← Chapters

လေဟာနယ်ဂိတ်တံခါးကို ကျင့်ကြံသူများစွာ မျက်မြင်တွေ့ရခြင်း…

Vol. 120 Ch. 1667

လေဟာနယ်ဂိတ်တံခါးကို ကျင့်ကြံသူများစွာ မျက်မြင်တွေ့ရခြင်း…

Vol. 120 Ch. 1667

ကံမ္မစာလုံး။ ဝမ်လင်းက သူ့လက်ကို ဖွင့်ဟချိန် လောက၏ ကံမ္မအကြောင်းရင်း၊ ပြန်ပိတ်ချက်၌ ကံမ္မအကျိုးဆက် ဖြစ်မည်။ ထိုဖြစ်စဉ်မှာ ကံမ္မရေစက်ပင်။ ကံမ္မရေစက်ကြောင့် ကံမ္မစာလုံး ဖြစ်လာခြင်းပင်။

ဝမ်လင်းသည် ထိုကံမ္မကို ခုမှ နားလည်ခဲ့သော်လည်း ၎င်း၏စွမ်းအားကမူ အင်မတန်တုန်လှုပ်ဖွယ်ကောင်းသည်။

သည်လောကတွွင် မည်သူကမျှ သူ့ထက်ပို၍ ကံမ္မအကြောင်း နားလည်နိုင်မည် မဟုတ်ပေ။ ဆန်းကြယ်စွာတွေးခေါ်ခြင်း၊ နှစ်ပေါင်းခုနစ်ဆယ်ကျော်အိပ်မက်၊ နှစ်ပေါင်းနှစ်ထောင်ကျော် အတွေ့အကြုံနှင့် တခြားအမျိုးမျိုးသော အကြောင်းများက သူ နိုးထလာချိန်၌ သည် တုန်လှုပ်ဖွယ် လေးခုမြောက်မန္တာန်ကို နားလည်စေခဲ့ခြင်းပင်။

ထိုကံမ္မစာလုံး ပေါ်လာသည်နှင့် ကံမ္မစက်ဝန်းအတွင်းရှိ တစ်စုံတစ်ယောက်ကို ကန်ထုတ်ပစ်ဖို့အထိ လုံလောက်စွာ အစွမ်းထက်သည်။ ၎င်းမှာ အိပ်မက်တာအိုကဲ့သို့ သူတို့ကို တဖြည်းဖြည်း ပြောင်းလဲစေသည်နှင့်မတူပေ။ ထိုအစား ၎င်းသည် သူတို့၏ ကံမ္မကို အတင်းအကြပ် အထိုင်ချပစ်ခြင်းပင်။

ဤကား တာအိုမန္တာန်တစ်ခုပင်။

ဝမ်လင်းသည် သူ့ညာလက်ကို ကြည့်လိုက်၏။ သူ့ညာလက်ကို ဖြန့်ကားလိုက်ရင်း မဟာပညာရှိတစ်ယောက်၏ အော်ရာသည် သူ့ထံမှ ပျံ့နှံ့လာသည်။ ထိုအော်ရာသည် တစ္ဆေသရဲနှင့်နတ်ဘုရားများကိုပါ ထိတ်လန့်စေနိုင်သည်။ နိဗ္ဗာနလေဟာနယ်အဆင့် ကျင့်ကြံသူများကိုပါ နောက်ဆုတ်သွားစေဖို့ လုံလောက်သည်။

ထိုအော်ရာဖြင့် ဝမ်လင်းသည် လောက၏ အမှန်တရားကို နားလည်ခဲ့ကာ သူ ကိုယ်တိုင် လောက ဖြစ်လာခဲ့သည်။

သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရင်း ဝမ်လင်း၏မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်သည်။ သူသည် သူ့ရှေ့ရှိ ကံမ္မစွမ်းအားကို စုစည်းကာ ကံမ္မစာလုံးကို ဖြစ်ပေါ်စေသည်။

ထိုစာလုံးသည် ဝမ်လင်း၏ လေးခုမြောက်မူလမန္တာန် ဖြစ်ရုံသာမက သူ့ကံမ္မအနှစ်သာရ၏ ပြီးပြည့်စုံမှုလည်း ဟုတ်သည်။

