်လာသော ဗရမ်းဗတာအနှစ်သာရဒြပ်ထုသည် မိုးကြိုးအနှစ်သာရ ဖြစ်လာခဲ့ပြီ။

ထိုမိုးကြိုးဒြပ်ထု၌ အရောင်မဲ့သည်။ ၎င်းကို သွေးအလင်းက ဝန်းရံထားပြီး ဝမ်လင်းပတ်လည်တွင် ဖြည်းဖြည်းချင်း လှည့်ပတ်သည်။ ဝမ်လင်းသည် သူ့ညာလက်ကို ထပ်မံ လက်ညွှန်လိုက်၏။

“မီးအနှစ်သာရ…”

ဝမ်လင်း၏အသံသည် အေးစက်မှုတို့ ပြည့်နေသည်။ သူ အော်ဟစ်လိုက်စဉ် အဆုံးမဲ့မီးများ မြင့်တက်လာသည်။ မီးရောင်စုံကိုးခုသည် တစ်ခုအဖြစ်သို့ ပေါင်းစပ်ကာ ထာဝရမီး ဖြစ်ပေါ်၏။ သို့ပေမည့် ထိုထာဝရမီး လောင်ကျွမ်းနေစဉ် အတွင်း၌ တာအိုဆန္ဒတစ်ခု ပေါ်လာသည်။ ထိုမီးသည် ထာဝရမီးကို ဖိနှိပ်ကာ တာအိုမီး ဖြစ်လာ၏။ မီးသည် ရုန့်ရင်းနေရင်း ပြီးပြည့်စုံသောမီးအနှစ်သာရ၏ အော်ရာ ပေါက်ကွဲထွက်လာသည်။

လေဟာနယ်အတွင်းရှိ မီးအားလုံးမှာ အရူးအမူး စုစည်း၍ မီးအမှတ်အသားတစ်ခု ဝမ်လင်းရှေ့တွင် ပေါ်လာသည်။

ထိုမီးအမှတ်အသားသည် အစစ်အမှန်ဖြစ်သည့်ပုံပင်။ သို့သော် ၎င်းသည် အမှန်တော့ ပုံရိပ်ယောင် ဖြစ်၏။ ၎င်းမီးအမှတ်သားထံမှ ဖြာထွက်နေသော အပူသည် နိဗ္ဗာနလေဟာနယ်အစောပိုင်းအဆင့် ကျင့်ကြံသူများကို လောင်ကျွမ်းပစ်ဖို့ လုံလောက်သည်။ မီးနှင့်မိုးကြိုးတို့သည် ပြီးပြည့်စုံခြင်းသို့ ရောက်လေပြီ။

ထိုအနှစ်သာရနှစ်ခုတည်းဖြင့်ပင် ဝမ်လင်းသည် လေဟာနယ်ဂိတ်တံခါးကို ဖွင့်လှစ်ပြီး နိဗ္ဗာနလေဟာနယ်အထွတ်အထိပ်သို့ မရောက်သေးသော လူတိုင်းကို သတ်ပစ်ဖို့ လုံလောက်နေလေပြီ။

“ကံမ္မ…ထွက်ပေါ်လာစေ…” ဝမ်လင်း၏မျက်လုံးထဲရှိ အေးစက်မှု လွင့်ပါးကာ အောက်မေ့တမ်းတမှု အစားထိုး ဝင်လာ၏။ သူ့အိပ်မက်အပြင်ဘက်တွင် တစ်ကြိမ်တစ်ခါမျှ မထုတ်လွှတ်ဖူးသော မဟာပညာရှိတစ်ယောက်၏ အော်ရာသည် ပျံ့နှံ့လို့လာသည်။

ထိုအော်ရာသည် ကျင့်ကြံသူများ ပိုင်ဆိုင်နိုင်သည့်အော်ရာ မဟုတ်ပေ။ မဟာပညာရှိများကနေ ကျင့်ကြံသူများ ဖြစ်လာကြသူများပင် ဒီအော်ရာကို ဆက်၍ ထိန်းသိမ်းထားနိုင်လိမ့်မည် မဟုတ်ပေ။ ကျင့်ကြံခြင်းလမ်းကြောင်း၌ သူတို့အားလုံး ပြောင်းလဲသွားမည် ဖြစ်သောကြောင့်ပင်။

အိပ်မက်တာအိုကို အသုံးပြုခြင်းကြောင့်သာ ဝမ်လင်းက သူ နိုးထလာပြီးနောက် ဒီမဟာပညာရှိအော်ရာကို သိမ်းဆည်းထားနိုင်စွမ်း ရှိခြင်းပင်။ သူ ထိုစကားလုံးများကို ပြောလိုက်သည်နှင့် မဟာပညာရှိအော်ရာ ပေါက်ကွဲထွက်လာသည်။

ကံမ္မအနှစ်သာရသည် မမြင်ရပေ။ သို့သော် ၎င်းက ဝမ်လင်း၏ညာလက်ထံသို့ စုဝေးလာ၏။ သူ့လက်ဝါးကို ဖြန့်လိုက်သည့်အခါ ကံမ္မအကြောင်းရင်း လက်ပြန်ဆုပ်လိုက်သည့်အခါ ကံမ္မအကျိုးဆက် ဖြစ်မည်။ သူ့ညာလက်ဝါးမှာ သူ၏ လေးခုမြောက်မူလမန္တာန် ဖြစ်လာလိမ့်မည်။

“ကံမ္မစာလုံး…”

***

All Chapters