ကံမ္မစာလုံးသည် မိုးကြိုး၊မီးအနှစ်သာရတို့နှင့် ယှက်လိမ်ကာ စက်ဝန်းတစ်ခု ဖြစ်ပေါ်သည်။ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်၏ အော်ရာသည် အဆမတန် ပေါက်ကွဲထွက်လာသည်။

ထိုအနှစ်သာရများသည် ပြီးပြည့်စုံ၏။ နိဗ္ဗာနလေဟာနယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက် ဒီနေရာတွင် ရှိနေလျှင်ပင် ဝမ်လင်း၏ အင်အားပြည့်တိုက်ခိုက်မှုကို ပိတ်ဆို့ဖို့ ခက်ခဲလိမ့်မည်ပင်။ ထိုအနှစ်သာရများသည် ပြီးပြည့်စုံဖို့ ခက်ခဲလှသော်လည်း ပြည့်စုံသွားသည်နှင့် ယင်းတို့သည် အလွန်အစွမ်းထက်သည်။

အနှစ်သာရသုံးခု ပေါ်လာသည့်အခိုက်၌ လေဟာနယ်အပြင်ဘက်မှ ထွက်ပေါ်လာသည့်အလား ခပ်အုပ်အုပ် တုန်ဟည်းမှု ပဲ့တင်ထပ်သည်။

တောက်ပသောလေဟာနယ် ကြယ်အဖွဲ့အစည်း၊ ဟင်္သာပြဒါးဂြိုဟ်၏ အပြင်ဘက်တွင် ကျင့်ကြံသူထောင်သောင်းချီသည် ဂြိုဟ်ပတ်လည်တွင် ပိတ်ဆို့ထားကြသည်။

ထိုကျင့်ကြံသူများသည် ပြင်ပနယ်မြေမှ ကျင့်ကြံသူများ ဖြစ်ကြ၏။ သူတို့အားလုံး၏ မျက်ခုံးနှစ်ခုကြားတွင် အမှတ်အသားတစ်ခုစီ ရှိကြကာ သူတို့၏မျက်နှာထက်၌ ရက်စက်ကြမ်းကြုတ်၊ သတ်ဖြတ်လိုစိတ်တို့အပြည့်ပင်။

သူတို့သည် တောက်ပသောလေဟာနယ်၏ အရှင်တောင်ပိုင်းတိမ် ဦးဆောင်သော နောက်ဆုံးအင်အားစုကို ဝန်းရံထားကြသည်။ သူတို့သည် အသေအကြေ တိုက်ခိုက်ကြတော့မည်။

အရှင်တောင်ပိုင်းတိမ်သည် မူလတုန်းက သည်နေရာတွင် မနေပေ။ သို့ပေမည့် တောက်ပသောလေဟာနယ်၏ ကျင့်ကြံသူများသည် ပြီးခဲ့သော ဆယ်စုနှစ်များအတွင်း ရုန်းကန်ခဲ့ကြရရာ လက်ပန်းကျနေခဲ့ပြီ ဖြစ်သည်။ သူတို့၏မျက်လုံးတို့သည် သတ်ဖြတ်လိုစိတ်ကြောင့် နီရဲနေ၏။ သူတို့သည် အလုံးစုံကောင်းကင်ထံသို့လည်း တပ်မဆုတ်ချင်ကြပေ။

သူတို့အမြင်၌ သူတို့ အလုံးစုံကောင်းကင်သို့ သွားခဲ့လျှင်လည်း အဓိပ္ပာယ်မရှိလှပေ။

ပြင်ပနယ်မြေရှိ ကျင့်ကြံသူစစ်တပ်က သူတို့ကို အလုံးစုံကောင်းကင်သို့ သွားသည့် တစ်လမ်းလုံး လိုက်လံ သတ်ဖြတ်ကြမည်ပင် မဟုတ်လား။

သူတို့ သေရလျှင်ပင် သူတို့သည် သူတို့၏မွေးရပ်မြေတွင်သာ သေမည် ဖြစ်သည်။ သူတို့သည် သေသည့်အထိ တိုက်ခိုက်မည် ဖြစ်သည်။ ချိပ်ပိတ်နယ်မြေအရှင်၏ မွေးရပ်မြေ ဟင်္သာပြဒါးဂြိုဟ်၌ သူတို့သည် နောက်ဆုံးအချိန်ထိ တွန်းလှန်တိုက်ခိုက်မည် ဖြစ်သည်။

ချိပ်ပိတ်နယ်မြေအရှင်သခင်၏ ရုပ်တုမှာ တောင်တစ်လုံးလား မားမားရှိနေ၏။ တောက်ပသောလေဟာနယ်မှ ကျင့်ကြံသူများသည် သေရမည်ကိုပင် မေ့သွားသည့်အလား ပြုံးနေကြ၏။

စစ်ထူနန်လည်း ဒီနေရာတွင် ရှိနေ၏။ သူသည် အလုံးစုံကောင်းကင်သို့ ချင်းလင်နှင့််အတူ သွားခဲ့သင့်၏။ သို့သော် သူသည် အလျင်စလို ဒီကို ပြန်လာခဲ့သည်သာ။ သည်နေရာမှာ ဟင်္သာပြဒါးဂြိုဟ်၊ သူ့ညီကို၏ မွေးရပ်မြေ၊ သူ့ညီကို ဝမ်လင်း ပျောက်နေသော နေရာ မဟုတ်လား။ သူ စစ်ထူနန်သည် တစ်ကိုယ်တည်း မည်သို့ ထွက်ခွာသွားပါ့မည်နည်း။

“ငါ သေတော့ရော ဘာဖြစ်သေးသလဲ…” စစ်ထူနန်က ပြုံးလိုက်၏။ သူက ခရမ်းရောင်ဝတ်စုံ တဖားဖားဖြင့် ပြင်ပနယ်မြေရှိ ကျင့်ကြံသူများထံ တိုးဝင်လာသည်။ သည်နှစ်များတွင် ချင်းလင်၏ ဂရုတစိုက် သင်ကြားပေးမှုနှင့် သူ့အံ့ဖွယ်ပါရမီတို့ကြောင့် သူသည် ချင်းလင်၏အကူအညီဖြင့် လေဟာနယ်ဂိတ်တံခါးကို ချိုးဖျက်ကာ လွန်ခဲ့သောနှစ်သုံးဆယ်က တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့ပေပြီ။

စစ်ထူနန်နှင့်အတူ ဆယ့်သုံး၊ ခေါင်းကြီးကောင်လေးနှင့် တခြားသူများလည်း ဒီမှာ နေခဲ့ကြ၏။ သူတို့၏ ကျင့်ကြံမှုအဆင့်က လုံလောက်အောင် မမြင့်မားသော်လည်း တိုက်ပွဲများစွာ ကြုံတွေ့ရပြီးနောက် သူတို့သည် အတော်လေး အစွမ်းထက်လာကြသည်ပင်။ သူတို့သည် ဒဏ်ရာများ ပြည့်နှက်နေသော်လည်း သူတို့ထံမှ ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ်ကို ပေးနေသည်။

သူတို့ကြား၌ အရှင်လုံဖန်နှင့်အရှင်လုဖူတို့လည်း ရှိနေကြသည်။

အရှင်လုံဖန် နိုးထလာပြီးနောက် သူသည် ဝမ်လင်းကို ချိပ်ပိတ်နယ်မြေအရှင်ဟု သိခဲ့သည်။ သူသည် ဒီဂြိုဟ်မှာ ဝမ်လင်း၏မွေးရပ်မြေ၊ သူ ပျောက်နေသော နေရာမှန်းလည်း သိထားသည်။

သူ ဒီကို လာစရာ မလိုခဲ့ပေ။ သို့သော် သူ လာခဲ့၏။ သူသည် သူ့တပည့် အရှင်ရွှမ်ကျုံးကိုမူ မခေါ်ခဲ့ပေ။ သူက ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားဖြင့် တောင်နှင့်မြစ်ပန်းချီကားကို သုံးကာ ပြင်ပနယ်မြေမှ ကျင့်ကြံသူများ ဟင်္သာပြဒါးဂြိုဟ်သို့ မကျူးကျော်လာအောင် ကာကွယ်တားဆီးထားပေ၏။

အရှင်လုဖူသည်လည်း အလုံးစုံကောင်းကင်၏ ဘိုးဘေးဖြစ်သော်လည်း သူလည်း အလုံးစုံကောင်းကင်သို့ မပြန်ခဲ့ပေ။ သို့ပေမည့် ပြီးခဲ့သော ဆယ်စုနှစ်အချို့က သူသည် မရေမတွက်နိုင်သော သေဆုံးခြင်းများကို တွေ့မြင်ခဲ့ပြီး ဖြစ်သည်။ ဝမ်လင်းကလည်း သူ့ကို နက်နက်ရှိုင်းရှိုင်း လှုပ်ရှားစေခဲ့သည့်အတွက်ကြောင့် သူသည် ဒီနေရာတွင် တိုက်ခိုက်ရန် နေခဲ့သည်။

“ဒီအဘိုးအိုက သေတဲ့အထိ တိုက်မယ်…” အရှင်လုဖူ၏မျက်လုံးထဲတွင် ရူးသွပ်မှုတို့ ပြည့်နှက်နေ၏။

နောက်ထပ် တခြားတစ်ယောက်လည်း ရှိိသေး၏။ ထိုသူ့ကိုလည်း ဝမ်လင်း သိပေသည်။ သူက အဇူရာနဂါးနတ်အင်ပါယာပင်။ သူသည် မသေခဲ့ပေ။ ပြီးခဲ့သော ဆယ်စုနှစ်အချို့က သူသည် နတ်လေးပါးကလန်နှင့်အတူ ပေါ်လာခဲ့ကာ တောက်ပသောလေဟာနယ်၏ အင်အားတစ်ခု ဖြစ်လာခဲ့သည်။

ယနေ့တွင် သူသည် နတ်လေးပါးကလန်၏ အကြီးအကဲများကို ခေါ်ကာ ဟင်္သာပြဒါးဂြိုဟ်၌ ပြင်ပနယ်မြေမှ ကျင့်ကြံသူများနှင့် သေသည့်အထိ တိုက်ခိုက်မည် ဖြစ်သည်။

အတိတ်တုန်းကတည်းက သူ့ကျင့်ကြံမှုအဆင့်မှာ မြင့်မားနေခဲ့ပြီး ဖြစ်သည်။ နှစ်ပေါင်းများစွာ ကုန်လွန်လာသည့်နောက် သူသည် တတိယအဆင့်သို့ မရောက်သေးသော်လည်း ပဥ္စမကောင်းကင်ဘုံဒုက္ခအထွတ်အထိပ်သို့ ရောက်နေခဲ့လေပြီ။

သည်လူများအပါအဝင် ပြင်ပနယ်မြေရှိ ကျင့်ကြံသူထောင်သောင်းချီကို ဆန့်ကျင်ကာ ဟင်္သာပြဒါးဂြိုဟ်ကို ကာကွယ်ပေးနေသော ကျင့်ကြံသူများမှာ ရှစ်ထောင်ပင် မပြည့်တော့ပေ။ သို့သော် ထိုရှစ်ထောင်သော ကျင့်ကြံသူများသည် လပေါင်းများစွာ ကြံ့ကြံ့ခံနေကြ၏။

တုန်ဟည်းသံများသည် ကြယ်များကြား ပဲ့တင်ထပ်နေ၏။ ဟင်္သာပြဒါးဂြိုဟ်သည် သွေးနံ့များ ပြည့်နှက်နေသည်။ ကျင့်ကြံသူထောင်သောင်းချီက တိုးဝင်လာကြ၏။ သူတို့ကြား၌ တတိယအဆင့် ကျင့်ကြံသူ သုံးယောက်သာ ရှိသည်။

ထိုသုံးယောက်ထဲမှ တစ်ယောက်သည် အေးစက်စက်အမူအရာဖြင့် အစိမ်းရောင်ဝတ်စုံလူငယ်ပင်။ သူ တိုက်ခိုက်လိုက်တိုင်း ဒီဧရိယာတွင် ရေခဲများ ပြည့်သွား၏။ ဝမ်လင်းသာ ဒီနေရာတွင် ရှိပါက သူသည် ထိုသူမှာ သူ့ကို အုပ်စုဖွဲ့တိုက်ခိုက်ခဲ့သောလူများထဲမှ တစ်ယောက်ဖြစ်မှန်း သိပေလိမ့်မည်။

နောက်တစ်ယောက်လည်း ရှိသေး၏။ သူမှာ ကောင်းကင်ဘုံဝံပုလွေကလန်မှ ကျိုးကျင် ဖြစ်၏။ ဝမ်လင်း ပျောက်သွားသည့်နောက် သူသည် ပြင်ပနယ်မြေသို့ ပြန်သွားခဲ့သည်။ ထို့နောက် သူသည် သူ့ဝံပုလွေကလန်ကို အတွင်းနယ်မြေသို့ ခေါ်လာခဲ့ကာ ဝမ်လင်း၏ကျေးကျွန်ဖြစ်ခဲ့ရသည့် သူ့ အရှက်ရမှုကို တစ်လမ်းလုံး သွေးဖြင့် ဆေးကြောတော့သည်။

ထိုနှစ်ယောက်တွင် ကျိုးကျင်သည် ကျင့်ကြံမှုအဆင့်နိမ့်ဆုံး ဖြစ်၏။ သူသည် ဟင်္သာပြဒါးဂြိုဟ်၏ ဘယ်ဘက်ခြမ်းတွင် အရှင်လုဖူနှင့် တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။ မန္တာန်မြောက်များစွာ ထိပ်တိုက်တွေ့ပြီးနောက် အဝေးမှ ကြည့်လျှင်ပင် လူတစ်ယောက်သည် အရှင်လုဖူကို ဧရာမသွေးဝံပုလွေတစ်ကောင်က ဝါးမြိုတော့မည့်ဟန်ကို တွေ့မြင်ရမည်။ သို့သော် မအောင်မြင်ပေ။ အစိမ်းရောင်ဝတ်စုံနှင့်လူငယ်သည် ရေခဲအနှစ်သာရကို နားလည်ခဲ့ကာ သူ့ကျင့်ကြံမှုအဆင့်မှာ အတော်မြင့်၏။ သူသည် ဒီနေရာသို့ သူ့မူလခန္ဓာကိုယ်နှင့် လာခဲ့ခြင်း ဖြစ်သည်။ သူ့အဆင့်မှာ ဆန်းကြယ်လေဟာနယ်အလယ်အဆင့်တွင် ရှိ၏။ သူတစ်ယောက်တည်းဖြင့် သူသည် အရှင်လုံဖန်နှင့် စစ်ထူနန်တို့ကို နောက်ဆုတ်စေနိုင်သည်။

ဤကား တောက်ပသောလေဟာနယ်၏ နောက်ဆုံးတိုက်ပွဲပင်။ တောက်ပသောလေဟာနယ်တစ်ခုလုံးသည် သည်နေရာကလွဲ၍ လက်လွှတ်လိုက်ရပြီ ဖြစ်၏။ ဟင်္သာပြဒါးဂြိုဟ်တစ်ခုသာ ကျန်နေတော့သ်ည။

သည်အခိုက်တွင် စစ်ပွဲသည် အဆုံးသပ်ခါနီးနေပြီ။ ကျင့်ကြံသူထောင်သောင်းချီသည် တရကြမ်း တိုးလာကြ၏။ ပြင်ပနယ်မြေရှိ ကျင့်ကြံသူထောင်ချီကမူ အတင်းအကြပ် ဆုတ်ရသည်။ သူတို့သည် မျှော်လင့်ချက်မဲ့နေကြပြီ။

“ချိပ်ပိတ်နယ်မြေအရှင်ရဲ့ ဂုဏ်ကျက်သရေ။ တောက်ပသောလေဟာနယ်ရဲ့ ဂုဏ်ကျက်သရေ…” ဓားများစွာ စိုက်နေသော သက်လတ်ပိုင်းကျင့်ကြံသူတစ်ယောက်သည် အော်ဟစ်လိုက်၏။ သူသည် သူ့ကိုယ်သူ ဖောက်ခွဲရန် ရွေးချယ်ကာ သူနှင့်အတူ ပြင်ပနယ်မြေရှိ ကျင့်ကြံသူနှစ်ယောက်ကို တစ်ပါတည်း ခေါ်သွားသည်။

“တောက်ပသောလေဟာနယ်ရဲ့ ဂုဏ်သိက္ခာ၊ ချိပ်ပိတ်နယ်မြေအရှင်ရဲ့ ဂုဏ်သိက္ခာ…” ပိုပိုများပြားသောလူများသည် မျှော်လင့်ချက်မဲ့ကာ တူညီသောအရာကို အော်ဟစ်ကြသည်။ သူတို့၏အသံများသည် တစ်သံနှင်တစ်သံထပ်ကာ အတူတူ ပေါင်းစပ်သွားသည်။

“ချိပ်ပိတ်နယ်မြေအရှင်ကို ငါတို့ သတ်ပစ်ခဲ့ပြီးပြီး။ သေလူတစ်ယောက်ရဲ့ ဂုဏ်ကျက်သရေဆိုတာ ဘယ်ရှိပါ့တော့မလဲ…” အစိမ်းရောင်ဝတ်စုံဖြင့်လူငယ်က အေးစက်စက် ပြောလိုက်သည်။ သူက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ရေခဲများ တုန်ဟည်းသည်။ သည်ဧရိယာတစ်ခုလုံးကို အေးခဲစေကာ အရှင်လုံဖန်နှင့် စစ်ထူနန်တို့သည် နောက်ဆုတ်လိုက်ရသည်။

ချိပ်ပိတ်နယ်မြေအရှင် ဟူသော စကားကို ကြားလိုက်ရသည့်နောက် ကျိုးကျင်၏မျက်လုံးထဲ၌ အရှက်ရမှု မြင့်တက်လာသည်။ သူ့မျက်လုံးသည် အေးစက်မှု ဖြတ်ပြေးသွာကာ သူ့သတ်လိုစိတ်မှာလည်း တိုးပွားလာသည်။

ပြင်ပနယ်မြေရှိ ကျင့်ကြံသူ ထောင်သောင်းချီသည် တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။ သူတို့သည် ကြမ်းကြုတ်သောအော်ရာနှင့်အတူ နီးကပ်လာကြသည်။

ထိုအခိုက်တွင် တိုက်ပွဲကွင်းပြင်၏အထက်မှ တုန်ဟည်းသံတစ်ခု ထွက်ပေါ်လာသည်။ အစပိုင်း၌ ထိုအသံသည် အဝေးမှ ထွက်ပေါ်လာသည်ဟု ထင်ရသည်။ သို့သော် သိပ်မကြာခင်တွင် ၎င်းအသံသည် လူတိုင်း၏စိတ်ထဲတွင် ပဲ့တင်ထပ်ကုန်သည်။

ထိုအသံသည် ရှေးကျ၏။ ထိုအသံ၏အော်ရာသည် ဒီနေရာရှိ လူတိုင်း၏အမူအရာကို ပြောင်းလဲသွားစေသည်။

ကြယ်နယ်မြေတစ်ခုလုံးကို သိမ်းပိုက်ထားသော ပုံရိပ်ယောင်ဂိတ်တံခါးတစ်ခု ပေါ်လာ၏။ ထိုတံခါးသည် အနှိုင်းမဲ့ကြီးမား၏။

“မဟာလေဟာနယ်ဂိတ်တံခါး…”

“ဒါ…ဒါဟာ လေဟာနယ်ဂိတ်တံခါးတစ်ခုပဲ…”

နောက်ဆုတ်နေရင်း စစ်ထူနန်၏အမူအရာသည် ပြောင်းလဲသွားသည်။ သူ့မျက်လုံးထဲတွင် တုန်လှုပ်မှုတို့ ပြည့်နှက်လာသည်။

“ပြင်ပနယ်မြေက ကျင့်ကြံသူတစ်ယောက်ယောက်ရဲ့ အနှစ်သာရ ပြီးပြည့်စုံသွားတာများလား…။ ဒါ…ဒါက…”

အရှင်လုံဖန်သည် မျက်မှောင်ကြုတ်သွားပြီး သူ့မျက်လုံးထဲတွင် ပူပန်မှုတို့ ရှိနေသည်။

အရှင်လုဖူလည်း မင်သက်သွားကာ နောက်သို့ အမြန်ဆုတ်သည်။ သူသည် ဧရာမလေဟာနယ်ဂိတ်တံခါးကို ကြည့်သည်။ သူ့မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့မှုတို့ ထင်းလာ၏။

“ပြင်ပနယ်မြေက ကျင့်ကြံသူတစ်ယောက်ဟာ တတိယအဆင့်ကို ဝင်ရောက်ဖို့ တကယ်ကြီးများ လွယ်ကူနေတာလား…”

ကျိုးကျင်လည်း တုန်လှုပ်မိ၏။ သူသည် လေဟာနယ်ဂိတ်တံခါးကို ကြည့်နေရင်း သူ့အမူအရာသည် ကြီးစွာ ပြောင်းလဲသွားသည်။ ထိုရင်းနှီးသောအော်ရာက သူ့စဉ်းစားဉာဏ်ကိုပါ လွတ်ထွက်စေမတတ် ဖြစ်စေသည်။

“ဒီ…ဒီအော်ရာ…ဒါဟာ…” သူသည် ဝမ်လင်း၏ကျေးကျွန်ဖြစ်ကာ ဝမ်လင်း၏ချိပ်ပိတ်မှုက သူ့အပေါ်တွင် ရှိ၏။ ထို့ကြောင့် သူသည် ဒီနေရာရှိ လူတိုင်းထက် ထိုအော်ရာကို ပို၍ အာရုံခံမိနိုင်သည်။

အစိမ်းရောင်ဝတ်စုံနှင့်လူငယ်၏မျက်လုံးသည် လေဟာနယ်ဂိတ်တံခါးပေါ်လာချိန်၌ ကျဉ်းမြောင်းသွားသည်။

“အတွင်းနယ်မြေက ကျင့်ကြံသူတွေထဲက ဘယ်သူကများ သူတို့ရဲ့ အနှစ်သာရကို ပြီးပြည့်စုံစေမလဲ ငါ မြင်ချင်သေးတယ်။ ဒီလူ တတိယအဆင့်ကို ရောက်ပြီးတာနဲ့ ငါ သူ့ကို ချက်ခြင်း သတ်ပစ်လိုက်မယ်…”

တတိယအဆင့် ကျင့်ကြံသူများသည်ပင် ထိုသို့ ဖြစ်နေလျှင်ပင် ကျန်သည့်သူများဆို ပြောနေစရာပင် လိုတော့မည် မဟုတ်ပေ။ သူတို့အားလုံးသည် လေဟာနယ်ဂိတ်တံခါးကို တုန်လှုပ်ဟန်အပြည့်ဖြင့် ကြည့်နေကြသည်။

သူတို့သည် ခုလိုအခြေအနေ၌ မည်သူကများ လေဟာနယ်ဂိတ်တံခါးကို ဆွဲဆောင်စေလိုက်လဲကို စိတ်ကူးကြည့်၍ပင် မရပေ။ အတွင်းနယ်မြေဖြစ်စေ၊ အပြင်နယ်မြေ ဖြစ်စေ လေဟာနယ်ဂိတ်တံခါးပေါ်လာခြင်းသည် မြင့်မြတ်သောအဖြစ်အပျက်တစ်ခု ဖြစ်လေ၏။ ဆိုလိုသည်မှာ တစ်စုံတစ်ယောက်သည် တတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာဖို့ ခွန်အား ပိုင်ဆိုင်လာပြီ ဟူ၏။

***

All Chapters